အပိုင်း -- ၁၂

15.1K 1K 60
                                    

Unicode

ကိုယ့်တန်ဖိုးက
ကိုယ့်အတွက်ဘာမှန်းမသိခဲ့ပေမယ့်
မင်းက ကိုယ့်အတွက်တော့
ဘာနဲ့မှတန်ဖိုးဖြတ်မရတဲ့လူသားလေး။

_______________________

"နင်အစောကြီးနိုးနေတာလား ယွန်း"

စောင်ပုံထဲမှခေါင်းထွက်ကာ မေးလာသော ကောင်းအား သူမခေါင်းခါပြလိုက်ကာ

"ဟင့်.....အင်း မအိပ်ရသေးတာ "

သူမအဖြေကြောင့် မေကောင်းဆက် ကုတင်ပေါ်တွင်အိပ်နေရာမှ အလန့်တကြားထထိုင်လိုက်မိသည်။

"နင် အခုထိမအိပ်ဘဲနဲ့စောင့်နေတာလား "

အပြုံးမမည်သောအပြုံးလေးနှင့် ကောင်းအားပြုံးပြလိုက်ပြီး...

"အိပ်မှမရတာကိုးဟ ငါက....."

တစ်ညလုံးစောင့်နေသောဖုန်းလေးက vibrate မြည်လာသောကြောင့် စကားပင်ဆက်မပြောနိုင်ဘဲဖုန်းကိုင်ကာ speaker ဖွင့်လိုက်ပြီး

"ဘာတဲ့လဲ မေမေ။ဘယ်နှခုပါလဲ "

"ငယ်လေးခန့်မှန်းကြည့်လေ။ဘယ်နှခုထင်လဲ "

"သမီးရင်တွေတုန်လွန်းလို့မမှန်းတတ်တော့ဘူးမေမေရယ်။ပြောပြပါတော့သိချင်လှပြီ "

"5D တဲ့ငယ်လေးရေ "

"yayy..... "

မြတ်ယွန်း ကုတင်ပေါ်တွင်အိပ်မှုန်စုံမွှားဖြင့်ထိုင်နေသောမေကောင်းဆက်အား ပြေးဖက်ကာနမ်းလိုက်သည် ။

"ကောင်း 5 D တဲ့ဟ......ဦး က 5D တောင်ပါတယ်တဲ့ တော်လိုက်တာ "

"အေးပါဟာ... အေးပါ။ပျော်တာနောက်ထား  အန်တီနဲ့အရင်ပြီးအောင်ပြောလိုက်ဦး "

ထိုအခါမှပင်မြတ်ယွန်း ပြုံးဖြီးဖြီးနှင့် ကုတင်ပေါ်ကဆင်းလိုက်ပြီး

"အဲ့တာဆိုဒါပဲလေမေမေ။ သမီးဖုန်းချလိုက်တော့မယ် "

"သဘောသဘော။ သိပြီးပြီဆိုတော့ပြန်အိပ်တော့နော် "

"ဟုတ်ကဲ့မေမေ "

ဒီနေ့မနက်အစောကြီးမှာ ဆယ်တန်းကလေးတွေအောင်စာရင်းထွက်မည် ။ ထို့ကြောင့် သူမစောင့်နေသည်မှာ ယခုထိပင်မအိပ်ရသေး။ စောင့်ရကျိုးလည်းနပ်ခဲ့ပါသည်။ ကလေးက ငါးဘာသာဂုဏ်ထူးနှင့်ကိုအောင်မြင်ခဲ့သည်တဲ့။
သူမပျော်ပါသည်။ ကလေးနှင့် တက္ကသိုလ် အတူတူတက်ခွင့်မရပေမယ့်လည်း Duty Coat လေးနှင့်မြင်ခွင့်ရတော့မည်ဖြစ်သောကြောင့် သူမပျော်မိသည် ။

နှလုံးသားမှာ  ဆူးWhere stories live. Discover now