နှလုံးသားမှာ ဆူး

By OO-Ratio

799K 51K 3.1K

လိုတရဘဝနဲ့နေလာရပြီး ဘေးနားအရိပ်လိုလိုက်ပြီးဘဝပုံပေးကာချစ်ခဲ့တဲ့လူကိုလိုသုံးအဖြစ်သဘောထား ကိုယ့်အတ္တကို ရှေ့တန်... More

အပိုင်း - ၁
အပိုင်း -၂
အပိုင်း -- ၃
အပိုင်း -- ၄
အပိုင်း -- ၅
အပိုင်း -- ၆
အပိုင်း -- ၇
အပိုင်း -- ၈
အပိုင်း -- ၉
အပိုင်း -- ၁၀
အပိုင်း -- ၁၁
အပိုင်း -- ၁၂
အပိုင်း -- ၁၃
အပိုင်း -- ၁၄
အပိုင်း -- ၁၅
အပိုင်း -- ၁၆
အပိုင်း -- ၁၇
အပိုင်း -- ၁၈
အပိုင်း-- ၁၉
အပိုင်း -- ၂၀
အပိုင်း-- ၂၁
အပိုင်း -- ၂၂
အပိုင်း -- ၂၃
အပိုင်း -- ၂၄
အပိုင်း -- ၂၅
အပိုင်း -- ၂၆
အပိုင်း -- ၂၇
အပိုင်း -- ၂၈
အပိုင်း -- ၂၉
အပိုင်း -- ၃၀
အပိုင်း -- ၃၁
အပိုင်း -- ၃၂
အပိုင်း -- ၃၃
အပိုင်း -- ၃၄
အပိုင်း -- ၃၅
အပိုင်း -- ၃၆
အပိုင်း -- ၃၇
အပိုင်း -- ၃၈
အပိုင်း -- ၃၉
အပိုင်း -- ၄၀
အပိုင်း -- ၄၁
အပိုင်း -- ၄၂
အပိုင်း-- ၄၃
အပိုင်း -- ၄၅
အပိုင္း -- ၄၅
အပိုင်း --၄၆ ( ဇာတ်သိမ်းပိုင်း )
အပိုင္း -- ၄၆( ဇာတ္သိမ္းပိုင္း )
နှလုံးသားမှာ ဆူး (Extra)
Request

အပိုင်း -- ၄၄

13K 886 154
By OO-Ratio

Unicode

"ကိုယ်ရောက်နေပြီနော် လင်းငယ်....ထွက်လာပြီလား "

"ရောက်တော့မယ်ဉာဏ်ပြည့်လျှံ "

"အင်းအင်း ကိုယ်စောင့်နိုင်တယ်...ဖြည်းဖြည်းလာခဲ့ "

ထိုစကားအဆုံးတွင်တော့ တီ...ဟူသော သံရှည်မြည်သံလေးမှလွဲ၍ လေလှိုင်းလေးဟာတိတ်ဆိတ်သွားခဲ့ရသည်။
ကော်ဖီဆိုင်လေး၏ ကာရံထားသောမှန်မှတစ်ဆင့် လမ်းသွားလမ်းလာများအားအကြောင်းမဲ့ငေးနေမိသည်။ တိတ်ဆိတ်သောနေရာလေးဖြစ်သည့်အတွက် စာကြည့်ရန်လာကြသည့်တက္ကသိုလ်ကျောင်းသားလေးများသာ ဖြတ်သွားဖြတ်လာလုပ်နေကြသည်။

မြင်ကွင်းထဲရောက်ရှိလာသည်က အညိုရောင်ကုတ်အရှည်နှင့် ဂျင်းဘောင်းဘီ အနက်ရောင်လေးကို လိုက်ဖက်စွာဝတ်ဆင်၍ လက်ထဲမှာတော့စာအုပ်အနည်းငယ်ကိုပွေ့ပိုက်ကာ သူရှိရာကော်ဖီဆိုင်သို့ လျှောက်လှမ်းလာနေသော အမျိုးသမီးလေး....။
သူ့ကိုမြင်တော့ မြတ်နိုးဖွယ်ရာမူပိုင်အပြုံးလေးတစ်ပွင့်စွန့်ကျဲ​ကာ သူရှိရာသို့တန်းတန်းမတ်မတ်လျှောက်လာလေသည်။

"ရန်ကုန်ပြန်ရောက်ရောက်ချင်းလုပ်ရမဲ့ Project ကိစ္စဆွေးနွေးနေတာ....နည်းနည်းနောက်ကျသွားတယ် တော်တော်စောင့်လိုက်ရလား "

ပြောလည်းပြော သူမလက်ထဲမှစာအုပ်များအား ဘေးကထိုင်ခုံတွင်တင်လိုက်ပြီး သူမကတော့ သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လေ၏။

"သိပ်မစောင့်လိုက်ရပါဘူး....ဒါနဲ့ ဒီနေ့လင်းငယ်ဘယ်အချိန်အိမ်ပြန်မှာလဲ "

"မသိသေးဘူး....ကောင်း ဖုန်းဆက်လာမှ သူနဲ့အတူတူညှိကြည့်ရမှာပဲ....အခုအချိန်မှာတစ်ယောက်တည်းမနေချင်ဘူးလေ "

နွမ်းလျလျလေးအပြုံးလေးတစ်ခုနှင့် ပြန်ဖြေလိုက်သောသူမစကားကြောင့် ဥာဏ်ပြည့်လျှံ ဖုန်းအားဖွင့်ကာ ရက်စွဲကြည့်လိုက်မိတော့ November 27....

"အာ....ဟုတ်သားပဲ အဲ့ဒီရက်တောင်ရောက်တော့မယ်...ဒါနဲ့လင်းငယ်...ကိုယ်လည်းဂျူတီမရှိတော့ဘူးဆိုတော့ ဘယ်သွားချင်လဲအတူတူသွားကြမယ်လေ မေကောင်းဆက်ပြန်မှပဲ လင်းငယ်ကိုပြန်လိုက်ပို့ပေးမယ် "

"အဲ့လိုလုပ်မလား "

သူမ၏အမေးအား ဥာဏ်ပြည့်လျှံ ခေါင်းညိတ်ပြလိုက်ကာ

"ကော်ဖီသောက်လိုက်ဦးလေ အေးကုန်တော့မယ် "

စားပွဲပေါ်တွင် အဆင်သင့်မှာပေးထားသည့်ကော်ဖီအား တစ်ငုံသောက်လိုက်ကာ

"အရေးကြီးအလုပ်ကိစ္စရှိလို့လားဉာဏ်ပြည့်လျှံ....မျက်နှာကတစ်မျိုးဖြစ်နေသလိုပဲ "

"အလုပ်ကိစ္စတော့မရှိပါဘူး....ကိုယ်တို့ စကားအေးအေးဆေးဆေးပြောလို့ရမယ့် တစ်နေရာရာသွားရအောင် "

"ဒီမှာပဲပြောလို့မရဘူးလား "

"လူတွေနဲ့မို့လို့ပါ....အေးအေးဆေးဆေး လူရှင်းတဲ့တစ်နေရာရာသွားရအောင်....ပြီးမှလင်းငယ်သွားချင်တဲ့နေရာကို ဆက်သွားကြတာပေါ့ "

ထိုစကားကြောင့် မြတ်ယွန်းဆိုင်ထဲမျက်လုံးဝေ့ကာကြည့်လိုက်မိတော့ Partner ကိုယ်စီနှင့် စားပွဲဝိုင်းများတွင်လူအပြည့်။

"အဲ့ဒါဆိုရင်လည်း သွားရအောင်လေ "

သူမဆီမှအဖြေလက်ခံရသည်နှင့် ကော်ဖီဖိုးကျသင့်ငွေရှင်းကာ သူ့ကားရပ်ထားရာသို့လျှောက်လာကြသည်။
Passenger seat မှကားတံခါးအား ဦးစွာဖွင့်ပေးလိုက်ပြီး သူမကိုဝင်ထိုင်စေလိုက်သည်။
ထို့နောက် မောင်းသူနေရာမှဥာဏ်ပြည့်လျှံဝင်ထိုင်လိုက်ကာ ကားလေးအား သူမကျောင်းရှိရာနှင့် နာရီဝက်မျှမောင်းရသော Shinjiku Gyoen သို့

************************

"ဘာပြောစရာရှိလို့....ဒီအထိခေါ်လာရတာလဲဉာဏ်ပြည့်လျှံ "

ရောက်ကတည်းက စကားတစ်ခွန်းမှဟမလာဘဲ မျက်နှာချင်းဆိုင်မှ Maple ပင်တန်းများအား ငေးကြည့်နေသောသူက မြတ်ယွန်းစကားသံကြားမှပင် ဘေးမှာသူမထိုင်နေမှန်းသတိရသလို တစ်ချက်စောင်းငဲ့ကြည့်လာ၏။

"ဘာတွေဖြစ်နေတာလဲ....မျက်နှာကတစ်ခုခုကိုစိတ်ရှုပ်နေသလိုပဲ "

"လင်းငယ်က....ကိုယ်စိတ်ရှုပ်နေတာကိုသတိထားမိတယ်လား "

မြတ်ယွန်းသူ့အားခေါင်းညိတ်ပြလိုက်ကာ

"သတိထားမိတာပေါ့....ရှင်ကပုံမှန်ဆိုရင်ဒီလိုမျိုးမှမဟုတ်တာ တစ်ခုမဟုတ်တစ်ခုပြောနေတဲ့လူစားလေ "

"ကိုယ်က အဲ့ဒီလောက်တောင်စကားများတာလား "

"အဲ့လိုမဟုတ်ပေမယ့်လည်းပေါ့....."

ပြောမိပြီးမှ အားနာသလိုခေါင်းငုံ့သွားသော သူမမျက်နှာလေးအား တစ်ချက်ငေးကြည့်၍ ပြောမည့်အကြောင်းအရာအား စကားစလိုက်၏။

"ကိုယ်တို့ဒီကိုရောက်တာ နှစ်နှစ်ပြည့်တော့မယ်နော်လင်းငယ်....မကြာခင်မှာပြန်ရတော့မယ်"

"လိုပါသေးတယ်နှစ်လလောက်....အခုမှ November ရှိသေးတာကို "

"လကုန်ပြီလေ...လင်းငယ်မွေးနေ့လည်းရောက်တော့မှာကို "

သူပြောလိုက်သောစကားမှားသွားပြီထင်၏။ ချက်ချင်းပင် အသံတိတ်ကာသွားသော ထိုအမျိုးသမီးလေးကြောင့်

"Maple ရွက်တွေကအရမ်းလှတယ်နော်လင်းငယ်....... "

ထပ်မံ၍ပြောလိုက်သောသူ့စကားက ဆက်စပ်မှုမရှိပေမယ့်လည်း မြတ်ယွန်းအာရုံတို့အား မျက်နှာချင်းဆိုင်မှ Maple ပင်များဆီသို့ပို့ထားလိုက်မိသည်။

"တကယ်တော့ ဒီကိုခေါ်လာတာကအရေးကြီးတာတစ်ခုပြောစရာရှိလို့ပါ "

"အင်း...."

"ကိုယ့်အတွက် အဖြေမရှိသေးဘူးလားဟင် "

ထိုသို့ရဲတင်းလွန်းလှသောသူ့စကားကြောင့် မြတ်ယွန်းမကျေမနပ်ဖြစ်ကာ ဒေါသထွက်သွားမိ၏။သို့သော်လည်း အရာရာကို သူမဘေးကနေအားပေးကာကွယ်ခဲ့သူဖြစ်သောကြောင့် စိတ်လျှော့လိုက်ကာ

"လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဒီလိုအချိန်မှာ....ကျွန်မဆေးရုံကုတင်ပေါ်မလှုပ်မယှက် လဲလှောင်းနေခဲ့တယ်....အဲ့ဒီအချိန်မှာပြည့်ချင်တဲ့ဆုက ပြန်ပြီးနိုးထချင်တာ နှလုံးသားကတောင့်တနေတဲ့တစ်ခုတည်းသောဆုတောင်းပဲ....ဒါပေမယ့် အခုအဲ့ဒီဆုတောင်းမပြည့်ချင်တော့ဘူး....နိုးထလာခဲ့ပေမယ့် သူမရှိတော့တဲ့နေ့ရက်တွေကို ရင်ဆိုင်ရတာ ကျွန်မအသက်မဲ့သွားတာနဲ့အတူတူပဲ "

"အဲ့ဒါတွေကို ကိုယ်သိတယ်လေ....... "

"ရှင့်အတွက်အဖြေကိုလည်း ရှင်သိပါတယ် Silence Coffee ဆိုင်မှာပဲ ကျွန်မပြောခဲ့တာလေ အဲ့ဒါကိုရောမှတ်မိသေးရဲ့လား "

သူမလေသံမြင့်လာသောအခါတွင်တော့ ထိုယောကျာ်းကပြုံးလေသည်။

"ဖြည်းဖြည်းပြောပါလင်းငယ်ရယ် "

မြတ်ယွန်းနားမလည်နိုင်စွာ သူ့ကိုကြည့်လိုက်မိသည်။

"ဘာလို့လဲ....ဟုတ်တာပြောတာလေ "

"ကိုယ်သိပါတယ်.....လင်းငယ်ဆီမှာကိုယ့်အတွက်နေရာမရှိတာကို Tokyo မှာရှိနေခဲ့တဲ့နှစ်နှစ်အတွင်း ကိုယ်ကောင်းကောင်းကြီးသိခဲ့ပါတယ်.....ထွက်သွားသူကို စောင့်နေဆဲပဲဆိုတာလည်းကိုယ်သိတယ်၊သူ့အကြောင်းတွေကို ရသလောက်စုံစမ်းနေတယ်ဆိုတာလည်းကိုယ်သိတယ်...."

"အဲ့လိုတွေသိလျက်နဲ့....ဘာလို့ကျွန်မဘေးမှာရှိနေသေးတာလဲ....ရှင့်ရဲ့အချိန်တွေဖြုန်းသလိုဖြစ်နေမှာပေါ့ "

သူမထိုသို့ပြောတော့ သူကခေါင်းကိုခါရမ်းလေ၏။

"မဖြစ်ပါဘူး ကိုယ့်ရဲ့ရွေးချယ်မှုပဲလေ....လင်းငယ်ဘေးနားမှာနေချင်တယ်၊လင်းငယ်ကိုတတ်နိုင်သလောက်ကာကွယ်စောင့်ရှောက်ပေးချင်တယ်....ဒီလောက်ပါပဲ....ဘာလို့လဲဆိုတော့ ချစ်မိလို့၊ချစ်နေဆဲမို့လို့....တစ်မြေခြားမှာ သူစိမ်းယောက်ျားတွေနဲ့ရင်းနှီးမှာစိုးလို့ ကိုယ်လိုက်လာခဲ့မိတာ....မှန်တာပြောရရင် သော်လေးပြန်လာမယ်လို့လည်းယုံကြည်လို့ အရာရာအလွန်တွေမဖြစ်ရအောင် ကိုယ်ကအရံသဘောမျိုးဘေးမှာရှိနေပေးတာပါ "

"အဟက်....ပြန်လာမယ်လို့ယုံကြည်လို့တဲ့လား "

သူမမဲ့ပြုံးတစ်ခုအားပန်ဆင်၍ ထိုင်ရာမှထရပ်လိုက်ကာ ထိုင်ခုံနောက်တွင်မတ်တပ်ရပ်နေမိသည်။

"သူထွက်သွားတာနှစ်နှစ်ပြည့်တော့မယ်....နာရီပိုင်းတောင်မခွဲနိုင်ပါဘူးဆိုတဲ့သူက၊ကျွန်မဘေးနားမှာအမြဲရှိချင်တာပါဆိုတဲ့သူက၊အဲ့ဒီလိုလူက နှစ်နှစ်လုံးလုံးဆက်သွယ်ခဲ့လို့လား....လူကိုယ်တိုင်တွေ့မြင်ရဖို့ဝေးစွ....စာလေးတစ်ကြောင်း၊ဖုန်းလေးတစ်ကောလ်တောင်ဆက်ခဲ့လို့လား....မှန်တာပြောရရင် ကျွန်မယုံကြည်မှုတွေ ပျောက်ဆုံးလာပြီဉာဏ်ပြည့်လျှံ....တစ်ခါတလေမှာ ရူးရူးမိုက်မိုက်တွေးနေမိတာ ဒီလောကကြီးထဲမှာ သူရှိနေသေးတာမှဟုတ်ရဲ့လားဆိုပြီးတော့...... "

မြတ်ယွန်း၏စကားသံတို့ ဥာဏ်ပြည့်လျှံထုတ်ပေးလာသောဓာတ်ပုံလေးတစ်ပုံကြောင့် ရပ်တန့်သွားရ၏။

"မဟုတ်တာတွေကို ရူးရူးမိုက်မိုက်မတွေးပါနဲ့....သူရှိနေသေးတယ်....ဒီလောကကြီးထဲမှာသူရှိနေပါသေးတယ်....သူပြန်မလာတော့လည်း....လင်းငယ်ကလိုက်သွားလို့ရတာပဲလေ"

"ဒီ....ဒီဓာတ်ပုံက "

သူ့လက်ထဲမှဓာတ်ပုံအား ဆတ်ခနဲဆွဲယူကာခုံတွင်ပြန်ထိုင်၍ အသက်မရှူစတမ်းချက်ချင်းပင်မေးခွန်းထုတ်လာသောသူမ။

"ဒီဓာတ်ပုံက....လွန်ခဲ့တဲ့နှစ်ရက်လောက်ကရိုက်ထားတာ Melbourne Library မှာစာဖတ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံ။တိတိကျကျပြောရမယ်ဆိုရင်တော့....အဲ့ဒီကောင်မလေးကသော်လေးပဲ "

မြတ်ယွန်း ဓာတ်ပုံထဲမှကောင်မလေးအား သေသေချာချာကြည့်နေမိသည်။
ဘေးတစောင်းရိုက်ထားသည်ဆိုပေမယ့် ထိုအမျိုးသမီးဟာ သူပဲဆိုတာမြတ်ယွန်းတပ်အပ်ပြောရဲသည်။တစ်ခုခုကိုအာရုံစူးစိုက်နေတဲ့သူ့ပုံစံက သူမ စွဲလမ်းရသည့်ပုံရိပ်လေးမို့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကိုမှတ်မိနေသည်။

"ဒါဆို သူကအခု Melbourne မှာပေါ့ ဟုတ်လားဉာဏ်ပြည့်လျှံ "

ဓာတ်ပုံမှအကြည့်မလွှဲဘဲမေးလာသောကောင်မလေး မမြင်ပေမယ့်လည်း ဥာဏ်ပြည့်လျှံခေါင်းညိတ်ပြလိုက်မိသည်။

"ဟုတ်တယ်.....အဲ့ဒီမှာရှိတဲ့ကိုယ့်သူငယ်ချင်းတစ်ယောက်စုံစမ်းပေးတာ....UN Foundation ကဆေးရုံတစ်ခုမှာ....အလုပ်လုပ်ရင်းကျောင်းဆက်တက်နေတယ်....သူကကျောင်းလခတွေကိုသူ့ account ထဲကနေသုံးတာမဟုတ်လို့....ကိုယ်တို့ကဒီလောက်ရှာရတာခက်သွားတာ..... "

"အင်း....နောက်ဆုံးတော့တွေ့ရပြီပဲ..."

ပျော်ရွင်မှုအပြည့်ပါသည့်လေသံဖြင့် ဓာတ်ပုံမှအကြည့်မလွှဲပြောနေသော ထိုအမျိုးသမီးလေးအားကြည့်ကာ ဥာဏ်ပြည့်လျှံနှစ်နှစ်ကာကာပြုံးလိုက်မိသည်။

"ဒီတစ်ခေါက်ပိတ်ရက်ကျရင် ကိုယ်တို့အိမ်ပြေးလေးကိုသွားခေါ်ကြမလား "

"သွားမှာ....သွားရမှာပေါ့....မရရအောင်ပြန်ခေါ်လာမှာ "

"ဒါပေမယ့်....ကိုယ်နဲ့အပေးအယူတစ်ခုတော့လုပ်ရမယ်လင်းငယ်.... "

သူ့စကားကို အလိုမကျသည့်ပုံစံပေါ်လွင်အောင် မျက်ခုံးတန်းလေးများတွန့်ကွေးလျက် သူမကစူးစိုက်စွာကြည့်လာပြီးမေးခွန်းထုတ်၏။

"ဘာအပေးအယူလဲ "

"သော်လေးကလင်းငယ်ဘဝထဲကိုအလွယ်တကူပြန်ဝင်မလာခဲ့ရင်....ကိုယ့်အစီအစဥ်အတိုင်း....လင်းငယ်သဘောတူပေးရမယ်....လင်းငယ်ဘဝကို ကိုယ်စီမံဖို့ "

"ကျွန်မဘဝကို....ဘာကိုစီမံမှာလဲ....."

အံ့အားသင့်စွာ လက်မခံသလိုပြောလာသောသူမစကားလုံးများအား ဂရုမစိုက်ဘဲ ခပ်ပြုံးပြုံးပင်စိုက်ကြည့်နေလိုက်သည်။

"အဲ့ဒီအပြုံးကြီးက ဘာအဓိပ္ပါယ်လဲဉာဏ်ပြည့်လျှံ.... "

"လင်းငယ်ဘဝထဲကို သော်လေးပြန်မဝင်လာခဲ့ရင် ကိုယ် တစ်ကိုယ်ကောင်းဆန်ဆန်လုပ်မယ့်အစီအစဥ်တစ်ခုလို့ပဲသိထား....အဲ့ဒီအစီအစဥ်ကို လင်းငယ်ကိုယ်တိုင်လက်ခံမှ သော်လေးရှိရာကိုလိုက်ပို့ပေးမှာ....အဲ့ဒါကိုယ့်ရဲ့အပေးအယူပဲ သဘောတူလား "

"ကောင်းပြီလေ သဘောတူတယ်....ကျွန်မသူ့ကိုယုံတယ်.....တစ်နေ့မှာ သူက ကျွန်မဘဝထဲကိုပြန်ဝင်လာမှာသေချာတယ် "

နှလုံးသားကိုပုံအပ်ကာ သူမလောင်းကြေးထပ်လိုက်မိလေပြီ။ပျော်ရွှင်မှုအလုံးစုံဟာ ထိုဓာတ်ပုံလေးကြောင့်ဖြစ်ပေါ်လာရသလို၊ရင်ခုန်ခြင်းတွေဟာလည်း ဓာတ်ပုံထဲမှထိုလူသားလေးကြောင့် ပြန်လည်အသက်ဝင်လာခဲ့ပေပြီ။
ဒီအချိန်မှာ သူမသိတဲ့အရမ်းလှသည့်ဆောင်းဦးခံစားချက်လည်းမရှိတော့သလို Maple ပင်တန်းကြီးလည်း ပျောက်ကွယ်သွားခဲ့ရ၏။အရာအားလုံးအား ထိုဓာတ်ပုံလေးကစိုးမိုးသွားသောကြောင့်ပင်ဖြစ်သည်။

***********************

"Wi.....ဒီ weekend ခွင့်ယူတယ်ဆို ဘာလာလုပ်တာလဲ "

ward ထဲဝင်ဝင်ချင်း ဆီးကြိုကာမေးလိုက်သော Yui အား သူမပြုံး၍ပြန်ဖြေလိုက်၏။

"ဟုတ်တယ် Yui အရေးကြီးလူနာအတွက် မှာစရာလေးတွေရှိလို့ခဏဝင်လာတာ "

"ဒါများ Wi ရယ် ဖုန်းဆက်လိုက်ရင်ရနေတာပဲကို "

"လမ်းကြုံနေလို့ပါ....Yui ရော ခွဲစိတ်ရမဲ့လူနာရှိသေးလား "

"မရှိတော့ဘူး Wi ညနေကျစောစောပြန်လာခဲ့မယ် "

"ဟုတ်ပါပြီ အဲ့ဒါဆိုကိုယ်သွားတော့မယ်နော် ညမှတွေ့မယ် "

"အင်း....မိုးမချုပ်စေနဲ့ "

သူမခေါင်းသာညိတ်ပြခဲ့ပြီး ဆေးရုံထဲမှထွက်လာခဲ့သည်။လက်မှနာရီအားကြည့်လိုက်မိတော့ မနက်ကိုးနာရီ။ကျောပိုးအိတ်အားလွယ်ကာဖြင့် ဦးတည်လိုက်မိသည်က မြေအောက်ရထားလမ်းရှိရာဆီ။တစ်နာရီကျော်လောက်ရထားစီးပြီးသည့်အခါတွင် သူမ၏ဦးတည်ရာသို့ရောက်ရှိလာခဲ့လေပြီ။

"လာပြီလားဒေါက်တာ...."

"ဟုတ်ကဲ့ Kaffir လေးရောနေကောင်းတယ်မလား Chel "

သူမမေးလိုက်သောအခါ ထိုအမျိုးသမီးက တစ်နေရာသို့လက်ညိုးထိုးပြလေသည်။ထိုနေရာအားကြည့်လိုက်တော့ သူမရှိရာကိုပြေးလာနေသောခွေးကလေးတစ်ကောင်။ထို့ကြောင့် သူမ မတ်တတ်ရပ်နေရာမှ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး ခွေးကလေးအားကြိုဆိုလိုက်သည်။

"Hello Kaffir....နေကောင်းတယ်မလား "

သူမမေးခွန်းကိုသိသည့်အလား နှာခေါင်းတစ်ရှုံ့ရှုံ့နှင့် သူမမျက်နှာအနှံ့အားလိုက်လံနမ်းရှုပ်နေပြန်၏။

"Kaffir တို့ကတော့ သူ့မာမီကိုချွဲနေပါပြီနော်....လည်လိုက်တဲ့ကောင်မလေး ကစားကွင်းမှာလူရှင်းတယ်နော်ဒေါက်တာ Kaffir နဲ့သွားဆော့ရင်အဆင်ပြေတယ် "

"အဲ့လိုဆိုရင်တော့အဆင်ပြေတာပေါ့...Kaffir ရေ သွားစို့ "

သူမထိုင်နေရာမှ Kaffir အားပွေ့ချီ၍ Animal Rescue ၏ ကစားကွင်မြက်ခင်းပြင်သို့ ထွက်လာခဲ့လိုက်သည်။
ထိုနေရာလေးမှာလူရှင်းနေသည်နှင့် သူမမြက်ခင်းပေါ်ဖင်ချထိုင်လိုက်ကာ Kaffir အားပွေ့ထားသည်ကို လွှတ်ပေးလိုက်ပြီး လွတ်လွတ်လပ်လပ်သွားဆော့စေလိုက်သည်။
လွယ်လာသည့်ကျောပိုးအိတ်အားဖွင့်၍ Diary စာအုပ်လေးကိုထုတ်ယူလိုက်ကာ ခပ်လှမ်းလှမ်းတွင် ခုန်ပေါက်ဆော့ကစားနေသောခွေးလေးအား တစ်ချက်လှမ်းကြည့်လိုက်ပြီး စာရေးရန်ပြင်လိုက်မိသည်။

"ဒီစာအုပ်လေးရေးလာခဲ့တာ နှစ်နှစ်ပြည့်ပြီနော်....နေမှကောင်းရဲ့လား အဆင်မှပြေရဲ့လားဆိုတဲ့.....လားပေါင်းများစွာကို မမမျက်နှာလေးကြည့်ပြီးမေးခွန်းထုတ်ချင်ပေမယ့်....မကြည့်ရဲဘူး၊ရင်မဆိုင်ရဲဘူး၊မပိုင်ဆိုင်ရဲဘူး.....ဘူးပေါင်းများစွာနဲ့ ကြောက်ရွံစိတ်ကိုရှေ့တန်းတင်ပြီး ကျောခိုင်းလာခဲ့မိတာမှားပြီဆိုပြီး....နောင်တရနေမိတာအမှန်ပါ....ဒါပေမဲ့လည်း ရွေးချယ်မှုမှန်တယ်လို့ထင်ခဲ့တယ်.....
အလွမ်းစိတ်တွေကြီးစိုးနေတာ နှစ်ဆယ့်လေးနာရီအပြည့်ပဲဆိုပေမယ့် ပြိုလဲမသွားချင်ဘူး.... Kaffir LiLy လေးတွေက ရိုးတံတစ်ခုတည်း တောင့်ခံနိုင်ဖို့အဆင်မပြေလို့ ထောက်တိုင်လေးထားရသေးတယ်လေ....မခိုင်မာတဲ့စိတ်ကို ပြိုလဲမသွားဖို့အတွက် ကျွန်မမှာလည်း အမှတ်တရကောင်းလေးတွေဆိုတဲ့ ထောက်တိုင်လေးတွေရှိပါသေးတယ်....
တစ်ခါတလေမှာတော့ ခံနိုင်ရည်အားကိုအဲ့ဒီထောက်တိုင်လေးတွေကိုယ်တိုင်က ရိုက်ချိုးသွားသေးတာမမရဲ့....အဲ့ဒါတွေထားပါတော့လေ....
ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေးပါမမ အရေးကြီးတာက ကျန်းမာရေးဂရုစိုက်ပြီးတော့ ပျော်ပျော်ရွင်ရွင်ရှိနေပေးပါ....ပြန်ဆုံခွင့်ကိုမဖန်တီးရဲပေမယ့် ပြန်မြင်ခွင့်လေးတော့ရှိချင်သေးတယ် ကျွန်မချစ်ရတဲ့အမျိုးသမီးလေးရယ် "

စာအုပ်ထဲတွင်ချရေးထားသော စာပုဒ်လေးအားပြန်ဖတ်၍ ငိုင်နေမိသည်မှာ မည်မျှပင်ကြာသွားသည်မသိ။ရင်ခွင်ထဲအတင်းတိုးဝင်လာသော Kaffir ကြောင့် အသိစိတ်တို့ပြန်လည်ကိန်းအောင်းလာကုန်၏။

"မာမီဘာမှမဖြစ်ပါဘူး Kaffir ရယ် တစ်စုံတစ်ယောက်ကို အရမ်းတမ်းတနေမိလို့....နှလုံးသားက နည်းနည်းနေမကောင်းဖြစ်သွားရုံပါ "

ရင်ခွင်ထဲမှအကောင်ပေါက်လေးအားကြည့်မိတော့ သူမပြောတာကိုနားလည်နေသည့်အလား ငြိမ်၍နားထောင်နေ၏။

"အိမ်လိုက်ချင်ပြီလား Kaffir...မာမီတို့အိမ်ပြန်ကြရအောင်....Yui ကလည်း Kaffir လေးကိုအိမ်လိုက်လာစေချင်ပြီ...."

ဘာမှဆက်စဥ်းစားမနေတော့ဘဲ စာအုပ်လေးကို ကျောပိုးအိတ်ထဲပြန်ထည့်ကာ Kaffir အားပွေ့ချီ၍ ဂေဟာထဲသို့ပြန်ဝင်လာခဲ့သည်။

"Chel...Kaffir ကိုခေါ်သွားလို့ရပြီလားမသိဘူး "

"ဒေါက်တာက ခေါ်သွားချင်ပြီလား "

တာဝန်ခံဆရာမလေးမေးခွန်းအား မဖြေသေးဘဲ ရင်ခွင်ထဲမှအကောင်ပေါက်လေးအား တစ်ချက်ကြည့်လိုက်ပြီး

"ကျန်းမာရေးလည်းပြန်ကောင်းနေပြီ...စွန့်ပစ်ခံအဖြစ်နေခဲ့ရတာလည်း လုံလောက်ပြီထင်လို့....ကျွန်မရင်ခွင်ထဲမှာခိုလှုံစေချင်ပြီ "

"Ok ဒေါက်တာ....အဲ့ဒါဆို လိုအပ်တဲ့ Form လေးကိုတော့ဖြည့်ပေးပါနော် အခုလိုမျိုး နွေးထွေးတဲ့နှလုံးသားပိုင်ရှင်လက်ထဲမှာ ခိုလှုံခွင့်ရတာ Kaffir လေးတော့အရမ်းကံကောင်းတာပဲ...."

တာဝန်ခံပြောနေသည့်စကားများအား သူမဂရုမစိုက်တော့ဘဲ Form ကိုသာပြီးအောင်ဖြည့်လိုက်သည်။ထို့နောက် လှူဒါန်းငွေပေးအပ်ပြီးသွားသည့်အခါတွင်တော့ သူမအိမ်အပြန်ခရီးမှာ Kaffir လေးပါဝင်လာခဲ့ပြီလေ ။

***********************

ခြံတံခါးဖွင့်လိုက်သည်နှင့် သူမရှိရာပြေးလာသော Kaffir ကြောင့် Yui အံ့သြသွားရသည်။

"နောက်ဆုံးတော့အိမ်ကိုရောက်လာပြီပဲ Kaffir.... "

သူမအားကြိုဆိုနေသော ထိုခွေးလေး၏ခေါင်းလေးအားပွတ်သပ်၍ အိမ်ထဲဝင်လာခဲ့လိုက်သည်။

"ပြန်လာပြီလား Yui....ဒီနေ့စောသားပဲ "

မီးဖိုခန်းထဲချက်ပြုတ်နေဟန်တူသည့် Apron ဝတ်ထားသော ထိုအမျိုးသမီးလေး၏အလှမှာ Yui ခဏတာငေးမောမိသွား၏။

"Yui...."

သူ၏ခတ်ဆတ်ဆတ်အော်သံကြားမှပင် သူမအသိဝင်လာရသည်။

"သြော် ဟုတ်တယ်....အရေးပေါ်လူနာမရှိလို့လေ ဒီနေ့သိပ်မပင်ပန်းဘူး "

"အဲ့ဒါဆို ရေချိုးအဝတ်အစားလဲပြီးဆင်းလာခဲ့ ညစာစားရအောင် "

"Kaffir..... "

သူ့စကားအားအဖြေပြန်မပေးဘဲ Kaffir ကိုလက်ညိုးထိုးပြနေသောကြောင့်

"ဟုတ်တယ်....အဲ့ဒီမှာမထားချင်တော့လို့ငါခေါ်လာတာ Yui ခွင့်ပြုပြီးသားမို့လို့လေ "

ထိုကောင်မလေးစကားကြောင့် သူမပြုံးလိုက်မိပြန်၏။

"Yui ကဘာပြောလို့လဲ Wi ရဲ့....ဘာမှပြဿနာမရှိဘူး အဆင်ပြေတယ်....ရေသွားချိုးလိုက်ဦးမယ်နော် ပြီးမှညစာစားတော့မယ် "

"အင်း....မြန်မြန်လုပ်ဗိုက်ဆာနေပြီ "

ပုံမှန်ထက်နှုတ်ခမ်းလေးစူကာ ဗိုက်ကလေးပွတ်ပြပြီးပြောလိုက်သော သူမစကားကြောင့် အခန်းထဲသို့အမြန်ဆုံးပြေးဝင်ခဲ့ရ၏ ။ မဟုတ်လျင်ထိုနေရာမှာပင် သူမ၏ချစ်စဖွယ်အမူအရာလေးများကြောင့် Yui အရည်ပျော်ကျသွားနိုင်သည်။

"ငြိမ်ငြိမ်လေးနဲ့...တော်ရုံပဲခုန်ပါအထဲကကောင်လေးရယ် "

အဝတ်အစားတစ်စုံအားယူ၍ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ပင်ပန်းသမျှအား Bathtub ထဲရေစိမ်ကာဖြေဖျောက်ရင်း ထိုဆရာဝန်မလေးနှင့်တွေ့ဆုံခဲ့ပုံကိုသူမပြန်လည်တွေးတောနေမိသည်။
လွန်ခဲ့သည့်နှစ်နှစ်က ယခုလိုအချိန်မျိုးတွင် မြန်မာပြည်မှရောက်လာသည်ဟူသော Surgeon လေး.....
Australia မှာကျောင်းဆက်တက်ရင်း သူမတို့ဆေးရုံမှာအလုပ်လုပ်ဝင်သည်။စတွေ့ကတည်းက တင်းမာသောမျက်နှာထားလေးနှင့် အမြဲတွန့်ကွေးနေတတ်သောမျက်ခုံးတန်းလေးများက သူ့ရဲ့စွဲဆောင်မှုဟုပင်ပြောရမည်။
အရာရာကို မကြောက်မရွံ့ဆုံးဖြတ်ချက်ပြတ်သားလွန်းသောကြောင့် အချိန်တိုအတွင်းမှာပင် ဆေးရုံရှိလူများအကြား သူဟာနာမည်ကြီးလာခဲ့သည်။
စမြင်ကတည်းက ကြွေခဲ့မိသောသူ့ style လေးကြောင့် ရင်းနှီးမှုအရယူကာ ကိုယ်ပိုင် Condo တွင် တစ်ယောက်တည်းနေသောသူ့အား သူမနှင့်အတူလာနေရန်စည်းရုံးနိုင်ခဲ့ပြန်သည်။သူ့ရဲ့မြန်မာနာမည် Thaw Wadi Oo ကိုအဖျားဆွတ်ကာ Wi ဟုပင်သူမအလွယ်တကူခေါ်ခဲ့သည်။
ယခုဆိုလျင် သူဟာ သူမနှင့်ဘဝတစ်ခုတည်ဆောက်နေသောလူတစ်ယောက်ဟုပင်ဆေးရုံမှာသတင်းတွေထွက်နေလေပြီ။

"Yah...Sakuma Yui မြန်မြန်လုပ်ပါဟ"

အတွေးများနေရင်းမှပင် တံခါးခေါက်သံတဒုန်းဒုန်းနှင့် စွာတာတာအသံလေးကြောင့် သူမ ရေချိုးခြင်းအားအပြီးသတ်လိုက်ရသည်။

"လာခဲ့မယ် Wi ရေ ပြီးပြီ"

အပြင်ဘက်မှအသံတိတ်သွားသည်နှင့် ခပ်မြန်မြန်ပင်အဝတ်အစားလဲကာ မီးဖိုခန်းထဲသို့ဝင်လာခဲ့သည်။

"Sorry နည်းနည်းကြာသွားတယ် "

တောင်းပန်စကားပြော၍ ခုံမှာသူမဝင်ထိုင်လိုက်ပေမယ့် သူကတော့ စားပွဲပေါ်တင်ထားသည့်ဖုန်းအားတွေတွေကြီးငေးလျက်

"ဘာဖြစ်လို့လဲ Wi....ငါ့ကိုစိတ်ဆိုးနေတာလား "

"ငါ့ကိုဒီနေ့ကားခဏငှားပေးပါ Yui ....ပြီးတော့ ဒီညကိုအိမ်မှာနင်တစ်ယောက်တည်းအိပ်လို့အဆင်ပြေတယ်မလား...."

"ကားကရတယ်လေ.....အိပ်တာကဘာကို...."

သွေးမရှိတော့သည့်လူတစ်ယောက်လို မျက်နှာကဖြူရော်နေပြီး သူမစကားပင်ဆုံးအောင်နားမထောင်ဘဲ တိုင်တွင်ချိတ်ထားသောကားသော့အားဖြုတ်ယူကာ အိမ်ထဲမှအပြေးတစ်ပိုင်းထွက်သွားသောသူ့အား Yui နားမလည်တော့။

"မဟုတ်သေးဘူးလေ....Wi....ဗိုက်ဆာနေတယ်ဆိုပြီးတော့ "

အိမ်ပေါက်ဝအထိ Yui ပြေးလိုက်ကာပြောနေပေမယ့် သူကတော့တစ်ချက်ကလေးမှပင်လှည့်ကြည့်မသွားပေ။

"လူကိုစိတ်ပူအောင်လို့ Wi ရယ် ဘာတွေများအဲ့လောက်အရေးကြီးနေရတာလဲ "

သူမကသာ ထိုင်မရထမရစိုးရိမ်စိတ်ကြီးစိုးနေပေမယ့် သူကတော့ ဘာအကြောင်းရာတစ်ခုမှဖွင့်ဟမသွားပေ။တကယ်ဆိုလျင် ယခုမှဖွင့်ဟမပြောတာမဟုတ်ခဲ့ ဟိုအရင်စတွေ့ကာစကတည်းက သူ့အကြောင်းကို သူမဘာတစ်ခုမှသိခွင့်မရှိခဲ့ခြင်းပင်။

**********************

အစိုးမရစွာတုန်လှုပ်လာသောခံစားချက်အတိုင်း ကားကိုတရကြမ်းမောင်းလာခဲ့ပေမယ့် ဒီအချိန်ကျမှသော်လေးဘယ်ကိုသွားရမှန်းမသိတော့။

"မမမေကောင်းဆက်ဖုန်းဆက်တယ်.... မမယွန်းနင့်ဆီလိုက်လာနေပြီ "

ဟူသော သံသာဖူးဝေ၏စာတိုလေးတစ်ကြောင်းကြောင့်ပင် သော်လေးကမ္ဘာပျက်သကဲ့သို့ ပျာယာခတ်စွာထွက်ပြေးလာခဲ့ခြင်းပင်။နောက်ဆုံးတွင်တော့ သူပိုင်ဆိုင်သော condo သို့သာ ရောက်ရှိလာရတော့သည်။အိပ်စရာက ထိုနေရာမှလွဲ၍မရှိတော့သောကြောင့်ပင်ဖြစ်၏။

အခန်းတံခါးဖွင့်ကာဝင်လိုက်ပြီး မီးခလုတ်ရှိရာသို့ ကျင့်သားရနေသောခြေလှမ်းများဖြင့်လျှောက်ကာ ဖွင့်လိုက်မိသည်နှင့် နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်လို၊အသက်မဲ့သွားသူတစ်ယောက်လိုပင် စိတ်နှင့်ခန္ဓာကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

လောကကြီးထဲ ပြန်လည်ရောက်ရှိလာပါပြီဆိုကတည်းက ရင်မဆိုင်ရဲခဲ့သောအမျိုးသမီး....
နှစ်နှစ်တိတိ လိပ်ပြာမလုံသည့်ကြောက်စိတ်ဖြင့် သူကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေခဲ့မိသောအမျိုးသမီး......
နာကျင်မှုတွေမမြင်ချင်၍ ရင်ကွဲခံပြီး စွန့်ပစ်ခဲ့သောထိုအမျိုးသမီးက သူ့ရှေ့မှာ ပုလဲခနေသောမူပိုင်မျက်ဝန်းများနှင့် စိုက်ကြည့်နေလေ၏.......

တင်းကျပ်လာသောနှလုံးသားနေရာအား လက်နှင့်ဖိကိုင်၍ မင်သက်ကာရပ်နေမိသောသူ ထိုနေရာမှလှည့်ထွက်ရန်အတွက် သူမအားကျောခိုင်းလိုက်မိတော့

"အင့်.... "

နောက်ကျောဘက်ဆီ ဝင်တိုက်လိုက်သောအာမေဋိတ်သံ......
ခါးဆီသို့ရစ်သိုင်းလာသောလက်တစ်စုံနှင့် ပခုံးပေါ်သို့ထိတွေ့လာသော ပူနွေးနွေးသူမမျက်ရည်စက်များကြောင့် နှလုံးသားကပို၍ပို၍နာကျင်လာရပြန်၏။

"ဟင့်....မသွားပါနဲ့တော့....အဲ့ဒီကျောပြင်...အဲ့ဒီကျောပြင်ကို မကြည့်ရဲတော့လို့ မမကိုကျောခိုင်းမသွားပါနဲ့တော့ ဦးရယ်...."

လက်သီးနှစ်ဖက်ကိုတင်းကျပ်နေအောင်ဆုပ်၍ အောက်နှုတ်ခမ်းကိုပေါက်ထွက်သည်အထိကိုက်ကာ ထိန်းချုပ်ထားပေမယ့် နာကျင်ခြင်း၏သက်သေဖြစ်သော မျက်ရည်များကတော့ ကျဆင်းနေသည်မှာ အားကောင်းလှစွာ။

"ဟင့်....မထားခဲ့ပါနဲ့....မသွားပါနဲ့တော့ အခုလိုစွန့်ပစ်မသွားပါနဲ့တော့ ကလေးရယ်....နာကျင်ရလို့ပါ....အဟင့်နာကျင်ရလွန်းလို့ပါ "

နားထဲတွင် သံရည်ပူလောင်းချနေသကဲ့သို့ခံစားရသော သူမငိုရှိုက်သံများကြောင့် စိတ်ကိုလျှော့ချလိုက်ကာ ကျောခိုင်းထားသည်အားမျက်နှာချင်းဆိုင်လှည့်လိုက်ပြီး သူမခန္ဓာကိုယ်လေးကိုပျောက်ရှသွားမည့်အလား တင်းတင်းကျပ်ကျပ်ဖက်၍ သော်လေးရှိုက်ကြီးတငင်ငိုချလိုက်မိသည်။

"ဦးတောင်းပန်ပါတယ်မမရယ်.....ဦးတောင်းပန်ပါတယ်....မမကိုမချစ်လို့မဟုတ်ပါဘူး....ဦးကြောင့်မမနာကျင်ခံစားရမှာကြောက်လို့...ဦးကြောင့် မမဒဏ်ရာတွေထပ်ပြီးရမှာစိုးလို့ပါ....ဟင့်....ဦးကြောင့်မမတစ်ခုခုဖြစ်သွားမှာစိုးလို့ပါ မမကိုမချစ်လို့မဟုတ်ပါဘူး....."

တအင့်အင့်ရှိုက်ငိုနေသောကြောင့် တုန်ရီနေသောသူ့ခန္ဓာကိုယ်လေးကို မြတ်ယွန်းပြန်လည်၍ဖက်ထားလိုက်မိသည်။

"မထားခဲ့နဲ့တော့နော်.....မမကိုချစ်ရင် ဦးရဲ့အဝေးမှာမထားခဲ့ပါနဲ့.....ကြာလာရင်ရူးသွားရလိမ့်မယ် "

သူ့ရင်ခွင်ထဲမှနေ၍ သူ့မျက်နှာလေးကိုမော့ကြည့်ပြီး ထိုစကားအားဆိုတော့ သူကပြုံး၍ကြည့်လာ၏။
သူ့ပါးပြင်တစ်လျှောက်မင်းမူနေသောမျက်ရည်များအား မြတ်ယွန်း လက်ဖဝါးလေးဖြင့်ခပ်ဖွဖွသုတ်ပေးတော့ သူ့အကြည့်များကသူမမျက်နှာအားစူးစိုက်စွာ။

မြတ်ယွန်း မျက်ရည်များသုတ်ပေးနေရာမှ လက်ချောင်းထိပ်ကလေးဖြင့် ပန်းနုရောင်သမ်းနေသော သူ့နှုတ်ခမ်းလေးနှစ်လွှာအားထိတွေ့မိတော့ အမျိုးအမည်မသိသောခံစားချက်များက လှိုက်တက်လာပြီး သူမမျက်နှာအား တဖြည်းဖြည်းသူ့မျက်နှာအနီးသို့တိုးကပ်နေမိ၏။

နှုတ်ခမ်းလွှာပေါ်ထိတွေ့လာသောအထိအတွေ့ကြောင့် မြန်ဆန်လာသောရင်ခုန်သံများနှင့်အတူ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိသည့် သူမခါးသွယ်သွယ်လေးမှသူ့လက်အား ပိုမိုတင်းကျပ်စေလိုက်မိသည်။

"ထိန်းချုပ်ထားဖို့မလွယ်တော့ဘူးမမ....ချစ်ခြင်းတရားတွေအကုန် မွေးနေ့လက်ဆောင်ပေးမယ် မမလက်ခံမှာလား....."

အနည်းငယ်မောဟိုက်နေသောလေသံဖြင့်မေးခွန်းထုတ်၍ နဖူးချင်းထိကပ်ခါ နှာဖျားမှထုတ်လွှတ်လိုက်သော ကိုယ်စီအသက်ရှူသံများက အပြန်အလှန်ရိုက်ခတ်လျက်.......

"ဘယ်ငြင်းနိုင်တော့မှာလဲကလေးရယ်....."

သော်လေး သူမအားရုတ်တရက်ပွေ့ချီတော့ ကုပ်ပေါ်သို့ရစ်သိုင်းလာသောသူမ၏လက်ချောင်းလေးများကြောင့် မွှေးညှင်းလေးတွေပင် ထောင်ထသွားရ၏။
ကုတင်ပေါ်သို့ မြတ်ယွန်းခန္ဓာကိုယ်လေးအားညင်သာစွာချလိုက်ပြီး သူမမျက်နှာဘေးတွင်လက်ထောက်ကာ သူမခန္ဓာကိုယ်လေးအား အုပ်မိုးထားလိုက်မိသည်။

နဖူးပေါ်သို့ကပိုကရိုကျဆင်းနေသောဆံနွယ်လေးများကို သူ့လက်ချောင်းလေးများဖြင့် ဖယ်ရှားပေးလိုက်ပြီး ပထမဦးစွာ မမနဖူးလေးအား မြတ်မြတ်နိုးနိုးဖြင့်နမ်းရှိုက်လိုက်မိသည်။
နဖူးမှတစ်ဆင့် နှာခေါင်းလေးအားသူ့နှုတ်ခမ်းပါးတို့ဖြင့် အသံထွက်အောင်ပင်နမ်းလိုက်၏။
ထို့နောက်တွင်တော့ နှစ်နှစ်တိတိဝေးကွာခဲ့ရသော သူမနှုတ်ခမ်းတို့ကိုအနမ်းခြွေရန် အသက်ကိုပင့်ရှိုက်ကာရှူလိုက်ပြီး သူ့နှုတ်ခမ်းလွှာတို့နှင့်ထိကပ်လိုက်သည့်အခါတွင်တော့ ဓာတ်လိုက်သွားသည့်အလားပင် ခေါင်းတစ်ခုလုံးပူထူလာရပြီး မျက်လုံးထဲတွင်မြင်ယောင်လာသည်က ဆေးရုံကုတင်ပေါ်တွင်သတိမေ့နေသောသူမပုံရိပ်....
မေ့မြောနေသောသူမအား မျက်ရည်များနှင့်အနမ်းခြွေနေသောသူ....အတိတ်မှနာကျင်စရာခံစားချက်များကြောင့် ချက်ချင်းပင်သူမအပေါ်မှဆင်းကာ ကုတင်ဘေး၌ကြောင်၍ရပ်နေမိသည်။

ချက်ချင်းပင်ကုတင်ပေါ်မှဆင်းကာ ပုံမှန်ထက်ကြောက်လန့်နေသောအကြည့်များဖြင့် မြတ်ယွန်းအားကြည့်နေသောသူ့ကြောင့် စိုးရိမ်စိတ်တို့က ဒီရေအလားဆောင့်တိုးလာရသည်။

"ဘာ...ဘာဖြစ်လို့လဲ ဦး....ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား.....ဘယ်နားနေမကောင်းလို့လဲ "

ကုတင်ပေါ်မှဆင်း၍ သူ့အနားသွားရန်ပြင်လိုက်မိတော့ နားကိုပိတ်ကာထိုင်ချလိုက်သောသူ့ကြောင့် မြတ်ယွန်းဘာဆက်လုပ်ရမှန်းမသိတော့ ။

"အား.....အ "

"နင်သိပ်ချစ်တဲ့အဲ့ဒီမိန်းမကို နင့်အနားဆက်ပြီးမနေနိုင်အောင်ငါလုပ်ပြမယ်....နင်သိပ်ချစ်တဲ့အဲ့ဒီမိန်းမကို နင့်အနားဆက်ပြီးမနေနိုင်အောင်ငါလုပ်ပြမယ်...."

နားထဲတွင်တဝဲလည်လည်နှင့် ကြားနေရသောစကားသံများကြောင့် သော်လေး ဇောချွေးများပင်ပြန်လာရသည်။

"အား....ကြောက်တယ်....ဦးကြောင့်....ဦးတောင်းပန်ပါတယ်...မမ...မမကိုဒုက္ခမပေးပါနဲ့တော့အိမ်သူရယ်....မမကိုမသတ်ပါနဲ့....ငါတောင်းပန်ပါတယ် မမကိုမသတ်ပါနဲ့"

အစီအငေါ်မတည့်ထွက်ပေါ်လာသောသူ့စကားသံနှင့် အတိတ်ကိုပြန်မြင်ပြီး ကြောက်လန့်တုန်လှုပ်နေသောသူ့ကိုကြည့်ကာ မြတ်ယွန်းရင်ဘတ်တစ်ခုလုံး အောင့်တက်ကာနာကျင်လာရသည်။

"အဲ့လောက်တောင်....အဲ့လောက်တောင်ကြောက်လန့်တုန်လှုပ်ခဲ့ရတာလားကလေးရယ်"

မြတ်ယွန်း သူ့ဘေးတွင်ဒူးထောက်ထိုင်ချလိုက်ပြီး တုန်ယင်နေသောသူ့ခန္ဓာကိုယ်လေးအားထွေးပွေ့ကာ ကျောပြင်လေးအား ညင်သာစွာပွတ်သပ်ပေးနေမိသည်။

"မတွေးနဲ့တော့နော် အဲ့ဒါတွေကိုဘာမှပြန်မတွေးနဲ့တော့ အားလုံးပြီးသွားခဲ့ပြီ....နာကျင်စရာတွေအားလုံးပြီးသွားခဲ့ပြီမို့ မမနဲ့ပြန်လိုက်ခဲ့ပါတော့....နော် မမနဲ့မြန်မာပြည်ကိုပြန်လိုက်ခဲ့နော် "

"အိမ်သူက....အိမ်သူကမမကို "

သူမရင်ခွင်ထဲမှအတင်းရုန်းထွက်ပြီး ပြောလိုက်သောစကားကအိမ်သူတဲ့လား။

"အိမ်သူကဘာဖြစ်လို့လဲကလေးရဲ့....အိမ်သူကရန်ကုန်မှာရှိတယ်လေ....."

"ဟင့်အင်း.....မလိုက်ဘူး....ခင်....ခင်ဗျားနဲ့ပြန်မလိုက်ဘူး...."

ချက်ချင်းပင်အခေါ်အဝေါ်တွေပြောင်းကာ ခက်ထန်သွားသောသူ့မျက်နှာသွင်ပြင်အား မြတ်ယွန်ကြောင်ငေးကြည့်နေမိသည်။

( သူ့အခြေအနေက ပုံသေတွက်ဆထားလို့မရဘူးလင်းငယ်....ဟိုအရင်ကရခဲ့ဖူးတဲ့စိတ်ဒဏ်ရာတွေ၊သူ့ကြောင့်လင်းငယ်ထိခိုက်ရတယ်ဆိုတဲ့အစွဲတွေ၊နာကျင်မှုတွေ၊ကြောက်ရွံ့စိတ်တွေနဲ့ပေါင်းပြီး မသိစိတ်မှာ စိတ်အားငယ်မှုတွေက ကြီးကြီးမားမားကိန်းအောင်းနေလိမ့်မယ်......
အထူးသဖြင့် အတင်းမေ့ဖျောက်ထားတဲ့လူတွေ၊နာမည်တွေ....ဒါမှမဟုတ်အဖြစ်အပျက်တွေ အဲ့ဒီလိုနာကျင်စရာတွေက ချက်ချင်းစုပြုံခံစားမိလာတဲ့အခါ လက်ရှိပုံမှန်အခြေအနေနဲ့ရောထွေးသွားပြီး မသိစိတ်ကကြီးစိုးသွားတတ်တယ်....
အဲ့ဒီအခြေအနေရောက်လာခဲ့ရင် လင်းငယ်က သူ့ကိုအတင်းပြန်လိုက်ဖို့ရာ ဒါမှမဟုတ် ဖြေရှင်းချက်ပေးတာတွေဘာတွေမလုပ်ပါနဲ့ ကိုယ်ပြောထားတဲ့သဘောတူညီမှုကိုသူ့ကိုစပြီးပြောတော့....ဒါဟာကိုယ့်ရဲ့လူနာဖြစ်တဲ့သူ့အတွက် ပုံမှန်ပြန်ဖြစ်စေမယ့်မျှော်လင့်ချက်ပဲ )

နားထဲပြန်ကြားလာမိသော ဥာဏ်ပြည့်လျှံစကားကြောင့် မြတ်ယွန်းသူနှင့်ခပ်ခွာခွာတွင်သွားရပ်လိုက်ကာ ကျဆင်းနေသောမျက်ရည်များကိုသုတ်လိုက်ပြီး

"နင်ကငကြောက်ပဲသော်ဝတီဦး....ငါက....ငါက နောက်ဆုံးမျှော်လင့်ချက်ကလေးတစ်ခုအဖြစ်နဲ့ နင်များသတ္တိရှိလာမလား၊ငါ့ကိုကာကွယ်ပေးမယ်ဆိုတဲ့ကတိတည်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နင်ရှိရာကို အားလုံးဆန့်ကျင်နေတဲ့ကြားကနေလိုက်လာခဲ့ရတာ....ပြန်တွေ့ခွင့်ရပြန်တော့လည်း နင့်ရဲ့သတ္တိမရှိတဲ့ကြောက်စိတ်က ရှိနေတုန်းပါပဲလား "

သော်လေး ကြမ်းပြင်ပေါ်မှအားယူကာထလိုက်ပြီး သူမရှိရာသို့တစ်လှမ်းချင်းလျှောက်လာမိသော်လည်း သူ့လိုငကြောက်ကိုရွံရှာသည့်အလား မမက တစ်လှမ်းချင်းနောက်ဆုတ်သွားလေပြီ။

"ကျွန်မ မရှိခဲ့တဲ့အချိန်တွေမှာ အန္တရာယ်ကင်းကင်းနဲ့ပျော်ရွှင်နေခဲ့ရတယ်မလား....ဟမ်....ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတယ်မလား "

( ဟင့်အင်း စက်ရုပ်တစ်ရုပ်လိုပဲ....ကလေးမရှိရင် ပျော်ရွှင်မှုကိုမခံစားနိုင်တော့တဲ့စက်ရုပ်တစ်ရုပ်လိုပဲ )

"ဒါပေါ့....ပျော်ရွှင်ခဲ့ရတယ်လေ နင်ဆိုတဲ့ငကြောက်ကိုမေ့ချင်လွန်းလို့....ယောက်ျားလေးတွေအများကြီးနဲ့တွဲပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်....."

နာကျင်မိသောခံစားချက်များနှင့်အတူ အတွေးများနှင့်လွဲချော်စွာ....သူ့ရင်ကိုခွဲနေသည့်စကားလုံးများကိုသာ မြတ်ယွန်းရွေးချယ်ပြောဆိုနေမိသည်။

သူမစကားက သူ့အတွက်ခါးသက်လှပေမယ့် အပြုံးတုတစ်ခုကို နှုတ်ခမ်းပါးထက်တင်ကာ

"တော်သေးတာပေါ့ ချစ်ရတဲ့ခင်ဗျားက အပူပင်ကင်းကင်းနဲ့အေးချမ်းစွာရှိနေပေးလို့ "

စကားပြောရင်း သူမဘေးကဖြတ်လျှောက်ကာ sofa တွင်ဝင်ထိုင်လိုက်သည့်သော်လေးနားသို့ မြတ်ယွန်းသွားရပ်လိုက်၏။

"ချစ်တယ်ဆိုရင် မမနဲ့ပြန်လိုက်ခဲ့လေ....မမနဲ့ပြန်လိုက်ခဲ့ပါနော် "

"မလိုက်ဘူး....စာထဲမှာရေးပေးခဲ့ပြီးသားလေ....ခင်ဗျားရဲ့အဝေးမှာရင်ကွဲခံပြီးသေလိုက်မယ် ခင်ဗျားရှိရာ ဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့စာကြောင်းလေးကို ဖတ်ခဲ့ရမယ်ထင်တယ်....ခင်ဗျားဘဝထဲကိုဘယ်တော့မှပြန်ဝင်မလာတော့ဘူး မမမြတ်ယွန်းလင်းငယ်....သေလောက်အောင်ချစ်နေ၊လွမ်းနေလည်း ပြန်မလာတော့ဘူး....ဒါ့ကြောင့်ခင်ဗျား....ပြန်..ပါ...တော့ "

မဖြစ်ချေတော့။နောက်ဆုံးအပေးအယူအားသူမလက်ခံရပေတော့မည်။ချစ်ရသူကိုနေ့စဥ်တွေ့မြင်ရဖို့ထက် ကျန်တာဘာမှအရေးမကြီးတော့ဟု မြတ်ယွန်းလက်ခံလိုက်မိလေပြီ။

ထို့ကြောင့် စားပွဲပေါ်တွင်တင်ထားသည့်ဖိတ်စာကဒ်လေးအားလှမ်းယူလိုက်ကာ သူ့ရှေ့တည့်တည့်တွင်မျက်နှာချင်းဆိုင်ရပ်၍....

"ငါပြောခဲ့တယ်မလား....နောက်ဆုံးမျှော်လင့်ချက်လေးပါ....အားလုံးဆန့်ကျင်နေကြတဲ့ကြားက အပေးအယူနဲ့လာခဲ့ရတဲ့ခရီးမို့လို့...နင့်ကို...နင့်ကိုယုံကြည်လို့ ငါလာခဲ့တာ....အခုတော့...."

မြတ်ယွန်းပင့်သက်ရှိုက်၍ မျက်ရည်မကျအောင်ထိန်းလိုက်ပြီး

"နောက်ဆုံးအနေနဲ့ တစ်ခုတော့လိုက်လျောပေးပါ....လာမယ့် ဒီဇင်ဘာဆယ်ရက်နေ့....နင်ရန်ကုန်ကိုပြန်လာခဲ့....နင့်ကြောင့်ငါနာကျင်ရမှာမမြင်ချင်ဘူးဆိုရင် နောက်ဆုံးအနေနဲ့ ငါရှိရာပြန်လာခဲ့ပြီး ငါ့လက်ထပ်ပွဲကိုတက်ပေးပါ "

"လက်....လက်ထပ်ပွဲ... အဲ့ဒါဘာကိုပြောတာလဲ "

မယုံကြည်နိုင်ခြင်းတွေဟာ သူ့မျက်နှာတစ်ခုလုံးဖုံးလွှမ်းလျက် သူမအားမေးခွန်းထုတ်လာသော်လည်း မြတ်ယွန်းဂရုစိုက်မနေချင်တော့

"ဟုတ်တယ်....သူရဲဘောကြောင်တဲ့ချစ်သူတစ်ယောက် စွန့်ပစ်တာကိုခံခဲ့ရပြီးနှစ်နှစ်အကြာမှာ....ငါ့ဦးနှောက်နဲ့ရွေးချယ်လက်ခံလိုက်တဲ့ ငါ့ရဲဲ့လက်ထပ်ပွဲ....အဲ့ဒီနေ့ နင်ရောက်မလာခဲ့ဘူးဆိုရင်တော့ နင့်ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး....ငါကနင့်ကြောင့် နာကျင်မှုများစွာနဲ့ သေဆုံးသွားတာပါလားဆိုတဲ့နောင်တတွေနဲ့ပဲ ဆက်ရှင်သန်သွားရလိမ့်မယ် "

မယုံကြည်နိုင်ခြင်းနှင့် အံ့အားသင့်မှုတို့၏အဆုံးတွင်တော့ အခန်းထဲတွင်သူမမရှိတော့။ စားပွဲပေါ်ဖြစ်သလိုပစ်တင်ပေးခဲ့သော ဖိတ်စာလေးအား တုန်ရီစွာဖွင့်လိုက်မိတော့ မျှော်လင့်မထားသောနာမည်နှစ်ခုကစီးကာကြိုနေလေ၏။

"ဟား...ဥာဏ်...ဥာဏ်ပြည့်လျှံတဲ့လား....ရက်စက်လိုက်ကြတာဗျာ....လုပ်ရက်လိုက်ကြတာ....ရက်စက်လိုက်တာမမရာ....."

နှလုံးသားတစ်ခုလုံးစုတ်ပြတ်သွားသလိုပင် မွန်းကျပ်လာသောနာကျင်မှု....ဝေဝါးလာသောဖိတ်စာမှ သူမနာမည်လေးအား နှုတ်ခမ်းပါးတို့နှင့်ထိတွေ့ကာ ကလေးငယ်တစ်ယောက်လိုငိုကြွေးနေမိသည်။

*****************************

ချစ်ခြင်းတွေက အဆုံးသတ်ရှိသလားနေမင်းငယ်.....
အဆုံးသတ်မရှိတဲ့ချစ်ခြင်းတွေမှာ ရူးမိုက်မှုတွေ အနည်းနဲ့အများပါဝင်နေမှာပါပဲ
ကျွန်မချစ်ခြင်းတွေကလည်း အဆုံးသတ်မရှိဘူး.....
ဘာလို့ဆို တစ်ဘဝလုံး ရှင့်ကိုပဲရူးမိုက်စွာစွဲလမ်းနေချင်လို့.....

________________________
🔜🔜🔜🔜🔜
#Oo
December 21.2020
18:20
9400

______________________________

Zawgi

"ကိုယ္ေရာက္ေနၿပီေနာ္ လင္းငယ္....ထြက္လာၿပီလား "

"ေရာက္ေတာ့မယ္ဉာဏ္ျပည့္လွ်ံ "

"အင္းအင္း ကိုယ္ေစာင့္နိုင္တယ္...ျဖည္းျဖည္းလာခဲ့ "

ထိုစကားအဆုံးတြင္ေတာ့ တီ...ဟူေသာ သံရွည္ျမည္သံေလးမွလြဲ၍ ေလလွိုင္းေလးဟာတိတ္ဆိတ္သြားခဲ့ရသည္။
ေကာ္ဖီဆိုင္ေလး၏ ကာရံထားေသာမွန္မွတစ္ဆင့္ လမ္းသြားလမ္းလာမ်ားအားအေၾကာင္းမဲ့ေငးေနမိသည္။ တိတ္ဆိတ္ေသာေနရာေလးျဖစ္သည့္အတြက္ စာၾကည့္ရန္လာၾကသည့္တကၠသိုလ္ေက်ာင္းသားေလးမ်ားသာ ျဖတ္သြားျဖတ္လာလုပ္ေနၾကသည္။

ျမင္ကြင္းထဲေရာက္ရွိလာသည္က အညိုေရာင္ကုတ္အရွည္ႏွင့္ ဂ်င္းေဘာင္းဘီ အနက္ေရာင္ေလးကို လိုက္ဖက္စြာဝတ္ဆင္၍ လက္ထဲမွာေတာ့စာအုပ္အနည္းငယ္ကိုေပြ႕ပိုက္ကာ သူရွိရာေကာ္ဖီဆိုင္သို႔ ေလွ်ာက္လွမ္းလာေနေသာ အမ်ိဳးသမီးေလး....။
သူ႕ကိုျမင္ေတာ့ ျမတ္နိုးဖြယ္ရာမူပိုင္အၿပဳံးေလးတစ္ပြင့္စြန့္က်ဲ​ကာ သူရွိရာသို႔တန္းတန္းမတ္မတ္ေလွ်ာက္လာေလသည္။

"ရန္ကုန္ျပန္ေရာက္ေရာက္ခ်င္းလုပ္ရမဲ့ Project ကိစၥေဆြးႏြေးေနတာ....နည္းနည္းေနာက္က်သြားတယ္ ေတာ္ေတာ္ေစာင့္လိုက္ရလား "

ေျပာလည္းေျပာ သူမလက္ထဲမွစာအုပ္မ်ားအား ေဘးကထိုင္ခုံတြင္တင္လိုက္ၿပီး သူမကေတာ့ သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ေလ၏။

"သိပ္မေစာင့္လိုက္ရပါဘူး....ဒါနဲ႕ ဒီေန႕လင္းငယ္ဘယ္အခ်ိန္အိမ္ျပန္မွာလဲ "

"မသိေသးဘူး....ေကာင္း ဖုန္းဆက္လာမွ သူနဲ႕အတူတူညွိၾကည့္ရမွာပဲ....အခုအခ်ိန္မွာတစ္ေယာက္တည္းမေနခ်င္ဘူးေလ "

ႏြမ္းလ်လ်ေလးအၿပဳံးေလးတစ္ခုႏွင့္ ျပန္ေျဖလိုက္ေသာသူမစကားေၾကာင့္ ဥာဏ္ျပည့္လွ်ံ ဖုန္းအားဖြင့္ကာ ရက္စြဲၾကည့္လိုက္မိေတာ့ November 27....

"အာ....ဟုတ္သားပဲ အဲ့ဒီရက္ေတာင္ေရာက္ေတာ့မယ္...ဒါနဲ႕လင္းငယ္...ကိုယ္လည္းဂ်ဴတီမရွိေတာ့ဘူးဆိုေတာ့ ဘယ္သြားခ်င္လဲအတူတူသြားၾကမယ္ေလ ေမေကာင္းဆက္ျပန္မွပဲ လင္းငယ္ကိုျပန္လိုက္ပို႔ေပးမယ္ "

"အဲ့လိုလုပ္မလား "

သူမ၏အေမးအား ဥာဏ္ျပည့္လွ်ံ ေခါင္းညိတ္ျပလိုက္ကာ

"ေကာ္ဖီေသာက္လိုက္ဦးေလ ေအးကုန္ေတာ့မယ္ "

စားပြဲေပၚတြင္ အဆင္သင့္မွာေပးထားသည့္ေကာ္ဖီအား တစ္ငုံေသာက္လိုက္ကာ

"အေရးႀကီးအလုပ္ကိစၥရွိလို႔လားဉာဏ္ျပည့္လွ်ံ....မ်က္ႏွာကတစ္မ်ိဳးျဖစ္ေနသလိုပဲ "

"အလုပ္ကိစၥေတာ့မရွိပါဘူး....ကိုယ္တို႔ စကားေအးေအးေဆးေဆးေျပာလို႔ရမယ့္ တစ္ေနရာရာသြားရေအာင္ "

"ဒီမွာပဲေျပာလို႔မရဘူးလား "

"လူေတြနဲ႕မို႔လို႔ပါ....ေအးေအးေဆးေဆး လူရွင္းတဲ့တစ္ေနရာရာသြားရေအာင္....ၿပီးမွလင္းငယ္သြားခ်င္တဲ့ေနရာကို ဆက္သြားၾကတာေပါ့ "

ထိုစကားေၾကာင့္ ျမတ္ယြန္းဆိုင္ထဲမ်က္လုံးေဝ့ကာၾကည့္လိုက္မိေတာ့ Partner ကိုယ္စီႏွင့္ စားပြဲဝိုင္းမ်ားတြင္လူအျပည့္။

"အဲ့ဒါဆိုရင္လည္း သြားရေအာင္ေလ "

သူမဆီမွအေျဖလက္ခံရသည္ႏွင့္ ေကာ္ဖီဖိုးက်သင့္ေငြရွင္းကာ သူ႕ကားရပ္ထားရာသို႔ေလွ်ာက္လာၾကသည္။
Passenger seat မွကားတံခါးအား ဦးစြာဖြင့္ေပးလိုက္ၿပီး သူမကိုဝင္ထိုင္ေစလိုက္သည္။
ထို႔ေနာက္ ေမာင္းသူေနရာမွဥာဏ္ျပည့္လွ်ံဝင္ထိုင္လိုက္ကာ ကားေလးအား သူမေက်ာင္းရွိရာႏွင့္ နာရီဝက္မွ်ေမာင္းရေသာ Shinjiku Gyoen သို႔

************************

"ဘာေျပာစရာရွိလို႔....ဒီအထိေခၚလာရတာလဲဉာဏ္ျပည့္လွ်ံ "

ေရာက္ကတည္းက စကားတစ္ခြန္းမွဟမလာဘဲ မ်က္ႏွာခ်င္းဆိုင္မွ Maple ပင္တန္းမ်ားအား ေငးၾကည့္ေနေသာသူက ျမတ္ယြန္းစကားသံၾကားမွပင္ ေဘးမွာသူမထိုင္ေနမွန္းသတိရသလို တစ္ခ်က္ေစာင္းငဲ့ၾကည့္လာ၏။

"ဘာေတြျဖစ္ေနတာလဲ....မ်က္ႏွာကတစ္ခုခုကိုစိတ္ရႈပ္ေနသလိုပဲ "

"လင္းငယ္က....ကိုယ္စိတ္ရႈပ္ေနတာကိုသတိထားမိတယ္လား "

ျမတ္ယြန္းသူ႕အားေခါင္းညိတ္ျပလိုက္ကာ

"သတိထားမိတာေပါ့....ရွင္ကပုံမွန္ဆိုရင္ဒီလိုမ်ိဳးမွမဟုတ္တာ တစ္ခုမဟုတ္တစ္ခုေျပာေနတဲ့လူစားေလ "

"ကိုယ္က အဲ့ဒီေလာက္ေတာင္စကားမ်ားတာလား "

"အဲ့လိုမဟုတ္ေပမယ့္လည္းေပါ့....."

ေျပာမိၿပီးမွ အားနာသလိုေခါင္းငုံ႕သြားေသာ သူမမ်က္ႏွာေလးအား တစ္ခ်က္ေငးၾကည့္၍ ေျပာမည့္အေၾကာင္းအရာအား စကားစလိုက္၏။

"ကိုယ္တို႔ဒီကိုေရာက္တာ ႏွစ္ႏွစ္ျပည့္ေတာ့မယ္ေနာ္လင္းငယ္....မၾကာခင္မွာျပန္ရေတာ့မယ္"

"လိုပါေသးတယ္ႏွစ္လေလာက္....အခုမွ November ရွိေသးတာကို "

"လကုန္ၿပီေလ...လင္းငယ္ေမြးေန႕လည္းေရာက္ေတာ့မွာကို "

သူေျပာလိုက္ေသာစကားမွားသြားၿပီထင္၏။ ခ်က္ခ်င္းပင္ အသံတိတ္ကာသြားေသာ ထိုအမ်ိဳးသမီးေလးေၾကာင့္

"Maple ႐ြက္ေတြကအရမ္းလွတယ္ေနာ္လင္းငယ္....... "

ထပ္မံ၍ေျပာလိုက္ေသာသူ႕စကားက ဆက္စပ္မႈမရွိေပမယ့္လည္း ျမတ္ယြန္းအာ႐ုံတို႔အား မ်က္ႏွာခ်င္းဆိုင္မွ Maple ပင္မ်ားဆီသို႔ပို႔ထားလိုက္မိသည္။

"တကယ္ေတာ့ ဒီကိုေခၚလာတာကအေရးႀကီးတာတစ္ခုေျပာစရာရွိလို႔ပါ "

"အင္း...."

"ကိုယ့္အတြက္ အေျဖမရွိေသးဘူးလားဟင္ "

ထိုသို႔ရဲတင္းလြန္းလွေသာသူ႕စကားေၾကာင့္ ျမတ္ယြန္းမေက်မနပ္ျဖစ္ကာ ေဒါသထြက္သြားမိ၏။သို႔ေသာ္လည္း အရာရာကို သူမေဘးကေနအားေပးကာကြယ္ခဲ့သူျဖစ္ေသာေၾကာင့္ စိတ္ေလွ်ာ့လိုက္ကာ

"လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကဒီလိုအခ်ိန္မွာ....ကြၽန္မေဆး႐ုံကုတင္ေပၚမလႈပ္မယွက္ လဲေလွာင္းေနခဲ့တယ္....အဲ့ဒီအခ်ိန္မွာျပည့္ခ်င္တဲ့ဆုက ျပန္ၿပီးနိုးထခ်င္တာ ႏွလုံးသားကေတာင့္တေနတဲ့တစ္ခုတည္းေသာဆုေတာင္းပဲ....ဒါေပမယ့္ အခုအဲ့ဒီဆုေတာင္းမျပည့္ခ်င္ေတာ့ဘူး....နိုးထလာခဲ့ေပမယ့္ သူမရွိေတာ့တဲ့ေန႕ရက္ေတြကို ရင္ဆိုင္ရတာ ကြၽန္မအသက္မဲ့သြားတာနဲ႕အတူတူပဲ "

"အဲ့ဒါေတြကို ကိုယ္သိတယ္ေလ....... "

"ရွင့္အတြက္အေျဖကိုလည္း ရွင္သိပါတယ္ Silence Coffee ဆိုင္မွာပဲ ကြၽန္မေျပာခဲ့တာေလ အဲ့ဒါကိုေရာမွတ္မိေသးရဲ႕လား "

သူမေလသံျမင့္လာေသာအခါတြင္ေတာ့ ထိုေယာက်ာ္းကၿပဳံးေလသည္။

"ျဖည္းျဖည္းေျပာပါလင္းငယ္ရယ္ "

ျမတ္ယြန္းနားမလည္နိုင္စြာ သူ႕ကိုၾကည့္လိုက္မိသည္။

"ဘာလို႔လဲ....ဟုတ္တာေျပာတာေလ "

"ကိုယ္သိပါတယ္.....လင္းငယ္ဆီမွာကိုယ့္အတြက္ေနရာမရွိတာကို Tokyo မွာရွိေနခဲ့တဲ့ႏွစ္ႏွစ္အတြင္း ကိုယ္ေကာင္းေကာင္းႀကီးသိခဲ့ပါတယ္.....ထြက္သြားသူကို ေစာင့္ေနဆဲပဲဆိုတာလည္းကိုယ္သိတယ္၊သူ႕အေၾကာင္းေတြကို ရသေလာက္စုံစမ္းေနတယ္ဆိုတာလည္းကိုယ္သိတယ္...."

"အဲ့လိုေတြသိလ်က္နဲ႕....ဘာလို႔ကြၽန္မေဘးမွာရွိေနေသးတာလဲ....ရွင့္ရဲ႕အခ်ိန္ေတြျဖဳန္းသလိုျဖစ္ေနမွာေပါ့ "

သူမထိုသို႔ေျပာေတာ့ သူကေခါင္းကိုခါရမ္းေလ၏။

"မျဖစ္ပါဘူး ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈပဲေလ....လင္းငယ္ေဘးနားမွာေနခ်င္တယ္၊လင္းငယ္ကိုတတ္နိုင္သေလာက္ကာကြယ္ေစာင့္ေရွာက္ေပးခ်င္တယ္....ဒီေလာက္ပါပဲ....ဘာလို႔လဲဆိုေတာ့ ခ်စ္မိလို႔၊ခ်စ္ေနဆဲမို႔လို႔....တစ္ေျမျခားမွာ သူစိမ္းေယာက္်ားေတြနဲ႕ရင္းႏွီးမွာစိုးလို႔ ကိုယ္လိုက္လာခဲ့မိတာ....မွန္တာေျပာရရင္ ေသာ္ေလးျပန္လာမယ္လို႔လည္းယုံၾကည္လို႔ အရာရာအလြန္ေတြမျဖစ္ရေအာင္ ကိုယ္ကအရံသေဘာမ်ိဳးေဘးမွာရွိေနေပးတာပါ "

"အဟက္....ျပန္လာမယ္လို႔ယုံၾကည္လို႔တဲ့လား "

သူမမဲ့ၿပဳံးတစ္ခုအားပန္ဆင္၍ ထိုင္ရာမွထရပ္လိုက္ကာ ထိုင္ခုံေနာက္တြင္မတ္တပ္ရပ္ေနမိသည္။

"သူထြက္သြားတာႏွစ္ႏွစ္ျပည့္ေတာ့မယ္....နာရီပိုင္းေတာင္မခြဲနိုင္ပါဘူးဆိုတဲ့သူက၊ကြၽန္မေဘးနားမွာအၿမဲရွိခ်င္တာပါဆိုတဲ့သူက၊အဲ့ဒီလိုလူက ႏွစ္ႏွစ္လုံးလုံးဆက္သြယ္ခဲ့လို႔လား....လူကိုယ္တိုင္ေတြ႕ျမင္ရဖို႔ေဝးစြ....စာေလးတစ္ေၾကာင္း၊ဖုန္းေလးတစ္ေကာလ္ေတာင္ဆက္ခဲ့လို႔လား....မွန္တာေျပာရရင္ ကြၽန္မယုံၾကည္မႈေတြ ေပ်ာက္ဆုံးလာၿပီဉာဏ္ျပည့္လွ်ံ....တစ္ခါတေလမွာ ႐ူး႐ူးမိုက္မိုက္ေတြးေနမိတာ ဒီေလာကႀကီးထဲမွာ သူရွိေနေသးတာမွဟုတ္ရဲ႕လားဆိုၿပီးေတာ့...... "

ျမတ္ယြန္း၏စကားသံတို႔ ဥာဏ္ျပည့္လွ်ံထုတ္ေပးလာေသာဓာတ္ပုံေလးတစ္ပုံေၾကာင့္ ရပ္တန့္သြားရ၏။

"မဟုတ္တာေတြကို ႐ူး႐ူးမိုက္မိုက္မေတြးပါနဲ႕....သူရွိေနေသးတယ္....ဒီေလာကႀကီးထဲမွာသူရွိေနပါေသးတယ္....သူျပန္မလာေတာ့လည္း....လင္းငယ္ကလိုက္သြားလို႔ရတာပဲေလ"

"ဒီ....ဒီဓာတ္ပုံက "

သူ႕လက္ထဲမွဓာတ္ပုံအား ဆတ္ခနဲဆြဲယူကာခုံတြင္ျပန္ထိုင္၍ အသက္မရႉစတမ္းခ်က္ခ်င္းပင္ေမးခြန္းထုတ္လာေသာသူမ။

"ဒီဓာတ္ပုံက....လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကရိုက္ထားတာ Melbourne Library မွာစာဖတ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ပုံ။တိတိက်က်ေျပာရမယ္ဆိုရင္ေတာ့....အဲ့ဒီေကာင္မေလးကေသာ္ေလးပဲ "

ျမတ္ယြန္း ဓာတ္ပုံထဲမွေကာင္မေလးအား ေသေသခ်ာခ်ာၾကည့္ေနမိသည္။
ေဘးတေစာင္းရိုက္ထားသည္ဆိုေပမယ့္ ထိုအမ်ိဳးသမီးဟာ သူပဲဆိုတာျမတ္ယြန္းတပ္အပ္ေျပာရဲသည္။တစ္ခုခုကိုအာ႐ုံစူးစိုက္ေနတဲ့သူ႕ပုံစံက သူမ စြဲလမ္းရသည့္ပုံရိပ္ေလးမို႔ ႏွလုံးသားထဲမွာ နက္နက္ရွိုင္းရွိုင္းကိုမွတ္မိေနသည္။

"ဒါဆို သူကအခု Melbourne မွာေပါ့ ဟုတ္လားဉာဏ္ျပည့္လွ်ံ "

ဓာတ္ပုံမွအၾကည့္မလႊဲဘဲေမးလာေသာေကာင္မေလး မျမင္ေပမယ့္လည္း ဥာဏ္ျပည့္လွ်ံေခါင္းညိတ္ျပလိုက္မိသည္။

"ဟုတ္တယ္.....အဲ့ဒီမွာရွိတဲ့ကိုယ့္သူငယ္ခ်င္းတစ္ေယာက္စုံစမ္းေပးတာ....UN Foundation ကေဆး႐ုံတစ္ခုမွာ....အလုပ္လုပ္ရင္းေက်ာင္းဆက္တက္ေနတယ္....သူကေက်ာင္းလခေတြကိုသူ႕ account ထဲကေနသုံးတာမဟုတ္လို႔....ကိုယ္တို႔ကဒီေလာက္ရွာရတာခက္သြားတာ..... "

"အင္း....ေနာက္ဆုံးေတာ့ေတြ႕ရၿပီပဲ..."

ေပ်ာ္႐ြင္မႈအျပည့္ပါသည့္ေလသံျဖင့္ ဓာတ္ပုံမွအၾကည့္မလႊဲေျပာေနေသာ ထိုအမ်ိဳးသမီးေလးအားၾကည့္ကာ ဥာဏ္ျပည့္လွ်ံႏွစ္ႏွစ္ကာကာၿပဳံးလိုက္မိသည္။

"ဒီတစ္ေခါက္ပိတ္ရက္က်ရင္ ကိုယ္တို႔အိမ္ေျပးေလးကိုသြားေခၚၾကမလား "

"သြားမွာ....သြားရမွာေပါ့....မရရေအာင္ျပန္ေခၚလာမွာ "

"ဒါေပမယ့္....ကိုယ္နဲ႕အေပးအယူတစ္ခုေတာ့လုပ္ရမယ္လင္းငယ္.... "

သူ႕စကားကို အလိုမက်သည့္ပုံစံေပၚလြင္ေအာင္ မ်က္ခုံးတန္းေလးမ်ားတြန့္ေကြးလ်က္ သူမကစူးစိုက္စြာၾကည့္လာၿပီးေမးခြန္းထုတ္၏။

"ဘာအေပးအယူလဲ "

"ေသာ္ေလးကလင္းငယ္ဘဝထဲကိုအလြယ္တကူျပန္ဝင္မလာခဲ့ရင္....ကိုယ့္အစီအစဥ္အတိုင္း....လင္းငယ္သေဘာတူေပးရမယ္....လင္းငယ္ဘဝကို ကိုယ္စီမံဖို႔ "

"ကြၽန္မဘဝကို....ဘာကိုစီမံမွာလဲ....."

အံ့အားသင့္စြာ လက္မခံသလိုေျပာလာေသာသူမစကားလုံးမ်ားအား ဂ႐ုမစိုက္ဘဲ ခပ္ၿပဳံးၿပဳံးပင္စိုက္ၾကည့္ေနလိုက္သည္။

"အဲ့ဒီအၿပဳံးႀကီးက ဘာအဓိပၸါယ္လဲဉာဏ္ျပည့္လွ်ံ.... "

"လင္းငယ္ဘဝထဲကို ေသာ္ေလးျပန္မဝင္လာခဲ့ရင္ ကိုယ္ တစ္ကိုယ္ေကာင္းဆန္ဆန္လုပ္မယ့္အစီအစဥ္တစ္ခုလို႔ပဲသိထား....အဲ့ဒီအစီအစဥ္ကို လင္းငယ္ကိုယ္တိုင္လက္ခံမွ ေသာ္ေလးရွိရာကိုလိုက္ပို႔ေပးမွာ....အဲ့ဒါကိုယ့္ရဲ႕အေပးအယူပဲ သေဘာတူလား "

"ေကာင္းၿပီေလ သေဘာတူတယ္....ကြၽန္မသူ႕ကိုယုံတယ္.....တစ္ေန႕မွာ သူက ကြၽန္မဘဝထဲကိုျပန္ဝင္လာမွာေသခ်ာတယ္ "

ႏွလုံးသားကိုပုံအပ္ကာ သူမေလာင္းေၾကးထပ္လိုက္မိေလၿပီ။ေပ်ာ္႐ႊင္မႈအလုံးစုံဟာ ထိုဓာတ္ပုံေလးေၾကာင့္ျဖစ္ေပၚလာရသလို၊ရင္ခုန္ျခင္းေတြဟာလည္း ဓာတ္ပုံထဲမွထိုလူသားေလးေၾကာင့္ ျပန္လည္အသက္ဝင္လာခဲ့ေပၿပီ။
ဒီအခ်ိန္မွာ သူမသိတဲ့အရမ္းလွသည့္ေဆာင္းဦးခံစားခ်က္လည္းမရွိေတာ့သလို Maple ပင္တန္းႀကီးလည္း ေပ်ာက္ကြယ္သြားခဲ့ရ၏။အရာအားလုံးအား ထိုဓာတ္ပုံေလးကစိုးမိုးသြားေသာေၾကာင့္ပင္ျဖစ္သည္။

***********************

"Wi.....ဒီ weekend ခြင့္ယူတယ္ဆို ဘာလာလုပ္တာလဲ "

ward ထဲဝင္ဝင္ခ်င္း ဆီးႀကိဳကာေမးလိုက္ေသာ Yui အား သူမၿပဳံး၍ျပန္ေျဖလိုက္၏။

"ဟုတ္တယ္ Yui အေရးႀကီးလူနာအတြက္ မွာစရာေလးေတြရွိလို႔ခဏဝင္လာတာ "

"ဒါမ်ား Wi ရယ္ ဖုန္းဆက္လိုက္ရင္ရေနတာပဲကို "

"လမ္းႀကဳံေနလို႔ပါ....Yui ေရာ ခြဲစိတ္ရမဲ့လူနာရွိေသးလား "

"မရွိေတာ့ဘူး Wi ညေနက်ေစာေစာျပန္လာခဲ့မယ္ "

"ဟုတ္ပါၿပီ အဲ့ဒါဆိုကိုယ္သြားေတာ့မယ္ေနာ္ ညမွေတြ႕မယ္ "

"အင္း....မိုးမခ်ဳပ္ေစနဲ႕ "

သူမေခါင္းသာညိတ္ျပခဲ့ၿပီး ေဆး႐ုံထဲမွထြက္လာခဲ့သည္။လက္မွနာရီအားၾကည့္လိုက္မိေတာ့ မနက္ကိုးနာရီ။ေက်ာပိုးအိတ္အားလြယ္ကာျဖင့္ ဦးတည္လိုက္မိသည္က ေျမေအာက္ရထားလမ္းရွိရာဆီ။တစ္နာရီေက်ာ္ေလာက္ရထားစီးၿပီးသည့္အခါတြင္ သူမ၏ဦးတည္ရာသို႔ေရာက္ရွိလာခဲ့ေလၿပီ။

"လာၿပီလားေဒါက္တာ...."

"ဟုတ္ကဲ့ Kaffir ေလးေရာေနေကာင္းတယ္မလား Chel "

သူမေမးလိုက္ေသာအခါ ထိုအမ်ိဳးသမီးက တစ္ေနရာသို႔လက္ညိုးထိုးျပေလသည္။ထိုေနရာအားၾကည့္လိုက္ေတာ့ သူမရွိရာကိုေျပးလာေနေသာေခြးကေလးတစ္ေကာင္။ထို႔ေၾကာင့္ သူမ မတ္တတ္ရပ္ေနရာမွ ဒူးတစ္ဖက္ေထာက္ထိုင္လိုက္ၿပီး ေခြးကေလးအားႀကိဳဆိုလိုက္သည္။

"Hello Kaffir....ေနေကာင္းတယ္မလား "

သူမေမးခြန္းကိုသိသည့္အလား ႏွာေခါင္းတစ္ရႈံ႕ရႈံ႕ႏွင့္ သူမမ်က္ႏွာအႏွံ႕အားလိုက္လံနမ္းရႈပ္ေနျပန္၏။

"Kaffir တို႔ကေတာ့ သူ႕မာမီကိုခြၽဲေနပါၿပီေနာ္....လည္လိုက္တဲ့ေကာင္မေလး ကစားကြင္းမွာလူရွင္းတယ္ေနာ္ေဒါက္တာ Kaffir နဲ႕သြားေဆာ့ရင္အဆင္ေျပတယ္ "

"အဲ့လိုဆိုရင္ေတာ့အဆင္ေျပတာေပါ့...Kaffir ေရ သြားစို႔ "

သူမထိုင္ေနရာမွ Kaffir အားေပြ႕ခ်ီ၍ Animal Rescue ၏ ကစားကြင္ျမက္ခင္းျပင္သို႔ ထြက္လာခဲ့လိုက္သည္။
ထိုေနရာေလးမွာလူရွင္းေနသည္ႏွင့္ သူမျမက္ခင္းေပၚဖင္ခ်ထိဳင္လိုက္ကာ Kaffir အားေပြ႕ထားသည္ကို လႊတ္ေပးလိုက္ၿပီး လြတ္လြတ္လပ္လပ္သြားေဆာ့ေစလိုက္သည္။
လြယ္လာသည့္ေက်ာပိုးအိတ္အားဖြင့္၍ Diary စာအုပ္ေလးကိုထုတ္ယူလိုက္ကာ ခပ္လွမ္းလွမ္းတြင္ ခုန္ေပါက္ေဆာ့ကစားေနေသာေခြးေလးအား တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး စာေရးရန္ျပင္လိုက္မိသည္။

"ဒီစာအုပ္ေလးေရးလာခဲ့တာ ႏွစ္ႏွစ္ျပည့္ၿပီေနာ္....ေနမွေကာင္းရဲ႕လား အဆင္မွေျပရဲ႕လားဆိုတဲ့.....လားေပါင္းမ်ားစြာကို မမမ်က္ႏွာေလးၾကည့္ၿပီးေမးခြန္းထုတ္ခ်င္ေပမယ့္....မၾကည့္ရဲဘူး၊ရင္မဆိုင္ရဲဘူး၊မပိုင္ဆိုင္ရဲဘူး.....ဘူးေပါင္းမ်ားစြာနဲ႕ ေၾကာက္႐ြံစိတ္ကိုေရွ႕တန္းတင္ၿပီး ေက်ာခိုင္းလာခဲ့မိတာမွားၿပီဆိုၿပီး....ေနာင္တရေနမိတာအမွန္ပါ....ဒါေပမဲ့လည္း ေ႐ြးခ်ယ္မႈမွန္တယ္လို႔ထင္ခဲ့တယ္.....
အလြမ္းစိတ္ေတြႀကီးစိုးေနတာ ႏွစ္ဆယ့္ေလးနာရီအျပည့္ပဲဆိုေပမယ့္ ၿပိဳလဲမသြားခ်င္ဘူး.... Kaffir LiLy ေလးေတြက ရိုးတံတစ္ခုတည္း ေတာင့္ခံနိုင္ဖို႔အဆင္မေျပလို႔ ေထာက္တိုင္ေလးထားရေသးတယ္ေလ....မခိုင္မာတဲ့စိတ္ကို ၿပိဳလဲမသြားဖို႔အတြက္ ကြၽန္မမွာလည္း အမွတ္တရေကာင္းေလးေတြဆိုတဲ့ ေထာက္တိုင္ေလးေတြရွိပါေသးတယ္....
တစ္ခါတေလမွာေတာ့ ခံနိုင္ရည္အားကိုအဲ့ဒီေထာက္တိုင္ေလးေတြကိုယ္တိုင္က ရိုက္ခ်ိဳးသြားေသးတာမမရဲ႕....အဲ့ဒါေတြထားပါေတာ့ေလ....
ေပ်ာ္႐ႊင္စရာေမြးေန႕ရက္ျမတ္ေလးပါမမ အေရးႀကီးတာက က်န္းမာေရးဂ႐ုစိုက္ၿပီးေတာ့ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ရွိေနေပးပါ....ျပန္ဆုံခြင့္ကိုမဖန္တီးရဲေပမယ့္ ျပန္ျမင္ခြင့္ေလးေတာ့ရွိခ်င္ေသးတယ္ ကြၽန္မခ်စ္ရတဲ့အမ်ိဳးသမီးေလးရယ္ "

စာအုပ္ထဲတြင္ခ်ေရးထားေသာ စာပုဒ္ေလးအားျပန္ဖတ္၍ ငိုင္ေနမိသည္မွာ မည္မွ်ပင္ၾကာသြားသည္မသိ။ရင္ခြင္ထဲအတင္းတိုးဝင္လာေသာ Kaffir ေၾကာင့္ အသိစိတ္တို႔ျပန္လည္ကိန္းေအာင္းလာကုန္၏။

"မာမီဘာမွမျဖစ္ပါဘူး Kaffir ရယ္ တစ္စုံတစ္ေယာက္ကို အရမ္းတမ္းတေနမိလို႔....ႏွလုံးသားက နည္းနည္းေနမေကာင္းျဖစ္သြား႐ုံပါ "

ရင္ခြင္ထဲမွအေကာင္ေပါက္ေလးအားၾကည့္မိေတာ့ သူမေျပာတာကိုနားလည္ေနသည့္အလား ၿငိမ္၍နားေထာင္ေန၏။

"အိမ္လိုက္ခ်င္ၿပီလား Kaffir...မာမီတို႔အိမ္ျပန္ၾကရေအာင္....Yui ကလည္း Kaffir ေလးကိုအိမ္လိုက္လာေစခ်င္ၿပီ...."

ဘာမွဆက္စဥ္းစားမေနေတာ့ဘဲ စာအုပ္ေလးကို ေက်ာပိုးအိတ္ထဲျပန္ထည့္ကာ Kaffir အားေပြ႕ခ်ီ၍ ေဂဟာထဲသို႔ျပန္ဝင္လာခဲ့သည္။

"Chel...Kaffir ကိုေခၚသြားလို႔ရၿပီလားမသိဘူး "

"ေဒါက္တာက ေခၚသြားခ်င္ၿပီလား "

တာဝန္ခံဆရာမေလးေမးခြန္းအား မေျဖေသးဘဲ ရင္ခြင္ထဲမွအေကာင္ေပါက္ေလးအား တစ္ခ်က္ၾကည့္လိုက္ၿပီး

"က်န္းမာေရးလည္းျပန္ေကာင္းေနၿပီ...စြန့္ပစ္ခံအျဖစ္ေနခဲ့ရတာလည္း လုံေလာက္ၿပီထင္လို႔....ကြၽန္မရင္ခြင္ထဲမွာခိုလႈံေစခ်င္ၿပီ "

"Ok ေဒါက္တာ....အဲ့ဒါဆို လိုအပ္တဲ့ Form ေလးကိုေတာ့ျဖည့္ေပးပါေနာ္ အခုလိုမ်ိဳး ႏြေးေထြးတဲ့ႏွလုံးသားပိုင္ရွင္လက္ထဲမွာ ခိုလႈံခြင့္ရတာ Kaffir ေလးေတာ့အရမ္းကံေကာင္းတာပဲ...."

တာဝန္ခံေျပာေနသည့္စကားမ်ားအား သူမဂ႐ုမစိုက္ေတာ့ဘဲ Form ကိုသာၿပီးေအာင္ျဖည့္လိုက္သည္။ထို႔ေနာက္ လႉဒါန္းေငြေပးအပ္ၿပီးသြားသည့္အခါတြင္ေတာ့ သူမအိမ္အျပန္ခရီးမွာ Kaffir ေလးပါဝင္လာခဲ့ၿပီေလ ။

***********************

ၿခံတံခါးဖြင့္လိုက္သည္ႏွင့္ သူမရွိရာေျပးလာေသာ Kaffir ေၾကာင့္ Yui အံ့ၾသသြားရသည္။

"ေနာက္ဆုံးေတာ့အိမ္ကိုေရာက္လာၿပီပဲ Kaffir.... "

သူမအားႀကိဳဆိုေနေသာ ထိုေခြးေလး၏ေခါင္းေလးအားပြတ္သပ္၍ အိမ္ထဲဝင္လာခဲ့လိုက္သည္။

"ျပန္လာၿပီလား Yui....ဒီေန႕ေစာသားပဲ "

မီးဖိုခန္းထဲခ်က္ျပဳတ္ေနဟန္တူသည့္ Apron ဝတ္ထားေသာ ထိုအမ်ိဳးသမီးေလး၏အလွမွာ Yui ခဏတာေငးေမာမိသြား၏။

"Yui...."

သူ၏ခတ္ဆတ္ဆတ္ေအာ္သံၾကားမွပင္ သူမအသိဝင္လာရသည္။

"ေၾသာ္ ဟုတ္တယ္....အေရးေပၚလူနာမရွိလို႔ေလ ဒီေန႕သိပ္မပင္ပန္းဘူး "

"အဲ့ဒါဆို ေရခ်ိဳးအဝတ္အစားလဲၿပီးဆင္းလာခဲ့ ညစာစားရေအာင္ "

"Kaffir..... "

သူ႕စကားအားအေျဖျပန္မေပးဘဲ Kaffir ကိုလက္ညိုးထိုးျပေနေသာေၾကာင့္

"ဟုတ္တယ္....အဲ့ဒီမွာမထားခ်င္ေတာ့လို႔ငါေခၚလာတာ Yui ခြင့္ျပဳၿပီးသားမို႔လို႔ေလ "

ထိုေကာင္မေလးစကားေၾကာင့္ သူမၿပဳံးလိုက္မိျပန္၏။

"Yui ကဘာေျပာလို႔လဲ Wi ရဲ႕....ဘာမွျပႆနာမရွိဘူး အဆင္ေျပတယ္....ေရသြားခ်ိဳးလိုက္ဦးမယ္ေနာ္ ၿပီးမွညစာစားေတာ့မယ္ "

"အင္း....ျမန္ျမန္လုပ္ဗိုက္ဆာေနၿပီ "

ပုံမွန္ထက္ႏႈတ္ခမ္းေလးစူကာ ဗိုက္ကေလးပြတ္ျပၿပီးေျပာလိုက္ေသာ သူမစကားေၾကာင့္ အခန္းထဲသို႔အျမန္ဆုံးေျပးဝင္ခဲ့ရ၏ ။ မဟုတ္လ်င္ထိုေနရာမွာပင္ သူမ၏ခ်စ္စဖြယ္အမူအရာေလးမ်ားေၾကာင့္ Yui အရည္ေပ်ာ္က်သြားနိုင္သည္။

"ၿငိမ္ၿငိမ္ေလးနဲ႕...ေတာ္႐ုံပဲခုန္ပါအထဲကေကာင္ေလးရယ္ "

အဝတ္အစားတစ္စုံအားယူ၍ ေရခ်ိဳးခန္းထဲဝင္လာခဲ့လိုက္သည္။ပင္ပန္းသမွ်အား Bathtub ထဲေရစိမ္ကာေျဖေဖ်ာက္ရင္း ထိုဆရာဝန္မေလးႏွင့္ေတြ႕ဆုံခဲ့ပုံကိုသူမျပန္လည္ေတြးေတာေနမိသည္။
လြန္ခဲ့သည့္ႏွစ္ႏွစ္က ယခုလိုအခ်ိန္မ်ိဳးတြင္ ျမန္မာျပည္မွေရာက္လာသည္ဟူေသာ Surgeon ေလး.....
Australia မွာေက်ာင္းဆက္တက္ရင္း သူမတို႔ေဆး႐ုံမွာအလုပ္လုပ္ဝင္သည္။စေတြ႕ကတည္းက တင္းမာေသာမ်က္ႏွာထားေလးႏွင့္ အၿမဲတြန့္ေကြးေနတတ္ေသာမ်က္ခုံးတန္းေလးမ်ားက သူ႕ရဲ႕စြဲေဆာင္မႈဟုပင္ေျပာရမည္။
အရာရာကို မေၾကာက္မ႐ြံ႕ဆုံးျဖတ္ခ်က္ျပတ္သားလြန္းေသာေၾကာင့္ အခ်ိန္တိုအတြင္းမွာပင္ ေဆး႐ုံရွိလူမ်ားအၾကား သူဟာနာမည္ႀကီးလာခဲ့သည္။
စျမင္ကတည္းက ေႂကြခဲ့မိေသာသူ႕ style ေလးေၾကာင့္ ရင္းႏွီးမႈအရယူကာ ကိုယ္ပိုင္ Condo တြင္ တစ္ေယာက္တည္းေနေသာသူ႕အား သူမႏွင့္အတူလာေနရန္စည္း႐ုံးနိုင္ခဲ့ျပန္သည္။သူ႕ရဲ႕ျမန္မာနာမည္ Thaw Wadi Oo ကိုအဖ်ားဆြတ္ကာ Wi ဟုပင္သူမအလြယ္တကူေခၚခဲ့သည္။
ယခုဆိုလ်င္ သူဟာ သူမႏွင့္ဘဝတစ္ခုတည္ေဆာက္ေနေသာလူတစ္ေယာက္ဟုပင္ေဆး႐ုံမွာသတင္းေတြထြက္ေနေလၿပီ။

"Yah...Sakuma Yui ျမန္ျမန္လုပ္ပါဟ"

အေတြးမ်ားေနရင္းမွပင္ တံခါးေခါက္သံတဒုန္းဒုန္းႏွင့္ စြာတာတာအသံေလးေၾကာင့္ သူမ ေရခ်ိဳးျခင္းအားအၿပီးသတ္လိုက္ရသည္။

"လာခဲ့မယ္ Wi ေရ ၿပီးၿပီ"

အျပင္ဘက္မွအသံတိတ္သြားသည္ႏွင့္ ခပ္ျမန္ျမန္ပင္အဝတ္အစားလဲကာ မီးဖိုခန္းထဲသို႔ဝင္လာခဲ့သည္။

"Sorry နည္းနည္းၾကာသြားတယ္ "

ေတာင္းပန္စကားေျပာ၍ ခုံမွာသူမဝင္ထိုင္လိုက္ေပမယ့္ သူကေတာ့ စားပြဲေပၚတင္ထားသည့္ဖုန္းအားေတြေတြႀကီးေငးလ်က္

"ဘာျဖစ္လို႔လဲ Wi....ငါ့ကိုစိတ္ဆိုးေနတာလား "

"ငါ့ကိုဒီေန႕ကားခဏငွားေပးပါ Yui ....ၿပီးေတာ့ ဒီညကိုအိမ္မွာနင္တစ္ေယာက္တည္းအိပ္လို႔အဆင္ေျပတယ္မလား...."

"ကားကရတယ္ေလ.....အိပ္တာကဘာကို...."

ေသြးမရွိေတာ့သည့္လူတစ္ေယာက္လို မ်က္ႏွာကျဖဴေရာ္ေနၿပီး သူမစကားပင္ဆုံးေအာင္နားမေထာင္ဘဲ တိုင္တြင္ခ်ိတ္ထားေသာကားေသာ့အားျဖဳတ္ယူကာ အိမ္ထဲမွအေျပးတစ္ပိုင္းထြက္သြားေသာသူ႕အား Yui နားမလည္ေတာ့။

"မဟုတ္ေသးဘူးေလ....Wi....ဗိုက္ဆာေနတယ္ဆိုၿပီးေတာ့ "

အိမ္ေပါက္ဝအထိ Yui ေျပးလိုက္ကာေျပာေနေပမယ့္ သူကေတာ့တစ္ခ်က္ကေလးမွပင္လွည့္ၾကည့္မသြားေပ။

"လူကိုစိတ္ပူေအာင္လို႔ Wi ရယ္ ဘာေတြမ်ားအဲ့ေလာက္အေရးႀကီးေနရတာလဲ "

သူမကသာ ထိုင္မရထမရစိုးရိမ္စိတ္ႀကီးစိုးေနေပမယ့္ သူကေတာ့ ဘာအေၾကာင္းရာတစ္ခုမွဖြင့္ဟမသြားေပ။တကယ္ဆိုလ်င္ ယခုမွဖြင့္ဟမေျပာတာမဟုတ္ခဲ့ ဟိုအရင္စေတြ႕ကာစကတည္းက သူ႕အေၾကာင္းကို သူမဘာတစ္ခုမွသိခြင့္မရွိခဲ့ျခင္းပင္။

**********************

အစိုးမရစြာတုန္လႈပ္လာေသာခံစားခ်က္အတိုင္း ကားကိုတရၾကမ္းေမာင္းလာခဲ့ေပမယ့္ ဒီအခ်ိန္က်မွေသာ္ေလးဘယ္ကိုသြားရမွန္းမသိေတာ့။

"မမေမေကာင္းဆက္ဖုန္းဆက္တယ္.... မမယြန္းနင့္ဆီလိုက္လာေနၿပီ "

ဟူေသာ သံသာဖူးေဝ၏စာတိုေလးတစ္ေၾကာင္းေၾကာင့္ပင္ ေသာ္ေလးကမၻာပ်က္သကဲ့သို႔ ပ်ာယာခတ္စြာထြက္ေျပးလာခဲ့ျခင္းပင္။ေနာက္ဆုံးတြင္ေတာ့ သူပိုင္ဆိုင္ေသာ condo သို႔သာ ေရာက္ရွိလာရေတာ့သည္။အိပ္စရာက ထိုေနရာမွလြဲ၍မရွိေတာ့ေသာေၾကာင့္ပင္ျဖစ္၏။

အခန္းတံခါးဖြင့္ကာဝင္လိုက္ၿပီး မီးခလုတ္ရွိရာသို႔ က်င့္သားရေနေသာေျခလွမ္းမ်ားျဖင့္ေလွ်ာက္ကာ ဖြင့္လိုက္မိသည္ႏွင့္ ေနရာမွာပင္ ေက်ာက္႐ုပ္တစ္႐ုပ္လို၊အသက္မဲ့သြားသူတစ္ေယာက္လိုပင္ စိတ္ႏွင့္ခႏၶာကြဲသြားသကဲ့သို႔ ခံစားလိုက္ရ၏။

ေလာကႀကီးထဲ ျပန္လည္ေရာက္ရွိလာပါၿပီဆိုကတည္းက ရင္မဆိုင္ရဲခဲ့ေသာအမ်ိဳးသမီး....
ႏွစ္ႏွစ္တိတိ လိပ္ျပာမလုံသည့္ေၾကာက္စိတ္ျဖင့္ သူကိုယ္တိုင္ထြက္ေျပးတိမ္းေရွာင္ေနခဲ့မိေသာအမ်ိဳးသမီး......
နာက်င္မႈေတြမျမင္ခ်င္၍ ရင္ကြဲခံၿပီး စြန့္ပစ္ခဲ့ေသာထိုအမ်ိဳးသမီးက သူ႕ေရွ႕မွာ ပုလဲခေနေသာမူပိုင္မ်က္ဝန္းမ်ားႏွင့္ စိုက္ၾကည့္ေနေလ၏.......

တင္းက်ပ္လာေသာႏွလုံးသားေနရာအား လက္ႏွင့္ဖိကိုင္၍ မင္သက္ကာရပ္ေနမိေသာသူ ထိုေနရာမွလွည့္ထြက္ရန္အတြက္ သူမအားေက်ာခိုင္းလိုက္မိေတာ့

"အင့္.... "

ေနာက္ေက်ာဘက္ဆီ ဝင္တိုက္လိုက္ေသာအာေမဋိတ္သံ......
ခါးဆီသို႔ရစ္သိုင္းလာေသာလက္တစ္စုံႏွင့္ ပခုံးေပၚသို႔ထိေတြ႕လာေသာ ပူႏြေးႏြေးသူမမ်က္ရည္စက္မ်ားေၾကာင့္ ႏွလုံးသားကပို၍ပို၍နာက်င္လာရျပန္၏။

"ဟင့္....မသြားပါနဲ႕ေတာ့....အဲ့ဒီေက်ာျပင္...အဲ့ဒီေက်ာျပင္ကို မၾကည့္ရဲေတာ့လို႔ မမကိုေက်ာခိုင္းမသြားပါနဲ႕ေတာ့ ဦးရယ္...."

လက္သီးႏွစ္ဖက္ကိုတင္းက်ပ္ေနေအာင္ဆုပ္၍ ေအာက္ႏႈတ္ခမ္းကိုေပါက္ထြက္သည္အထိကိုက္ကာ ထိန္းခ်ဳပ္ထားေပမယ့္ နာက်င္ျခင္း၏သက္ေသျဖစ္ေသာ မ်က္ရည္မ်ားကေတာ့ က်ဆင္းေနသည္မွာ အားေကာင္းလွစြာ။

"ဟင့္....မထားခဲ့ပါနဲ႕....မသြားပါနဲ႕ေတာ့ အခုလိုစြန့္ပစ္မသြားပါနဲ႕ေတာ့ ကေလးရယ္....နာက်င္ရလို႔ပါ....အဟင့္နာက်င္ရလြန္းလို႔ပါ "

နားထဲတြင္ သံရည္ပူေလာင္းခ်ေနသကဲ့သို႔ခံစားရေသာ သူမငိုရွိုက္သံမ်ားေၾကာင့္ စိတ္ကိုေလွ်ာ့ခ်လိဳက္ကာ ေက်ာခိုင္းထားသည္အားမ်က္ႏွာခ်င္းဆိုင္လွည့္လိုက္ၿပီး သူမခႏၶာကိုယ္ေလးကိုေပ်ာက္ရွသြားမည့္အလား တင္းတင္းက်ပ္က်ပ္ဖက္၍ ေသာ္ေလးရွိုက္ႀကီးတငင္ငိုခ်လိဳက္မိသည္။

"ဦးေတာင္းပန္ပါတယ္မမရယ္.....ဦးေတာင္းပန္ပါတယ္....မမကိုမခ်စ္လို႔မဟုတ္ပါဘူး....ဦးေၾကာင့္မမနာက်င္ခံစားရမွာေၾကာက္လို႔...ဦးေၾကာင့္ မမဒဏ္ရာေတြထပ္ၿပီးရမွာစိုးလို႔ပါ....ဟင့္....ဦးေၾကာင့္မမတစ္ခုခုျဖစ္သြားမွာစိုးလို႔ပါ မမကိုမခ်စ္လို႔မဟုတ္ပါဘူး....."

တအင့္အင့္ရွိုက္ငိုေနေသာေၾကာင့္ တုန္ရီေနေသာသူ႕ခႏၶာကိုယ္ေလးကို ျမတ္ယြန္းျပန္လည္၍ဖက္ထားလိုက္မိသည္။

"မထားခဲ့နဲ႕ေတာ့ေနာ္.....မမကိုခ်စ္ရင္ ဦးရဲ႕အေဝးမွာမထားခဲ့ပါနဲ႕.....ၾကာလာရင္႐ူးသြားရလိမ့္မယ္ "

သူ႕ရင္ခြင္ထဲမွေန၍ သူ႕မ်က္ႏွာေလးကိုေမာ့ၾကည့္ၿပီး ထိုစကားအားဆိုေတာ့ သူကၿပဳံး၍ၾကည့္လာ၏။
သူ႕ပါးျပင္တစ္ေလွ်ာက္မင္းမူေနေသာမ်က္ရည္မ်ားအား ျမတ္ယြန္း လက္ဖဝါးေလးျဖင့္ခပ္ဖြဖြသုတ္ေပးေတာ့ သူ႕အၾကည့္မ်ားကသူမမ်က္ႏွာအားစူးစိုက္စြာ။

ျမတ္ယြန္း မ်က္ရည္မ်ားသုတ္ေပးေနရာမွ လက္ေခ်ာင္းထိပ္ကေလးျဖင့္ ပန္းႏုေရာင္သမ္းေနေသာ သူ႕ႏႈတ္ခမ္းေလးႏွစ္လႊာအားထိေတြ႕မိေတာ့ အမ်ိဳးအမည္မသိေသာခံစားခ်က္မ်ားက လွိုက္တက္လာၿပီး သူမမ်က္ႏွာအား တျဖည္းျဖည္းသူ႕မ်က္ႏွာအနီးသို႔တိုးကပ္ေနမိ၏။

ႏႈတ္ခမ္းလႊာေပၚထိေတြ႕လာေသာအထိအေတြ႕ေၾကာင့္ ျမန္ဆန္လာေသာရင္ခုန္သံမ်ားႏွင့္အတူ တင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားမိသည့္ သူမခါးသြယ္သြယ္ေလးမွသူ႕လက္အား ပိုမိုတင္းက်ပ္ေစလိုက္မိသည္။

"ထိန္းခ်ဳပ္ထားဖို႔မလြယ္ေတာ့ဘူးမမ....ခ်စ္ျခင္းတရားေတြအကုန္ ေမြးေန႕လက္ေဆာင္ေပးမယ္ မမလက္ခံမွာလား....."

အနည္းငယ္ေမာဟိုက္ေနေသာေလသံျဖင့္ေမးခြန္းထုတ္၍ နဖူးခ်င္းထိကပ္ခါ ႏွာဖ်ားမွထုတ္လႊတ္လိုက္ေသာ ကိုယ္စီအသက္ရႉသံမ်ားက အျပန္အလွန္ရိုက္ခတ္လ်က္.......

"ဘယ္ျငင္းနိုင္ေတာ့မွာလဲကေလးရယ္....."

ေသာ္ေလး သူမအား႐ုတ္တရက္ေပြ႕ခ်ီေတာ့ ကုပ္ေပၚသို႔ရစ္သိုင္းလာေသာသူမ၏လက္ေခ်ာင္းေလးမ်ားေၾကာင့္ ေမႊးညွင္းေလးေတြပင္ ေထာင္ထသြားရ၏။
ကုတင္ေပၚသို႔ ျမတ္ယြန္းခႏၶာကိုယ္ေလးအားညင္သာစြာခ်လိဳက္ၿပီး သူမမ်က္ႏွာေဘးတြင္လက္ေထာက္ကာ သူမခႏၶာကိုယ္ေလးအား အုပ္မိုးထားလိုက္မိသည္။

နဖူးေပၚသို႔ကပိုကရိုက်ဆင္းေနေသာဆံႏြယ္ေလးမ်ားကို သူ႕လက္ေခ်ာင္းေလးမ်ားျဖင့္ ဖယ္ရွားေပးလိုက္ၿပီး ပထမဦးစြာ မမနဖူးေလးအား ျမတ္ျမတ္နိုးနိုးျဖင့္နမ္းရွိုက္လိုက္မိသည္။
နဖူးမွတစ္ဆင့္ ႏွာေခါင္းေလးအားသူ႕ႏႈတ္ခမ္းပါးတို႔ျဖင့္ အသံထြက္ေအာင္ပင္နမ္းလိုက္၏။
ထို႔ေနာက္တြင္ေတာ့ ႏွစ္ႏွစ္တိတိေဝးကြာခဲ့ရေသာ သူမႏႈတ္ခမ္းတို႔ကိုအနမ္းေႁခြရန္ အသက္ကိုပင့္ရွိုက္ကာရႉလိုက္ၿပီး သူ႕ႏႈတ္ခမ္းလႊာတို႔ႏွင့္ထိကပ္လိုက္သည့္အခါတြင္ေတာ့ ဓာတ္လိုက္သြားသည့္အလားပင္ ေခါင္းတစ္ခုလုံးပူထူလာရၿပီး မ်က္လုံးထဲတြင္ျမင္ေယာင္လာသည္က ေဆး႐ုံကုတင္ေပၚတြင္သတိေမ့ေနေသာသူမပုံရိပ္....
ေမ့ေျမာေနေသာသူမအား မ်က္ရည္မ်ားႏွင့္အနမ္းေႁခြေနေသာသူ....အတိတ္မွနာက်င္စရာခံစားခ်က္မ်ားေၾကာင့္ ခ်က္ခ်င္းပင္သူမအေပၚမွဆင္းကာ ကုတင္ေဘး၌ေၾကာင္၍ရပ္ေနမိသည္။

ခ်က္ခ်င္းပင္ကုတင္ေပၚမွဆင္းကာ ပုံမွန္ထက္ေၾကာက္လန့္ေနေသာအၾကည့္မ်ားျဖင့္ ျမတ္ယြန္းအားၾကည့္ေနေသာသူ႕ေၾကာင့္ စိုးရိမ္စိတ္တို႔က ဒီေရအလားေဆာင့္တိုးလာရသည္။

"ဘာ...ဘာျဖစ္လို႔လဲ ဦး....ဘာျဖစ္ေနတာလဲ ေနမေကာင္းဘူးလား.....ဘယ္နားေနမေကာင္းလို႔လဲ "

ကုတင္ေပၚမွဆင္း၍ သူ႕အနားသြားရန္ျပင္လိုက္မိေတာ့ နားကိုပိတ္ကာထိုင္ခ်လိဳက္ေသာသူ႕ေၾကာင့္ ျမတ္ယြန္းဘာဆက္လုပ္ရမွန္းမသိေတာ့ ။

"အား.....အ "

"နင္သိပ္ခ်စ္တဲ့အဲ့ဒီမိန္းမကို နင့္အနားဆက္ၿပီးမေနနိုင္ေအာင္ငါလုပ္ျပမယ္....နင္သိပ္ခ်စ္တဲ့အဲ့ဒီမိန္းမကို နင့္အနားဆက္ၿပီးမေနနိုင္ေအာင္ငါလုပ္ျပမယ္...."

နားထဲတြင္တဝဲလည္လည္ႏွင့္ ၾကားေနရေသာစကားသံမ်ားေၾကာင့္ ေသာ္ေလး ေဇာေခြၽးမ်ားပင္ျပန္လာရသည္။

"အား....ေၾကာက္တယ္....ဦးေၾကာင့္....ဦးေတာင္းပန္ပါတယ္...မမ...မမကိုဒုကၡမေပးပါနဲ႕ေတာ့အိမ္သူရယ္....မမကိုမသတ္ပါနဲ႕....ငါေတာင္းပန္ပါတယ္ မမကိုမသတ္ပါနဲ႕"

အစီအေငၚမတည့္ထြက္ေပၚလာေသာသူ႕စကားသံႏွင့္ အတိတ္ကိုျပန္ျမင္ၿပီး ေၾကာက္လန့္တုန္လႈပ္ေနေသာသူ႕ကိုၾကည့္ကာ ျမတ္ယြန္းရင္ဘတ္တစ္ခုလုံး ေအာင့္တက္ကာနာက်င္လာရသည္။

"အဲ့ေလာက္ေတာင္....အဲ့ေလာက္ေတာင္ေၾကာက္လန့္တုန္လႈပ္ခဲ့ရတာလားကေလးရယ္"

ျမတ္ယြန္း သူ႕ေဘးတြင္ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး တုန္ယင္ေနေသာသူ႕ခႏၶာကိုယ္ေလးအားေထြးေပြ႕ကာ ေက်ာျပင္ေလးအား ညင္သာစြာပြတ္သပ္ေပးေနမိသည္။

"မေတြးနဲ႕ေတာ့ေနာ္ အဲ့ဒါေတြကိုဘာမွျပန္မေတြးနဲ႕ေတာ့ အားလုံးၿပီးသြားခဲ့ၿပီ....နာက်င္စရာေတြအားလုံးၿပီးသြားခဲ့ၿပီမို႔ မမနဲ႕ျပန္လိုက္ခဲ့ပါေတာ့....ေနာ္ မမနဲ႕ျမန္မာျပည္ကိုျပန္လိုက္ခဲ့ေနာ္ "

"အိမ္သူက....အိမ္သူကမမကို "

သူမရင္ခြင္ထဲမွအတင္း႐ုန္းထြက္ၿပီး ေျပာလိုက္ေသာစကားကအိမ္သူတဲ့လား။

"အိမ္သူကဘာျဖစ္လို႔လဲကေလးရဲ႕....အိမ္သူကရန္ကုန္မွာရွိတယ္ေလ....."

"ဟင့္အင္း.....မလိုက္ဘူး....ခင္....ခင္ဗ်ားနဲ႕ျပန္မလိုက္ဘူး...."

ခ်က္ခ်င္းပင္အေခၚအေဝၚေတြေျပာင္းကာ ခက္ထန္သြားေသာသူ႕မ်က္ႏွာသြင္ျပင္အား ျမတ္ယြန္ေၾကာင္ေငးၾကည့္ေနမိသည္။

( သူ႕အေျခအေနက ပုံေသတြက္ဆထားလို႔မရဘူးလင္းငယ္....ဟိုအရင္ကရခဲ့ဖူးတဲ့စိတ္ဒဏ္ရာေတြ၊သူ႕ေၾကာင့္လင္းငယ္ထိခိုက္ရတယ္ဆိုတဲ့အစြဲေတြ၊နာက်င္မႈေတြ၊ေၾကာက္႐ြံ႕စိတ္ေတြနဲ႕ေပါင္းၿပီး မသိစိတ္မွာ စိတ္အားငယ္မႈေတြက ႀကီးႀကီးမားမားကိန္းေအာင္းေနလိမ့္မယ္......
အထူးသျဖင့္ အတင္းေမ့ေဖ်ာက္ထားတဲ့လူေတြ၊နာမည္ေတြ....ဒါမွမဟုတ္အျဖစ္အပ်က္ေတြ အဲ့ဒီလိုနာက်င္စရာေတြက ခ်က္ခ်င္းစုၿပဳံခံစားမိလာတဲ့အခါ လက္ရွိပုံမွန္အေျခအေနနဲ႕ေရာေထြးသြားၿပီး မသိစိတ္ကႀကီးစိုးသြားတတ္တယ္....
အဲ့ဒီအေျခအေနေရာက္လာခဲ့ရင္ လင္းငယ္က သူ႕ကိုအတင္းျပန္လိုက္ဖို႔ရာ ဒါမွမဟုတ္ ေျဖရွင္းခ်က္ေပးတာေတြဘာေတြမလုပ္ပါနဲ႕ ကိုယ္ေျပာထားတဲ့သေဘာတူညီမႈကိုသူ႕ကိုစၿပီးေျပာေတာ့....ဒါဟာကိုယ့္ရဲ႕လူနာျဖစ္တဲ့သူ႕အတြက္ ပုံမွန္ျပန္ျဖစ္ေစမယ့္ေမွ်ာ္လင့္ခ်က္ပဲ )

နားထဲျပန္ၾကားလာမိေသာ ဥာဏ္ျပည့္လွ်ံစကားေၾကာင့္ ျမတ္ယြန္းသူႏွင့္ခပ္ခြာခြာတြင္သြားရပ္လိုက္ကာ က်ဆင္းေနေသာမ်က္ရည္မ်ားကိုသုတ္လိုက္ၿပီး

"နင္ကငေၾကာက္ပဲေသာ္ဝတီဦး....ငါက....ငါက ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ကေလးတစ္ခုအျဖစ္နဲ႕ နင္မ်ားသတၱိရွိလာမလား၊ငါ့ကိုကာကြယ္ေပးမယ္ဆိုတဲ့ကတိတည္ေပးမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ နင္ရွိရာကို အားလုံးဆန့္က်င္ေနတဲ့ၾကားကေနလိုက္လာခဲ့ရတာ....ျပန္ေတြ႕ခြင့္ရျပန္ေတာ့လည္း နင့္ရဲ႕သတၱိမရွိတဲ့ေၾကာက္စိတ္က ရွိေနတုန္းပါပဲလား "

ေသာ္ေလး ၾကမ္းျပင္ေပၚမွအားယူကာထလိုက္ၿပီး သူမရွိရာသို႔တစ္လွမ္းခ်င္းေလွ်ာက္လာမိေသာ္လည္း သူ႕လိုငေၾကာက္ကို႐ြံရွာသည့္အလား မမက တစ္လွမ္းခ်င္းေနာက္ဆုတ္သြားေလၿပီ။

"ကြၽန္မ မရွိခဲ့တဲ့အခ်ိန္ေတြမွာ အႏၱရာယ္ကင္းကင္းနဲ႕ေပ်ာ္႐ႊင္ေနခဲ့ရတယ္မလား....ဟမ္....ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခဲ့ရတယ္မလား "

( ဟင့္အင္း စက္႐ုပ္တစ္႐ုပ္လိုပဲ....ကေလးမရွိရင္ ေပ်ာ္႐ႊင္မႈကိုမခံစားနိုင္ေတာ့တဲ့စက္႐ုပ္တစ္႐ုပ္လိုပဲ )

"ဒါေပါ့....ေပ်ာ္႐ႊင္ခဲ့ရတယ္ေလ နင္ဆိုတဲ့ငေၾကာက္ကိုေမ့ခ်င္လြန္းလို႔....ေယာက္်ားေလးေတြအမ်ားႀကီးနဲ႕တြဲၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခဲ့ရတယ္....."

နာက်င္မိေသာခံစားခ်က္မ်ားႏွင့္အတူ အေတြးမ်ားႏွင့္လြဲေခ်ာ္စြာ....သူ႕ရင္ကိုခြဲေနသည့္စကားလုံးမ်ားကိုသာ ျမတ္ယြန္းေ႐ြးခ်ယ္ေျပာဆိုေနမိသည္။

သူမစကားက သူ႕အတြက္ခါးသက္လွေပမယ့္ အၿပဳံးတုတစ္ခုကို ႏႈတ္ခမ္းပါးထက္တင္ကာ

"ေတာ္ေသးတာေပါ့ ခ်စ္ရတဲ့ခင္ဗ်ားက အပူပင္ကင္းကင္းနဲ႕ေအးခ်မ္းစြာရွိေနေပးလို႔ "

စကားေျပာရင္း သူမေဘးကျဖတ္ေလွ်ာက္ကာ sofa တြင္ဝင္ထိုင္လိုက္သည့္ေသာ္ေလးနားသို႔ ျမတ္ယြန္းသြားရပ္လိုက္၏။

"ခ်စ္တယ္ဆိုရင္ မမနဲ႕ျပန္လိုက္ခဲ့ေလ....မမနဲ႕ျပန္လိုက္ခဲ့ပါေနာ္ "

"မလိုက္ဘူး....စာထဲမွာေရးေပးခဲ့ၿပီးသားေလ....ခင္ဗ်ားရဲ႕အေဝးမွာရင္ကြဲခံၿပီးေသလိုက္မယ္ ခင္ဗ်ားရွိရာ ဘယ္ေတာ့မွျပန္မလာေတာ့ဘူးဆိုတဲ့စာေၾကာင္းေလးကို ဖတ္ခဲ့ရမယ္ထင္တယ္....ခင္ဗ်ားဘဝထဲကိုဘယ္ေတာ့မွျပန္ဝင္မလာေတာ့ဘူး မမျမတ္ယြန္းလင္းငယ္....ေသေလာက္ေအာင္ခ်စ္ေန၊လြမ္းေနလည္း ျပန္မလာေတာ့ဘူး....ဒါ့ေၾကာင့္ခင္ဗ်ား....ျပန္..ပါ...ေတာ့ "

မျဖစ္ေခ်ေတာ့။ေနာက္ဆုံးအေပးအယူအားသူမလက္ခံရေပေတာ့မည္။ခ်စ္ရသူကိုေန႕စဥ္ေတြ႕ျမင္ရဖို႔ထက္ က်န္တာဘာမွအေရးမႀကီးေတာ့ဟု ျမတ္ယြန္းလက္ခံလိုက္မိေလၿပီ။

ထို႔ေၾကာင့္ စားပြဲေပၚတြင္တင္ထားသည့္ဖိတ္စာကဒ္ေလးအားလွမ္းယူလိုက္ကာ သူ႕ေရွ႕တည့္တည့္တြင္မ်က္ႏွာခ်င္းဆိုင္ရပ္၍....

"ငါေျပာခဲ့တယ္မလား....ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေလးပါ....အားလုံးဆန့္က်င္ေနၾကတဲ့ၾကားက အေပးအယူနဲ႕လာခဲ့ရတဲ့ခရီးမို႔လို႔...နင့္ကို...နင့္ကိုယုံၾကည္လို႔ ငါလာခဲ့တာ....အခုေတာ့...."

ျမတ္ယြန္းပင့္သက္ရွိုက္၍ မ်က္ရည္မက်ေအာင္ထိန္းလိုက္ၿပီး

"ေနာက္ဆုံးအေနနဲ႕ တစ္ခုေတာ့လိုက္ေလ်ာေပးပါ....လာမယ့္ ဒီဇင္ဘာဆယ္ရက္ေန႕....နင္ရန္ကုန္ကိုျပန္လာခဲ့....နင့္ေၾကာင့္ငါနာက်င္ရမွာမျမင္ခ်င္ဘူးဆိုရင္ ေနာက္ဆုံးအေနနဲ႕ ငါရွိရာျပန္လာခဲ့ၿပီး ငါ့လက္ထပ္ပြဲကိုတက္ေပးပါ "

"လက္....လက္ထပ္ပြဲ... အဲ့ဒါဘာကိုေျပာတာလဲ "

မယုံၾကည္နိုင္ျခင္းေတြဟာ သူ႕မ်က္ႏွာတစ္ခုလုံးဖုံးလႊမ္းလ်က္ သူမအားေမးခြန္းထုတ္လာေသာ္လည္း ျမတ္ယြန္းဂ႐ုစိုက္မေနခ်င္ေတာ့

"ဟုတ္တယ္....သူရဲေဘာေၾကာင္တဲ့ခ်စ္သူတစ္ေယာက္ စြန့္ပစ္တာကိုခံခဲ့ရၿပီးႏွစ္ႏွစ္အၾကာမွာ....ငါ့ဦးႏွောက္နဲ႕ေ႐ြးခ်ယ္လက္ခံလိုက္တဲ့ ငါ့ရဲဲ့လက္ထပ္ပြဲ....အဲ့ဒီေန႕ နင္ေရာက္မလာခဲ့ဘူးဆိုရင္ေတာ့ နင့္ရဲ႕က်န္တဲ့ဘဝတစ္ေလွ်ာက္လုံး....ငါကနင့္ေၾကာင့္ နာက်င္မႈမ်ားစြာနဲ႕ ေသဆုံးသြားတာပါလားဆိုတဲ့ေနာင္တေတြနဲ႕ပဲ ဆက္ရွင္သန္သြားရလိမ့္မယ္ "

မယုံၾကည္နိုင္ျခင္းႏွင့္ အံ့အားသင့္မႈတို႔၏အဆုံးတြင္ေတာ့ အခန္းထဲတြင္သူမမရွိေတာ့။ စားပြဲေပၚျဖစ္သလိုပစ္တင္ေပးခဲ့ေသာ ဖိတ္စာေလးအား တုန္ရီစြာဖြင့္လိုက္မိေတာ့ ေမွ်ာ္လင့္မထားေသာနာမည္ႏွစ္ခုကစီးကာႀကိဳေနေလ၏။

"ဟား...ဥာဏ္...ဥာဏ္ျပည့္လွ်ံတဲ့လား....ရက္စက္လိုက္ၾကတာဗ်ာ....လုပ္ရက္လိုက္ၾကတာ....ရက္စက္လိုက္တာမမရာ....."

ႏွလုံးသားတစ္ခုလုံးစုတ္ျပတ္သြားသလိုပင္ မြန္းက်ပ္လာေသာနာက်င္မႈ....ေဝဝါးလာေသာဖိတ္စာမွ သူမနာမည္ေလးအား ႏႈတ္ခမ္းပါးတို႔ႏွင့္ထိေတြ႕ကာ ကေလးငယ္တစ္ေယာက္လိုငိုေႂကြးေနမိသည္။

*****************************

ခ်စ္ျခင္းေတြက အဆုံးသတ္ရွိသလားေနမင္းငယ္.....
အဆုံးသတ္မရွိတဲ့ခ်စ္ျခင္းေတြမွာ ႐ူးမိုက္မႈေတြ အနည္းနဲ႕အမ်ားပါဝင္ေနမွာပါပဲ
ကြၽန္မခ်စ္ျခင္းေတြကလည္း အဆုံးသတ္မရွိဘူး.....
ဘာလို႔ဆို တစ္ဘဝလုံး ရွင့္ကိုပဲ႐ူးမိုက္စြာစြဲလမ္းေနခ်င္လို႔.....

________________________
🔜🔜🔜🔜🔜
#Oo
December 21.2020
18:20
9400

comment ေတြအကုန္ဝင္ဖတ္ပါတယ္။ ခင္ဗ်ားေလးတို႔ရဲ႕မေက်နပ္ခ်က္ေလးေတြကိုဖတ္ၿပီး OO ေပ်ာ္႐ြင္ၾကည္ႏူးမိတာအမွန္ပါ။အားလုံးက်န္းက်န္းမာမာနဲ႕ဇာတ္သိမ္းပိုင္းဆီဆက္သြားၾကရေအာင္ပါဗ်ာ ။

Love You My Vitamins 🍀

______________________________

Continue Reading

You'll Also Like

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
233K 14.4K 69
Age gap fiction ?❤️❤️(Unicode + Zawgyi)
251K 13.3K 63
Age gap🏳️‍🌈 (Unicode+Zawgyi)