ညေနခင္း အလုပ္မရိွတာမို႔ ဆယ္ဟြန္း ပန္းပင္ေရေလာင္း
ေပးေနစဥ္ အိမ္ေရွ႕က စက္ဘီး bellသံ ၾကား၍လွမ္းၾကည့္
လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရေလသည္။
" ေရွာင္လု.... ေရွာင္လု "
ေကာင္ေလး လွမ္းေခၚေနတာမို႔ လုဟန္ ထမင္းစားခန္းက
ေျပးထြက္လာတာကိုလည္း ေရေလာင္းေနရင္းမွ
တစ္ခ်က္လွန္းၾကည့္လိုက္တာမို႔ေတြ႕လိုက္ရေလသည္။အမယ္ ..ဒင္းက လူကိုေတြ႕ရင္ေတာ့ျဖင့္ ဆူပုတ္ေနတာကို
ဒီေကာင္ေလးနဲ႔က်မွ အၿပံဳးခ်ိဳခ်ိဳေတြက ထုတ္လႊတ္ေနေသးသည္။
ေျဗာင္ဘတ္ဟြန္း ဆိုတာ သူေလးေပါ့ ဆိုဒ္တူကိုက္တူေတြ
ဘဲ လို႔ေတြးရင္းနႈတ္ခမ္းက ၿပံဳးခ်င္သလိုလိုျဖစ္သြားရေလသည္။
"ဟာ... ေျဗာင္...မင္းအဘြား႐ြာက ျပန္လာၿပီလား "
" ေအး "
" ဘယ္မွာလည္း ငါ့အတြက္လက္ေဆာင္.."
" ပါတယ္ ေရွာင္လုရ ..မင္းအိမ္လာတဲ့ေန႔က်ရင္ ေပးမယ္ "
" ဒါမွငါ့သူငယ္ခ်င္းေလး.. "
လုဟန္က ခ်စ္စနိုးနဲ႔ ဘတ္ဟြန္ရဲ႕ ေမးဖ်ားေဘးကို လွမ္းဆြဲ
လိုက္ေလသည္။ ေျဗာင္ဘတ္ဟြန္းဆိုတဲ့ သူငယ္ခ်င္းေလးက
ဘယ္သြားသြား လုဟန္တြက္အမွတ္တရ ပစၥည္း ၀ယ္လာတတ္တာပင္။အသားအေရက ၾကည္လင္ေနကာ ရယ္လိုက္
ရင္ မ်က္လံုးေလးေတြ မိွတ္သြားတတ္တာက အေကာင္
ေပါက္ေလးနဲ႔ေတာင္ တူသလိုပင္၊
"စမေနနဲ႔.. ေရွာင္လု မနက္ျဖန္ ၀ိုင္းက်ဴရွင္တက္ရၿပီးေနာ္
အဲ့တာ မင္းကို အေၾကာင္းလာၾကားတာ "
"အယ္...ဟုတ္လား. "
" ဒီနွစ္ငါတို႔၀ိုင္း လူစံုတယ္ေနာ္..မင္ေဆာ့နဲ႔ဂ်ံဳဒယ္လည္း
ပါတယ္ "
"ဟာ ပြတာဘဲ ဒင္းတို႔နွစ္ေယာက္ မနွစ္ကလာတက္ပါေျပာေနတာေတာ့မတက္ဘဲနဲ႔ ဒီနွစ္မွ ဘာစိတ္ကူးေတြေပါက္.."
"တီခ်ယ္က မနက္ပိုင္းမအားေတာ့ ေက်ာင္းေတြမဖြင့္ခင္
ညေနပိုင္းဘဲေခၚတယ္.."
လုဟန္က ေတြးဆဆေလးျဖစ္သြားေလသည္။
" စာေတြမ်ားလို႔ အိမ္ျပန္ရင္ ေနာက္က်မွာေပါ့ေနာ္ "
" ဒါေပါ့ "
တစ္တြတ္တြတ္နဲ႔ နွစ္ေယာက္သားစကားေျပာေနရင္းမွ
ဘတ္ဟြန္းက ပန္းပင္ေတြေရေလာင္းေနေသာ ဆယ္ဟြန္း
ကိုျမင္သြားကာ မ်က္စပစ္ျပေလသည္။ လုဟန္က ဘတ္ဟြန္း
နားကပ္ကာ ဆယ္ဟြန္းမၾကားေအာင္ အသံကိုေလ်ာ့ကာျဖင့္
" ငါ့ပါးပါးရဲ႕ သူငယ္ခ်င္းရဲ႕သား "
" နာမည္ကေရာ.."
" အိုဆယ္ဟြန္းတဲ့ "
"ေၾသာ္ ...ဘဲႀကီးကအေနတည္တယ္ေနာ္.
.မ်က္ေမွာင္က်ဳပ္ထားတာက သူ႔လုပ္စာစားေနရသလိုဘဲ..."
ဒါနဲ႔ ဘာလာလုပ္တာလည္း ေက်ာင္းလာတက္တာဘဲလား
"ေအး ငါစိမ္းသည္ေလ.."
" ဟမ္..ဘာႀကီး.."
" ဟာ ငါးစိ္မ္းသည္ပါဆိုေနမွ ေျဗာင္ရာ.."
" ဒါဆို..ေဆးေက်ာင္း.."
" ရွဴး..တိုးတိုး."
လုဟန္က ဘတ္ဟြန္းပါးစပ္ကိုလွမ္းပိတ္ကာ တိုးတိုးေျပာဟူ၍
အခ်က္ျပလိုက္တာကိုေျပာ ဆယ္ဟြန္းျမင္လိုက္ရေလသည္။
ဘာေတြ ဒီေလာက္တိုင္ပင္ေနလို႔ ဒီေလာက္ၾကာေနရသနည္း။ခနေနေတာ့ ဟားခနဲ႔ ရယ္သံကိုၾကားလိုက္ရျပန္သည္။
အိေျႏၵကို တစ္စက္ကေလးမွ မရၾက ဟိုေကာင္ေလး
ကလည္း ေရာက္လာထဲက တဟီးဟီး တဟားဟားနဲ႔
ေတာ္ေတာ္အျမင္ကပ္လွပါသည္ေလ။
"ဟယ္...ေျဗာင္ေလး..ေရာက္ေနတာလား..ေရွာင္လု
အိမ္ထဲေခၚခဲ့ေလ "
" ရတယ္ ...မမ..ကြၽန္ေတာ္ျပန္ေတာ့မွာ.."
" မျပန္ပါနဲ႔ဦး ..ေျဗာင္ရဲ႕...ဒီေန႔အိမ္မွာ ေဟာ့စ္ေပါ့လုပ္စား
ၾကတယ္ ..လာစားသြား.."
"ေဟာ့စ္ေပါ့လား "
"ဟာ.. မမကဘာလို႔ေခၚလိုက္တာလည္း၊ သူလာရင္
ဟန္ ႀကိဳက္တဲ့ အသားေတြလုစားလို႔ ကုန္ေတာ့မွာဘဲ "
" ဟန္ဟန္ စိတ္မပုတ္ရဘူးေလ "
"ဟုတ္တယ္ မမ သူမေကြၽးခ်င္လည္း။ကြၽန္ေတာ္
စားၿပီး "
" ရားးးး ေျဗာင္ဘတ္ဟြန္း.."
နွစ္ေယာက္လံုး ဆြဲလားရမ္းလားနဲ႔ ထမင္းစားခန္းထဲေျပး၀င္
သြားၾကတာကို ၾကည့္ေနရင္းမွ ေရွာင္မီက ပန္းပင္ေတြေရ
ေလာင္းေနေသာ ဆယ္ဟြန္းကို ..
" ဟြန္း "....ညေနစာစားရေအာင္ေလ ..လာခဲ့ေတာ့.."
" အြန္း လာခဲ့မယ္ေလ.."
ထမင္းစားခန္းထဲ ေရာက္ေတာ့ လူေတာင္စံုေနေလၿပီး။ အန္ကယ္ကေတာ့ စားပြဲထိပ္မွာလူႀကီးပီပီ ေအးေဆးထိုင္စားေနေလသည္။ အန္တီကေတာ့ေဂ်ဟြန္းကို ခြံေကြၽးေနကာ
ေရွာင္မီက ပန္းကန္ထဲကို အသားဖက္မ်ား
လာထည့္ေပးတာကို ေအးေဆးစားေနစဥ္။ ေရွ႕က နွစ္
ေယာက္ကေတာ့ အသားဖက္ေတြ လုထည့္ေနၾကေလသည္။
"ရားးး ...ေရွာင္လု..မင္းလူပါးမ၀နဲ႔ေနာ္.."
"ေအာင္မယ္...ငါဘယ္မွာလူပါး၀လို႔လည္း ..မင္းဘာသာမင္း
ထည့္စားပါလား..."
" နင္တို႔နွစ္ေယာက္ အစားစားရင္ ရန္မျဖစ္ၾကစမ္းနဲ႔ "
"ေရွာင္လု ကြၽန္ေတာ့ပန္းကန္ထဲက အသားဖက္ေတြကို လိုက္
လုေနတာ အန္တီေလး "
"ဘယ္မွာလုလို႔လည္း...မင္းေနာ္ ..ငါ့အိမ္လာၿပီး ဗိုလ္လုပ္
မေနနဲ႔..
" ဘယ္မွာလည္း မင္းအိမ္က ..ဒါအန္ကယ္ေလးအိမ္..
မင္းအိမ္္မွမဟုတ္တာ "
ဘတ္ဟြန္းက လုဟန္တို႔နဲ႔ ရင္းနွီးေနေတာ့ မိသားစုလို
ျဖစ္ေနတာမို႔ လုဟန္ေခၚသလို အန္ကယ္ေလးလို႔ဘဲ
ေခၚသည္ပင္။
" ေျဗာင္ဘတ္ဟြန္း..မင္းေနာ္.."
" ကယ္...ေအးေဆး စားၾကစမ္းပါေအ..ဆယ္ဟြန္းကို အားနာစရာႀကီး ..နည္းနည္းေတာ့သည္းခံ ဆယ္ဟြန္းေရ ဒီ
နွစ္ေယာက္က ဆံုလိုက္တိုင္းအဲ့လိုဘဲ..."
" ရပါတယ္..အန္တီ ..သူတို႔လြတ္လြတ္လပ္လပ္စားပါေစ"
သူေတာ္ေကာင္းလာလုပ္ၿပီး နာမည္ေကာင္းယူေနတာမို႔
လုဟန္ မ်က္ေစာင္းထိုးလိုက္မိေလသည္။ အလကား
နွစ္ေယာက္ထဲရိွခ်ိန္ေတြဆို အဲ့လိုမွမဟုတ္ဘဲေလ။ေဘးက ေျဗာင္ကို ၾကည့္လိုက္ေတာ့ ေအးေဆးစားေနေလၿပီး။ ပန္းကန္ထဲက အသီး႐ြက္မ်ားကိုဖယ္ကာ အသားဖတ္မ်ားကို
ခပ္စားေနစဥ္ ေျခဖ်ားကို လာထိတာမို႔ လန္႔သြားၿပီး ေရွ႕ကို
ၾကည့္လိုက္ေတာ့ ဟိုလူ။ သူလည္း မေတာ္တဆမို႔ထင္
အၾကည့္ခ်င္းဆံုသြားတာမို႔ လုဟန္ကဘဲ မ်က္လႊာအျမန္ခ်လိုက္မိေလေတာ့သည္။ လူကို ဘယ္လိုထင္သြားပါလိမ့္ေနာ္
စလားေနာက္လားသေဘာမိ်ဳးနဲ႔လား ။ငါဘာေတြ ေတြးေနပါလိမ့္၊ ထမင္းစားရင္း ေျခေထာက္လႊဲရင္းထိသြားတာကာ
မေတာ္တဆဘဲထင္ပါရဲ႕ ..
" ေက်ာင္းတက္ရင္လည္း..စာႀကိဳးစားၾကဦးေနာ္ "
" ဟုတ္ကဲ့ပါ ကြၽန္ေတာ္တို႔သူငယ္ခ်င္း ေလးေယာက္လံုးက
အတြဲညီပါတယ္ "
"စာထဲဘဲ အာရံုစိုက္ၾကေနာ္ ..ရည္းစားထားတယ္ အသံၾကား
လို႔ကေတာ့...လူႀကီးေတြကို.. ငါလွန္းတိုင္မွာ "
"အာ...အန္ကယ္ေလးကလည္း..အဘြားကိုလွန္းမတိုင္ပါနဲ႔
ဟန္..တို႔ကလည္း ဘာရည္းစားမွမထားဘူး.. "
"ေျပာလို႔ရတာမဟုတ္ဘူး ..ဟန္ဟန္..မင္းအသက္ အခုဆို
17ဘဲရိွေသးတာေနာ္."
ဒီအ႐ြယ္ရည္းစားထားစရာလား၊ လုဟန္ကိုဆိုရင္ လူၾကားသူၾကား ဆူပူမယ္ဆိုတာႀကီးဘဲ၊ လုဟန္ မ်က္နွာဆူပုတ္
သြားတာမို႔ ေျဗာင္က တခစ္ခစ္နဲ႔ ခိုးရယ္ေနေလသည္။
ဒင္းေတာ့ လုပ္ထားဦးေပါ့၊ စိတ္တိုစြာနဲ႔ ခံုေအာက္က ေျခေထာက္ကို ေဆာင့္နင္းလိုက္တာ ဆယ္ဟြန္း ေျခေထာက္
သြားတက္နင္းမိေလသည္။
" အားး ..."
ဆယ္ဟြန္း ေအာ္လိုက္တာမို႔ အကုန္လံုး၀ိုင္းၾကည့္ကုန္ၾကေလသည္။
"ဟဲ့..ဟန္ဟန္..ဆယ္ဟြန္းကို ဘာလုပ္လိုက္ျပန္ၿပီးလည္း "
" ဟို...ေျဖးေျဖးေလး ..တက္နင္းမိသြားတာ "
"ေျဖးေျဖးေလး တက္နင္းရင္ ငါဒီေလာက္နာပါ့မလား.."
"ခင္ဗ်ားေနာ္ မခြၽန္နဲ႔ ကြၽန္ေတာ္တက္နင္းတာ ေျဖးေျဖးေလး"
"ဟဲ့...ဘာကိုခင္ဗ်ားတုန္း..ကိုကိုလို႔ ေခၚလို႔ေျပာထားတယ္
ေလ"
" မေခၚခ်င္ပါဘူး.."
လုဟန္ အျမင္ကပ္စြာ အထြန္႔တက္လိုက္တယ္ဆိုရင္ဘဲ။
"ဘာကိုမေခၚခ်င္တာလည္း..ဟန္ဟန္ေနာ္ အလိုလိုက္ထားတယ္ ဆိုၿပီး မဆိုးနဲ႔.."
ဘတ္ဟြန္းက အလိုတသိ။
"ေရွာင္လု မိုးခ်ဳပ္ေနၿပီး..ငါျပန္ေတာ့မယ္.."
" ေျဗာင္ေလး ..လိုက္ပို႔ေပးရဦးမလား.."
" ရတယ္ အန္ကယ္ေလး ကြၽန္ေတာ္ စက္ဘီးပါလာတယ္"
"ေအးေအး ေကာင္းေကာင္းျပန္ေနာ္..သား"
"ဟုတ္ "
ဘတ္ဟြန္းက ေျပာရင္းဆိုရင္း ထသြားေတာ့ ထမင္းစားခန္း
ထဲ သူတို႔မိသားစုဘဲ က်န္ခဲ့ေလေတာ့သည္။ အဆူခံရေတာ့မယ္ ထင္ပါရဲ႕။ သူတို႔ေခၚခိုင္းတိုင္း ေခၚရေအာင္ လုဟန္အကို
အရင္းမွ မဟုတ္ဘဲကို မေခၚခ်င္ပါဘူး။ အကုန္၀ိုင္းၾကည့္ေနတာမို႔ မေနတတ္စြာ လက္အခ်င္းခ်င္း ဆုတ္နယ္ေနမိေလသည္။ အန္တီေလးက ၾကည့္ေနရင္းမွ
"ဟန္ဟန္...ဘာလို႔ေျပာစကားနားမေထာင္တာလည္း "
" မေခၚခ်င္ပါဘူး ဆုိေနမွ .."
လုဟန္နႈတ္ခမ္းလုွပ္ရံုတိုးတိုးေလးေျပာလိုက္ေလသည္။
ေပေတၿပီး ဆူပုတ္ေနရာက ဆယ္ဟြန္းဘဲ ၾကားထဲက
အေနခက္စြာ
"သူမေခၚခ်င္ရင္..ေနပါေစ..အန္ကယ္.."
"ဆယ္ဟြန္းလည္း အေလ်ာ့မေပးနဲ႔ ။ ဒီေကာင္ေလးအေၾကာင္းလည္းသိရဲ႕သားနဲ႔..ခံမေျပာနားမေထာင္ေလး..."
"အန္ကယ္ေလး..ဟန္..ကိုမဆူပါနဲ႔ ..ေခၚရံုဘဲမဟုတ္လား
ေခၚမယ္..ေခၚမယ္ "
" ေခၚရံုဘဲ မရဘူး အႀကီးကိုရိုရိုေသေသ ဆက္ဆံ.."
သူစိမ္ေရွ႕ အဆူခံလိုက္ရတာမို႔ ရွက္တာေရာ မ်က္နွာပူတာပါ
ေပါင္းကာ ၀မ္းနည္းစိတ္တို႔ လိႈက္တက္လာကာ မ်က္၀န္းတို႔ ေ၀၀ါးလာကာ ငိုခ်င္လာတာမို႔မ်က္နွာေလးကို ငံု႔ခ်လိုက္စဥ္ ထိန္းထားတဲ့ မ်က္ရည္တို႔က လက္ခံုျဖဴျဖဴေလးေပၚ
က်ဆင္းလာခဲ့ေလေတာ့သည္။
"ဒါဘဲမဟုတ္လား.."
ေျပာရင္းဆိုရင္း လုဟန္က အေပၚကိုေျပးတက္သြားေလေတာ့သည္။
"အဲ့တာဘဲၾကည့္ ..ဆယ္ဟြန္းေရ..ဟန္ဟန္က မားမား အလို
လိုက္ထားလို႔ ဆိုးတယ္ကြ..အကိုနဲ႔အမကလည္း ဟန္ဟန္
ေမြးၿပီးၿပီးခ်င္းဆံုးသြားတာဆိုေတာ့ မားမားက မတရားအလို
လိုက္ထားတာေလ "
ေရွာင္မီက စားေနရင္းမွ မ်က္ရည္၀ဲလာရေလသည္။ ဘြား
ကေရွာင္မီဘာလုပ္လုပ္ မ်က္နွာသာ ဘယ္ေတာ့မွမေပး။
တကယ္ဆို ေရွာင္မီလည္း ေျမးတစ္ေယာက္ပါဘဲေလ၊
မားမားနဲ႔ပါးပါး ေရွာင္မီလက္ကို ဆြဲကာ အိမ္ေပၚတက္လာစဥ္
က ဘြားေပါင္ေပၚမွာ သူမကို ၾကည့္ေနတဲ့ မ်က္၀န္းၾကည္
ေတာက္ေတာက္ေလးကို သူမ မနာလို ျဖစ္လိုက္တာဆိုတာ
အ႐ြယ္ေရာက္ေက်ာက္းတက္ၾကေတာ့လည္း ဘြားရဲ႕ေျမးအရင္းဆိုၿပီး ေၾကာ္ၾကားတာလည္း ေရွာင္လုဟန္ဆိုတာပင္
ေရွာင္မီဆိုတာ ေရွာင္လုဟန္ကိုမွီမွ နာမည္ႀကီးလာသလိုမ်ိဳး၊
ေရွာင္လုက လူခ်စ္လူခင္လည္းမ်ားေလေတာ့ ဘယ္ေနရာ
ေရာက္ေရာက္ မ်က္နွာသာ ရေလသည္။ စာဆိုလည္း
ေတာ္သည့္အျပင္ ငယ္ငယ္တုန္းကဆို
Oustanding student ဆိုၿပီး နာမည္ႀကီးပင္။
ငါ့ေျမးအတြက္ဆိုၿပီး ေပးတဲ့ ေ႐ႊေတြေငြေတြ ဆိုရင္လည္း
မနည္းမေနာပင္။ ေရွာင္လုကေတာ့ ငယ္ေသးတဲ့အ႐ြယ္မို႔လားမသိ ဘာကိုမွမမက္ေမာ။ ေတြ႕တဲ့ေနရာတိုင္း
ထားတတ္တာမို႔ ေရွာင္မီ မားမားက ထိုအရာေတြကိုဘဲ
ေမ်ွာ္လင့္တႀကီး ေကာက္ ယူတတ္သည္ပင္။
အခု ဆိုးလ္ကို လႊတ္လိုက္တာလည္း အမွန္က ေက်ာင္း
တက္တာအျပင္ ေပက်င္းမွာ ေရွာင္လုကို မေကာင္းေျပာၾကတာမိို႔ စိတ္ရႈပ္သည္ဆိုတဲ့ အေၾကာင္းျပခ်က္ျဖင့္ ေရွာင္မီပါ
လိုက္လာခဲ့ရေလသည္။ တကယ္ေတာ့ သူမက ေရွာင္လုဟန္
ရဲ႕ အျဖည့္ခံသက္သက္ ျဖစ္ေလသည္။ လူခ်င္းတူတူ ကံတရားက မ်က္နွာသာမေပးတာမို႔ သူမအၿမဲ အားငယ္ရပါသည္
ေနရာတကာဟိုဟာဆိုလည္းေရွာင္လုဟန္။ ဒီပစၥည္းဆိုလည္း
ေရွာင္လုဟန္အတြက္ ဆိုၿပီး သူမဆိုတာ လမ္းေဘးက
အမိႈက္သာသာပင္ ျဖစ္ေလသည္။
ေဆြႀကီးမ်ိဳးႀကီးမွာ လူျဖစ္တာခ်င္း အတူတူ ကုသိုလ္ကံက ကြာျခားခဲ့ေလသည္။ ေရွာင္မီကလည္းဘြားရဲ႕မေကာင္းျမင္မွာ
ေတာ့ေၾကာက္တာမို႔ ဘြားစိတ္ကြက္ေစတဲ့ အလုပ္မ်ိဳးဘယ္
ေတာ့မွ မလုပ္ပါဘူးေလ။ ဘြားသေဘာမတူတဲ့
မားမားကို ပါးပါးက ယူၿပီး ေမြးတဲ့ကေလးမို႔ ကိုယ့္ကုသိုလ္ကံ
နဲ႔ကိုယ္ဘဲ ရိွပါေစေတာ့။
စဥ္းစားရင္း ေရွာင္မီမ်က္ရည္၀ဲလာရတာမို႔ မ်က္ေတာင္
တစ္ဖ်က္ဖ်က္ ခက္ကာ ထမင္းစားတာကို ရပ္လိုက္ရေလသည္။အန္တီေလးနဲ႔အတူ စားၿပီးသားေတြကို၀ိုင္းကူ သိမ္းေပး
ရင္းမွ ရင္ထဲမွာေတာ့ ၀မ္းနည္းလာရေလသည္။
"ဒယ္ဒီေျပာျပလို႔ ကြၽန္ေတာ္လည္း အနည္းအက်ဥ္းေတာ့
သိပါတယ္ အန္ကယ္ "
"ဒီကေလးကို ဆူပူေနရတာနဲ႔ ဆယ္ဟြန္းေရာ ထမင္းေကာင္း
ေကာင္းမစားလိုက္ရဘူးမလား "
"ကြၽန္ေတာ္ ၀ေနပါၿပီး "
ထမင္းစားခန္းထဲက ထြက္လာရင္း အေပၚထပ္ ကိုယ့္အခန္းဘဲ ျပန္လာလိုက္ေတာ့သည္။
ဟန္ကေလး ...က ဒီလိုဆို ခံေျပာၿပီး နားမေထာင္တဲ့ ဂ်စ္ကန္ကန္ေကာင္ေလးဘဲ၊ အၿငိဳးအေတးကလည္း ႀကီးတတ္ပါ့
ဆယ္ဟြန္းကိုဆိုရင္ ဘာေၾကာင့္ၾကည့္မရလည္း စဥ္းစားလို႔မရ၊ သိတတ္တဲ့အ႐ြယ္ပင္ေရာက္ေနၿပီး သူတစ္ပါးအေပၚ အၿမဲအနိုင္ယူဗိုလ္က်ခ်င္ေနတုန္း။ဆယ္ဟြန္း နည္းနည္းေတာ့ စိတ္ကြက္သြားမိေလသည္။
_______________________
____________________________
အိုဆယ္ဟြန္းက စိတ္ကြက္သြားၿပီတဲ့ေနာ္ 🙄
အစဘဲရိွေသးေတာ့ ဖတ္ရတာ ရႈပ္ေနလား
ကိုယ္ေတာင္ ေရးေနရင္းနဲ႔ ရႈပ္ေနသလိုဘဲ 🤧🤧
~~~~~~~~~~~~
Unicode......
ညနေခင်း အလုပ်မရှိတာမို့ ဆယ်ဟွန်း ပန်းပင်ရေလောင်း
ပေးနေစဉ် အိမ်ရှေ့က စက်ဘီး bellသံ ကြား၍လှမ်းကြည့်
လိုက်တော့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
"ရှောင်လု.... ရှောင်လု"
ကောင်လေး လှမ်းခေါ်နေတာမို့ လုဟန် ထမင်းစားခန်းက
ပြေးထွက်လာတာကိုလည်း ရေလောင်းနေရင်းမှ
တစ်ချက်လှန်းကြည့်လိုက်တာမို့တွေ့လိုက်ရလေသည်။အမယ် ..ဒင်းက လူကိုတွေ့ရင်တော့ဖြင့် ဆူပုတ်နေတာကို
ဒီကောင်လေးနဲ့ကျမှ အပြုံးချိုချိုတွေက ထုတ်လွှတ်နေသေးသည်။
ဗြောင်ဘတ်ဟွန်း ဆိုတာ သူလေးပေါ့ ဆိုဒ်တူကိုက်တူတွေ
ဘဲ လို့တွေးရင်းနှုတ်ခမ်းက ပြုံးချင်သလိုလိုဖြစ်သွားရလေသည်။
"ဟာ... ဗြောင်...မင်းအဘွားရွာက ပြန်လာပြီလား "
" အေး "
" ဘယ်မှာလည်း ငါ့အတွက်လက်ဆောင်.."
" ပါတယ် ရှောင်လုရ ..မင်းအိမ်လာတဲ့နေ့ကျရင် ပေးမယ် "
" ဒါမှငါ့သူငယ်ချင်းလေး.. "
လုဟန်က ချစ်စနိုးနဲ့ ဘတ်ဟွန်ရဲ့ မေးဖျားဘေးကို လှမ်းဆွဲ
လိုက်လေသည်။ ဗြောင်ဘတ်ဟွန်းဆိုတဲ့ သူငယ်ချင်းလေးက
ဘယ်သွားသွား လုဟန်တွက်အမှတ်တရ ပစ္စည်း ဝယ်လာတတ်တာပင်။အသားအရေက ကြည်လင်နေကာ ရယ်လိုက်
ရင် မျက်လုံးလေးတွေ မှိတ်သွားတတ်တာက အကောင်
ပေါက်လေးနဲ့တောင် တူသလိုပင်၊
"စမနေနဲ့.. ရှောင်လု မနက်ဖြန် ဝိုင်းကျူရှင်တက်ရပြီးနော်
အဲ့တာ မင်းကို အကြောင်းလာကြားတာ "
"အယ်...ဟုတ်လား. "
" ဒီနှစ်ငါတို့ဝိုင်း လူစုံတယ်နော်..မင်ဆော့နဲ့ဂျုံဒယ်လည်း
ပါတယ် "
"ဟာ ပွတာဘဲ ဒင်းတို့နှစ်ယောက် မနှစ်ကလာတက်ပါပြောနေတာတော့မတက်ဘဲနဲ့ ဒီနှစ်မှ ဘာစိတ်ကူးတွေပေါက်.."
"တီချယ်က မနက်ပိုင်းမအားတော့ ကျောင်းတွေမဖွင့်ခင်
ညနေပိုင်းဘဲခေါ်တယ်.."
လုဟန်က တွေးဆဆလေးဖြစ်သွားလေသည်။
" စာတွေများလို့ အိမ်ပြန်ရင် နောက်ကျမှာပေါ့နော် "
" ဒါပေါ့ "
တစ်တွတ်တွတ်နဲ့ နှစ်ယောက်သားစကားပြောနေရင်းမှ
ဘတ်ဟွန်းက ပန်းပင်တွေရေလောင်းနေသော ဆယ်ဟွန်း
ကိုမြင်သွားကာ မျက်စပစ်ပြလေသည်။ လုဟန်က ဘတ်ဟွန်း
နားကပ်ကာ ဆယ်ဟွန်းမကြားအောင် အသံကိုလျော့ကာဖြင့်
" ငါ့ပါးပါးရဲ့ သူငယ်ချင်းရဲ့သား "
" နာမည်ကရော.."
" အိုဆယ်ဟွန်းတဲ့ "
"သြော် ...ဘဲကြီးကအနေတည်တယ်နော်.
.မျက်မှောင်ကျုပ်ထားတာက သူ့လုပ်စာစားနေရသလိုဘဲ..."
ဒါနဲ့ ဘာလာလုပ်တာလည်း ကျောင်းလာတက်တာဘဲလား
"အေး ငါစိမ်းသည်လေ.."
" ဟမ်..ဘာကြီး.."
" ဟာ ငါးစိမ်းသည်ပါဆိုနေမှ ဗြောင်ရာ.."
" ဒါဆို..ဆေးကျောင်း.."
" ရှူး..တိုးတိုး."
လုဟန်က ဘတ်ဟွန်းပါးစပ်ကိုလှမ်းပိတ်ကာ တိုးတိုးပြောဟူ၍
အချက်ပြလိုက်တာကိုပြော ဆယ်ဟွန်းမြင်လိုက်ရလေသည်။
ဘာတွေ ဒီလောက်တိုင်ပင်နေလို့ ဒီလောက်ကြာနေရသနည်း။ခနနေတော့ ဟားခနဲ့ ရယ်သံကိုကြားလိုက်ရပြန်သည်။
အိန္ဒြေကို တစ်စက်ကလေးမှ မရကြ ဟိုကောင်လေး
ကလည်း ရောက်လာထဲက တဟီးဟီး တဟားဟားနဲ့
တော်တော်အမြင်ကပ်လှပါသည်လေ။
"ဟယ်...ဗြောင်လေး..ရောက်နေတာလား..ရှောင်လု
အိမ်ထဲခေါ်ခဲ့လေ "
" ရတယ် ...မမ..ကျွန်တော်ပြန်တော့မှာ.."
" မပြန်ပါနဲ့ဦး ..ဗြောင်ရဲ့...ဒီနေ့အိမ်မှာ ဟော့စ်ပေါ့လုပ်စား
ကြတယ် ..လာစားသွား.."
"ဟော့စ်ပေါ့လား "
"ဟာ.. မမကဘာလို့ခေါ်လိုက်တာလည်း၊ သူလာရင်
ဟန် ကြိုက်တဲ့ အသားတွေလုစားလို့ ကုန်တော့မှာဘဲ "
" ဟန်ဟန် စိတ်မပုတ်ရဘူးလေ "
"ဟုတ်တယ် မမ သူမကျွေးချင်လည်း။ကျွန်တော်
စားပြီး "
" ရားးးး ဗြောင်ဘတ်ဟွန်း.."
နှစ်ယောက်လုံး ဆွဲလားရမ်းလားနဲ့ ထမင်းစားခန်းထဲပြေးဝင်
သွားကြတာကို ကြည့်နေရင်းမှ ရှောင်မီက ပန်းပင်တွေရေ
လောင်းနေသော ဆယ်ဟွန်းကို ..
" ဟွန်း "....ညနေစာစားရအောင်လေ ..လာခဲ့တော့.."
" အွန်း လာခဲ့မယ်လေ.."
ထမင်းစားခန်းထဲ ရောက်တော့ လူတောင်စုံနေလေပြီး။ အန်ကယ်ကတော့ စားပွဲထိပ်မှာလူကြီးပီပီ အေးဆေးထိုင်စားနေလေသည်။ အန်တီကတော့ဂျေဟွန်းကို ခွံကျွေးနေကာ
ရှောင်မီက ပန်းကန်ထဲကို အသားဖက်များ
လာထည့်ပေးတာကို အေးဆေးစားနေစဉ်။ ရှေ့က နှစ်
ယောက်ကတော့ အသားဖက်တွေ လုထည့်နေကြလေသည်။
"ရားးး ...ရှောင်လု..မင်းလူပါးမဝနဲ့နော်.."
"အောင်မယ်...ငါဘယ်မှာလူပါးဝလို့လည်း ..မင်းဘာသာမင်း
ထည့်စားပါလား..."
" နင်တို့နှစ်ယောက် အစားစားရင် ရန်မဖြစ်ကြစမ်းနဲ့ "
"ရှောင်လု ကျွန်တော့ပန်းကန်ထဲက အသားဖက်တွေကို လိုက်
လုနေတာ အန်တီလေး "
"ဘယ်မှာလုလို့လည်း...မင်းနော် ..ငါ့အိမ်လာပြီး ဗိုလ်လုပ်
မနေနဲ့..
" ဘယ်မှာလည်း မင်းအိမ်က ..ဒါအန်ကယ်လေးအိမ်..
မင်းအိမ်မှမဟုတ်တာ "
ဘတ်ဟွန်းက လုဟန်တို့နဲ့ ရင်းနှီးနေတော့ မိသားစုလို
ဖြစ်နေတာမို့ လုဟန်ခေါ်သလို အန်ကယ်လေးလို့ဘဲ
ခေါ်သည်ပင်။
" ဗြောင်ဘတ်ဟွန်း..မင်းနော်.."
" ကယ်...အေးဆေး စားကြစမ်းပါအေ..ဆယ်ဟွန်းကို အားနာစရာကြီး ..နည်းနည်းတော့သည်းခံ ဆယ်ဟွန်းရေ ဒီ
နှစ်ယောက်က ဆုံလိုက်တိုင်းအဲ့လိုဘဲ..."
" ရပါတယ်..အန်တီ ..သူတို့လွတ်လွတ်လပ်လပ်စားပါစေ"
သူတော်ကောင်းလာလုပ်ပြီး နာမည်ကောင်းယူနေတာမို့
လုဟန် မျက်စောင်းထိုးလိုက်မိလေသည်။ အလကား
နှစ်ယောက်ထဲရှိချိန်တွေဆို အဲ့လိုမှမဟုတ်ဘဲလေ။ဘေးက ဗြောင်ကို ကြည့်လိုက်တော့ အေးဆေးစားနေလေပြီး။ ပန်းကန်ထဲက အသီးရွက်များကိုဖယ်ကာ အသားဖတ်များကို
ခပ်စားနေစဉ် ခြေဖျားကို လာထိတာမို့ လန့်သွားပြီး ရှေ့ကို
ကြည့်လိုက်တော့ ဟိုလူ။ သူလည်း မတော်တဆမို့ထင်
အကြည့်ချင်းဆုံသွားတာမို့ လုဟန်ကဘဲ မျက်လွှာအမြန်ချလိုက်မိလေတော့သည်။ လူကို ဘယ်လိုထင်သွားပါလိမ့်နော်
စလားနောက်လားသဘောမျိုးနဲ့လား ။ငါဘာတွေ တွေးနေပါလိမ့်၊ ထမင်းစားရင်း ခြေထောက်လွှဲရင်းထိသွားတာကာ
မတော်တဆဘဲထင်ပါရဲ့ ..
" ကျောင်းတက်ရင်လည်း..စာကြိုးစားကြဦးနော် "
" ဟုတ်ကဲ့ပါ ကျွန်တော်တို့သူငယ်ချင်း လေးယောက်လုံးက
အတွဲညီပါတယ် "
"စာထဲဘဲ အာရုံစိုက်ကြနော် ..ရည်းစားထားတယ် အသံကြား
လို့ကတော့...လူကြီးတွေကို.. ငါလှန်းတိုင်မှာ "
"အာ...အန်ကယ်လေးကလည်း..အဘွားကိုလှန်းမတိုင်ပါနဲ့
ဟန်..တို့ကလည်း ဘာရည်းစားမှမထားဘူး.. "
"ပြောလို့ရတာမဟုတ်ဘူး ..ဟန်ဟန်..မင်းအသက် အခုဆို
17ဘဲရှိသေးတာနော်."
ဒီအရွယ်ရည်းစားထားစရာလား၊ လုဟန်ကိုဆိုရင် လူကြားသူကြား ဆူပူမယ်ဆိုတာကြီးဘဲ၊ လုဟန် မျက်နှာဆူပုတ်
သွားတာမို့ ဗြောင်က တခစ်ခစ်နဲ့ ခိုးရယ်နေလေသည်။
ဒင်းတော့ လုပ်ထားဦးပေါ့၊ စိတ်တိုစွာနဲ့ ခုံအောက်က ခြေထောက်ကို ဆောင့်နင်းလိုက်တာ ဆယ်ဟွန်း ခြေထောက်
သွားတက်နင်းမိလေသည်။
" အားး ..."
ဆယ်ဟွန်း အော်လိုက်တာမို့ အကုန်လုံးဝိုင်းကြည့်ကုန်ကြလေသည်။
"ဟဲ့..ဟန်ဟန်..ဆယ်ဟွန်းကို ဘာလုပ်လိုက်ပြန်ပြီးလည်း "
" ဟို...ဖြေးဖြေးလေး ..တက်နင်းမိသွားတာ "
"ဖြေးဖြေးလေး တက်နင်းရင် ငါဒီလောက်နာပါ့မလား.."
"ခင်ဗျားနော် မချွန်နဲ့ ကျွန်တော်တက်နင်းတာ ဖြေးဖြေးလေး"
"ဟဲ့...ဘာကိုခင်ဗျားတုန်း..ကိုကိုလို့ ခေါ်လို့ပြောထားတယ်
လေ"
" မခေါ်ချင်ပါဘူး.."
လုဟန် အမြင်ကပ်စွာ အထွန့်တက်လိုက်တယ်ဆိုရင်ဘဲ။
"ဘာကိုမခေါ်ချင်တာလည်း..ဟန်ဟန်နော် အလိုလိုက်ထားတယ် ဆိုပြီး မဆိုးနဲ့.."
ဘတ်ဟွန်းက အလိုတသိ။
"ရှောင်လု မိုးချုပ်နေပြီး..ငါပြန်တော့မယ်.."
" ဗြောင်လေး ..လိုက်ပို့ပေးရဦးမလား.."
" ရတယ် အန်ကယ်လေး ကျွန်တော် စက်ဘီးပါလာတယ်"
"အေးအေး ကောင်းကောင်းပြန်နော်..သား"
"ဟုတ် "
ဘတ်ဟွန်းက ပြောရင်းဆိုရင်း ထသွားတော့ ထမင်းစားခန်း
ထဲ သူတို့မိသားစုဘဲ ကျန်ခဲ့လေတော့သည်။ အဆူခံရတော့မယ် ထင်ပါရဲ့။ သူတို့ခေါ်ခိုင်းတိုင်း ခေါ်ရအောင် လုဟန်အကို
အရင်းမှ မဟုတ်ဘဲကို မခေါ်ချင်ပါဘူး။ အကုန်ဝိုင်းကြည့်နေတာမို့ မနေတတ်စွာ လက်အချင်းချင်း ဆုတ်နယ်နေမိလေသည်။ အန်တီလေးက ကြည့်နေရင်းမှ
"ဟန်ဟန်...ဘာလို့ပြောစကားနားမထောင်တာလည်း "
" မခေါ်ချင်ပါဘူး ဆိုနေမှ .."
လုဟန်နှုတ်ခမ်းလုှပ်ရုံတိုးတိုးလေးပြောလိုက်လေသည်။
ပေတေပြီး ဆူပုတ်နေရာက ဆယ်ဟွန်းဘဲ ကြားထဲက
အနေခက်စွာ
"သူမခေါ်ချင်ရင်..နေပါစေ..အန်ကယ်.."
"ဆယ်ဟွန်းလည်း အလျော့မပေးနဲ့ ။ ဒီကောင်လေးအကြောင်းလည်းသိရဲ့သားနဲ့..ခံမပြောနားမထောင်လေး..."
"အန်ကယ်လေး..ဟန်..ကိုမဆူပါနဲ့ ..ခေါ်ရုံဘဲမဟုတ်လား
ခေါ်မယ်..ခေါ်မယ် "
" ခေါ်ရုံဘဲ မရဘူး အကြီးကိုရိုရိုသေသေ ဆက်ဆံ.."
သူစိမ်ရှေ့ အဆူခံလိုက်ရတာမို့ ရှက်တာရော မျက်နှာပူတာပါ
ပေါင်းကာ ဝမ်းနည်းစိတ်တို့ လှိုက်တက်လာကာ မျက်ဝန်းတို့ ဝေဝါးလာကာ ငိုချင်လာတာမို့မျက်နှာလေးကို ငုံ့ချလိုက်စဉ် ထိန်းထားတဲ့ မျက်ရည်တို့က လက်ခုံဖြူဖြူလေးပေါ်
ကျဆင်းလာခဲ့လေတော့သည်။
"ဒါဘဲမဟုတ်လား.."
ပြောရင်းဆိုရင်း လုဟန်က အပေါ်ကိုပြေးတက်သွားလေတော့သည်။
"အဲ့တာဘဲကြည့် ..ဆယ်ဟွန်းရေ..ဟန်ဟန်က မားမား အလို
လိုက်ထားလို့ ဆိုးတယ်ကွ..အကိုနဲ့အမကလည်း ဟန်ဟန်
မွေးပြီးပြီးချင်းဆုံးသွားတာဆိုတော့ မားမားက မတရားအလို
လိုက်ထားတာလေ "
ရှောင်မီက စားနေရင်းမှ မျက်ရည်ဝဲလာရလေသည်။ ဘွား
ကရှောင်မီဘာလုပ်လုပ် မျက်နှာသာ ဘယ်တော့မှမပေး။
တကယ်ဆို ရှောင်မီလည်း မြေးတစ်ယောက်ပါဘဲလေ၊
မားမားနဲ့ပါးပါး ရှောင်မီလက်ကို ဆွဲကာ အိမ်ပေါ်တက်လာစဉ်
က ဘွားပေါင်ပေါ်မှာ သူမကို ကြည့်နေတဲ့ မျက်ဝန်းကြည်
တောက်တောက်လေးကို သူမ မနာလို ဖြစ်လိုက်တာဆိုတာ
အရွယ်ရောက်ကျောက်းတက်ကြတော့လည်း ဘွားရဲ့မြေးအရင်းဆိုပြီး ကြော်ကြားတာလည်း ရှောင်လုဟန်ဆိုတာပင်
ရှောင်မီဆိုတာ ရှောင်လုဟန်ကိုမှီမှ နာမည်ကြီးလာသလိုမျိုး၊
ရှောင်လုက လူချစ်လူခင်လည်းများလေတော့ ဘယ်နေရာ
ရောက်ရောက် မျက်နှာသာ ရလေသည်။ စာဆိုလည်း
တော်သည့်အပြင် ငယ်ငယ်တုန်းကဆို
Oustanding student ဆိုပြီး နာမည်ကြီးပင်။
ငါ့မြေးအတွက်ဆိုပြီး ပေးတဲ့ ရွှေတွေငွေတွေ ဆိုရင်လည်း
မနည်းမနောပင်။ ရှောင်လုကတော့ ငယ်သေးတဲ့အရွယ်မို့လားမသိ ဘာကိုမှမမက်မော။ တွေ့တဲ့နေရာတိုင်း
ထားတတ်တာမို့ ရှောင်မီ မားမားက ထိုအရာတွေကိုဘဲ
မျှော်လင့်တကြီး ကောက် ယူတတ်သည်ပင်။
အခု ဆိုးလ်ကို လွှတ်လိုက်တာလည်း အမှန်က ကျောင်း
တက်တာအပြင် ပေကျင်းမှာ ရှောင်လုကို မကောင်းပြောကြတာမို့ စိတ်ရှုပ်သည်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ရှောင်မီပါ
လိုက်လာခဲ့ရလေသည်။ တကယ်တော့ သူမက ရှောင်လုဟန်
ရဲ့ အဖြည့်ခံသက်သက် ဖြစ်လေသည်။ လူချင်းတူတူ ကံတရားက မျက်နှာသာမပေးတာမို့ သူမအမြဲ အားငယ်ရပါသည်
နေရာတကာဟိုဟာဆိုလည်းရှောင်လုဟန်။ ဒီပစ္စည်းဆိုလည်း
ရှောင်လုဟန်အတွက် ဆိုပြီး သူမဆိုတာ လမ်းဘေးက
အမှိုက်သာသာပင် ဖြစ်လေသည်။
ဆွေကြီးမျိုးကြီးမှာ လူဖြစ်တာချင်း အတူတူ ကုသိုလ်ကံက ကွာခြားခဲ့လေသည်။ ရှောင်မီကလည်းဘွားရဲ့မကောင်းမြင်မှာ
တော့ကြောက်တာမို့ ဘွားစိတ်ကွက်စေတဲ့ အလုပ်မျိုးဘယ်
တော့မှ မလုပ်ပါဘူးလေ။ ဘွားသဘောမတူတဲ့
မားမားကို ပါးပါးက ယူပြီး မွေးတဲ့ကလေးမို့ ကိုယ့်ကုသိုလ်ကံ
နဲ့ကိုယ်ဘဲ ရှိပါစေတော့။
စဉ်းစားရင်း ရှောင်မီမျက်ရည်ဝဲလာရတာမို့ မျက်တောင်
တစ်ဖျက်ဖျက် ခက်ကာ ထမင်းစားတာကို ရပ်လိုက်ရလေသည်။အန်တီလေးနဲ့အတူ စားပြီးသားတွေကိုဝိုင်းကူ သိမ်းပေး
ရင်းမှ ရင်ထဲမှာတော့ ဝမ်းနည်းလာရလေသည်။
"ဒယ်ဒီပြောပြလို့ ကျွန်တော်လည်း အနည်းအကျဉ်းတော့
သိပါတယ် အန်ကယ် "
"ဒီကလေးကို ဆူပူနေရတာနဲ့ ဆယ်ဟွန်းရော ထမင်းကောင်း
ကောင်းမစားလိုက်ရဘူးမလား "
"ကျွန်တော် ဝနေပါပြီး "
ထမင်းစားခန်းထဲက ထွက်လာရင်း အပေါ်ထပ် ကိုယ့်အခန်းဘဲ ပြန်လာလိုက်တော့သည်။
ဟန်ကလေး ...က ဒီလိုဆို ခံပြောပြီး နားမထောင်တဲ့ ဂျစ်ကန်ကန်ကောင်လေးဘဲ၊ အငြိုးအတေးကလည်း ကြီးတတ်ပါ့
ဆယ်ဟွန်းကိုဆိုရင် ဘာကြောင့်ကြည့်မရလည်း စဉ်းစားလို့မရ၊ သိတတ်တဲ့အရွယ်ပင်ရောက်နေပြီး သူတစ်ပါးအပေါ် အမြဲအနိုင်ယူဗိုလ်ကျချင်နေတုန်း။ဆယ်ဟွန်း နည်းနည်းတော့ စိတ်ကွက်သွားမိလေသည်။
_______________________
____________________________
အိုဆယ်ဟွန်းက စိတ်ကွက်သွားပြီတဲ့နော် 🙄
အစဘဲရှိသေးတော့ ဖတ်ရတာ ရှုပ်နေလား
ကိုယ်တောင် ရေးနေရင်းနဲ့ ရှုပ်နေသလိုဘဲ 🤧🤧