Chapter - 2

5.9K 535 5
                                    


Chapter - 2

" မာမား ပါပါး သားပြန်လာပြီနော် "

ဝမ်အိမ်တော်ထဲ ဝင်လာတဲ့ ရှောင်းကျန့် ခန္ဓာကိုယ် ညစ်နွမ်းနွမ်းလေး နဲ့ အားမရှိတဲ့ လေသံတိုးတိုးလေးကြောင့် ရှောင်းမားက ဧည့်ခန်းမှာ ထိုင်ပြီး TV ကြည့်နေရာမှ ထရပ်လိုက်တယ် ။ ဝမ်ပါးကတော့ ထိုင်နေလျှက်သား မျက်လုံးလေးနဲ့ သာ အကြည့်ပို့တယ် ။

" သား ဘယ်ကနေပြန်လာတာလဲကွယ် ။ သားကို ကြည့်ရတာ မာမား ပင်ပန်းလိုက်တာ "

ရှောင်းကျန့် မျက်နှာလေးကို လက်ဖဝါးနုနုနဲ့ ပွတ်ကိုင် ထိတွေ့ရင်း ပြောလာတဲ့ ရှောင်းမား ။ မျက်ရည်လေးက အဝဲသားနဲ့ ။

" မာမား ကလည်း သား အလုပ်သွားရှာတာပါ ။ သိတဲ့အတိုင်းပဲ လူတွေက သားကို အတန်း ပညာသိပ်မရှိတော့ အလုပ်ရှင်တွေက အလုပ် မခန့်ချင်ကြဘူးလေ "

ရှောင်းမား ရင်ခွင်ထဲ တိုးဝင်ရင်း ဝမ်းနည်းစွာ ပြောလာတဲ့ ရှောင်းကျန့် မျက်နှာလေးက တစ်လောကလုံးကို အရှုံးပေးထားသလို....။

" အိုးကွယ် သားလေးရယ် ။ အဲ့ဒါ မာမား အပြစ်တွေပါ ။ မာမားမှာ ပိုက်ဆံ မရှိခဲ့လို့ သားကို ပညာရေး ဆုံးခန်းတိုင်အောင် မသင်ပေးနိုင်ခဲ့လို့  သားကို လူတွေ အထင်သေးကြတဲ့အတွက် မာမား သားကို တောင်းပန်ပါတယ်နော်  "

ဝမ်နည်းမျက်ရည် စက်လက်နဲ့ ရှောင်းကျန့်ကို ရင်ခွင်ထဲ တင်းနေအောင် ဖက်လိုက်တဲ့ ရှောင်းမားရဲ့ စကားသံလေးက ဝမ်ပါး ရင်ကို လှုပ်ခက်စေတယ် ။

ဝမ်ပါး ထိုင်နေရာမှထပြီး တစ်ယောက်ကို တစ်ယောက်ဖက်ကာ အငိုပွဲဆင်နွဲနေတဲ့ သားအမိနား သွားလိုက်တယ် ။

မကိုချစ်ရင် ဥကို ခင်ရတယ် ။ ရှောင်းမေက သူ့ရဲ့ ဒုတိယမြှောက် မိန်းမပေမယ့် ရှေ့တစ်ပင်လဲလို့ နောက်တစ်ပင်ထူထားတဲ့ ဒုတိယဇနီးသည်လေးမလား။ ဒါကြောင့် ရှောင်းမေနဲ့ ပါလာတဲ့ ရှောင်းမေသားလေးကလည်း သူ့ရဲ့သားပဲလေ ။ ဒါကြောင့် ရှောင်းမေ စိတ်ချမ်းသာစေဖို့ ဒီသားလေးကိုလည်း သူသားအဖြစ် ဂရုစိုက်ပေးရမယ် ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now