Ep-37

2.6K 292 59
                                    

Unicode Version

ဇေယျတုအတွက်ဖုန်းနှင့်အခြားလိုအပ်သည်များဝယ်ပေးပြီးနောက်တွင်သင်တန်းဆီသို့သွားသည့်လမ်းတွင်မထင်မှတ်ထားသည့်အတွဲကိုတွေ့လိုက်ရသည်။ သူရနိုင်နှင့်ဟန်မေမူယာတို့သည် ဆေးရုံတစ်ခုအတွင်းမှထွက်လာပြီးသူတို့၏ကားပေါ်သို့တက်အံ့ဆဲဆဲတွင် အနားမှဖြတ်သွားဟန်ရှိသော အဂ္ဂတို့ကိုမြင်၍လှမ်းအော်ပြီးခေါ်သဖြင့် အဂ္ဂကလည်းမောင်းနေသည့်ဆိုင်ကယ်ကိုရပ်လိုက်ရသည်။

"ငါကအရင်ကလေးရမယ်ထင်နေတာ မင်းကအရင်ရသွားပါလား အဂ္ဂရာ"

နှစ်တွဲသားအနီးအနားရှိစားသောက်ဆိုင်တွင်ဝင်ထိုင်၍ နေ့လယ်စာအတူစားဖြစ်ကြရာမှ သူရနိုင်ကမျက်နှာချင်းဆိုင်ရှိဇေယျတုနှင့်အဂ္ဂကိုမျက်ခုံးတပင့်ပင့်ဖြင့်ပြောလာခြင်းဖြစ်၏။

ဟန်မေမူယာ၏ဗိုက်ကလည်း လအနည်းငယ်ရနေပြီဖြစ်သောကြောင့် တော်တော်သိသာလာလေပြီဖြစ်သည်။ သူရနိုင်ကဤသည်ကိုရည်ရွယ်၍ပြောလာသည်ဖြစ်ရာ အဂ္ဂကရယ်သည်။

"ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပဲ ငါ့ကောင် မနာလိုမဖြစ်နဲ့"

"ဖြစ်စရာလား"

"ပြီးတာပဲ"

အဂ္ဂနှင့်သူရနိုင်တို့စကားနိုင်လုနေကြသဖြင့်ဘေးနားမှဟန်မေမူယာနှင့်ဇေယျတုကလည်း နှစ်ယောက်တည်းသီးသန့်စကားပြောနေကြသည်။

"ဆိုတော့ မင်းကဇေယျတုဆိုတဲ့တစ်ယောက်ပေါ့ ဟုတ်လား"

ဟန်မေမူယာ၏နွေးထွေးသောအပြုံးကြောင့်ဇေယျတုဟာ သူ၏မိခင်ကိုပင်သတိရမိသွားသည်။

"ဟုတ်ပါတယ်ဗျ"

"အဂ္ဂရဲ့ကောင်လေးဆိုတာကိုတော့ တစ်ဖွဲ့လုံးVideo Callပြောနေတုန်းက ကြားထားပြီးသားဆိုတော့ဘာမှထူးထူးဆန်းဆန်းဖြစ်မနေနဲ့ ဟုတ်ပြီလား အစ်မကိုကိုယ့်အစ်မလိုသဘောထားလို့ရတယ်နော်"

"ကျေးဇူးတင်ပါတယ်"

သွေးမတော်သားမစပ်သည့်ဤအသိုက်အမြုံလေးဟာ အတိုင်းအဆမဲ့နွေးထွေးလွန်းလှပါလားဟု ဇေယျတုတွေးလိုက်မိသည်။

I Found My Prince Charming(Season 2)Where stories live. Discover now