ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 57(unicode)

8.1K 1.3K 270
By melieee2


Chapter 57;

သူတို့ရဲ့ရုပ်ရှင်ကြည့်ရင်း အားကြိုးမာန်တက်
လုပ်ခဲ့သည့် မဖွယ်မရာ အပြုအမူများကြောင့် 
ရုပ်ရုင်ရုံမှလက်ဆောင်အနေနှင့်ပေးထားသည့်
တစ်ရှုးအစိုအိတ်မှာပါတဲ့တစ်ရှူးဆယ်ခုထက်
မက သူတို့လက်ချက်နှင့်ပြောင်ရှင်းသွားခဲ့၏။
သူတို့သည့်အထပ်ထပ်အခါခါသူတို့ရဲ့အဝတ်
အစားများပေါ် အကြွင်းအကျန်ရှိ၊မရှိစစ်ဆေး
ပြီးမှစိတ်အေးသွားသည်။ထို့နောက်တစ်ရှူးစို
ဖြင့်သူတို့ရဲ့လက်များသန့်ရှင်းပြီး ဖန်သားပြင်
ထက်မှာပြနေသည့်တစ်ကားလုံးအသည်းခိုက်
မတတ်ဝူးဝူးဝါးဝါးအော်သံ​များထွက်​ေနသည့်
သရဲကားမှာသူတို့နားလည်နိုင်စွမ်းထက်ကျော်လွန်သွားတာသိလိုက်ရသည်။

ကုဖေးကပေနေသည့်တစ်ရှုးများကိုအိတ်တစ်
အိတ်ထဲမှာစုထည့်ပြီး တိုးတိုးမေးလာ၏။
"ဘာလို့ ဒီအမျိုးသမီးက,အင်း...ဒီအမျိုးသမီး
ကအခုထိအသက်ရှင်နေသေးတာလား?။"

"ဘယ်အမျိုးသမီးလဲ?။"

ကုဖေးက ဖန်သားပြင်ထက်တစ်ချက်ပြန်
ကြည့်လိုက်၏။
"အဲ့တစ်ယောက်,ဇာတ်ကားထဲမှာ အမျိုးသမီးဘယ်နှစ်ယောက်ပါလို့လဲ?။"

"သုံးယောက်။ တစ်ယောက်က တစ်ကောင်
ကြွက်ထင်တယ်။ စောစောတုန်းက လူတစ်
ယောက်အဲ့အကြောင်းထည့်ပြောသွားတယ်။"

ကုဖေးကပြန်မေးသည်။
"သူ(မ)က တစ်ကောင်ကြွက်လို့ ဘယ်တစ်
ယောက်ကပြောတာလဲ?။"

"မင်းဘာသာမင်း Craz 3 ဂိမ်းဆော့နေလိုက်
လို့မရဘူးလား?။"
ကျန်ချန် သူ့ကိုငဲ့ကြည့်လိုက်သည်။
"ငါတို့ကနောက်ဆုံးတန်းမှာထိုင်တာ။ ဇာတ်
ကားအကြောင်းမသိလိုက်လည်း ဘယ်သူမှ
ဘာမှမပြောဘူး။"

ကုဖေးကကြိတ်ရယ်လာ၏။
"မင်း ငါ့ကိုမလိုအပ်တော့ဘူးလား ။အိုး,ဒါဆို
မင်းကဇာတ်ကားအကြောင်းနားလည်တာပေါ့"

"နားမလည်ဘူး။ဒါပေမယ့် မင်းမြင်တဲ့အတိုင်း
ငါ မင်းကို ဇာတ်ကားအကြောင်း မေးလား?။"

ကုဖေးက ဖျော်ရည်သောက်နေရင်းမှအသံ
ထွက်ပြီးရယ်လာသည်။
"စောင့်ကြည့်ကင်မရာရှိတာတကယ်လား?။"

"အဲ့ဒါ......ငါလည်းသေချာမသိဘူး။"
ကျန်ချန် ပတ်ဝန်းကျင်ကိုစစ်ဆေးပြီးလေးနက်
သောအသံနှင့်ပြောလိုက်၏။
"Tianya Clubရဲ့ပို့စ်တစ်ခုအောက်မှာလူတိုင်း
ကရုပ်ရှင်ကြည့်ရင်း ရှက်စရာကိစ္စတွေ လုပ်တဲ့အကြောင်း တစ်ယောက်ပြီး တစ်ယောက် ဝန်ခံ
ထားတာတစ်ခါတွေ့ဖူးတယ်။ဒါပေမယ့်,လူတစ်ယောက်ကရုတ်တရက်ပေါ်လာပြီး
* ရုပ်ရှင်ပြစက်ဆရာတစ်ယောက်အနေနဲ့ ငါ
မင်းတို့ကိုပြောပြချင်တယ်။မင်းတို့လုပ်သမျှ
ကိစ္စတိုင်းကိုငါတို့မော်နီတာအခန်းကအားလုံး
မြင်ရတယ်။ငါတို့ရဲ့ စောင့်ကြည့်ကင်မရာက
ပုံရိပ်တိုင်းကိုဖမ်းယူနိုင်တယ် * ဆိုပြီး တုံ့ပြန်
ထားတာ။အဲ့ဲဒါက ပြင်းထန်တဲ့ စိတ်ဓာတ်စစ်
ဆင်ရေးတစ်ခုလို့ ငါထင်တယ်။"

(T/N Tianya club က China မှာ လူသိများတဲ့ club တစ်ခုပါ)

"သူတို့ပြောတာ အဓိပ္ပါယ်ရှိတယ်။"
ကုဖေးကသူ့နားထိကပ်တိုးပြီးမကြားတကြား
အသံနှင့်ပြော၏။
"ကြည့်လေ, ရုပ်ရှင်ရုံက ဒီလောက်မှောင်တာ
ရိုးရိုးစောင့်ကြည့်ကင်မရာသုံးရင် ဘာပုံရိပ်မှ
ဖမ်းမိမှာမဟုတ်ဘူး။"

"တည့်တည့်မတ်မတ် ထိုင်လို့မရဘူးလား?။"
ကျန်ချန်ကသူ့ကိုလည်းပြောရင်းသူကိုယ်တိုင်
လည်းခါးမတ်ပြီးတည့်တည့်မတ်မတ် ပြောင်း
ထိုင်လိုက်၏။

"ကောင်းပြီ~~။"
ကုဖေးက ခါးမတ်ပြီးတည့်တည့်မတ်မတ်
ထိုင်လာသည်။

ဇာတ်ကြောင်းအသွားအလာကိုမသိတာတောင်
မှ နှစ်ယောက်သား ဇာတ်လမ်းကိုတစ်ဝက်တစ်
ပျက်မှဇာတ်သိမ်းထိ ငြိမ်ငြိမ်ကြည့်ခဲ့သည်။

မမျှော်လင့်စရာကောင်းအောင်,သူတို့ကရုပ်ရှင်
ဇာတ်သိမ်းသွားသည်အထိ ထိုအတိုင်း ထိုင်​ေန
ခဲ့တာဖြစ်သည်။

ရုပ်ရှင်ရုံထဲ မီးများပြန်လင်းလာလျှင် ကျန်ချန်ကပျာကယာခေါင်းငုံ့ပြီးသူတို့ကိုယ်မှာအကြွင်း
အကျန်များမရှိကြောင်းသေချာအောင် နောက်
တစ်ကြိမ်စစ်ဆေးလိုက်၏။ထို့နောက် မြေကြီး
ပေါ်လည်းစစ်ဆေးလိုက်သည်။မြေကြီးပေါ်မှာ
ကျနေသည့်တစ်ရှူးအား လျစ်လျူရှုလိုက်၏။ အားလုံးပြီးသွားလျှင် သူမတ်တပ်ထရပ်လိုက်သည်။

အသက်ငယ်ငယ် ရွယ်ရွယ်စုံတွဲများသည် တစ်ယောက်လက်မောင်းကိုတစ်ယောက်ဖက်တွယ်
ပြီးထွက်လာတာမြင်သည့်အခါ သူဘာကြောင့်
မှန်းတော့မသိပေ။သူ့မျက်နှာထက်တွင်
'ငါမကျေနပ်ဘူး' ဆိုသည့်စကားလေးလုံးထင်
ဟပ်နေလိမ့်မည်ဟု ကျန်ချန် ခံစားရသည်။

ကျန်ချန်သည်အနေခက်စွာကုဖေးကိုနောက်
ကျောပေးပြီး မျက်နှာလွှဲလိုက်၏။
"ငါ့ဘောင်းဘီအနောက်ကိုကြည့်ပေး။ ပေနေ
သေးလား?။"

"မင်း,"
ကုဖေးက သက်ပြင်းချလာသည်။
"မင်းဟာကဘယ်တုန်းကအနောက်ပေါက်ထိ
ထုတ်လွှတ်လို့ရသွားတာလဲ ...ဟမ်?။"

"Fuck!"
ကျန်ချန် စိတ်ဆိုးစွာ အနောက်ကို ပြန်လှည့်ပြီး
ကုဖေးကိုဆွဲထူလိုက်၏။
"ထတော့, မသန်မစွမ်း။"

ကုဖေးကလူသွားလမ်းပေါ်မှာနှစ်လှမ်းလှမ်းပြီး
နောက်ခြေတစ်ပေါင်ကျိုးခုန်လျက်သူ့ကိုပြန်
လှည့်ကြည့်လာသည်။

"Fuck "
ကျန်ချန် သူ့ကိုကျော်ပြီး အရှေ့ကိုလှမ်းကြည့်
လိုက်လျှင်လက်မှတ်စစ်တဲ့သူသည်ဝှီးချဲလ်နှင့်
အတူဝင်ပေါက်မှာရပ်ပြီးသူတို့အားစောင့်ဆိုင်း
နေတာမြင်လိုက်ရသည်။
"ဝန်ဆောင်မှုက အံ့မခန်းပဲ။"

"နောက်တစ်ခါ,  ငါ မင်းအတွက် အဲ့ပစ္စည်း
ငှားပေးမယ်။မင်းလည်းအတွေ့အကြုံရအောင်။"

ကျန်ချန် သူ့ကို လှောင်လိုက်တယ်။
"ဘယ်သူက အဲ့အတွေ့အကြုံလိုချင်လို့လဲ?။
ငါ့ကိုအရမ်းအတွေ့အကြုံရစေချင်တယ်ဆို
ရင်၊​ေစာစောက မင်းပြောခဲ့တဲ့ တောင်ပေါ်ကို
ငါ့ကိုကုန်းပိုးသွားတဲ့အတွေ့အကြုံမျိုးပဲဖြစ်
သင့်တယ်။"

"အိုကေ။ငါတို့ သွားဖြစ်တဲ့ တစ်နေ့ကျရင်
ငါမင်းကို ကုန်းပိုးပြီးချီသွားမယ်။"

သဘောကျသည့်သူနှင့်ချိန်းတွေ့တဲ့အခါဘယ်
သွားပြီးဘာလုပ်သင့်မှန်းကျန်ချန်တကယ်မသိ
​ေပ။ သူတို့ရုပ်ရှင်ရုံထဲကနေ ထွက်လာပြီးသည့်နောက်၊နေ့လည်စာ စားဖို့အတွက်ဆိုင်တစ်ဆိုင်
ရှာဖို့ပြင်လိုက်၏။ အချိန်စောသေးတာကြောင့်
သူတို့နှစ်ယောက်ကပလာဇာထဲတွင်ထိုင်စောင့်
နေခဲ့သည်။

အထိမ်းအမှတ်ပွဲတော် ကျင်းပနေတဲ့အတွက်
ပလာဇာသည် အသက်ဝင်လှုပ်ရှားလျှက်ရှိပြီး အရောင်းဆိုင်ခန်းများအပြိုင်အဆိုင်ပြင်ဆင်နေသည်။ပလာဇာတစ်ခုလုံးသီချင်းဆိုသူများ
ကခုန်နေသူများ၊ရှိုးပွဲကြည့်ဖို့သွားလာသူများ
နှင့်စည်းကားလျှက်ရှိသည်။

သူတို့သွားလာလှုပ်ရှားနေတာကိုငေးကြည့်ရင်း
ကျန်ချန်စကားစလိုက်၏။
"မင်းmomentsမှာတင်ထားတဲ့ပုံတွေ့ဖူး
တယ်။အဲ့ပုံကဒီနေရာမှာရိုက်ထားတာမလား။
ပန်ကာအတွက်အန်တီနှစ်ယောက်ဒီနေရာမှာ
ရန်ဖြစ်ကြတာလေ။"

ကုဖေးကရယ်လာသည်။သူက ဖုန်းထုတ်ကာ
ဟိုဟိုဒီဒီလှန်လှောရှာနေပြီးသူ့မျက်နှာရှေ့မှာ
ပုံတစ်ပုံလှုပ်ယမ်းပြလာသည်။
"မင်းက ဒီပုံအကြောင်းပြောနေတာလား?။"

"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။
"ဘယ်အချိန်က ရိုက်ထားတာလဲ?။ "

"ပြီးခဲ့တဲ့နှစ်နွေရာသီ။မင်းပြောတာဟုတ်တယ်
ဒီနေရာမှာပဲ။သူတို့က နောက်ကျလက်တွေခြေ
တွေပါ,ပါလာသေးတယ်။"

ကျန်ချန်မေးလိုက်တယ်။
"Fuck,သူတို့ကိစ္စက ဘယ်လို အဆုံးသတ်
သွားတာလဲ?။"

"ဦးလေးတစ်ယောက်ရောက်လာပြီး ပန်ကာကို
နှစ်ခြမ်းခြမ်းပြီးသူတို့ကိုတစ်ယောက်တစ်ခြမ်း ပေးလိုက်တာလေ။"

ကျန်ချန်အသံထွက်ပြီးရယ်လိုက်၏။သေချာ
စဥ်းစဥ်းစားစားနှင့် သူဆက်မေးလိုက်သည်။
"အဲ့ပန်ကာက ဘယ်လောက်ထိကောင်းလို့
သူတို့ရန်တဲ့အထိဖြစ်သွားတာလဲ?။"

"ကမ္ဘာပေါ်မှာ လူအမျိုးမျိုး စိတ်အထွေထွေ
ရှိကြတယ်မလား။"
ကုဖေးကစီးကရက်ကိုထုတ်ပြီး မီးညှိလိုက်သည်။
"မင်းပလာဇာထဲမှာတစ်ရက်လာထိုင်ကြည့်။
လူအမျိုးမျိုးကို မြင်ရလိမ့်မယ်။"

ကျန်ချန်ရဲ့အကြည့်ကပလာဇာထဲမှာသွားလာ
နေသည့်သူများဆီရွေ့သွားသည်။
"မင်း သူတို့ကို အမြဲလာကြည့်နေကြလား?။"

"အင်း,မင်း သူတို့ကိုဘောင်ခတ်ပြီးကြည့်ရင်သူတို့
ကတခြားကမ္ဘာကပုံပြင်တစ်ပုဒ်လိုဖြစ်သွားတယ်။"
ကုဖေးကဘယ်လက်ကိုမြှောက်လိုက်ပြီး ဘောင်ကိုင်းသဏ္ဍာန်လိုမျိုး ဖြစ်အောင် လက်မနှင့်လက်
ညိုးအား သူ့မျက်နှာရှေ့မှာ ဆန့်ထုတ်လိုက်၏။
"စမ်းကြည့်။"

သူ့အပြုအမူကြောင့် ကျန်ချန်ခဏအံ့အားသင့်
သွားသည်။သူကပတ်ဝန်းကျင်အားကြည့်လျှင်
ဘယ်သူမှသူတို့ကိုအာရုံမစိုက်ပေ၊သူညာလက်
ကိုမြှောက်ပြီးလက်မနှင့်လက်ညိုးဆန့်ထုတ်၍
ကုဖေးရဲ့ဘယ်လက်နှင့်ထိသည့်အခါကင်မရာ
ကဲ့သို့ဘောင်လေးတစ်ခု သူ့မျက်စိရှေ့ပေါ်လာ
ခဲ့သည်။

"ဒီနည်းလမ်းနဲ့ဆို အနှောင့်အယှက်မှမရှိဘူး။
မတူညီတဲ့လူအမျိုးမျိုးကိုမင်းကိုယ်တိုင်မြင်
တွေ့ရလိမ့်မယ်။"
ကုဖေးကကျန်ချန်ရဲ့လက်နှင့်သူလက်နဲ့ထိစပ်
ထားသည့်ကင်မရာဘောင်လေးကိုဖြည်းဖြည်း
ရွေ့သွားပြီးစတိတ်စင်ရှေ့မှာမတ်တတ်ရပ်ပြီး
ငေးမောနေသည့်ကောင်မလေးဆီရောက်သည့်
အခါရပ်တန့်သွားသည်။
"သူ(မ)ကဖြတ်သွားဖြတ်လာလား?ပရိတ်သတ်
လား? ဒါမှမဟုတ် သူ(မ)က ဒီအတိုင်းစိတ်ပျံ့
လွင့်နေတာလား?။"

ကျန်ချန် သူ့ကို တုံ့ပြန်စကား မဆိုပေ။

ကုဖေးက သီချင်းတစ်ပိုဒ်ကိုနူးနူးညံ့ညံ့လေး
ဆိုညည်းလာ၏။
"ငါ မင်းကို​ငေးကြည့်နေချိန် , ဘယ်သူကငါ့ကို
ငေးကြည့်နေမှာလဲ?

ပွတ်ကာသီကာဖြတ်ကျော်သွားတဲ့ပခုံးတွေကို
မင်း​မြင်လား,

လွဲချော်သွားလည်း အရေးမကြီး​ပါဘူး..."

"ဘာသီချင်းလဲ?။"
ထိုသီချင်းသံစဥ်ကိုကျန်ချန်မရင်းနှီးသေးတာ
ကြောင့်မေးလိုက်သည်။သီချင်းက ပေါ့ပေါ့ပါး
ပါးနှင့်မြူးကြွပြီးအသံကနားဝင်ချိုသာ၏။

ကုဖေးကရယ်လိုက်သည်။
"ငါဒီအတိုင်းအလျဥ်းသင့်သလိုဆိုလိုက်တာ။"

ကျန်ချန် သူ့ကို ပါးစပ်အဟောင်းသားနှင့်
ကြည့်လိုက်၏။
"ဒါဆို သီချင်းစာသားက?။"

"ကြုံသလို​စပ်​ထားတာ။ပေါက်ကရသီချင်း
စာသားအတွက် ငါ ကြုံရာတွေ့တဲ့စကားလုံး
တွေကိုကောက်စပ်လိုက်တဲ့ သဘောပါပဲ။"

ကျန်ချန်သူ့ကိုပြုံးပြလိုက်၏။ထို့နောက်ကုဖေး
ရဲ့လက်သွားရာနောက်အတိုင်းလိုက်ရင်း ပလာ
ဇာထဲမှာလှုပ်ရှားနေတဲ့လူများအား ဘောင်ခတ်
ပြီး ကြည့်လိုက်သည်။

ကုဖေးသည်သိုသိပ်လွန်းသည်အတွက်ကြောင့်
အမှန်တကယ်အနုစိတ်အနုပညာအမြင်ရှိတဲ့သူ
ဆိုတာကျန်ချန် ခဏခဏမေ့လျော့သွား၏။

သူတို့နှစ်ယောက်သည် ပလာဇာထဲမှာသွားလာလှုပ်ရှားနေသည့်လူများအားဘေးကြည့် ပရိတ်
သတ်အနေနှင့်ကြည့်ပြီးနောက် လမ်းဘေးမှမုန့်
ဆိုင်တစ်ဆိုင်မှာနေ့လည်စာဝင်စားခဲ့၏။

ကုဖေးကမသန်မစွမ်းဖြစ်သော်လည်းခြေတစ်
ပေါင်ကျိုးခုန်ပြီးခြေလှမ်းလှမ်းတိုင်းလွှားလွှား
သွားနေတာကြောင့် ထိုဆိုင်ရောက်ဖို့်လမ်းသိပ်မလျှောက်စရာမလို​ေပ။

သူတို့နှစ်ယောက်သည်ချက်ချင်းရည်စားဖြစ်
သွားမယ်လို့ဘယ်သူကြိုသိမည်နည်း။ ထို့ပြင်
ရုပ်ရှင်ရုံထဲမှာတွင်ပြင်းပြသည့်စိတ်လှုပ်ရှားမှု
မျိုးကြုံတွေ့ခဲ့သောကြောင့် သူတို့နှစ်ယောက်
နေ့လည်စာသည်မနက်စာစားသကဲ့သို့များများ
မစားခဲ့ပေ။

"ငါတို့ပြန်တဲ့အခါကျရင် ဆန်ကိတ် နည်းနည်း
ဝယ်သွားရအောင်။"
ကုဖေးက စကားပြော၏။
"နေ့လည် ဗိုက်ဆာလောက်တယ်။"

"အင်း,ဆန်ကိတ်များများဝယ်သွားရအောင်။"
ကျန်ချန်ဟိုနေ့ကစားခဲ့သည့်ဆန်ကိတ်အရသာပြန်တွေးမိလျှင်နည်းနည်းဗိုက်ဆာလာသကဲ့သို့​ခံစားရသည်။

"အင်း,ဟုတ်တယ်။"
ကုဖေးက တစ်ခုခုကို စဥ်းစားမိသလိုနှင့်
ပြောလာ၏။
"တကယ်တော့ ,"

"တကယ်တော့, ငါတို့ ဒီမှာမစားသင့်ဘူး။"
ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။
"ဟုတ်တယ်မလား?။"

"ဟုတ်တယ်။"
ကုဖေး ပြုံးသည်။
"အာ,အခု ကျိုရစ်ရဲ့ IQကိုမှီသွားပြီ။"

သူသည်ကုဖေးနှင့်အတူတူစက်ဘီးစီးပြီးအိမ်
ပြန်လာသည့်လမ်းတလျှောက်လုံးစိတ်ထဲတွင်
ဟိုဟိုဒီဒီလျှောက်စဥ်းစားနေမိသည်။

သူတို့အတူပြန်မယ်။ပြီးတော့, ဆန်ကိတ် ဆိုင်
အရင်သွားမယ်။ဆန်ကိတ်ဝယ်ပြီးနှစ်ယောက်
အတူစားမယ်။

ပြီးတော့ရော?

သူတို့က ကိုယ့်အိမ်ကိုယ် ပြန်မှာလား?

ဒါမှမဟုတ်,ကုဖေးကို သူ့နေရာခေါ်သွားရ
မှာလား?

ခေါ်သွားပြီးရင်,သူတို့ကသူ့အိမ်မှာ ဘာဆက်
လုပ်မှာလဲ?

ထိုအကြောင်းကိုတွေးမိလျှင် သူ ရှက်သည်။
တကယ် သူက ကုဖေးနှင့်အတူ တစ်ခုခုလုပ်
မှာမဟုတ်ပေ။

ဒါပေမယ့်တစ်ခုခုလုပ်ခဲ့လည်း ပုံမှန်ပဲမဟုတ်ဘူးလား။

သူတို့ အရင်ကမလုပ်ခဲ့တာလည်းမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်,သူ့ရည်ရွယ်ချက်က တစ်ခုခု
လုပ်ဖို့လည်မဟုတ်ဘူး။

ထို့အပြင် သူတို့တွေက ရုပ်ရှင်ရုံထဲမှာလည်း
အဲ့ကိစ္စကို လုပ်ခဲ့ပြီးပြီမဟုတ်ဘူးလား။

ဒါပေမယ့် သူ့ပါးစပ်မှ 'ငါ့အိမ်မှာခဏနေသွား
မလား..'ဆိုသည့်စကားကိုသေချာပေါက်ပြော
ထွက်နိုင်မှာမဟုတ်​ပေ။

အဘယ်ကြောင့်ဆိုသော်ထိုစကားလုံးများက အဓိပ္ပါယ်နှစ်ခွသက်ရောက်သွားနိုင်သည်။

ဇာတ်ရှုပ်လိုက်တာ...

သူကဘယ်လိုလုပ်ပြီး ဒီကိစ္စအတွက်နဲ့ စိတ်ဒုက္ခရောက်နေရတာလဲ?

ကျန်ချန် အနောက်သို့ခေါင်းလှည့်ကြည့်ပြီး မေးလိုက်၏။
"ဆန်ကိတ်စားပြီးရင် မင်း ငါ့အိမ်ကို
လိုက်မှာမလား?။"

"အင်း ။"
ကုဖေးကသူ့နောက်ကျောကိုနှဖူးနှင့်ထိကပ်
ထားရင်း ခေါင်းညိတ်လာသည်။
"ကောင်းပြီ ။မင်းဆီကအိမ်စာကူးလို့ရလား။"

ကျန်ချန်ပြောစရာစကားပျောက်သွား၏။
"မင်း တကယ် အိမ်စာမလုပ်တတ်တာလား ?။ အိမ်စာမလုပ်ချင်တာလား?။နှစ်ဝက်စာမေးပွဲ
မှာမင်းအကုန်မဖြေထားတာတွေ့လိုက်တယ်။
အစတည်းကမင်းရဲ့အဆင့်ကအောက်ဆုံးမှာ
ဆိုတာငါထင်ပြီးသား။ "

ကုဖေးက ပြုံးလာသည်။
"ငါက အိမ်စာ လုပ်ရမှာပျင်းလို့။"

အစပိုင်းတွင် ကျန်ချန် စကားဆက်ပြောချင်ခဲ့
သည်။သို့ပေမယ့်္, တစ်ချို့အကြောင်းပြန်စဥ်း
စားမိလျှင်သူ ပါးစပ်ထပ်မဟတော့ပေ။

ကုဖေးရဲ့မတုန်မလှုပ်ဖြေသံသည်သူဘာပြော
ပြောကုဖေးအတွက်ပြောင်းလဲမည်မဟုတ်မှန်း
ကျန်ချန်သိသည်။ထို့အပြင် သူ လောင်ရွှီကဲ့သို့​ဗျစ်တောက်ဗျစ်တောက်မပြောချင်ပေ။

ယခုလိုအတိမ်းအစောင်းမခံနိုင်သည့် အခြေ
အနေဖြစ်လာတိုင်းအလျော့ပေးလိုက်ရသည့်
သူဖြစ်လာသည်။အဘယ့်ကြောင့်ဆိုသော်,
ကုဖေးရဲ့အသံနေအသံထားတွင် ထိုခေါင်းစဥ်
နှင့်ပတ်သတ်ပြီးမဆွေးနွေးချင်ကြောင်းဖော်ပြ
နေသည့်အကူအညီမှု၊တုန်လှုပ်မှုအရိပ်များကို
သူ ခံစားမိသည်။

ကုဖေးက စကားပြောလာ၏။
"စတိုးဆိုင်မှာအရင်လိုက်ပို့ပေးလို့ရလား။
ဒီနေ့ပစ္စည်းလာပို့မယ့်သူလာရင်ငါ့အမေက
ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ဘူး။"

"ကောင်းပြီ။"
သူတို့ဆိုင်ရှေ့ရောက်သည့်အခါကျန်ချန်စက်ဘီး
ရပ်ပြီးခြေထောက်တစ်ဖက်မြေကြီးပေါ်မှာချလိုက်
၏၊သံစက်ရုံတစ်ဝိုက်နားသို့ပြန်ရောက်ချိန်တွင် ကုဖေးရဲ့လွန်လွန်ကဲကဲ့ သရုပ်ဆောင်အရည်အချင်းကအွန်လိုင်းပြန်တက်လာသည်။
ကုဖေးက စက်ဘီးနောက်ခုံမှဆင်းဖို့ငါးစက္ကန့်အချိန်ယူလိုက်သေး၏။

ကျန်ချန် သူ့ကိုခေါင်းငဲ့စောင်းပြီးလှည့်ကြည့်
လိုက်သည်။
"မင်းသရုပ်ဆောင်တာအိုဗာဖြစ်နေတယ်လို့
မထင်ဘူးလား ?။"

ကုဖေးက မျက်မှောင်ကြုတ်လိုက်၏။
"ငါ တကယ်နာနေတာ။"

"သေစမ်း!"
ကျန်ချန် မထိန်းနိုင်ပဲရယ်လိုက်သည်။
"ငါ နေရာမှာတင်ငိုမိတော့မယ်ထင်တယ်။"

ကုဖေးကသရုပ်ဆောင်မှုထဲမှာစျာန်ဝင်နေ၏။
"မြန်မြန်,စက်ဘီးကိုထားခဲ့ပြီး ငါ့ကိုကူတွဲပေး။"

ကျန်ချန်သည်စက်ဘီးကိုအုတ်တံတိုင်းဘေးမှာ
ရပ်ထားခဲ့ပြီး၊သူ့ကိုကူတွဲပေးကာဆိုင်ထဲသို့ နှစ်ယောက်အတူဝင်လာခဲ့၏။သူတို့လိုက်ကာစကို
မတင်ပြီးပြီးချင်းမှာပင် ရင်းနှီးသည့်အသံတစ်
သံကို ကြားလိုက်ရသည်။
"ကုဖေး? မင်းခြေထောက်ကဘာဖြစ်တာလဲ။ "

ကုဖေးနှင့်ကျန်ချန်သည်ဆိုင်တံခါးမှာကြောင်
အမ်းစွာတန့်သွားပြီးငွေရှင်းကောင်တာရှေ့မှာ
မတ်တပ်ရပ်နေသည့် လောင်ရွှီအား ကြည့်ပြီး
ပါးစပ်အဟောင်းသားဖြစ်သွား၏။

"ယို့!"
ကောင်တာနောက်မှာရပ်နေသည့် ကုဖေးရဲ့
အမေကအော်ဟစ်လာသည်။
"မင်း လဲကျတာလား?။ရန်ဖြစ်လာတာလား?။"

ကုဖေးက တစ်ခွန်းသာတုံ့ပြန်၏။
"လဲကျတာ။"

"မင်းခြေထောက်က ကျိုးသွားတာလား။"
လုလောင်ရွှီက သူတို့ နားသို့ လျှောက်လာ၏။
"စိုးရိမ်ရလား?။"

"မစိုးရိမ်ရဘူး။"
ကုဖေးကလောင်ရွှီကိုမော့ကြည့်လိုက်သည်။
"ရွှီကျုံးကဘာလို့ဆိုင်မှာရောက်နေတာလဲ?။"

"ရွှီလောင်ရွှီက မိဘဆရာများ အသင်းအတွက်
လာခဲ့တာ။"
ကုဖေးရဲ့အမေက ထိုင်ခုံတစ်လုံးကို သူတို့နားသို့သယ်ပေးလာသည်။
"ထိုင်။မင်းရဲ့ခြေထောက်က ဒီလောက်ထိဖြစ်
တာတောင် ငါ့ကိုတစ်ခွန်းမှ မပြောဘူး။ နေရာ
အနှံ့လျှောက်ပတ်ပြီး သွားဖို့ကျအချိန်ရှိတယ်
ပေါ့။"

ကုဖေး အသံတိတ် ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။

လောင်ရွှီရောက်နေသည်ဖြစ်၍သူတို့ဆန်ကိတ်
သွားစားဖြစ်မည်မဟုတ်မှန်းကျန်ချန်သိသည်။

ထပ်ပြောရလျှင်လီပေါင်ကော်လည်းလောင်ရွှီဆီ
လာသွားသည်။လောင်ရွှီသူ့ကိုသတိမထားမိသေး
ခင် မြန်မြန်ထွက်ပြေးသင့်၏။

ဒါပေမယ့်,သူ နောက်ပြန်လှည့်ပြီး လိုက်ကာကို
မတင်လိုက်စဥ် လောင်ရွှီက သူ့နာမည်ကို ခေါ်
လာသည်။
"ကျန်ချန်! တိုက်ဆိုင်လိုက်တာ။ ဆရာလည်း
မင်းကို ရှာနေတာ။"

"အာ။"
ကျန်ချန် သူ့ကို ပြန်မဖြေဘဲလိုက်ကာစကိုသာ တင်းတင်းဆုပ်ကိုင်ပြီးဆက်မလိုက်၏။

သို့သော် လောင်ရွှီက အလောတကြီး လှမ်း
ပြောလာသည်။
"ဆရာကိုခဏစောင့်ဦး။ ကုဖေးရဲ့အမေနဲ့ စကား
ပြောတာပြီးတော့မှာ။စကားနည်းနည်းပြောရအောင်။"

ကျန်ချန်ကတိတ်ဆိတ်သွား၏။

လောင်ရွှီကနောက်တစ်ခါ ထပ်ပြောခဲ့သည်။
"ခဏလေးစောင့်နော်ဒီဆရာကို ခဏစောင့်
ပေးလို့ရတယ်မလား။"

ကျန်ချန် သက်ပြင်းချလိုက်သည်။လောင်ရွှီက
အသံအနေအထားအရသူ့ကို သွားခွင့်ပေးမည်
မဟုတ်ပေ။ထို့ကြောင့် သူစိတ်ပျက်လက်ပျက်
အသံနှင့်သဘောတူကြောင်းအသံပြုလိုက်၏။

လောင်ရွှီနှင့်ကုဖေးရဲ့အမေတို့ အနောက်ခြံဝင်း
ထဲ ဆင်းသွားသည့်အခါ ကျန်ချန်သည်ထိုင်ခုံ
တစ်ခုံဆွဲယူပြီးကုဖေးဘေးမှာထိုင်ချလိုက်သည်။

သူ ထိုင်ခုံမှာထိုင်ပြီးပြီးချင်း လောင်ရွွှီက ဆိုင်
ထဲသို့ပြန်ဝင်လာ၏။
"ကုဖေး,မင်းခြေထောက်အခုလိုဖြစ်တဲ့
အကြောင်းအရင်းကို နောက်နေ့ ကျရင်
ဆရာ့ကို အမှန်တိုင်းပြောပြမယ်မလား?။ "

ကုဖေးက ပြန်ဖြေသည်။
"လဲကျတာပါဆို။ကျွန်တော် ဆိုင်ကယ်အမြန်
မောင်းမိပြီးအရှိန်မထိန်းနိုင်တော့လို့ ပစ်လဲပြီး ခြေထောက်ပေါ်ဆိုင်ကယ် နဲ့ဖိမိတာ။"

ထိုအခါ လောင်ရွှီက သူ့ရှေ့ကိုလျှောက်လာပြီး ခြေထောက်ကိုကိုင်ပြီး စစ်ဆေးလာ၏။
"စိုးရိမ်ရသေးလား?။"

"အဆင်ပြေပါတယ်။"
ကုဖေးကခြေထောက်ကိုပြန်ရုတ်လိုက်တယ်။
သူယင်းနှင့်ပတ်သတ်ပြီး အသားမကျပေ။

"မလှုပ်နဲ့။"
လောင်ရွှီကခါးကိုပြန်ဆန့်လိုက်၏။
"ရက်ပိုင်းလောက် အိပ်ယာပေါ်မှာလဲနေအုံး။ "

"အိုး!"
ကုဖေး  ခေါင်းညိတ်လိုက်သည်။

လောင်ရွှီက သက်ပြင်းဖွဖွချပြီး အနောက်
ခြံဝင်းဆီသို့ ပြန်လျှောက်သွား၏။

ကျန်ချန် ကုဖေးကိုတိုးတိုးမေးလိုက်သည်။
"လောင်ရွှီကဘာလို့ဒီရောက်​ေနတာလဲဟမ်?။"

"သူက ငါတို့ဆီကို တစ်လတစ်ကြိမ် အလည်
လာပြီးစစ်ဆေးနေကြ။ အဓိကရည်ရွယ်ချက်
ကငါတို့မိသားစုပဲ။ပြီးရင် ဝမ်ရွှီနဲ့ တခြားသူရဲ့
အိိမ်ကိုလည်း သူသွားတယ်။"

"သူတကယ်ပင်ပန်းမှာမကြောက်ဘူးလား။"
ကျန်ချန် မျက်မှောင်ကြုတ်လိုက်၏။လောင်ရွှီ
ကအမှန်တကယ်စိတ်ရောကိုယ်ပါအလုပ်ထဲမှာ
မြုပ်နှံထားသည့်သူအဖြစ် သတ်မှတ်နိုင်၏။
"သူ ငါ့ကို လီပေါင်ကော် အကြောင်း ပြောမယ်
ထင်တယ်။"

ကုဖေးက ရယ်လာသည်။
"ဖြစ်နိုင်တယ်။ လီပေါင်ကော်ကိုဖယ်လိုက်ရင်
သူ့မှာ မင်းကိုစိတ်ပူစရာ တခြားကိစ္စမရှိဘူး။"

"ဟိုအရင်ရက်ကလီပေါင်ကော်ကကျောင်းကို
လာသွားတယ်။သူဘာပြောလဲဆိုတာဘယ်သူ
သိမှာလဲ။ "
ကျန်ချန် စိတ်ရှုပ်ရှုပ်နှင့် ခြေထောက်ကိုဆန့်လိုက်၏။
"သူ ဘာလို့သောက်ရေးမပါတာပဲတွေးနေတာလဲ?။"

ကုဖေးကစကားမဆိုပေ။ ထိုအစား သူက သူခြေထောက်ကိုလက်ဖဝါးနှင့်ပုတ်ပေးလာ၏။
"လောင်ရွှီဘာပြောပြောနားထောင်လိုက်နော်။
အမှန်တရားကိုရှောင်လွဲလို့မရဘူး။ အဲ့အိမ်က
မင်းအိမ် မဟုတ်တော့ပေမယ့်မင်းအိမ်ဖြစ်နေ
တုန်းပဲ။ပြီးတော့ သူ့သားမဟုတ်တော့ပေမယ့်
သူ့သားဖြစ်နေတုန်းပဲမလား?။"

"အင်း။ "
ကျန်ချန်အနောက်ခြံဝင်းကိုတစ်ချက်လှမ်း
ကြည့်ပြီး ကုဖေးရဲ့ လက်ကို တင်းကြပ်စွာ
ဆုပ်ကိုင်လိုက်သည်။

"လောင်ရွှီနဲ့ စကားပြောပြီးရင် ငါ့ကိုဖုန်းဆက်
လိုက်။ ငါတို့ ဆန်ကိတ် သွားစားမယ်။"

ကျန်ချန် ပြန်ဖြေလိုက်တယ်။
"ငါ မစားချင်ဘူး။ စားချင်စိတ်မရှိတော့ဘူး။"

"ဒါဆို ငါစားတာထိုင်ကြည့်။ငါက စားချင်စိတ်
ရှိသေးတယ်။"

ကျန်ချန်ရယ်လိုက်သည်။
"Fuck!'

လောင်ရွှီက ကုဖေးရဲ့အမေနှင့် အနောက်ဖေးမှာဆယ်မိနစ်လောက်စကားပြောပြီးဆိုင်ထဲသို့ ပြန်
ဝင်လာသည်။

ကုဖေးရဲ့အမေကနွားနို့တစ်ကဒ်ယူလာ၏။
"ရွှီလောင်ရွှီ အပြန်နွာနို့ဘူးလေးယူသွားနော်။
အခုလို အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူး
တင်ပါတယ်။"

"မဟုတ်တာ,မလိုပါဘူး။မလိုပါဘူး။"
လောင်ရွှီက လက်ခါလိုက်၏။
"ကျွန်တော်လုပ်သင့်လို့လုပ်တာပါ။ ဆရာတစ်ယောက်အနေနဲ့ကျွန်တော့်ရဲ့တာဝန်ပါ။ အရမ်း
ယဥ်ကျေးနေဖို့မလိုပါဘူး။မိဘတွေက အခုလိုပူးပေါင်းပေးလို့ အရမ်းကျေနပ်နေတာပါ။"

"ပူးပေါင်းရမှာပေါ့။ပူးပေါင်းရမှာပေါ့။"
ကုဖေးရဲ့အမေက စကားလည်းပြော လက်
ကလည်း နို့ဘူးကဒ်ကို လောင်ရွှီလက်ထဲသို့
အတင်းထိုးထည့်ပေး၏။
"ရွှီလောင်ရွှီ...ရှင်.."

"မား။"
ကုဖေးက မတ်တပ်ထရပ်ပြီး သူမကို တားဆီးလိုက်၏။
"ကျွန်တော် မနက်ဖြန်မှ လောင်ရွှီတို့အိမ်ကို
နို့ဘူးကဒ်ယူသွားလိုက်မယ်။"

"ဒါလည်း ကောင်းသားပဲ ။ကောင်းတယ်။ ကောင်းတယ်။"
ကုဖေး အမေက ခေါင်းညိတ်လာသည်။

"တကယ် မလိုပါဘူး။မလိုအပ်ပါဘူး။"
ထို့နောက် လောင်ရွှီက သူ့ကို ခေါင်းညိတ်
ခေါ်လာ၏။
"ကျန်ချန်,လာ ,အပြင်မှာ သွားထိုင်ရအောင်။"

ကျန်ချန်မတ်တပ်ရပ်ပြီးကုဖေးကိုလှမ်းကြည့်
လိုက်လျှင် ကုဖေး သူ့ကို ပြုံးပြပြီး သူ့ဆီ 'ဖုန်း
ဆက်ဖို့ရန်' လက်ဟန်အမူအယာလုပ်ပြ၏။

ကျန်ချန် ခေါင်းညိတ်လိုက်ပြီးလောင်ရွှီနောက်
သို့လိုက်သွားလိုက်သည်။

လောင်ရွှီက အရှေ့ကနေဦးဆောင်သွားနေပြီး
သူကအနောက်မှဖြည်းဖြည်းလိုက်လာခဲ့သည်။
သူ့ခြေလှမ်းကိုအရှိန်တင်ဖို့မတွေးမိပေ။

လောင်ရွှီက လီပေါင်ကော်အကြောင်းကိုပြော
လာမည်အားသူငြင်းဆန်နေလို့ပြီးမည်မဟုတ်ကြောင်း ကုဖေးပြောခဲ့သော်လည်း မနက်ခင်း
တစ်ခင်းလုံးသာယာနေခဲ့သည့် သူ့စိတ်က အခိုးအငွေ့လိုပျောက်ကွယ်သွားခသည်။

ကုဖေးရဲ့အပြုံးကြောင့်သာ မဟုတ်ရင် သူ
လောင်ရွှီ ကို ထားပစ်ခဲ့ပြီး ထွက်ပြေးသွား
လောက်မိသည်။

လောင်ရွှီက အနောက်သို့ ပြန်လှည့်ကြည့်
လာပြီး စကားပြောလာ၏။
"ရှေ့နားက လက်ဖက်ရည်ဆိုင်မှာ သွားထိုင်
ကြရအောင်။"

"လက်ဖက်ရည်ဆိုင် ။"
ကျန်ချန် အံ့သြသွား၏။သူလာသည့်အခေါက် အရေအတွက်ကနည်းနည်းလေးမှမဟုတ်​ေပ။ သို့သော်,သူလာသည့်အခေါက်တိုင်းအနီးတစ်
ဝိုက်မှညစ်ပတ်နေသည့်စတိုးဆိုင်လေးတွေကို သူသေသေချာချာအကဲမခတ်မိခဲ့တာဖြစ်၏။
ဘေးပတ်ပတ်လည်စစ်ဆေးကြည့်သည့်တိုင်
လက်ဖက်ရည်ဆိုင်နှင့်တူသည့်ဆိုင်မမြင်မိပေ။

"မင်း လက်ဖက်ရည် သောက်ရတာ
မကြိုက်ဘူးမလား?။"
လောင်ရွှီက ရယ်မောလာသည်။
"အဓိပ္ပါယ်ရှိတယ်။အင်း,မင်းက အခုမှ လူငယ်
လေးပဲရှိသေးတာ။ငါ ကုဖေးကိုပထမဆုံးတွေ့
တုန်းက၊ကုဖေးကငါ့ကိုလက်ဖက်ရည်သောက်
ဖို့ဆိုပြီးဒီနေရာခေါ်လာတာ။ဒီကောင်စုတ်လေးက လက်ဖက်ရည်သောက်ရတာကို တော်တော်လေးကြိုက်တာ။"

"အာ။"
ကျန်ချန်အနည်းငယ် အံ့အားသင့်သွား၏။

ကုဖေးသည်ရေနွေးထဲမှာလီမွန်တီးထည့်ပြီး
သောက်ရတာကြိုက်တာကိုသူသိသည်။ သို့
ပေမယ့်ကုဖေးကလက်ဖက်ရည်သောက်တာ
ကိုသဘောကျမှန်း သူ လုံး၀ မသိခဲ့ပေ။

ရုတ်တရက် သူ မပျော်တော့ဘူး။

လောင်ရွှီတောင် သိနေတဲ့ကိစ္စကို သူက ဘာလို့
မသိရတာလဲ..?

လောင်ရွှီတောင်မှ သိနေရင် ၊ လီယန်နှင့်
"ပူရှစ်ဟျောင်နျောင်"တို့လည်း သိမှာလား?

တင်းကျူးရှင်းရော သိနေလောက်လား?

ဝမ်ရွှီလည်းသိနေမှာပေါ့..!!

ကျန်ချန် မကျေနပ်စွာကျစ်သပ်လိုက်၏။

ကျစ်...ကျစ်...

သူတို့လက်ဖက်ရည်သွားသောက်သည့်နေရာ
ကပေတိပေစုတ်လက်ဖက်ရည်ဆိုင်လေးတစ်
ဆိုင်ဖြစ်သည်။ထို့ကြောင့် ကျန်ချန် ဒီနေရာကို အခေါက်ပေါင်းများစွာဖြတ်သွားခဲ့သော်လည်း
ထိုဆိုင်လေးကိုသတိမထားမိခဲ့တာဖြစ်သည်။

ဆိုင်ထဲမှာလက်ဖက်ရည်သောက်ရမည့် အခန်း
နေရာသီးသန့် မရှိပဲ၊ပြတင်းပေါက်တွင် စားပွဲခုံ
ဝိုင်းတစ်ဝိုင်းချထား၏။ထိုဆိုင်တွင် လက်ဖက်
ရည်ရောင်းသည်ဆိုသော်လည်း ၊
မင်းလက်ဖက်ရည်သောက်ချင်လျှင် သူတို့ဆီကရောင်းချသည့်လက်ဖက်ရည်အမှုန့်ထုပ်နှင့်ရေနွေး
ကိုဝယ်ယူပြီးကိုယ်တိုင်ဖျော်သောက်ရတာဖြစ်သည်။

သူတို့ထိုင်ခုံမှာထိုင်ပြီးနောက်တွင်လောင်ရွှီက
green tea တစ်အိုးကိုမှာယူလိုက်သည်။ကျန်
ချန်တိတ်ဆိတ်စွာမှင်သက်နေမိပြီး သူစိတ်နှင့်
ကိုယ်နှင့်ပြန်ကပ်လာသည့် အချိန်တွင် လောင်
ရွှီက သူ့ရှေ့မှာ ချထားသည့်ခွက်ထဲသို့ ရေနွေး လောင်းထည့်ပေးနေခဲ့သည်။ထို့နောက် လောင်
ရွှီက သူ့ကို မေးမြန်းလာ၏။
" နှစ်ဝက်စာမေးပွဲဖြေတဲ့အပေါ်မှာ မင်းကိုယ်
မင်း စိတ်ကျေနပ်မှုရှိလား?။"

"မဆိုးပါဘူး။"

"စီကျုံးကျောင်းရဲ့အဆင့်အအတိုင်း ပြောရင်
မင်းကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။"
လောင်ရွှီက စကားပြောရင်း တန်းလန်းနှင့်
သူ့အတွက်လက်ဖက်ရည် ထုတ်ဖောက်ပြီး
ဖျော်ပေးလာသည်။
"ဒါပေမယ့် , ဆရာ ယူကြည့်လိုက်တာ မင်းကဘာသာရပ်သုံးခုမှာအမှတ်ပြည့်ရတယ်။ကျန်
တဲ့ဘာသာရပ်မှာအမှတ်လျော့နေတယ်။ဆရာ
က မင်းလက်ရေးမလှတာကြောင့် မင်းအမှတ်
အနုတ်ခံရတာလို့ ပြောချင်တာမဟုတ်ဘူး။"

"ဒါက လောင်ရွှီကျွန်တော့်ကို ပြောမယ်ဆိုတဲ့ အကြောင်းအရင်းလား?။ နောက်ဆုံး ဖိုင်နယ် မေးခွန်းကဒီမေးခွန်းအတိုင်းပဲဖြစ်မယ်ဆိုရင် ဒုတိယနေရာကလူထက်ကိုကျွန်တော်အမှတ်
တစ်ရာထပ်ပြီးသာနေမှာပဲ။"

"မင်း,လူရှုပ်ကလေး။"
လောင်ရွှီက သဘောကျစွာ ရယ်မောလာပြီး
သူ့လွယ်အိတ်ထဲမှဖိုင်တွဲ တစ်ခုကို ထုတ်ပြီး
သူ့ရှေ့သို့ ချပေးလာသည်။
"ဒီမေးခွန်းဟောင်းစာရွက်တွေရအောင် မင်း
အရင်ကျောင်းကအသိဆရာတစ်ယောက်ဆီ
ကနေအကူအညီတောင်းထားတာ။ဒါပေမယ့်​
ဆရာ့ဆီ မှာ တခြားအထက်တန်းကျောင်းက
အသိမရှိတော့၊ စမ်းကျုံးကျောင်းကတစ်ခုပဲ
ရလာခဲ့တယ်။ဘာပဲဖြစ်ဖြစ်, အဓိကအချက်
အလက်နဲ့ ခက်တဲ့ပုစ္ဆာတွေ မေးခွန်း မေးတာ
အတူတူလောက်ပဲ။"

ကျန်ချန်သည်အံ့အားသင့်စွာ လောင်ရွှီကို
ကြည့်လိုက်၏။

လောင်ရွှီက ဆက်ပြောလာသည်။
"မင်း အချိန်အားရင်ကိုယ့်ဘာသာကိုယ်ဖြေ
ထား။မင်း အားလုံးဖြေပြီးသွားရင် ဆရာက
မင်းကိုအမှတ်ကူစစ်ဆေးပေးဖို့တခြားဆရာ ဆရာမတွေကို အကူအညီ တောင်းပေးမယ်။
မင်းဘယ်လိုသဘောရလဲ?။"

လောင်ရွှီသည်သူ့အတွက်နှင့်အဝေးသွားလိမ့်
မည်လို့ ကျန်ချန်မတွေးခဲ့​ေပ။သူ ဖိုင်တွဲကိုဖွင့်
ကြည့်လိုက်လျှင်ဘာသာရပ်အားလုံး၏မေးခွန်းဟောင်းစာရွက်များတစ်စုတစ်စည်းတည်း တွေ့လိုက်ရသည်။

"ရွှီကျုံး...ခင်ဗျား..."
ကျန်ချန် ဖိုင်တွဲကို ကြည့်ပြီး ဘာဆက်ပြော
ရမှန်း မသိတော့ပေ။

"ဒါ ဆရာလုပ်ပေးသင့်တာမလို့လုပ်ပေးတာ။
ဒီဆရာက စီကျုံးကျောင်းမှာ စာသင်လာတာ
နှစ်ချီနေပြီ။ ဒါပေမယ့် မင်းလိုမျိုးစေ့ကောင်း
လေးကိုပထမဆုံးတွေ့ဖူးတာ။ဆရာဘက်ကအကောင်းဆုံးဖြည့်ဆည်းပေးရမှာပေါ့။"

ကျန်ချန် ဖိုင်တွဲကိုဂရုတစိုက် ပိတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်။"

"အာ,ဆရာ့မှာ မင်းကိုပြောစရာနောက်တစ်ခု
ရှိသေးတယ်၊မင်းခန့်မှန်းမိလောက်မှာပါ၊မင်းရဲ့မိသားစုအကြောင်း။မင်း အဲ့​အကြောင်းမပြော
ချင်မှန်း ဆရာသိတယ်။ဘာမှမမေးပါဘူး။ဒါ
ပေမယ့်မိသားစုကိစ္စကြောင့်မင်းပညာရေးကို
ထိခိုက်လာမှာစိတ်ပူတယ် ။ ဒါ့ကြောင့်
ဆရာမျှော်လင့်တာက.."

ကျန်ချန် အကြည့်က ဖိုင်တွဲဆီကနေ
လောင်ရွှီဆီသို့ ရွေ့သွားသည်။
"လီပေါင်ကော်က ဒီအကြောင်းပြောပေးဖို့
လောင်ရွှီကိုလာရှာတာလား?။"

"မင်း အိမ်ပြန်မလာတဲ့အကြောင်းကလွဲပြီး
သူဘာမှမပြောပါဘူး။"
လောင်ရွှီက သက်ပြင်းချလာ၏။
"ပြီးတော့ သူ ကျန်းမာရေးသိပ်မကောင်းဘူး။
ကျန်ချန်, မင်း အိမ်ကိုမပြန်ချင်တာ ဆရာသိ
တယ်။ဒါပေမယ့် မင်း သူနဲ့ စကားပြောကြည့်
ဖို့ မျှော်လင့်တယ်။ဘယ်လို. .."

ကျန်ချန် သူ့စကားကို ဖြတ်ပြောလိုက်၏။
"ကျွန်တော် သိပြီ။"

လောင်ရွှီက ဘာမှမပြောတော့ပဲ သက်ပြင်း
ချလာသည်။
" လီပေါင်ကော်လိုလူက ဘယ်လိုလုပ်မင်းလို သားတစ်ယောက်ကိုမွေးထားမှန်းလုံး၀ နားမ
လည်နိုင်ဘူး။"

ကျန်ချန် သူ့ကို ကြည့်လိုက်၏။

"..သူရဲ့သားအကြီးဆုံးက လီဟွေ့​ေလ။".
လောင်ရွှီက စကားပြောနေရင်း လက်ဟန်
အမူအယာပါလာသည်။
"အရင်က ဆရာ့ရဲ့ကျောင်းသားဖြစ်ခဲ့တာ။
အင်း,သူကတကယ်မလိမ္မာဘူး။တော်တော်
ကို မလိမ္မာတာ။"

ကျန်ချန် ရယ်လိုက်သည်။ သူ ထိုကိစ္စကို မေး
ဖို့ ဆန္ဒ မရှိသော်လည်း အဆုံးသတ်တွင် သူ့ပါး
စပ်ဖွင့်လိုက်သည်။ ။
"ဟိုလူက ကျန်းမာရေး မကောင်းဘူးလား။"

"သူ့အဆုတ်ကပြသာနာရှိနေတာထင်တယ်။
သူ အဲ့အကြောင်းကိုပြောတုန်းကတော်တော်ကပေါက်တိကပေါက်ချာဖြစ်နေတာ။"

"အိုး။"
ကျန်ချန် မျက်မှောင်ကြုတ်လိုက်၏။လီပေါင်
ကော်သည်နေ့တိုင်းဆေးလိပ်သောက်၊အရက်သောက်သည် ။ သူက တစ်နေကုန်တစ်နေခန်း ချောင်းတဟွတ်ဟွတ်ဆိုးတတ်ပြီး သူ့အဆုတ်
မှာပြသာနာရှိနေတာမထူးဆန်းပေ။

ဒါပေမယ့်...သူကဘာအဆုတ်ပြသာနာဖြစ်
နေတာလဲ?

ယခင်ရက်နှင့်ယှဉ်လျှင်လောင်ရွှီကစကားသိပ်
မပြောပေ။သူကစကားပြောပြီးသွားသည့်အခါ လက်ဖက်ရည်ဆက်သောက်နေပြီး ကျန်ချန်ကို တစ်ယောက်တည်းလွှတ်ထားပေး၏။

အချိန်ခဏကြာသွားမှ လောင်ရွှီက စကားပြန်
ပြောလာသည်။
"ဆရာကလက်ဖက်ရည်သောက်ပြီးပြန်မှာ။
မင်း သွားချင်ရင်သွားတော့လေ။ မင်းအဖေ
လီပေါင်ကော်ကို နောက်မှဆက်သွယ်ကြည့်
လိုက်မယ်။"

"အင်း။"
ကျန်ချန်မတ်တပ်ရပ်ပြီး ဖိုင်တွဲကိုယူလိုက်၏။ ထို့နောက် လောင်ရွှီကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ရွှီကျုံး။"

"အာ!"
လောင်ရွှီသည်ကျောင်းသားတစ်ယောက်ဆီက
အခုလိုတစ်ခါမှကောင်းကောင်းမွန်မွန်အဆက်
အဆံမခံခဲ့ရပေ။ထို့ကြောင့် သူကကပျာကယာ
မတ်တပ်ထရပ်ပြီး သူ့ကို ပြန်ဦးညွှတ်လာ၏။
"ခေါင်းပြန်မော့ပါ , ခေါင်းပြန်မော့ပါ။"

ကျန်ချန် သူ့ကိုနှုတ်ဆက်ပြီးနောက်ပြန်လှည့်ကာလက်ဖက်ရည်ဆိုင်ထဲမှထွက်လာခဲ့သည်။

သူသည်လမ်းဖြည်းဖြည်းချင်းလျှောက်လာပြီး
ကုဖေးတို့ ဆိုင်ရှေ့ရောက်သည့်အခါ အိပ်ကပ်
ထဲမှဖုန်းထုတ်ပြီးကုဖေးဆီဖုန်းခေါ် လိုက်၏။

ကုဖေးက ချက်ချင်းဖုန်းကိုင်လာသည်။
"ပြီးသွားပြီလား?။"

"အင်း,မင်းထွက်လာတော့မှာလား?။"

ကုဖေးကပြန်မေးလာသည်။
"ဆန်ကိတ်ကရော?။"

"သွားစားမယ်။"

ကုဖေးက ပြန်ဖြေသည်။
"ဒါဆို ဆိုင်ထဲအရင် ဝင်လာပြီး ငါ့ကို ကူ
တွဲပေးလေ။"

ကျန်ချန်သည်ဆိုင်ထဲကိုအရင်ဝင်ပြီး ကုဖေး
ကိုဆိုင်အပြင်ဖက်ထိရောက်အောင်ကူတွဲပေး
ရသည်။ထို့နောက်သူ့ကိုစက်ဘီးနောက်ခုံပေါ်
တင်ပေးပြီး ဆန်ကိတ်ဆိုင်ထိတင်နင်းလာ၏။
ဆိုင်သို့ရောက်ချိန်တွင်လည်းကုဖေးအားဆိုင်
ထဲထိရောက်အောင် ကူတွဲပြီးမှ ထိုင်ခုံပေါ်မှာ
ထိုင်ခွင့်ရသည်။

ကုဖေးက ပြုံးရွှင်နေပြီး သူ့ကို စကားပြောလာ
၏။
"အရမ်းသဘောကျတယ်။ငါအရင်တစ်ခေါက်
ခြေထောက်ကျိုးတုန်းကငါ့ဘာသာငါ အိပ်ယာ
ပေါ်ကဆင်းတယ် ။ကိုယ်ဘာသာကိုယ် အားပြု
ပြီးမတ်တပ်ရပ်ရတယ်။ငါ့ကို ဘယ်သူမှအပြင်
ထွက်ပြီးစားဖို့လာမခေါ်ပေးဘူး။"

"ဘာလို့လဲဆိုတော့ အခုမင်းက တကယ် ခြေ
ထောက်ကျိုးနေတာမှမဟုတ်တာ။"
ကျန်ချန်သည်ခေါင်းငုံ့ပြီး မီးနူးစာအုပ်ကိုလှန်
လှောကြည့်ပြီး စားကောင်းသည့်ဟင်းပွဲအချို့
မှာရန်ပြင်လိုက်သည်။ သူမီနူးကိုကြည့်နေရင်း
ခေါင်းပြန်မော့လိုက်၏။
"မင်း အရိုးဘယ်နှစ်ခေါက်ကျိုးဖူးတာလဲ?။"

"သိပ်မများဘူး။ သုံးခါလေးခါတည်းပ​ါ။ ငါ
မင်းကိုအဲ့အကြောင်းပြောရင်မင်းငါ့အတွက်
နဲ့ စိတ်မကောင်းဖြစ်သွားမှာဆိုးတယ်။"

"Fuck!"
ကျန်ချန် သူ့ကို စိုက်ကြည့် ကြည့်လိုက်သည်။ ထို့နောက်သူ့နောက်မှအုတ်နံရံပေါ်မှာလက်ကို ထောက်ပြီး ကျန်လက်တစ်ဖက် ရင်ဘတ်ပေါ်
မှာဖိကာအရမ်းနာကျင်သွားသည့်အမူအယာ
နှင့်ပြောလိုက်၏။
"အရမ်း...အ...အရမ်း...နာတာပဲ...ငါ...ငါ...
မခံစားနိုင်တော့ဘူး။"

"Fuck!"
ကုဖေးက သူ့အမူအယာကိုကြည့်ပြီး ကြောင်
အမ်းအမ်းနှင့်မတ်တပ်ထရပ်လာ၏။ဒါပေမဲ့
သူဟန်ဆောင်နေမှန်း သတိထားမိသွားသည့်
အခါလက်ထဲမှခွက်ကိုကောင်းကောင်းမွန်မွန်
မကိုင်နိုင်တော့ပဲရယ်မောလာသည်။
"မင်းရဲ့ သရုပ်ဆောင် အရည်အချင်းက
အံ့မခန်းပဲ။ငါက 120ကိုခေါ်တော့မလို့။ "

"ငါတို့ရွှယ်ပါအားလုံးက ဘယ်နေရာမှာမဆို အရည်အချင်းရှိတယ်။ဒါကြောင့်..မင်းကိုယ်
မင်း သိမ်ငယ်နေဖို့ မလိုဘူး။ "
ကျန်ချန်ကိုယ်နေဟန်ထားကိုပြန်ပြင်ပြီး မီနူး
စာအုပ်ကိုပြန်ကြည့်လိုက်၏။သူသွားမတိုက်
ခင်မှန်ရှေ့တွင် ရပ်ပြီးသရုပ်ဆောင်လေ့ကျင့်
တဲ့အကြောင်းကုဖေးကိုဘယ်တော့မှ ပြောပြ
မှာမဟုတ်​ပေ။ သူ့အရည်အချင်းကဆရာဖြစ်
နေပြီဆိုတဲ့အကြောင်းကိုလည်းသေချာပေါက်
ပေးသိမှာမဟုတ်ဘူး။

သူတို့ ဆန်ကိတ်စားပြီးသည့်အခါ ဗိုက်ပြည့်
အင့်ပြီးဖောင်းကားနေ၏။ထို့ကြောင့် ကုဖေး
ကိုစက်ဘီး ပေါ်တင်ပြီးတော့ သူငှား​ေနသည့် အဆောက်အဦးသွားသည့် လမ်းတလျှောက်
စက်ဘီးစီးနေရင်းဗိုက်ကိုပွတ်သပ်နေမိသည်။

သူတို့ အဆောက်အဦးအောက်သို့ရောက်လာ
သည့်အခါကုဖေးကစက်ဘီးပေါ်မှအရင်ဆင်း
နှင့်ပြီး သူကူတွဲမှာကိုရပ်စောင့်နေသည်။ ပတ်
ဝန်းကျင်ကိုကျန်ချန်ကြည့်ပြီး လူရိပ်လူရောင်
မတွေ့သည့်အခါ သူ ကုဖေးကိုကူမတွဲပေးဘဲ
ရှေ့မှဦးဆောင်ပြီး အဆောက်အဦး ပေါ်တက်
လာခဲ့သည
"မင်းက သရုပ်ဆောင်ရတာကို
အရမ်းစွဲလမ်းနေတာပဲ။"

ကုဖေးကပြုံးပြုံးရွှင်ရွှင်ပင် သူ့နောက်မှကပ်
လိုက်လာသည်။

ကျန်ချန်သည်အခန်းတံခါးအားဖွင့်ပြီးနောက်
ကုဖေးက သူ့ကို အနောက်မှသိုင်းဖက်ထားပြီး
သူ့နားရွက်ဖျားကိုလျှာဖျားနှင့်လျက်ပြီးသူ့ကိုပွတ်သီးပွတ်သပ်လုပ်လာ၏။
"အခုလေးတင် ဆန်ကိတ်စားလာခဲ့တော့
မင်းကို နမ်းလို့မရတော့ဘူး။"

'အာ့.."
ကျန်ချန် သဘောကျစွာရယ်လိုက်သည်။
"အင်း,ငါလည်း ဆားငံရည်စိမ်ထားတဲ့ အသီး
အရွက်စားခဲ့တာ။"

"ဒါဆို ဖက်ပဲဖက်မယ်။"
ကုဖေးကတံခါးပေါက်အားခြေထောက်နှင့်
ပိတ်လိုက်ပြီး အိပ်ခန်း ဆီသို့ သွားနေသည့် တလျှောက်လုံးသူ့ပခုံးကိုနမ်းရှိုက်ပြီးလက်
နှစ်ဖက်ကလည်း သူ့ကိုယ်ပေါ်မှာ ပွတ်သပ်
ပြေးလွှားနေ၏။
"မင်းရဲ့ကိုယ်က ဆန်ကိတ်အနံ့မွှေးနေတာပဲ။"

"Fuck .လွှတ်စမ်း။"
ကျန်ချန် သူ့ကို တံတောင်ဆစ် နဲ့ တွန်းထုတ်
လိုက်သည်။

ကုဖေးက သူ့ကိုယ်ပေါ်နောက်တစ်ခါ မှီချ
လာ၏။
"အဆင်ပြေပါတယ်။ငါက လုပ်တဲ့နေရာမှာ
တော်တယ်။"

ကျန်ချန်သည် ကုဖေးကို နောက်လှည့်ကြည့်ဖို့
ပြင်လိုက်သည့်အခါမတော်တဆခလုတ်တိုက်
မိသွားပြီးသူ့အနောက်မှာရှိနေသည့်ကုတင်ပေါ်
သို့ပက်လက်လဲကျသွားသည်။ကုဖေးသည် ထိုအခွင့်အရေးကိုအသုံးချပြီးသူ့ခန္ဓာကိုယ်နှင့်ကျန်
ချန်ကိုအိပ်ယာပေါ်မှာဖိထား၏။

"Fuck ,ကုတင်က သစ်သားနဲ့ လုပ်ထားတာ။"
ကျန်ချန်လက်နှင့် ကုတင်ကို ပုတ်လိုက်၏။
"မင်းအားပိုသုံးလိုက်ရင်၊ကုတင်ကျိုးသွားပြီး
ငါတို့နှစ်ယောက်လုံးကြမ်းခင်းပေါ် ပြုတ်ကျ
သွားလိမ့်မယ်။"

ကုဖေးကပြုံးလိုက်၏။ သူက ခေါင်းကို ငုံ့ပြီး
တော့ သူ့နှုတ်ခမ်းတွေကိုညင်သာစွာ နမ်းရှိုက်
လာသည်။ထို့နောက် သူက သူ့ ကိုယ်ပေါ်တွင်
တစ်ကိုယ်လုံးလှဲပြီး မျက်နှာကို သူ့လည်တိုင်
ကြားမှာနစ်မြုပ်ထားပြီးငြိမ်သက်နေ၏။

.........

နှစ်ယောက်လုံး ထိုအတိုင်းငြိမ်သက်နေပြီး တစ်ယောက်မှ မလှုပ်ရှားကြပေ။

ကျန်ချန်ရဲ့အသက်ရှုသံမျှင်းမျှင်းနှင့်အသက်
ရှုတိုင်းလှုပ်သွားသည့်ကျန်ချန်ရဲ့လည်တိုင်ဆီ
မှနှလုံးသွေးခုန်သံကို ကုဖေးကြားနေရ၏။

ထူးဆန်းစရာကောင်းစွာသူတို့ကတစ်ယောက်
အိပ်ကုတင်တွင် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားသော်လည်းသူ့အတွေးများသည်
အရိုင်းဆန်ပြီးခုန်ပေါက်နေခြင်းမရှိပေ။

နွေးထွေးပြီး သက်တောင့်သက်သာဖြစ်သည့်
ခံစားချက်ကိုကုဖေးခံစားမိသည်။သူကတော့ တစ်သက်လုံးထိုအတိုင်းလေးအမြဲတမ်း ရှိနေ
စေချင်သည်။သူ့အတွက်တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ထားရင်း အိပ်ငိုက်လာလည်း
အဆင်ပြေသည် ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
သွားလည်း အဆင်ပြေသည်။

ကျန်ချန်ရဲ့လက်တွေက သူ့အကျီအတွင်းသို့
လျှိုဝင်လာပြီး သူ့ခါးကို ပွတ်သပ်လာ၏။
"အာ , မင်းက ထင်ထားတာထက် ပိုလေးမှန်း
ငါသိပြီ။"

ကုဖေး မေးလိုက်တယ်။
"မင်း အသက်ရှုလို့ မရတော့ဘူးလား?။"

"ငါ နောက်ထပ် တစ်မိနစ်ထိသည်းခံနိုင်ပါတယ်။"

ကုဖေးရယ်လိုက်ပြီးတော့ သူကိုယ်ပေါ်ကနေ
ဖယ်ပြီး ဘေးဖက်မှာလှဲအိပ်လိုက်သည်။

ကျန်ချန်က သူ့ဘက်သို့မျက်နှာလှည့်လာပြီး
သူ့မျက်နှာကိုငေးကြည့်ပြီးမှ စကားပြော၏။
"မင်းပြောတော့ အိမ်စာ ကူးမလို့ဆို?။"

"အမ်?။"
ကုဖေး သူ့ဘက်ကို မျက်နှာလှည့်လိုက်တယ်။
"မင်းကရော?။"

"ငါ့မှာဖြေရှင်းစရာပုစ္ဆာအများကြီးပဲ။လောင်
ရွှီက ငါ့အတွက် မေးခွန်းဟောင်းစာရွက်တွေ
ယူလာ​ပေးတာ။"

ကုဖေး ကြောင်အသွား၏။
"Fuck,လောင်ရွှီကတော့ တကယ်ပဲ။"

"အမှန်တော့ ဖန်းကျိလည်း ငါ့ဆီကို မေးခွန်း
ဟောင်းတွေပို့ပေးထားတယ်။ပြီးတော့ ငါက
အားလုံးဖြေပြီးသွားပြီ။ဒါပေမယ့် , လောင်ရွှီ
ဆီကရတဲ့မေးခွန်းအစုံလိုက်လည်းဖြေထားမှ
ဖြစ်မယ်။"

"အင်း။"
ကုဖေးအိပ်ယာပေါ်မှထထိုင်လိုက်သည်။

"ငါ့ကိုအချိန်ကြည့်ပေး။"
ကျန်ချန်ကအိပ်ယာပေါ်မှထပြီးဘေးနားက
စာကြည့်စားပွဲခုံရှေ့မှာဝင်ထိုင်လိုက်သည်။
"မင်းလည်း လာထိုင်။"

"မင်း မေးခွန်းဟောင်းဖြေပြီးမှ ငါအိမ်စာ
ကူးတော့မယ်။"
ကုဖေးသည် ကုတင်းအုံးတားကို မှီပြီး သူ့ကို
ကြည့်လိုက်၏။
"မင်း စရေးလို့ ရပြီ။"

ကျန်ချန်ကလက်ညိုးနှင့် နှာဖျားကို ပွတ်သပ်
လိုက်၏။
"ဒါဆို မင်းဘာလုပ်နေမှာလဲ?။"

"ငါ မင်းအတွက် စာမေးပွဲခန်းစောင့်
ဆရာလုပ်ပေးမယ်။"

ကျန်ချန်သည်သူ့ကိုပြန်မပြောတော့ပဲမေးခွန်း
ဟောင်းစာရွက်တွေ ထုတ်ပြီး လှန်လှောကြည့်
နေသည်။

ကုဖေးသည်နာရီကိုလှမ်းကြည့်ပြီးအချိန်
တစ်နာရီမှတ်လိုက်ပြီးသူ့အကြည့်များကို
ကျန်ချန် ဆီပြန်ရွေ့လိုက်၏။

ကျန်ချန်ဆီမှာအရည်အချင်းတစ်ခုရှိသည်။
ထိုအရာသည် ကျန်ချန်ကစက္ကန့်ပိုင်းအတွင်း
မှာသူလုပ်နေသည့်ကိစ္စအပေါ်မှာသူ့ကိုယ်သူ
မြှပ်နှံထားသည့်အရည်အချင်းဖြစ်၏ ။

ထိုကြောင့်လည်း သူက ကျန်ချန်ကို ပိုလေးစား
ရင်း ပိုသဘောကျခဲ့သည်။

ကျန်ချန် ခေါင်းငုံ့ပြီးသူ့မေးခွန်းစာရွက်ကိုသာ
အာရုံစူးစိုက်ပြီးကြည့်နေသည့် ပုံစံလေးက သူ့
ဘေးနားမှာရှိသမျှ အရာတိုင်းမှေးမှိန် ပျောက်
ကွယ်သွားသည့်အတိုင်းပင်။

ထိုသို့သော စိတ်ဝင်စားမှုမျိုးကို ရီကျင်း အပါ
အဝင် တစ်ခြားသူတွေဆီမှာ ကုဖေး တစ်ခါမှ
မတွေ့ခဲ့ပေ။

ကျန်ချန်ကထူးခြားသည်။ကျန်ချန်က လူကြား
ထဲမှာတစ်ယောက်တည်းကွဲထွက်ပြီးတောက်ပ
နေသည့်သူမျိုး....

တခြားသူတွေထက် တစ်မူထူးခြားနေတဲ့သူ...

ကုဖေးသည်မျက်လုံးတစ်ဖက်မှိတ်လိုက်ပြီး
လက်တစ်ဖက်အားစက်ဝိုင်းသဏ္ဍာန်ပုံစံဖော်
ကာကျန်ချန်ရဲ့ဘေးတိုက်ပုံရိပ်လေးကို
ကြည့်လိုက်၏။

ကျန်ချန်ကဘောပင်ကိုကိုင်ပြီး စာရွက်ပေါ်မှာ
စာရေးနေချိန်တွင်သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံ
ထားသည့်အရှိန်အဝါကြောင့် တစ်စုံတစ်ယောက်
ရဲ့အကြည့်ထဲမှာ ဂုဏ်ယူစိတ်နှင့်ပြည့်နှက်သွား၏။

ထိုပုံရိပ်သည် တစ်ယောက်သောသူကိုဂုဏ်ယူစေလောက်ရသည်အထိ ပီတိစိတ်ဝေဆာစေခဲ့သည်။

...........

Continue Reading

You'll Also Like

923K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
948K 181K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
458K 84.8K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
839K 46.8K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...