The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 4

1.8K 277 13
By Astronv_61

Unicode

မနက်ခင်း ရောင်ခြည်နွေးနွေးက အခန်းထဲဖြန့်ကျက်နေသော်ငြား အေးစက်မှုကိုတော့ မလွှမ်းမိုးနိုင်။

အထပ်ထပ်ထုပ်ကာ ခြုံထားသည့် စောင်ကို ပိုမိုဆွဲယူလိုက်ရင်း မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ နေပင်ထိုးနေပြီဆိုတော့ကား တော်တော်နောက်ကျနေလောက်ပြီ။ မနေ့ညက အနာဒဏ်ကြောင့် အိပ်မရသည်နှင့်အတူ စာထိုင်လုပ်နေသည်မှာ အချိန်တော်နက်သွားသည်မို့ ယခုသည့်တိုင် မျက်လုံးသေချာမဖွင့်နိုင်သေး။

ဘေးနားရှိ ဖုန်းကို စမ်းတဝါးဝါးဖြင့် လိုက်ရှာရင်း ထိမိတော့ အေးစက်နေသည့်မျက်နှာပြင်ကြောင့် ပင့်သက်ရှိုက်မိသည်။ ဖုန်းဖွင့်ကြည့်တော့ ၉ နာရီ ဟူသည့်အချိန်က တော်တော်နောက်ကျနေပြီ ဖြစ်ကြောင်း ပြသနေသည်။

မနေ့ကတည်းက ဂယောင်ဆူးကို ကြိုပြောခဲ့သည်မို့ နောက်ကျလည်း ပြဿနာတော့မရှိ။ ဖုန်းမျက်နှာပြင် အေးစက်စက်နှင့် ထိနေသော လက်ကို စောင်အောက်ထဲပြန်ထည့်ကာ ပေါင်နှစ်ဖက်ကြားညှက်ရင်း ပူနွေးစေရန် လုံးထွေးနေလိုက်သည်။

ချမ်းလွန်းသည်။

စောင်ခြုံထားသည်ကိုပင် ဤမျှလောက်ချမ်းနေတာ အပြင်ထွက်လျှင် ပိုဆိုးနိုင်သည်။

"အာ့"

ရုတ်တရက် ဆစ်ကနဲ နာကျင်မှုကြောင့် လက်ကိုအသာပြန်ထိန်းကာ ဒဏ်ရာမထိမိစေရန် နေရာတကျ ထားလိုက်ရသည်။ တော်တော်ဒုက္ခပေးတဲ့ အမည်းကောင်။

မစောတော့သည့်အချိန်ကြောင့် ဖြည်းညှင်းစွာထရင်း ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ ရေထိဖို့ တွန့်ဆုတ်မနေဘဲ တိုက်ရိုက်မျက်နှာ သစ်ချလိုက်တော့ ချက်ချင်းကိုအမြင်ကြည်ကာ လန်းဆန်းသွား၏။ မျက်နှာချင်းဆိုင်ရှိ မှန်ထဲပြန်ကြည့်တော့ မျက်တွင်းဟောက်ပက်နှင့် ကိုယ့်ပုံကိုယ်မြင်လိုက်ရသည်မို့ တစ်ချက်ရယ်မိလိုက်သည်။

မားသာမြင်ရင် ဆူဦးမှာပဲ။

တစ်ဆက်တည်းဝင်လာသည့်အတွေးနောက် သက်ပြင်းခပ်သာသာ ချကာ အင်္ကျီလဲလိုက်သည်။ လက်ရှည်ဆွယ်တာတစ်ထည်ကိုမှ အပေါ်က hoodie ထပ်ကာ မာဖလာတစ်ခုလုံး စွပ်ထားသေးသည်မို့ မျက်နှာသေးသေးက ပျောက်ချင်နေသည်။ အိမ်နေရင်း ဘောင်းဘီအရှည်ကို မလဲချင်သော်ငြား မားဆီသွားတွေ့မှာမို့ မလဲ၍မဖြစ်။ ဂျင်းဘောင်းဘီသာ ဝတ်လိုက်သော်ငြား ဒူးခေါင်းထိသာရှိသည့် အတိုမို့ ချမ်းသည်။ မထူးသည့်အတူတူ အပေါ်ကနေ ချည်သားဘောင်းဘီရှည် တစ်ထည်ပါ ထပ်စွပ်လိုက်တော့သည်။

အပေါ်နှစ်ထပ် အောက်နှစ်ထပ်ဖြစ်နေသော်ငြား နွေးထွေးသည့်ခံစားချက်ကို သဘောကျသည်မို့ ဒီဇိုင်းဘာညာ ဂရုမစိုက်မိ။ ခြေအိတ်ဝတ်ပြီး ရှူးဖိနပ်စီးပြီးသည်နှင့် ညကတည်းက ပြင်ဆင်ထားသည့် ကျောင်းလွယ်အိတ်ကို ကောက်လွယ်ကာ ဆင်းလာလိုက်သည်။

ဆင်းလာသည့်တစ်လျှောက် အဖွားကိုမတွေ့မိသော်ငြား အောက်ရောက်တော့မှ ပြတင်းပေါက်နားတွင် ထိုင်နေသော အဖွားက မနက်စာပင်စားနေပြီ။

"နောက်ကျလှချည်လား"

တစ်ခွန်းသာ ဆိုသည့်အဖွားက ညက စောစောအိပ်ဟူသော အမိန့်ကို မလိုက်နာသောအမှုဖြင့် အကြည့်တွင်ဓားပါနေသည်။ baekhyun ချက်ချင်းပင် ပြုံးကာတုံ့ပြန်လိုက်သည်။

"ဒီနေ့ မားမွေ့နေ့လေ ၊ အဲ့ဒါကြောင့်ပါ ဖွားရဲ့"

ဆိုတော့မှ အကြည့်က အနည်းငယ် ပျော့ပျောင်းသွားသည်။ baekhyun တစ်ချက်သာ ပြုံးပြရင်း ထွက်လာလိုက်သည်။ ဒီတစ်ခါတော့ အနောက်ကို သိသိသာသာ လှည့်ကြည့်လိုက်သော်ငြား ထူးဆန်းသည့် သဏ္ဌာန်တစ်ယောက်မှမရှိသည်မို့ စိတ်အေးသက်ပြင်းချလိုက်မိသည်။

လမ်းထိပ်ရောက်သည်နှင့် ၂၄ နာရီဖွင့်သည့် စတိုးဆိုင်လေးထဲဝင်ကာ onigiri လေး တစ်ထုပ်နှင့် ရေတစ်ဗူးလောက် ဝယ်လိုက်သည်။ လမ်းတွင်ဗိုက်ဆာလျှင် စား၍ရလိုရငြား ဝယ်လာသော်ငြား အိပ်ရာထနောက်ကျခြင်းအကျိုးဆက်ဖြင့် ဗိုက်ကခုကတည်းက ဆာနေပြီ။

မှတ်တိုင်ရောက်သည်နှင့် နေထိုးနေသည့်အခြမ်းတွင် တမင်ရွေးထိုင်ကာ နေပူစာလှုံရင်း onigiri ဖောက်စားသည်။ တစ်ထုပ်တည်းပေမယ့် ရေနှင့်ပါဗိုက်ဖြည့်လိုက်သည်မို့ နေ့လည်အထိ အဆာခံနိုင်သည်။ အိတ်ကပ်ထဲက ဖုန်းထုတ်လိုက်သည့်အခိုက် ကွက်တိပင် တုန်ခါလာသောကြောင့် contact name ကြည့်လိုက်တော့ ဂယောင်ဆူး။

ဆွဲကိုင်လိုက်သည်နှင့် တစ်ဖက်ကအသံထွက်လာ၏။

"ဒီနေ့ မင်းအမေဆီသွားမလို့ဆို"

baekhyun ပြန်ဖြေ၏။

"အင်း ငါခုမှမှတ်တိုင်မှာ"

တစ်ဖက်က ခပ်ဆူဆူအသံထွက်လာ၏။

"၁၀ နာရီတောင်ထိုးနေပြီ ခုမှသွားတယ် ? မင်း တမင် အချိန်ပုပ်အောင်လုပ်နေတာလား"

အနားမှာမရှိသော်ငြား အကျင့်ပါနေသည့် မသိစိတ်၏စေ့ဆော်မှုကြောင့် baekhyun လည်ဂုပ်လေးပုဝင်သွား၏။

"မဟုတ်ပါဘူး ငါညကစာလုပ်တာညနက်သွားလို့"

အမှားပါနေသည့် အသံတိုးတိုးလေးနှင့် တုံ့ပြန်မိတော့ တစ်ဖက်ကသက်ပြင်းချသံ ကျယ်ကျယ်လောင်လောင်ထွက်လာ၏။ baekhyun စိတ်မတိုစေရန် ခပ်မြန်မြန် ဆက်ပြောလိုက်သည်။

"ဒါပေမယ့် အသွားအပြန် ဘယ်လောက်မှမကြာပါဘူး ငါနေ့လည်လောက်တော့ ကျောင်းရောက်ဖို့မှီပါတယ်"

အပြောနှင့်အတူ လက်ကနာရီငုံ့ကြည့်လိုက်တော့ ၁၀ နာရီ ထိုးခါနီးအချိန်။ သွားရမှာ မြို့ပြင်နားထိမို့ ကားပေါ်၌ပင် ၁နာရီကျော်လောက်ထိ အချိန်ကုန်ရမှာ ဖြစ်သည်။ သေချာတွက်ချက်ပြီးသည့်နောက် ရောက်နိုင်သည့်အချိန်က ၂ နာရီလောက်။ မှီပါ့မလား။

"မမှီလည်းမင်းပြန်ရဖို့ မစဥ်းစားနဲ့ ၊ စာမေးပွဲကဖြင့်နီးနေပြီ"

"အင်းပါ အင်းပါ"

"ရောက်ရင်ဖုန်းဆက်ဦး"

"အင်းပါ အဖေရယ်"

​အနားမှာမရှိလို့သာ ပြောရဲခြင်းဖြစ်သည်။ တစ်ဖက်က အော်ဟောက်သံ ထွက်လာဆဲဆဲတွင် baekhyun အမြန်ပင် ဖုန်းချလိုက်တော့သည်။ အပိုးမသတ်နိုင်သည့် အပြုံးဖြင့် ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်သည့်အခိုက် ကွက်တိပင် ရောက်ချလာသော ဘက်စ်ကားက ကျောင်းသွားချိန်ထက် အနည်းငယ်နေမြင့်နေပြီမို့ သိသိသာသာ ချောင်နေသည်။ စိတ်ကျေနပ်စွာပင် တက်လာလိုက်ရင်း တစ်နာရီကျော်ကြာသည့် ခရီးကိုစတင်ရ၏။

ရောက်ခါနီးမှပဲ မားအတွက် လက်ဆောင်ဝယ်ဦးမှ။

________

ပတ်ပတ်လည် အပင်ကြီးများနှင့်ပြည့်နှက်နေသော တောအုပ်က စိမ်းစိုတောက်ပနေသော်ငြား chanyeol အတွက်တော့ နောက်ဆုံးတစ်ခေါက် ရောက်တုန်းကထက်ပင် မှုန်မှိုင်းသွားသယောင်။

မိုးထိလုနီးပါး ထင်ရလောက်အောင် မြင့်မြင့်မားမား တည်ရှိနေသော သစ်ပင်ကြီးများက အစီအစဥ်တကျမရှိ။ ခြေတစ်ချက်လှမ်းတိုင်းမှာ မြက်ရှည်တို့နှင့် ထိခတ်သံက တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်အတွင်း သိသိသာသာကျယ်လောင်နေပြီး အန္တရာယ်တွေကို ဖိတ်ခေါ်နေသည့်အလား။ chanyeol သည်မူ ဂရုမစိုက်သည့်အလား ခြေလှမ်းတိုင်းက ပျင်းရိပျင်းတွဲ့။ ပတ်ပတ်လည်မှ စပ်စပ်စုစု အသံသေးသေးလေးများ ထွက်လာသည်ကို အတိုင်းသားကြားနေရသည်။

တိုးတိုးတိတ်တိတ် အသံလေးများကြားက အများစုသည်ကား ဘယ်သူလဲ ဘယ်သူလာတာလဲ ဟူသော မေးခွန်းများဖြင့်သာ ပြည့်နှက်လျက် ချုံ့ပုတ်လေးများအတွင်းမှ အလျိုလျိုချောင်းကြည့်ကြသည်။ လာသည့်သူကား chanyeol ဟူသည်ကို သိကြသည်နှင့် အသံတွေတိတ်ကျကာ အမြှီးပါမချန် ပြေးပုန်းကြကုန်၏။။

တရားမျှတမှု ဆိုတာမရှိသည့် တောအုပ်အတွင်း သားရဲတစ်ကောင်ကို သားကောင်တွေက ခိုက်ခိုက်တုန်အောင် ကြောက်ကြတာမဆန်း။ chanyeol လို သားရဲမျိုးဆို သားကောင်မဆိုနှင့် သားရဲအချင်းချင်းပင် စကားထဲပင် ထည့်ပြောဖို့ မရဲကြသည်အထိ အရှိန်အဝါကကြီးသည်။

ဤမျှလောက် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကို ဟိုလတ်တောက်လောက် ကလေးသာသာကောင်လေးက တင်ပါးကို စော်လွှတ်လိုက်သည်။ အခုထိ တင်ပါးက လက်ဝါးရာကို ခံစား၍ရနေတုန်း။

တွေးမိလိုက်တိုင်း အဆုံးမရှိ ထွက်လာသည့်ဒေါသကြောင့် လေထုဖိအားက ပိုမိုတင်းကျပ်လာကာ ဘေးကလေတိုက်သံများကအစ အေးစိမ့်လာစေသည်။ ပုန်းခိုနေရသည့် အကောင်လေးများသည်ပင် အသက်ဝံ့ဝံ့မရှူရဲကြသည်အထိ။

ခပ်ဖွဖွ ခြေလှမ်းတိုင်းမှာ မြက်ရှည်များနှင့် ထိခတ်သံကလွဲ၍ ခြေသံဟူသည် မကြားရ။ ခြေသလုံးအလယ်လောက်ထိ ပေါက်ရောက်နေသော မြက်များက တောနက်မှု၏ ပြယုဂ်။ ဖြည်းဖြည်းချင်း နက်မှောင်လာသော တောက ပျောက်ကွယ်သွားသော နေရောင်ကြောင့်မဟုတ်ဘဲ ထူထပ်လာသော သစ်ပင်ကြီးများကြောင့်သာ။ သွားရသည့် လမ်းသည်လည်း တဖြည်းဖြည်း အကွေ့အကောက် များသထက်များလာပြီး မြက်တွေကလည်း လေမတိုက်ပါဘဲ ဘယ်ညာယိမ်းလျက် ဝင်လာသမျှလူကို အန္တရာယ်ပေးနိုင်သည်အထိ အရိုင်းဆန်လာသည်။

စပ်စပ်စုစု အသံသေးသေးလေးများအပြင် အပင်ကြီးများအပေါ်ကပါ အသံတချို့ ကျယ်ကျယ်လောင်လောင် ကြားလာရသည်။ သာမန် တောတွင်းအကောင်တချို့ အော်ဟစ်သံများဟုသာ သတ်မှတ်၍ရသော်ငြား အလုံးစုံနားလည်နေသော chanyeol ဖို့ ဤအသံတွေက အာရုံနောက်စေသည်။

မျက်ခုံးတွေတွန့်ချိုးရက်သားဖြင့် ကျစ် တစ်ချက် ကျယ်ကျယ်လောင်လောင် စုပ်သတ်လိုက်တော့ တမဟုတ်ချင်း တိတ်ကျသွားကြပြန်သည်။ ဒေါသထွက်နေတာ တခြားသူအပေါ် မပုံကျမိအောင် ထိန်းသိမ်းထားရတာ လွယ်သည်မဟုတ်။

ရုတ်တရက် ပြေးလွှားလာသည့် အသံတစ်သံက အဝေးတစ်နေရာကနေ နီးကပ်လာပြီးနောက် chanyeol လက်မောင်းတစ်ဖက်က တစ်စုံတစ်ယောက်၏ ဖက်တွယ်ခြင်းကို ခံလိုက်ရ၏။

"oppa ! chanyeol oppa ! နောက်ဆုံးတော့ ရောက်လာပြီပေါ့ ၊ တကယ်ပါပဲ နေနိုင်ရက်လိုက်တာ သမီးဘယ်လောက်တောင် မျှော်နေရလဲ သိလား !"

အမောပင်မဖြေနိုင် ချက်ချင်းပင် ပွစိပွစိ ဆိုလာသော ကောင်မလေး အသံက ခုနက အကောင်ပလောင်တွေ အသံထက်ပင် chanyeol ကို အာရုံနောက်စေသော်ငြား မကြားချင်ယောင်သာ ဆောင်နေလိုက်သည်။ သူမအဖေနှင့် ရင်းနှီးသမှုရှိသောကြောင့် နီးနီးကပ်ကပ် နေခွင့်ရထားခြင်းဖြစ်သည်ကို ထိုကောင်မလေးကလည်း အကျိုးရှိရှိ အသုံးချသည်။

ထိုစကားကို ဆိုပြီးသည်နှင့် chanyeol အနားကို ကပ်နိုင်သည့် တစ်ဦးတည်းသော သူဟန် ပတ်ပတ်လည်ကို ဂုဏ်ယူဝံ့ကြွားသည့် အကြည့်များပို့သေးသည်။

"လာမယ်ဆိုလည်း ကြိုပြောတာမဟုတ်ဘူး oppa ကလည်း ဒီနေရာက ဘယ်လောက်အန္တရာယ်များလဲသိရဲ့လား oppa သာ တစ်ခုခုထိခိုက်သွားရင် သမီးရင်ကျိုးရမှာ !"

အရွယ်နှင့်မလိုက်အောင် တတ်လွန်းသည့် အပိုစကား ထောင်သောင်းပေါင်း ကြားမှ တစ်ခွန်းသာ နားထဲကန့်လန့်ဝင်လာသည်။

တစ်ခုခု ထိခိုက်သွားရင် ?

ငါက ?

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လေသံက အထင်သေးခြင်းအပြည့်။ မွေးကတည်းက ဤသို့နေရာတွေမှာ ကြီးပြင်းခဲ့သည့် chanyeol ဖို့ အန္တရာယ်ဆိုသည်ကား chanyeol ကိုယ်တိုင်ပဲ ဖြစ်လိမ့်မည်။ chanyeol စကားကို ထိုကလေးမက နှုတ်ခမ်းဆူပြီးသာ တုံ့ပြန်လိုက်ပြီး အသံထပ်မထွက်တော့။ သိသိသာသာ စိတ်ကောက်ကြောင်း ပြနေသည်ကို သိသော်ငြား နားအေးသွားသည်မို့ ချော့ဖို့စိတ်မကူးပါ။ ချော့ရပြုရအလုပ်ဆိုသည်ကလည်း chanyeol နှင့်မကိုက်သည့်အပြင် စိတ်မဝင်စားသည်မို့။

ဘေးပတ်ဝန်းကျင်က ပို၍ပင် တဖြည်းဖြည်း နက်မှောင်လာ၏။ ချုံပုတ်ထဲမှ မျက်လုံးအလင်းရောင် တလတ်လတ်လေးများကိုပါ မြင်နေရသည်အထိ နက်နေပြီပြီဖြစ်သည်။ သိသိသာသာ တောထူလာသော​ကြောင့် ဘေးကလက်မောင်းကိုဆွဲကိုင်ထားခြင်းက ပိုတင်းကျပ်လာသည်။ Chanyeol စိတ်ရှုပ်သော်ငြား မပယ်ချရက်။ ဒီကလေးမ အစောင့်တွေကိုကျော်ပြီး ဘယ်လိုများဒီအထိ ရောက်လာသလဲဆိုသည်ကိုသာ ကူကယ်ရာမဲ့စွာ တွေးမိသည်။ အခက်မသင့်လျှင် ထိုပြဿနာက chanyeol ခေါင်းပေါ်ကျလာမည်စိုး၍သာ။

အလုပ်ကိုရှုပ်သည်။

ပတ်ပတ်လည် နက်မှောင်ကာ နွယ်ပင်တို့ဖြင့် ဝန်းရံထားသည်မို့ အမှောင်နံရံကပို၍ထူထပ်လာသော်ငြား ခရီးရောက်တော့မည်မို့ chanyeol အရှေ့ကိုသာ အာရုံစိုက် ဦးတည်ထားသည်။ သို့သော်ငြား ဘေးနားက မိုးကျရွှေကိုယ်ကလေးမသည်ကား စိတ်ပျက်မှုအပေါင်းခညောင်းသည့် လေသံတို့ဖြင့် ညည်းညူနေပြီ။

"ဒီအဆင့်နိမ့်နေရာတွေက တကယ်ကို !! ညစ်စုတ်နေတာပဲ !"

chanyeol ဂရုမစိုက်ပါ။ မည်သူ့စေခိုင်းချက်မှုမပါဘဲ သူ့ခြေထောက်နှင့်သူလာခြင်းဖြစ်သည် ၊ ပြန်တော့လည်း သူ့​ခြေထောက်နှင့်သူသာ ပြန်တတ်ရမည်ပင်။

"oppa နောက်တစ်ခါ ဒီလမ်းကနေမလာနဲ့ သိလား oppa က ဒီမြေပေါ် ခြေချဖို့တောင်မတန်ဘူး !"

ပတ်ပတ်လည်က ပျံ့ဝဲနေသည့်အကောင်တချို့ကို ရိုက်ခါရင်း ပြောသည့်စကားလုံးများကို chanyeol နားထဲမထည့်။ chanyeol သာ အပင်ပန်းမခံချင်လျှင် မျက်စိတစ်မှိတ်အတွင်း လိုချင်သည့်ခရီးရောက်အောင် လုပ်နိုင်သည်။ တမင်တကာ အခေါ်လွှတ်သည်မို့ မည်သည့်ပြဿနာများ ဖြစ်သလဲ ကြည့်ရလိုကြည့်ရငြား တမင်ဒီနေရာမှ ရွေးလာခြင်းဖြစ်သည်။ ထူးထူးခြားခြားတော့မရှိသော်ငြား အပင်တစ်ချို့ ​တစ်ကွက်လိုက်စီ အစုလိုက်သေနေသည်။ အမျိုးနိမ့်တွေဆို ထူးထူးခြားခြား သတိပြုမိမည်မဟုတ်သော်ငြား နှစ်ရှည်နေသည့် အပင်ကြီးမျိုးတွေမို့ သက်ပြင်းသာ ခပ်သာသာချမိတော့၏။

ရှေ့က ထူထပ်လာသည့် နွယ်တချို့ကိုဖယ်ချလိုက်တော့ အလင်းရောင်သဲ့သဲ့ဝင်လာ၏။ တစ်ဖက်က ကောင်မလေးကတော့ ထိုအလင်းရောင်မြင်သည်နှင့် ရွှင်မြူးကာ chanyeol ကိုပင် နောက်ချန်ရစ်ကာ ခုန်ပေါက်လျက် ပြေးထွက်သွားတော့၏။

နွယ်တို့ကုန်ဆုံးသွားသည်နှင့် အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော အလင်းရောင်ကြောင့် chanyeol လက်ဖမိုးဖြင့် ကာလိုက်ရသည်။

ဝေ့ဝဲတိုက်ခတ်သွားသော လေတစ်ဖြတ်က စိမ်းရွှင်ရွှင်အနံ့တစ်မျိုးကို သယ်ဆောင်လာပြီး အသက်ရှုကျပ်နေသည်ကို လျော့ပါးသွားစေသည်။ အသက်ကို ခပ်သာသာရှူထုတ်ကာ အနောက်လှည့်ကြည့်လိုက်တော့ chanyeol ထွက်လာသည့် နွယ်ပင်တွေကြားဝင်ပေါက်က အလုံပိတ်နံရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

"oppa ! လာလေ"

ဇာအနားတွန့်များဖြင့် ဝန်းရံသည့် ပန်းဖျော့ဖျော့ ဂါဝန်အကြီးကြီးကို မနိုင်မနင်းမကာ ပြေးလွှားနေရင်း chanyeol ကို လှမ်းခေါ်သည်။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မိုးကောင်ကင်ထိလုမတတ် မြင့်မားစွာတည်ရှိနေသည့် Chanyeol တို့ အခေါ်အဝေါ် စံအိမ်ဟူသည်ကို မြင်ရသည်။

အရောင်စုံသော ပန်းနွယ်ပန်းခက်တို့ဖြင့် ဖုံးလွှမ်းကာ ဟောင်းနွမ်းနေသည့်ဟန် အဆောက်အဦကြီးက ပျက်စီးယိုယွင်းနေသည့် နန်းတော်တစ်ခုအလား ထင်ရသော်ငြား ၎င်း၏ထည်ဝါမှုကိုတော့ မဖုံးကွယ်နိုင်ရကား မြင်ရသူတိုင်းကို အသက်ရှူရပ်စေသည်အတိ။ လွင့်မြောနေသည့် တိမ်တိုက်တို့ကိုပင် ဖောက်ထွက်သည်အထိ မြင့်မားစွာတည်ရှိနေပြီး အဆင့်မြင့်ပုဂ္ဂိုလ်များပင် အလွယ်တကူ အနားမကပ်နိုင်သည့် အရှိန်အဝါတို့ကိုလည်း ထုတ်လွှတ်နေသေး၏။ ကုန်ကုန်ဆိုရလျှင် စံအိမ် ဟူသော ဝေါဟာရနှင့် မည်သို့မှမအက်စပ်သည်အထိ အဆင့်အတန်းမြင့်လွန်းသည်။

မြင့်မားစွာတည်ရှိနေသော သဏ္ဌာန်ကြောင့်သာ မည်သည့်နေရာက ကြည့်ကြည့် မြင်ရခြင်းဖြစ်ပြီး အနားရောက်ရန် သွားရမည့်လမ်းကရှည်သေးသည်။ အဆင့်နိမ့်နယ်မြေနှင့် သိသိသာသာ ကွာခြားနေသော ဤနေရာ၏ သန့်ရှင်းစိုပြေနေမှုက အဆင့်အတန်းမည်မျှပင် ခွဲခြားထားကြောင်း သိသာနေသည်။

ခြေလှမ်းတို့ကို စတင်လိုက်တော့ မကြာခင်လေးတင်မှ တောထဲ ထိတွေ့ခဲ့ရသည့် မြက်ရိုင်းတို့နှင့် ကွဲလွဲစွာပင် သေသေသပ်သပ် ရိတ်ထားသလားထင်ရလောက်အောင် ဝပ်နေသည့် မြက်တချို့က ခြေထောက်အောက်တွင်ရှိသည်။ တစ်စုံတစ်ယောက် ဝင်လာသည်ကို ခံစားမိပုံရသည့် ပန်းပွင့်တချို့က မော်ကြွားဝံ့ချီလာပြီး ပန်းရောင်ဝါဝန်ဖြင့် ကလေးမငယ်လေးအား အဖော်ပြုနေကြသည်။

ခပ်လွင့်လွင့်တိုက်ခတ်နေသော လေပြေသဲ့သဲ့က စိတ်ကိုအေးချမ်းစေပြီး ရောက်လာသူတိုင်းကို ပြန်မထွက်သွားချင်လောက်အောင် ဆွဲဆောင်သည်။ ပြင်ပတွင်တွေ့ခဲ့ရသည့် နှစ်ရှည်အပင်ကြီးများထက် နှစ်ဆပိုကြီးကျယ်သည့် အပင်ကြီးတချို့က နေရာကွက်ကြား မြင့်မားစွာတည်ရှိနေပြီး အေးချမ်းသည့်အရိပ်အာဝါသကို ပေးစွမ်းသည်။

အတန်ကြာ လျှောက်လှမ်းလာပြီးသည့်နောက် အလျားကျယ်ပြန့်လှသည့် ခပ်နွမ်းနွမ်း ကျောက်လှေကားထစ်ရှည်တစ်ခုကို တွေ့ရသည်။ ထိုကလေးမကတော့ လှေကားလေး ဆယ်ထစ်လောက်ကို တက်ရမည်ပျင်းသည့်အလား မျက်တောင်တစ်ခတ်အတွင်း ချက်ချင်းပင် အပေါ်ကိုရောက်သွားကာ chanyeol ကို လက်တစ်ဖက် မြှောက်လျက်ဝေ့ယမ်းပြနေသည်။ ခပ်မြန်မြန်လာရန် ဟန်ပြနေသည့်အလား။ chanyeol အေးဆေးတက်လာသည့် တစ်လျှောက် chanyeol တို့နှင့် အလားတူ တခြားသွားလာနေသူတို့လည်း ရှိလာ၏။ အများစုသည်လည်း မိမိအာရုံနှင့် မိမိဖြစ်ကြကာ chanyeol တို့အပေါ် မည်သူကမှ အရေးတယူပြုမူမနေကြ။

အပေါ်ကိုရောက်သည်နှင့် ထုံးစံအတိုင်း chanyeol လက်မောင်းတစ်ဖက်ကို အားအပြည့်ဖြင့် ဖက်တွယ်ချပြန်၏။ လှေကားအပေါ်ရောက်ရောက်ချင်းပင် တွေ့ရသည့် ကျယ်ပြန့်လှသော လျှောက်လမ်းတစ်ခုထံ ဦးတည်လိုက်သည်။ ဘေးပတ်လည်ကို နှစ်ရှည်သစ်တစ်ပင်ကိုယ်ထည်မျှ ကြီးမားလှသည့် တိုင်လုံးများဖြင့် ဝန်းရံထားပြီး အထက်တွင် အခုံးသဏ္ဌာန် မိုးအကာအရံတစ်ခုဖြင့် အုပ်မိုးထားသည်။ ခြေထောက်အောက်တွင်တော့ ထူးခြားမနား နူးညံ့သည့်မြက်ခင်းတစ်စုံဖြစ်ပြီး သေးသေးမွှားမွှား ပန်းပင်ငယ်တချို့လည်း ပေါက်ရောက်နေသေးသည်။

လျှောက်လမ်းမှ ဝင်ပေါက်နားနီးကပ်လာသည်နှင့် ဘေးနားက လက်မောင်းကိုဖြစ်ညှစ်ထားသည်က ပိုမိုတင်းကျပ်လာသည်။ chanyeol စကားစလိုက်သည်။

"ဘယ်အချိန်ကတည်းက ခိုးထွက်လာလဲ"

chanyeol အသံကို ကြားလိုက်ရသည်နှင့် တလောတကြီးတုန့်ပြန်၏။

"နေ့လည်လောက်ကမှပါ ၊ oppa လာမယ် ဆိုတာကြားလို့"

စကားလေသံထဲတွင် သူ့ကိုယ်သူ အမှတ်ရစေရန် ဂုဏ်ဖော်ပြောလာသည်ကို chanyeol မယုံ။

"ငါအဲ့က လာမယ်ဆိုတာ ဘယ်လိုလုပ်ကြိုသိနေတာလဲ"

ခဏကြာသည်အထိ အေးခဲသွားပြီးမှ ပလုံးပထွေး တုံ့ပြန်၏။

"sehun oppa ပြောတာကြားလိုက်လို့"

chanyeol ထိုလမ်းက လာမည်ဖြစ်ကြောင်း sehun ကို မပြောထားခဲ့။ ပေါက်ကရအဖြေတို့အား အခက်အခဲမရှိ ပါးစပ်ထဲထွက်သလို ပြောနေသော ကလေးမကို ငုံ့ကြည့်လိုက်တော့ နဖူးတစ်ဝိုက်တွင် ချွေးစတို့သီးနေသည်။ ကွက်တိပင် မြင့်မားလှသည့် ဝင်ပေါက်ရှေ့ရောက်သည်နှင့် chanyeol လက်ကို လွှတ်ချကာ သနားစဖွယ် မော့ကြည့်လာ၏။

"oppa ဆက်သွားလိုက်တော့နော် သမီးလုပ်စရာလေးရှိသေးလို့"

ပြောပြီးသည်နှင့် လှည့်ထွက်ရန်ပြင်ခိုက် chanyeol ရှေ့တည့်တည့်မှ အသံတစ်ခုထွက်လာ၏။

"ဟေ့ ! မင်း ! နောက်ဆုံးတော့တွေ့ပြီ !"

ထိုမျှလောက် အော်ရုံသာရှိသေး၊ ထိုကလေးမ ဂါဝန်ကြီးမကာ သုတ်ခြေတင်ပြေးပြီဖြစ်သည်။ ချက်ချင်းပြေးလိုက်ဟန် ပြင်သည့် အစေခံက မမှီတော့သည်ကို သိသည်နှင့် ကြိတ်မနိုင်ခဲမရဖြစ်ကာ လိုက်မဖမ်းတော့ဘဲ chanyeol ကို အရိုအသေပေးလာ၏။ chanyeol မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

chanyeol စကားကိုကြားလိုက်ရသည့် ထိုလူငယ်က ပင်ပန်းသည့်နှယ် သက်ပြင်းချကာ ညည်းသလိုတိုင်တန်းလာ၏။

"မိန်းကလေးသာပြောတာ ထိန်းမနိုင်ပါဘူးဗျာ၊ မနက်အစောကြီးတည်းက ပျောက်သွားလိုက်တာ ခြေရာတောင်မမြင်လိုက်ရဘူး သူ့အဖေကလည်း အစိုးရိမ်လွန်ပြီး စံအိမ်တစ်ခုလုံး ​မြေလှန်ရှာခိုင်းထားတာ ခုမှအပြင်ကပြန်လာတာ သိလို့ကတော့ ဟိုကဒေါသနဲ့ မိုးမီးတောက်ဦးမယ်"

chanyeol ခေါင်းသာခါမိတော့သည်။ ထိုမိသားစုက တကယ်ကိုထိန်းမနိုင်ပါ။ အင်း၊ မြေခွေးဆိုတော့လည်း။ ဒါတောင် မိန်းကလေးတစ်ယောက်က အသာထား၊ စံအိမ်တစ်ခုလုံး လက်မြှောက်ထားရသည့် အမြွှာသုံးကောင်ကျန်သေးသည်။

"သခင်လေးရှိလား"

"မနေ့ကတည်းက ရောက်နေပါတယ်"

ခေါင်းတစ်ချက်သာ ညိတ်ပြပြီးသည်နှင့် ဝင်လာလိုက်သည်။ မည်သည့် ထူးထူးခြားခြားမှ မရှိသည်မို့ စံအိမ်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်ကာ တိတ်တဆိတ်သွားလာလှုပ်ရှားနေကြသော အစေခံတချို့ခြေသံများသာ ကြားနေရသည်။

ကြီးမားလှသည့် မီးဆိုင်းတို့က အပြည့်အဝမထွန်းလင်းဘဲ စံအိမ်အောက်ထပ်အား အလင်းရောင်ခပ်သဲ့သဲ့ ရရုံလောက်ထောက်ပံ့ထားသည်။ ပတ်ပတ်လည် အမြင့်ပိုင်းနံရံများတွင်မူ ဆေးရေးပန်းချီတို့နှင့် ခြယ်သထားသော်ငြား ဟောင်းနွမ်းနေပြီး ပုံပန်းသဏ္ဌာန်ကွဲကွဲပြားပြား မမြင်ရ။

အနည်းငယ်လျှောက်လာပြီးသည်နှင့် မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် လှေကားကိုမြင်ရပြီး လက်ဝဲဘက်နှင့်လက်ယာဘက် တစ်ချက်စီကို တခမ်းတနားခွဲထွက်သွားသည်။ အပြင်ပန်း ဟောင်းနွမ်းနေသည့် အရိပ်အယောင်တို့နှင့် ယှဥ်လျှင် အတွင်းပိုင်း ထိုလှေကားကပင် အတော်အတန် သစ်လွင်လှပနေ၏။ ပြောင်လတ်တောက်ပနေခြင်း မရှိသော်ငြား အစေခံတို့၏ နေ့စဥ်သန့်ရှင်းပေးမှုကြောင့် အရောင်တော့မမှိန်သေး။

လှေကားတည့်တည့်ထံ မသွားဘဲ ခန်းမထဲကနေတစ်ဆင့် အနောက်ဘက်ထဲ ဆက်လျှောက်လာလိုက်သည်။ sehun ဆီ သွားရန် ခြေလှမ်းဦးတည်ထားသော်ငြား ရုတ်တရက် မျက်နှာချင်းဆိုင်က လျှောက်လာသည့် တုတ်ကောက်နှင့်အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

chanyeol ခြေလှမ်းတွေကို အရှိန်သတ်လိုက်သည်။

ခါးကုန်းကုန်းဖြင့် တုတ်ကောက်အားပြုကာ လျှောက်လှမ်းနေရသော်ငြား ထိုလူ၏ အကြည့်စူးစူးတို့က အရှိန်အဝါမသေးကြောင်း ပြနေသည့်နှယ်။ chanyeol ကိုစိုက်ကြည့်ကာ လျှောက်လာရင်း ရှေ့တည့်တည့်တွင် ရပ်လိုက်၏။တည့်တည့်ဆုံသည့် မျက်ဝန်းတို့က chanyeol ထက် မလျော့စွာပင် အစိမ်းရောင်တောက်နေသည်။

"လိုက်ခဲ့"

တစ်ခွန်းသာပြောပြီး ထွက်သွားရာနောက်သို့ အေးဆေးလိုက်ပါလာရသည်။

ရင်းနှီးနေသည့် အခန်းတစ်ခုအတွင်း ဝင်ပြီးသည်နှင့် တံခါးကိုအသာ ပြန်ပိတ်ရသည်။ အခန်း၏ ထိပ်ဆုံးစားပွဲခုံတွင် ဝင်ထိုင်ပြီးသည်အထိ chanyeol ကို ထိုင်ဖို့ အချက်မပြသည်မို့ တံခါးဝနားတွင်သာ ရပ်နေလိုက်သည်။ မည်သည့် စကားမျှမပြောသေးဘဲ စုတ်တံကို ကိုင်မြှောက်ကာ စာရွက်စာတမ်းတချို့ပေါ် ရေးခြစ်နေ၏။ ဘေးတွင် ဖယောင်းတိုင် တစ်တိုင်ကို ထွန်းထားပြီး အလင်းတိမ်တိမ် ကျရောက်နေစေသည်။ လင်းထိန်နေသည့် အပြင်ဘက်နှင့် မသက်ဆိုင်စွာပင် အလုံပိတ်ထားသည့် ဤနေရာက လွန်စွာပင် တိတ်ဆိတ်နေသည်။ နှစ်ယောက်ဆုံတိုင်း ပတ်ပတ်လည်အေးစက်နေသည့် လေထုက ဖြစ်နေကျမို့ သိပ်မထူးဆန်းသည့်အလား။ ရပ်နေသည့်ပုံစံကလည်း သတိအနေအထားမရှိ ရိုသေမှုမရှိ။ သို့သော်ငြား chanyeol မျက်လွှာချထားသည်။ ခပ်စိပ်စိပ်မြင်နေရသည့် ​သန့်ရှင်းနေသည့် စတုန်ရန်းကွက်ငယ် ကြွေပြားခင်းများဖြင့်ကြမ်းပြင်ကိုသာ အတွေးတို့လွင့်မြောရင်း စိုက်ကြည့်နေမိသည်။

တစ်ကွက် ၊ နှစ်ကွက် ။

"ဘယ်တွေအလေလိုက်နေလို့ အခုမှပေါ်လာတာလဲ"

အသံအနေအထားသည် အိုစာခြင်းအလျဥ်းမရှိ တည်တံ့နေ၏။ တစ်ချက်ပင်မော့မကြည့်ဘဲ လက်ကိုအလုပ်ပေးနေရင်းဖြင့်သာ မေးသည်။

"အလေမလိုက်လည်း ဒီမှာဘာလုပ်စရာရှိလို့လဲ"

chanyeol စကားကို မကြားဟန်ပြုသည်။

"သခင်လေးနဲ့ရော အဆင်ပြေတယ်မလား"

"အင်း"

မေးခွန်းက ပေါ့ပါးဟန်ပြသော်ငြား သူကြားချင်သည့် အဖြေက ဒါမဟုတ်မှန်း သိသည်။ ခက်သည်ကား chanyeol လည်း အသေးစိတ်မပြောပြချင်။ chanyeol အဖြေကို စိတ်ကျေနပ်မှုမရှိသည့်အလား လှုပ်ရှားမှုအတိရပ်တန့်ကာ မျက်လုံးလှန်ကြည့်လာ၏။ chanyeol စိတ်ပျက်လက်ပျက်သာ ဆက် ဆိုလိုက်သည်။

"သူ့မိတ်ဖက်ကို စောင့်ရှောက်ပေးနေရတယ် တလော"

chanyeol စကားအဆုံး မျက်ခုံးတစ်ဖက်ပင့်သွား၏။

"မင်းကိုတာဝန်အကြီးကြီးအပ်ထားတာပဲ ၊ သေချာဂရုစိုက်ပေးလိုက်"

ခေါင်းညိတ်ခေါင်းခါပင်မပြု။ မျက်လွှာချထားရာမှ တစ်ချက်နှင့်ပင် မျက်လုံးလှန်ကြည့်လိုက်တော့ စူးရှနေသည့်မျက်ဝန်းနှစ်စုံက ဆုံသည်။

"ကျွန်တော် တာဝန်လွှဲပေးတော့မလို့"

ခန့်မှန်းထားသည့် အတိုင်းပင် အလိုမကျမှုကြောင့် သိသိသာသာ ဖွေးစွတ်နေသော မျက်ခုံးတို့ တွန့်ချိုးကုန်၏။

"ဘာကြောင့်လဲ"

"ဆန္ဒအရပဲ"

chanyeol ထို ကောင်လေးနား ဆက်မနေချင်၍လည်းပါသည်။ ၎င်းကိစ္စကို sehun နှင့် အရင်ပြောရန် စဥ်းစားထားသော်ငြား ကံမကောင်းအကြောင်းမလှစွာပင် ဤအဖိုးကြီးနှင့်လာတိုးသည်မို့ တိုးတိုးတိတ်တိတ်သာ သက်ပြင်းချမိသည်။

"မင်းဆန္ဒက ဒီနေရာမှာ အရေးမပါဘူးဆိုတာ ခုထိနားမလည်နိုင်သေးဘူးလား"

"ကျွန်တော် sehun နဲ့ ဆွေးနွေးလို့ရ-"

"ကျွန်တစ်ယောက်က သခင်ကို နာမည်တပ်ခေါ်ပိုင်ခွင့်မရှိဘူး !!"

အမုန်းဆုံးစကားလုံးဖြင့် ထိုးနှက်သည်ကို မည်သည့်တုံ့ပြန်ချက်မျှ မပြုမိအောင် ထိန်းလိုက်ရသော်ငြား တင်းတင်းစေ့ထားသည့် မေးရိုးတို့ တင်းသွား၏။ အဖိုးကြီးကတော့ ဆက်လက်ထိုးနှက်သည်။

"သခင်လေးနဲ့ ရင်းနှီးတယ်ဆိုတိုင်း မင်းရောင့်တက်မနေနဲ့ ၊ မင်းကကျွန် သူက သခင် ! ခေတ်ကာလတွေ ပြောင်းလဲလာတိုင်း မင်းဖြစ်တည်မှုက မှေးမှိန်ပျောက်ပျက်သွားမယ်မထင်နဲ့"

တစ်ခွန်းပြီးတစ်ခွန်း ဆက်လက်ထိုးနှက်နေခြင်းကို အံကြိတ်ထားခြင်းဖြင့်သာ အဖက်မလုပ်ဟန်ပြရသည်။ ပြောပြီးခဏအကြာ ထိုင်နေရာမှ ထလာသောကြောင့် အကြည့်လွှဲလိုက်သည်။ အနားကို ဖြည်းဖြည်းချင်း လျှောက်လာကာ ရှေ့တည့်တည့်တွင် ရပ်သည်။

"ဆန္ဒ ? မင်းဆန္ဒကို ဘယ်သူမှအဖက်မလုပ်ဘူး မြဲမြဲမှတ်ထား ၊ ကြားလေခွဲမရအောင် ရင်းနှီးတယ်ဆိုတိုင်း ဆောင့်ကြွားနေရအောင် ငယ်ငယ်ကလို မဟုတ်တော့ဘူး"

မျက်လွှာချထားသော်ငြား ဖြောင့်မတ်နေသည့် chanyeol ကိုယ်ဟန်အနေအထားက တစ်ချက်လေးပင် ယိမ်းယိုင်ခြင်းမရှိ။ မျက်စိရှေ့ရှိ တုတ်ကောက်ထိပ်ပိုင်းတွင်ရှိသည့် ကျားသဏ္ဌာန်ရုပ်လေးကိုသာ မမှိန်မသုန် စိုက်ကြည့်နေမိသည်။ ကျား။

ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရပြီးနောက် မျက်စိရှေ့ရှိ အဖိုးလည်းထွက်သွား၏။ ခပ်မှိန်မှိန်ကျန်ခဲ့သော ဖယောင်းတိုင်တွင် စိမ်းတောက်တောက် မီးရောင်က ခိုအောင်းကာ လင်းနေခဲ့၏။

မည်သူ့ကိုမှ ဦးမညွတ်ချင်သည့် chanyeol စရိုက်နှင့် ဤမွေးဖွားမှုက မည်သို့မှအဆင်မပြေခဲ့ပါ။ ယခုအချိန်အထိ။။ စူးရှနေသည့် မျက်စံကို တည်ငြိမ်အောင် စိတ်ထိန်းပြီးနောက် အခန်းတွင်းမှ ထွက်လာလိုက်သည်။

တံခါးကို ဖွင့်လိုက်ချင်းပင် မျက်စိရှေ့ရောက်နေသော sehun ။

"အို ! မင်းရောက်တောင်နေပြီလား ဖုန်းကြိုဆက်သင့်တယ်"

မထူးဆန်းသည့်အလား အာမေဋိတ်သံ တစ်ချက်ပြုရင်း chanyeol ကို တွန်းဖယ်ကာ အခန်းထဲဝင်သွားပြန်၏။ ဤအခန်းထဲ မနေချင် ဆိုကာမှ ထပ်ဝင်လာသည့်သူကြောင့် တံခါးပြန်ပိတ်ရင်း လိုက်ဝင်လာရပြန်သည်။

"ဒီအခန်းထဲ ဘာကိစ္စရှိလို့လဲ"

ခုနက အဖိုးအိုထိုင်သွားသည့် စားပွဲရှေ့ရပ်ကာ ပစ္စည်းတစ်ချို့ရှာနေ၏။

"တံဆိပ်တုံးတစ်ခု လိုနေလို့"

"အစေခံတွေကို ခိုင်းလိုက်လည်းရတာပဲ"

လှုပ်ရှားနေသည့် လက်အစုံက လိုချင်သည်ကို တွေ့တော့မှ ရပ်တန့်ကာ chanyeol ထံ ပြုံးပြ၏။

"လမ်းကြုံနေလို့လည်းပါတယ်"

Chanyeol စကားဆက်တုန်း ဆိုလိုက်သည်။

"ငါ ဟိုကောင်လေးကို လိုက်မစောင့်ရှောက်ပေးနိုင်တော့ဘူး"

မကြာခင်လေးတင်မှ တရားဟောခဲ့သော အဖိုးကြီး၏ စကားများက ဘယ်နားဝင်ညာနားထွက်။ Chanyeol ပြောပြီးသည်နှင့် sehun ပြူးကြောင်ကြောင် မော့ကြည့်သည်။

"ဘာဖြစ်လို့လဲ ပြဿနာတက်လို့လား"

chanyeol ပြန်မဖြေ။ နေရခက်စွာပင် အကြည့်လွှဲလိုက်မိသည်။

"မဟုတ်မှ ? မင်းကိုဘာလုပ်လိုက်လို့လဲ"

မေးလာသည့် မေးခွန်းက နားထဲကိုးလိုးကန့်လန့်။ sehun ဘက် လှည့်ကြည့်လိုက်တော့ သူသည်လည်း အလန့်တကြား မေးသည့်ဟန်။

"သူက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ ?"

တကယ်တော့ လုပ်ပြီးသွားပြီ။

chanyeol သက်ပြင်းသာ ရှိုက်မိတော့သည်။

"တကယ်ပဲ တခြားတစ်ယောက်ကို တာဝန်လွှဲပေးလို့မရဘူးလား"

sehun မတ်တပ်ရပ်နေရာမှ စားပွဲအနားရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။ မအီမသာမျက်နှာပေးဖြင့် မေးမိတော့ တစ်ချက်ပင် မတုံ့ဆိုင်းဘဲ အဖြေပြန်လာသည်။

"မင်းလောက်စွမ်းအားအဆင့်မြင့်တဲ့သူမှ ဖြစ်မှာမို့လို့ပါကွာ"

chanyeol ၊ sehun ကို စိုက်ကြည့်မိလိုက်သည်။ sehun စာရွက်စာတမ်းတချို့နှင့် အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်။

"မင်းလည်း အဆင့်မြင့်တယ်လေ"

"...."

sehun လှုပ်ရှားနေသည့် အပြုအမူတို့ ရပ်တန့်သွားသည်။ chanyeol နောက်မှီထိုင်နေရာမှ ရှေ့သို့ ခပ်မတ်မတ်ပြောင်းထိုင်လိုက်ပြီး မဆိုင်သည့် စကားတစ်ခွန်းကို ဆွဲထည့်လိုက်သည်။

"ငါလာတဲ့လမ်းတစ်လျှောက်မှာ အပင်ကြီးတွေသေနေတာ တွေ့ခဲ့တယ်"

"တစ်ခုခုလျှို့ဝှက်ထားတယ်မလား"

တည့်တိုးပြောသော စကားကြောင့် sehun မျက်လုံးလှန်ကြည့်သော်ငြား ငြင်းဆိုခြင်းတော့မပြု။ ဟုတ်နေသည်ပင်။ ထိုင်ခုံနောက်ဖုံထံ မှီချလိုက်သည်။ မည်သည်ကို လျှို့ဝှက်ထားသလဲ မသိသော်ငြား တစ်ခုတော့ နားလည်လိုက်သည်။ chanyeol အား ထိုကောင်လေးနားကို အတင်းအကျပ်ပို့နေခြင်း မဟုတ်ဘဲ ဤနေရာမှ ဖယ်ရှားနေခြင်းဖြစ်သည်။

sehun အပါအဝင် မကြာခင်လေးတင်မှ စကားပြောခဲ့သည့် အဖိုးကြီး။ ငြင်းခွင့်လည်း chanyeol တွင်မရှိမည့်အတူတူ မျက်စိမှိတ် လက်ခံရုံသာ ရှိသည်။

"တောင်းပန်ပါတယ်"

Sehun စကားက chanyeol ကို ပို၍ဦးနှောက်ခြောက်စေသည်မို့ ချက်ချင်းတုံ့ပြန်မိသည်။

"အစမရှိ အဆုံးမရှိ ဘာကို လာတောင်းပန်နေတာလဲ"

အပြုံးဖြင့်သာ တုံ့ပြန်ပြီး သူ့ကိစ္စသူ အာရုံပြန်ပို့သည်။ ကိစ္စတစ်ခုကြောင့်။ ကိစ္စတစ်ခုကြောင့်နေပါလိမ့်မည်။
သံသယတို့ မပွားချင်သည်မို့ ကိစ္စတစ်ခု ဆိုသည်ကို ခုတုံးအဖြစ် အတွေးထဲဆွဲထည့်ထားရသည်။ သိသိသာသာ တိတ်ဆိတ်သွားသော လေထုကို sehun က ဖြိုခွဲသည်။

"မင်းအားရင် ငါ့ bar ကိုလည်း တစ်ချက်တစ်ချက် သွားကြည့်ပေးထားပါဦး"

chanyeol မျက်မှောင်ကြုတ်လိုက်မိသည်။

"၂၄ နာရီလုံး ဟိုကောင်အနားကပ်ခိုင်းထားပြီးတော့ ? ငါကအားမယ်များထင်နေလား"

ဟက်ကနဲ ရယ်သွမ်းသွေးလာသော sehun က သူ့စကားသူ ပြန်မရုတ်သိမ်း။ sehun ခုံအနောက်ပေါ် မှီချကာ သာမန်လျှံကာဆက်မေးသည်။

"မင်းသူ့နားဘယ်လိုများ ကပ်လဲ"

"ဒီလိုပဲ အသွင်တစ်ခုခုပြောင်းရတာပေါ့"

မျက်ခုံးတစ်ဖက်ပင့်ပြတော့ chanyeol အလိုက်တသိ ဆက်ဆိုရသည်။

"ကြောင်"

မသာမယာ မျက်နှာပေးနှင့် ပြောပြီးမှ ရယ်ချင်သည့်ဟန် မျက်နှာထားဖြစ်နေသော မျက်စိရှေ့ကကောင်ကြောင့် ကျစ်စုတ်သပ်မိသည်။

"မင်းနဲ့လိုက်သားပဲ"

"အဆင်မပြေဘူး ပတ်ပတ်လည်မှာလည်း ကြောင်တွေချည်းပဲ ပြီးရင်အဲ့ကောင်လေးက ငါ့လည်းမကြောက်ဘူး"

"အဲ့ဒါများ ခွေးပြောင်းလိုက်ပေါ့"

ချက်ချင်း ကျဥ်းမြောင်းသွားသည့် မျက်စံနက်တို့က sehun ထံ စူးစိုက်ရောက်ရှိလာ၏။ တခွိးခွီးနှင့် ရယ်နေသော sehun က သွားစွယ်တို့လှစ်ဟကာ မျက်ဝန်းများ မှေးမှိတ်သွားသည်အထိ အူမြူးနေပုံရသည်။

"တော်ပြီ ငါသွားတော့မယ် ဟိုကောင်လေးကို မနေ့ညကတည်းက ပစ်ထားခဲ့တာ"

နမော်နမဲ့နှင့် ဖြစ်ချင်တိုင်းဖြစ်နေသည့် ကောင်လေးထံ အတွေးရောက်သွားတော့ ပြောနေရင်းနှင့်ပင် ထိုင်နေရာမှ ထရပ်လိုက်၏။ sehun ခေါင်းတစ်ချက်သာ ညိတ်ပြပြီး chanyeol ထွက်သွားသည်အထိ မော့မကြည့်လာဘဲ အတွေးနွံနစ်နေခဲ့၏။ တံခါးပိတ်သွားသည့် အသံနောက်တော့ အမည်မသိ အပြုံးတစ်ခုက sehun နှုတ်ခမ်းထက် ဖြစ်တည်လာခဲ့၏။

_____•°•°•°•°•

ကြာသွားတယ်မလား
တောင်းပန်ပါတယ်
ဇာတ်လမ်းက စ လယ် ဆုံး အကုန် ရနေပြီဆိုပေမယ့် သေချာအပေါက်လေးတွေ ဖာနေရသေးတာမို့ပါ။ အမှားမပါချင်လို့လည်းပါတယ် အပျင်းတစ်နေတာလည်းပါတယ် (ဇာတ်ရှိန်မတက်သေးလို့ပါ xD)

ဒီအပိုင်းက ပုံတွေက ကိုယ့်စိတ်ကူးနဲ့ကိုက်တဲ့ တချို့ပုံတွေကို ယူသုံးထားတာအပြင် တချို့ပုံတွေကြောင့် စိတ်ကူးရတာဖြစ်ကြောင်း ဝန်ခံပါတယ် ။
နားမလည်တာရှိ မေးလို့ရပါတယ်ရှင့် ရှုပ်မှာစိုးလို့ ဖြည်းဖြည်းချင်းပဲ ရှင်းပါ့မယ် XD

×××××

Zawgyi

မနက္ခင္း ေရာင္ျခည္ေနြးေနြးက အခန္းထဲျဖန္႔က်က္ေနေသာ္ျငား ေအးစက္မႈကိုေတာ့ မလႊမ္းမိုးႏိုင္။

အထပ္ထပ္ထုပ္ကာ ၿခံဳထားသည့္ ေစာင္ကို ပိုမိုဆြဲယူလိုက္ရင္း မ်က္လံုးျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။ ေနပင္ထိုးေနၿပီဆိုေတာ့ကား ေတာ္ေတာ္ေနာက္က်ေနေလာက္ၿပီ။ မေန့ညက အနာဒဏ္ေၾကာင့္ အိပ္မရသည္ႏွင့္အတူ စာထိုင္လုပ္ေနသည္မွာ အခ်ိန္ေတာ္နက္သြားသည္မို႔ ယခုသည့္တိုင္ မ်က္လံုးေသခ်ာမဖြင့္ႏိုင္ေသး။

ေဘးနားရိွ ဖုန္းကို စမ္းတဝါးဝါးျဖင့္ လိုက္ရွာရင္း ထိမိေတာ့ ေအးစက္ေနသည့္မ်က္ႏွာျပင္ေၾကာင့္ ပင့္သက္ရိႈက္မိသည္။ ဖုန္းဖြင့္ၾကည့္ေတာ့ ၉ နာရီ ဟူသည့္အခ်ိန္က ေတာ္ေတာ္ေနာက္က်ေနၿပီ ျဖစ္ေၾကာင္း ျပသေနသည္။

မေန့ကတည္းက ဂေယာင္ဆူးကို ႀကိဳေျပာခဲ့သည္မို႔ ေနာက္က်လည္း ျပႆနာေတာ့မရိွ။ ဖုန္းမ်က္ႏွာျပင္ ေအးစက္စက္ႏွင့္ ထိေနေသာ လက္ကို ေစာင္ေအာက္ထဲျပန္ထည့္ကာ ေပါင္ႏွစ္ဖက္ၾကားၫွက္ရင္း ပူေနြးေစရန္ လံုးေထြးေနလိုက္သည္။

ခ်မ္းလြန္းသည္။

ေစာင္ၿခံဳထားသည္ကိုပင္ ဤမ်ွေလာက္ခ်မ္းေနတာ အျပင္ထြက္လ်ွင္ ပိုဆိုးႏိုင္သည္။

"အာ့"

ရုတ္တရက္ ဆစ္ကနဲ နာက်င္မႈေၾကာင့္ လက္ကိုအသာျပန္ထိန္းကာ ဒဏ္ရာမထိမိေစရန္ ေနရာတက် ထားလိုက္ရသည္။ ေတာ္ေတာ္ဒုကၡေပးတဲ့ အမည္းေကာင္။

မေစာေတာ့သၫ့္အခ်ိန္ေၾကာင့္ ျဖည္းၫွင္းစြာထရင္း ေရခ်ိဳးခန္းထဲ ဝင္လာလိုက္သည္။ ေရထိဖို႔ တြန္႔ဆုတ္မေနဘဲ တိုက္ရိုက္မ်က္ႏွာ သစ္ခ်လိုက္ေတာ့ ခ်က္ခ်င္းကိုအျမင္ၾကည္ကာ လန္းဆန္းသြား၏။ မ်က္ႏွာခ်င္းဆိုင္ရိွ မွန္ထဲျပန္ၾကည့္ေတာ့ မ်က္တြင္းေဟာက္ပက္ႏွင့္ ကိုယ့္ပံုကိုယ္ျမင္လိုက္ရသည္မို႔ တစ္ခ်က္ရယ္မိလိုက္သည္။

မားသာျမင္ရင္ ဆူၪီးမွာပဲ။

တစ္ဆက္တည္းဝင္လာသည့္အေတြးေနာက္ သက္ျပင္းခပ္သာသာ ခ်ကာ အက်ႌလဲလိုက္သည္။ လက္ရွည္ဆြယ္တာတစ္ထည္ကိုမွ အေပၚက hoodie ထပ္ကာ မာဖလာတစ္ခုလံုး စြပ္ထားေသးသည္မို႔ မ်က္ႏွာေသးေသးက ေပ်ာက္ခ်င္ေနသည္။ အိမ္ေနရင္း ေဘာင္းဘီအရွည္ကို မလဲခ်င္ေသာ္ျငား မားဆီသြားေတြ့မွာမို႔ မလဲ၍မျဖစ္။ ဂ်င္းေဘာင္းဘီသာ ဝတ္လိုက္ေသာ္ျငား ဒူးေခါင္းထိသာရိွသည့္ အတိုမို႔ ခ်မ္းသည္။ မထူးသည့္အတူတူ အေပၚကေန ခ်ည္သားေဘာင္းဘီရွည္ တစ္ထည္ပါ ထပ္စြပ္လိုက္ေတာ့သည္။

အေပၚႏွစ္ထပ္ ေအာက္ႏွစ္ထပ္ျဖစ္ေနေသာ္ျငား ေနြးေထြးသည့္ခံစားခ်က္ကို သေဘာက်သည္မို႔ ဒီဇိုင္းဘာညာ ဂရုမစိုက္မိ။ ေျခအိတ္ဝတ္ၿပီး ရႉးဖိနပ္စီးၿပီးသည္ႏွင့္ ညကတည္းက ျပင္ဆင္ထားသည့္ ေက်ာင္းလြယ္အိတ္ကို ေကာက္လြယ္ကာ ဆင္းလာလိုက္သည္။

ဆင္းလာသၫ့္တစ္ေလ်ွာက္ အဖြားကိုမေတြ့မိေသာ္ျငား ေအာက္ေရာက္ေတာ့မွ ျပတင္းေပါက္နားတြင္ ထိုင္ေနေသာ အဖြားက မနက္စာပင္စားေနၿပီ။

"ေနာက္က်လွခ်ည္လား"

တစ္ခြန္းသာ ဆိုသည့္အဖြားက ညက ေစာေစာအိပ္ဟူေသာ အမိန္႔ကို မလိုက္နာေသာအမႈျဖင့္ အၾကည့္တြင္ဓားပါေနသည္။ baekhyun ခ်က္ခ်င္းပင္ ၿပံဳးကာတံု႔ျပန္လိုက္သည္။

"ဒီေန့ မားေမြ့ေန့ေလ ၊ အဲ့ဒါေၾကာင့္ပါ ဖြားရဲ့"

ဆိုေတာ့မွ အၾကည့္က အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားသည္။ baekhyun တစ္ခ်က္သာ ၿပံဳးျပရင္း ထြက္လာလိုက္သည္။ ဒီတစ္ခါေတာ့ အေနာက္ကို သိသိသာသာ လွည့္ၾကည့္လိုက္ေသာ္ျငား ထူးဆန္းသည့္ သဏၭာန္တစ္ေယာက္မွမရိွသည္မို႔ စိတ္ေအးသက္ျပင္းခ်လိုက္မိသည္။

လမ္းထိပ္ေရာက္သည္ႏွင့္ ၂၄ နာရီဖြင့္သည့္ စတိုးဆိုင္ေလးထဲဝင္ကာ onigiri ေလး တစ္ထုပ္ႏွင့္ ေရတစ္ဗူးေလာက္ ဝယ္လိုက္သည္။ လမ္းတြင္ဗိုက္ဆာလ်ွင္ စား၍ရလိုရျငား ဝယ္လာေသာ္ျငား အိပ္ရာထေနာက္က်ျခင္းအက်ိဳးဆက္ျဖင့္ ဗိုက္ကခုကတည္းက ဆာေနၿပီ။

မွတ္တိုင္ေရာက္သည္ႏွင့္ ေနထိုးေနသည့္အျခမ္းတြင္ တမင္ေရြးထိုင္ကာ ေနပူစာလႈံရင္း onigiri ေဖာက္စားသည္။ တစ္ထုပ္တည္းေပမယ့္ ေရႏွင့္ပါဗိုက္ျဖည့္လိုက္သည္မို႔ ေန့လည္အထိ အဆာခံႏိုင္သည္။ အိတ္ကပ္ထဲက ဖုန္းထုတ္လိုက္သည့္အခိုက္ ကြက္တိပင္ တုန္ခါလာေသာေၾကာင့္ contact name ၾကည့္လိုက္ေတာ့ ဂေယာင္ဆူး။

ဆြဲကိုင္လိုက္သည္ႏွင့္ တစ္ဖက္ကအသံထြက္လာ၏။

"ဒီေန့ မင္းအေမဆီသြားမလို႔ဆို"

baekhyun ျပန္ေျဖ၏။

"အင္း ငါခုမွမွတ္တိုင္မွာ"

တစ္ဖက္က ခပ္ဆူဆူအသံထြက္လာ၏။

"၁၀ နာရီေတာင္ထိုးေနၿပီ ခုမွသြားတယ္ ? မင္း တမင္ အခ်ိန္ပုပ္ေအာင္လုပ္ေနတာလား"

အနားမွာမရိွေသာ္ျငား အက်င့္ပါေနသည့္ မသိစိတ္၏ေစ့ေဆာ္မႈေၾကာင့္ baekhyun လည္ဂုပ္ေလးပုဝင္သြား၏။

"မဟုတ္ပါဘူး ငါညကစာလုပ္တာညနက္သြားလို႔"

အမွားပါေနသည့္ အသံတိုးတိုးေလးႏွင့္ တံု႔ျပန္မိေတာ့ တစ္ဖက္ကသက္ျပင္းခ်သံ က်ယ္က်ယ္ေလာင္ေလာင္ထြက္လာ၏။ baekhyun စိတ္မတိုေစရန္ ခပ္ျမန္ျမန္ ဆက္ေျပာလိုက္သည္။

"ဒါေပမယ့္ အသြားအျပန္ ဘယ္ေလာက္မွမၾကာပါဘူး ငါေန့လည္ေလာက္ေတာ့ ေက်ာင္းေရာက္ဖို႔မွီပါတယ္"

အေျပာႏွင့္အတူ လက္ကနာရီငံု႔ၾကည့္လိုက္ေတာ့ ၁၀ နာရီ ထိုးခါနီးအခ်ိန္။ သြားရမွာ ၿမိဳ႔ျပင္နားထိမို႔ ကားေပၚ၌ပင္ ၁နာရီေက်ာ္ေလာက္ထိ အခ်ိန္ကုန္ရမွာ ျဖစ္သည္။ ေသခ်ာတြက္ခ်က္ၿပီးသည့္ေနာက္ ေရာက္ႏိုင္သည့္အခ်ိန္က ၂ နာရီေလာက္။ မွီပါ့မလား။

"မမွီလည္းမင္းျပန္ရဖို႔ မစဥ္းစားနဲ႔ ၊ စာေမးပြဲကျဖင့္နီးေနၿပီ"

"အင္းပါ အင္းပါ"

"ေရာက္ရင္ဖုန္းဆက္ၪီး"

"အင္းပါ အေဖရယ္"

​အနားမွာမရိွလို႔သာ ေျပာရဲျခင္းျဖစ္သည္။ တစ္ဖက္က ေအာ္ေဟာက္သံ ထြက္လာဆဲဆဲတြင္ baekhyun အျမန္ပင္ ဖုန္းခ်လိုက္ေတာ့သည္။ အပိုးမသတ္ႏိုင္သည့္ အၿပံဳးျဖင့္ ဖုန္းကိုအိတ္ထဲျပန္ထည့္လိုက္သည့္အခိုက္ ကြက္တိပင္ ေရာက္ခ်လာေသာ ဘက္စ္ကားက ေက်ာင္းသြားခ်ိန္ထက္ အနည္းငယ္ေနျမင့္ေနၿပီမို႔ သိသိသာသာ ေခ်ာင္ေနသည္။ စိတ္ေက်နပ္စြာပင္ တက္လာလိုက္ရင္း တစ္နာရီေက်ာ္ၾကာသည့္ ခရီးကိုစတင္ရ၏။

ေရာက္ခါနီးမွပဲ မားအတြက္ လက္ေဆာင္ဝယ္ၪီးမွ။

________

ပတ္ပတ္လည္ အပင္ႀကီးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေတာအုပ္က စိမ္းစိုေတာက္ပေနေသာ္ျငား chanyeol အတြက္ေတာ့ ေနာက္ဆံုးတစ္ေခါက္ ေရာက္တုန္းကထက္ပင္ မႈန္မိႈင္းသြားသေယာင္။

မိုးထိလုနီးပါး ထင္ရေလာက္ေအာင္ ျမင့္ျမင့္မားမား တည္ရိွေနေသာ သစ္ပင္ႀကီးမ်ားက အစီအစဥ္တက်မရိွ။ ေျခတစ္ခ်က္လွမ္းတိုင္းမွာ ျမက္ရွည္တို႔ႏွင့္ ထိခတ္သံက တိတ္ဆိတ္ၿငိမ္သက္ေနေသာ ေတာအုပ္အတြင္း သိသိသာသာက်ယ္ေလာင္ေနၿပီး အႏၲရာယ္ေတြကို ဖိတ္ေခၚေနသည့္အလား။ chanyeol သည္မူ ဂရုမစိုက္သည့္အလား ေျခလွမ္းတိုင္းက ပ်င္းရိပ်င္းတြဲ႔။ ပတ္ပတ္လည္မွ စပ္စပ္စုစု အသံေသးေသးေလးမ်ား ထြက္လာသည္ကို အတိုင္းသားၾကားေနရသည္။

တိုးတိုးတိတ္တိတ္ အသံေလးမ်ားၾကားက အမ်ားစုသည္ကား ဘယ္သူလဲ ဘယ္သူလာတာလဲ ဟူေသာ ေမးခြန္းမ်ားျဖင့္သာ ျပည့္ႏွက္လ်က္ ခ်ံဳ႔ပုတ္ေလးမ်ားအတြင္းမွ အလ်ိဳလ်ိဳေခ်ာင္းၾကည့္ၾကသည္။ လာသည့္သူကား chanyeol ဟူသည္ကို သိၾကသည္ႏွင့္ အသံေတြတိတ္က်ကာ အၿမႇီးပါမခ်န္ ေျပးပုန္းၾကကုန္၏။။

တရားမ်ွတမႈ ဆိုတာမရိွသည့္ ေတာအုပ္အတြင္း သားရဲတစ္ေကာင္ကို သားေကာင္ေတြက ခိုက္ခိုက္တုန္ေအာင္ ေၾကာက္ၾကတာမဆန္း။ chanyeol လို သားရဲမ်ိဳးဆို သားေကာင္မဆိုႏွင့္ သားရဲအခ်င္းခ်င္းပင္ စကားထဲပင္ ထည့္ေျပာဖို႔ မရဲၾကသည္အထိ အရိွန္အဝါကႀကီးသည္။

ဤမ်ွေလာက္ ႀကီးျမတ္သည့္ ပုဂၢိုလ္ကို ဟိုလတ္ေတာက္ေလာက္ ကေလးသာသာေကာင္ေလးက တင္ပါးကို ေစာ္လႊတ္လိုက္သည္။ အခုထိ တင္ပါးက လက္ဝါးရာကို ခံစား၍ရေနတုန္း။

ေတြးမိလိုက္တိုင္း အဆံုးမရိွ ထြက္လာသည့္ေဒါသေၾကာင့္ ေလထုဖိအားက ပိုမိုတင္းက်ပ္လာကာ ေဘးကေလတိုက္သံမ်ားကအစ ေအးစိမ့္လာေစသည္။ ပုန္းခိုေနရသည့္ အေကာင္ေလးမ်ားသည္ပင္ အသက္ဝံ့ဝံ့မရႉရဲၾကသည္အထိ။

ခပ္ဖြဖြ ေျခလွမ္းတိုင္းမွာ ျမက္ရွည္မ်ားႏွင့္ ထိခတ္သံကလြဲ၍ ေျခသံဟူသည္ မၾကားရ။ ေျခသလံုးအလယ္ေလာက္ထိ ေပါက္ေရာက္ေနေသာ ျမက္မ်ားက ေတာနက္မႈ၏ ျပယုဂ္။ ျဖည္းျဖည္းခ်င္း နက္ေမွာင္လာေသာ ေတာက ေပ်ာက္ကြယ္သြားေသာ ေနေရာင္ေၾကာင့္မဟုတ္ဘဲ ထူထပ္လာေသာ သစ္ပင္ႀကီးမ်ားေၾကာင့္သာ။ သြားရသည့္ လမ္းသည္လည္း တျဖည္းျဖည္း အေကြ့အေကာက္ မ်ားသထက္မ်ားလာၿပီး ျမက္ေတြကလည္း ေလမတိုက္ပါဘဲ ဘယ္ညာယိမ္းလ်က္ ဝင္လာသမ်ွလူကို အႏၲရာယ္ေပးႏိုင္သည္အထိ အရိုင္းဆန္လာသည္။

စပ္စပ္စုစု အသံေသးေသးေလးမ်ားအျပင္ အပင္ႀကီးမ်ားအေပၚကပါ အသံတခ်ိဳ႕ က်ယ္က်ယ္ေလာင္ေလာင္ ၾကားလာရသည္။ သာမန္ ေတာတြင္းအေကာင္တခ်ိဳ႕ ေအာ္ဟစ္သံမ်ားဟုသာ သတ္မွတ္၍ရေသာ္ျငား အလံုးစံုနားလည္ေနေသာ chanyeol ဖို႔ ဤအသံေတြက အာရံုေနာက္ေစသည္။

မ်က္ခံုးေတြတြန္႔ခ်ိဳးရက္သားျဖင့္ က်စ္ တစ္ခ်က္ က်ယ္က်ယ္ေလာင္ေလာင္ စုပ္သတ္လိုက္ေတာ့ တမဟုတ္ခ်င္း တိတ္က်သြားၾကျပန္သည္။ ေဒါသထြက္ေနတာ တျခားသူအေပၚ မပံုက်မိေအာင္ ထိန္းသိမ္းထားရတာ လြယ္သည္မဟုတ္။

ရုတ္တရက္ ေျပးလႊားလာသည့္ အသံတစ္သံက အေဝးတစ္ေနရာကေန နီးကပ္လာၿပီးေနာက္ chanyeol လက္ေမာင္းတစ္ဖက္က တစ္စံုတစ္ေယာက္၏ ဖက္တြယ္ျခင္းကို ခံလိုက္ရ၏။

"oppa ! chanyeol oppa ! ေနာက္ဆံုးေတာ့ ေရာက္လာၿပီေပါ့ ၊ တကယ္ပါပဲ ေနႏိုင္ရက္လိုက္တာ သမီးဘယ္ေလာက္ေတာင္ ေမ်ွာ္ေနရလဲ သိလား !"

အေမာပင္မေျဖႏိုင္ ခ်က္ခ်င္းပင္ ပြစိပြစိ ဆိုလာေသာ ေကာင္မေလး အသံက ခုနက အေကာင္ပေလာင္ေတြ အသံထက္ပင္ chanyeol ကို အာရံုေနာက္ေစေသာ္ျငား မၾကားခ်င္ေယာင္သာ ေဆာင္ေနလိုက္သည္။ သူမအေဖႏွင့္ ရင္းႏွီးသမႈရိွေသာေၾကာင့္ နီးနီးကပ္ကပ္ ေနခြင့္ရထားျခင္းျဖစ္သည္ကို ထိုေကာင္မေလးကလည္း အက်ိဳးရိွရိွ အသံုးခ်သည္။

ထိုစကားကို ဆိုၿပီးသည္ႏွင့္ chanyeol အနားကို ကပ္ႏိုင္သည့္ တစ္ၪီးတည္းေသာ သူဟန္ ပတ္ပတ္လည္ကို ဂုဏ္ယူဝံ့ႂကြားသည့္ အၾကည့္မ်ားပို႔ေသးသည္။

"လာမယ္ဆိုလည္း ႀကိဳေျပာတာမဟုတ္ဘူး oppa ကလည္း ဒီေနရာက ဘယ္ေလာက္အႏၲရာယ္မ်ားလဲသိရဲ့လား oppa သာ တစ္ခုခုထိခိုက္သြားရင္ သမီးရင္က်ိဳးရမွာ !"

အရြယ္ႏွင့္မလိုက္ေအာင္ တတ္လြန္းသည့္ အပိုစကား ေထာင္ေသာင္းေပါင္း ၾကားမွ တစ္ခြန္းသာ နားထဲကန္႔လန္႔ဝင္လာသည္။

တစ္ခုခု ထိခိုက္သြားရင္ ?

ငါက ?

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

ေလသံက အထင္ေသးျခင္းအျပည့္။ ေမြးကတည္းက ဤသို႔ေနရာေတြမွာ ႀကီးျပင္းခဲ့သည့္ chanyeol ဖို႔ အႏၲရာယ္ဆိုသည္ကား chanyeol ကိုယ္တိုင္ပဲ ျဖစ္လိမ့္မည္။ chanyeol စကားကို ထိုကေလးမက ႏႈတ္ခမ္းဆူၿပီးသာ တံု႔ျပန္လိုက္ၿပီး အသံထပ္မထြက္ေတာ့။ သိသိသာသာ စိတ္ေကာက္ေၾကာင္း ျပေနသည္ကို သိေသာ္ျငား နားေအးသြားသည္မို႔ ေခ်ာ့ဖို႔စိတ္မကူးပါ။ ေခ်ာ့ရျပဳရအလုပ္ဆိုသည္ကလည္း chanyeol ႏွင့္မကိုက္သည့္အျပင္ စိတ္မဝင္စားသည္မို႔။

ေဘးပတ္ဝန္းက်င္က ပို၍ပင္ တျဖည္းျဖည္း နက္ေမွာင္လာ၏။ ခ်ံဳပုတ္ထဲမွ မ်က္လံုးအလင္းေရာင္ တလတ္လတ္ေလးမ်ားကိုပါ ျမင္ေနရသည္အထိ နက္ေနၿပီျပီျဖစ္သည္။ သိသိသာသာ ေတာထူလာေသာ​ေၾကာင့္ ေဘးကလက္ေမာင္းကိုဆြဲကိုင္ထားျခင္းက ပိုတင္းက်ပ္လာသည္။ Chanyeol စိတ္ရႈပ္ေသာ္ျငား မပယ္ခ်ရက္။ ဒီကေလးမ အေစာင့္ေတြကိုေက်ာ္ၿပီး ဘယ္လိုမ်ားဒီအထိ ေရာက္လာသလဲဆိုသည္ကိုသာ ကူကယ္ရာမဲ့စြာ ေတြးမိသည္။ အခက္မသင့္လ်ွင္ ထိုျပႆနာက chanyeol ေခါင္းေပၚက်လာမည္စိုး၍သာ။

အလုပ္ကိုရႈပ္သည္။

ပတ္ပတ္လည္ နက္ေမွာင္ကာ ႏြယ္ပင္တို႔ျဖင့္ ဝန္းရံထားသည္မို႔ အေမွာင္နံရံကပို၍ထူထပ္လာေသာ္ျငား ခရီးေရာက္ေတာ့မည္မို႔ chanyeol အေရ႔ွကိုသာ အာရံုစိုက္ ၪီးတည္ထားသည္။ သို႔ေသာ္ျငား ေဘးနားက မိုးက်ေရႊကိုယ္ကေလးမသည္ကား စိတ္ပ်က္မႈအေပါင္းခေညာင္းသည့္ ေလသံတို႔ျဖင့္ ညည္းၫူေနၿပီ။

"ဒီအဆင့္နိမ့္ေနရာေတြက တကယ္ကို !! ညစ္စုတ္ေနတာပဲ !"

chanyeol ဂရုမစိုက္ပါ။ မည္သူ႔ေစခိုင္းခ်က္မႈမပါဘဲ သူ႔ေျခေထာက္ႏွင့္သူလာျခင္းျဖစ္သည္ ၊ ျပန္ေတာ့လည္း သူ႔​ေျခေထာက္ႏွင့္သူသာ ျပန္တတ္ရမည္ပင္။

"oppa ေနာက္တစ္ခါ ဒီလမ္းကေနမလာနဲ႔ သိလား oppa က ဒီေျမေပၚ ေျခခ်ဖို႔ေတာင္မတန္ဘူး !"

ပတ္ပတ္လည္က ပ်ံ့ဝဲေနသည့္အေကာင္တခ်ိဳ႕ကို ရိုက္ခါရင္း ေျပာသည့္စကားလံုးမ်ားကို chanyeol နားထဲမထည့္။ chanyeol သာ အပင္ပန္းမခံခ်င္လ်ွင္ မ်က္စိတစ္မိွတ္အတြင္း လိုခ်င္သည့္ခရီးေရာက္ေအာင္ လုပ္ႏိုင္သည္။ တမင္တကာ အေခၚလႊတ္သည္မို႔ မည္သည့္ျပႆနာမ်ား ျဖစ္သလဲ ၾကည့္ရလိုၾကည့္ရျငား တမင္ဒီေနရာမွ ေရြးလာျခင္းျဖစ္သည္။ ထူးထူးျခားျခားေတာ့မရိွေသာ္ျငား အပင္တစ္ခ်ိဳ႕ ​တစ္ကြက္လိုက္စီ အစုလိုက္ေသေနသည္။ အမ်ိဳးနိမ့္ေတြဆို ထူးထူးျခားျခား သတိျပဳမိမည္မဟုတ္ေသာ္ျငား ႏွစ္ရွည္ေနသည့္ အပင္ႀကီးမ်ိဳးေတြမို႔ သက္ျပင္းသာ ခပ္သာသာခ်မိေတာ့၏။

ေရ႔ွက ထူထပ္လာသည့္ ႏြယ္တခ်ိဳ႕ကိုဖယ္ခ်လိုက္ေတာ့ အလင္းေရာင္သဲ့သဲ့ဝင္လာ၏။ တစ္ဖက္က ေကာင္မေလးကေတာ့ ထိုအလင္းေရာင္ျမင္သည္ႏွင့္ ရႊင္ျမဴးကာ chanyeol ကိုပင္ ေနာက္ခ်န္ရစ္ကာ ခုန္ေပါက္လ်က္ ေျပးထြက္သြားေတာ့၏။

ႏြယ္တို႔ကုန္ဆံုးသြားသည္ႏွင့္ အစုလိုက္အၿပံဳလိုက္ ဝင္ေရာက္လာေသာ အလင္းေရာင္ေၾကာင့္ chanyeol လက္ဖမိုးျဖင့္ ကာလိုက္ရသည္။

ေဝ့ဝဲတိုက္ခတ္သြားေသာ ေလတစ္ျဖတ္က စိမ္းရႊင္ရႊင္အနံ႔တစ္မ်ိဳးကို သယ္ေဆာင္လာၿပီး အသက္ရႈက်ပ္ေနသည္ကို ေလ်ာ့ပါးသြားေစသည္။ အသက္ကို ခပ္သာသာရႉထုတ္ကာ အေနာက္လွည့္ၾကည့္လိုက္ေတာ့ chanyeol ထြက္လာသည့္ ႏြယ္ပင္ေတြၾကားဝင္ေပါက္က အလံုပိတ္နံရံတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီျဖစ္သည္။

"oppa ! လာေလ"

ဇာအနားတြန္႔မ်ားျဖင့္ ဝန္းရံသည့္ ပန္းေဖ်ာ့ေဖ်ာ့ ဂါဝန္အႀကီးႀကီးကို မႏိုင္မနင္းမကာ ေျပးလႊားေနရင္း chanyeol ကို လွမ္းေခၚသည္။ ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ေတာ့ မိုးေကာင္ကင္ထိလုမတတ္ ျမင့္မားစြာတည္ရိွေနသည့္ Chanyeol တို႔ အေခၚအေဝၚ စံအိမ္ဟူသည္ကို ျမင္ရသည္။

အေရာင္စံုေသာ ပန္းႏြယ္ပန္းခက္တို႔ျဖင့္ ဖံုးလႊမ္းကာ ေဟာင္းႏြမ္းေနသည့္ဟန္ အေဆာက္အဦႀကီးက ပ်က္စီးယိုယြင္းေနသည့္ နန္းေတာ္တစ္ခုအလား ထင္ရေသာ္ျငား ၄၏ထည္ဝါမႈကိုေတာ့ မဖံုးကြယ္ႏိုင္ရကား ျမင္ရသူတိုင္းကို အသက္ရႉရပ္ေစသည္အတိ။ လြင့္ေျမာေနသၫ့္ တိမ္တိုက္တို႔ကိုပင္ ေဖာက္ထြက္သည္အထိ ျမင့္မားစြာတည္ရိွေနၿပီး အဆင့္ျမင့္ပုဂၢိုလ္မ်ားပင္ အလြယ္တကူ အနားမကပ္ႏိုင္သည့္ အရိွန္အဝါတို႔ကိုလည္း ထုတ္လႊတ္ေနေသး၏။ ကုန္ကုန္ဆိုရလ်ွင္ စံအိမ္ ဟူေသာ ေဝါဟာရႏွင့္ မည္သို႔မွမအက္စပ္သည္အထိ အဆင့္အတန္းျမင့္လြန္းသည္။

ျမင့္မားစြာတည္ရိွေနေသာ သဏၭာန္ေၾကာင့္သာ မည္သည့္ေနရာက ၾကည့္ၾကၫ့္ ျမင္ရျခင္းျဖစ္ၿပီး အနားေရာက္ရန္ သြားရမည့္လမ္းကရွည္ေသးသည္။ အဆင့္နိမ့္နယ္ေျမႏွင့္ သိသိသာသာ ကြာျခားေနေသာ ဤေနရာ၏ သန္႔ရွင္းစိုေျပေနမႈက အဆင့္အတန္းမည္မ်ွပင္ ခြဲျခားထားေၾကာင္း သိသာေနသည္။

ေျခလွမ္းတို႔ကို စတင္လိုက္ေတာ့ မၾကာခင္ေလးတင္မွ ေတာထဲ ထိေတြ့ခဲ့ရသည့္ ျမက္ရိုင္းတို႔ႏွင့္ ကြဲလြဲစြာပင္ ေသေသသပ္သပ္ ရိတ္ထားသလားထင္ရေလာက္ေအာင္ ဝပ္ေနသည့္ ျမက္တခ်ိဳ႕က ေျခေထာက္ေအာက္တြင္ရိွသည္။ တစ္စံုတစ္ေယာက္ ဝင္လာသည္ကို ခံစားမိပံုရသည့္ ပန္းပြင့္တခ်ိဳ႕က ေမာ္ႂကြားဝံ့ခ်ီလာၿပီး ပန္းေရာင္ဝါဝန္ျဖင့္ ကေလးမငယ္ေလးအား အေဖာ္ျပဳေနၾကသည္။

ခပ္လြင့္လြင့္တိုက္ခတ္ေနေသာ ေလေျပသဲ့သဲ့က စိတ္ကိုေအးခ်မ္းေစၿပီး ေရာက္လာသူတိုင္းကို ျပန္မထြက္သြားခ်င္ေလာက္ေအာင္ ဆြဲေဆာင္သည္။ ျပင္ပတြင္ေတြ့ခဲ့ရသည့္ ႏွစ္ရွည္အပင္ႀကီးမ်ားထက္ ႏွစ္ဆပိုႀကီးက်ယ္သည့္ အပင္ႀကီးတခ်ိဳ႕က ေနရာကြက္ၾကား ျမင့္မားစြာတည္ရိွေနၿပီး ေအးခ်မ္းသည့္အရိပ္အာဝါသကို ေပးစြမ္းသည္။

အတန္ၾကာ ေလ်ွာက္လွမ္းလာၿပီးသည့္ေနာက္ အလ်ားက်ယ္ျပန္႔လွသည့္ ခပ္ႏြမ္းႏြမ္း ေက်ာက္ေလွကားထစ္ရွည္တစ္ခုကို ေတြ့ရသည္။ ထိုကေလးမကေတာ့ ေလွကားေလး ဆယ္ထစ္ေလာက္ကို တက္ရမည္ပ်င္းသည့္အလား မ်က္ေတာင္တစ္ခတ္အတြင္း ခ်က္ခ်င္းပင္ အေပၚကိုေရာက္သြားကာ chanyeol ကို လက္တစ္ဖက္ ေျမႇာက္လ်က္ေဝ့ယမ္းျပေနသည္။ ခပ္ျမန္ျမန္လာရန္ ဟန္ျပေနသည့္အလား။ chanyeol ေအးေဆးတက္လာသည့္ တစ္ေလ်ွာက္ chanyeol တို႔ႏွင့္ အလားတူ တျခားသြားလာေနသူတို႔လည္း ရိွလာ၏။ အမ်ားစုသည္လည္း မိမိအာရံုႏွင့္ မိမိျဖစ္ၾကကာ chanyeol တို႔အေပၚ မည္သူကမွ အေရးတယူျပဳမူမေနၾက။

အေပၚကိုေရာက္သည္ႏွင့္ ထံုးစံအတိုင္း chanyeol လက္ေမာင္းတစ္ဖက္ကို အားအျပည့္ျဖင့္ ဖက္တြယ္ခ်ျပန္၏။ ေလွကားအေပၚေရာက္ေရာက္ခ်င္းပင္ ေတြ့ရသၫ့္ က်ယ္ျပန္႔လွေသာ ေလ်ွာက္လမ္းတစ္ခုထံ ၪီးတည္လိုက္သည္။ ေဘးပတ္လည္ကို ႏွစ္ရွည္သစ္တစ္ပင္ကိုယ္ထည္မ်ွ ႀကီးမားလွသၫ့္ တိုင္လံုးမ်ားျဖင့္ ဝန္းရံထားၿပီး အထက္တြင္ အခံုးသဏၭာန္ မိုးအကာအရံတစ္ခုျဖင့္ အုပ္မိုးထားသည္။ ေျခေထာက္ေအာက္တြင္ေတာ့ ထူးျခားမနား ႏူးညံ့သည့္ျမက္ခင္းတစ္စံုျဖစ္ၿပီး ေသးေသးမႊားမႊား ပန္းပင္ငယ္တခ်ိဳ႕လည္း ေပါက္ေရာက္ေနေသးသည္။

ေလ်ွာက္လမ္းမွ ဝင္ေပါက္နားနီးကပ္လာသည္ႏွင့္ ေဘးနားက လက္ေမာင္းကိုျဖစ္ၫွစ္ထားသည္က ပိုမိုတင္းက်ပ္လာသည္။ chanyeol စကားစလိုက္သည္။

"ဘယ္အခ်ိန္ကတည္းက ခိုးထြက္လာလဲ"

chanyeol အသံကို ၾကားလိုက္ရသည္ႏွင့္ တေလာတႀကီးတုန္႔ျပန္၏။

"ေန့လည္ေလာက္ကမွပါ ၊ oppa လာမယ္ ဆိုတာၾကားလို႔"

စကားေလသံထဲတြင္ သူ႔ကိုယ္သူ အမွတ္ရေစရန္ ဂုဏ္ေဖာ္ေျပာလာသည္ကို chanyeol မယံု။

"ငါအဲ့က လာမယ္ဆိုတာ ဘယ္လိုလုပ္ႀကိဳသိေနတာလဲ"

ခဏၾကာသည္အထိ ေအးခဲသြားၿပီးမွ ပလံုးပေထြး တံု႔ျပန္၏။

"sehun oppa ေျပာတာၾကားလိုက္လို႔"

chanyeol ထိုလမ္းက လာမည္ျဖစ္ေၾကာင္း sehun ကို မေျပာထားခဲ့။ ေပါက္ကရအေျဖတို႔အား အခက္အခဲမရိွ ပါးစပ္ထဲထြက္သလို ေျပာေနေသာ ကေလးမကို ငံု႔ၾကည့္လိုက္ေတာ့ နဖူးတစ္ဝိုက္တြင္ ေခြၽးစတို႔သီးေနသည္။ ကြက္တိပင္ ျမင့္မားလွသည့္ ဝင္ေပါက္ေရ႔ွေရာက္သည္ႏွင့္ chanyeol လက္ကို လႊတ္ခ်ကာ သနားစဖြယ္ ေမာ့ၾကည့္လာ၏။

"oppa ဆက္သြားလိုက္ေတာ့ေနာ္ သမီးလုပ္စရာေလးရိွေသးလို႔"

ေျပာၿပီးသည္ႏွင့္ လွည့္ထြက္ရန္ျပင္ခိုက္ chanyeol ေရ႔ွတည့္တည့္မွ အသံတစ္ခုထြက္လာ၏။

"ေဟ့ ! မင္း ! ေနာက္ဆံုးေတာ့ေတြ့ၿပီ !"

ထိုမ်ွေလာက္ ေအာ္ရံုသာရိွေသး၊ ထိုကေလးမ ဂါဝန္ႀကီးမကာ သုတ္ေျခတင္ေျပးၿပီျဖစ္သည္။ ခ်က္ခ်င္းေျပးလိုက္ဟန္ ျပင္သည့္ အေစခံက မမွီေတာ့သည္ကို သိသည္ႏွင့္ ႀကိတ္မႏိုင္ခဲမရျဖစ္ကာ လိုက္မဖမ္းေတာ့ဘဲ chanyeol ကို အရိုအေသေပးလာ၏။ chanyeol ေမးလိုက္သည္။

"ဘာေတျြဖစ္ေနတာလဲ"

chanyeol စကားကိုၾကားလိုက္ရသည့္ ထိုလူငယ္က ပင္ပန္းသည့္ႏွယ္ သက္ျပင္းခ်ကာ ညည္းသလိုတိုင္တန္းလာ၏။

"မိန္းကေလးသာေျပာတာ ထိန္းမႏိုင္ပါဘူးဗ်ာ၊ မနက္အေစာႀကီးတည္းက ေပ်ာက္သြားလိုက္တာ ေျခရာေတာင္မျမင္လိုက္ရဘူး သူ႔အေဖကလည္း အစိုးရိမ္လြန္ၿပီး စံအိမ္တစ္ခုလံုး ​ေျမလွန္ရွာခိုင္းထားတာ ခုမွအျပင္ကျပန္လာတာ သိလို႔ကေတာ့ ဟိုကေဒါသနဲ႔ မိုးမီးေတာက္ၪီးမယ္"

chanyeol ေခါင္းသာခါမိေတာ့သည္။ ထိုမိသားစုက တကယ္ကိုထိန္းမႏိုင္ပါ။ အင္း၊ ေျမေခြးဆိုေတာ့လည္း။ ဒါေတာင္ မိန္းကေလးတစ္ေယာက္က အသာထား၊ စံအိမ္တစ္ခုလံုး လက္ေျမႇာက္ထားရသၫ့္ အႁမြွာသံုးေကာင္က်န္ေသးသည္။

"သခင္ေလးရိွလား"

"မေန့ကတည္းက ေရာက္ေနပါတယ္"

ေခါင္းတစ္ခ်က္သာ ညိတ္ျပၿပီးသည္ႏွင့္ ဝင္လာလိုက္သည္။ မည္သည့္ ထူးထူးျခားျခားမွ မရိွသည္မို႔ စံအိမ္တစ္ခုလံုး တိတ္ဆိတ္ေျခာက္ကပ္ကာ တိတ္တဆိတ္သြားလာလႈပ္ရွားေနၾကေသာ အေစခံတခ်ိဳ႕ေျခသံမ်ားသာ ၾကားေနရသည္။

ႀကီးမားလွသည့္ မီးဆိုင္းတို႔က အျပည့္အဝမထြန္းလင္းဘဲ စံအိမ္ေအာက္ထပ္အား အလင္းေရာင္ခပ္သဲ့သဲ့ ရရံုေလာက္ေထာက္ပံ့ထားသည္။ ပတ္ပတ္လည္ အျမင့္ပိုင္းနံရံမ်ားတြင္မူ ေဆးေရးပန္းခ်ီတို႔ႏွင့္ ျခယ္သထားေသာ္ျငား ေဟာင္းႏြမ္းေနၿပီး ပံုပန္းသဏၭာန္ကြဲကြဲျပားျပား မျမင္ရ။

အနည္းငယ္ေလ်ွာက္လာၿပီးသည္ႏွင့္ မ်က္စိတစ္ဆံုး က်ယ္ျပန္႔လွသည့္ ေလွကားကိုျမင္ရၿပီး လက္ဝဲဘက္ႏွင့္လက္ယာဘက္ တစ္ခ်က္စီကို တခမ္းတနားခြဲထြက္သြားသည္။ အျပင္ပန္း ေဟာင္းႏြမ္းေနသည့္ အရိပ္အေယာင္တို႔ႏွင့္ ယွဥ္လ်ွင္ အတြင္းပိုင္း ထိုေလွကားကပင္ အေတာ္အတန္ သစ္လြင္လွပေန၏။ ေျပာင္လတ္ေတာက္ပေနျခင္း မရိွေသာ္ျငား အေစခံတို႔၏ ေန့စဥ္သန္႔ရွင္းေပးမႈေၾကာင့္ အေရာင္ေတာ့မမိွန္ေသး။

ေလွကားတည့္တည့္ထံ မသြားဘဲ ခန္းမထဲကေနတစ္ဆင့္ အေနာက္ဘက္ထဲ ဆက္ေလ်ွာက္လာလိုက္သည္။ sehun ဆီ သြားရန္ ေျခလွမ္းၪီးတည္ထားေသာ္ျငား ရုတ္တရက္ မ်က္ႏွာခ်င္းဆိုင္က ေလ်ွာက္လာသည့္ တုတ္ေကာက္ႏွင့္အဖိုးအိုတစ္ၪီးကို ေတြ့လိုက္ရသည္။

chanyeol ေျခလွမ္းေတြကို အရိွန္သတ္လိုက္သည္။

ခါးကုန္းကုန္းျဖင့္ တုတ္ေကာက္အားျပဳကာ ေလ်ွာက္လွမ္းေနရေသာ္ျငား ထိုလူ၏ အၾကည့္စူးစူးတို႔က အရိွန္အဝါမေသးေၾကာင္း ျပေနသည့္ႏွယ္။ chanyeol ကိုစိုက္ၾကည့္ကာ ေလ်ွာက္လာရင္း ေရ႔ွတည့္တည့္တြင္ ရပ္လိုက္၏။တၫ့္တည့္ဆံုသည့္ မ်က္ဝန္းတို႔က chanyeol ထက္ မေလ်ာ့စြာပင္ အစိမ္းေရာင္ေတာက္ေနသည္။

"လိုက္ခဲ့"

တစ္ခြန္းသာေျပာၿပီး ထြက္သြားရာေနာက္သို႔ ေအးေဆးလိုက္ပါလာရသည္။

ရင္းႏွီးေနသည့္ အခန္းတစ္ခုအတြင္း ဝင္ၿပီးသည္ႏွင့္ တံခါးကိုအသာ ျပန္ပိတ္ရသည္။ အခန္း၏ ထိပ္ဆံုးစားပြဲခံုတြင္ ဝင္ထိုင္ၿပီးသည္အထိ chanyeol ကို ထိုင္ဖို႔ အခ်က္မျပသည္မို႔ တံခါးဝနားတြင္သာ ရပ္ေနလိုက္သည္။ မည္သည့္ စကားမ်ွမေျပာေသးဘဲ စုတ္တံကို ကိုင္ေျမႇာက္ကာ စာရြက္စာတမ္းတခ်ိဳ႕ေပၚ ေရးျခစ္ေန၏။ ေဘးတြင္ ဖေယာင္းတိုင္ တစ္တိုင္ကို ထြန္းထားၿပီး အလင္းတိမ္တိမ္ က်ေရာက္ေနေစသည္။ လင္းထိန္ေနသည့္ အျပင္ဘက္ႏွင့္ မသက္ဆိုင္စြာပင္ အလံုပိတ္ထားသည့္ ဤေနရာက လြန္စြာပင္ တိတ္ဆိတ္ေနသည္။ ႏွစ္ေယာက္ဆံုတိုင္း ပတ္ပတ္လည္ေအးစက္ေနသည့္ ေလထုက ျဖစ္ေနက်မို႔ သိပ္မထူးဆန္းသည့္အလား။ ရပ္ေနသည့္ပံုစံကလည္း သတိအေနအထားမရိွ ရိုေသမႈမရိွ။ သို႔ေသာ္ျငား chanyeol မ်က္လႊာခ်ထားသည္။ ခပ္စိပ္စိပ္ျမင္ေနရသည့္ ​သန္႔ရွင္းေနသၫ့္ စတုန္ရန္းကြက္ငယ္ ေႂကျြပားခင္းမ်ားျဖင့္ၾကမ္းျပင္ကိုသာ အေတြးတို႔လြင့္ေျမာရင္း စိုက္ၾကည့္ေနမိသည္။

တစ္ကြက္ ၊ ႏွစ္ကြက္ ။

"ဘယ္ေတြအေလလိုက္ေနလို႔ အခုမွေပၚလာတာလဲ"

အသံအေနအထားသည္ အိုစာျခင္းအလ်ဥ္းမရိွ တည္တံ့ေန၏။ တစ္ခ်က္ပင္ေမာ့မၾကည့္ဘဲ လက္ကိုအလုပ္ေပးေနရင္းျဖင့္သာ ေမးသည္။

"အေလမလိုက္လည္း ဒီမွာဘာလုပ္စရာရိွလို႔လဲ"

chanyeol စကားကို မၾကားဟန္ျပဳသည္။

"သခင္ေလးနဲ႔ေရာ အဆင္ေျပတယ္မလား"

"အင္း"

ေမးခြန္းက ေပါ့ပါးဟန္ျပေသာ္ျငား သူၾကားခ်င္သည့္ အေျဖက ဒါမဟုတ္မွန္း သိသည္။ ခက္သည္ကား chanyeol လည္း အေသးစိတ္မေျပာျပခ်င္။ chanyeol အေျဖကို စိတ္ေက်နပ္မႈမရိွသည့္အလား လႈပ္ရွားမႈအတိရပ္တန္႔ကာ မ်က္လံုးလွန္ၾကည့္လာ၏။ chanyeol စိတ္ပ်က္လက္ပ်က္သာ ဆက္ ဆိုလိုက္သည္။

"သူ႔မိတ္ဖက္ကို ေစာင့္ေရွာက္ေပးေနရတယ္ တေလာ"

chanyeol စကားအဆံုး မ်က္ခံုးတစ္ဖက္ပင့္သြား၏။

"မင္းကိုတာဝန္အႀကီးႀကီးအပ္ထားတာပဲ ၊ ေသခ်ာဂရုစိုက္ေပးလိုက္"

ေခါင္းညိတ္ေခါင္းခါပင္မျပဳ။ မ်က္လႊာခ်ထားရာမွ တစ္ခ်က္ႏွင့္ပင္ မ်က္လံုးလွန္ၾကည့္လိုက္ေတာ့ စူးရွေနသည့္မ်က္ဝန္းႏွစ္စံုက ဆံုသည္။

"ကြၽန္ေတာ္ တာဝန္လႊဲေပးေတာ့မလို႔"

ခန္႔မွန္းထားသည့္ အတိုင္းပင္ အလိုမက်မႈေၾကာင့္ သိသိသာသာ ေဖြးစြတ္ေနေသာ မ်က္ခံုးတို႔ တြန္႔ခ်ိဳးကုန္၏။

"ဘာေၾကာင့္လဲ"

"ဆႏၵအရပဲ"

chanyeol ထို ေကာင္ေလးနား ဆက္မေနခ်င္၍လည္းပါသည္။ ၄ကိစၥကို sehun ႏွင့္ အရင္ေျပာရန္ စဥ္းစားထားေသာ္ျငား ကံမေကာင္းအေၾကာင္းမလွစြာပင္ ဤအဖိုးႀကီးႏွင့္လာတိုးသည္မို႔ တိုးတိုးတိတ္တိတ္သာ သက္ျပင္းခ်မိသည္။

"မင္းဆႏၵက ဒီေနရာမွာ အေရးမပါဘူးဆိုတာ ခုထိနားမလည္ႏိုင္ေသးဘူးလား"

"ကြၽန္ေတာ္ sehun နဲ႔ ေဆြးေနြးလို႔ရ-"

"ကြၽန္တစ္ေယာက္က သခင္ကို နာမည္တပ္ေခၚပိုင္ခြင့္မရိွဘူး !!"

အမုန္းဆံုးစကားလံုးျဖင့္ ထိုးႏွက္သည္ကို မည္သည့္တံု႔ျပန္ခ်က္မ်ွ မျပဳမိေအာင္ ထိန္းလိုက္ရေသာ္ျငား တင္းတင္းေစ့ထားသည့္ ေမးရိုးတို႔ တင္းသြား၏။ အဖိုးႀကီးကေတာ့ ဆက္လက္ထိုးႏွက္သည္။

"သခင္ေလးနဲ႔ ရင္းႏွီးတယ္ဆိုတိုင္း မင္းေရာင့္တက္မေနနဲ႔ ၊ မင္းကကြၽန္ သူက သခင္ ! ေခတ္ကာလေတြ ေျပာင္းလဲလာတိုင္း မင္းျဖစ္တည္မႈက ေမွးမိွန္ေပ်ာက္ပ်က္သြားမယ္မထင္နဲ႔"

တစ္ခြန္းၿပီးတစ္ခြန္း ဆက္လက္ထိုးႏွက္ေနျခင္းကို အံႀကိတ္ထားျခင္းျဖင့္သာ အဖက္မလုပ္ဟန္ျပရသည္။ ေျပာၿပီးခဏအၾကာ ထိုင္ေနရာမွ ထလာေသာေၾကာင့္ အၾကည့္လႊဲလိုက္သည္။ အနားကို ျဖည္းျဖည္းခ်င္း ေလ်ွာက္လာကာ ေရ႔ွတည့္တည့္တြင္ ရပ္သည္။

"ဆႏၵ ? မင္းဆႏၵကို ဘယ္သူမွအဖက္မလုပ္ဘူး ၿမဲျမဲမွတ္ထား ၊ ၾကားေလခြဲမရေအာင္ ရင္းႏွီးတယ္ဆိုတိုင္း ေဆာင့္ႂကြားေနရေအာင္ ငယ္ငယ္ကလို မဟုတ္ေတာ့ဘူး"

မ်က္လႊာခ်ထားေသာ္ျငား ေျဖာင့္မတ္ေနသည့္ chanyeol ကိုယ္ဟန္အေနအထားက တစ္ခ်က္ေလးပင္ ယိမ္းယိုင္ျခင္းမရိွ။ မ်က္စိေရ႔ွရိွ တုတ္ေကာက္ထိပ္ပိုင္းတြင္ရိွသည့္ က်ားသဏၭာန္ရုပ္ေလးကိုသာ မမိွန္မသုန္ စိုက္ၾကည့္ေနမိသည္။ က်ား။

ရုတ္တရက္ တံခါးဖြင့္သံ ၾကားလိုက္ရၿပီးေနာက္ မ်က္စိေရ႔ွရိွ အဖိုးလည္းထြက္သြား၏။ ခပ္မိွန္မိွန္က်န္ခဲ့ေသာ ဖေယာင္းတိုင္တြင္ စိမ္းေတာက္ေတာက္ မီးေရာင္က ခိုေအာင္းကာ လင္းေနခဲ့၏။

မည္သူ႔ကိုမွ ၪီးမၫြတ္ခ်င္သည့္ chanyeol စရိုက္ႏွင့္ ဤေမြးဖြားမႈက မည္သို႔မွအဆင္မေျပခဲ့ပါ။ ယခုအခ်ိန္အထိ။။ စူးရွေနသည့္ မ်က္စံကို တည္ၿငိမ္ေအာင္ စိတ္ထိန္းၿပီးေနာက္ အခန္းတြင္းမွ ထြက္လာလိုက္သည္။

တံခါးကို ဖြင့္လိုက္ခ်င္းပင္ မ်က္စိေရ႔ွေရာက္ေနေသာ sehun ။

"အို ! မင္းေရာက္ေတာင္ေနၿပီလား ဖုန္းႀကိဳဆက္သင့္တယ္"

မထူးဆန္းသည့္အလား အာေမဋိတ္သံ တစ္ခ်က္ျပဳရင္း chanyeol ကို တြန္းဖယ္ကာ အခန္းထဲဝင္သြားျပန္၏။ ဤအခန္းထဲ မေနခ်င္ ဆိုကာမွ ထပ္ဝင္လာသည့္သူေၾကာင့္ တံခါးျပန္ပိတ္ရင္း လိုက္ဝင္လာရျပန္သည္။

"ဒီအခန္းထဲ ဘာကိစၥရိွလို႔လဲ"

ခုနက အဖိုးအိုထိုင္သြားသည့္ စားပြဲေရ႔ွရပ္ကာ ပစၥည္းတစ္ခ်ိဳ႕ရွာေန၏။

"တံဆိပ္တံုးတစ္ခု လိုေနလို႔"

"အေစခံေတြကို ခိုင္းလိုက္လည္းရတာပဲ"

လႈပ္ရွားေနသည့္ လက္အစံုက လိုခ်င္သည္ကို ေတြ့ေတာ့မွ ရပ္တန္႔ကာ chanyeol ထံ ၿပံဳးျပ၏။

"လမ္းႀကံဳေနလို႔လည္းပါတယ္"

Chanyeol စကားဆက္တုန္း ဆိုလိုက္သည္။

"ငါ ဟိုေကာင္ေလးကို လိုက္မေစာင့္ေရွာက္ေပးႏိုင္ေတာ့ဘူး"

မၾကာခင္ေလးတင္မွ တရားေဟာခဲ့ေသာ အဖိုးႀကီး၏ စကားမ်ားက ဘယ္နားဝင္ညာနားထြက္။ Chanyeol ေျပာၿပီးသည္ႏွင့္ sehun ျပဴးေၾကာင္ေၾကာင္ ေမာ့ၾကည့္သည္။

"ဘာျဖစ္လို႔လဲ ျပႆနာတက္လို႔လား"

chanyeol ျပန္မေျဖ။ ေနရခက္စြာပင္ အၾကည့္လႊဲလိုက္မိသည္။

"မဟုတ္မွ ? မင္းကိုဘာလုပ္လိုက္လို႔လဲ"

ေမးလာသည့္ ေမးခြန္းက နားထဲကိုးလိုးကန္႔လန္႔။ sehun ဘက္ လွည့္ၾကည့္လိုက္ေတာ့ သူသည္လည္း အလန္႔တၾကား ေမးသည့္ဟန္။

"သူက ငါ့ကို ဘာလုပ္ႏိုင္မွာမို႔လို႔လဲ ?"

တကယ္ေတာ့ လုပ္ၿပီးသြားၿပီ။

chanyeol သက္ျပင္းသာ ရိႈက္မိေတာ့သည္။

"တကယ္ပဲ တျခားတစ္ေယာက္ကို တာဝန္လႊဲေပးလို႔မရဘူးလား"

sehun မတ္တပ္ရပ္ေနရာမွ စားပြဲအနားရိွ ခံုတြင္ ဝင္ထိုင္လိုက္သည္။ မအီမသာမ်က္ႏွာေပးျဖင့္ ေမးမိေတာ့ တစ္ခ်က္ပင္ မတံု႔ဆိုင္းဘဲ အေျဖျပန္လာသည္။

"မင္းေလာက္စြမ္းအားအဆင့္ျမင့္တဲ့သူမွ ျဖစ္မွာမို႔လို႔ပါကြာ"

chanyeol ၊ sehun ကို စိုက္ၾကည့္မိလိုက္သည္။ sehun စာရြက္စာတမ္းတခ်ိဳ႕ႏွင့္ အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနသည္။

"မင္းလည္း အဆင့္ျမင့္တယ္ေလ"

"...."

sehun လႈပ္ရွားေနသၫ့္ အျပဳအမူတို႔ ရပ္တန္႔သြားသည္။ chanyeol ေနာက္မွီထိုင္ေနရာမွ ေရ႔ွသို႔ ခပ္မတ္မတ္ေျပာင္းထိုင္လိုက္ၿပီး မဆိုင္သည့္ စကားတစ္ခြန္းကို ဆြဲထၫ့္လိုက္သည္။

"ငါလာတဲ့လမ္းတစ္ေလ်ွာက္မွာ အပင္ႀကီးေတြေသေနတာ ေတြ့ခဲ့တယ္"

"တစ္ခုခုလ်ိႈ႔ဝွက္ထားတယ္မလား"

တည့္တိုးေျပာေသာ စကားေၾကာင့္ sehun မ်က္လံုးလွန္ၾကည့္ေသာ္ျငား ျငင္းဆိုျခင္းေတာ့မျပဳ။ ဟုတ္ေနသည္ပင္။ ထိုင္ခံုေနာက္ဖံုထံ မွီခ်လိုက္သည္။ မည္သည္ကို လ်ိႈ႔ဝွက္ထားသလဲ မသိေသာ္ျငား တစ္ခုေတာ့ နားလည္လိုက္သည္။ chanyeol အား ထိုေကာင္ေလးနားကို အတင္းအက်ပ္ပို႔ေနျခင္း မဟုတ္ဘဲ ဤေနရာမွ ဖယ္ရွားေနျခင္းျဖစ္သည္။

sehun အပါအဝင္ မၾကာခင္ေလးတင္မွ စကားေျပာခဲ့သည့္ အဖိုးႀကီး။ ျငင္းခြင့္လည္း chanyeol တြင္မရိွမည့္အတူတူ မ်က္စိမိွတ္ လက္ခံရံုသာ ရိွသည္။

"ေတာင္းပန္ပါတယ္"

Sehun စကားက chanyeol ကို ပို၍ၪီးေနွာက္ေျခာက္ေစသည္မို႔ ခ်က္ခ်င္းတံု႔ျပန္မိသည္။

"အစမရိွ အဆံုးမရိွ ဘာကို လာေတာင္းပန္ေနတာလဲ"

အၿပံဳးျဖင့္သာ တံု႔ျပန္ၿပီး သူ႔ကိစၥသူ အာရံုျပန္ပို႔သည္။ ကိစၥတစ္ခုေၾကာင့္။ ကိစၥတစ္ခုေၾကာင့္ေနပါလိမ့္မည္။
သံသယတို႔ မပြားခ်င္သည္မို႔ ကိစၥတစ္ခု ဆိုသည္ကို ခုတံုးအျဖစ္ အေတြးထဲဆြဲထည့္ထားရသည္။ သိသိသာသာ တိတ္ဆိတ္သြားေသာ ေလထုကို sehun က ၿဖိဳခြဲသည္။

"မင္းအားရင္ ငါ့ bar ကိုလည္း တစ္ခ်က္တစ္ခ်က္ သြားၾကည့္ေပးထားပါၪီး"

chanyeol မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

"၂၄ နာရီလံုး ဟိုေကာင္အနားကပ္ခိုင္းထားၿပီးေတာ့ ? ငါကအားမယ္မ်ားထင္ေနလား"

ဟက္ကနဲ ရယ္သြမ္းေသြးလာေသာ sehun က သူ႔စကားသူ ျပန္မရုတ္သိမ္း။ sehun ခံုအေနာက္ေပၚ မွီခ်ကာ သာမန္လ်ွံကာဆက္ေမးသည္။

"မင္းသူ႔နားဘယ္လိုမ်ား ကပ္လဲ"

"ဒီလိုပဲ အသြင္တစ္ခုခုေျပာင္းရတာေပါ့"

မ်က္ခံုးတစ္ဖက္ပင့္ျပေတာ့ chanyeol အလိုက္တသိ ဆက္ဆိုရသည္။

"ေၾကာင္"

မသာမယာ မ်က္ႏွာေပးႏွင့္ ေျပာၿပီးမွ ရယ္ခ်င္သည့္ဟန္ မ်က္ႏွာထားျဖစ္ေနေသာ မ်က္စိေရ႔ွကေကာင္ေၾကာင့္ က်စ္စုတ္သပ္မိသည္။

"မင္းနဲ႔လိုက္သားပဲ"

"အဆင္မေျပဘူး ပတ္ပတ္လည္မွာလည္း ေၾကာင္ေတြခ်ည္းပဲ ၿပီးရင္အဲ့ေကာင္ေလးက ငါ့လည္းမေၾကာက္ဘူး"

"အဲ့ဒါမ်ား ေခြးေျပာင္းလိုက္ေပါ့"

ခ်က္ခ်င္း က်ဥ္းေျမာင္းသြားသည့္ မ်က္စံနက္တို႔က sehun ထံ စူးစိုက္ေရာက္ရိွလာ၏။ တခြိးခြီးႏွင့္ ရယ္ေနေသာ sehun က သြားစြယ္တို႔လွစ္ဟကာ မ်က္ဝန္းမ်ား ေမွးမိွတ္သြားသည္အထိ အူျမဴးေနပံုရသည္။

"ေတာ္ၿပီ ငါသြားေတာ့မယ္ ဟိုေကာင္ေလးကို မေန့ညကတည္းက ပစ္ထားခဲ့တာ"

နေမာ္နမဲ့ႏွင့္ ျဖစ္ခ်င္တိုင္းျဖစ္ေနသည့္ ေကာင္ေလးထံ အေတြးေရာက္သြားေတာ့ ေျပာေနရင္းႏွင့္ပင္ ထိုင္ေနရာမွ ထရပ္လိုက္၏။ sehun ေခါင္းတစ္ခ်က္သာ ညိတ္ျပၿပီး chanyeol ထြက္သြားသည္အထိ ေမာ့မၾကည့္လာဘဲ အေတြးႏြံနစ္ေနခဲ့၏။ တံခါးပိတ္သြားသည့္ အသံေနာက္ေတာ့ အမည္မသိ အၿပံဳးတစ္ခုက sehun ႏႈတ္ခမ္းထက္ ျဖစ္တည္လာခဲ့၏။

_____•°•°•°•°•

ၾကာသြားတယ္မလား
ေတာင္းပန္ပါတယ္
ဇာတ္လမ္းက စ လယ္ ဆံုး အကုန္ ရေနၿပီဆိုေပမယ့္ ေသခ်ာအေပါက္ေလးေတြ ဖာေနရေသးတာမို႔ပါ။ အမွားမပါခ်င္လို႔လည္းပါတယ္ အပ်င္းတစ္ေနတာလည္းပါတယ္ (ဇာတ္ရိွန္မတက္ေသးလို႔ပါ xD)

ဒီအပိုင္းက ပံုေတြက ကိုယ့္စိတ္ကူးနဲ႔ကိုက္တဲ့ တခ်ိဳ႕ပံုေတြကို ယူသံုးထားတာအျပင္ တခ်ိဳ႕ပံုေတြေၾကာင့္ စိတ္ကူးရတာျဖစ္ေၾကာင္း ဝန္ခံပါတယ္ ။
နားမလည္တာရိွ ေမးလို႔ရပါတယ္ရွင့္ ရႈပ္မွာစိုးလို႔ ျဖည္းျဖည္းခ်င္းပဲ ရွင္းပါ့မယ္ XD

Continue Reading

You'll Also Like

249K 6K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
75K 10.6K 51
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
106K 11.5K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
170K 18K 52
မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလည်း ဦးတည်ရာမရှိ... သေချာပါသည် ငါလည်းမင်း...