လင်းမဟော်၏ ပြန်ကျဆုံးစေရမည်ဟူသော ကြုံးဝါးစကားများသည်ကား
စံမင်း၏ ဥပေက္ခာပြုမှုများမှာ ပျောက်ဆုံးသွားရသည် ။ ပိုထူးဆန်းသည်က ကိုကိုသာမက သီထွဋ်ဆိုသည့်ကောင်လေးပါ ကိုကို့ကို ကြိုက်နေပုံ ရသည် ။ မဟုတ်မှ တွဲနေကြပြီလား..။ တစ်ယောက်နှင့်တစ်ယောက် နူးနူးညံညံ့ အကြည့်ချင်း ဖလှယ်နေကြတာတွေက မဟုတ်မှ တွဲနေကြတာလား ။ လင်းမဟော် စဥ်းစားရင်း စဥ်းစားရင်း တဖြည်းဖြည်း နားလည်လာတော့သည် ။
လင်းမဟော်က လိုချင်တာကို တဖက်လှည့်နဲ့ ရအောင်ယူတတ်ပေမဲ့ မိမိ
သိက္ခာကိုတော့ အကျခံသည့်သူ မဟုတ်ပေ ။ သူမရရင်လည်း စွန့်ပစ်လိုက်ရုံသာ ။ ဘာမှ ထွေထွေထူးထူး ခံစားနေမည် မဟုတ်ပေ ။ သူက စံမင်းမြတ်နဲ့ပတ်သက်ပြီး မကျေနပ်ခဲ့ရုံသာ ။ သူလစ်လျူရှုရမည်သူက သူ့ကို လစ်လျူရှုသွားလို့ ခံရခက်ခဲ့ရုံသာ ။ သူ့အနေနှင့် စံမင်းမြတ်ကို အသေရရ အရှင်ရရ လိုချင်ခဲ့တာတော့ မဟုတ်ပေ ။
သို့သော်ငြား သူ့စိတ်တွင်းတွင် မကျေမချမ်း ဖြစ်နေမိသေးသည် ။ ထိုခံရခက်သော စိတ်ခံစားမှုကို မည်သို့ ဖြေဖျောက်ရမည်နည်း ။
သူဟာ နေ့စဥ်ရက်ဆက် ထိုနှစ်ယောက်၏ ကလူ၏သို့မြှူ၏သို့ ပုံစံတွေကို မြင်ရလေ ခံစားချက်တို့က ဆိုးလာလေပင် ။
နောက်ဆုံးမှာ သူ အတွေးတစ်ခုပေါ်လာ၏ ။
.....
တရွေ့ရွေ့ လျှောက်လာကြသော လူသားလေးယောက်ကို ကြည့်ကာ လင်းမဟော် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်လေ၏ ။
ထိုလေးယောက်က သူ့အနားသို့ ရောက်လာသော အခါ လင်းမဟော်က ဦးစွာ နှုတ်ဆက်လိုက်လေသည် ။
" ကိုကိုတို့က ရောက်လာကြပြီလား "
" အင်း ကိုလင်းမဟော်လည်း အစောကြီး ရောက်နေတာပဲ "
" ဟုတ်တယ်ဗျ "
" ကဲ စုပုံချစ်တို့ကိုလည်း ပို့ပြီးပြီဆိုတော့ ပြန်တော့မယ် ကိုလင်းမဟော် ကျွန်တော်တို့ကို ခွင့်ပြုပါဦး "
" ဟုတ်ကဲ့ပါဗျ "
ထွက်ခွာသွားသော ကျောပြင်နှစ်ခုကို ကြည့်ကာ လင်းမဟော်တစ်ယောက် ခန့်မှန်းရခက်သော အပြုံးကို ပြုံးနေခဲ့သည် ။
" မမ နေ့လည်တွေ့မယ် "
" အင်း..အင်း "
" ဒေါက်တာ သွားဦးမယ်ရှင့် "
" ဟုတ်ကဲ့ဗျ ဆရာမ "
စုပုံချစ်ကလည်း နှုတ်ဆက်လိုက်ပြီး အလယ်တန်းဆောင်ရှိရာဆီသို့ ထွက်သွားတော့သည် ။ အခု ကျန်ခဲ့သည်က သီသီနှင့် လင်းမဟော် နှစ်ယောက်သာ ဖြစ်၏ ။
" ဒေါက်တာ့ မောင်လေးက ကိုကိုနဲ့ အရမ်းရင်းနှီးတယ်နော် "
သီသီက လင်းမဟော်စကားကို ကြားတော့ ပြုံးမိသည် ။ သူမမောင်က သူမကိုတောင် သိပ်မကပ်တော့ ။ ကိုစံမင်းမြတ်နားသာ ကပ်နေတော့သည် ။
" ဟုတ်တယ် ရေစက်တွေနေမှာပေါ့ "
" တကယ်လို့ ဒေါက်တာ့မောင်လေးက
gay တစ်ယောက်ဆို ဒေါက်တာ ဘယ်လိုလုပ်မလဲ "
" gay လား "
သီသီက သံယောင်လိုက်ကာ ရေရွတ်လိုက်သည် ။ ဆရာဝန်မတစ်ဦးအနေနဲ့
ပတ်ဝန်းကျင်မှာ တွေ့ဖူး၊ ကြားဖူး ၊မြင်ဖူးသည် ။ သို့သော် သူမမောင်ကိုတော့ ထိုသို့ မတွေးခဲ့ဘူး ။ စိတ်ကူးထဲတောင် မဝင်လာဖူးတာ ဖြစ်သည် ။
" ဒေါက်တာက ဘာလို့မေးတာလဲ ၊ မောင်လေးနှင့်ပတ်သက်ပြီး တစ်ခုခုများသိထားလို့လား "
" ဟို ကျွန်တော်မသိပါဘူး ကျွန်တော်က မေးကြည့်တာပါ ကိုကိုနဲ့ နီးနီးကပ်ကပ်နေလွန်းလို့လေ "
" သြော် ဒါကြောင့်လား ၊ သူတို့နှစ်ယောက်က စတွေ့ကတည်းက ရင်းနှီးကြတာလေ ၊ ရင်းနှီးလွန်းတော့ ဒေါက်တာက တစ်မျိုးထင်သွားတာထင်တယ် "
" ကျွန်တော်က ကိုကိုနဲ့ အရင်ကတည်းက သိလာတယ်ဆိုတာ ဒေါက်တာသိမှာပါ "
" ဟုတ် ..သိထားပါတယ် "
ထိုကောင်လေးရဲ့ စကားက တစ်ခုခုကို ဦးတည်နေမှန်း သိသာသည် ။
" တကယ်တော့ ကိုကိုက gay ပါ "
" ရှင်..ကိုစံမင်းမြတ်က gayလား "
" ဟုတ်ပါတယ်.. ကိုကို့ ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်သင့်ဘူးဆိုတာ သိပါတယ်ဗျာ ဒါပေမဲ့
မဖြစ်သင့်တာ မဖြစ်ရလေအောင် ကျွန်တော်က အသိပေးတာပါ တကယ်လို့.. တကယ်လို့များ သူတို့နှစ်ယောက် တွဲပြီးမှ ဒေါက်တာတို့က သိပြီး သူတို့နှစ်ယောက်ကို ခွဲရင် ပိုပြီး နာကျင်ရမှာမို့လို့ ကျွန်တော် ဒီလိုမျိုး ကြားဝင်ရတာပါ "
သီသီ့မှာ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ ။
နောက်ဆုံးသူမ ပြောထွက်နိုင်ခဲ့တာက
" သူတို့က မဖြစ်နိုင်လောက်ပါဘူး " ဟူ၍သာ ။
သီသီ့ တုံ့ပြန်မှုက လင်းမဟော်ကို ကျေနပ်စေသည် ။ ဘယ်မိသားစုကများ သူတို့ သားတွေ ၊ အစ်ကိုတွေ၊မောင်တွေကို အခြောက်တစ်ယောက်ဖြစ်စေချင်မှာတဲ့လဲ ။
...
ပုံမှန်ဆို သီသီက ထိုနှစ်ယောက်၏ ရင်းနှီးလွန်းသော ပုံရိပ်တွေကို လစ်လျူရှုလိုက်မှာ ဖြစ်သော်လည်း ဒီနေ့တွင်တော့ ဥပေက္ခာ မပြုနိုင်ပေ ။
ဟင်းတွေကို တစ်ယောက်ပန်းကန်ထဲ တစ်ယောက်ထည့်ပေးနေတာတွေ ၊ ကိုစံမင်းမြတ်က သူမမောင် ခွက်ထဲက ရေကုန်သွားရင် အဆင့်သင့် ထပြီး ခပ်ထည့်ပေးတာတွေ ၊ တစ်ခါတစ်လေ အကြည့်ချင်းဆုံပြီး နူးနူးညံ့ညံ့ ပြုံးပြနေကြတာတွေ ၊ လူကြီးတွေရှေ့မှာတင် သူမမောင်ရဲ့ ဆံပင်တွေကို ဖွလိုက်တာတွေ ၊ မဖြစ်နိုင်လောက်ပါဘူးလို့ တွေးထားသမျှက ထိုအပြုအမူတွေအောက်မှာ မှေးမှိန်သွားရတော့သည် ။ အဲ့ဒီ့နေ့က သူမထမင်းတောင် စားမဝင်ခဲ့ပေ ။
...
သူမက တစ်ရက်ပြီး တစ်ရက်. တစ်ပတ်တိတိ လေ့လာပြီးနောက်မှာ သူမ
သိသွားခဲ့ရပြီဖြစ်သည် ။ သူမက စုပုံချစ်နဲ့ အနေများခဲ့သလို သီထွဋ်ကလည်း ကိုစံမင်းမြတ်နဲ့သာ အနေများခဲ့သည် ။ သူမမောင်က ထိုဂရုစိုက်ပေးမှုတွေအောက်မှာ ကျရှုံးသွားရသည်ကို သူမလက်ခံလိုက်ရပေတော့သည် ။
ဒါပေမဲ့ အမှန်တရားကို သူမ လက်မခံချင်သေးဘူး ၊ ဒါက လုံးဝကို မဖြစ်သင့်ဘူး ။ သူမမောင်က ယောက်ျားတွေကို သဘောကျတယ်လို့ သူမ လက်ခံပေးလို့ မရသေးဘူး ။ ဒါပေမဲ့ သူမက ဘာများတတ်နိုင်မှာလဲတဲ့ ။ သူမမောင်အကြောင်း သူမအသိဆုံး ။
ရာသီဥတု သာယာတဲ့ ညနေခင်းတစ်ခုမှာတော့ သူမမောင်နဲ့ စကားပြောဖြစ်ခဲ့တယ် ။ အဲ့ဒီ့နေ့က ကိုစံမင်းမြတ်တို့ ညီအစ်ကိုက ရွာထဲထွက်သွားခဲ့လို့ သူမမောင်နဲ့ လွတ်လွတ်လပ်လပ် စကား ပြောနိုင်ခဲ့တာဖြစ်သည် ။
အိမ်နောက်ဖေးက ပန်းပင်တွေနားက မန်ကျည်းပင်အောက်မှာ ထိုင်ပြီး ပင်စည်ကိုမှီကာ ငေးနေသော မောင်ဖြစ်သူကို လှမ်းကြည့်ရင်း သီသီက ထိုပြဿနာကို ကာယကံရှင်နဲ့ တည့်တည့် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည် ။
" ငါ့မောင်က ဒီရွာမှာ သိပ်ပျော်နေပြီထင်တယ် "
" မမရော ပျော်ရဲ့လား ကိုအောင်ကို လွမ်းနေပြီလား "
သီထွဋ်က ဘာမှ မသိစွာ သူ့အစ်မကိုတောင် စနောက်လိုက်သေးသည် ။
" ဟင်း.."
သူမ အဖြေပြန်မပေးပဲ သူမမောင်ဘေးမှာ ဝင်ထိုင်လိုက်တယ် ။
" ငါ့မောင်ကို မေးစရာရှိတယ် "
" မေးလေ.. "
" ကိုစံမင်းမြတ်နဲ့ ကြိုက်နေတာလား "
မေးခွန်းက တဲ့တိုးဆန်သွား၍ထင် သူမမောင်မှာ ခါးမတ်သွားကာ အံသြတကြီး ကြည့်လာသည် ။
" မမက သိနေတာလား.. ၊ ကျွန်တော် မလိမ်ချင်ပါဘူး "
" အဲ့ဒီတော့ ရည်းစားအဖြစ်တွဲနေကြပြီပေါ့ "
သူမမောင်က သက်ပြင်းကို ခပ်တိုးတိုးချသည် ။
" မမအနေနဲ့ လက်ခံပေးဖို့ ခက်မှန်းသိပါတယ် ၊ ဒါပေမဲ့ ကျွန်တော်ကလည်း လွယ်လွယ် ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး ၊ မမ သဘောတူပေးဖို့လည်း ကျွန်တော် မတောင်းဆိုရဲပါဘူး အဲ့ဒီလိုပဲ ဖြတ်ပစ်ဖို့ပြောလည်း လက်ခံမှာမဟုတ်ဘူး ၊ ဒါပေမဲ့ တစ်ခုပါပဲ မမမောင်အဖြစ်ကနေတော့ ကျွန်တော့်ကို မစွန့်လွှတ်လိုက်ပါနဲ့
ကျွန်တော့်မှာ မိသားစုဆိုလို့ ဖွားဖွားနှင့် မမပဲရှိတော့တာမို့လို့ပါ "
သူမမောင်က ထိုစကားတွေကို အေးအေးဆေးဆေးပဲ ပြောသွားခဲ့တာ ။ သူမ ဘယ်လိုလုပ် မောင်အဖြစ်ကနေ စွန့်လွှတ်နိုင်မှာတဲ့လဲ ၊ သူမမောင်ခံစားခဲ့ရတာတွေကို သူမနှင့် အဖွားက အသိဆုံး ။ သူမမောင်က ပေါက်ကွဲသောင်းကျန်းတတ်သူ မဟုတ်ပဲ ခံစားရသမျှကို ရင်ဘတ်ထဲကို စုပုံထည့်သိမ်းထားတတ်သူ ၊ ခံစားရတာတွေကို ဘာမှ မဖြစ်သလိုမျိုး ပြုမူနေတတ်ပြီး ဖြေဖျောက်နေတတ်တာ သူမသိသည် ။ မဟုတ်ရင် သူမထက်တောင် ဉာဏ်ကောင်းတဲ့ ကလေးက ဘာလို့ ဆယ်တန်းကို ဂုဏ်ထူးမပါပဲ အောင်ခဲ့မတဲ့လဲ ။ ဘာလို့ ပတ်ဝန်းကျင်ကို လုံးဝပစ်ပယ်ထားမတဲ့လဲ ၊ အဖွားဖြစ်သူနှင့် အစ်မဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့သာ ဟန်ဆောင်နေမှန်း သူမတို့သိတာပေါ့ ၊ သူမမောင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး ကိုယ့်ကိုယ်ကို
သိပ်တော်လှပြီထင်နေတာ...။ ဒါတွေကို မသိရလောက်အောင်ထိ သူမမောင်ကို သူမတို့မြေးအဖွားနှစ်ယောက်က ပစ်ပယ်မထားပါဘူး ။
သူမတို့က သူမမောင်နဲ့ လိုက်ပါ သရုပ်ဆောင်ခဲ့ကြရုံသာ..။
" မမက ဘာလို့ ငါ့မောင်ကို စွန့်ပစ်မှာလဲ ၊ မမက စိတ်ပူနေရုံပဲ ဒီလိုမျိုးယောက်ျားလေး နှစ်ယောက်လက်တွဲကြရင် အခက်အခဲတွေ အများကြီး ကျော်ဖြတ်ကြရမှာ အရေးကြီးဆုံးက ပတ်ဝန်းကျင်ပဲ ပတ်ဝန်းကျင်က ဝေဖန်ပုတ်ချတဲ့စကားတွေကြားရင် ရှေရှည်မှာ ခံနိုင်ရည်ရှိပါ့မလား ၊ နောက်ကျမှ ပြတ်သွားရင် ငါ့မောင်ပဲ အရှက်ရပြီး ခံစားနေရမှာ "
" မမ မပူပါနဲ့ ကျွန်တော်က ပတ်ဝန်းကျင်ကို ဂရုစိုက်တာ မဟုတ်ဘူး ကျွန်တော်ဂရုစိုက်တာ အဖွားနှင့် မမပဲ မမတို့က ကျွန်တော့်ဘေးနားမှာ ရပ်နေပေးဖို့ပဲ လိုတာ "
" ကောင်ဆိုးလေး.. ပြောရရင် ကိုစံမင်းမြတ်ကလည်း မကောင်းတဲ့လူ မဟုတ်ပါဘူး သူက ငါ့မောင်ကို ကာကွယ်စောင့်ရှောက်ပေးမှာပါ "
" မမက အစ်ကိုစံမင်းကို ကျေးဇူးတောင် တင်ရဦးမယ် မမတို့က ကျွန်တော့်ကို တစ်သက်လုံးစောင့်ရှောက်ပေးနိုင်တာ မဟုတ်ဘူး အချိန်တန် ကိုအောင်နောက်ပါသွားမှာ ကိုယ့်မောင်ကို ဒီလိုမျိုးစိတ်ချရတဲ့သူနဲ့ ထားခဲ့နိုင်တာ ပျော်တောင်ပျော်ရဦးမယ် "
" အမလေး မနိုင်ဘူးနော် အပါကိုခေါ်နေတော့တာ "
" အဲ့ဒီ့တော့ သဘောတူတယ်လို့ ယူဆလိုက်ပြီနော် "
သူမ နှာတစ်ချက်သာ မှုတ်လိုက်တော့သည် ။ ပြောရရင် သူမစိတ်ထဲ နေရသက်သာသွားသလို ပေါ့ပါးသွားသည် ။ သူမမောင်အဆင်ပြေနေရင် ပတ်ဝန်းကျင်က ဘာအရေးလဲလေ ။
ရှုံချရင်လည်း အချိန်တန် ပိတ်သွားလိမ့်မည် ။ ကိုစံမင်းမြတ်ရဲ့ အရှိန်အဝါ ၊ ဖွားဖွားရဲ့ အရှိန်အဝါ ဘယ်သူက ရှေ့တင်ကဲ့ရဲ့ရဲမှာလဲ ။ နောက်ကွယ်က အတင်းတွေကတော့ သူမဂရုမစိုက်တော့ပါဘူး ။ လူဆိုတဲ့မျိုးစိတ်က အားနေရင် သူများအကြောင်း ထိုင်ပြောနေတတ်ကြတာမျိုး.. ။
" ဒါနဲ့ မမက ဘယ်လိုသိတာလဲ ရိပ်မိတာလို့တော့ မထင်ဘူးနော် တစ်ယောက်ယောက်က ပြောပြတာလား "
" ဒေါက်တာ လင်းမဟော်ပြောပြတာလေ "
" သူလား..သူကဘယ်လိုသိတာလဲ "
" သူက ကိုစံမင်းမြတ်က gay ဆိုတဲ့အကြောင်းပြောပြတာ အဲ့ဒါနဲ့ ငါလည်း ဒီရက်ပိုင်း နင်တို့ကို သတိထားပြီး ကြည့်ရင်း သေချာသွားတာ "
" ဘယ်လိုပြောပြတာလဲ အသေးစိတ်ပြောပြ "
သူမမှာ ဒေါက်တာလင်းမဟော် ဘယ်လိုပြောပြခဲ့သည်ကို တစ်ရှည်တစ်လျား ပြန်ရှင်းပြနေရသေးသည် ။
" သြော် အဲ့လိုကိုး.."
" ဒါနဲ့ မေးရဦးမယ် နင်တို့တွဲနေတာ စံသုတရော သိတာလား "
" ဟုတ်တယ်လေ အဲ့ဒါပါ သတိထားမိသွားတာလား "
" သတိထားမိဆို အဲ့ကောင်လေးက နင်တို့ကို မဲ့ရွဲ့ပြီးတော့ မျက်ဆံကို လှန်လှန်ပြီး ခေါင်းခါတယ်လေ "
" ဒီလိုမျိုးလား.. "
မျက်စံကို အပေါ်လှန်တင်ကာ ခေါင်းကို ရမ်းပြလိုက်တော့
" အေ..အေ အဲ့လို တစ်ပုံစံတည်း အဲ့ကောင်လေးက အကျင့်ကို ပါနေတော့တာ "
" ဟား.."
"..."
ရယ်သံနှစ်ခုက ညနေခင်း လေပြေနဲ့အတူ လွင့်ပျံလာခဲ့လေသည် ။
တစ်ချို့ကိစ္စရပ်တွေက ဘူးခံပြီး ငြင်းပယ်နေသည်ထက် လက်ခံပေးလိုက်ခြင်းက ငြိမ်းချမ်းမှုကို ပိုင်ဆိုင်ရစေလေသည်။
--------------------------------------------------5.12.2020(SAT)
ဧရိုးနီ
YoNi's Note
ကွက်လပ်လေးက မနက်ဖြန်ဆို ဇာတ်သိမ်းပါပြီ..
ကိုယ်က လိုအပ်ချက်တွေ အများကြီးရှိနေသေးပုံပါပဲ
စာဖတ်သူတွေကို အဆုံးထိ ဆွဲပြီး မခေါ်နိုင်ခဲ့ပါဘူး ပြောရရင် ကိုယ့်အရည်းအချင်းကို နည်းနည်းတော့ ဝမ်းနည်းမိပါတယ်..
ဒါပေမဲ့ ရိုးနီ ကြိုးစားနေဦးမှာပါ..
ကိုယ့်ဇာတ်လမ်းကို ဖတ်တဲ့သူ တစ်ယောက်ရှိနေသေးသ၍ ကိုယ်တတ်စွမ်းသလောက်လေးနဲ့ ပိုပိုပြီး ကြိုးစားပေးနေဦးမှာပါပဲ..
#AYoNi
Zawgyi
လင္းမေဟာ္၏ ျပန္က်ဆဳံးေစရမည္ဟူေသာ ႀကဳံးဝါးစကားမ်ားသည္ကား
စံမင္း၏ ဥေပကၡာျပဳမႈမ်ားမွာ ေပ်ာက္ဆုံးသြားရသည္ ။ ပိုထူးဆန္းသည္က ကိုကိုသာမက သီထြဋ္ဆိုသည့္ေကာင္ေလးပါ ကိုကို႔ကို ႀကိဳက္ေနပုံ ရသည္ ။ မဟုတ္မွ တြဲေနၾကၿပီလား..။ တစ္ေယာက္ႏွင့္တစ္ေယာက္ ႏူးႏူးညံညံ့ အၾကည့္ခ်င္း ဖလွယ္ေနၾကတာေတြက မဟုတ္မွ တြဲေနၾကတာလား ။ လင္းမေဟာ္ စဥ္းစားရင္း စဥ္းစားရင္း တျဖည္းျဖည္း နားလည္လာေတာ့သည္ ။
လင္းမေဟာ္က လိုခ်င္တာကို တဖက္လွည့္နဲ႕ ရေအာင္ယူတတ္ေပမဲ့ မိမိ
သိကၡာကိုေတာ့ အက်ခံသည့္သူ မဟုတ္ေပ ။ သူမရရင္လည္း စြန့္ပစ္လိုက္႐ုံသာ ။ ဘာမွ ေထြေထြထူးထူး ခံစားေနမည္ မဟုတ္ေပ ။ သူက စံမင္းျမတ္နဲ႕ပတ္သက္ၿပီး မေက်နပ္ခဲ့႐ုံသာ ။ သူလစ္လ်ဴရႈရမည္သူက သူ႕ကို လစ္လ်ဴရႈသြားလို႔ ခံရခက္ခဲ့႐ုံသာ ။ သူ႕အေနႏွင့္ စံမင္းျမတ္ကို အေသရရ အရွင္ရရ လိုခ်င္ခဲ့တာေတာ့ မဟုတ္ေပ ။
သို႔ေသာ္ျငား သူ႕စိတ္တြင္းတြင္ မေက်မခ်မ္း ျဖစ္ေနမိေသးသည္ ။ ထိုခံရခက္ေသာ စိတ္ခံစားမႈကို မည္သို႔ ေျဖေဖ်ာက္ရမည္နည္း ။
သူဟာ ေန႕စဥ္ရက္ဆက္ ထိုႏွစ္ေယာက္၏ ကလူ၏သို႔ျမႇူ၏သို႔ ပုံစံေတြကို ျမင္ရေလ ခံစားခ်က္တို႔က ဆိုးလာေလပင္ ။
ေနာက္ဆုံးမွာ သူ အေတြးတစ္ခုေပၚလာ၏ ။
.....
တေ႐ြ႕ေ႐ြ႕ ေလွ်ာက္လာၾကေသာ လူသားေလးေယာက္ကို ၾကည့္ကာ လင္းမေဟာ္ ႏႈတ္ခမ္းတြန့္႐ုံၿပဳံးလိုက္ေလ၏ ။
ထိုေလးေယာက္က သူ႕အနားသို႔ ေရာက္လာေသာ အခါ လင္းမေဟာ္က ဦးစြာ ႏႈတ္ဆက္လိုက္ေလသည္ ။
" ကိုကိုတို႔က ေရာက္လာၾကၿပီလား "
" အင္း ကိုလင္းမေဟာ္လည္း အေစာႀကီး ေရာက္ေနတာပဲ "
" ဟုတ္တယ္ဗ် "
" ကဲ စုပုံခ်စ္တို႔ကိုလည္း ပို႔ၿပီးၿပီဆိုေတာ့ ျပန္ေတာ့မယ္ ကိုလင္းမေဟာ္ ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး "
" ဟုတ္ကဲ့ပါဗ် "
ထြက္ခြာသြားေသာ ေက်ာျပင္ႏွစ္ခုကို ၾကည့္ကာ လင္းမေဟာ္တစ္ေယာက္ ခန့္မွန္းရခက္ေသာ အၿပဳံးကို ၿပဳံးေနခဲ့သည္ ။
" မမ ေန႕လည္ေတြ႕မယ္ "
" အင္း..အင္း "
" ေဒါက္တာ သြားဦးမယ္ရွင့္ "
" ဟုတ္ကဲ့ဗ် ဆရာမ "
စုပုံခ်စ္ကလည္း ႏႈတ္ဆက္လိုက္ၿပီး အလယ္တန္းေဆာင္ရွိရာဆီသို႔ ထြက္သြားေတာ့သည္ ။ အခု က်န္ခဲ့သည္က သီသီႏွင့္ လင္းမေဟာ္ ႏွစ္ေယာက္သာ ျဖစ္၏ ။
" ေဒါက္တာ့ ေမာင္ေလးက ကိုကိုနဲ႕ အရမ္းရင္းႏွီးတယ္ေနာ္ "
သီသီက လင္းမေဟာ္စကားကို ၾကားေတာ့ ၿပဳံးမိသည္ ။ သူမေမာင္က သူမကိုေတာင္ သိပ္မကပ္ေတာ့ ။ ကိုစံမင္းျမတ္နားသာ ကပ္ေနေတာ့သည္ ။
" ဟုတ္တယ္ ေရစက္ေတြေနမွာေပါ့ "
" တကယ္လို႔ ေဒါက္တာ့ေမာင္ေလးက
gay တစ္ေယာက္ဆို ေဒါက္တာ ဘယ္လိုလုပ္မလဲ "
" gay လား "
သီသီက သံေယာင္လိုက္ကာ ေရ႐ြတ္လိုက္သည္ ။ ဆရာဝန္မတစ္ဦးအေနနဲ႕
ပတ္ဝန္းက်င္မွာ ေတြ႕ဖူး၊ ၾကားဖူး ၊ျမင္ဖူးသည္ ။ သို႔ေသာ္ သူမေမာင္ကိုေတာ့ ထိုသို႔ မေတြးခဲ့ဘူး ။ စိတ္ကူးထဲေတာင္ မဝင္လာဖူးတာ ျဖစ္သည္ ။
" ေဒါက္တာက ဘာလို႔ေမးတာလဲ ၊ ေမာင္ေလးႏွင့္ပတ္သက္ၿပီး တစ္ခုခုမ်ားသိထားလို႔လား "
" ဟို ကြၽန္ေတာ္မသိပါဘူး ကြၽန္ေတာ္က ေမးၾကည့္တာပါ ကိုကိုနဲ႕ နီးနီးကပ္ကပ္ေနလြန္းလို႔ေလ "
" ေၾသာ္ ဒါေၾကာင့္လား ၊ သူတို႔ႏွစ္ေယာက္က စေတြ႕ကတည္းက ရင္းႏွီးၾကတာေလ ၊ ရင္းႏွီးလြန္းေတာ့ ေဒါက္တာက တစ္မ်ိဳးထင္သြားတာထင္တယ္ "
" ကြၽန္ေတာ္က ကိုကိုနဲ႕ အရင္ကတည္းက သိလာတယ္ဆိုတာ ေဒါက္တာသိမွာပါ "
" ဟုတ္ ..သိထားပါတယ္ "
ထိုေကာင္ေလးရဲ႕ စကားက တစ္ခုခုကို ဦးတည္ေနမွန္း သိသာသည္ ။
" တကယ္ေတာ့ ကိုကိုက gay ပါ "
" ရွင္..ကိုစံမင္းျမတ္က gayလား "
" ဟုတ္ပါတယ္.. ကိုကို႔ ကိုယ္ေရးကိုယ္တာကို ဝင္မစြက္ဖက္သင့္ဘူးဆိုတာ သိပါတယ္ဗ်ာ ဒါေပမဲ့
မျဖစ္သင့္တာ မျဖစ္ရေလေအာင္ ကြၽန္ေတာ္က အသိေပးတာပါ တကယ္လို႔.. တကယ္လို႔မ်ား သူတို႔ႏွစ္ေယာက္ တြဲၿပီးမွ ေဒါက္တာတို႔က သိၿပီး သူတို႔ႏွစ္ေယာက္ကို ခြဲရင္ ပိုၿပီး နာက်င္ရမွာမို႔လို႔ ကြၽန္ေတာ္ ဒီလိုမ်ိဳး ၾကားဝင္ရတာပါ "
သီသီ့မွာ ဘာေျပာလို႔ ေျပာရမွန္းေတာင္ မသိေတာ့ ။
ေနာက္ဆုံးသူမ ေျပာထြက္နိုင္ခဲ့တာက
" သူတို႔က မျဖစ္နိုင္ေလာက္ပါဘူး " ဟူ၍သာ ။
သီသီ့ တုံ႕ျပန္မႈက လင္းမေဟာ္ကို ေက်နပ္ေစသည္ ။ ဘယ္မိသားစုကမ်ား သူတို႔ သားေတြ ၊ အစ္ကိုေတြ၊ေမာင္ေတြကို အေျခာက္တစ္ေယာက္ျဖစ္ေစခ်င္မွာတဲ့လဲ ။
...
ပုံမွန္ဆို သီသီက ထိုႏွစ္ေယာက္၏ ရင္းႏွီးလြန္းေသာ ပုံရိပ္ေတြကို လစ္လ်ဴရႈလိုက္မွာ ျဖစ္ေသာ္လည္း ဒီေန႕တြင္ေတာ့ ဥေပကၡာ မျပဳနိုင္ေပ ။
ဟင္းေတြကို တစ္ေယာက္ပန္းကန္ထဲ တစ္ေယာက္ထည့္ေပးေနတာေတြ ၊ ကိုစံမင္းျမတ္က သူမေမာင္ ခြက္ထဲက ေရကုန္သြားရင္ အဆင့္သင့္ ထၿပီး ခပ္ထည့္ေပးတာေတြ ၊ တစ္ခါတစ္ေလ အၾကည့္ခ်င္းဆုံၿပီး ႏူးႏူးညံ့ညံ့ ၿပဳံးျပေနၾကတာေတြ ၊ လူႀကီးေတြေရွ႕မွာတင္ သူမေမာင္ရဲ႕ ဆံပင္ေတြကို ဖြလိုက္တာေတြ ၊ မျဖစ္နိုင္ေလာက္ပါဘူးလို႔ ေတြးထားသမွ်က ထိုအျပဳအမူေတြေအာက္မွာ ေမွးမွိန္သြားရေတာ့သည္ ။ အဲ့ဒီ့ေန႕က သူမထမင္းေတာင္ စားမဝင္ခဲ့ေပ ။
...
သူမက တစ္ရက္ၿပီး တစ္ရက္. တစ္ပတ္တိတိ ေလ့လာၿပီးေနာက္မွာ သူမ
သိသြားခဲ့ရၿပီျဖစ္သည္ ။ သူမက စုပုံခ်စ္နဲ႕ အေနမ်ားခဲ့သလို သီထြဋ္ကလည္း ကိုစံမင္းျမတ္နဲ႕သာ အေနမ်ားခဲ့သည္ ။ သူမေမာင္က ထိုဂ႐ုစိုက္ေပးမႈေတြေအာက္မွာ က်ရႈံးသြားရသည္ကို သူမလက္ခံလိုက္ရေပေတာ့သည္ ။
ဒါေပမဲ့ အမွန္တရားကို သူမ လက္မခံခ်င္ေသးဘူး ၊ ဒါက လုံးဝကို မျဖစ္သင့္ဘူး ။ သူမေမာင္က ေယာက္်ားေတြကို သေဘာက်တယ္လို႔ သူမ လက္ခံေပးလို႔ မရေသးဘူး ။ ဒါေပမဲ့ သူမက ဘာမ်ားတတ္နိုင္မွာလဲတဲ့ ။ သူမေမာင္အေၾကာင္း သူမအသိဆုံး ။
ရာသီဥတု သာယာတဲ့ ညေနခင္းတစ္ခုမွာေတာ့ သူမေမာင္နဲ႕ စကားေျပာျဖစ္ခဲ့တယ္ ။ အဲ့ဒီ့ေန႕က ကိုစံမင္းျမတ္တို႔ ညီအစ္ကိုက ႐ြာထဲထြက္သြားခဲ့လို႔ သူမေမာင္နဲ႕ လြတ္လြတ္လပ္လပ္ စကား ေျပာနိုင္ခဲ့တာျဖစ္သည္ ။
အိမ္ေနာက္ေဖးက ပန္းပင္ေတြနားက မန္က်ည္းပင္ေအာက္မွာ ထိုင္ၿပီး ပင္စည္ကိုမွီကာ ေငးေနေသာ ေမာင္ျဖစ္သူကို လွမ္းၾကည့္ရင္း သီသီက ထိုျပႆနာကို ကာယကံရွင္နဲ႕ တည့္တည့္ ေျဖရွင္းဖို႔ ဆုံးျဖတ္လိုက္သည္ ။
" ငါ့ေမာင္က ဒီ႐ြာမွာ သိပ္ေပ်ာ္ေနၿပီထင္တယ္ "
" မမေရာ ေပ်ာ္ရဲ႕လား ကိုေအာင္ကို လြမ္းေနၿပီလား "
သီထြဋ္က ဘာမွ မသိစြာ သူ႕အစ္မကိုေတာင္ စေနာက္လိုက္ေသးသည္ ။
" ဟင္း.."
သူမ အေျဖျပန္မေပးပဲ သူမေမာင္ေဘးမွာ ဝင္ထိုင္လိုက္တယ္ ။
" ငါ့ေမာင္ကို ေမးစရာရွိတယ္ "
" ေမးေလ.. "
" ကိုစံမင္းျမတ္နဲ႕ ႀကိဳက္ေနတာလား "
ေမးခြန္းက တဲ့တိုးဆန္သြား၍ထင္ သူမေမာင္မွာ ခါးမတ္သြားကာ အံၾသတႀကီး ၾကည့္လာသည္ ။
" မမက သိေနတာလား.. ၊ ကြၽန္ေတာ္ မလိမ္ခ်င္ပါဘူး "
" အဲ့ဒီေတာ့ ရည္းစားအျဖစ္တြဲေနၾကၿပီေပါ့ "
သူမေမာင္က သက္ျပင္းကို ခပ္တိုးတိုးခ်သည္ ။
" မမအေနနဲ႕ လက္ခံေပးဖို႔ ခက္မွန္းသိပါတယ္ ၊ ဒါေပမဲ့ ကြၽန္ေတာ္ကလည္း လြယ္လြယ္ ဆုံးျဖတ္ခဲ့တာ မဟုတ္ဘူး ၊ မမ သေဘာတူေပးဖို႔လည္း ကြၽန္ေတာ္ မေတာင္းဆိုရဲပါဘူး အဲ့ဒီလိုပဲ ျဖတ္ပစ္ဖို႔ေျပာလည္း လက္ခံမွာမဟုတ္ဘူး ၊ ဒါေပမဲ့ တစ္ခုပါပဲ မမေမာင္အျဖစ္ကေနေတာ့ ကြၽန္ေတာ့္ကို မစြန့္လႊတ္လိုက္ပါနဲ႕
ကြၽန္ေတာ့္မွာ မိသားစုဆိုလို႔ ဖြားဖြားႏွင့္ မမပဲရွိေတာ့တာမို႔လို႔ပါ "
သူမေမာင္က ထိုစကားေတြကို ေအးေအးေဆးေဆးပဲ ေျပာသြားခဲ့တာ ။ သူမ ဘယ္လိုလုပ္ ေမာင္အျဖစ္ကေန စြန့္လႊတ္နိုင္မွာတဲ့လဲ ၊ သူမေမာင္ခံစားခဲ့ရတာေတြကို သူမႏွင့္ အဖြားက အသိဆုံး ။ သူမေမာင္က ေပါက္ကြဲေသာင္းက်န္းတတ္သူ မဟုတ္ပဲ ခံစားရသမွ်ကို ရင္ဘတ္ထဲကို စုပုံထည့္သိမ္းထားတတ္သူ ၊ ခံစားရတာေတြကို ဘာမွ မျဖစ္သလိုမ်ိဳး ျပဳမူေနတတ္ၿပီး ေျဖေဖ်ာက္ေနတတ္တာ သူမသိသည္ ။ မဟုတ္ရင္ သူမထက္ေတာင္ ဉာဏ္ေကာင္းတဲ့ ကေလးက ဘာလို႔ ဆယ္တန္းကို ဂုဏ္ထူးမပါပဲ ေအာင္ခဲ့မတဲ့လဲ ။ ဘာလို႔ ပတ္ဝန္းက်င္ကို လုံးဝပစ္ပယ္ထားမတဲ့လဲ ၊ အဖြားျဖစ္သူႏွင့္ အစ္မျဖစ္သူ စိတ္မေကာင္းျဖစ္မွာစိုးလို႔သာ ဟန္ေဆာင္ေနမွန္း သူမတို႔သိတာေပါ့ ၊ သူမေမာင္က ကိုယ့္ကိုယ္ကို သိပ္အထင္ႀကီးၿပီး ကိုယ့္ကိုယ္ကို
သိပ္ေတာ္လွၿပီထင္ေနတာ...။ ဒါေတြကို မသိရေလာက္ေအာင္ထိ သူမေမာင္ကို သူမတို႔ေျမးအဖြားႏွစ္ေယာက္က ပစ္ပယ္မထားပါဘူး ။
သူမတို႔က သူမေမာင္နဲ႕ လိုက္ပါ သ႐ုပ္ေဆာင္ခဲ့ၾက႐ုံသာ..။
" မမက ဘာလို႔ ငါ့ေမာင္ကို စြန့္ပစ္မွာလဲ ၊ မမက စိတ္ပူေန႐ုံပဲ ဒီလိုမ်ိဳးေယာက္်ားေလး ႏွစ္ေယာက္လက္တြဲၾကရင္ အခက္အခဲေတြ အမ်ားႀကီး ေက်ာ္ျဖတ္ၾကရမွာ အေရးႀကီးဆုံးက ပတ္ဝန္းက်င္ပဲ ပတ္ဝန္းက်င္က ေဝဖန္ပုတ္ခ်တဲ့စကားေတြၾကားရင္ ေရွရွည္မွာ ခံနိုင္ရည္ရွိပါ့မလား ၊ ေနာက္က်မွ ျပတ္သြားရင္ ငါ့ေမာင္ပဲ အရွက္ရၿပီး ခံစားေနရမွာ "
" မမ မပူပါနဲ႕ ကြၽန္ေတာ္က ပတ္ဝန္းက်င္ကို ဂ႐ုစိုက္တာ မဟုတ္ဘူး ကြၽန္ေတာ္ဂ႐ုစိုက္တာ အဖြားႏွင့္ မမပဲ မမတို႔က ကြၽန္ေတာ့္ေဘးနားမွာ ရပ္ေနေပးဖို႔ပဲ လိုတာ "
" ေကာင္ဆိုးေလး.. ေျပာရရင္ ကိုစံမင္းျမတ္ကလည္း မေကာင္းတဲ့လူ မဟုတ္ပါဘူး သူက ငါ့ေမာင္ကို ကာကြယ္ေစာင့္ေရွာက္ေပးမွာပါ "
" မမက အစ္ကိုစံမင္းကို ေက်းဇူးေတာင္ တင္ရဦးမယ္ မမတို႔က ကြၽန္ေတာ့္ကို တစ္သက္လုံးေစာင့္ေရွာက္ေပးနိုင္တာ မဟုတ္ဘူး အခ်ိန္တန္ ကိုေအာင္ေနာက္ပါသြားမွာ ကိုယ့္ေမာင္ကို ဒီလိုမ်ိဳးစိတ္ခ်ရတဲ့သူနဲ႕ ထားခဲ့နိုင္တာ ေပ်ာ္ေတာင္ေပ်ာ္ရဦးမယ္ "
" အမေလး မနိုင္ဘူးေနာ္ အပါကိုေခၚေနေတာ့တာ "
" အဲ့ဒီ့ေတာ့ သေဘာတူတယ္လို႔ ယူဆလိုက္ၿပီေနာ္ "
သူမ ႏွာတစ္ခ်က္သာ မႈတ္လိုက္ေတာ့သည္ ။ ေျပာရရင္ သူမစိတ္ထဲ ေနရသက္သာသြားသလို ေပါ့ပါးသြားသည္ ။ သူမေမာင္အဆင္ေျပေနရင္ ပတ္ဝန္းက်င္က ဘာအေရးလဲေလ ။
ရႈံခ်ရင္လည္း အခ်ိန္တန္ ပိတ္သြားလိမ့္မည္ ။ ကိုစံမင္းျမတ္ရဲ႕ အရွိန္အဝါ ၊ ဖြားဖြားရဲ႕ အရွိန္အဝါ ဘယ္သူက ေရွ႕တင္ကဲ့ရဲ႕ရဲမွာလဲ ။ ေနာက္ကြယ္က အတင္းေတြကေတာ့ သူမဂ႐ုမစိုက္ေတာ့ပါဘူး ။ လူဆိုတဲ့မ်ိဳးစိတ္က အားေနရင္ သူမ်ားအေၾကာင္း ထိုင္ေျပာေနတတ္ၾကတာမ်ိဳး.. ။
" ဒါနဲ႕ မမက ဘယ္လိုသိတာလဲ ရိပ္မိတာလို႔ေတာ့ မထင္ဘူးေနာ္ တစ္ေယာက္ေယာက္က ေျပာျပတာလား "
" ေဒါက္တာ လင္းမေဟာ္ေျပာျပတာေလ "
" သူလား..သူကဘယ္လိုသိတာလဲ "
" သူက ကိုစံမင္းျမတ္က gay ဆိုတဲ့အေၾကာင္းေျပာျပတာ အဲ့ဒါနဲ႕ ငါလည္း ဒီရက္ပိုင္း နင္တို႔ကို သတိထားၿပီး ၾကည့္ရင္း ေသခ်ာသြားတာ "
" ဘယ္လိုေျပာျပတာလဲ အေသးစိတ္ေျပာျပ "
သူမမွာ ေဒါက္တာလင္းမေဟာ္ ဘယ္လိုေျပာျပခဲ့သည္ကို တစ္ရွည္တစ္လ်ား ျပန္ရွင္းျပေနရေသးသည္ ။
" ေၾသာ္ အဲ့လိုကိုး.."
" ဒါနဲ႕ ေမးရဦးမယ္ နင္တို႔တြဲေနတာ စံသုတေရာ သိတာလား "
" ဟုတ္တယ္ေလ အဲ့ဒါပါ သတိထားမိသြားတာလား "
" သတိထားမိဆို အဲ့ေကာင္ေလးက နင္တို႔ကို မဲ့႐ြဲ႕ၿပီးေတာ့ မ်က္ဆံကို လွန္လွန္ၿပီး ေခါင္းခါတယ္ေလ "
" ဒီလိုမ်ိဳးလား.. "
မ်က္စံကို အေပၚလွန္တင္ကာ ေခါင္းကို ရမ္းျပလိုက္ေတာ့
" ေအ..ေအ အဲ့လို တစ္ပုံစံတည္း အဲ့ေကာင္ေလးက အက်င့္ကို ပါေနေတာ့တာ "
" ဟား.."
"..."
ရယ္သံႏွစ္ခုက ညေနခင္း ေလေျပနဲ႕အတူ လြင့္ပ်ံလာခဲ့ေလသည္ ။
တစ္ခ်ိဳ႕ကိစၥရပ္ေတြက ဘူးခံၿပီး ျငင္းပယ္ေနသည္ထက္ လက္ခံေပးလိုက္ျခင္းက ၿငိမ္းခ်မ္းမႈကို ပိုင္ဆိုင္ရေစေလသည္။
--------------------------------------------------5.12.2020(SAT)
ဧရိုးနီ
YoNi's Note
ကြက္လပ္ေလးက မနက္ျဖန္ဆို ဇာတ္သိမ္းပါၿပီ..
ကိုယ္က လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနေသးပုံပါပဲ
စာဖတ္သူေတြကို အဆုံးထိ ဆြဲၿပီး မေခၚနိုင္ခဲ့ပါဘူး ေျပာရရင္ ကိုယ့္အရည္းအခ်င္းကို နည္းနည္းေတာ့ ဝမ္းနည္းမိပါတယ္..
ဒါေပမဲ့ ရိုးနီ ႀကိဳးစားေနဦးမွာပါ..
ကိုယ့္ဇာတ္လမ္းကို ဖတ္တဲ့သူ တစ္ေယာက္ရွိေနေသးသ၍ ကိုယ္တတ္စြမ္းသေလာက္ေလးနဲ႕ ပိုပိုၿပီး ႀကိဳးစားေပးေနဦးမွာပါပဲ..
#AYoNi