သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.3M 186K 27.1K

👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

Chapter-1(Zawgyi)

39.5K 1.1K 71
By SakuraRain2000


သားဖွားခန်းမှ ရင်ခုန်သံ
~~~~~~~~~~~~~~~~

"ညှစ်...ညှစ်...ညှစ်"

"အား...အမေရေ ကယ်ပါဦး...နာတယ် ဆရာရဲ့..."

"​အစ်မရေ...အစ်မက အားစိုက်ပြီးညှစ်လေ..."

"အား...မရဘူး...နာတယ်"

"အစ်မ ပေါင်ကြီးစိမထားနဲ့လေ...၊အဲ့လိုဆို ကလေးခေါင်းက ဘယ်လိုထွက်မှာတုန်း အစ်မရဲ့၊ ညှစ်ပါဆို...ကြာရင် ကလေးက ရေမွှာမွန်းတော့မယ်"

"ဒီမှာ ကလေးအမေရေ...ညှစ်လို့..."

မြောက်ဥက္ကလာပ ဆေးရုံကြီး၊ OG Ward(သားဖွားဆောင်)၏ Labour Room(သားဖွားခန်း)ထဲတွင် ထုံးစံအတိုင်း ကလေးအမေ၏ အသံ၊ မွေးပေးသည့် ဆရာဝန်များ၏ အသံ၊ သူနာပြုဆရာမများ၏ အသံတို့ဖြင့် အုတ်အော်သောင်းနင်းဆူညံနေပြန်သည်။ ပို၍ ဆူညံရသည့်အကြောင်းအရင်းက ယခုကလေးမွေးပေးနေသည့် ဆရာဝန်မှာ သားဖွားဆောင်၏ နာမည်ကြီး ASဒေါက်တာ ဦးဖြိုးစည်လင်းသူ ဖြစ်နေသောကြောင့်ပင်။

ယခုမှ သားဖွားဆောင်သို့ ရောက်ရှိတာဝန်ချခံရသော လင်းထက်နောင်၊ ဝေနှင်းသွယ် နှင့် ကောင်းကင်ယံတို့ House Surgeon(အလုပ်သင်ဆရာဝန်)လေး သုံးဦးမှာ လက်ကလေးများရှေ့ချ၍ ဘာလုပ်ရမလဲမသိ ချောင်၌ ကပ်နေကြသည်။

"ဟေ့...ဟိုဟောက်ဆာဂျင် အသစ်သုံးယောက်၊ မင်းတို့က ဒီမှာလာမကြည့်ဘဲ အဲ့ချောင်မှာ ဘာကပ်လုပ်နေကြတာလဲ"

ဟိန်းကနဲ့ဆို သူတို့ဆီဦးတည်လာသော အော်ဟစ်သံကြောင့် သုံးယောက်လုံးတုန်ကနဲ့ ဖြစ်သွားကြ၏။ လင်းထက်နောင်၏ နားထဲတွင် ဒီwardသို့ မပြောင်းခင် မိမိသူငယ်ချင်းမှာလိုက်သော စကားသံတို့က ရစ်ဝဲသွားသည်။

"လင်းထက်ရေ၊ နင်တို့ အခုသွားရမဲ့ OG Wardက ASဆရာ ဦးဖြိုးစည်လင်းသူကလေ အရမ်း အပေါက်ဆိုးတာ၊ နင်သာ သူနဲ့ Teamတစ်ခုတည်းကျရင် ကိုယ့်အခေါင်းကိုယ်သာပြင်ထားလိုက်တော့"

သူမှာသည့်အတိုင်း ကံဆိုးလွန်းစွာ Team တစ်ခုထဲကျခဲ့ပါသည်။ဝေနှင်းသွယ်က လင်းထက် လက်မောင်းကို ဆုပ်ကိုင်ပြီး

"ငါကြောက်တယ် လင်းထက်"ဟု အားတက်သရောပြောရှာ၏။

"ငါလည်းကြောက်တယ် ဝေဝေ" ဟု ပြန်ပြောရင်း ကောင်းကင်ယံကို အကဲခတ်လိုက်တော့ မျက်နှာမှာ သွေးရှိသေးရဲ့လားတောင် သံသယဖြစ်စရာ။ ဘာလို့ ဒီအကြောက်လွန် စကွက်ကမှ ဦးဖြိုးစည်လင်းသူနဲ့ အတူကျဖို့ဖြစ်လာခဲ့သနည်း။ မနက်က ရောက်စတုန်းက ဦးဖြိုးစည်လင်းသူက ဘယ်သူလဲဟု မသိမသာ စပ်စုမိချိန် ဒီလူကြီးပါဟုဆိုတော့ ဒီလောက်ချောသည့်လူက အပေါက်ဆိုးစရာလားဟု အချင်းချင်းရီမောအတင်းတုတ်ခဲ့ကြသေး၏။ မိမိတို့ကိုတောင် ပြုံးပြနှုတ်ဆက်သွားသည်မို့ အရင်လူတွေမှာသည့် စကားကို လုံးဝကို မေ့ပစ်ခဲ့သည်။

သို့သော် ထိုလူကြီးက မွေးခန်းထဲရောက်မှ ဇာတိပြလေးသလားမသိ။ ညှစ်...ညှစ် ဟုအော်သော အသံများထဲတွင်လည်း သူ့အသံအကျယ်ဆုံးဖြစ်ပြီး သူ့စိတ်အလိုမကျဖြစ်လျှင် အကူဝင်ပေးသည့် ရွယ်တူအစ်မကိုတောင် အော်သည်။ ဘယ်တော့မိမိတို့အလှည့်ရောက်မလဲဟု ဘုရားတရင်း နောက်ဆုံး ရောက်လာခဲ့ချေပြီ။

သုံးယောက်ထဲတွင် အနည်းငယ်ရဲသည်ဟု ယူဆ၍ ရသော လင်းထက်ကို ဟိုနှစ်ယောက်က အရှေ့တွန်းပို့သည်။ တရွေ့ရွေ့အနားသို့တိုးကပ်သွားလိုက်ပြီး မြင်ရလောက်သည့်နေရာတွင် ခြေထောက်ကို ကျောက်ချလိုက်သည်။

"ဒီနားထိ တိုးလာခဲ့၊ အရှေ့ဆုံးကတစ်ယောက်ဖြေ၊ ဘယ်အချိန်မှာ EP (Epsiotomy)ညှပ်ရမှာလဲ"

(Episiotomy= ကလေးခေါင်းလွယ်ကူစွာထွက်နိုင်ရန် မွေးလမ်းကြောင့် ချဲ့ခြင်း)

"ဗျာ"

ရုတ်တရတ် စာမေးခံလိုက်ရ၍ လင်းထက် ဒိန်းကနဲ့ ရင်ထဲဆောင့်ခုန်သွား၏။ စာမရတာ မဟုတ်ဘဲ ကြောက်လွန်း၍ပါ။ မိမိကို မော့ကြည့်လာသော အကြည့်စူးစူးကို မခံနိုင်စွာ ခေါင်းငုံ့လိုက်မိသည်။

"ဟို...ဟို...ကလေးခေါင်း crowning ဖြစ်တဲ့အချိန်၊ perineum ပါးလာတဲ့အချိန်ပါ"

အထစ်ထစ်အအ ဖြေလိုက်ရင်း မှန်သွား၍ ဘာမှမပြောဘဲ မွေးနေသည့်ဆီသို့ ပြန်ကြည့်သွား၏။

"အင်း...ဟုတ်ပြီ အနောက်ကတစ်ယောက်..."

လင်းထက်၏ အနောက်မှ ကောင်းကင်ယံတစ်ယောက် အသံတိတ်နေသဖြင့် အသက်မှရှိသေးရဲ့လားဟု သူလှည့်ကြည့်လိုက်ရသည်။ တစ်ခုခုပြောဖို့ ပါးစပ်ကြီးဟ၍ အားယူနေသော ကောင်းကင်ယံ...။ ဟိုက ဘာမှတောင် မမေးရသေးဘဲ သူက ဘာဖြေဖို့ အားယူနေတာတုန်း။

ကျောင်းသားတွေ နှုတ်တွေ့စာမေးပွဲဖြေလျှင် ကြုံတွေ့ရသည့် ဒုက္ခအများစုမှာ စာမရ၍မဟုတ်ဘဲ စာမေးသူကို ကြောက်လွန်း၍သာလျှင် ဖြစ်တတ်သည်။

ထိုစဉ် ကလေးခေါင်းက လုံးဝဆင်းလာ၍ သူတို့ကို စာထပ်မမေးနိုင်တော့ဘဲ ကလေးမွေးသည့်ဆီသို့ စိတ်လုံးလုံးပြန်ရောက်သွား၏။

"အစ်မရေ...ညှစ်မယ်...ဟုတ်ပြီ...ညှစ်...ညှစ်..."

"ညှစ်...ညှစ်...ညှစ်"

ဘေးမှ လူများကပါ ဝိုင်း၍ အော်ပေးသောကြောင့် ကလေးအမေကလည်း အားစိုက်ပြီးညှစ်သည်။ လင်းထက် အသက်ရှူဖို့ပင် အောင့်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ညှစ်ဟုတစ်ခါအော်တိုင်း သူလည်း လိုက်ညှစ်ချင်လာသည်အထိ မရိုးမရွဖြစ်လာ၍ပါ။

"အဲ....အဲ "

နောက်ဆုံး မြေမနင်းသား ဖိုးတုံးလုံးလေးဟာ အဲ...အဲ...အသံပြု၍ လူ့လောကကြီးကို နှုတ်ဆက်ကြိုဆိုလာသည်။

"ယောက်ျားလေး၊ ၁၁ နာရီ ၄၃ မိနစ်"

ဦးဖြိုးစည်လင်းသူက အသံကျယ်ကျယ်ဖြင့် အော်ပေးချိန် ဘာရယ်မဟုတ် သူတို့သုံးယောက်လည်း ကလေးမွေးသည့်အချိန်ကို လက်ဖဝါးတွင် လိုက်မှတ်မိသွား၏။ ထို့နောက် သူနာပြုဆရာမလေးချီသွားသော ကလေးလေးနောက်သို့ သုံးယောက်သား တချိုးတည်းလိုက်ဖို့ပြင်သည်။

"ဟိုသုံးယောက် အဲ့ဒါ ဘယ်သွားမလို့လဲ၊ ဒီမှာ EP ဘယ်လို ချုပ်လဲလာကြည့်"

သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်နှာငယ်လေးများနှင့် ထိုလူကြီးအနားပြန်ရောက်သွား၏။ အချင်းချပြီး၍ episiotomy ပြန်ချုပ်ချိန်တွင် ဦးဖြိုးစည်လင်းသူက သူတို့ကို သေချာသင်ပေးလာသည်။

"ဒီမှာ Apex(ထိပ်)တွေ့လား"

လင်းထက် မတွေ့ပါ။ ကျန်နှစ်ယောက်က တွေ့လားမတွေ့လားမသိပေမယ့် သုံးယောက်သား ပြိုင်တူထွက်သွားတာကတော့

"ဟုတ်ကဲ့"

"အင်း အဲ့ဒီ့ Apexကနေ စချုပ်မယ်"

ထို့နောက် ဘယ်အလွှာကို ဘာနဲ့ချုပ်သည်၊ ဘယ်လိုချုပ်သည်ကို သူက သေချာသင်ပြသည်။ ဘေးနားမှ အကူမလိုဘဲ တစ်ယောက်တည်း ကျွမ်းကျင်စွာချုပ်​ပြသွားသော ထိုလူကြီးက လုပ်ငန်းခွင် ကျွမ်းကျင်မှုအဆင့်အတော်မြင့်သည်။ လင်းထက် အနည်းငယ်အားကျသလိုတောင်ဖြစ်သွား၏။ ရုပ်လည်းချောသည်။ တော်လည်းတော်သည်။ ဒီလူကြီးအသက် ရှိလှမှ ၂၈၊ ၂၉ အလွန်ဆုံးပေါ့။ အားလုံးပြီးသွားတော့ သူက နေရာမှထသည်။ လက်အိတ်များ၊ အေပရွန်များကို ချွတ်ရင်း

"သေချာကြည့်ခဲ့ကြလား"

"ဟုတ်ကဲ့"

"အဲ့ဒါဆို ၁၂ နာရီလောက်မှာ မွေးမယ်လို့ ခန့်မှန်းထားတဲ့ တစ်ယောက်ရှိတယ်၊ အဲ့တစ်ယောက်ကျရင် မင်းတို့ထဲက တစ်ယောက် assistantဝင်ရမယ်"

ထို့နောက် သူက ရေစင်၌ လက်ဆေးသည်။

"ဘယ်သူဝင်မလဲ"

မိမိတို့ဘက်လှည့်ကြည့်ပြီး မေးလာသောကြောင့် ဟိုနှစ်ယောက်က လင်းထက်ကို တန်း၍ လက်ညိုးထိုးကြသည်။

"ကောင်းပြီ၊ ဝင်မယ်ဆို သေချာပြင်ထား" ဟုပြောပြီး လှည့်ထွက်သွား၏။

လင်းထက် မိမိကို သေတွင်းထဲတွန်းပို့သွားသော ဟိုနှစ်ကောင်ကို မျက်လုံးပြူးပြီးသာကြည့်နိုင်တော့သည်။

*****************

၁၂ နာရီခန့်တွင်

"တစ်ယောက်တင်မယ်"

ဒီအသံကို လင်းထက်စောင့်နေတာကြာလှပြီဖြစ်၏။ မွေးခန်းထဲသို့ ပြေးဝင်ကာ အေပရွန်၊ လက်အိတ်၊ mask နှင့် capတို့ကို ဝတ်စုံ​ပြည့်ဝတ်ဆင်လိုက်သည်။ ဖိနပ်စင်တွင်တွေ့သော ဘွတ်ဖိနပ်များကြောင့် လင်းထက် ဘွတ်ဖိနပ်ပါ စီးလိုက်၏။ ကိုယ့်ကိုယ်ကိုယ် သားဖွားခန်း ဘေစင်၌ရှိသော မှန်တွင်ပြန်ကြည့်ပြီး သဘောတွေကျနေသည်။

ထိုစဉ် ဦးဖြိုးစည်လင်းသူက လူနာဖိုင်ကို ကိုင်လျက်ဝင်လာပြီး လင်းထက်ကို တွေ့သောအခါ မျက်လုံးပြူးပြီးကြည့်သည်။

"မင်းက မွေးခန်းassistဝင်မှာလား၊ ခွဲခန်းဝင်မှာလား"တဲ့။ ထိုအခါမှ လင်းထက်သတိထားမိတာက အားလုံးသည် အေပရွန်၊ လက်အိတ်နှင့် maskလောက်သာ ဝတ်ဆင်ကြသည်။ မိမိတစ်ယောက်တည်း capနှင့် ဘွတ်ဖိနပ်နှင့်။ လင်းထက် ရှက်မိသလိုဖြစ်သွားသော်လည်း ပြန်ချွတ်၍ အဆင်မပြေတော့သည်မို့ ဒီအတိုင်းသာထားလိုက်ရသည်။

"ကလေးခေါင်းထွက်လာတော့မယ်ဆို လက်တစ်ဖက်က ကလေး ခေါင်းကိုထိန်း၊ ကျန်လက်တစ်ဖက်က စအိုနဲ့ မွေးလမ်းကြောင်းကြားကိုထိန်း"

ဦးဖြိုးစည်လင်းသူက သေချာကို သင်ပြပေးသည်။ မွေးခန်း၏ အနံ့အသက်ပေါင်းစုံ၊ ပိုးသတ်ဆေးနံ့ပေါင်းစုံကို ကျော်လွန်၍ အနီးကပ်ရှိနေသော သူ့ထံမှ ကိုယ်သင်းနံ့ဟုယူဆရမည့် မွှေးရနံ့ခပ်သင်းသင်းကိုရသည်။ မွေးသည့် ခုံတွင်ထိုင်နေသော သူ့နံဘေးတွင် နီးနီးကပ်ကပ်ထိုင်နေရင်း တစ်ချက်တစ်ချက် သူခေါင်းငုံ့လိုက်သောအခါ ဆံပင်များမှ ခေါင်းလျှော်ရည်နံ့သင်းသင်းကိုပါရပြန်သည်။

"ရော့...EP ညှပ်"

ထုံဆေးကို သူထိုးပေးပြီး မိမိကို EP Scissor(မွေးလမ်းကြောင့်ချဲ့ပေးသည့် ကတ်ကြေး) ကမ်းပေးသော သူ့ကြောင့် လင်းထက်မရဲတရဲ လှမ်းယူလိုက်ရသည်။

"ဟေ့...EP က တစ်ခါတည်း ညှပ်ချရမှာလေ၊ မင်းအထစ်အထစ်လိုညှပ်နေတော့ ပြန်ချုပ်ရင် ဘယ်လွယ်မလဲ"

စလာပြီ...စလာပြီ။ အော်ဟစ်ဆူပူတာတွေ စလာပြီ။ လင်းထက်လည်း အားကုန်ညှပ်ချတာပါပဲ။ သူ့ဘာသူ မပြတ်လို့ နှစ်ခါထပ်ညှပ်ကတာ လင်းထက်လည်း ဘယ်တက်နိုင်ပါ့မလဲ။ မကျေနပ်ပေမယ့် ပြန်လည်းမပြောရဲတာကြောင့် မသိမသာ မျက်နှာခပ်ဆူဆူနဲ့ ဆက်လုပ်ရသည်။

"ဟုတ်ပြီ...ကလေးအမေရေ...ထွက်တော့မယ်...ညှစ်ထား...ညှစ်...ညှစ်"

သူများတွေ ဝိုင်းအော်ကြပေမယ့် လင်းထက်လိုက်မအော်နိုင်ဘဲ အသက်ရှူအောင့်ထားရသည်။

"အဲ...အဲ..."

နောက်ဆုံးကလေးလေးတစ်ဦး လင်းထက် လက်ထဲရောက်လာသည်။

"အချိန်နဲ့ ဘာလေးလဲဆိုတာ အော်"

သူပြောတော့မှ လင်းထက် သတိရကာ အချိန်ကြည့်လိုက်ရသည်။

"မိန်းကလေး၊ ၁၂ နာရီ ၃၅မိနစ်"

ထို့နောက် အချင်းချပြီးချိန်တွင် အားလုံးက မွေးခန်းထဲမှ အလျှိုလျှိုထွက်သွားကြပြီး ဦးဖြိုးစည်လင်းသူနှင့် လင်းထက်နှစ်ဦးတို့သာ EP ချုပ်ဖို့ကျန်ခဲ့သည်။

သူက တစ်ခါထပ်၍ ချုပ်ပုံချုပ်နည်းကို သေချာပြပေးသည်။

"ရော့...ချုပ်ကြည့်"

လင်းထက် တုန်နေသော လက်ကို ထိန်း၍ အပ်နှင့် ချုပ်ကြိုးကိုယူလိုက်သည်။

ဟင်...ဘာလို့လဲ။ ဘာလို့ အပ်က မပေါက်တာလဲ။ ဟိုလူကြီးချုပ်သွားတုန်းကသာသာယာယာပါပဲ။ သူ့အလှည့်ကျမှ အပ်က အသားထဲကို မပေါက်။ အားစိုက်ပြီး ကြိုးစားသည်။

"အမေ့..."

ချော်ထွက်သွားသော အပ်ကြောင့် လက်ကိုမစိုက်မိအောင် မနည်းကြိုးစားထိန်းလိုက်ရသည်။

"မင်း နာမည်ဘယ်သူလဲ"

ရုတ်တရတ် နာမည်မေးလာသော သူ့ကြောင့် လင်းထက် ရင်ထဲ တဒိန်းဒိန်းခုန်လာသည်။ ငါ့ကို နာမည်မှတ်ပြီး ရုံးခန်းပို့တော့မှာလား။ အမေရေ...သားကို ကယ်ပါဦး။

"လင်း...လင်းထက်နောင်ပါ"

"အေး...လင်းထက်နောင်၊ မင်းယောက်ျားလေးဖြစ်ပြီး ဘာလို့ အဲ့ဒီလောက် အားပျော့ရတာလဲ"

ယောက်ျားသိက္ခာထိတော့ လင်းထက် စိတ်တိုချင်သွား၏။ သူမမြင်အောင် ဘုကြည့် ကြည့်ပေးလိုက်ပြီး မခံချင်စိတ်ဖြင့် ကြိုးစားချုပ်လိုက်တော့ ရသွားသည်။

"မင်းသိလား လင်းထက်နောင်၊ မင်းချုပ်လိုက်တဲ့ ချုပ်ရိုးတစ်ခုဟာ သူများအိမ်ထောင်ရေးထိ အကျိုးသက်ရောက်တယ်ဆိုတာ"

ရုတ်တရတ် နားမလည်။ သေသေချာချာတွေးတော့မှ တရေးရေးသဘောပေါက်လာသောအခါ လင်းထက် ထိုလူကြီးကို မျက်လုံးပြူး၍ မော့ကြည့်လိုက်သည်။ သူက ဘာမှားလို့လဲ ဟုသော ပုံစံဖြင့်ပြန်ကြည့်နေသည်။ ကိုယ့်ဘာကိုယ် ပါးတွေ၊ နှာခေါင်းထိပ်တွေ၊ နားရွက်ဖျားတွေရဲသည်အထိ လင်းထက် ရှက်ရွံ့ကာ ခေါင်းငုံ့ချလိုက်မိသည်။

ဆရာဝန်တစ်ယောက်အနေနှင့် ဒီကိစ္စတွေက ထွေထွေထူးထူးရှက်စရာမဟုတ်ပေမယ့် ဒီလူကြီးပြောတော့ လင်းထက် ရှက်မိသလိုဖြစ်၏။

"မင်းချုပ်တာ ပုံစံမကျဘူး"ဟု ပြောရင်း သူက လင်းထက်လက်ပေါ် သူ့လက်ထပ်၍ ဆုပ်ကိုင်ကာ ကူချုပ်ပေးသည်။ လက်အိတ်ခံထားသော်လည်း ထိုလူကြီးလက်ကနွေးနေသလိုပဲ။

****************

နောက်တစ်နေ့တွင် ကောင်းကင်ယံက assistant အဖြစ်ဝင်ရပြီး လင်းထက်က လိုသည့် ပစ္စည်းများယူပေးရန် runner အဖြစ်နေရသည်။

"NSနည်းနည်း ထပ်ယူပေးပါလား"

အသင့်ပြင်ထားသော NS(normal saline)က ကုန်သွား၍ ဘေးရှိ runnerမိမိကို လှမ်းခေါ်သည်။ လင်းထက်နောင် အလျှင်အမြန်ပြေးယူပေးလိုက်၏။

"အမလေး...စပ်တယ် ဆရာရဲ့...အား စပ်တယ်...လုပ်ကြပါဦး"

လူနာဆီမှ အော်သံကြောင့် ​ဖြိုးစည်လင်းသူ မျက်လုံးပြူးသွား၏။ NSက မစပ်ပါဘူး။

"ဟေ့...လင်းထက်နောင် မင်းထည့်ပေးတာ NSကော ဟုတ်ရဲ့လား"

လင်းထက်နောင် အလန့်တကြား မိမိလက်ထဲမှ ကိုင်ထားဆဲ ဘူးကိုကြည့်လိုက်တော့ Sprit (အရက်ပြန်)တဲ့။ လင်းထက် ခေါင်းနပန်းကြီးသွား၏။

"လင်းထက်နောင်!!!"

မျက်စိစုံမှိတ်ထားစဉ် နားထဲတွင် ဟိန်းထွက်သွားသော ဦးဖြိုးစည်လင်းသူ၏ အသံ။

"ကလေးအမေရေ... တောင်းပန်ပါတယ်ဗျ၊ ကျွန်တော်တို့ ဆေးဘူးမှားသွားလို့ပါ၊ တောင်းပန်ပါတယ်ဗျာ"

"အမလေး...ဆရာတို့က ဆေးဘူးလေးမှားရုံပဲ၊ ကျွန်မက ဒီမှာ စပ်လို့သေတော့မယ်၊ ခုနကလည်း ဗိုက်နာတယ်၊ အခုလည်း စပ်တယ်၊ အမလေး...ယောက်ျားရေ လာကြည့်ပါဦး မိန်းမအဖြစ်ကို"

ယောက်ျားကို တ,အော်သော ကလေးအမေကြောင့် လင်းထက်မှာ ပြေး၍ပဲ ယက်ခတ်ပေးရတော့မလိုလို၊ ပါးစပ်နဲ့ပဲ ကုန်းမှုတ်ရတော့မလိုလိုဖြစ်သွား၏။ တဆက်တည်း မျက်ထောင်နီကြီးဖြင့် ကြည့်လာသော ဦးဖြိုးစည်လင်းသူ၏ အကြည့်များကြောင့် လူက ရှိရင်းဆွဲ ခန္ဓာကိုယ်သေးသေးလေးထက် ပို၍ သေးကြုံ့သွားသလိုခံစားလိုက်ရ၏။ ဘာလို့ ဒီလူကြီးအရှေ့ကျမှ အလွဲတွေလုပ်နေတာလဲ လင်းထက်နောင်လေးရယ်။

***************

"နေ့လည်စာအတွက် ကျေးဇူးပဲ အစ်မဇင်မာ၊ သားလေးကို Happy Birthdayပါလို့ ပြောလိုက်ပါဦး"

အထက်တန်းသူနာပြုအစ်မဇင်မာက သူမ၏ကလေးမွေးနေ့အတွက် သားဖွားဆောင်ရှိ ဝန်ထမ်းများအားလုံးကို ခေါက်ဆွဲကြော်ဝယ်ကျွေးသည်။ အကုန်လုံး ခေါက်ဆွဲကြော်ကို ဟိုတစ်စု ဒီတစ်စုထိုင်စားကြရင်း အစ်မဇင်မာ့ သားလေးအတွက် မွေးနေ့ဆုတောင်းပေးကြသည်။

လင်းထက်တို့နှင့် ဘေးချင်းကပ်လျက်ခုံမှာ ဦးဖြိုးစည်လင်းသူနှင့် တခြားAS အစ်ကို၊ အစ်မများထိုင်နေကြသည်။ သူတို့ဝိုင်းမှ ပြောနေသော စကားများကို လင်းထက်တို့ဝိုင်းမှ အတိုင်းသားကြားနေရ၏။ ဦးဖြိုးစည်လင်းသူက မွေးခန်းအပြင်မှာဆို အရမ်းဖော်ရွေတာပဲ။ မွေးခန်းထဲရောက်မှသာ တခြားလူတစ်ယောက်လိုဖြစ်သွားတာ။

"သူများတွေများ ကလေး မွေးနေ့တွေဘာတွေ ကျွေးနေကြပြီ၊ တို့လူပျိုကြီး ဖြိုးစည်က ဘယ်တော့များမှ ကျွတ်မှာလဲ"

"သူကျွတ်ဖို့ကတော့ လမ်းမမြင်ပါဘူးဟယ်၊ အခုထိ မူးလို့တောင် ရှူစရာရှိရဲ့လားအရင်မေးဦး"

"ဟား...ဟား..."

ဒီလူကြီးက အခုထိရည်းစားမရှိသေးဘူးလား။ ဒီလောက်ထိချောပြီး မရှိရင် သေချာတယ်။ ဒီလူကြီး အပုန်းကြီး။ ကိုယ့်ဘာကိုယ်တွေးပြီး လင်းထက် ပြုံးစိစိဖြစ်ကာ ထိုလူကြီးကို လှမ်းကြည့်မိသည်။

ဒိုင်းကနဲ့ ဆုံသွားသော မျက်ဝန်းနှစ်စုံကြောင့် လင်းထက် ပါးစပ်ထဲ ထည့်လက်စ တူလေးက နှုတ်ခမ်းဝမှာ ရပ်တန့်သွား၏။ တူလေးကြားထဲမှ ခေါက်ဆွဲဖက်လေးက လျှောကနဲ့ ပြုတ်ကျသွား၏။ မိမိကို စူးစူးစိုက်စိုက်ကြည့်နေသည်မို့ အကြည့်ပြန်မလွှဲရဲဘဲ ကြောက်လာသည်။ စိတ်ထဲမှ ပြောလိုက်တာကို ကြားသွားတာလား။ အတော်ကြာအကြည့်ချင်းဆုံနေပြီးမှ သူက အရင်အကြည့်လွှဲသောကြောင့် ထိုအခါမှ ရင်တုန်ပန်းတုန်ဖြင့် လင်းထက် ဟူးကနဲ့ သက်ပြင်းချမိသည်။ ဒီလူကြီးကို လင်းထက်ကြောက်ချက်များ နှလုံးခုန်သံတွေတောင် မမှန်ချင်သည်အထိပင်။

**************************

အားလုံးကိုကျေးဇူးတင်လျက်
Sakura Rain🌸

Continue Reading

You'll Also Like

19.9K 3.3K 42
ဘာသာပြန်သူ - စွဲညို့အသင်း
3.4M 277K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
685K 30.5K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
833K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။