အမုန်းတရားကိုကျော်လွန်၍ 💜 (...
By November_venus
143K 13.1K 359
Zhanyi More
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 24
Chapter - 25 ( Final )
Extra 💜
Chapter - 23
5.9K 513 19
By November_venus
Chapter - 23
.
.
.
.
.
..................
" နိုးပြီလား ကျန့်ကော "
ရင်ခွင်ထဲက တိုးထွက်လာတဲ့ အသံတိုးတိုးကြောင့် ကျေနပ်ပြုံးလေးနဲ့ ပြန်ဖြေတဲ့ ရှောင်းကျန့်က ရင်ခွင်ထဲက ရိပေါ်လေးကို မြတ်နိုးစွာ နမ်းရှိုက်ဖို့လည်း မေ့မနေပါဘူး ။
" ခဏလေးနော် ရိပေါ် "
" အင်း "
" ရိပေါ် "
" အင်း "
" အထင်မသေးဘူးလား "
" ဘာကိုလည်း "
" ကျွန်တော့ကို "
" ဘာကြောင့်လည်း "
" ရိပေါ် "
" ဟင် "
" ဘာလို့လည်း "
" ကျန့်ကော "
" အင်း "
" ရိပေါ် "
" ဗျာ "
" ကျန့်ကော "
" ဗျာ "
...................
........................
#Novembervenus
အမုန်းတရားကို ကျော်လွန်၍ 💜
Chapter - 23
.
.
.
.
.
မနက်ခင်းအိပ်ရာထစ ပုံမှန်နိုးထချိန်မှာပဲ မျက်လုံးလေးပွင့်လာခဲ့ပေမယ့် ရိပေါ်ဟာ အိပ်ရာကနေတော့ မထနိုင်ခဲ့သေးပါဘူး ။ အကြောင်းရင်းက ရိပေါ် ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ တင်းနေအောင် ထွေးဖက်ပေးထားတဲ့ ရှောင်းကျန့်ကြောင့်တဲ့ ။ ရှောင်းကျန့်ရင်ခွင်ထဲ လုံးထွေးကာ ရောက်နေတဲ့ အဝတ်ဗလာနဲ့ ရိပေါ် ခန္ဓာကိုယ်လေးက နီထွေးနေတယ်လေ ။ မျက်နှာရဲရဲနဲ့ ရိပေါ်လေးက ရှောင်းကျန့် ရင်ခွင်ထဲက ဖယ်ခွာထသွားဖို့ တွေးထားပုံမပေါ်ဘူး ။ တောင့်တင်းတင်း လက်မောင်းကို ခေါင်းဦးထားတဲ့ ရိပေါ်က နွေးထွေးလွန်းတဲ့ ရင်ဘက်ကြီးထဲ ခေါင်းလေးတိုးဝင်ထားဖို့ မမေ့သလို ဖြူနုပြည့်ဖောင်းနေတဲ့ လက်သွယ်သွယ်လေးက ရှောင်းကျန့်ရဲ့ ရင်ဘက်တစ်လျှောက် ထိတွေ့ကိုင်တွယ်ရင်း ညကအဖြစ်ကို ပြန်တွေးဖို့လည်း သတိရနေပါသေးတယ်တဲ့ ။
ပြောရမယ်ဆိုရင် ညက ဒီလောက်အထိဖြစ်ဖို့ တွေးမထားမိတဲ့ ရိပေါ်က ရှောင်းကျန့်သာ တစ်ကယ်လို့ သူ့စကားအတိုင်း သူ့ကိုထားပြီး မိန်းမ ကိစ္စအတွက် အပြင်ထွက်သွားခဲ့မယ်ဆိုရင် ရိပေါ်ပိုင်ဆိုင်သမျှ အချို့တစ်ဝက်ကို ရှောင်းကျန့်ကို ခွဲဝေပေးပြီး လမ်းခွဲလိုက်ဖို့အထိ တွေးထားခဲ့တယ် ။အဖြေက ရိုးရှင်းပါတယ် သိပ်ချစ်မိသွားလို့ ကြာရင် သံယောဇဉ်တွေ ပိုတိုးလာမှာကြောက်ကာ အချိန်အကြာကြီး ဆွဲထားမိမှာဆိုးလို့ ။ အဲ့ချိန်ကြမှ လမ်းခွဲရရင် ရိပေါ် ပိုခံစားလာရမှာကြောက်ခဲ့တယ် ။ ဒါကြောင့်......။
ပြီးတော့ ညက ရှောင်းကျန့် သူ့ကိုကြည့်ကာ ပြောလာတဲ့ စကားတွေ ပြုလုပ်လာတဲ့ အပြုအမူတွေကြည့် ။ ကိုယ်ချစ်တဲ့လူရဲ့ ပြင်းရှရှ တောင်းဆိုသံကိုကြားရင် ဘယ်သူမဆို ဘဝကြီးကို ပုံပေးမိမှာပဲ ။ ဒါကြောင့် သူ့ကိုထားပြီး sex ကိစ္စအတွက် အပြင်ထွက်မသွားတဲ့ ရှောင်းကျန့်ကို ၊ သူ့ကို တန်ဖိုးထားပါတယ်ဆိုပြီး သူ့သဘော ဆန္ဒမပါပဲ သူ့ခန္ဓာကိုယ်ကို မထိမတွေ့ ရှောင်းကျန့်ကို၊  သူ့နဲ့ ပတ်သက်ပြီးသွားပြီ ဆိုကတည်းက သူ့သဘော သူ့ဆန္ဒအရ အနေတည်ပြီး သူ့သဘောကျ နေပေးခဲ့တဲ့ ရှောင်းကျန့်ကို သူ အသိအမှတ်ပြုသင့်တယ်မလား ။ ဒါကြောင့် ရှောင်းကျန့် လိုအပ်နေတဲ့ အရာအတွက် ရိပေါ်ကိုသာ လိုအပ်တယ်လို့ ဖွင့်ပြောလာတဲ့ ရှောင်းကျန့်ကို ရိပေါ် ခွင့်ပြု လိုက်လျောပေးခဲ့တာ ရိပေါ်မှားတယ်လို့ ရိပေါ်တွေးမထားမိတော့ဘူး ။ ဖြစ်သမျှ အကောင်းပဲတွေးတော့မယ် ။ သူရှောင်းကျန့်ကို ချစ်တယ် ။ ရှောင်းမေကို ရိပေါ် မုန်းနေတယ်ဆိုရင်တောင် ရှောင်းမေသား ရှောင်းကျန့်ကို ရိပေါ် သိပ်ချစ်နေခဲ့တယ် ။ ဒါကြောင့် ရှောင်းကျန့် သူ့နားမှာ ရှိနေတဲ့ အချန်အထိ သူ ရှောင်းကျန့်နဲ့ အတူ ပျော်ရွှင်စွာ နေသွားမယ်လို့ ရိပေါ်တွေးထားလိုက်တော့တယ် ။ အကယ်လို့ ရှောင်းကျန့်က သူ့ရဲ့ အမွေတွေကိုလိုချင်လို့ မဟုတ်ပဲ ရိပေါ်ကို တစ်ကယ်သဘောကျလို့ ရယူခဲ့တယ်ဆိုရင် ရိပေါ် ရှောင်းကျန့်နဲ့ ရိုမြေကျ အတူနေသွားဖို့ စိတ်ဆန္ဒရှိပြီး ရှောင်းကျန့်သာ ရိပေါ်နားက ရယူပိုင်ဆိုင်မှုတွေ လုယူပြီး ပြန်ထွက်သွားခဲ့ရင်တောင် ရိပေါ်အတွက်တော့ ကံတရားကိုသာ အပြစ်ပုံချယုံပေါ့။
ဘာပဲပြောပြော ရိပေါ်ရဲ့ မနက်ဖန်တွေတိုင်းမှာ ရိပေါ်နားမှာ ရှောင်းကျန့် ရှိနေရင် သိပ်ကောင်းမှာပဲ....။ ထိုအတွေးလေးနဲ့ ရိပေါ်ဟာ အိပ်ပျော်နေသေးတဲ့ ရှောင်းကျန့်မျက်နှာလေးကို တစ်ချက်မော့ကြည့်ပြီး ရိပေါ် မျက်နှာနားကပ်နေတဲ့ ရှောင်းကျန့် အသက်ရှင်ဖို့အတွက် ရင်ခုန်ရာ အစိတ်အပိုင်းလေးရှိနေတဲ့ ရင်ဘက်နေရာကို ဖိကပ်နမ်းလိုက်မိရင်း စကားလေးတစ်ခွန်း တိုးတိုးပြောမိတယ် ။
ရှောင်းကျန့်ရယ် ခင်ဗျားကို ကျွန်တော် သိပ်ချစ်တာပဲ......။
..................
ရင်ခွင်ထဲကနေ လှုပ်ရွနေတဲ့ ကောင်လေးကြောင့် ရှောင်းကျန့်နိုးလာခဲ့တော့ မိုးတောင်တော်တော်လင်းနေပြီလေ ။ ဒါကြောင့် အိပ်ရာထဖို်ပြင်တဲ့ ရှောင်းကျန့်က ရင်ခွင်ထဲက ရိပေါ်လေးကိုတစ်ချက် ခေါင်းငုံ့ကြည့်မိတယ် ။ ရှောင်းကျန့်ရင်ခွင်ထဲကနေ ရှောင်းကျန့်ကို ရွှန်းရွှန်းဝေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်နေတဲ့ ရ်ိပေါ်လေးကြောင့် ရှောင်းကျန့် အူယားစွာ ခေါင်းလေးငုံ့ပြီး အနမ်းဖွဖွပေးမိတော့ ရှက်သွေးကြွယ်သွားတဲ့ ရိပေါ်လေး ။ ရှောင်းကျန့်အမျိုးသား အစစ်လေးဖြစ်သွားတဲ့ ရိပေါ်လေးသည် မနက်ခင်းအလှနဲ့အပြိုင် ပန်းသွေးကြွနေတဲ့ ဖူးသစ်စအလှလေးကြောင့် ရှောင်းကျန့်ရင်ထဲ နွေးကနဲပဲ...။
" နိုးပြီလား ကျန့်ကော "
" အင်း ကိုယ်နိုးပြီ ရိပေါ် "
ရင်ခွင်ထဲက တိုးထွက်လာတဲ့ အသံတိုးတိုးကြောင့် ကျေနပ်ပြုံးလေးနဲ့ ပြန်ဖြေတဲ့ ရှောင်းကျန့်က ရင်ခွင်ထဲက ရ်ိပေါ်လေးကို မြတ်နိုးစွာ နမ်းရှိုက်ဖို့လည်း မေ့မနေပါဘူး ။
ရှောင်းကျန့် အိပ်ရာမှ အသာထတော့ ခေါင်းဦးပေါ် ရွေ့ပြောင်းသွားပေးတဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် ကျေနပ်ရပြန်တယ် ။
အလိုက်သိလွန်းတဲ့ ကိုယ့်အမျိုးသားလေး ။ ညက ကိစ္စကို မကျေနပ်ကြောင်း တစ်ခုမှ အမူအရာမပြတဲ့ ရိပေါ်လေးဟာ ပုံမှန် ကျင့်သားရနေတဲ့ အိမ်တောင်ဖက်လေးတစ်ယောက်လို့ တည်တည်ငြိမ်ငြိမ်ပဲ ။ ပန်းသွေးရောင်နဲ့ ရှက်သေးကြွယ်နေတဲ့ မျက်နှာလေးက လွဲလို့ပေါ့ ။
" ခဏလေးနော် ရိပေါ် "
" အင်း "
ရှောင်းကျန့်ရိပေါ်ကို စကားတိုးတိုးပြောပြီး ရေချိုးခန်းသို့ ဦးတည်လိုက်တယ် ။ ရေချိုးခန်းထဲရောက်သွားတဲ့ ရှောင်းကျန့်ဟာ ကိုယ်လက်မျက်နှာ အမြန်ဆေးပြီး ရေချိုးကန်ထဲရေပူရေအေး အပြည့်ထည့်ကာ ပြန်ထွက်လာတော့ အိပ်ရာပေါ်မှာ ထိုင်နေသေးတဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် ပြုံးမိပြန်ရော... ။
" ရိပေါ် "
" အင်း "
" ဖြေးဖြေးထ လမ်းမလျှောက်နဲ့ ကိုယ်ချီပေးမယ်နော် "
ရှောင်းကျန့်စကားကြောင့် မျက်နှာလေး ပိုရဲသွားတဲ့ ရိပေါ်ဟာ ရှောင်းကျန့်စကားကို မလွန်ဆန်ပါဘူး ။ လက်လေးနှစ်ချောင်မြှောက်ကာ ရှောင်းကျန့်ကို ချီခေါ်ဖို့ အမူအရာပြတဲ့ ရိပေါ်လေးက ရှောင်းကျန့် မျက်စိထဲမှာ သိပ်ကိုချစ်ဖို့ကောင်းနေတာပဲ ။
" အထင်မသေးဘူးလား "
ရှောင်းကျန့် ပွေ့ချီတဲ့အတိုင်းလိုက်လာရင်း စကားစတဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် နှာမလည်စွာ ပြန်မေးရပြန်တယ် ။
" ဘာကိုလည်း "
" ကျွန်တော့ကို "
" ဘာကြောင့်လည်း "
" တစ်ခါတည်းနဲ့ ခွင့်ပြုပေးခဲ့လို့ "
ဝမ်ရိပေါ်စကားကြောင့် ပြုံးမိပြန်တဲ့ ရှောင်းကျန့်ဟာ ညက ကိစ္စကို သူ စကားဟမိရင် ရိပေါ်လေး ရှက်သွားမှာဆိုးလို့ ဟန်မပျက်နေနေခဲ့တာကို ရိပေါ်လေးကိုယ်တိုင်က စကားဟလာတဲ့အခါ....
" ရိပေါ် "
" ဟင် "
" ကိုယ့်ကို မုန်းသေးလား "
" ဘာလို့လည်း "
" တစ်ခြားသူတွေနဲ့ အိပ်ထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ "
" မတူတော့ဘူးလေ ကျန့်ကောရ ။ ကျန့်ကောက ကျွန်တော်နဲ့ယူပြီး ၆ လအတွင်း ဘယ်မိန်းမနဲ့မှ sex မလုပ်တော့သလို ဘယ်မိန်းမကိုမှ မတမ်းတတော့ဘူးလေ ။ ဒါကြောင့် ကျန့်ကော အရင်က ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားတော့ဘူး ။ အခု ကျွန်တော်သိတာက ကျန့်ကောက ကျွန်တော့ယောကျာ်း ဒါကြောင့် ကျန့်ကောကို ကျွန်တော် မမုန်းတော့ဘူးဆိုတာ အမှန်တရား "
ရိပေါ်စကားလေးကြောင့် ကျေနပ်စွာ ပြုံးလိုက်မိတဲ့ ရှောင်းကျန့်က ရေချိုးခန်းထဲရောက်မှ ရိပေါ်လေးရဲ့ အဝတ်ဗလာနဲ့ ခန္ဓာကိုယ်လေးကို ရေချိုးကန်ထဲ ထည့်ပေးရင်း ရေနွေးနွေးလေးကို ပခုံးသား နုနုမှစပြီး လောင်းချပေးနေသည် ။
" ကျန့်ကော "
" အင်း "
" ကျွန်တော် မေးတာ ဖြေဦးလေ "
ရေချိုးကန်ထဲမှ အလိုမကျသလို နှုတ်ခမ်းလေးစူကာ မေးလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ကျေနပ်စွာ ရယ်ရပြန်သည် ။
" ရိပေါ် "
" ဗျာ "
" ရိပေါ်က ကိုယ့်အမျိုးသားလေးလေ ။ ကိုယ့်အမျိုးသားလေး ဖြစ်တဲ့ ရိပေါ်လေးက သူ့ယောကျာ်းဖြစ်တဲ့ ကိုယ့်ရဲ့ လိုအင်ဆန္ဒကို ဖြည့်စီးပေးတာကို ကိုယ်က အထင်သေးစရာလား။ ကိုယ်က အရမ်း ကျေနပ်နေတာ ။ သိပ်ပျော်နေမိတာလေ ။ ကိုယ် ချစ်တဲ့ ချစ်သူလေးက ကိုယ့်ကို ခွင့်ပြု နားလည်ပေးလိုက်လို့ မိုးထိကြားအောင်  အော်ဟစ်လိုက်ချင်တာ သိလား ရိပေါ်လေးရာ "
ရိပေါ် ခန္ဓာကိုယ်လေးအနှံ့ကို ဆပ်ပြတိုက်ပေးရင်း ရိပေါ်ကို အကြင်နာမျက်ဝန်းတွေနဲ့ ရည်ဝေဝေဖြေလာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ရင်ထဲ နွေးကနဲ့ ။
" ကျန့်ကော "
" ဗျာ "
" ခင်ဗျားကြီးကို ကျွန်တော် ချစ်လိုက်တာ "
ဝမ်ရိပေါ် စကားအဆုံး ရေထဲရောက်နေတဲ့ ရိပေါ်ခန္တာကိုယ်လေးသည် နွေးထွေးသွားခဲ့သည် ။ အကြောင်းရင်းက ရိပေါ်လေးကို ခန္ဓာကိုယ်လေးကိုင်းကာ အားရပါးရ ထွေးဖက်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ဖြစ်တယ် ။
ကြားချင်နေတဲ့စကားလေးကို မထင်မှတ်ပဲ ကြားလိုက်ရတဲ့အခါ အလုပ်ချင်ဆုံး ဆန္ဒအရ ရိပေါ်လေးကို ရှောင်းကျန့် ရင်ခွင်ထဲက ထွက်မသွားနိုင်အောင် ဖမ်းချုပ်ထွေးပွေ့လိုက်မိတာပါပဲ ။
" ကိုယ်က မင်းထင်ထားတာထက် မင်းကို ပိုချစ်ခဲ့ပါတယ် ရိပေါ်လေးရယ် "
ချစ်စကားတွေ ဖွင့်ဟမိကြရင်း အနမ်းတွေ ရှေ့ဆက်မိတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်လေးဟာ  ရေချိုးခန်းထဲမှာ အချိန်အတော်ကြာကြာ အတူရှိနေခဲ့တာကြောင့် အဲ့ဒီနေ့က နှစ်ယောက်လုံး ကုမ္ပဏီ မသွားဖြစ်ခဲ့ကြလို့ ဝမ်ပါပါးဟ ကုမ္ပဏီကို ခတ္တသွားကာ လုပ်ငန်းတွေကို စစ်ဆေးပေးခဲ့ရပါတယ်။
" ခင်ဗျားကို ကျွန်တော် ချစ်လိုက်တာ ရှောင်းကျန့်ရာ"
" ကိုယ်က မင်းထက်ပိုခဲ့ပါတယ် ရိပေါ်လေးရယ် "
...................
........................
#Novembervenus
Continue Reading
You'll Also Like
94.5K 4.5K 44
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
102K 6.8K 17
"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're very very sensitive to idols, please don't...
33K 2.6K 32
မြို့သားကိုလူလည်လေးနဲ့တောသားဝမ်ငဂျစ်လေးရဲ့အချစ်ဇာတ်လမ်းလေး
193K 12.7K 52
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]