CRUSH [Completed]

By _wangmochi_

85.8K 6.9K 187

Type- Yizhan Fic cover- crd More

Info(YiZhan type)
part-2
part-3
Part 4
part-5
part-6
part-7
part-8
part-9
part-10
hello all my fri
part-11
part-12
part-13
*Final part*
new story๐Ÿ’™

part-1

8.8K 605 40
By _wangmochi_

Unicode

"24hoursပဲခံတဲ့ my dayမှာလဲမနေနဲ့
အများသိအောင် ကြွားတတ်တဲ့ profileမှာလဲ မနေနဲ့ ကိုယ့်ရင်ခွင်ထဲသာ တစ်သက်လုံး လာနေ"

Fbတွင် ထိုstatusတင်ပြီးနောက် commentတွင် တစ်ယောက်တစ်ပေါက် ရေးလာကြသော ငနာတစ်သိုက်။

ဟောက်ရွှမ်း- "အံမယ် faကြီးက စကားတွေတတ်"

ကျိရန်- "သင်ပေးပါအုံး အယ်ကိုကြီးရေ"

လင်းရှန့်- "ကျောင်းkingကြီးတစ်ယောက် feelနေပြီဟေး"

mentတွေဖတ်ရင်း ရိပေါ်တစ်ချက်ပြုံးလိုက်သည်။ ပေါက်ကရတွေမန့်ရမယ်ဆို သူ့သူငယ်ချင်းတွေက ထိပ်ဆုံးမှဖြစ်သည်။

"တောင်"

နောက်ထပ် မန့်တစ်ခု ဝင်လာလို့ ရိပေါ်ကြည့်မိတော့ ယောက်ျားလေးပုံကိုမှ အနောက်ဘက်ပဲ ပြထားပြီး ရှုခင်းငေးနေသည့်ပုံ။ နေဝင်အံ့ဆဲဆဲအချိန်မှာ ရိုက်ထားတာမို့ ထိုသူရဲ့ပုံဟာ သိပ်မပေါ်လွင်။ ထိုပုံကို မြင်လိုက်သည်နှင့် ခပ်ဆွေးဆွေးmoodက ဝင်လာသည်။ ပျော်ပျော်နေတတ်တဲ့ ရိပေါ်အတွက် ထိုခံစားချက်ကြီးက မအီမသာ။ အကောင့်nameကို ဖတ်လိုက်မိချိန်မှာ ပိုဆိုးသွားရသည်။ waiting for youတဲ့။ ချီးကို ဝိတ်တင်းလိုက်။

ထိုသူမန့်ထားသည်က အသဲပုံနီနီ emojiလေး တစ်ခုရယ်သာ။ ရိပေါ်လည်း replyပြန်မနေပဲ လိုင်းပေါ်ကဆင်းလိုက်သည်။

ခဏအကြာ သူပြန်တက်လာပြန်သည်။ ထိုသူအား ဘာရယ်ကြောင့်မသိ သူနည်းနည်းတော့ စိတ်ဝင်စားမိသည်။ အကောင့်ထဲဝင်ကြည့်တော့ သူ့ကိုaddထားတာမဟုတ်။ ဒါဆို သူ့ကို followလုပ်ထားလို့ပေါ့။

အင်း...သူ့ကိုfollowလုပ်ထားတာကလည်း အဆန်းကြီးရယ်တော့မဟုတ်ပါ။ သူက ကျောင်းရဲ့kingမလား။ အဟမ်း...

ချောင်းတစ်ချက်ဟန့်ရင်း Accပိုင်ရှင်ရဲ့ wallထဲဝင်မွှေတော့ ဘာမှထွေထွေထူးထူး တင်ထားတာမတွေ့။ ပန်းချီပုံအချို့နဲ့ ကဗျာစာတိုလေးအချို့သာရှိသည်။ သူစိတ်ဝင်စားလောက်မယ့်postမျိုး မတွေ့။

ဘာကြီးလဲကွာ။ အကောင့်က ပျင်းစရာကြီး။ ကြည့်မိတဲ့သူ့ရဲ့ အမှားပဲထားပါတော့။

ကျောင်းထဲသို့ ရိပေါ်ခြေလှမ်းလိုက်သည်နှင့် မိန်းကလေးကအစ ယောက်ျားလေးအဆုံး လည်ပြန်ငေးရသည်။ မိန်းကလေးတွေကတော့ နှာဘူးကျချင်လို့ငေးတာ။ ယောက်ျားလေးတွေကတော့ ရိပေါ်ရဲ့Fashionကြောင့်။

အင်္ကျီအဝါ hoodieလက်ရှည်ကိုဝတ်ဆင်ထားပြီး ဂျင်းပြာရောင် ဘောင်ဘီခပ်ပွပွနဲ့ မျက်နှာဖြူဖြူထက် ခပ်ရဲရဲနှုတ်ခမ်းတစ်စုံက နေရာယူတယ်။ ဆံပင်ခပ်အုပ်အုပ်က နှဖူးရှေ့ပျံဝဲကျနေပုံက အခြားသူသာဆို ဖြစ်ကတက်ဆန်း ဖြစ်နေနိုင်ပေမယ့် သူကဘယ်သူမို့လဲ။ ရိပေါ်လေ ဝမ်ရိပေါ်။ သူဝတ်ဆင်ထားတဲ့fashionနဲ့ သူ့ဆံပင်ကေက လိုက်ဖက်နေတာမဟုတ်လား။

lollipopတစ်လုံးကို ငုံရင်း ခပ်မိုက်မိုက်လမ်းလျှောက်လာတဲ့ ရိပေါ်ကို ဟောက်ရွှမ်းတို့မှ အပင်တစ်ပင်အောက်က ထိုင်ခုံပေါ်မှာထိုင်ရင်း လက်လှမ်းပြတယ်။

"ရိပေါ် ငါတို့ဒီမှာ"

အာကျယ်မ လင်းရှန့်ရဲ့အသံက ရိပေါ်ရဲ့ သာယာတဲ့ မနက်ကို ဖျက်စီးပါတယ်။

"ကိုယ်တော်ချောရယ် လာမှလာပါ့မလားလို့
အရင်တစ်ပတ်ကလည်း တစ်ရက်မှ ကျောင်းမတက်ဘူး"

"ငါဖျားနေလို့ပါဟာ"

"ယုံချင်အောင်ပြောငနာလေးရေ"

လင်းရှန့်အစား ဟောက်ရွှမ်းမှဝင်ပြောပေးသည်။ သူတို့ယုံကြည်ရမယ့်သူထဲ ရိပေါ်မပါပေ။

"ဖေ့သားလေးကလည်း ငါကအဟုတ်ပြောနေတာဟ"

"ဒါနဲ့မေးပါအုံးမယ်၊ မနေ့က မင်းတင်ထားတဲ့postအောက်မှာ အသဲမန့်သွားတာ ဘယ်သူလဲ၊ မင်းနဲ့အသိလား"

ကျိရန်ရဲ့အမေးကို ရိပေါ်က ခေါင်းခါတယ်။

"မသိဘူး၊ ဘယ်တစ်ယောက်လဲ၊ ငါ့postအောက် အသဲပေးတဲ့သူတွေက အပုံကြီး"

"နောက်ကျောပေးပုံနဲ့လေကွာ၊ waiting for youဆိုလား"

"အော်....ငါသိပြီ"

"အင်း မင်းနဲ့အသိလား"

"မသိပါဘူး၊ ငါသိတဲ့သူက ဒီက ငမြောက်ငခြောက် သုံးကောင်ပဲရှိတာ"

"မင်းကရော ငမြောက်ငခြောက်ပဲ မဟုတ်ဘူးလား"

"မဟုတ်ဘူး၊ ငါကစော်ကြည်ဘဲလေကွာ"

"faကောင်လောက်တော့ လုပ်လိုက်၊ နှော့ကိုကို"

ဟောက်ရွှမ်းက ကျိရန်ရင်ခွင်ထဲတိုးကာ ကြက်ဖင်ကြီးကိုစူထော်ကာ ချွဲတယ်။ ကျိရန်က ထိုငနာအား ပြန်တွန်းထုတ်တော့ ဟောက်ရွှမ်းက နှာကစ်ပါတယ်။

"စတာပါကျိရန်ရာ၊ မင်းကလည်း"

"စမနေနဲ့၊ အတန်းတက်ရမှာ၊ သွားမယ်"

သူတို့လေးယောက် ထိုနေရာက ထွက်သွားတော့မှ သူတို့အနောက်ဘက်ရှိ သစ်ပင်အကွယ်မှ လူတစ်ယောက်ထွက်လာသည်။ တပ်ထားတဲ့ မျက်မှန်ကိုချွတ်ရင်း လက်ထဲက ဆွဲလက်စ ပန်ချီစာအုပ်ကို ပိတ်၊ လွယ်အိတ်ထဲထည့်ရင်း ထိုနေရာမှထွက်သွားသည်။

ဝမ်ရိပေါ်တို့က အနုပညာမေဂျာမှ ဒုတိယနှစ် ကျောင်းသားများဖြစ်ပြီး ကျောင်းရဲ့ အကျော်ကြားဆုံး အဖွဲ့ဆိုလည်းမမှား။

ကျိရန်နဲ့ ဟောရွှမ်းဆိုလည်း ပြစ်ချက်မရှိချောမောသလို လင်းရှန့်ဆိုသော ကောင်မလေးကလည်း သူတို့မေဂျာရဲ့Queen။ ဝမ်ရိပေါ်... ဝမ်ရိပေါ်ကတော့ မေဂျာkingဖြစ်သလို တစ်ကျောင်းလုံးရဲ့ popularဆုပါရရှိထားသူ။

ပထမနှစ်မှာနာမည်ကြီးခဲ့ပြီး ယခုဒုတိယနှစ်ရောက်သည်အထိ နာမည်ကမကျသေး။ Fashion kingဆိုတဲ့ ဘွဲ့တံဆိပ်ပါ ရရှိထားပြီး နားကပ်များဝတ်လာရင် ကျောင်းကရှိသမျှ မိန်းကလေးတွေမှာ အသည်းတွေ ကြွေကျမတက်။

"ဝမ်ရိပေါ်"

"ဟုတ်တီချယ်"

စာသင်နေရင်း ရုတ်တရက် ခေါ်လိုက်တဲ့တီချယ်ကြောင့် ရိပေါ်မှာ ဆတ်ခနဲ မတ်တပ်ရပ်မိသည်။

"ဒီနှစ် Fresher welcomeမှာ သီချင်းတက်ဆိုပေးနိုင်မလား"

"ဟုတ် တီချယ် ကျွန်တော်ဆိုပါ့မယ်"

ရိပေါ်ရဲ့လှုပ်ရှားမှု အစဆုံးကို အတန်းထဲရှိ မိန်းကလေးများက ဝိုင်းကြည့်နေကြသည်မှာ တီချယ်က စားပွဲပုတ်မှ ရှေ့သို့ ပြန်လှည့်သွားကြသည်။

"ရိပေါ် နင်ဒီနှစ်လည်း ပန်းစည်းတွေရအုံးမှာပေါ့"

လင်းရှန့်ရဲ့အမေးကို ရိပေါ်က ပုခုံးတွန့်၊ မျက်ခုံးပင့်ရင်း ပြန်ဖြေတယ်။

"ငါက သီချင်းတက်ဆိုမှ ပန်းစည်းရတာမှမဟုတ်တာ၊ ဒီတိုင်းလည်း လာပေးနေကြတာ၊ ပန်းဆိုတာ မမြင်ချင်လောက်အောင်ပဲ"

စာရေးစားပွဲခုံအောက်က နှင်းဆီပန်းအနီကို လင်းရှန့်ရှေ့ထိုးပြရင်း ဖြေသောရိပေါ်ကို မှားပါပြီဆိုသည့်သဘောတဲ့ လင်းရှန့်က လက်အုပ်ချီတယ်။

"ဟေ့ကောင်ရိပေါ် မင်းဘာသီချင်းဆိုဖို့ စဉ်းစားထားလဲ"

ကျောင်းထမင်းစားခန်းတွင် နေ့လယ်စာ စားကြရင်း ဟောက်ရွှမ်းမှ မေးလိုက်ခြင်းပင်။

"ပွဲနေ့ကျသိလိမ့်မယ်"

"မနှစ်ကသီချင်းကြီးပဲတော့ မလုပ်နဲ့နော်၊ ငါထိုင်ငိုပြစ်မှာ"

လင်းရှန့်က ဝင်ပြောတော့ ဟောက်ရွှမ်းနဲ့ကျိရန်က ရယ်ပါတယ်။ မနှစ်က ရိပေါ်ဆိုတဲ့ " Your my sunshine" သီချင်းနားထောင်ပြီး ငိုခဲ့တဲ့ လင်းရှန့်ရယ်ပါ။

"အေးပါဒေါ်အာကျယ်ရယ်၊ ငါဒီနှစ် သီချင်းပြောင်းဆိုပါ့မယ်"

ပြောပြီး ရိပေါ်က သူ့ရဲ့ခြေတစ်ဖက်ကို လူသွားလမ်းဘက် ထုတ်လိုက်ချိန် အနောက်မှ လာသောသူက ခလုတ်တိုက်မိပြီး လက်ထဲယူလာတဲ့ ပန်းကန်တွေကျကွဲကုန်သည်။

"ခလွမ်း"

အသံကျယ်ကြီးနဲ့အတူ ကျောင်းထမင်းစားခန်းမှ လူအများရဲ့ အာရုံက သူဆို့စားပွဲဝိုင်းဆီ။

"တောင်း..တောင်းပန်ပါတယ်"

တစ်ဖက်က လူက ရိပေါ်ကို ပြန်တောင်းပန်ရင်း ကွဲကျသွားတဲ့ ပန်းကန်စတွေကို လက်ဖြင့် တစ်ခုချင်းကောက်နေသည်။ အမှန်တော့ တောင်းပန်ရမည့်သူက ရိပေါ်ပင် မဟုတ်ပါလား။

"မင်းတောင်းပန်စရာမလိုပါဘူး၊ ငါမှားတာပါ၊ ထလေ အဲ့တာတွေ ထမင်းစားခန်းက သန့်ရှင်းရေး လုပ်ပေးလိမ့်မယ်၊ မင်းဘယ်နား ခိုက်မိသွားသေးလဲ"

ရိပေါ်ရဲ့အမေးကို ထိုကောင်လေးက ဘာမှပြန်မဖြေပဲ သူတို့အနားမှ ပြေးထွက်သွားသည်။ မျက်နှာကိုလည်း တစ်ချိန်လုံးငုံ့ထားတာမလို့ ဘယ်သူဘယ်ဝါဆိုတာတောင် မသိလိုက်ပေ။ ထိုစဉ် ဟောက်ရွှမ်းင အောက်မှတစ်ခုခုကိုကောက်ရင်း ပြောလာသည်။

"ရှောင်းရှောင်ကျန့်"

"ဟင်"

"ဘာလဲ"

"ဘာကြီးလဲ"

သုံးယောက်လုံးဆီမှ အမေးစကားများထွက်လာသည်။

"အစောကလူနာမည် ရှောင်းရှောင်ကျန့်တဲ့
ဒီမှာ သူ့ကျောင်းသားကဒ်"

ဟောက်ရွှမ်းကမ်းပေးလာသော ကျောင်းသားကဒ်ကို ယူကြည့်လိုက်တော့ ပုံကဝေဝေဝါးဝါးရယ်။ သေချာမမြင်ရ။ စာတွေကိုတော့ ပြတ်ပြတ်သားသား မြင်ပေလို့သာ တော်တော့သည်။

အမည်- ရှောင်းရှောင်ကျန့်
မွေးသက္ကရာဇ်- 5.10.1991
မေဂျာ- ပန်းချီဌာန

-------------------------------------------------

AN- တစ်ရက်ခြားတစ်ခါလောက် updateပါမယ်

2.12.2020

Zawgyi

"24hoursပဲခံတဲ့ my dayမွာလဲမေနနဲ႔
အမ်ားသိေအာင္ ႂကြားတတ္တဲ့ profileမွာလဲ မေနနဲ႔ ကိုယ့္ရင္ခြင္ထဲသာ တစ္သက္လံုး လာေန"

Fbတြင္ ထိုstatusတင္ၿပီးေနာက္ commentတြင္ တစ္ေယာက္တစ္ေပါက္ ေရးလာၾကေသာ ငနာတစ္သိုက္။

ေဟာက္႐ႊမ္း- "အံမယ္ faႀကီးက စကားေတြတတ္"

က်ိရန္- "သင္ေပးပါအံုး အယ္ကိုႀကီးေရ"

လင္းရွန္႔- "ေက်ာင္းkingႀကီးတစ္ေယာက္ feelေနၿပီေဟး"

mentေတြဖတ္ရင္း ရိေပၚတစ္ခ်က္ၿပံဳးလိုက္သည္။ ေပါက္ကရေတြမန္႔ရမယ္ဆို သူ႔သူငယ္ခ်င္းေတြက ထိပ္ဆံုးမွျဖစ္သည္။

"ေတာင္"

ေနာက္ထပ္ မန္႔တစ္ခု ဝင္လာလို႔ ရိေပၚၾကည့္မိေတာ့ ေယာက်္ားေလးပံုကိုမွ အေနာက္ဘက္ပဲ ျပထားၿပီး ရႈခင္းေငးေနသည့္ပံု။ ေနဝင္အံ့ဆဲဆဲအခ်ိန္မွာ ရိုက္ထားတာမို႔ ထိုသူရဲ႕ပံုဟာ သိပ္မေပၚလြင္။ ထိုပံုကို ျမင္လိုက္သည္နွင့္ ခပ္ေဆြးေဆြးmoodက ဝင္လာသည္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ရိေပၚအတြက္ ထိုခံစားခ်က္ႀကီးက မအီမသာ။ အေကာင့္nameကို ဖတ္လိုက္မိခ်ိန္မွာ ပိုဆိုးသြားရသည္။ waiting for youတဲ့။ ခ်ီးကို ဝိတ္တင္းလိုက္။

ထိုသူမန္႔ထားသည္က အသဲပံုနီနီ emojiေလး တစ္ခုရယ္သာ။ ရိေပၚလည္း replyျပန္မေနပဲ လိုင္းေပၚကဆင္းလိုက္သည္။

ခဏအၾကာ သူျပန္တက္လာျပန္သည္။ ထိုသူအား ဘာရယ္ေၾကာင့္မသိ သူနည္းနည္းေတာ့ စိတ္ဝင္စားမိသည္။ အေကာင့္ထဲဝင္ၾကည့္ေတာ့ သူ႔ကိုaddထားတာမဟုတ္။ ဒါဆို သူ႔ကို followလုပ္ထားလို႔ေပါ့။

အင္း...သူ႔ကိုfollowလုပ္ထားတာကလည္း အဆန္းႀကီးရယ္ေတာ့မဟုတ္ပါ။ သူက ေက်ာင္းရဲ႕kingမလား။ အဟမ္း...

ေခ်ာင္းတစ္ခ်က္ဟန္႔ရင္း Accပိုင္ရွင္ရဲ႕ wallထဲဝင္ေမႊေတာ့ ဘာမွေထြေထြထူးထူး တင္ထားတာမေတြ႕။ ပန္းခ်ီပံုအခ်ိဳ႕နဲ႔ ကဗ်ာစာတိုေလးအခ်ိဳ႕သာရွိသည္။ သူစိတ္ဝင္စားေလာက္မယ့္postမ်ိဳး မေတြ႕။

ဘာႀကီးလဲကြာ။ အေကာင့္က ပ်င္းစရာႀကီး။ ၾကည့္မိတဲ့သူ႔ရဲ႕ အမွားပဲထားပါေတာ့။

ေက်ာင္းထဲသို႔ ရိေပၚေျခလွမ္းလိုက္သည္နွင့္ မိန္းကေလးကအစ ေယာက်္ားေလးအဆံုး လည္ျပန္ေငးရသည္။ မိန္းကေလးေတြကေတာ့ နွာဘူးက်ခ်င္လို႔ေငးတာ။ ေယာက်္ားေလးေတြကေတာ့ ရိေပၚရဲ႕Fashionေၾကာင့္။

အက်ႌအဝါ hoodieလက္ရွည္ကိုဝတ္ဆင္ထားၿပီး ဂ်င္းျပာေရာင္ ေဘာင္ဘီခပ္ပြပြနဲ႔ မ်က္နွာျဖဴျဖဴထက္ ခပ္ရဲရဲနႈတ္ခမ္းတစ္စံုက ေနရာယူတယ္။ ဆံပင္ခပ္အုပ္အုပ္က နွဖူးေရွ႕ပ်ံဝဲက်ေနပံုက အျခားသူသာဆို ျဖစ္ကတက္ဆန္း ျဖစ္ေနနိုင္ေပမယ့္ သူကဘယ္သူမို႔လဲ။ ရိေပၚေလ ဝမ္ရိေပၚ။ သူဝတ္ဆင္ထားတဲ့fashionနဲ႔ သူ႔ဆံပင္ေကက လိုက္ဖက္ေနတာမဟုတ္လား။

lollipopတစ္လံုးကို ငံုရင္း ခပ္မိုက္မိုက္လမ္းေလ်ွာက္လာတဲ့ ရိေပၚကို ေဟာက္႐ႊမ္းတို႔မွ အပင္တစ္ပင္ေအာက္က ထိုင္ခံုေပၚမွာထိုင္ရင္း လက္လွမ္းျပတယ္။

"ရိေပၚ ငါတို႔ဒီမွာ"

အာက်ယ္မ လင္းရွန္႔ရဲ႕အသံက ရိေပၚရဲ႕ သာယာတဲ့ မနက္ကို ဖ်က္စီးပါတယ္။

"ကိုယ္ေတာ္ေခ်ာရယ္ လာမွလာပါ့မလားလို႔
အရင္တစ္ပတ္ကလည္း တစ္ရက္မွ ေက်ာင္းမတက္ဘူး"

"ငါဖ်ားေနလို႔ပါဟာ"

"ယံုခ်င္ေအာင္ေျပာငနာေလးေရ"

လင္းရွန္႔အစား ေဟာက္႐ႊမ္းမွဝင္ေျပာေပးသည္။ သူတို႔ယံုၾကည္ရမယ့္သူထဲ ရိေပၚမပါေပ။

"ေဖ့သားေလးကလည္း ငါကအဟုတ္ေျပာေနတာဟ"

"ဒါနဲ႔ေမးပါအံုးမယ္၊ မေန႔က မင္းတင္ထားတဲ့postေအာက္မွာ အသဲမန္႔သြားတာ ဘယ္သူလဲ၊ မင္းနဲ႔အသိလား"

က်ိရန္ရဲ႕အေမးကို ရိေပၚက ေခါင္းခါတယ္။

"မသိဘူး၊ ဘယ္တစ္ေယာက္လဲ၊ ငါ့postေအာက္ အသဲေပးတဲ့သူေတြက အပံုႀကီး"

"ေနာက္ေက်ာေပးပံုနဲ႔ေလကြာ၊ waiting for youဆိုလား"

"ေအာ္....ငါသိၿပီ"

"အင္း မင္းနဲ႔အသိလား"

"မသိပါဘူး၊ ငါသိတဲ့သူက ဒီက ငေျမာက္ငေျခာက္ သံုးေကာင္ပဲရွိတာ"

"မင္းကေရာ ငေျမာက္ငေျခာက္ပဲ မဟုတ္ဘူးလား"

"မဟုတ္ဘူး၊ ငါကေစာ္ၾကည္ဘဲေလကြာ"

"faေကာင္ေလာက္ေတာ့ လုပ္လိုက္၊ ေနွာ႔ကိုကို"

ေဟာက္႐ႊမ္းက က်ိရန္ရင္ခြင္ထဲတိုးကာ ၾကက္ဖင္ႀကီးကိုစူေထာ္ကာ ခြၽဲတယ္။ က်ိရန္က ထိုငနာအား ျပန္တြန္းထုတ္ေတာ့ ေဟာက္႐ႊမ္းက နွာကစ္ပါတယ္။

"စတာပါက်ိရန္ရာ၊ မင္းကလည္း"

"စမေနနဲ႔၊ အတန္းတက္ရမွာ၊ သြားမယ္"

သူတို႔ေလးေယာက္ ထိုေနရာက ထြက္သြားေတာ့မွ သူတို႔အေနာက္ဘက္ရွိ သစ္ပင္အကြယ္မွ လူတစ္ေယာက္ထြက္လာသည္။ တပ္ထားတဲ့ မ်က္မွန္ကိုခြၽတ္ရင္း လက္ထဲက ဆြဲလက္စ ပန္ခ်ီစာအုပ္ကို ပိတ္၊ လြယ္အိတ္ထဲထည့္ရင္း ထိုေနရာမွထြက္သြားသည္။

ဝမ္ရိေပၚတို႔က အႏုပညာေမဂ်ာမွ ဒုတိယနွစ္ ေက်ာင္းသားမ်ားျဖစ္ၿပီး ေက်ာင္းရဲ႕ အေက်ာ္ၾကားဆံုး အဖြဲ႕ဆိုလည္းမမွား။

က်ိရန္နဲ႔ ေဟာ႐ႊမ္းဆိုလည္း ျပစ္ခ်က္မရွိေခ်ာေမာသလို လင္းရွန္႔ဆိုေသာ ေကာင္မေလးကလည္း သူတို႔ေမဂ်ာရဲ႕Queen။ ဝမ္ရိေပၚ... ဝမ္ရိေပၚကေတာ့ ေမဂ်ာkingျဖစ္သလို တစ္ေက်ာင္းလံုးရဲ႕ popularဆုပါရရွိထားသူ။

ပထမနွစ္မွာနာမည္ႀကီးခဲ့ၿပီး ယခုဒုတိယနွစ္ေရာက္သည္အထိ နာမည္ကမက်ေသး။ Fashion kingဆိုတဲ့ ဘြဲ႕တံဆိပ္ပါ ရရွိထားၿပီး နားကပ္မ်ားဝတ္လာရင္ ေက်ာင္းကရွိသမ်ွ မိန္းကေလးေတြမွာ အသည္းေတြ ေႂကြက်မတက္။

"ဝမ္ရိေပၚ"

"ဟုတ္တီခ်ယ္"

စာသင္ေနရင္း ရုတ္တရက္ ေခၚလိုက္တဲ့တီခ်ယ္ေၾကာင့္ ရိေပၚမွာ ဆတ္ခနဲ မတ္တပ္ရပ္မိသည္။

"ဒီနွစ္ Fresher welcomeမွာ သီခ်င္းတက္ဆိုေပးနိုင္မလား"

"ဟုတ္ တီခ်ယ္ ကြၽန္ေတာ္ဆိုပါ့မယ္"

ရိေပၚရဲ႕လႈပ္ရွားမႈ အစဆံုးကို အတန္းထဲရွိ မိန္းကေလးမ်ားက ဝိုင္းၾကည့္ေနၾကသည္မွာ တီခ်ယ္က စားပြဲပုတ္မွ ေရွ႕သို႔ ျပန္လွည့္သြားၾကသည္။

"ရိေပၚ နင္ဒီနွစ္လည္း ပန္းစည္းေတြရအံုးမွာေပါ့"

လင္းရွန္႔ရဲ႕အေမးကို ရိေပၚက ပုခံုးတြန္႔၊ မ်က္ခံုးပင့္ရင္း ျပန္ေျဖတယ္။

"ငါက သီခ်င္းတက္ဆိုမွ ပန္းစည္းရတာမွမဟုတ္တာ၊ ဒီတိုင္းလည္း လာေပးေနၾကတာ၊ ပန္းဆိုတာ မျမင္ခ်င္ေလာက္ေအာင္ပဲ"

စာေရးစားပြဲခံုေအာက္က နွင္းဆီပန္းအနီကို လင္းရွန္႔ေရွ႕ထိုးျပရင္း ေျဖေသာရိေပၚကို မွားပါၿပီဆိုသည့္သေဘာတဲ့ လင္းရွန္႔က လက္အုပ္ခ်ီတယ္။

"ေဟ့ေကာင္ရိေပၚ မင္းဘာသီခ်င္းဆိုဖို႔ စဥ္းစားထားလဲ"

ေက်ာင္းထမင္းစားခန္းတြင္ ေန႔လယ္စာ စားၾကရင္း ေဟာက္႐ႊမ္းမွ ေမးလိုက္ျခင္းပင္။

"ပြဲေန႔က်သိလိမ့္မယ္"

"မနွစ္ကသီခ်င္းႀကီးပဲေတာ့ မလုပ္နဲ႔ေနာ္၊ ငါထိုင္ငိုျပစ္မွာ"

လင္းရွန္႔က ဝင္ေျပာေတာ့ ေဟာက္႐ႊမ္းနဲ႔က်ိရန္က ရယ္ပါတယ္။ မနွစ္က ရိေပၚဆိုတဲ့ " Your my sunshine" သီခ်င္းနားေထာင္ၿပီး ငိုခဲ့တဲ့ လင္းရွန္႔ရယ္ပါ။

"ေအးပါေဒၚအာက်ယ္ရယ္၊ ငါဒီနွစ္ သီခ်င္းေျပာင္းဆိုပါ့မယ္"

ေျပာၿပီး ရိေပၚက သူ႔ရဲ႕ေျခတစ္ဖက္ကို လူသြားလမ္းဘက္ ထုတ္လိုက္ခ်ိန္ အေနာက္မွ လာေသာသူက ခလုတ္တိုက္မိၿပီး လက္ထဲယူလာတဲ့ ပန္းကန္ေတြက်ကြဲကုန္သည္။

"ခလြမ္း"

အသံက်ယ္ႀကီးနဲ႔အတူ ေက်ာင္းထမင္းစားခန္းမွ လူအမ်ားရဲ႕ အာရံုက သူဆို႔စားပြဲဝိုင္းဆီ။

"ေတာင္း..ေတာင္းပန္ပါတယ္"

တစ္ဖက္က လူက ရိေပၚကို ျပန္ေတာင္းပန္ရင္း ကြဲက်သြားတဲ့ ပန္းကန္စေတြကို လက္ျဖင့္ တစ္ခုခ်င္းေကာက္ေနသည္။ အမွန္ေတာ့ ေတာင္းပန္ရမည့္သူက ရိေပၚပင္ မဟုတ္ပါလား။

"မင္းေတာင္းပန္စရာမလိုပါဘူး၊ ငါမွားတာပါ၊ ထေလ အဲ့တာေတြ ထမင္းစားခန္းက သန္႔ရွင္းေရး လုပ္ေပးလိမ့္မယ္၊ မင္းဘယ္နား ခိုက္မိသြားေသးလဲ"

ရိေပၚရဲ႕အေမးကို ထိုေကာင္ေလးက ဘာမွျပန္မေျဖပဲ သူတို႔အနားမွ ေျပးထြက္သြားသည္။ မ်က္နွာကိုလည္း တစ္ခ်ိန္လံုးငံု႔ထားတာမလို႔ ဘယ္သူဘယ္ဝါဆိုတာေတာင္ မသိလိုက္ေပ။ ထိုစဥ္ ေဟာက္႐ႊမ္းင ေအာက္မွတစ္ခုခုကိုေကာက္ရင္း ေျပာလာသည္။

"ေရွာင္းေရွာင္က်န္႔"

"ဟင္"

"ဘာလဲ"

"ဘာႀကီးလဲ"

သံုးေယာက္လံုးဆီမွ အေမးစကားမ်ားထြက္လာသည္။

"အေစာကလူနာမည္ ေရွာင္းေရွာင္က်န္႔တဲ့
ဒီမွာ သူ႔ေက်ာင္းသားကဒ္"

ေဟာက္႐ႊမ္းကမ္းေပးလာေသာ ေက်ာင္းသားကဒ္ကို ယူၾကည့္လိုက္ေတာ့ ပံုကေဝေဝဝါးဝါးရယ္။ ေသခ်ာမျမင္ရ။ စာေတြကိုေတာ့ ျပတ္ျပတ္သားသား ျမင္ေပလို႔သာ ေတာ္ေတာ့သည္။

အမည္- ေရွာင္းေရွာင္က်န္႔
ေမြးသကၠရာဇ္- 5.10.1991
ေမဂ်ာ- ပန္းခ်ီဌာန

-------------------------------------------------

AN- တစ္ရက္ျခားတစ္ခါေလာက္ updateပါမယ္

2.12.2020

Continue Reading

You'll Also Like

53.6K 2.8K 39
แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€แ€ถแ€แ€ซแ€ธแ€กแ€ฌแ€ธ แ€†แ€ฐแ€ธแ€กแ€‘แ€•แ€บแ€‘แ€•แ€บแ€›แ€…แ€บแ€€แ€ฌแ€•แ€แ€บแ€œแ€ญแ€ฏแ€ท แ€œแ€พแ€ฑแ€ฌแ€„แ€บแ€•แ€ญแ€แ€บแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌแ€บ แ€กแ€˜แ€šแ€บแ€žแ€ฐแ€™แ€พแ€ฌแ€•แ€ญแ€ฏแแ€”แ€ฌแ€€แ€ปแ€„แ€บแ€›แ€กแ€ถแ€ทแ€”แ€Šแ€บแ€ธ แ‚แ€ฝแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€แ€ถแ€แ€ซแ€ธแ€กแ€ฌแ€ธ แ€†แ€ฐแ€ธแ€กแ€‘แ€•แ€นแ€‘แ€•แ€นแ€›แ€…แ€นแ€€แ€ฌแ€•แ€แ€นแ€œแ€ญแ€ฏแ‚” แ€ฑแ€œแ€ฝแ€ฌแ€„แ€นแ€•แ€ญแ€แ€นแ€‘แ€ฌแ€ธแ€ฑแ€žแ€ฌแ€นแ€กแ€˜แ€šแ€น...
780K 17.5K 46
In wich a one night stand turns out to be a lot more than that.
43.7K 2.7K 31
แ€€แ€ถแ€แ€›แ€ฌแ€ธแ€€แ€ผแ€ฎแ€ธแ€€แ€›แ€€แ€บแ€…แ€€แ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€šแ€บ แ€”แ€ฎแ€ธแ€…แ€•แ€บแ€–แ€ญแ€ฏแ€ทแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€›แ€„แ€บแ€•แ€ญแ€ฏแ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ธแ€€แ€ฝแ€ฌแ€žแ€ฝแ€ฌแ€ธแ€žแ€œแ€ญแ€ฏแ€•แ€ฒ {Fanfic} [Beta] Ongoing Started date- Oct.4.2021 End-2.2.2022 (Uni+Zg) . . . ...