Unicode Version
ဇေယျတုအဖို့တော့ရဲရင့်တစ်ယောက်ကလွဲလျှင်ဤကိစ္စအတွက် အခြားသတိရစရာလူမရှိသလောက်နီးပါးဖြစ်နေခဲ့သည်လေ။ သူနှင့်တွေ့ကာတိုင်ပင်ကြည့်မည်ဟုတွေးခါမှ ရဲရင့်၏ဖုန်းနံပါတ်ရောလိပ်စာပါမသိထားသည့်အနေအထား ဖြစ်နေသောကြောင့် ခေါင်းခဲရပြန်သည်။
လူဆိုသည်မှာလည်းအခက်သား။ ကိုယ်တိုင်မြိုသိပ်ထားစဥ်ကတော့ မည်သည့်အနေအထားဖြစ်စေအဆင်ပြေသော်လည်း တကယ်တမ်းဆုံးဖြတ်ချက်ပြောင်းမည့်အချိန်တွင်တော့ အလောသုံးဆယ်ဖြစ်သွားပြီးအခုချက်ချင်းပင် ထိုကိစ္စကိုအကောင်အထည်ဖော်လိုစိတ်ပြင်းပြသွားတတ်သည်ဖြစ်ရာ ရဲရင့်၏ဖုန်းနံပါတ်လေးကိုပင်တောင်းမထားမိသည့် ကိုယ့်ကိိုကိုယ်သာအပြစ်တင်မိတော့သည်။
အဂ္ဂဆီသို့ဖုန်းဆက်၍မေးကြည့်လျှင်ကောင်းမလားဟုလည်း တွေးမိသေးသည်။ သို့သော်အခုနေများဖုန်းဆက်၍ရဲရင့်၏ ဖုန်းနံပါတ်ကိုတောင်းမိလျှင်လည်းအလွန်ထူးဆန်းဖွယ်ရာဖြစ်နေပေမည်။ စိတ်ကလည်းရုတ်တရက်အလျင်လိုလာသည် ဖြစ်ရာမနေနိုင်လှပေ။ သို့သော်ငြားထက်သန်လွန်းနေသော စိတ်ကိုခဏတာချိုးနှိမ်ကာအခါအခွင့်သင့်မည့်အချိန်ကိုသာ စောင့်နေရန်ဆုံးဖြတ်လိုက်ပါသည်။
တစ်ချိန်တည်းမှာပင်ဇေယျတုအကြံတစ်ခုရသွားသည်။ အဂ္ဂ၏ဖုန်းအားခဏငှါးချင်ယောင်ဆောင်၍ရဲရင့်၏ ဖုန်းနံပါတ်အားခိုးယူလျှင်ဟူသောအကြံပင်။ အကြံရသည်နှင့် တစ်ပြိုင်နက်အဂ္ဂဆီသို့တစ်ခေါက်ပြန်သွားရန်စိတ်ကူးပြီး တက္ကစီခယူပြီးအခန်းထဲမှထွက်လိုက်သည်နှင့်သူ၏အဖေနှင့် တည့်တည့်တိုးလေသည်။
"ငါ့ခွင့်ပြုချက်မရှိဘဲအပြင်ကိုခြေတစ်လှမ်းထွက်တာနဲ့ မင်းအမေရဲ့ပစ္စည်းမှန်သမျှ ပြာဖြစ်ပြီသာမှတ်ထား"
ဇေယျတုမှာထိုစကားကြောင့်အောင့်သက်သက်ဖြစ်သွားရပြီး ဒေါသလည်းထွက်၊ဝမ်းလည်းဝမ်းနည်းသွားရသည်။ မည်မျှပင် လူစိတ်မရှိဟုဆိုဆို ထိုစကားကတော့အတိုင်းထက်အလွန် ယုတ်ညံ့သည်ဟုယူဆ၍ပင်ရသည်မဟုတ်လား။
"လူမှဟုတ်သေးရဲ့လား"
သူ့အဖေအားမကြောက်မလန့်ခပ်ရိုင်းရိုင်းပြောလိုက်သည့်အခါ သူ၏အဖေကလည်းသူ့အားခါးထောက်၍ကြည့်ကာ ခပ်အေးအေးဖြင့်ပြန်ဖြေသည်။
"အဲ့လိုမှမဟုတ်ရင်မင်းကိုဘာနဲ့များတားနိုင်သေးလို့လဲ ဟမ်"
ဇေယျတုလည်းစိတ်တိုတိုနှင့်ဘာစကားမှပြန်မပြောတော့ဘဲ သူ၏အခန်းတံခါးကိုပြန်ဖွင့်ကာအထဲသို့ဝုန်းဒိုင်းကြဲ၍ ပြန်ဝင်သွားရတော့သည်။ သူ၏အဖေကသူ့အားအနိုင်ပိုင်းလိုက်နိုင်သည်ကိုလည်း မယုံကြည်နိုင်ဖြစ်ရသည်။
"ဇေယျတုကိုဒါမျိုးလာလုပ်လို့ရမယ်များထင်နေလား ခင်ဗျားကိုယ်တိုင်အပြင်ကိုထွက်ခိုင်းသွားစေရမယ် စောင့်နေ"
***************
နာရီဝက်ခန့်အကြာတွင်........။
"ဇေယျတု!!!!! "
ဇေယျတုမှာဧည့်ခန်းထဲတွင်ဒူးတနှံ့နှံ့ဖြင့်တီဗီကြည့်ကာ သာယာနေခိုက်စာကြည့်ခန်းထဲမှသူ့အဖေ၏စူးစူးဝါးဝါး အော်သံကထွက်ပေါ်လာလေသည်။ ထို့နောက် နားကွဲဖွယ်ရာအသံပြီးနောက် သူ၏အဖေမှာလူကိုယ်တိုင်သူ့အနားသို့ ရောက်လာလေသည်။
"မင်း ဒါဘာလုပ်တာလဲ"
လက်ထဲတွင်စက္ကူလေယာဥ်ပျံလေးများကိုကိုင်လာပြီး ဇေယျတုအားမာန်မဲကာမေးနေလေရာဇေယျတုလည်း ခေါင်းတကုတ်ကုတ်နှင့် ပြန်ဖြေရသည်။
"ပျင်းလို့ဆော့ထားတာလေဗျာ အဖေပဲအပြင်မထွက်နဲ့ဆို အိမ်ထဲမှာရှိတာလေးနဲ့ရှာကြံပြီး အပျင်းပြေအောင်ဆော့ရတာပေါ့"
"ဟ ဒါကငါ့ရဲ့အလုပ်တွေလေ ဒီစာရွက်တွေမှာစာရင်းတွေ ပါနေတာမမြင်ဘူးလား ဇေယျတု မင်းတော်တော်ကိုပွေနေတာနော် တော်သေးတာပေါ့ ငါ့လက်ပ်တော့ထဲမှာမူရင်းဖိုင်တွေ ရှိနေသေးလို့ မင်းနော် မင်း အချိုးပြေပြေနေ သွား ကိုယ့်အခန်းထဲကို"
ဇေယျတုလည်းမျက်ဆံကိုအပေါ်သို့လှန်ကာစိတ်ကုန်လိုက်တာဟု ရေရွတ်ပြီးနောက်သူ၏အခန်းထဲသို့သီချင်းတညည်းညည်းနှင့် ဝင်သွားတော့သည်။
ထို့နောက်ကုတင်ပေါ်တွင်တစ်ယောက်တည်းလူးလွန့်နေပြီး ဘာမှလည်း လုပ်စရာမရှိသည့်အဆုံးတီးလုံးမဲ့အကလေ့ကျင့်ရန်သာ ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဖုန်းကလည်းမရှိသည်ဖြစ်ရာသီချင်းကဖွင့်မရပေ။ ဖွင့်ရလျှင်တောင် သူ၏အဖေရှိနေသည့်ဤနေရာတွင်ကရန်ခွင့်မပြုထားပေ။ အဆုံးတွင်သူ၏အဖေကသူ့အားမကနိုင်အောင်ကြိုးတုပ်ချည်နှောင်ထားလျှင်ပိုခက်ပေတော့မည်။
တစ်ယောက်တည်းရူးကြောင်ကြောင်နှင့်သီချင်းသံလည်း မရှိပါဘဲကနေရသည်ကအလွန်သနားစရာကောင်းလွန်းသည်ဟု ကိုယ်တိုင်ကထင်မြင်မိသဖြင့်ခဏအကြာတွင်တော့ ကနေရာမှရပ်ကာအခန်းအပြင်သို့ထွက်လာခဲ့ပြန်သည်။
"ဖုန်းမရှိတဲ့ဘဝကြီးကတစ်စက္ကန့်တောင်အဆင်ပြေမနေပါဘူးနော်"
တစ်ယောက်တည်းတီးတိုးရေရွတ်ရင်းထမင်းစားခန်းထဲသို့ ဝင်ကာစားစရာရှိမရှိမွှေနှောက်ရှာဖွေနေသည်။ အလုပ်လုပ်စရာတစ်ခုမှရှိမနေသည့်အခါ ပါးစပ်အားအလုပ်ပေးထားခြင်းကလည်း အပန်းဖြေခြင်းတစ်မျိုးပါပင်။ ယနေ့အတွက် ဇေယျတု၏အစီအစဥ်မှာတော့ စား၍ရသည့်အရာမှန်သမျှ အပြတ်ဖြုန်းရန်ပင်။
မီးဖိုချောင်ထဲတွင်ရှိသမျှဟင်းများကိုထမင်းမပါဘဲအလွတ် စားပြီးသည့်နောက်တွင်တော့ ဗိုက်ပြည့်သွားပြီဖြစ်ရာ အစာရေစာဝဝလင်လင်ဖြစ်လာသည်နှင့်အညီ မျက်ခွံများကလည်းလေးလံကာအိပ်ချင်လာသည်။ ထို့ကြောင့်သူ၏ အခန်းထဲသို့တကူးတကပြန်မနေတော့ဘဲ ဧည့်ခန်းထဲရှိ Dream Bedပေါ်တွင်မှေးလိုက်တော့သည်။
ဇေယျတုမှာငါးမိနစ်ပင်မကြာလိုက်ဘဲDream Bedပေါ်သို့ခေါင်းမှီလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားရသည်။ အချိန်တော်တော်ကြာသည်အထိအေးအေးချမ်းချမ်း အိပ်မောကျနေသောဇေယျတုအား ပြင်းထန်လှစွာသော ရိုက်ချက်တစ်ခုကလန့်နိုးလာစေသည်။
ဇေယျတုဟာအိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်လှဲနေရာမှ ခေါင်းထောင်လာပြီးသူ့အားရိုက်လိုက်သူကိုရှာနေလေသည်။ သူ၏အဖေမှာသူ့အရှေ့တွင်မတ်တပ်ရပ်နေပြီးသူ့အား ခပ်တည်တည် စိုက်ကြည့်နေလေသည်။
ဇေယျတုလည်းအိပ်မှုန်စုန်မွှားဖြင့်သူ၏မျက်လုံးကို လက်သီးဆုပ်ဖြင့်ပွတ်သပ်လိုက်ပြီး ဟားတသမ်းသမ်းဖြင့် ပြောလိုက်သည်။
"သူများအိပ်နေတာကိုဘာလို့လာနှောင့်ယှက်နေတာလဲ"
"မီးဖိုချောင်ထဲကဟင်းတွေအကုန် မင်းစားသွားတာလား"
သူ၏အဖေမှာသူ့အားခပ်တင်းတင်းကြည့်၍ မေးလာသော်လည်းသူကတော့ဇဝေဇဝါမျက်နှာထားဖြင့် ပြန်ဖြေသည်။
"အဖေစားတာမဟုတ်ဘူးလား"
ရိုသေခြင်းလည်းမရှိ၊အသရေဖျက်ခြင်းလည်းမရှိသည့်အဖေဟုခေါ်လိုက်သောလေသံအနေအထားကြောင့် သူ၏အဖေမှာတော့သွေးတက်ချင်သလိုဖြစ်နေလေရဲ့။
"ငါအခုမှစားဖို့ပြင်တုန်းရှိသေးတယ် ဟင်းတွေမကျန်တော့လို့ ငါမှမစားရင်မင်းပဲရှိတာလေ အဒေါ်ကလည်းစားပြီးတာကြာလှနေပြီ"
"သြော် ဟုတ်ချင်လည်းဟုတ်မှာပေါ့ ကျွန်တော်စားလိုက်တယ်ထင်တာပဲ အိပ်မက်လားတကယ်လားမသဲကွဲလို့"
တစ်ဖန်ပြန်၍သမ်းဝေနေရင်းမှဖြေလိုက်ရာသူ၏အဖေက စိတ်မရှည်လေဟန်ဖြင့်ပြန်ပြောသည်။
"စားတာလည်းတော်ရုံသင့်ရုံစားပေါ့ စားပိုးနင့်အောင်စားတယ် ဘာကောင်လဲမသိဘူး"
"ဒါလေးစားတာကိုဖြစ်ပျက်နေတာ ဒေါ်ကြီးကိုပြန်ချက်ခိုင်းလိုက်ပေါ့"
"မလိုဘူး ငါ့ဘာသာအပြင်မှာပဲသွားစားတော့မယ်"
"အဲ့ဒါများလာပြောနေသေးတယ် အာရုံနောက်အောင် အိပ်ရေးလည်းပျက်တယ် ပြန်အိပ်ပြီဗျာ"
ဇေယျတု၏အဖေကလည်းစိတ်ပေါက်ပေါက်နှင့်ဇေယျတုအား တိတ်တဆိတ်ဆဲရေး၍အပြင်သို့နေ့လယ်စာစားရန်ထွက်လာခဲ့လိုက်သည်။
"ဒီဂြိုလ်ကောင်လေး အိပ်နေတာပဲကောင်းတယ် ပြဿနာတစ်ခုမဟုတ်တစ်ခုရှာလွန်းတယ်"
သို့သော်သူမထင်ထားသည်ကတော့အပြင်မှနေ့လယ်စာ စား၍ပြန်လာသည့်အခါတွင်အိမ်တစ်အိမ်လုံးဗြောင်းဆန်သွားစေလောက်သည့် ပြဿနာတစ်ခုဟာဆီးကြိုနေမည်ကိုပင်။
အိမ်သို့ပြန်ရောက်သည်နှင့်တရွှီးရွှီးတရှဲရှဲမြည်သံတို့ဟာမီးဖိုချောင်ထဲမှဆူညံပွက်လောရိုက်ကာထွက်ပေါ်လာသည်မို့ သူလည်းမီးဖိုချောင်ရှိရာသို့အပြေးသွားလေရာ မြင်လိုက်ရသည့်မြင်ကွင်းဟာစိတ်ပျက်ဖွယ်အတိပင်။ မီးဖိုချောင်ကြမ်းခင်းတစ်ခုလုံးတွင်ရေကြီးနေပြီး အခန်းအပြင်သို့ပင် ရေများဟာလျှံကျလာလေပြီ။ အထဲတွင်တော့ဇေယျတုဟာ ထမင်းစားပွဲခုံပေါ်တွင်ငုတ်တုတ်လေးတက်ထိုင်နေပြီး ဘေစင်ရှိရေပိုက်ခေါင်းပျက်ကာရေများဒရဟောလျှံကျနေသည်ကိုထိုင်ကြည့်နေလေ၏။
"ဇေယျတု မင်းအဲဒီ့မှာဘာလုပ်နေတာလဲ"
အလွန်အမင်းဒေါသထွက်နေသည့်အမူအရာဖြင့်အဖေဖြစ်သူကို မြင်ရသည်ကိုတောင်နည်းနည်းလေးမှမတုန်လှုပ်ဘဲ မထုံတတ်တေးအမူအရာဖြင့်ပြန်ဖြေလေသည်။
"ရေပိုက်ခေါင်းပျက်ပြီးရေတွေလျှံနေတာလေ ဘာမှလည်းမလုပ်တတ်ဘူး လုပ်လို့လည်းမရဘူး စိတ်မပူပါနဲ့ ဒေါ်ကြီး ရေပိုက်ခေါင်းပြင်တဲ့လူကိုသွားခေါ်တယ်"
ဇေယျတု၏သွေးတက်သွားစေနိုင်လောက်သောစကားများကို နားထောင်ရင်းသူ၏အဖေကတော့ရေကြီးနေသော အခန်းထဲသို့တဖြည်းဖြည်းလျှောက်လာလေသည်။
"မင်း ဒီလိုပဲထိုင်ကြည့်နေပုံမျိုးနဲ့တော့တစ်အိမ်လုံးရေမြုပ်သွားမှာပေါ့ကွ ရေလျှံတာလျော့အောင်နည်းနည်းတော့ ကြိုးစားဦးမှပေါ့ ဦးနှောက်ရဲ့"
"တစ်ကိုယ်လုံးရေစိုကုန်မှာပေါ့"
မီးဖိုခန်းတစ်ခုလုံးရေမြုပ်မတတ်ဖြစ်နေရသည့်အနေအထားထက် သူ၏ခန္ဓာကိုယ်ရေစိုမည့်အရေးက ပို၍အန္တရာယ်ရှိသယောင်ပြောပြနေသည့်ဇေယျတု၏ အေးဆေးသက်သာလှသောစကားကိုကြားရသည့်အခါ သူ၏အဖေဟာအမျိုးမျိုးဆဲရေးပါတော့သည်။
"ခွေးသား"
ဇေယျတုအားဆဲလည်းဆဲ၊ရေလျှံကျနေသောရေပိုက်ခေါင်းအား ပိတ်ဆို့ထားရန်လည်းကြိုးစားနေသေးသည်။ ဇေယျတုကတော့ သူ့အဖေ၏ဒုက္ခရောက်လှသောဖြစ်အင်ကို ထမင်းစားပွဲပေါ်တွင်တင်ပုလ္လင်ချိတ်ကာထိုင်နေရင်း ပွဲကြည့်ပရိသတ်လုပ်နေလေသည်။
"ကျွန်တော်ကခွေးသားမှမဟုတ်တာ အဖေ့သားလေ အဖေကကိုယ့်ကိုကိုယ်ခွေးနဲ့နှိုင်းနေတာပဲ ဟဲဟဲ"
"သွားတော့ သွား အပြင်မသွားရလို့ဆန္ဒပြနေတာမလား"
"အမေ့ရဲ့ပစ္စည်းတွေမီးရှို့ပစ်မှာဆို မသွားပါဘူးဗျာ အိမ်ထဲမှာပဲကစားတော့မယ်"
ဇေယျတုဟာမတရားစွပ်စွဲခံရသူတစ်ဦးလိုအမှန်တကယ်စိတ်ပျက်အားငယ်နေသည့်ရုပ်ဖြင့် ပြောနေသောအခါသူ၏အဖေကလည်းရေများစိုရွှဲနေသည့်ကြားမှ ဒေါသတကြီးနှင့်လှမ်းအော်နေတော့သည်။
"ဘာမှမလုပ်ဘူးဟေ့ မင်းထွက်သွားဖြစ်ဖို့ပဲလိုတယ် မမှောင်ခင်သာပြန်ခဲ့"
"ဒါဆိုသွားပြီ အဖေရေ......... ဒီရေတွေကိုတော့ကိုယ့်ဘာသာပဲရှင်းလိုက်တော့ ကျွန်တော်ပြန်ရောက်ရင်အိပ်ခန်းထဲကိုလှေစီးပြီးမဝင်ချင်ဘူး သေချာလုပ်ထားနော်"
ဇေယျတုမှာမသွားခင်လေးသူ့အဖေ၏ဒေါသအား ဆွပေးခဲ့ပြီးနောက် ထမင်းစားခန်းထဲမှလေ၏အလျင်လိုပြေးထွက်သွားတော့သည်။ ကျန်နေခဲ့သည့်သူ၏အဖေမှာတော့ ရေတရွှဲရွှဲကြားတွင်မတတ်သာဘဲရေပိုက်ခေါင်းပြင်သည့်လူမြန်မြန်ရောက်လာစေရန်သာ ဆုတောင်းနေရတော့သည်။
*********************************************
A/N: ပျော်ရွှင်ဖွယ်တန်ဆောင်တိုင်လေးဖြစ်ပါစေ❤️ ကဲ ကဲ ဒီနေ့တော့ ဇေယျတုရဲ့အိမ်တွင်းတော်လှန်ရေးအကြောင်းလေးနဲ့ ကုန်ဆုံးကြတာပေါ့😁❤️
°°°°°°°°°°°°°°°°°°°°°°°°°°°°
ZawGyi Version
ေဇယ်တုအဖို႔ေတာ့ရဲရင့္တစ္ေယာက္ကလြဲလွ်င္ဤကိစၥအတြက္ အျခားသတိရစရာလူမ႐ွိသေလာက္နီးပါးျဖစ္ေနခဲ့သည္ေလ။ သူႏွင့္ေတြ႕ကာတိုင္ပင္ၾကည့္မည္ဟုေတြးခါမွ ရဲရင့္၏ဖုန္းနံပါတ္ေရာလိပ္စာပါမသိထားသည့္အေနအထား ျဖစ္ေနေသာေၾကာင့္ ေခါင္းခဲရျပန္သည္။
လူဆိုသည္မွာလည္းအခက္သား။ ကိုယ္တိုင္ၿမိဳသိပ္ထားစဥ္ကေတာ့ မည္သည့္အေနအထားျဖစ္ေစအဆင္ေျပေသာ္လည္း တကယ္တမ္းဆုံးျဖတ္ခ်က္ေျပာင္းမည့္အခ်ိန္တြင္ေတာ့ အေလာသုံးဆယ္ျဖစ္သြားၿပီးအခုခ်က္ခ်င္းပင္ ထိုကိစၥကိုအေကာင္အထည္ေဖာ္လိုစိတ္ျပင္းျပသြားတတ္သည္ျဖစ္ရာ ရဲရင့္၏ဖုန္းနံပါတ္ေလးကိုပင္ေတာင္းမထားမိသည့္ ကိုယ့္ကိိဳကိုယ္သာအျပစ္တင္မိေတာ့သည္။
အဂၢဆီသို႔ဖုန္းဆက္၍ေမးၾကည့္လွ်င္ေကာင္းမလားဟုလည္း ေတြးမိေသးသည္။ သို႔ေသာ္အခုေနမ်ားဖုန္းဆက္၍ရဲရင့္၏ ဖုန္းနံပါတ္ကိုေတာင္းမိလွ်င္လည္းအလြန္ထူးဆန္းဖြယ္ရာျဖစ္ေနေပမည္။ စိတ္ကလည္း႐ုတ္တရက္အလ်င္လိုလာသည္ ျဖစ္ရာမေနႏိုင္လွေပ။ သို႔ေသာ္ျငားထက္သန္လြန္းေနေသာ စိတ္ကိုခဏတာခ်ိဳးႏွိမ္ကာအခါအခြင့္သင့္မည့္အခ်ိန္ကိုသာ ေစာင့္ေနရန္ဆုံးျဖတ္လိုက္ပါသည္။
တစ္ခ်ိန္တည္းမွာပင္ေဇယ်တုအၾကံတစ္ခုရသြားသည္။ အဂၢ၏ဖုန္းအားခဏငွါးခ်င္ေယာင္ေဆာင္၍ရဲရင့္၏ ဖုန္းနံပါတ္အားခိုးယူလွ်င္ဟူေသာအၾကံပင္။ အၾကံရသည္ႏွင့္ တစ္ၿပိဳင္နက္အဂၢဆီသို႔တစ္ေခါက္ျပန္သြားရန္စိတ္ကူးၿပီး တကၠစီခယူၿပီးအခန္းထဲမွထြက္လိုက္သည္ႏွင့္သူ၏အေဖႏွင့္ တည့္တည့္တိုးေလသည္။
"ငါ့ခြင့္ျပဳခ်က္မ႐ွိဘဲအျပင္ကိုေျခတစ္လွမ္းထြက္တာနဲ႔ မင္းအေမရဲ႕ပစၥည္းမွန္သမွ် ျပာျဖစ္ၿပီသာမွတ္ထား"
ေဇယ်တုမွာထိုစကားေၾကာင့္ေအာင့္သက္သက္ျဖစ္သြားရၿပီး ေဒါသလည္းထြက္၊ဝမ္းလည္းဝမ္းနည္းသြားရသည္။ မည္မွ်ပင္ လူစိတ္မ႐ွိဟုဆိုဆို ထိုစကားကေတာ့အတိုင္းထက္အလြန္ ယုတ္ညံ့သည္ဟုယူဆ၍ပင္ရသည္မဟုတ္လား။
"လူမွဟုတ္ေသးရဲ႕လား"
သူ႕အေဖအားမေၾကာက္မလန္႔ခပ္႐ိုင္း႐ိုင္းေျပာလိုက္သည့္အခါ သူ၏အေဖကလည္းသူ႕အားခါးေထာက္၍ၾကည့္ကာ ခပ္ေအးေအးျဖင့္ျပန္ေျဖသည္။
"အဲ့လိုမွမဟုတ္ရင္မင္းကိုဘာနဲ႔မ်ားတားႏိုင္ေသးလို႔လဲ ဟမ္"
ေဇယ်တုလည္းစိတ္တိုတိုႏွင့္ဘာစကားမွျပန္မေျပာေတာ့ဘဲ သူ၏အခန္းတံခါးကိုျပန္ဖြင့္ကာအထဲသို႔ဝုန္းဒိုင္းႀကဲ၍ ျပန္ဝင္သြားရေတာ့သည္။ သူ၏အေဖကသူ႕အားအႏိုင္ပိုင္းလိုက္ႏိုင္သည္ကိုလည္း မယုံၾကည္ႏိုင္ျဖစ္ရသည္။
"ေဇယ်တုကိုဒါမ်ိဳးလာလုပ္လို႔ရမယ္မ်ားထင္ေနလား ခင္ဗ်ားကိုယ္တိုင္အျပင္ကိုထြက္ခိုင္းသြားေစရမယ္ ေစာင့္ေန"
***************
နာရီဝက္ခန္႔အၾကာတြင္........။
"ေဇယ်တု!!!!! "
ေဇယ်တုမွာဧည့္ခန္းထဲတြင္ဒူးတႏွံ႔ႏွံ႔ျဖင့္တီဗီၾကည့္ကာ သာယာေနခိုက္စာၾကည့္ခန္းထဲမွသူ႕အေဖ၏စူးစူးဝါးဝါး ေအာ္သံကထြက္ေပၚလာေလသည္။ ထို႔ေနာက္ နားကြဲဖြယ္ရာအသံၿပီးေနာက္ သူ၏အေဖမွာလူကိုယ္တိုင္သူ႕အနားသို႔ ေရာက္လာေလသည္။
"မင္း ဒါဘာလုပ္တာလဲ"
လက္ထဲတြင္စကၠဴေလယာဥ္ပ်ံေလးမ်ားကိုကိုင္လာၿပီး ေဇယ်တုအားမာန္မဲကာေမးေနေလရာေဇယ်တုလည္း ေခါင္းတကုတ္ကုတ္ႏွင့္ ျပန္ေျဖရသည္။
"ပ်င္းလို႔ေဆာ့ထားတာေလဗ်ာ အေဖပဲအျပင္မထြက္နဲ႔ဆို အိမ္ထဲမွာ႐ွိတာေလးနဲ႔႐ွာၾကံၿပီး အပ်င္းေျပေအာင္ေဆာ့ရတာေပါ့"
"ဟ ဒါကငါ့ရဲ႕အလုပ္ေတြေလ ဒီစာ႐ြက္ေတြမွာစာရင္းေတြ ပါေနတာမျမင္ဘူးလား ေဇယ်တု မင္းေတာ္ေတာ္ကိုေပြေနတာေနာ္ ေတာ္ေသးတာေပါ့ ငါ့လက္ပ္ေတာ့ထဲမွာမူရင္းဖိုင္ေတြ ႐ွိေနေသးလို႔ မင္းေနာ္ မင္း အခ်ိဳးေျပေျပေန သြား ကိုယ့္အခန္းထဲကို"
ေဇယ်တုလည္းမ်က္ဆံကိုအေပၚသို႔လွန္ကာစိတ္ကုန္လိုက္တာဟု ေရ႐ြတ္ၿပီးေနာက္သူ၏အခန္းထဲသို႔သီခ်င္းတညည္းညည္းႏွင့္ ဝင္သြားေတာ့သည္။
ထို႔ေနာက္ကုတင္ေပၚတြင္တစ္ေယာက္တည္းလူးလြန္႔ေနၿပီး ဘာမွလည္း လုပ္စရာမ႐ွိသည့္အဆုံးတီးလုံးမဲ့အကေလ့က်င့္ရန္သာ ျပင္လိုက္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႕ထံတြင္ ဖုန္းကလည္းမ႐ွိသည္ျဖစ္ရာသီခ်င္းကဖြင့္မရေပ။ ဖြင့္ရလွ်င္ေတာင္ သူ၏အေဖ႐ွိေနသည့္ဤေနရာတြင္ကရန္ခြင့္မျပဳထားေပ။ အဆုံးတြင္သူ၏အေဖကသူ႕အားမကႏိုင္ေအာင္ႀကိဳးတုပ္ခ်ည္ေႏွာင္ထားလွ်င္ပိုခက္ေပေတာ့မည္။
တစ္ေယာက္တည္း႐ူးေၾကာင္ေၾကာင္ႏွင့္သီခ်င္းသံလည္း မ႐ွိပါဘဲကေနရသည္ကအလြန္သနားစရာေကာင္းလြန္းသည္ဟု ကိုယ္တိုင္ကထင္ျမင္မိသျဖင့္ခဏအၾကာတြင္ေတာ့ ကေနရာမွရပ္ကာအခန္းအျပင္သို႔ထြက္လာခဲ့ျပန္သည္။
"ဖုန္းမ႐ွိတဲ့ဘဝႀကီးကတစ္စကၠန္႔ေတာင္အဆင္ေျပမေနပါဘူးေနာ္"
တစ္ေယာက္တည္းတီးတိုးေရ႐ြတ္ရင္းထမင္းစားခန္းထဲသို႔ ဝင္ကာစားစရာ႐ွိမ႐ွိေမႊေႏွာက္႐ွာေဖြေနသည္။ အလုပ္လုပ္စရာတစ္ခုမွ႐ွိမေနသည့္အခါ ပါးစပ္အားအလုပ္ေပးထားျခင္းကလည္း အပန္းေျဖျခင္းတစ္မ်ိဳးပါပင္။ ယေန႔အတြက္ ေဇယ်တု၏အစီအစဥ္မွာေတာ့ စား၍ရသည့္အရာမွန္သမွ် အျပတ္ျဖဳန္းရန္ပင္။
မီးဖိုေခ်ာင္ထဲတြင္႐ွိသမွ်ဟင္းမ်ားကိုထမင္းမပါဘဲအလြတ္ စားၿပီးသည့္ေနာက္တြင္ေတာ့ ဗိုက္ျပည့္သြားၿပီျဖစ္ရာ အစာေရစာဝဝလင္လင္ျဖစ္လာသည္ႏွင့္အညီ မ်က္ခြံမ်ားကလည္းေလးလံကာအိပ္ခ်င္လာသည္။ ထို႔ေၾကာင့္သူ၏ အခန္းထဲသို႔တကူးတကျပန္မေနေတာ့ဘဲ ဧည့္ခန္းထဲ႐ွိ Dream Bedေပၚတြင္ေမွးလိုက္ေတာ့သည္။
ေဇယ်တုမွာငါးမိနစ္ပင္မၾကာလိုက္ဘဲDream Bedေပၚသို႔ေခါင္းမွီလိုက္သည္ႏွင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားရသည္။ အခ်ိန္ေတာ္ေတာ္ၾကာသည္အထိေအးေအးခ်မ္းခ်မ္း အိပ္ေမာက်ေနေသာေဇယ်တုအား ျပင္းထန္လွစြာေသာ ႐ိုက္ခ်က္တစ္ခုကလန္႔ႏိုးလာေစသည္။
ေဇယ်တုဟာအိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖင့္လွဲေနရာမွ ေခါင္းေထာင္လာၿပီးသူ႕အား႐ိုက္လိုက္သူကို႐ွာေနေလသည္။ သူ၏အေဖမွာသူ႕အေ႐ွ႕တြင္မတ္တပ္ရပ္ေနၿပီးသူ႕အား ခပ္တည္တည္ စိုက္ၾကည့္ေနေလသည္။
ေဇယ်တုလည္းအိပ္မႈန္စုန္မႊားျဖင့္သူ၏မ်က္လုံးကို လက္သီးဆုပ္ျဖင့္ပြတ္သပ္လိုက္ၿပီး ဟားတသမ္းသမ္းျဖင့္ ေျပာလိုက္သည္။
"သူမ်ားအိပ္ေနတာကိုဘာလို႔လာေႏွာင့္ယွက္ေနတာလဲ"
"မီးဖိုေခ်ာင္ထဲကဟင္းေတြအကုန္ မင္းစားသြားတာလား"
သူ၏အေဖမွာသူ႕အားခပ္တင္းတင္းၾကည့္၍ ေမးလာေသာ္လည္းသူကေတာ့ဇေဝဇဝါမ်က္ႏွာထားျဖင့္ ျပန္ေျဖသည္။
"အေဖစားတာမဟုတ္ဘူးလား"
႐ိုေသျခင္းလည္းမ႐ွိ၊အသေရဖ်က္ျခင္းလည္းမ႐ွိသည့္အေဖဟုေခၚလိုက္ေသာေလသံအေနအထားေၾကာင့္ သူ၏အေဖမွာေတာ့ေသြးတက္ခ်င္သလိုျဖစ္ေနေလရဲ႕။
"ငါအခုမွစားဖို႔ျပင္တုန္း႐ွိေသးတယ္ ဟင္းေတြမက်န္ေတာ့လို႔ ငါမွမစားရင္မင္းပဲ႐ွိတာေလ အေဒၚကလည္းစားၿပီးတာၾကာလွေနၿပီ"
"ေၾသာ္ ဟုတ္ခ်င္လည္းဟုတ္မွာေပါ့ ကြၽန္ေတာ္စားလိုက္တယ္ထင္တာပဲ အိပ္မက္လားတကယ္လားမသဲကြဲလို႔"
တစ္ဖန္ျပန္၍သမ္းေဝေနရင္းမွေျဖလိုက္ရာသူ၏အေဖက စိတ္မ႐ွည္ေလဟန္ျဖင့္ျပန္ေျပာသည္။
"စားတာလည္းေတာ္႐ုံသင့္႐ုံစားေပါ့ စားပိုးနင့္ေအာင္စားတယ္ ဘာေကာင္လဲမသိဘူး"
"ဒါေလးစားတာကိုျဖစ္ပ်က္ေနတာ ေဒၚႀကီးကိုျပန္ခ်က္ခိုင္းလိုက္ေပါ့"
"မလိုဘူး ငါ့ဘာသာအျပင္မွာပဲသြားစားေတာ့မယ္"
"အဲ့ဒါမ်ားလာေျပာေနေသးတယ္ အာ႐ုံေနာက္ေအာင္ အိပ္ေရးလည္းပ်က္တယ္ ျပန္အိပ္ၿပီဗ်ာ"
ေဇယ်တု၏အေဖကလည္းစိတ္ေပါက္ေပါက္ႏွင့္ေဇယ်တုအား တိတ္တဆိတ္ဆဲေရး၍အျပင္သို႔ေန႔လယ္စာစားရန္ထြက္လာခဲ့လိုက္သည္။
"ဒီၿဂိဳလ္ေကာင္ေလး အိပ္ေနတာပဲေကာင္းတယ္ ျပႆနာတစ္ခုမဟုတ္တစ္ခု႐ွာလြန္းတယ္"
သို႔ေသာ္သူမထင္ထားသည္ကေတာ့အျပင္မွေန႔လယ္စာ စား၍ျပန္လာသည့္အခါတြင္အိမ္တစ္အိမ္လုံးေျဗာင္းဆန္သြားေစေလာက္သည့္ ျပႆနာတစ္ခုဟာဆီးႀကိဳေနမည္ကိုပင္။
အိမ္သို႔ျပန္ေရာက္သည္ႏွင့္တ႐ႊီး႐ႊီးတ႐ွဲ႐ွဲျမည္သံတို႔ဟာမီးဖိုေခ်ာင္ထဲမွဆူညံပြက္ေလာ႐ိုက္ကာထြက္ေပၚလာသည္မို႔ သူလည္းမီးဖိုေခ်ာင္႐ွိရာသို႔အေျပးသြားေလရာ ျမင္လိုက္ရသည့္ျမင္ကြင္းဟာစိတ္ပ်က္ဖြယ္အတိပင္။ မီးဖိုေခ်ာင္ၾကမ္းခင္းတစ္ခုလုံးတြင္ေရႀကီးေနၿပီး အခန္းအျပင္သို႔ပင္ ေရမ်ားဟာလွ်ံက်လာေလၿပီ။ အထဲတြင္ေတာ့ေဇယ်တုဟာ ထမင္းစားပြဲခုံေပၚတြင္ငုတ္တုတ္ေလးတက္ထိုင္ေနၿပီး ေဘစင္႐ွိေရပိုက္ေခါင္းပ်က္ကာေရမ်ားဒရေဟာလွ်ံက်ေနသည္ကိုထိုင္ၾကည့္ေနေလ၏။
"ေဇယ်တု မင္းအဲဒီ့မွာဘာလုပ္ေနတာလဲ"
အလြန္အမင္းေဒါသထြက္ေနသည့္အမူအရာျဖင့္အေဖျဖစ္သူကို ျမင္ရသည္ကိုေတာင္နည္းနည္းေလးမွမတုန္လႈပ္ဘဲ မထုံတတ္ေတးအမူအရာျဖင့္ျပန္ေျဖေလသည္။
"ေရပိုက္ေခါင္းပ်က္ၿပီးေရေတြလွ်ံေနတာေလ ဘာမွလည္းမလုပ္တတ္ဘူး လုပ္လို႔လည္းမရဘူး စိတ္မပူပါနဲ႔ ေဒၚႀကီး ေရပိုက္ေခါင္းျပင္တဲ့လူကိုသြားေခၚတယ္"
ေဇယ်တု၏ေသြးတက္သြားေစႏိုင္ေလာက္ေသာစကားမ်ားကို နားေထာင္ရင္းသူ၏အေဖကေတာ့ေရႀကီးေနေသာ အခန္းထဲသို႔တျဖည္းျဖည္းေလွ်ာက္လာေလသည္။
"မင္း ဒီလိုပဲထိုင္ၾကည့္ေနပုံမ်ိဳးနဲ႔ေတာ့တစ္အိမ္လုံးေရျမဳပ္သြားမွာေပါ့ကြ ေရလွ်ံတာေလ်ာ့ေအာင္နည္းနည္းေတာ့ ႀကိဳးစားဦးမွေပါ့ ဦးေႏွာက္ရဲ႕"
"တစ္ကိုယ္လုံးေရစိုကုန္မွာေပါ့"
မီးဖိုခန္းတစ္ခုလုံးေရျမဳပ္မတတ္ျဖစ္ေနရသည့္အေနအထားထက္ သူ၏ခႏၶာကိုယ္ေရစိုမည့္အေရးက ပို၍အႏၲရာယ္႐ွိသေယာင္ေျပာျပေနသည့္ေဇယ်တု၏ ေအးေဆးသက္သာလွေသာစကားကိုၾကားရသည့္အခါ သူ၏အေဖဟာအမ်ိဳးမ်ိဳးဆဲေရးပါေတာ့သည္။
"ေခြးသား"
ေဇယ်တုအားဆဲလည္းဆဲ၊ေရလွ်ံက်ေနေသာေရပိုက္ေခါင္းအား ပိတ္ဆို႔ထားရန္လည္းႀကိဳးစားေနေသးသည္။ ေဇယ်တုကေတာ့ သူ႕အေဖ၏ဒုကၡေရာက္လွေသာျဖစ္အင္ကို ထမင္းစားပြဲေပၚတြင္တင္ပုလႅင္ခ်ိတ္ကာထိုင္ေနရင္း ပြဲၾကည့္ပရိသတ္လုပ္ေနေလသည္။
"ကြၽန္ေတာ္ကေခြးသားမွမဟုတ္တာ အေဖ့သားေလ အေဖကကိုယ့္ကိုကိုယ္ေခြးနဲ႔ႏိႈင္းေနတာပဲ ဟဲဟဲ"
"သြားေတာ့ သြား အျပင္မသြားရလို႔ဆႏၵျပေနတာမလား"
"အေမ့ရဲ႕ပစၥည္းေတြမီး႐ိႈ႕ပစ္မွာဆို မသြားပါဘူးဗ်ာ အိမ္ထဲမွာပဲကစားေတာ့မယ္"
ေဇယ်တုဟာမတရားစြပ္စြဲခံရသူတစ္ဦးလိုအမွန္တကယ္စိတ္ပ်က္အားငယ္ေနသည့္႐ုပ္ျဖင့္ ေျပာေနေသာအခါသူ၏အေဖကလည္းေရမ်ားစို႐ႊဲေနသည့္ၾကားမွ ေဒါသတႀကီးႏွင့္လွမ္းေအာ္ေနေတာ့သည္။
"ဘာမွမလုပ္ဘူးေဟ့ မင္းထြက္သြားျဖစ္ဖို႔ပဲလိုတယ္ မေမွာင္ခင္သာျပန္ခဲ့"
"ဒါဆိုသြားၿပီ အေဖေရ......... ဒီေရေတြကိုေတာ့ကိုယ့္ဘာသာပဲ႐ွင္းလိုက္ေတာ့ ကြၽန္ေတာ္ျပန္ေရာက္ရင္အိပ္ခန္းထဲကိုေလွစီးၿပီးမဝင္ခ်င္ဘူး ေသခ်ာလုပ္ထားေနာ္"
ေဇယ်တုမွာမသြားခင္ေလးသူ႕အေဖ၏ေဒါသအား ဆြေပးခဲ့ၿပီးေနာက္ ထမင္းစားခန္းထဲမွေလ၏အလ်င္လိုေျပးထြက္သြားေတာ့သည္။ က်န္ေနခဲ့သည့္သူ၏အေဖမွာေတာ့ ေရတ႐ႊဲ႐ႊဲၾကားတြင္မတတ္သာဘဲေရပိုက္ေခါင္းျပင္သည့္လူျမန္ျမန္ေရာက္လာေစရန္သာ ဆုေတာင္းေနရေတာ့သည္။
*********************************************
A/N: ေပ်ာ္႐ႊင္ဖြယ္တန္ေဆာင္တိုင္ေလးျဖစ္ပါေစ❤️ ကဲ ကဲ ဒီေန႔ေတာ့ ေဇယ်တုရဲ႕အိမ္တြင္းေတာ္လွန္ေရးအေၾကာင္းေလးနဲ႔ ကုန္ဆုံးၾကတာေပါ့😁❤️
°°°°°°°°°°°°°°°°°°°°°°°°°°°°