Ep-19

2.4K 277 24
                                    

အကြံအောင်မြင်သွားသောဇေယျတုကတော့တက္ကစီတစ်စီး ငှါးပြီးအဂ္ဂဆီသို့ကြော့ကြော့မော့မော့လေးထွက်လာခဲ့တော့သည်လေ။ သူ၏မျက်နှာတွင်တော်လှန်ပုန်ကန်ခဲ့ရသဖြင့် ဖြစ်ပေါ်လာသည့်ဂုဏ်ယူမှုရေးရေးလေးကိုမြင်နေရသည်။ ဤမျှထိသူ့အားတင်းကြပ်ပြနေသော အဖေဖြစ်သူကိုကောင်းကောင်းပညာပြခဲ့ပြီးနောက် မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲနေလေရာ အလွန့်အလွန်မှစိတ်လက်ကြည်ကြည်သာသာ ဖြစ်နေလေတော့သည်။

အဂ္ဂ၏အိမ်ရှေ့သို့ရောက်သည်နှင့်အချိန်ကလည်းနေ့လယ်နှစ်နာရီပင်ရှိလေပြီ။ တက္ကစီခကိုရှင်းပေးပြီးနောက် အဂ္ဂ၏ အိမ်ထဲသို့ဝင်မည်အပြုခြံတံခါးကသော့ခတ်ထားသဖြင့် တစ်ဖက်ကCentreဘက်သို့လှမ်းမျှော်ကြည့်လိုက်သည်။ Centreကတော့ဖွင့်ထားသည်မို့ရုံးခန်းထဲတွင်ရှိနေလိမ့်မည်ဟု တွက်ဆကာဇေယျတုလည်းတစ်ဖက်ခြံသို့ကူးလာခဲ့တော့သည်။

အထဲသို့ဝင်လျှင်ဝင်ချင်းမှာပင်ဇေယျတုမြင်လိုက်ရသည်က ဇေယျတုနှင့်ရွယ်တူလောက်ရှိမည့်မိန်းကလေးအချို့က အဂ္ဂ၏ဘေးတွင် ဝိုင်းနေပြီးတစ်ယောက်တစ်ခွန်းစကားပြောနေကြလေသည်။ အဂ္ဂကလည်းထိုမိန်းကလေးများပြောသည်ကို သေချာနားထောင်ပြီးသူကပါစိတ်ပါလက်ပါခွန်းတုံ့ပြန်နေလေသည်။ မိန်းကလေးများ၏ဘေးတွင်ယောကျ်ားလေးအချို့ပါ ကပ်ပါနေပြီးသူတို့ကတော့အဂ္ဂအားနှုတ်ဆက်ကာ အပြင်ထွက်သွားကြရန်ပြင်နေလေပြီ။ အဂ္ဂ၏အနားမှမိန်းကလေးတစ်စုကတော့ပြန်ထွက်ရန်စိတ်ကူးမရှိသည့်အလားစကားပြောနေကြဆဲပင်။

အပေါက်ဝအနားတွင်မှုန်ကုပ်ကုပ်ဖြင့်ရပ်နေသောဇေယျတုကိုတော့ မည်သူမှမမြင်ကြပေ။ ဇေယျတုလည်း မျက်စိရှေ့က မြင်ကွင်းကိုစိတ်တိုင်းမကျလှပေ။ ထို့ကြောင့်သူ၏လာရင်းကိစ္စကိုပင် မေ့လျော့ကာဒေါသထွက်လာရသည်။

မိန်းကလေးများနှင့်စကားပြောနေသောအဂ္ဂက ရုတ်တရက် တံခါးဘက်သို့အကြည့်ဝေ့လိုက်သောအခါမှဇေယျတုအား မြင်သွားပြီးရုတ်တရက်မို့အံ့သြနေလေသည်။ ဇေယျတုကလည်း ဆူအောင့်အောင့်ဖြင့်အပြင်တွင်စောင့်နေမည်ဟုလက်ဟန် အမူအရာပြခဲ့ပြီးထိုနေရာမှလစ်ထွက်လာခဲ့လိုက်သည်။

I Found My Prince Charming(Season 2)Where stories live. Discover now