Chapter-9(Unicode)

69.6K 6.4K 851
                                    

သုံးရက်မြောက်နေ့တွင် လင်းထက်လုပ်ငန်းခွင်ပြန်ဝင်သည်။ ဦးဖြိုးစည်လင်းသူက မနေ့က တစ်ကြိမ်လာကြည့်ပေးသွားခဲ့သေးသည်။ လင်းထက်၏အတွေးတို့က မသေချာသေးသော်လည်း စိတ်ထဲ ခပ်တန်းတန်းဖြစ်သွားမိသည်။ ပူလောင်ချင်နေသော ကိုယ့်စိတ်ကိုကိုယ်သာလျှင် သိသည်။

Ward ထဲသို့ ရောက်လျှင်ရောက်ချင်း အစ်မမေသဇင်အနားရောက်သွားမိသည်။ မေးသင့်သလားမမေးသင့်သလားမသိသော်လည်း သိမှဖြစ်မည်ဟူသော စိတ်ကြောင့် မျက်နှာပူစွာ မေးကြည့်မိသည်။

အစ်မမေသဇင်က ရယ်ပါသည်။ ထို့နောက် မည်သူ့ကိုမျှ မကြားစေချင်ဟန်ဖြင့် လင်းထက်ကို ခပ်တိုးတိုး ပြောပြလာသည်။

"ဖြိုးစည်ကိုတော့ သွားမမေးနဲ့နော်၊ တကယ်တော့ ဖြိုးစည်က လင်းထက်လေးရဲ့အစ်မကို ရူးရူးမူးမူးကို crush ခဲ့ဖူးတာ"

စိတ်ကထင်နေသော်လည်း အမှန်တရားဟုသိလိုက်ရချိန် ရင်ဘက်ထဲက အောင့်မျက်သွားသည်။

"ဒါပေမဲ့ ဖြိုးစည်က crush ပဲ crush တာ၊ ဖွင့်မပြောဘူးလေ၊ မမတို့ တစ်ဖွဲ့လုံးသိနေတာတောင် လုံးဝဖွင့်မပြောဘူး၊ နောက်ဆုံး လင်းက မစောင့်နိုင်တော့ တခြားတစ်ယောက်နဲ့တွဲသွားတော့တာပေါ့"

"ဖွင့်မပြောဘဲ ကြိုက်တယ်ဆိုတာ ဘယ်လိုသိတာလဲ"

"သြော်...လင်းထက်လေးရယ်၊ မမတို့ကရိပ်မိတာပေါ့၊ ဖြိုးစည်က အဖွဲ့ထဲမှာ လင်းကိုဆို သည်းသည်းလှုပ်ဂရုစိုက်တာ၊ ချွေးစို့လို့တောင် မျက်နှာမပျက်စေရဘူး၊ အခုနဲ့များ တကယ်တခြားစီ၊ တကယ်တော့ ဖြိုးစည်က ကျောင်းတုန်းက အရမ်းသဘောကောင်းတာ၊ အေးလည်းအေးတယ်၊ လင်းရည်းစားရသွားတဲ့နေ့ကဆိုရင် ဖြိုးစည် တစ်ပတ်လောက်ကျောင်းမတက်ဘူး၊ နောက်ပိုင်း လင်းနဲ့ ခပ်ခွာခွာနေလာတယ်၊ အစ်မတို့နဲ့ရောပေါ့၊ စာပဲကျိတ်လုပ်လာတယ်၊ လုပ်ငန်းခွင်ရောက်တော့ တကယ့်လူကြမ်းကြီးဖြစ်သွားတာ၊ လင်းထက်လေးတို့ မြင်တဲ့အတိုင်းပဲ"

ဒါဆို ထိုလူကြီးက မမကြောင့် အသည်းကွဲခဲ့ရသူပေါ့။

"ကျွန်တော့်မမကရော...ဦးဖြိုးစည်လင်းသူကို ကြိုက်ခဲ့လားဟင်"

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now