အပိုင်း -- ၄၅

18.2K 892 58
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

အခန်းတံခါး Password ရိုက်နှိပ်ကာဝင်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင်ခွေလဲကျနေသောခန္ဓာကိုယ်လေးက သူမအားဗြောင်းဆန်သွားစေသည်။

"Wi....ဘာဖြစ်တာလဲ....Wi "

ဘေးတစ်စောင်းလဲကျနေသော သူ့ခန္ဓာကိုယ်လေးအား ပခုံးကနေမကာ သူမရင်ခွင်ထဲထွေးပွေ့လိုက်မိတော့ ကြားလိုက်ရသည့်စကားများက သူသိပ်ကိုနာကျင်နေသည်ဆိုတာပေါ်လွင်နေ၏။

"လက်မထပ်ပါနဲ့မမရယ်....ဦးတောင်းပန်ပါတယ် လက်မထပ်ပါနဲ့ "

"Wi....Wi....ထပါဦး Wi ရယ်....တစ်ညလုံးကြမ်းပြင်ပေါ် ဒီအတိုင်းအိပ်နေခဲ့တာလား လက်တွေလည်းအေးစက်နေတာပဲ ထပါဦး "

အေးစက်နေသော သူ့လက်ချောင်းကလေးများအားဆုပ်ကိုင်၍ လှုပ်နှိုးနေမိသည့်အခါ တုံ့ပြန်လာသောသူ့မျက်ခွံလေးများလှုပ်ရှားမှုကြောင့် သူမစိတ်သက်သာရာရသွားရ၏။

"နိုးပြီလား Wi....ညကဒီအတိုင်းကြီးအိပ်တာလား....လက်တွေလည်းအေးစက်နေတာပဲ "

သူမရင်ခွင်ထဲမှ မျက်လုံးအပြူးသားနှင့်ကြောင်ကြည့်နေသောသူက ရုတ်တရက်ဆိုသလို သူမခါးအားတင်းကြပ်စွာဖက်တွယ်ကာ ပခုံးပေါ်မျက်နှာအပ်၍ ရှိုက်ကြီးတငင်ငိုလေသည်။

" ငါ့ကိုကယ်ပါဦး....ငါ့ကိုကယ်ပါဦး Yui ရယ်..... "

သူ့ဘေးနားလေးအား Yui မျက်လုံးဝေ့ကာကြည့်မိတော့ ခပ်လှမ်းလှမ်းတွင်တွေ့ရသော ငွေရောင်ကဒ်ကလေးတစ်ခုကြောင့် သူ့အားတင်းကျပ်စွာပြန်လည်ပွေ့ဖက်လိုက်ပြီး

"ဘာမှမဖြစ်ဘူး Wi အားလုံးအဆင်ပြေသွားမှာ အခုချိန်မှာဘာမှမတွေးနဲ့ဦး....နင့်ခံစားချက်တွေပုံမှန်ဖြစ်ပြီဆိုမှ ဒီအကြောင်းကိုငါတို့ဆက်ပြောကြမယ် "

ရှိုက်သံများစဲသွားပြီးခဏအကြာတွင်တော့ သော်လေး သူမရင်ခွင်ထဲမှအသာရုန်းထွက်ကာ

"ကြမ်းပြင်ကအေးတယ်....အပေါ်မှာထိုင်ရအောင် "

ပြောပြီးသည်နှင့် သူကိုယ်တိုင်ဦးဆောင်၍ထိုင်ရာမှထကာ ခပ်လှမ်းလှမ်းတွင်ရှိနေသော ရင်ခွဲဖိတ်စာလေးအားကောက်ယူပြီး sofa တွင်ထိုင်ချလိုက်သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now