ASTILLBE (Completed)

By Hninhninlay1246

3.9M 266K 12.8K

Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင... More

Part (1)
Part (2)
Part (3)
Part (4)
Part (5) (ပထမဆံုးမဟုတ္ေသာ အနမ္း)
Part (6) ( ေမ့ေလ်ာ့ေနသည့္ တစ္ခုခု႐ွိေနတယ္ )
Part (7) ( ေမာင္က အႏိုင္က်င့္တယ္ )
Part (8) ( တည္ျမဲကမၻာက လံုးဝအေျဖာင့္!)
Part (9) ( ကလန္ကဆန္လုပ္ရင္ အတင္းအၾကပ္နမ္းပစ္မယ္)
Part (10) ( လိုအင္ဆနၵက စိတ္ကိုေလာင္ကြၽမ္းေစတယ္ )
10.5 ( Warning )
Part (11) (Even if I don't love you)
Part (12) ( You gonna run away from me )
Part (13) (The Future)
Part (14 ) ( ေမာင့္ကိုတစ္ခါတစ္ေလ စိတ္ပ်က္မိတယ္ )
Part (15) ( Taste of your lips )
15.5 ( Warning )
Part (16) ( Bullying Him )
Part (17) ( တည္ျမဲကမၻာက သဝန္တိုေနတာ )
Part (18) ( အခ်စ္ႏွင့္ ေျပာင္းလဲလာေသာ အေတြးမ်ား )
Part (19) ( မင္းဘာလို႔ ငါ့​ေရွ့မွာ မျပံဳးတာလဲ? !)
Part (20) ( ဘယ္သူ႔ကို မယံုၾကည္သင့္တာလဲ? )
Part (21) ( အလိုအပ္ဆံုးက မင္းကိုပဲ )
Part (22) ( ငါပိုင္တဲ့မင္းခနၱာကိုယ္ကို ဒဏ္ရာမရေစနဲ႔ )
Part (23) (Love Sick)
Part (24) (Can't help falling in love with you)
Part (25) ( မင္းကို အားမလိုအားမရျဖစ္လိုက္တာ !)
Part (26) ( ေမာင္နဲ႔အတူ႐ွိေနသမ်ွအခ်ိန္တိုင္းက ငါ့အတြက္နိဗၺာန္ပဲ)
Part (27) ( You wanna have a baby? )
Part (28) (ေၾကာင္ငပ်င္းေလးက ဝံပုေလြႀကီးကိုသဝန္တိုေနတယ္)
Part (29) ( The Truth Untold )
Part (30) ( စီးပြားေရးသမားေတြက အက်ိဳးအျမတ္မရရင္ မစြန္႔စားဘူးကြ! )
Part (31) ( Loving You )
Part (32) ( ကြၽန္ေတာ့္ကို ဘာေတြဖံုးကြယ္ထားၾကတာလဲ )
Part (33) ( အခုပဲ ေျကာင္ငပ်င္းေလး ႐ွိတဲ့ေနရာ လိုက္သြားေတာ့မယ္ )
Part (34) ( New York သို႔ေရာက္႐ွိျခင္း )
Part (35) (မင္းယံုၾကည္ေအာင္ ေမာင္ႀကိဳးစားပါ့မယ္)
Part (36) ( ေမာင့္ကို မိသားစုေလးတစ္ခု ေပးခ်င္ရံုတင္ပါ)
Part (37) ( ေမာင္က ထိန္းခ်ဳပ္ရခက္တဲ့လူ ၊ မင္းသူ႔ကိုမကိုင္တြယ္ႏိုင္ဘူး)
Part (38) (မင္းနဲ႔တူတဲ့ သားေလးေတြလိုခ်င္တယ္)
Part (39) ( အက်င့္စ႐ိုက္တူတဲ့လူတစ္ေယာက္ကို ဘယ္လိုတည့္ေအာင္ေပါင္းရမလဲ! )
Part (40) ( သားသာမေပ်ာ္ေတာ့ရင္ က်ဳပ္သားကိုျပန္ေခၚမယ္ )
Part (41) ( သူ႔ဗိုက္ထဲမွာ ပဲေစ့ေလးေတြ႐ွိေနၿပီ! )
Part (42) ( ဘာပဲျဖစ္လာလာ အတူရင္ဆိုင္ၾကမယ္ )
Part (43) (Adore You)
Part (44) ( C ၿမိဳ႕ေတာ္သို႔ သြားေရာက္ျခင္း )
Part (45) ( ပဲေစ့ေလးေတြကို ပိုခ်စ္သြားရင္ဘယ္လိုလုပ္မလဲ? )
Main Characters Explanation
Part (46) (ေၾကာင္ငပ်င္းေလးက အရက္ေသာက္တာကိုမႀကိဳက္ဘူးတဲ့)
Part (47) ( ၿခိမ္းေျခာက္စာမ်ား ဝင္ေရာက္ျခင္း )
Part (48) ( လက္စြပ္ထဲမွာ ေမာင့္အခ်စ္ေတြထည့္ထားတယ္ )
Part (49) ( ေမာင့္ကို သူတို္ေခၚသြားၾကတယ္!! )
Part (50) (ပဲေစ့ေလးေတြက ကျမင္းလြန္းေနတယ္)
Part (51) ( ပဲေစ့ေလးေတြ အပင္ေပါက္လာၿပီ!! )
Side Couple Special Part ( Warning )
Part (52) ( ပဲေစ့ႏွစ္ေစ့၏ အမူအက်င့္မ်ား )
Part (53) ( လ်ွိဳ႕ဝွက္ခ်က္မ်ား !! )
Part (54) ( Finding The Lost Heart )
Part (55) ( ​ေမာင္ အနံ႔ေပ်ာက္ေနၿပီ!! )
Part (56) (ေၾကာင္ငပ်င္းေလး ငိုေနၿပီ)
Part (57) ( Bossအမ်ိဳးသားက Bossကိုကေလးထိန္းခိုင္းတယ္!!)
I've got Hilarious Photos from Facebook
Part (58) (မိႈင္းကမၻာငယ္၏ First Kiss)
Part (59) ( Worship of Love )
Part (60) (ဇာတ္သိမ္းပိုင္း)
Extra (1) ( Little Flower in dad's belly )
Extra (2) ( သြားေလေရာ့ အခ်စ္ေဟာင္းေရ )
Extra (3) ( Bad Baby! )
Extra (4) ( ခ်စ္ျခင္းေမတၱာမ်ား ထာဝရႏုပ်ိဳမည္ )
Extra (5) ( Only One person in one life )
Extra (6) ( Boss = Babysitter )
Extra (7) ( Lovers )
Extra (8) ( မေမ်ွာ္လင့္ထားေသာ ကိစၥမ်ား! )
Extra (9) Final
About Season (2)
Book Announcement (1)
Facts About My Characters ( Must read!)
Facts About My Second Characters
Book Cover Announcements
Book Detail Announcements

(ဇာတ္လမ္း မိတ္ဆက္ျခင္း)

199K 5.9K 135
By Hninhninlay1246

Zawgyi

Author Note- မဖတ္ခင္ Request လုပ္ပါရေစ။ ကိုယ္က unicode မသံုးတာေၾကာင့္ စာထပ္တာေတြ စာလံုးေပါင္းမွားတာေတြ႐ွိရင္ unicode သမားေတြက ျဖည့္ဖတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။

<<<<<<
>>>>>>

လြန္ခဲ့တဲ့ႏွစ္ေတြတည္းက ေမာင္႐ွိတဲ့ရပ္ဝန္းကိုပဲ ဗဟိုျပဳၿပီးေနထိုင္လာခဲ့တာ။ အမွန္အတိုင္းဝန္ခံရရင္ ေမာင္က ငါ့ရဲ႕ ကမၻာႀကီးကို ကိုယ္စားျပဳတယ္။ ဒါက ငါ့ရင္ထဲကခံယူခ်က္ဆိုေပမယ့္၊ ​ေမာင့္အနားရွိေနတဲ့ႏွစ္ေတြမ်ားလာတာေတာင္ ငါကေတာ့ေမာင့္အတြက္အေရးပါတဲ့လူျဖစ္မလာခဲ့ဘူး။ တစ္ခါတစ္ေလ အနားကေျပးထြက္ခ်င္ေလာက္ေအာင္အထိ နာက်င္ရတာကို ေမာင္သိပါေစ။

ငါလည္းႏွလံုးသား႐ွိတဲ့လူတစ္ေယာက္ပဲ ေမာင္။ ဥေပကၡာျပဳခံရတာေတြမ်ားလာရင္ ႏွလံုးသားကလည္း ေအးစက္သြားလိမ့္မယ္။

ေဝခြဲရခက္တယ္ ေမာင္။ မင္းကိုမခ်စ္ပဲနဲ႔လည္းမေနႏိုင္သလို ငါ့ဘက္ကပဲအလိုက္သိေပးေနရတာကိုလည္း ပင္ပန္းေနၿပီ။

ပစၥဳပၸန္အခ်ိန္ကာလမွ အိမ္ေထာင္ေရးသည္ ဤတြင္စတင္သည္။

က်ယ္ေလာင္တဲ့လက္ဝါးသံက ၾကားရသူအဖို႔ပင္ ေၾကာက္ဒူးတုန္ေလာက္သည္။

သို႔ေသာ္ အမ်ိဳးသားငယ္သည္ သူ႔အားလက္ပါလာသူကို စူးရဲစြာစိုက္ၾကည့္ေနရင္းနဲ႔ မ်ားမၾကာခင္အခ်ိန္အတြင္းမွာပဲ ဟားခနဲ ေခါင္းေမာ့ကာ ရယ္ေမာလိုက္သည္။ မ်က္ရည္တစ္ခ်ိဳ႕က သူ၏ မ်က္ဝန္းေထာင့္မ်ားမွ စီးက်သြားေသာ္လည္း သူဟာ ငိုေနဟန္မတူ။ စိတ္ပ်က္ေနသည့္မ်က္ႏွာအမူအယာကအထင္းသားျဖစ္သည္။ ပိရိေသသပ္ေသာ ဖူးႂကြႂကြ ႏႈတ္ခမ္းတစ္စံုက ခပ္ဟဟပြင့္ေနကာ အမည္နာမတစ္ခုကို ထပ္ခါထပ္ခါေရရြတ္ေနသည္။

" ငါေျပာတဲ့စကားထဲမွာ ရယ္စရာပါေနလို႔လား "

အမ်ိဳးသားေလး၏ေ႐ွ႕မွလူက မ်က္ေမွာင္ၾကဳတ္လို႔ေမးေငါ့လာသည္။ ထိုသူ႔ဆီမွစကားသံက ျသ႐ွ႐ွျဖင့္ မာန္ပါ၏။ အမ်ိဳးသားေလး၏ ႏွလံုးသားက ထိုလူ၏ျသ႐ွေသာအသံေၾကာင့္ယားယံသြားသည္။ ကိုယ္မဟုတ္တဲ့ တစ္ျခားသူကိုခ်စ္စကားေတြတဖြဖြေျပာသည့္အခ်ိန္တြင္သူ႔အသံကေသခ်ာေပါက္ တစ္ဖက္လူ၏ႏွလံုးသားတစ္စံုကိုကိုင္လႈပ္ႏိုင္ပါလိမ့္မည္။ ကိုယ့္ကိုက်ေတာ့ မာထန္ေသာအသံ ၊ ၾကမ္းတမ္းေသာ အျပဳအမူမ်ားျဖင့္ သူကဆက္ဆံတတ္သည္။

" မင္းဆက္ဆက္ထိမခံျဖစ္ေနတာက ရယ္စရာေကာင္းေနလို႔ေလ ​ေမာင္ ၊ ေမာင္ မင္းမ်က္ႏွာကျဖစ္သြားတဲ့အမူအရာက ရယ္စရာေကာင္းတယ္ "

ညိဳ႕၏ အက်ီေကာ္လံကို ဆြဲထားတဲ့ ေမာင့္ရဲ႕ လက္ေတြကိုျဖဳတ္ခ်ကာ အားယူလ်က္ ​ေမာင့္ပါးျပင္ကိုလက္ျပန္႐ိုက္ခ်လိုက္သည္။ ငါလည္းလူပဲ နာက်င္တတ္တယ္ေမာင္။ ေမာင့္ပါးကိုငါ႐ိုက္လိုက္တဲ့အခ်ိန္ ေမာင္နာက်င္တာထက္ ငါကပိုၿပီးရင္နာရတယ္။

" မိန္းမတစ္ေယာက္ေၾကာင့္ ငါ့ပါးကိုေမာင္က႐ိုက္တယ္ေပါ့ ၊ တကယ္ဆိုရင္ ေမာင္ကမွ မွားတဲ့သူမဟုတ္ဘူးလား ၊ ေမာင္လုပ္ထားတာ ဘာေတြမ်ားမွန္ေနလို႔ ငါ့ပါးေပၚ လက္တင္ရဲတာလဲ ေျပာပါဦး ၊ ႐ွင္းျပစမ္းပါဦး "

အံ့ျသရိပ္ေတြသမ္းသြားတဲ့ ေမာင့္မ်က္ႏွာက
မၾကာခင္မွာပဲ ျပန္လည္တင္းမာသြားသည္။ ေမာင့္ရဲ႕ လက္အႀကီးႀကီးတစ္ဖက္က ညိဳ႕ကိုခါးမွသိမ္းျကံုးဖက္ကာ သူ႔ရင္ဘက္ႏွင့္ကပ္သြားေအာင္ဆြဲယူလိုက္သည္။ ေမာင္နဲ႔ယွဥ္ရင္ ညိဳ႕ခနၱာကိုယ္က ပိန္ပါးေနတာမို႔ လူက ေမာင့္လက္ထဲ ေစြ႔ခနဲပါသြားရသည္။

" ငါ့ကိုမထိနဲ႔ သူ႔ကိုထိထားတဲ့လက္ေတြနဲ႔ ငါ့ကိုမထိနဲ႔ ရြံတယ္ "

ေမာင့္ရဲ႕ သြားျကိတ္သံထြက္လာၿပီး ေမးေၾကာေတြပါေထာင္လာတာျမင္ရေတာ့ ညိဳ႕မ်က္ႏွာလႊဲလိုက္သည္။ ေမာင္က ဘယ္လိုေနေနေခ်ာတယ္။ ​ေခ်ာလြန္းလို႔ကို သိပ္မုန္းဖို႔ေကာင္းတာ။သူ႔ရဲ႕မ်က္ႏွာေခ်ာေခ်ာေၾကာင့္ ညိဳ႕ႏွလံုးသားတစ္ခုလံုး စုတ္ျပတ္သတ္ေနလိမ့္မည္ဟု မထင္ခဲ့မိေပ။ စေတြ႔တည္းက ေမာင္က သိပ္ဆြဲေဆာင္မႈ႐ွိခဲ့တာ။

အခ်ိန္ေတြကိုသာေနာက္ျပန္ဆုတ္လို႔ရရင္ ငါေမာင့္ကိုမခ်စ္ဖို႔ ငါ့ႏွလံုးသားကို သတိေပးခဲ့မိမွာ။

" ကြာ႐ွင္းေပး ၊ ငါဘယ္တုန္းကမွမင္းကို သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုၿပီးမေတြးဖူးဘူး "

" ငါေသမွပဲေမာင္ သူ႔ဆီသြားလို႔ရမယ္ ၊ ငါဒီလိုေတာ့ အ႐ႈံးအေပးနိုင္ဘူး ၊ ​ေမာင္သူ႔ကိုအေရးေပးေနတာေတြကို မုန္းလို႔ တမင္မကြာ႐ွင္းေပးတာသိလား ၊ ငါေမာင့္ကိုခ်စ္လို႔ယူခဲ့တာ ကြာ႐ွင္းဖို႔မဟုတ္ဘူးဆိုတာ မွတ္ထားလိုက္ "

ေမးေၾကာေတြတင္းေနသူရဲ႕ အေ႐ွ႕ကိုရပ္ကာ ေမာ့ၾကည့္လိုက္သည္။ ​ေမာင္က ႏိုင္ငံျခားေသြးေႏွာ၍ အရပ္႐ွည္႐ွည္ ေဒါင္ေကာင္းေကာင္းႏွင့္ ၾကံ့ခိုင္သည့္ ကိုယ္ထည္႐ွိသည္။ ခပ္ညိဳညိဳမ်က္ဝန္းတစ္စံုက ပံုမွန္အခ်ိန္ဆို ႏူးညံ့ေနတတ္ေသာ္လည္း ခက္ထန္ျခင္းတစ္မ်ိဴးျဖင့္ ၾကည့္ေကာင္းေလသည္။ ​ေမာင္က ညိဳ႕အတြက္ေတာ့ ေတြ႔ဖူးသမ်ွေယာက်ာ္းေတြထဲမွာ အေခ်ာဆံုးျဖစ္ပါသည္။

" ေဒါသသိပ္မႀကီးနဲ႔ ေမာင္ ၊ ေမေမ့့က်န္းမာေရးကိုသတိရဦး မင္းျဖတ္ေတာက္ခ်င္ရင္ေတာင္မွ ျဖတ္ေတာက္ဖို႔မျဖစ္ႏိုင္တဲ့ ဆက္ဆံေရးေတြ႐ွိတယ္ "

ေမာင္ ​ေငးေငးငိုင္ငိုင္ျဖစ္သြားစဥ္မွာ ညိဳ႕ကအခန္းအျပင္ထြက္သြားေလၿပီ။ ညိဳ႕က မ်က္ရည္မ်ားၾကားမွ အျပံဳးတစ္ခုကိုပန္ဆင္ထားေပမယ့္ အခန္းအျပင္ဘက္ေရာက္ေတာ့ ေျခေထာက္ေတြဟာ တုန္ရီေနၿပီး တံခါးကိုမွီကာထိုင္ခ်လိုက္မိသည္။

" သခင္ေလးညိဳ႕ ဒဏ္ရာက "

အိမ္ေတာ္ထိန္းျဖစ္တဲ့ ေဒၚဝင္းက ေဆးပံုးေလးကိုင္ကာ ေျပးလာသည္။ ညိဳ႕ရဲ႕ မ်က္ႏွာႏုႏုေလးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနသည္ကအထင္းသား။ ညိဳ႕လည္း ေဒၚဝင္းကိုၾကည့္ကာငိုခ်င္ေနတာကို ထိန္းခ်ဳပ္ထားရသည္။ ေမာင့္ကို႐ိုက္ဖို႔ စိတ္ကိုအမ်ားႀကီးျပင္ဆင္ခဲ့ရတာေလ။

" ရတယ္ ေဒၚဝင္း ၊ ဒီတိုင္းပဲထားလိုက္ ေမာင္ေပးတဲ့ဒဏ္ရာေတြကို ကြၽန္ေတာ္ျမန္ျမန္မေပ်ာက္ေစခ်င္ဘူး "

ျပံဳးစစမ်က္ႏွာေလးကိုၾကည့္ၿပီး ေဒၚဝင္းက ငိုသည္။ သနားစရာေကာင္းလိုက္တဲ့သခင္ေလး။ လူတိုင္းဆီကအခ်စ္ေတြရေနတာေတာင္ သူလိုခ်င္တာက တည္ျမဲကမၻာ ဆီက အခ်စ္တစ္ခုတည္း။ ဒီကေလးက သိပ္သံေယာဇဥ္ႀကီး႐ွာတာ။

" ကဲပါ မငိုနဲ႔ေတာ့ ၊ ကြၽန္ေတာ့္ကို ေဆးလိမ္းေပး "

ညိဳ႕က ေဒၚဝင္းသူ႔အား စိတ္မေကာင္းစြာၾကည့္ေနသည္ကို မျမင္ရက္ေတာ့တာမို႔ အားယူကာ ထလိုက္ရင္း ဧည့္ခန္းထဲမွာ သက္ေတာင့္သက္သာလွဲလိုက္သည္။

" ဟုတ္ကဲ့ပါ သခင္ေလး "

အခန္းထဲမွာ က်န္ခဲ့တဲ့ တည္ျမဲက ဆိုဖာေပၚထိုင္ခ်လိုက္ကာ ေလပူေတြကို ဟူးခနဲ မႈတ္ထုတ္လိုက္သည္။ ေမေမက ညိဳ႕ကို သားအရင္းထက္ပင္ခ်စ္ၿပီး အလိုလိုက္တာ သူအသိဆံုးပင္။ညိဳ႕က သိတတ္တယ္ ၊ လိမၼာတယ္ ၊ လူႀကီးကို႐ိုေသရေကာင္းမွန္းသိတယ္ ၊ ပါးနပ္ၿပီး အရိပ္အေျခအေနသိတယ္ ၊ ဒါေတြေလာက္ပဲ ေမေမကသိထားသည္။ စိတ္႐ႈပ္မႈေတြအျပည့္နဲ႔ စားပြဲတင္ပန္းအိုးကို နံရံသို႔ပစ္ေပါက္ကာ ခြဲလိုက္သည္။အပြင့္အာေနတဲ့ ႏွင္းဆီပန္းအနီႏွစ္ပြင့္သည္ ၾကမ္းျပင္ေပၚတြင္ ကူကယ္ရာမဲ့စြာ ေႂကြလြင့္သြား၏။

" မိႈင္းညိဳ႕ မင္းကအေႏွာက္အယွက္ပဲကြာ "

ဒီအျဖစ္အပ်က္ေတြက ဘယ္ကအစပ်ိဳးခဲ့လည္းဆိုတာကို သိေနေပမယ့္ ျပန္လည္မစဥ္းစားခ်င္ေတာ့။ လျပည့္ညျဖစ္တာေၾကာင့္ ျပည့္ျပည့္ဝဝသာေနတဲ့ လမင္းဟာ ရြန္းပေနၿပီး စိုက္ၾကည့္ေနရင္းနဲ႔တင္ တျဖည္းျဖည္းႀကီးမားလာသလိုခံစားရသည္။

<<<<<<
>>>>>>

ျဖဴလြလြအိပ္ယာခင္းေပၚတြင္ ဒူးေခါင္းကိုလက္ျဖင့္ပိုက္ထားကာ မွန္ျပတင္းမွအျပင္ဘက္တြင္ အစြမ္းကုန္သာေနတဲ့ လမင္းကိုၾကည့္ရင္း စိတ္ေအးခ်မ္းမႈကိုခံစားလိုက္ရ၏။ အိပ္ယာေခါင္းရင္းမွ အလင္းေဖ်ာ့ထားေသာ လ်ွပ္စစ္မီးအိမ္၏ အေရာင္ကသာ ေမွာင္ေနေသာအခန္းအတြင္း မွိန္ပ်ပ်။အခန္းသည္ အတန္ငယ္ ေအးစိမ့္ေနေသာ္လည္း ကိုယ္ေငြ႔ျဖင့္ေႏြးေနေသာေၾကာင့္ ေနရထိုင္ရသက္သာသည္။ ေျခေခ်ာင္းမ်ားကိုစတင္လႈပ္႐ွားလိုက္ၿပီးေနာက္မွာ မွန္တံခါးကိုတြန္းဖြင့္လိုက္သည္။

ေအးစိမ့္ေသာေလထုက ျဖတ္တိုက္သြားၿပီးေနာက္ ကိုယ္လံုးကိုၾကံဳ႕လိုက္မိသည္။လူတစ္ေယာက္စာေနရာ႐ွိေသာ ဝရန္တာေသးေသးေလးက ညိဳ႕တို႔ အိမ္ေတာ္ႀကီး၏ မွန္တံခါးေပါက္တိုင္းတြင္ တြဲလ်က္ေဆာက္ထားသည္။ ဝရန္တာႏွင့္မ်က္ႏွာခ်င္းဆိုင္ျမင္ကြင္းသည္ ျပာလဲ့လဲ့ေရကူးကန္ျဖစ္ၿပီး ေရ
ကန္ေအာက္ေျခတြင္ထြန္းထားေသာ မီးမ်ားေၾကာင့္ ၾကည္လင္ေနေသာကန္ကို အ​ေပၚစီးကေန လွမ္းျမင္ရသည္။

ခံစားခ်က္မဲ့စြာေငးေမာေနရင္းႏွင့္ တစ္ဖက္ဝရန္တာမွအရိပ္တစ္ခုက ရပ္တန္႔ေနသည္ကို မ်က္လံုးေထာင့္မွျဖတ္ခနဲေတြ႔လိုက္ရသည္။ ေမာင္လား ၊ သူမအိပ္ေသးဘူးလား။ အိပ္မေပ်ာ္တာလား။ စေသာအေတြးမ်ားက ပတ္ခ်ာလည္႐ိုက္သြား၍ ထိုေဘးခ်င္းကပ္ဝရန္တာကို လွမ္းၾကည့္လိုက္သည္။ သို႔ေသာ္ ​ေမာင့္အိပ္ခန္းမွ မွန္တံခါးသည္ ပြင့္မေနခဲ့ပါ။ေမာင့္စကားသံတစ္ခ်ဳိ့ကိုေတာ့ ျပန္ၾကားေယာင္လာသည္။

" မင္းတကယ္႐ူးေနတာပဲ " တဲ့။

" ေမာင္ မင္းသိလား ၊ ငါမင္းကိုလက္လႊတ္လိုက္ခ်င္ၿပီ ၊ ဒါေပမယ့္ ငါ့မာနနဲ႔ မင္းကိုခ်စ္တဲ့စိတ္က ငါ့ကိုယ္ငါ နာက်င္ေအာင္ဆက္လုပ္မိဖို႔ တြန္းအားေပးေနတယ္ "

ေပါက္ခနဲက်လာတဲ့မ်က္ရည္ေတြက လက္ခံုေပၚသို႔အခန္႔သားေလး ေနရာယူသည္။ မၾကာခင္မွာပဲ ထိုမ်က္ရည္စေလးေတြက ေအးသြားသည္။ ဒီမ်က္ရည္ေတြလိုပဲ။ ​ေမာင့္ကို ခ်စ္တဲ့ ငါ့ရဲ႕ႏွလံုးသားကလည္း ေအးစက္သြားရင္ေကာင္းမယ္။

" သခင္ေလးညိဳ႕ ၊ အေအးမိပါဦးမယ္ ၊ အထဲျပန္ဝင္ေနာ္ ၊ရာသီဥတုကေအးပါသဘိနဲ႔ ဖ်ားနာကုန္ရင္ ေဒၚဝင္းရင္က်ိဳးရမွာ "

ေဒၚဝင္းက ညိဳ႕အခန္းတံခါးကိုအသာတြန္းဖြင့္ၿပီး ဝင္လာသည္။ ပုခံုးေပၚလႊားေပးတဲ့ ျခံဳထည္ရဲ႕အေႏြးဓာတ္ကို ညိဳ႕ မခံစားမိပါ။ ညိဳ႕ရဲ႕ လက္ေလးေတြက အေအးဓာတ္ေၾကာင့္ ထံုေနၿပီး ​ေအးစက္ေနေလတယ္။ ေဒၚဝင္းက ညိဳ႕ကုိ ခုတင္ေပၚတြဲကာတင္ေပးၿပီး ျပတင္းေပါက္ေတြကို ပိတ္လိုက္သည္။ ထို႔ေနာက္ ေရေႏြးေႏြးေလးစပ္ထားသည့္ ခြက္ထဲ ညိဳ႕ေျခေျခေထာက္ေလးေတြကို အသာထည့္ကာ စိမ္ေစသည္။

" ကြၽန္ေတာ့္ေျခေထာက္က ညစ္ပတ္တယ္ ေဒၚဝင္း ၊ မကိုင္ပါနဲ႔ "

ေဒၚဝင္းက ျပံဳးကာ ညိဳ႕ရဲ႕လက္ေလးေတြကို လက္အိတ္ေလးစြပ္ေပးသည္။

" ဒါက ဒီႏွစ္ဒီဇင္ဘာအတြက္ ေဒၚဝင္းရဲ႕လက္ေဆာင္ပါ ၊ သခင္ေလးအတြက္ ေဒၚဝင္းကိုယ္တိုင္ သိုးေမႊးခ်ည္နဲ႔ထိုးေပးထားတာ ၊ ဒီမွာ ေျခအိတ္ေလးေရာပဲ ၊ အစံုလိုက္ေလး "

ညိဳ႕က သူ႔ရဲ႕လက္ေတြကို တတ္စြမ္းသမ်ွအေႏြးဓာတ္ေပးေနတဲ့ သိုးေမႊးလက္အိတ္ညိဳေလးကို သေဘာတက်ၾကည့္ရင္း ျပံဳးေလတယ္။ကေလးငယ္သဖြယ္ေပ်ာ္ရြင္လာတဲ့ညိဳ႕ဟာ ​ေမာင္႔ေျကာင့္ ျဖစ္တည္ေနတဲ့ နာက်င္မႈေတြကို ခဏတာေမ့သြားခဲ့သည္။

ငါသာ ေမာင့္ထက္သာတဲ့လူကိုေတြ႔ၿပီး ခ်စ္ႏိုင္တယ္ဆိုရင္ အ႐ူးတစ္ေယာက္လို ေမာင့္အနားမွာပဲ တြယ္ကပ္မေနေတာ့ဘူးဆိုတာ ယံုလိုက္။

" ေက်းဇူးတင္ပါတယ္ ေဒၚဝင္း ဟို ​ေမာင့္ အခန္းမီးမွိတ္သြားၿပီလားဟင္ "

က်စ္! အလိုက္မသိပဲ ေမးမိျပန္ၿပီ။

" ဟုတ္ကဲ့ သခင္ေလး တည္ျမဲကမၻာက အခန္းထဲကကိုထြက္မလာေသးတာပါ "

ညိဳ႕ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္းနဲ႔ အျပင္ဘက္အခန္းမီးေရာင္မွ အရိပ္တစ္ခုကိုျဖတ္ခနဲျမင္လိုက္မိျပန္သည္။ ၾကည့္ရတာအနားယူဖို႔လိုေနၿပီထင္တယ္။ စိတ္ပင္ပန္းလို႔ ျမင္ခ်င္ရာေတြေလ်ွာက္ျမင္ေနၿပီ။ ခုဏကျမင္လိုက္ရတာကိုလည္း ေမာင့္အရိပ္လို႔ထင္မိသြားတာ။

" ေဒၚဝင္း အပူေပးစက္ဖြင့္ေပးခဲ့မယ္ "

ညိဳ႕ရဲ႕ နာနီက အပူေပးစက္ကို အခန္းကို အေႏြးဓာတ္ညီမ်ွေအာင္ လွည့္ဖြင့္ၿပီး ခဏရပ္ေနေသးသည္။ ညိဳ႕ သက္ေတာင့္သက္သာ႐ွိလာၿပီး အိပ္ယာထဲမွာေခြေခြေလး လွဲသြားသည္ကိုေတြ႔မွ အခန္းတံခါးအသာပိတ္ကာထြက္သြားေတာ့သည္။ အခန္းေႏြးေႏြးထဲမွာ သက္ျပင္းခ်သံေလးတစ္ခုက ျငင္သာစြာထြက္ေပၚလာသည္။ ခုတင္ေပၚကေကာင္ေလးက အေႏြးဓာတ္ကိုခံစားေနရၿပီး မ်က္ရည္ပူတို႔ တျဖည္းျဖည္းက်ဆင္းလာ၏။

" မေန့က ငါ့အိမ္မက္ထဲမွာ ေမာင္က ငါ့ကိုခ်စ္တယ္လို႔ ေျပာတယ္ ၊ အဲ့ဒါကေလ အိမ္မက္တစ္ခုဆိုရင္ေတာင္ ငါဘယ္ေတာ့မွမႏိုးထခ်င္တဲ့ အိမ္မက္ပဲ "

TBC~~~
15.7.2021

Unicode

Author Note- မဖတ်ခင် Request လုပ်ပါရစေ။ ကိုယ်က unicode မသုံးတာ‌ကြောင့် စာထပ်တာတွေ စာလုံးပေါင်းမှားတာတွေရှိရင် unicode သမားတွေက ဖြည့်ဖတ်‌ပေးဖို့တောင်းဆိုချင်ပါတယ်။

<<<<<<
>>>>>>

(ဇာတ်လမ်း မိတ်ဆက်ခြင်း)

လွန်ခဲ့တဲ့နှစ်တွေတည်းက မောင်ရှိတဲ့ရပ်ဝန်းကိုပဲ ဗဟိုပြုပြီးနေထိုင်လာခဲ့တာ။ အမှန်အတိုင်းဝန်ခံရရင် မောင်က ငါ့ရဲ့ ကမ်ဘာကြီးကို ကိုယ်စားပြုတယ်။ ဒါက ငါ့ရင်ထဲကခံယူချက်ဆိုပေမယ့်၊ မောင့်အနားရှိနေတဲ့နှစ်တွေများလာတာတောင် ငါကတော့မောင့်အတွက်အရေးပါတဲ့လူဖြစ်မလာခဲ့ဘူး။ တစ်ခါတစ်လေ အနားကပြေးထွက်ချင်လောက်အောင်အထိ နာကျင်ရတာကို မောင်သိပါစေ။

ငါလည်းနှလုံးသားရှိတဲ့လူတစ်ယောက်ပဲ မောင်။ ဥပေက္ခာပြုခံရတာတွေများလာရင် နှလုံးသားကလည်း အေးစက်သွားလိမ့်မယ်။

ဝေခွဲရခက်တယ် မောင်။ မင်းကိုမချစ်ပဲနဲ့လည်းမနေနိုင်သလို ငါ့ဘက်ကပဲအလိုက်သိပေးနေရတာကိုလည်း ပင်ပန်းနေပြီ။

ပစ္စုပ္ပန်အချိန်ကာလမှ အိမ်ထောင်ရေးသည် ဤတွင်စတင်သည်။

ကျယ်လောင်တဲ့လက်ဝါးသံက ကြားရသူအဖို့ပင် ကြောက်ဒူးတုန်လောက်သည်။

သို့သော် အမျိုးသားငယ်သည် သူ့အားလက်ပါလာသူကို စူးရဲစွာစိုက်ကြည့်နေရင်းနဲ့ များမကြာခင်အချိန်အတွင်းမှာပဲ ဟားခနဲ ခေါင်းမော့ကာ ရယ်မောလိုက်သည်။ မျက်ရည်တစ်ချို့က သူ၏ မျက်ဝန်းထောင့်များမှ စီးကျသွားသော်လည်း သူဟာ ငိုနေဟန်မတူ။ စိတ်ပျက်နေသည့်မျက်နှာအမူအယာကအထင်းသားဖြစ်သည်။ ပိရိသေသပ်သော ဖူးကြွကြွ နှုတ်ခမ်းတစ်စုံက ခပ်ဟဟပွင့်နေကာ အမည်နာမတစ်ခုကို ထပ်ခါထပ်ခါရေရွတ်နေသည်။

" ငါပြောတဲ့စကားထဲမှာ ရယ်စရာပါနေလို့လား "

အမျိုးသားလေး၏ရှေ့မှလူက မျက်မှောင်ကြုတ်လို့မေးငေါ့လာသည်။ ထိုသူ့ဆီမှစကားသံက သြရှရှဖြင့် မာန်ပါ၏။ အမျိုးသားလေး၏ နှလုံးသားက ထိုလူ၏သြရှသောအသံကြောင့်ယားယံသွားသည်။ ကိုယ်မဟုတ်တဲ့ တစ်ခြားသူကိုချစ်စကားတွေတဖွဖွပြောသည့်အချိန်တွင်သူ့အသံကသေချာပေါက် တစ်ဖက်လူ၏နှလုံးသားတစ်စုံကိုကိုင်လှုပ်နိုင်ပါလိမ့်မည်။ ကိုယ့်ကိုကျတော့ မာထန်သောအသံ ၊ ကြမ်းတမ်းသော အပြုအမူများဖြင့် သူကဆက်ဆံတတ်သည်။

" မင်းဆက်ဆက်ထိမခံဖြစ်နေတာက ရယ်စရာကောင်းနေလို့လေ မောင် ၊ မောင် မင်းမျက်နှာကဖြစ်သွားတဲ့အမူအရာက ရယ်စရာကောင်းတယ် "

ညို့၏ အကျီကော်လံကို ဆွဲထားတဲ့ မောင့်ရဲ့ လက်တွေကိုဖြုတ်ချကာ အားယူလျက် မောင့်ပါးပြင်ကိုလက်ပြန်ရိုက်ချလိုက်သည်။ ငါလည်းလူပဲ နာကျင်တတ်တယ်မောင်။ မောင့်ပါးကိုငါရိုက်လိုက်တဲ့အချိန် မောင်နာကျင်တာထက် ငါကပိုပြီးရင်နာရတယ်။

" မိန်းမတစ်ယောက်ကြောင့် ငါ့ပါးကိုမောင်ကရိုက်တယ်ပေါ့ ၊ တကယ်ဆိုရင် မောင်ကမှ မွားတဲ့သူမဟုတ္ဘူးလား ၊ မောင်လုပ်ထားတာ ဘာတွေများမှန်နေလို့ ငါ့ပါးပေါ် လက်တင်ရဲတာလဲ ပြောပါဦး ၊ ရှင်းပြစမ်းပါဦး "

အံ့သြရိပ်တွေသမ်းသွားတဲ့ မောင့်မျက်နှာက မကြာခင်မှာပဲ ပြန်လည်တင်းမာသွားသည်။ မောင့်ရဲ့ လက်အကြီးကြီးတစ်ဖက်က ညို့ကိုခါးမှသိမ်းကြုံးဖက်ကာ သူ့ရင်ဘက်နှင့်ကပ်သွားအောင်ဆွဲယူလိုက်သည်။ မောင်နဲ့ယှဉ်ရင် ညို့ခန္တာကိုယ်က ပိန်ပါးနေတာမို့ လူက မောင့်လက်ထဲ စွေ့ခနဲပါသွားရသည်။

" ငါ့ကိုမထိနဲ့ သူ့ကိုထိထားတဲ့လက်တွေနဲ့ ငါ့ကိုမထိနဲ့ ရွံတယ် "

မောင့်ရဲ့ သွားကြိတ်သံထွက်လာပြီး မေးကြောတွေပါထောင်လာတာမြင်ရတော့ ညို့မျက်နှာလွှဲလိုက်သည်။ မောင်က ဘယ်လိုနေနေချောတယ်။ ချောလွန်းလို့ကို သိပ်မုန်းဖို့ကောင်းတာ။သူ့ရဲ့မျက်နှာချောချောကြောင့် ညို့နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။ စတွေ့တည်းက မောင်က သိပ်ဆွဲဆောင်မှုရှိခဲ့တာ။

အချိန်တွေကိုသာနောက်ပြန်ဆုတ်လို့ရရင် ငါမောင့်ကိုမချစ်ဖို့ ငါ့နှလုံးသားကို သတိပေးခဲ့မိမှာ။

" ကွာရှင်းပေး ၊ ငါဘယ်တုန်းကမှမင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုပြီးမတွေးဖူးဘူး "

" ငါသေမှပဲမောင် သူ့ဆီသွားလို့ရမယ် ၊ ငါဒီလိုတော့ အရှုံးအပေးနိုင်ဘူး ၊ မောင်သူ့ကိုအရေးပေးနေတာတွေကို မုန်းလို့ တမင်မကွာရှင်းပေးတာသိလား ၊ ငါမောင့်ကိုချစ်လို့ယူခဲ့တာ ကွာရှင်းဖို့မဟုတ်ဘူးဆိုတာ မှတ်ထားလိုက် "

မေးကြောတွေတင်းနေသူရဲ့ အရှေ့ကိုရပ်ကာ မော့ကြည့်လိုက်သည်။ မောင်က နိုင်ငံခြားသွေးနှော၍ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနှင့် ကြံ့ခိုင်သည့် ကိုယ်ထည်ရှိသည်။ ခပ်ညိုညိုမျက်ဝန်းတစ်စုံက ပုံမှန်အချိန်ဆို နူးညံ့နေတတ်သော်လည်း ခက်ထန်ခြင်းတစ်မျိူးဖြင့် ကြည့်ကောင်းလေသည်။ မောင်က ညို့အတွက်တော့ တွေ့ဖူးသမျှယောကျာ်းတွေထဲမှာ အချောဆုံးဖြစ်ပါသည်။

" ဒေါသသိပ်မကြီးနဲ့ မောင် ၊ မေမေ့ကျန်းမာရေးကိုသတိရဦး မင်းဖြတ်တောက်ချင်ရင်တောင်မှ ဖြတ်တောက်ဖို့မဖြစ်နိုင်တဲ့ ဆက်ဆံရေးတွေရှိတယ် "

မောင် ငေးငေးငိုင်ငိုင်ဖြစ်သွားစဉ်မှာ ညို့ကအခန်းအပြင်ထွက်သွားလေပြီ။ ညို့က မျက်ရည်များကြားမှ အပြုံးတစ်ခုကိုပန်ဆင်ထားပေမယ့် အခန်းအပြင်ဘက်ရောက်တော့ ခြေထောက်တွေဟာ တုန်ရီနေပြီး တံခါးကိုမှီကာထိုင်ချလိုက်မိသည်။

" သခင်လေးညို့ ဒဏ်ရာက "

အိမ်တော်ထိန်းဖြစ်တဲ့ ဒေါ်ဝင်းက ဆေးပုံးလေးကိုင်ကာ ပြေးလာသည်။ ညို့ရဲ့ မျက်နှာနုနုလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်ကအထင်းသား။ ညို့လည်း ဒေါ်ဝင်းကိုကြည့်ကာငိုချင်နေတာကို ထိန်းချုပ်ထားရသည်။ မောင့်ကိုရိုက်ဖို့ စိတ်ကိုအများကြီးပြင်ဆင်ခဲ့ရတာလေ။

" ရတယ် ဒေါ်ဝင်း ၊ ဒီတိုင်းပဲထားလိုက် မောင်ပေးတဲ့ဒဏ်ရာတွေကို ကျွန်တော်မြန်မြန်မပျောက်စေချင်ဘူး "

ပြုံးစစမျက်နှာလေးကိုကြည့်ပြီး ဒေါ်ဝင်းက ငိုသည်။ သနားစရာကောင်းလိုက်တဲ့သခင်လေး။ လူတိုင်းဆီကအချစ်တွေရနေတာတောင် သူလိုချင်တာက တည်မြဲကမ်ဘာ ဆီက အချစ်တစ်ခုတည်း။ ဒီကေလးက သိပ်သံယောဇဉ်ကြီးရှာတာ။

" ကဲပါ မငိုနဲ့တော့ ၊ ကျွန်တော့်ကို ဆေးလိမ်းပေး "

ညို့က ဒေါ်ဝင်းသူ့အား စိတ်မကောင်းစွာကြည့်နေသည်ကို မမြင်ရက်တော့တာမို့ အားယူကာ ထလိုက်ရင်း ဧည့်ခန်းထဲမှာ သက်တောင့်သက်သာလှဲလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်လေး "

အခန်းထဲမှာ ကျန်ခဲ့တဲ့ တည်မြဲက ဆိုဖာပေါ်ထိုင်ချလိုက်ကာ လေပူတွေကို ဟူးခနဲ မှုတ်ထုတ်လိုက်သည်။ မေမေက ညို့ကို သားအရင်းထက်ပင်ချစ်ပြီး အလိုလိုက်တာ သူအသိဆုံးပင်။ညို့က သိတတ်တယ် ၊ လိမ္မာတယ် ၊ လူကြီးကိုရိုသေရကောင်းမှန်းသိတယ် ၊ ပါးနပ်ပြီး အရိပ်အခြေအနေသိတယ် ၊ ဒါတွေလောက်ပဲ မေမေကသိထားသည်။ စိတ်ရှုပ်မှုတွေအပြည့်နဲ့ စားပွဲတင်ပန်းအိုးကို နံရံသို့ပစ်ပေါက်ကာ ခွဲလိုက်သည်။အပွင့်အာနေတဲ့ နှင်းဆီပန်းအနီနှစ်ပွင့်သည် ကြမ်းပြင်ပေါ်တွင် ကူကယ်ရာမဲ့စွာ ကြွေလွင့်သွား၏။

" မှိုင်းညို့ မင်းကအနှောက်အယှက်ပဲကွာ "

ဒီအဖြစ်အပျက်တွေက ဘယ်ကအစပျိုးခဲ့လည်းဆိုတာကို သိနေပေမယ့် ပြန်လည်မစဉ်းစားချင်တော့။ လပြည့်ညဖြစ်တာကြောင့် ပြည့်ပြည့်ဝဝသာနေတဲ့ လမင်းဟာ ရွန်းပနေပြီး စိုက်ကြည့်နေရင်းနဲ့တင် တဖြည်းဖြည်းကြီးမားလာသလိုခံစားရသည်။

<<<<<<
>>>>>>

ဖြူလွလွအိပ်ယာခင်းပေါ်တွင် ဒူးခေါင်းကိုလက်ဖြင့်ပိုက်ထားကာ မှန်ပြတင်းမှအပြင်ဘက်တွင် အစွမ်းကုန်သာနေတဲ့ လမင်းကိုကြည့်ရင်း စိတ်အေးချမ်းမှုကိုခံစားလိုက်ရ၏။ အိပ်ယာခေါင်းရင်းမှ အလင်းဖျော့ထားသော လျှပ်စစ်မီးအိမ်၏ အရောင်ကသာ မှောင်နေသောအခန်းအတွင်း မှိန်ပျပျ။အခန်းသည် အတန်ငယ် အေးစိမ့်နေသော်လည်း ကိုယ်ငွေ့ဖြင့်နွေးနေသောကြောင့် နေရထိုင်ရသက်သာသည်။ ခြေချောင်းများကိုစတင်လှုပ်ရှားလိုက်ပြီးနောက်မှာ မှန်တံခါးကိုတွန်းဖွင့်လိုက်သည်။

အေးစိမ့်သောလေထုက ဖြတ်တိုက်သွားပြီးနောက် ကိုယ်လုံးကိုကြုံ့လိုက်မိသည်။လူတစ်ယောက်စာနေရာရှိသော ဝရန်တာသေးသေးလေးက ညို့တို့ အိမ်တော်ကြီး၏ မှန်တံခါးပေါက်တိုင်းတွင် တွဲလျက်ဆောက်ထားသည်။ ဝရန်တာနှင့်မျက်နှာချင်းဆိုင်မြင်ကွင်းသည် ပြာလဲ့လဲ့ရေကူးကန်ဖြစ်ပြီး ရေ
ကန်အောက်ခြေတွင်ထွန်းထားသော မီးများကြောင့် ကြည်လင်နေသောကန်ကို အပေါ်စီးကနေ လှမ်းမြင်ရသည်။

ခံစားချက်မဲ့စွာငေးမောနေရင်းနှင့် တစ်ဖက်ဝရန်တာမှအရိပ်တစ်ခုက ရပ်တန့်နေသည်ကို မျက်လုံးထောင့်မှဖြတ်ခနဲတွေ့လိုက်ရသည်။ မောင်လား ၊ သူမအိပ်သေးဘူးလား။ အိပ္မေပ်ာ္တာလား။ စေသာအေတြးမ်ားက ပတ်ချာလည်ရိုက်သွား၍ ထိုဘေးချင်းကပ်ဝရန်တာကို လှမ်းကြည့်လိုက်သည်။ သို့သော် မောင့်အိပ်ခန်းမှ မှန်တံခါးသည် ပွင့်မနေခဲ့ပါ။မောင့်စကားသံတစ်ချို့ကိုတော့ ပြန်ကြားယောင်လာသည်။

" မင်းတကယ်ရူးနေတာပဲ " တဲ့။

" မောင် မင်းသိလား ၊ ငါမင်းကိုလက်လွှတ်လိုက်ချင်ပြီ ၊ ဒါပေမယ့် ငါ့မာနနဲ့ မင်းကိုချစ်တဲ့စိတ်က ငါ့ကိုယ်ငါ နာကျင်အောင်ဆက်လုပ်မိဖို့ တွန်းအားပေးနေတယ် "

ပေါက်ခနဲကျလာတဲ့မျက်ရည်တွေက လက်ခုံပေါ်သို့အခန့်သားလေး နေရာယူသည်။ မကြာခင်မှာပဲ ထိုမျက်ရည်စလေးတွေက အေးသွားသည်။ ဒီမျက်ရည်တွေလိုပဲ။ မောင့်ကို ချစ်တဲ့ ငါ့ရဲ့နှလုံးသားကလည်း အေးစက်သွားရင်ကောင်းမယ်။

" သခင်လေးညို့ ၊ အအေးမိပါဦးမယ် ၊ အထဲပြန်ဝင်နော် ၊ရာသီဥတုကအေးပါသဘိနဲ့ ဖျားနာကုန်ရင် ဒေါ်ဝင်းရင်ကျိုးရမှာ "

ဒေါ်ဝင်းက ညို့အခန်းတံခါးကိုအသာတွန်းဖွင့်ပြီး ဝင်လာသည်။ ပုခုံးပေါ်လွှားပေးတဲ့ ခြုံထည်ရဲ့အနွေးဓာတ်ကို ညို့ မခံစားမိပါ။ ညို့ရဲ့ လက်လေးတွေက အအေးဓာတ်ကြောင့် ထုံနေပြီး အေးစက်နေလေတယ်။ ဒေါ်ဝင်းက ညို့ကို ခုတင်ပေါ်တွဲကာတင်ပေးပြီး ပြတင်းပေါက်တွေကို ပိတ်လိုက်သည်။ ထို့နောက် ရေနွေးနွေးလေးစပ်ထားသည့် ခွက်ထဲ ညို့ခြေခြေထောက်လေးတွေကို အသာထည့်ကာ စိမ်စေသည်။

" ကျွန်တော့်ခြေထောက်က ညစ်ပတ်တယ် ဒေါ်ဝင်း ၊ မကိုင်ပါနဲ့ "

ဒေါ်ဝင်းက ပြုံးကာ ညို့ရဲ့လက်လေးတွေကို လက်အိတ်လေးစွပ်ပေးသည်။

" ဒါက ဒီနှစ်ဒီဇင်ဘာအတွက် ဒေါ်ဝင်းရဲ့လက်ဆောင်ပါ ၊ သခင်လေးအတွက် ဒေါ်ဝင်းကိုယ်တိုင် သိုးမွှေးချည်နဲ့ထိုးပေးထားတာ ၊ ဒီမွာ ခြေအိတ်လေးရောပဲ ၊ အစုံလိုက်လေး "

ညို့က သူ့ရဲ့လက်တွေကို တတ်စွမ်းသမျှအနွေးဓာတ်ပေးနေတဲ့ သိုးမွှေးလက်အိတ်ညိုလေးကို သဘောတကျကြည့်ရင်း ပြုံးလေတယ်။ကလေးငယ်သဖွယ်ပျော်ရွင်လာတဲ့ညို့ဟာ မောင့်ကြောင့် ဖြစ်တည်နေတဲ့ နာကျင်မှုတွေကို ခဏတာမေ့သွားခဲ့သည်။

ငါသာ မောင့်ထက်သာတဲ့လူကိုတွေ့ပြီး ချစ်နိုင်တယ်ဆိုရင် အရူးတစ်ယောက်လို မောင့်အနားမှာပဲ တွယ်ကပ်မနေတာ့ဘူးဆိုတာ ယုံလိုက်။

" ကျေးဇူးတင်ပါတယ် ဒေါ်ဝင်း ဟို မောင့် အခန်းမီးမှိတ်သွားပြီလားဟင် "

ကျစ်! အလိုက်မသိပဲ မေးမိပြန်ပြီ။

" ဟုတ်ကဲ့ သခင်လေး တည်မြဲကမ်ဘာက အခန်းထဲကကိုထွက်မလာသေးတာပါ "

ညို့ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်းနဲ့ အပြင်ဘက်အခန်းမီးရောင်မှ အရိပ်တစ်ခုကိုဖြတ်ခနဲမြင်လိုက်မိပြန်သည်။ ကြည့်ရတာအနားယူဖို့လိုနေပြီထင်တယ်။ စိတ်ပင်ပန်းလို့ မြင်ချင်ရာတွေလျှောက်မြင်နေပြီ။ ခုဏကမြင်လိုက်ရတာကိုလည်း မောင့်အရိပ်လို့ထင်မိသွားတာ။

" ဒေါ်ဝင်း အပူပေးစက်ဖွင့်ပေးခဲ့မယ် "

ညို့ရဲ့ နာနီက အပူပေးစက်ကို အခန်းကို အနွေးဓာတ်ညီမျှအောင် လှည့်ဖွင့်ပြီး ခဏရပ်နေသေးသည်။ ညို့ သက်တောင့်သက်သာရှိလာပြီး အိပ်ယာထဲမှာခွေခွေလေး လှဲသွားသည်ကိုတွေ့မှ အခန်းတံခါးအသာပိတ်ကာထွက်သွားတော့သည်။ အခန်းနွေးနွေးထဲမှာ သက်ပြင်းချသံလေးတစ်ခုက ငြင်သာစွာထွက်ပေါ်လာသည်။ ခုတင်ပေါ်ကကောင်လေးက အနွေးဓာတ်ကိုခံစားနေရပြီး မျက်ရည်ပူတို့ တဖြည်းဖြည်းကျဆင်းလာ၏။

" ငါ့အိမ်မက်ထဲမှာ မောင်က ငါ့ကိုချစ်တယ်လို့ ပြောတယ် ၊ အဲ့ဒါကေလ အိမ်မက်တစ်ခုဆိုရင်တောင် ငါဘယ်တော့မှမနိုးထချင်တဲ့ အိမ်မက်ပဲ "

TBC~~~
15.7.2021

Continue Reading

You'll Also Like

265K 12.2K 20
Bl Myanmar ဆက္သူရ+သစ္လြင္ Bl Myanmar ဆက်သူရ+သစ်လွင် Zaw+uni 🔞🔞
382K 41.7K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
860K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...