Chapter - 4

4.2K 504 12
                                    


Chapter - 4

ဝမ်ရိပေါ် ဒေါသတွေ ထိန်းချုပ်ထားပေမယ့် သူ့ခုံမှာထိုင်ပြီး သူ့ကို မထေမဲ့မြင်ပြုပြနေတဲ့ ရှောင်းကျန့်ကို ကြည့်ကာ ဒေါသတွေ မထိန်းနိုင်တော့ပြန်ဘူး ။

ဘာကိစ္စနဲ့ ဝမ်မားရဲ့ ကုမ္ပဏီ အလုပ်ကိစ္စတွေကို ဝမ်ပါးရဲ့ နောက်မိန်းမရဲ့ သားကို သင်ပေးရမှာလဲ ။

ပြီးတော့ ဒီရှောင်းကျန့်ဆိုတဲ့ ကောင်က အကျင့်မကောင်းတဲ့သူ ။

သူ့ထက် ၆ နှစ်သာ ကြီးတယ် ။ အဖြစ်က မရှိဘူး ။ ဝမ်အိမ်တော်ကို စရောက်တဲ့ အချိန်က ပိန်ညှောင် မဲပိန်ခြောက် ရှောင်းကျန့်ဟာ အနေကြာလာတဲ့ အချိန်နဲ့အမျှ ဝမ် အိမ်တော်ရဲ့ အထောက်အပံ့နဲ့ အစားအသောက် မှန်ကာ လူမွေးသူမွေး ပြောင်လာသည် ။ ထို့ပြင် သူ့နားက တောင်းသမျှ ရနေတဲ့ ငွေကို ရေလို သုံးလာကာ အပျော်အပါး မိန်းမ ကိစ္စတွေပါ ရှုပ်လာသည်လေ ။ မကြာခဏ ကြားနေရတဲ့ သတင်းတွေ ရှောင်းကျန့်ဟာ ဘယ် ဘားမှာ မူးနေကြောင်း ။ မကြာခဏ တွေ့နေရတဲ့ အခြေအနေတွေ ၊ ရှောင်းကျန့်ကို မိန်းကလေး တစ်ယောက်နဲ့ ဘယ် hotel မှာတွေ့နေကြောင်း ။ ဒါတွေက ရှောင်းသားအမိ ဝမ်အိမ်တော်ကို ရောက်လာတော့ ရိပေါ် အမြဲတမ်း ကြားနေရတဲ့ သတင်းတွေ ။ ဒါတွေ ဝမ်ပါးမသိဘူးလား ။ ဟုတ်ပါတယ် မသိပါဘူး ။ သိပ်ကိုဟန်ဆောင်ကောင်းတဲ့ သားအမိက ဒီသတင်းတွေ ဝမ်ပါးနား ရောက်မှာဆိုးလို့ ရိပေါ်ကို လူဆိုးဖြစ်အောင် လုပ်ကာ သတင်းတွေ ထိန်းချုပ်ထားတယ်လေ ။ ဥပမာ ရိပေါ် အခန်းထဲဝင်ကာ ရိပေါ်ကို မခံမရပ်နိုင်အောင်ပြောပြီး ဒေါသ မထိန်းနိုင်တဲ့ ရိပေါ်ရဲ့ လက်သီးချက်တွေဟာ ရှောင်းကျန့် မျက်နှာပေါ် ရောက်သွားခဲ့လျှင်.....။ ဒီအချိန်ဆို ဝမ်ပါး ဒေါသတွေက သူ့နားရောက်နေတက်တော့ ရှောင်းသားအမိ နှစ်ယောက်ရဲ့ ဟန်ဆောင် မျက်နှာဖုံးကို ဝမ်ပါး မတွေ့ရတော့ဘူးလေ ။ အခုလည်း ရိပေါ် နေရာမှာ ဝင်ထိုင်ယုံမက ရိပေါ် နေရာကို သူ့နေရာလုပ်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ဒေါသတွေ ထွက်ရပြန်တယ် ။

" ရှောင်းကျန့် မင်း ဖယ်စမ်း "

ထိုင်ခုံမှာထိုင်းပြီး စာပွဲပေါ် ခြေထောက်တင်ကာ ရိပေါ်ကို မထေမဲ့မြင်ပြုကာ မော့ကြည့်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် အားနဲ့ ဆွဲထူလိုက်တယ် ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now