Sex At 7/11 (completed)

By helios___

89.2K 3K 500

(Unicode+Zawgyi) Smut everywhere!!! Big Warningโ—๏ธ Many mature contents are contain in this FanFiction OffJum... More

Part-1๐Ÿ’š
Part-3๐Ÿ’š
Part-4๐Ÿ’š
Part-5๐Ÿ’š
Part-6๐Ÿ’š
Part-7๐Ÿ’š
Part-8๐Ÿ’š
Part-9๐Ÿ’š
Part-10๐Ÿ’š
Part-11๐Ÿ’š
Part-12๐Ÿ’š
Part-13๐Ÿ’š
Part-14๐Ÿ’š
Part-15๐Ÿ’š
Part-16๐Ÿ’š
Part-17๐Ÿ’š
Part-18๐Ÿ’š
Part-19๐Ÿ’š
Final ๐Ÿ’š
Real Baby V/S Fake Baby
PUNISHMENT
Perfect Future

Part-2๐Ÿ’š

7.8K 178 16
By helios___

Unicode

"ကျွန်တော်နဲ့......fu*k..မလား.....ဦးဂျွန်ပေါ....."

ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ကောင်လေးဆီကဒီလိုစကားမျိုးကြားလိုက်တော့ Off Jumpol ဒေါသထွက်သွားမိသည် ။
ပင်ကိုယ်အသားကပဲဖြူလို့လားမသိ ချက်ချင်းနီရဲလာတဲ့မျက်နှာမှာ ဒေါသရိပ်တွေကပြေးလွှားနေတာအထင်းသား

*ဘယ်လိုတောင်ရိုင်းရတာလဲ ပြီးတော့ငါ့နာမည်ကိုရော ဘယ်လိုလုပ်ပြီးသိနေတာလဲ*

"ဟားဟား ကျွန်တော်ကစတာပါဗျာ ဒီလောက်လည်းဖြစ်ပျက်မနေပါနဲ့ ကြည့်ရတာ စိတ်ပါသွားလို့များလား"

နှုတ်ခမ်ကိုလျှာနဲ့သပ်လိုက်ရင်းပြောလာတဲ့ကားတွေကစိတ်ကိုတိုအောင်တမင်လာစနေသလို

"မင်းစကားတွေရပ်တန်းကရပ်ရင်ကောင်းလိမ့်မယ်"

"ဟုတ်ပြီလေ ဘယ်သူအမိန့်ပေးတာမှနားမထောင်ဖူးပေမယ့်
ဒီတစ်ခါတော့ရပ်ပေးလိုက်မယ်"

အချိန်အတော်ကြာတဲ့ Off Jumpol ဘာပြန်ပြောရမှန်းမသိပေ
ဒီအရိုင်းအစိုင်းကိုဆိုင်ထဲကနေဘယ်လိုထွက်အောင်လုပ်ရမလဲဆိုတာကိုပဲအကြံထုတ်နေမိသည်

Gun ကဘောင်းဘီအိတ်ကပ်ထဲလိုက်နှိုက်ပြီး ဆေးလိပ်ကိုထုတ်ရင်း မီးညှိမယ်လုပ်တော့

"ဟေ့ဟေ့ ဆိုင်ထဲမှာစီးကရက်သောက်လို့မဘူးလေ လူလိုနားမလည်ဘူးလား"

ပြောနေတဲ့စကားကိုကြားဟန်တောင်မပေါ်တဲ့ကောင်လေးကတော့ဆေးလိပ်ကိုဖြည်းဖြည်းချင်းဇိမ်ဆွဲပြီးသောက်နေဆဲ

"မင်းကဘယ်လိုကောင်လဲကွ အခုချက်ချင်းဆိုင်ထဲကထွက်သွား"

လူလိုမသိတဲ့အရိုင်းအစိုင်းကတော့ပြောတာကိုနည်းနည်းလေးမှရုမစိုက်တဲ့အပြင်ဆေးလိပ်ငွေ့တွေကိုမျက်နှာတည့်တည့်ကိုမှုတ်ထုတ်လိုက်ပြီး

"နေပါဦး ဦးဂျွန်ပေါကလည်း စိတ်ချည်းပဲ ကျွန်တော်ကအချိန်ပိုင်းအလုပ်လုပ်ချင်လို့ပါ"

"ဘာ အချိန်ပိုင်းအလုပ်ဟုတ်လား မင်းလိုကောင်မျိုးကိုခန့်မယ့်အစားငါ့ဆိုင်ပဲပိတ်လိုက်မယ် အခုထွက်သွားလိုက်တော့ကောင်လေး ငါစိတ်မတိုချင်ဘူး"

မျက်နှာကြီးနီရဲကာဒေါသတကြီးပြောနေတဲ့လူကြီးကိုကြည့်ပြီး Gun ကတော့တဟားဟားရယ်ကာ သဘောတွေကျနေလေရဲ့

ဒီကောင်လေးကဘာတွေအဲ့လောက်သဘောကျနေတာလဲ
မသိချင်ဘူး.......ဒီအချိန်မှာဒီကောင်မြန်မြန်ထွက်သွားဖို့သာအရေးကြီးသည်

"အလုပ်မပေးမချင်းမသွားဘူးဗျာ လုပ်စမ်းပါ ကျွန်တော်အိမ်လခပေးဖို့လိုနေတယ်"

"ငါ​ကပြောပြီးသားစကားကိုမပြင်တတ်ဘူး"

"အဟက် ဟုတ်ပြီလေ ကျွန်တော်ကလည်းဆုံးဖြတ်ချက်ကိုမပြင်တတ်ဘူး ဦးဂျွန်ပေါကိုတော့တစ်ကယ်ကြိုက်သွားပြီ..."

ရင်ခုန်သွားသည်လား စိတ်လှုပ်ရှားသည်လားတော့မသိ
ဒီကောင်လေးရဲ့ကြိုက်သွားပြီဆိုတဲ့စကားကြားလိုက်တာနဲ့
သေချာတာကတော့ကျောချမ်းမိသည်။

~~~~~~~~~~7/11~~~~~~~~~

"ဟိုကောင်ဒီလထဲမှာပျက်တာဘယ်နှစ်ချိန်ရှိနေပြီလဲ"

"ပျက်တာဘယ်နှစ်ချိန်လဲလို့မေးတာထက် တက်တာဘယ်နှစ်ချိန်လဲလို့မေးရင်ဖြေရတာပိုလွယ်တယ်ဆရာမရေဒီနှစ်လည်းကျဦးမှာမြင်ယောင်သေးတယ်"

ဘေးကဆရာမလေးကစိတ်မရှည်စွာဝင်ဖြေတော့အနီးနားမှာထိုင်နေတဲ့ဆရာမတွေအကုန်သက်ပြင်းချလိုက်သည် ။
ရုံးခန်းအပြင်မှာနံရံကိုမှီရင်း စိတ်ပျက်လက်ပျက်ရပ်နေတဲ့ Gun ကဒါတွေအကုန်ကြားပေမယ့် ရုံးခန်းထဲကိုမဝင်ဖြစ်
မလာမှာသိတဲ့အဖေကိုခေါ်ခိုင်းပြန်တယ်လေ
ဦးနှောက်မရှိတာသူတို့မှအစစ် အဟက်

"ဟဲ့ဟဲ့ ဟိုကောင်ဘယ်ရောက်သွားပြန်ပြီလဲ"

ရုံးခန်းထဲကထွက်လာတဲ့ဆရာမလေးရဲ့ပြာပြာသလဲပြောတဲ့အသံကြားတော့တစ်ခြားဆရာမတစ်ယောက်ကအေးအေးဆေးဆေးပင်ထွက်လာရင်း

"သူ့ကိုများမေးနေသေးတယ် အတန်းလစ်ပြီး မိန်းမပျက်တွေနဲ့ပဲရှိနေဦးမှာပေါ့"

ခပ်တိုးတိုးသက်ပြင်းချသံတွေကတော့ပြိုင်တူထွက်ပေါ်လျှက်။
Gun ဆိုတဲ့ကောင်လေး ဘယ်လောက်ဆိုးကြောင်း
တစ်ကျောင်းလုံးကကောင်းကောင်းသိထားပြီးသားမို့...။

••••••••••••••••••••••••••••••••••
အခန်းတစ်ခန်းလုံး ဟိုနေရာဒီနေရာအားလုံး ရှုပ်ပွလျှက်
သောက်လက်စဘီယာဗူးခွံတွေ ဆေးလိပ်အတိုတွေ
တန်းပေါ်မှာဖြစ်သလိုပစ်တင်ထားတဲ့အဝတ်တွေနဲ့
ဘေစင်ထဲမှာမဆေးဘဲထည့်ထားတဲ့ပန်းကန်တွေကစိတ်ပျက်စရာအတိ......
ခုတင်ပေါ်မှာတော့အဝတ်မပါတဲ့လူတစ်ယောက်ကခြေပစ်လက်ပစ်
သူ့ဘေးမှာလား................
သူ့ဘေးမှာတော့အဝတ်မပါတဲ့မိန်းမတစ်ယောက်ပေါ့

"ငြိမ်လိုက်တာနော် လုပ်နေရင်း သာယာတဲ့အသံလေးတောင်ထွက်မလာဘူး"

Gun ရဲ့ခန္ဓာကိုယ်ပေါ်ကို ထိုမိန်းကလေးကခွထိုင်လိုက်ရင်း ညုတုတုအသံနဲ့ပြောတော့
Gun ကဖုန်းထဲက game ကိုသာ သည်းကြီးမည်းကြီးဆော့နေပြီး ဘာတစ်ခုမှပြန်မပြော

"Gun ကလူကောင်သာသေးတာ မိုက်တော့မိုက်သား"

ထိုမိန်းကလေးက Gun ရဲ့အောက်ပိုင်းတစ်နေရာကိုပွတ်သတ်ရင်း ရယ်စရာမရှိပါဘဲရယ်မောနေလေရဲ့

"ကိစ္စပြီးရင်ပြန်တော့ အာရုံနောက်တယ်"

"အဲ့လိုပဲအမြဲနှင်လွှတ်နေတော့မှာလား ဘာလဲ တို့ကသာယာဖို့မကောင်းလို့လားဟင်"

"မင်းကမကောင်းတာလုပ်စားတာပဲလေ
ကိုယ့်အလုပ်ကိုယ်လုပ် သောက်ပိုတွေပြောမနေနဲ့"

Gun ကကိုယ်ပေါ်မှာခွထိုင်နေတဲ့မိန်းကလေးကို စိတ်မရှည်စွာပြောရင်း​ဘေးကိုခပ်ကြမ်းကြမ်းတွန်းချလိုက်တော့
ကောင်မလေးကနှုတ်ခမ်းဆူရင်း

"သေပါပြီ Gun ရယ် ဘယ်လိုတောင်လုပ်လိုက်တာလဲ
ပြန်စေချင်တယ်ဆို​ကိုယ်လှုပ်ခလေးတော့ပေးဦးမှပေါ့"

လက်ဖြန့်လာရင်းစကားကိုချွဲပစ်နေအောင်ပြောနေပုံက Gun အတွက်တစ်စက်ကလေးမှဆွဲဆောင်မှုမရှိ
မိန်းမတစ်ယောက်က Gun စိတ်ဖြေဖို့သက်သက်အပြင် ဘာမှအရေးမပါလှ ဘာအလှအပမှလည်းခံစားလို့မရ သူ့အတွက်က သူခံစားလို့ကောင်းရင်ပြီးပြီ မကောင်းတော့ရင်တော့ နောက်တစ်ယောက်ပေါ့ ဒီလောက်ပဲ

"မင်းနောက်တစ်ခါအလုပ်လုပ်ချင်သေးတယ်ဆိုရင်မြန်မြန်လစ်လိုက်တော့ ငါအားနေတာမဟုတ်ဘူး"

"စိတ်ချည်းပဲရှင်ရယ် သွားပါ့မယ်"

ကောင်မလေးကပြောပြောဆိုဆိုနဲ့အဝတ်အစားတွေဝတ်ရင်းထွက်သွားတော့ Gun လည်းအနားမှာရှိတဲ့ဘောင်းဘီတိုကိုကောက်စွပ်လိုက်ရင်းပြတင်းပေါက်ရှိရာကိုထွက်လာလိုက်သည်။
ဆိုင်ထဲကိုလှမ်းကြည့်တော့စကားပြောနေတယ်ထင်ရတဲ့အသက်ခပ်ကြီးကြီးလူနှစ်ယောက်.......။

"Arm ငါမင်းကိုမေးစရာရှိတယ်"

ဒီပတ်ဝန်းကျင်မှာအိမ်ခြံမြေပွဲစား Arm ဆိုတာ မသိတဲ့သူမရှိသလို Arm မသိတဲ့သူဆိုတာလည်းမရှိသလောက်ရှားတယ်
Arm က Off နဲ့အသက်အတူတူ အထက်တန်းတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပေမယ့် အကျင့်စရိုက်ချင်းကတော့နည်းနည်းလေးမှမတူပေ
Off ကအနေအေးပြီးလူကြီးဆန်သလောက် Arm ကတော့ ငယ်ငယ်တည်းကဟိုစပ်စပ်ဒီစပ်စပ်အမြဲပါလေ့ရှိတယ်
အဲ့ဒါကြောင့်ပဲပွဲစားဖြစ်လာတယ်ထင်ပါရဲ့

*ဒီတစ်ခါတော့သူ့ကိုပဲမေးကြည့်ရတော့မှာပဲ* လို့ဆုံးဖြတ်ရင်း

"မင်းသူ့ကိုသိလား Arm"

စကားအဆုံးမှာ Arm က ပါးစပ်ထဲကိုခေါက်ဆွဲအပြည့်ထည့်ရင်း ရှေ့မှာ Off ပြနေတဲ့ CCTV record ကိုကြည့်နေတယ်
ပြီးတော့မှတစ်ချက်သတိရသွားတဲ့ပုံနဲ့

"သိတယ် သိတယ်"

Off ကဘာဆက်ပြောမလဲစောင့်နေပေမယ့် Arm က သိတယ်ဆိုတာအပြင်ဘာမှဆက်မပြောဘဲ ခေါက်ဆွဲကိုသာသည်းကြီးမည်းကြီးငုံ့စားနေပုံကခုနှစ်ရက်လောက်ငတ်ပြတ်နေသလိုပဲ

"မင်းငတ်များငတ်နေတာလား ငါမေးတာလေးသေချာပြောပါဦး"

"ပြောပါ့မယ့် စားပြီးရင်ပြောမှာပေါ့ဘယ်လိုဖြစ်နေတာလဲ
အဲ့ဒီကောင်လေးကစရိုက်ကျတယ်ပဲပြောရမလား
ရိုင်းတယ်ပဲပြောရမလား ခပ်ဆိုးဆိုးပါကွာ ဒီရပ်ကွက်ထဲကိုပြောင်းလာတာသုံးလလောက်ပဲရှိသေးတယ် မင်းမသိဘူးလား ဒီရှေ့ကတိုက်မှာနေတာလေ"

"ဘာ ဒီရှေ့ကတိုက် ဟုတ်လား"

"အင်းလေ ငါပဲတိုက်ခန်းရှာပေးလိုက်တာ နာမည်က Gun ဘာဆိုလား"

ဂြိုလ်ဆိုးကတော့အတောင့်လိုက်ဝင်တယ်ပဲပြောရမလား
ဒုက္ခပေးမယ့်သူကရှေ့တည့်တည့်ကြီးမှာရောက်နေပြီ။

ည 9:30 နေတာကြောင့် ဆိုင်ထဲမှာလူရှင်းနေလေသည်
ဒီနေ့လူအရမ်းရှင်းနေတာကြောင့် Off တစ်ယောက် ကောင့်တာခုံပေါ်လက်ထောက်ရင်းမေးတင်ကာငိုက်နေကာ ခဏခဏသမ်းဝါနေမိသည်

"အား....အချိန်ပိုင်းအလုပ်သမားမြန်မြန်မရရင် ငါသေသွားလောက်လားမသိဘူး
မနေ့ညကလည်းမအိပ်ရဘူး"

အပြင်မှာမှောင်မည်းနေတဲ့အပြင်လူသွားလူလာပင်မရှိ
ဒီအခြေအနေမျိုးမှာဝယ်သူလည်းမလာနိုင်တာကြောင့်ခုံပေါ်ခေါင်းတင်ပြီးအိပ်ဖို့ဆုံးဖြတ်လိုက်သည်

နားထဲမှာကြားလာတဲ့ တဒေါက်ဒေါက်အသံက တဖြည်းဖြည်းပိုကျယ်လာတာကြောင့်မျက်လုံးတွေကိုမနည်းဖွင့်ကြည့်မိတော့

"အားး "

မျက်နှာနားကိုအရမ်းကပ်နေတဲ့အနေအထားကြောင့်လန့်ပြီးထအော်မိတော့ Gun ကသဘောကျစွာရယ်လေသည်

"ဘာလို့အဲ့လောက်လန့်သွားတာလဲ ကျွန်တော်စောက်ရမ်းချောနေလို့လား"

ခြေထောက်ချိတ်ထိုင်ပြီး ပါးစပ်ထဲကဝါးလက်စပီကေကို မှုတ်နေပုံကတစ်ကယ့်ကလေကချေတစ်ယောက်ဆိုတာမယုံနိုင်ဖွယ်မရှိ ဝတ်ထားတဲ့အဝတ်အစားဆိုတာလည်း ဟိုပြဲ ဒီပြဲ ဘောင်းဘီကလည်းဖွားဖက်တော်လုံတယ်ဆိုရုံလောက်သာ

"မင်း ဆိုင်ထဲကိုထပ်ရောက်နေပြန်ပြီလား"

"အခုခင်ဗျားကဆိုင်စောင့်ပေးတဲ့သူကိုရန်တွေ့နေတာလား"

"အဲ့ဒါဆိုအခုသွားတော့"

"ကျေးဇူးတင်စကားလေးတောင်မပြောဘူးပဲ"

"ငါမင်းကိုဘာအကူအညီမှမတောင်းခဲ့တဲ့အတွက်ဘာကျေးဇူးမှတင်စရာမရှိဘူး သွားတော့"

"ဒါနဲ့လေ ခင်ဗျား ကျွန်တော်နဲ့ မအိပ်ချင်ဘူးလား"

Off Jumpol လက်သီးကိုတင်းတင်းဆုပ်ထားမိသည်
ကိုယ့်တူကိုယ့်သားလောက်ရှိတဲ့ကောင်လေးကဒီလိုစကားမျိုးတွေခဏခဏလာပြောနေတာဘယ်လောက်ရွံမုန်းစရာကောင်းလိုက်လဲ
ပြီးတော့လည်းယောက်ျားလေးတစ်ယောက်က

*တောက်......ရှက်ဖို့ကောင်းလိုက်တာကွာ*

"ငါယောက်ျားတွေစိတ်မဝင်စားဘူး မင်းက gay ဆိုရင်တောင်ယောက်ျားအဲ့လောက်ရှားလား
ငါ့ဆိုင်ထဲကအခုထွက်သွား ဘယ်တော့မှပြန်မလာနဲ့ "

"ကျွန်တော်နဲ့အိပ်ဖူးတဲ့မိန်းမတွေကခင်ဗျားအသက်ထက်ပိုများတယ်"

"မင်း အခုထွက်သွားလိုက်တော့"

ရုတ်တရက်ထအော်လိုက်ပေမယ့်သူကတော့လန့်တဲ့ပုံတောင်မပေါ်
ဒါပေမယ့်ပေစောင်စောင်ကြည့်ပြီးချာခနဲလှည့်ထွက်သွားသည်
ဒေါသကြောင့်အသံဘယ်လောက်ကျယ်သွားမှန်းကိုယ်တိုင်ပင်မသိတော့ ဒီလိုစော်ကားခံရတာဘဝမှာပထမဆုံးဖြစ်လို့လာမသိ အသားတွေပါတဆတ်ဆတ်တုန်လာမိသည်အထိပင်

*မင်းက ကာမကိုရူးသွပ်နေတဲ့စောက်ရူးပဲဖြစ်လိမ့်မယ် Gun
ငါအရွံဆုံးကမင်းလိုကောင်တွေပဲ*

~~~~~~~~~~7/11~~~~~~~~~~~

"ဟူးးးးး ပင်ပန်းလိုက်တာ ဒီနေ့မှလူကလည်းမရှိပြန်ဘူး"

စိတ်ပျက်စွာညည်းတွားမိသည်
အဲ့ဒီညကအော်လိုက်မိတည်းကအဲ့ဒီကောင်လေးဆိုင်ကိုမလာတော့
ကိုယ်ကလူကြီးဖြစ်နေတော့ကိုယ့်ကြောင့်ထိခိုက်မှာစိုးရိမ်မိသည်
ဒါကလည်းလူစိတိရှိတဲ့လူတစ်ယောက်အနေနှင့်သာ

ပုံစံလေးကထင်ရာလုပ်မယ့်ပုံစံလေးဆိုတော့တစ်ခုခုဖြစ်ရင်ကိုယ့်ကြောင့်စိတ်ထိခိုက်သွားမလားဆိုတာ စိတ်ထဲတာဝန်မကင်းသလိုခံစားမိရုံပါပဲ

စိတ်ပျက်စွာခေါင်းကိုခါယမ်းလိုက်မိသည်
စိတ်ရှုပ်သည်များကခဏလေးပါပင် တစ်ကယ်ကိုခဏလေးပဲ
ပစ္စည်းကားတွေရောက်တာကြောင့်တစ်နေကုန်မအားလပ်
Arm လာတာတောင်စကားမပြောဖြစ်ပေ
ညမိုးချုပ်ကာနီးမှအလုပ်တွေအကုန်ပြီးသွားလေသည်

ဒီညတော့ဆိုင်ပိတ်လိုက်ပြီးအိမ်ပြန်အိပ်တော့မယ်လို့တွေးကာဆိုင်ပိတ်လိုက်ပြီးဆိုင်ကယ်လေးမောင်းရင်းထွက်လာခဲ့သည်
ဆိုင်နဲ့အိမ်ကသုံးလမ်းကျော်တာကြောင့်ဆိုင်ကယ်နှင့်သွားမှအဆင်ပြေပြီး ညပိုင်းအိမ်ပြန်သည့်နေ့တွေဆို စားနေကျစားသောက်ဆိုင်လေးမှာပဲညစာစားဖြစ်တာမို့ ဒီနေ့လည်းအဲ့လိုပဲလုပ်မယ်လို့တွေးထားခဲ့သည်
ဖြစ်ချင်တော့ဆိုင်ကမဖွင့်တာလားပြန်တာနောက်ကျတာကြောင့်ပဲလားမသိ ဆိုင်ကပိတ်နေပြီ
အနီးနားမှာလည်းဘာဆိုင်မှမမရှိတာကြောင့်ဆက်မောင်းလာရင်းဆိုင်ရှာမိတော့ စားသောက်ဆိုင်နဲ့ bar တွဲဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုင်တည်းသာရှိသည်

ဒီလိုနေရာမျိုးတွေမကြိုက်ပေမယ့် ဒီမှာမစားရင်လည်းအငတ်နေရုံသာရှိတော့တာကြောင့်ဘာမှမတတ်နိုင်တော့

"ဘာသုံးဆောင်မလဲခင်ဗျ"

စားပွဲထိုးကောင်လေးကိုမှာစရာရှိတာမှာပြီးခဏအကြာ
မှာထားတာတွေနဲ့အတူ အရက်တစ်ခွက်ပါလာချသည်

"အာ အကိုအရက်မမှာထားဘူးညီလေး"

"တစ်ယောက်ယောက်ကအကို့ဆီကပို့ပေးပါလို့ပြောလို့ပါခင်ဗျ"

"အဲ့ဒါဆိုလည်းပြန်ယူသွားလိုက်ပါနော် အကိုမသောက်တတ်လို့"

"မသောက်တတ်တာလား မသောက်ရဲတာလား"

ရင်းနှီးနေတဲ့အသံတစ်ခုထွက်လာတာကြောင့်မော့ကြည့်လိုက်တော့ စုတ်စုတ်ပြတ်ပြတ်ကောင်ကိုတွေ့ရပြန်ပြီ
ဝတ်ထားတာလည်းကြည့်ပါဦး သူတောင်းစားတောင်သူ့ထက်သားနားဦးမယ်

"ဒါက"

"ဟုတ်တယ်ကျွန်တော်မှာပေးတာ"

"မင်း  ဘာလာရှုပ်ပြန်ပြီလဲ"

"oh....no no ကျွန်တော်ကလာရှုပ်တာမဟုတ်ဘူးနော်
ခင်ဗျားဆိုင်ကိုလှည့်တောင်မကြည့်တော့ဘူးလေ"

"ဟုတ်သားပဲ မင်းလိုကောင်မျိုးကိုဒီလိုနေရာမှာတွေ့တာ ဆန်းမှမဆန်းတာ"

"သေချာတာပေါ့ ဒါပေမယ့် အရက်တောင်မသောက်ရဲဘဲ ဒီလိုနေရာကိုလာတဲ့ခင်ဗျားကမှဆန်းတာ
အရက်မသောက်ရဲရအောင်ယောက်ျားမဟုတ်ဘူးလား
အခြောက်လား အဲ့ဒါကြောင့်များမိန်းမမယူတာလား ဟားဟား"

"မင်း...မင်းတော်လိုက်တော့ Gun"

"oh ကျွန်တော့်နာမည်တောင်သိထားတာပဲ ထင်သလောက်တော့မဆိုးပါဘူး ခင်ဗျားယောက်ျားမှန်ရင် ကျွန်တော်တို့အရက်ပြိုင်သောက်မလား"

"ဝါသနာမပါဘူး"

"ဒါဆိုရင်တော့ခင်ဗျားကိုအခြောက်လို့ပဲခေါ်မှာ..."

ကိုယ့်ထက်အသက်အရွယ်အများကြီးကြီးတဲ့သူကိုရိုင်းရိုင်းစိုင်းစိုင်းပြောနေတဲ့ကောင်ကဘာတစ်ခုမှအထင်ကြီးစရာမရှိပေမယ့်
စိတ်ကိုတော့မခံချင်တောင်အတော်လေးဆွတတ်တယ်ထင်ပါရဲ့

"ကောင်းပြီလေ"

"ဒီလိုမှယောက်ျားပီသမှာပေါ့ ဦးဂျွန်ပေါရဲ့
လောင်းကြေးကိုတော့ပွဲပြီးမှပဲသတ်မှတ်ကြတာပေါ့"

Gun မျက်နှာပေါ်မှာဖြတ်ပြေးသွားတဲ့ ကျေနပ်တဲ့အပြုံးတစ်ချို့ကိုတော့ Off Jumpol မြင်လိုက်မှာမဟုတ်...........။

💚💚

စာရေးတဲ့ပုံလေးနည်းနည်းပြောင်းထားတယ်သတိထားမိကြလား👻💚
ဖတ်ပေးတဲ့readerလေးတွေတစ်ယောက်ချင်းစီတိုင်းကို Heliosကကျေးဇူးအများကြီးတင်ပါတယ်🤗🥰

Thank you for reading😍
Please left vote and feedback if you like my story.💚

Third_Helios

_________________________________

Zawgyi

"ကျွန်တော်နဲ့......fu*k..မလား.....ဉီးဂျွန်ပေါ....."













"နေပါဉီး ဉီးဂျွန်ပေါကလည်း စိတ်ချည်းပဲ ကျွန်တော်ကအချိန်ပိုင်းအလုပ်လုပ်ချင်လို့ပါ"






"အဟက် ဟုတ်ပြီလေ ကျွန်တော်ကလည်းဆုံးဖြတ်ချက်ကိုမပြင်တတ်ဘူး ဉီးဂျွန်ပေါကိုတော့တစ်ကယ်ကြိုက်သွားပြီ..."


~~~~~~~~~~7/11~~~~~~~~~


"ပျက်တာဘယ်နှစ်ချိန်လဲလို့မေးတာထက် တက်တာဘယ်နှစ်ချိန်လဲလို့မေးရင်ဖြေရတာပိုလွယ်တယ်ဆရာမရေဒီနှစ်လည်းကျဉီးမှာမြင်ယောင်သေးတယ်"

ဉီးနှောက်မရှိတာသူတို့မှအစစ် အဟက်



"သူ့ကိုများမေးနေသေးတယ် အတန်းလစ်ပြီး မိန်းမပျက်တွေနဲ့ပဲရှိနေဉီးမှာပေါ့"


••••••••••••••••••••••••••••••••••
သူ့ဘေးမှာလား................


Gun ကဖုန်းထဲက game ကိုသာ သည်းကြီးမည်းကြီးဆော့နေပြီး ဘာတစ်ခုမြှပန်မပြော







ပြန်စေချင်တယ်ဆို​ကိုယ်လှုပ်ခလေးတော့ပေးဉီးမှပေါ့"






Arm က Off နဲ့အသက်အတူတူ အထက်တန်းတည်းကပေါင်းလာတဲ့သူငယ်ချင်းတြွေဖစ်ပေမယ့် အကျင့်စရိုက်ချင်းကတော့နည်းနည်းလေးမှမတူပေ


"မင်းသူ့ကိုသိလား Arm"


"သိတယ် သိတယ်"


"မင်းငတ်များငတ်နေတာလား ငါမေးတာလေးသေချာပြောပါဉီး"






မနေ့ညကလည်းမအိပ်ရဘူး"



"အားး "






"အဲ့ဒါဆိုအခုသွားတော့"






ငါ့ဆိုင်ထဲကအခုထွက်သွား ဘယ်တော့မြှပန်မလာနဲ့ "





~~~~~~~~~~7/11~~~~~~~~~~~

"ဟူးးးးး ပင်ပန်းလိုက်တာ ဒီနေ့မှလူကလည်းမရြှိပန်ဘူး"






"ဘာသုံးဆောင်မလဲခင်ဗျ"






ဝတ်ထားတာလည်းကြည့်ပါဉီး သူတောင်းစားတောင်သူ့ထက်သားနားဉီးမယ်

"ဒါက"








"ဝါသနာမပါဘူး"



"ကောင်းပြီလေ"

"ဒီလိုမှယောက်ျားပီသမှာပေါ့ ဉီးဂျွန်ပေါရဲ့


💚💚


Thank you for reading😍

Third_Helios

_________________________________

Continue Reading

You'll Also Like

253K 6.1K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
301K 7.8K 31
"๐‘ป๐’‰๐’‚๐’•'๐’” ๐’Ž๐’š ๐’๐’Š๐’Š-๐’”๐’‚๐’'๐’” ๐’ƒ๐’๐’š๐’‡๐’“๐’Š๐’†๐’๐’…" "๐‘ฐ๐’” ๐’•๐’‰๐’‚๐’• ๐’˜๐’‰๐’š ๐’š๐’๐’– ๐’„๐’‚๐’'๐’• ๐’ˆ๐’†๐’• ๐’‚ ๐’ˆ๐’Š๐’“๐’๐’‡๐’“๐’Š๐’†๐’๐’…?, "๐‘ซ๐’‚๐’”๐’‰๐’Š ๐’Š๐’” ๐’Ž๐’š...
1.8K 88 47
CURIOUS_MUSKRAT STORY!!!!!!! You are a new mechanic/technician at Freddy Fazbear's Mega Pizzaplex, and so far, the only one in the Parts and Service...
5.8K 124 19
A story about you(y/n) working for the underground, but failing to finish your final task. What happens when you encounter the man you had to spy on...