ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 54(unicode)

7K 1.4K 317
By melieee2

Chapter 54;

ပထမအဆောက်အဦး နှင့် ဒုတိယအဆောက်
အဦး၏အမြင့်အရွယ်အစားကတန်းတူဖြစ်ပြီး
သူတို့နှစ်ခုကြားအကွာအဝေးကအတိုဆုံးဖြစ်
သည်။

ကုဖေးကထိုအကွာအဝေးကိုသိမည် မဟုတ်
ပေ။ဒါပေမယ့်အရင်တည်းက အဆောက်အ
ဦး ခုန်ပျံကျော်လွှားခြင်းအတွေ့အကြုံ ရှိပြီး
သားလူများကခေါင်မိုးထပ်နှစ်ခုကြားအကွာ
အဝေးသည်တစ်မီတာကျော်မျှသာဝေးသည်
အားသိသောသူများဖြစ်သည်။

လျှိဖန်းခေါ်ထားသည့်လူများလည်း ခေါင်မိုး
ထပ်အသီသီးတွင်တစ်စုနှင့်တစ်စု လူစု ခွဲပြီး
ရပ်နေသည်။ခေါင်မိုးထပ်ရှိတမံသလင်းပြင်
တိုင်းသည် အမှိုက်သရိုက်များနှင့်ပြည့်နေ၏၊
လူတစ်ယောက်သည်သူ့ခြေထောက်အောက်
ပစ္စည်းလှမ်းပစ်လျှင် နောက်တစ်ယောက်က
ဟို့ဇီခြေထောက်အောက် လှမ်းပစ်လိမ့်မည်။
အရာရာတိုင်းတရားမျှတမှုရှိပြီး ပစ္စည်းများ
လျှောက်ပစ်၍အရိုက်ခံရမယ့်သူမရှိပေ။

ထိုလူများအတွက် ဘယ်သူနိုင်နိုင်ရှုံးရှုံး သူတို့
ကိစ္စ မဟုတ်ပေ။ သူတို့သည် စိတ်လှုပ်ရှား၏။
ယှဥ်ပြိုင်သူတစ်ယောက်ယောက်ခလုတ်တိုက်
တာ၊အနာတရဖြစ်သွားတာ၊အဆောက်အဦး
ပေါ်မှပြုတ်ကျသွားတာအားလုံးမြင်ချင်၏။

ကုဖေးရဲ့နားထဲတွင်ဆူဆူညံညံအသံဗလံများ
နှင့်ပြည့်လျှက်ရှိသည်။ ရယ်နေသည့်လူများရဲ့
အသံ၊အော်ဟစ်အားပေးသံများအပြင် အမျိုး
သမီးများ၏ စီကနဲမြည်အောင် တစာစာအော်
သံများလည်းကြားနေရသည်။ထိုအသံများက
ဘက်စကတ်ဘောကစားနေစဥ်ပရိတ်သတ်က
အော်ဟစ်အားပေးသည့် အသံနှင့်ပင်တူသည်။
ဒါပေမယ့်,သူဂရုတစိုက်နားထောင်ကြည့်လျှင်
အမှောင်ထုကိုသာခံစားမိသည်။

သူ့ဘေးပတ်ပတ်လည်မှလူတိုင်းကို ကုဖေးခြုံ
ကြည့်လိုက်သည်၊ထိုလူများသည်ခေါင်မိုးထပ်
မှာစွန့်ပစ်ထားသည့် ပုပ်သိုးဆွေးမြည့်နေသော ဘီယာအခွံ၊ သရေစာမုန့်ခွံများအပေါ်တွင်မတ်
တပ်ရပ်နေသည်။အသုံးပြုပြီးလွှတ်ပစ်ထားတဲ့
ကွန်ဒုံးအမှိုက်များကိုတွေ့နေရသည်။

တကယ် ဦးနှောက်အကြီးအကျယ် ပျက်စီး
စေနိုင်သည့် နေရာမျိုးဖြစ်၏။

သူ့ကိုအံ့အားသင့်စေသည့် တစ်ခုတည်းသော အကြောင်းမှာ မြေကြီးပေါ်မှာ ပျံ့ကျဲနေသည့် သစ်ကြားသီးအပိုင်းအစများဖြစ်၏။ထိုကဲ့သို့သစ်ကြားသီးအစအနများကခေါင်းမိုးထပ်မှာ
ရှိနေတတ်သည့်အမှိုက်စမျိုးမဟုတ်ပေ။ကျန်
ချန်ကသူ့ရူးဖိနပ်နားကို သစ်ကြားသီး တစ်လုံး
နှင့်မပစ်ပေါက်ခဲ့လျှင် သူ့ခြေထောက်အောက်
ခြေမှာရှိနေသည့်သစ်ကြားသီးအစအနများကို
သူ သတိထားမိမည်မဟုတ်ပေ။

ကြေမွနေသည့်သစ်ကြားသီးများကကျန်ချန်
လုပ်ထားတာဖြစ်နိုင်၏။

ထိုရွှယ်ပါ့ တစ်ယောက် ဘာလုပ်ဖို့ စဥ်းစားနေ
သလဲသိချင်မိသည်။

ဒါပေမယ့်,ကျန်ချန် တစ်ခုခုလုပ်ချင်တယ်ဆို
လည်းသူမစိုးရိမ်ပေ။သူစိုးရိမ်သည်မှာအဝေး
မှာ တစ်ယောက်တည်းရှိနေသည့် ကျန်ချန်ကို
ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် , ကျန်ချန် ဘာပဲလုပ်
လုပ်သူလုပ်သမျှအရာတိုင်းကကုဖေးအတွက်ဖြစ်သည်။

အဆောက်အဦးခုန်ပျံကျော်လွှားခြင်းကစားပွဲ
တွင်ဖျန်ဖြေမည့်ဒိုင်လူကြီးလိုအပ်သည်။ထိုလူ
အငြိမ်းစား မယူခင်က ကုဖေးကိုယ်တိုင် Boss
အနေနှင့်လက်ခံထားသည့်သူတစ်ယောက်ဖြစ်
ခဲ့သည်။လူတိုင်းကလည်းထိုသူ့ကို ဟူကောလို့
ခေါ်ပြီး ဟူကော ကိုယ်တိုင်လည်းဘယ်သူ့ကိုမှ မျက်နှာမလိုက်တတ်ပေ။

သူအနားယူသွားပြီဆိုသော်လည်းသူ့အသက်မှာ
သိပ်မကြီးသေးပေ။ ဟူကောသည် အသက် သုံး
ဆယ်ခန့်သာရှိသေး၏။ လူငယ် ထိန်းသိမ်း ပြု
ပြင်ရေးကျောင်းမှာ တက်နေရသည့် အချိန်တုန်း
ကသူသည် ဟူကောနှင့်အတူ ဘက်စကတ်ဘောမကြာခဏကစားဖြစ်သည်။ထိုအချိန်ကထိုသူက 'ကျန်းဟူ' တစ်ခွင်တွင်ဖြစ်ခဲ့သည့် သူ့လက်မှာစွန်းထင်းနေခဲ့သည့်ပြသာနာများအား ဆေးကြော
သန့်ရှင်းပြီးသည့်သူဖြစ်သည်။ အတွေအကြုံရှိ
သည့် သူတစ်ယောက်အနေနှင့် ထိုသူက သူ့ကို"နောင်တတရားနှင့် ဂုဏ်သိက္ခာကိုအဖတ်ဆယ်ခြင်း " ဟူသည့် စကားမျိုး ပြောခဲ့သေးသည်။

ယခုတွင် "နောင်တတရားနှင့်ဂုဏ်သိက္ခာကို အဖတ်ဆယ်ခြင်း.."ဆိုသည့် စကားအား သူ ထည့်သွင်းစဉ်းစားသင့်သလား?။

သူ့ကျောပေါ်တ​ွင်" နောင်တတရားနှင့် ဂုဏ်
သိက္ခာကိုအဖတ်ဆယ်ခြင်း "ဆိုသည့်စကား
ထမ်းပိုးထားခဲ့လျှင် ရေထဲတွင်ခက်ခက်ခဲခဲ
ရုန်းကန်ပြီးရှင်သန်မည့် အတွေးမျိုး ကုဖေး
မတွေးမိပေ။

သူ ထိုအကြောင်းအားစဥ်းစားကြည့်လျှင် ရယ်စရာကောင်းကြောင်းခံစားမိသည်။

သူ့ရှေ့မှာရှိသည့်အတားအဆီးများကိုကြည့်လိုက်၏။သူခြေလှမ်းဘယ်လောက်အကျယ်
လှမ်းသင့်လဲ၊ ဘယ်ခြေလှမ်းကိုမချမိအောင်
ရှောင်သင့်လဲ၊ပစ္စည်းဘယ်လိုဖယ်ထုတ်သင့်
သလဲဆိုတာကို ကုဖေးမတွက်ချက်ထားပေ။

များများစဥ်းစားရသည့်အလုပ်ကို သူ
မကြိုက်ပေ။

သူလုပ်နိုင်သည်မှာ ပြေးမယ် ၊ ခုန်မယ်။
မြေကြီးပေါ်မှာ ခြေထောက် ပြန်ချမယ်။

အဆုံးသတ်တွင် အနာတရဖြစ်ပေမည်။အနာ
တရဖြစ်သည်နှင့်အဆုံးသတ်လို့မဆိုလို​ေပ။

သူ့ဒဏ်ရာကိုတခြားသူယုံကြည်လက်ခံအောင်
လုပ်ဖို့လိုအပ်သည်၊ပွဲအစပိုင်းတည်းကဒဏ်ရာ
ရလျှင်၊ပွဲကြည့်ပရိတ်သတ်တွေ မတင်းတိမ်နိုင်
ပဲ သူ့ကိုဒဏ်ရာနှင့် ဆက်ယှဥ်ပြိုင်ဖို့ တွန်းအား
ပေးလိမ့်မည်။

ဘာဖြစ်ဖြစ်,သူ့က ဒဏ်ရာရအောင်လုပ်မယ့်
နည်းလမ်းနှင့်ပြုတ်ကျမဲ့နေရာ အနေအထား
ကို ရွေးချယ်နိုင်သည်။

ဟူကောလက်မြှောက်လိုက်သည်နှင့်ခေါင်မိုး
ထပ်အသီးသီးမှလေချွန်သံ၊ သောင်းသောင်း
ဖြဖြအော်ဟစ်အားပေးသံများအရပ်မျက်နှာအသီးသီးသို့ပျံ့နှံ့သွားသည်။

ဟူကောသည်လက်ကိုအောက်သို့ပြန်ချလိုက်
သည်။

ကုဖေးသည်ဟို့ဇီတာအရင်ထွက်သည်ဖြစ်စေ၊
သူတာအရင်ထွက်သည်ဖြစ်စေလုံးဝဂရုမစိုက်
ပေ။ကုဖေးရဲ့အကြည့်က ခေါင်မိုးအစွန်းမှာမြဲ
မြံနေ၏။

You said one two three...shatter the past...🎶🎶

မင်းက တစ်, နှစ်, သုံးလို့ပြောတယ်...

အစိတ်စိတ်အမွှာမွှာကွဲကြေသွားတဲ့အတိတ်
ကလည်းလွှင့်ပါးပျောက်ကွယ်ခဲ့ပြီ...

ကုဖေးသည်ခေါင်မိုးအစွန်းမှာညာခြေထောက်
ဆောင့်နင်းပြီး လေထဲခုန်လွှားလိုက်သည့်အခါ
လေဟာနယ်က သူခန္ဓာကိုယ်ကို ထွေးပွေ့လာ
သည်။

အဆောက်အဦးအောက်ခြေသည်မှောင်မည်း
နေပြီး အဆောက်အဦး အပေါ်ထပ်တွင်တော့ မီးတောက်မီးလျှံများထိန်လင်းနေ၏။

အလင်းနှင့်အမှောင်ကြားမီးတောက်မီးလျှံများ
နှင့်အပြိုင် အရိပ်များလည်းကခုန်နေသည်။

လေမှာပျံဝဲနေသည့်အခိုက်အတန့်လေးတွင် လွတ်လပ်မှုအား ကုဖေး ခံစားလိုက်ရသည်။
သူ့အဆုတ်ကွဲမတတ်အော်ဟစ်ပြီးနောက်မှာ
အော်ရယ်ချင်လာ၏။

သို့ပေမယ့်, သူ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်မှာ အောက်သို့ပြန်ကျသွားသည်။

သူတွေးထားသည့်နေရာမှာခြေထောက်အား
ပြန်ချချင်သည်။အားကောင်းလှသည့် ခုန်ပျံကျော်လွှားမှုက သူ့ကို တစ်ဖက်ခေါင်မိုးထပ်
မှာလွှင့်ပစ်ထားသောကျိုးပဲ့နေသည့်ဘီယာခွံ အလွတ်ကို ကျော်လွှားသွားစေခဲ့သည်။

သူသည် ဘီယာခွံအလွတ်နှစ်ဘူးကို ရှောင်
တိမ်းလိုက်နိုင်၏။

ဘီယာခွံအလွတ်များကိုတက်နင်းမိတာက
ခြေကျင်း၀တ်မလည်စေနိုင်ပေမယ့် မင်းရဲ့
ဟန်ချက်ပျက်သွားစေလိမ့်မည်။ ဟန်ချက်
ဆုံးရှုံးသည်နှင့်တပြိုင်နက်နောက်ဆက်တွဲ အကျိုးဆက်ကိုမထိန်းချုပ်နိုင်တော့ပေ။

သို့သော် သူ့ခြေထောက်သည် မြေကြီးပေါ် ပြန်ကျတော့မည့်အချိန်ဘေးဘက်မှအရက်ပုလင်း
တစ်လုံးလှိမ့်လာ၏။

ပုလင်းခွံသည်သူခြေထောက်ပြန်ကျမည့်နေရာ
နားလှိမ့်လာသည့်အခါ ကုဖေးသည်နှလုံးပြုတ်
ကျမတတ် ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်ကိုဟန်ချက်ညီညီထိန်းချုပ်ဖို့ရန်
အချိန်မရှိတော့ပေ။ပုလင်းခွံအားတက်နင်းမိ
သွားလျှင်!

ဖာ့ခ်!

မင်းမေ့ကြီးတော်.....ဖြစ်ချင်တာဖြစ်!

ကုဖေးသည် မျက်လုံးမှိတ်လိုက်၏။

ထိုအချိန် သစ်ကြားသီးတစ်လုံးက ပုလင်းခွံ၏ နှုတ်ခမ်းဝကိုထိမှန်ပြီးကုဖေးရဲ့ခြေထောက်က မြေပေါ်ပြန်ကျတာနှင့်အချိန်ကိုက်ပင်ပုလင်းခွံ
သည် သူ့ညာခြေထောက်နားမှနေ ကပ်သီလေး
လှိမ့်သွားသည်။

........

ကုဖေးရဲ့ မြေကြီးပေါ်ပြန်ကျလာသည့်အနေဟန်
ထားမှာ ရင်သပ်ရှုမောဖွယ်ကောင်းသည်၊သူသည်ယိမ်းယိုင်ခြင်းမရှိတည်တည်ငြိမ်ငြိမ်မြေကြီးပေါ်
ပြန်ကျလာခဲ့သည်။ သူက ဒုတိယ
မြောက် အဆောက်အဦးရဲ့  ခေါင်မိုးထပ်တွင်
ဖြောင့်တန်းစွာရပ်နေခဲ့၏။

တစ်ဖက်အဆောက်အဦးဆီမှထွက်လာသည့်
ဆူညံပွက်လောရိုက်နေသည့်အော်ဟစ်သံများ လေချွန်သံ၊စည်ပိုင်းအလွတ်အားတီးနေသည့် ​
ဒေါင်ဒေါင်ဒိန်ဒိန်အသံများကိုကြားမှကျန်ချန် သက်ပြင်းချလိုက်သည်။သူသည်မြေကြီးပေါ်
ဖင်ထိုင်ချလိုက်၏။

"အံသြဖို့ကောင်းတယ်မလား။"
သူသည်အသက်ကိုခပ်ပြင်းပြင်းရှုသွင်းပြီးမှ
အိပ်ကပ်ထဲမှသစ်ကြားသီးနှစ်လုံးသုံးလုံးကို
ထုတ်ယူလိုက်၏။
"အသက်ပြင်းပြင်းရှုသွင်းတာက စိုးရိမ်စိတ်၊ ကြောက်စိတ်ကို ပယ်ရှားနိုင်တယ်ဆိုတာကို
အားလုံးတွေ့တယ်မလား....ဖာ့ခ်!။ "

ကျန်ချန်ရဲ့လက်သည် အထိန်းအကွပ်မဲ့တုန်
ယင်နေလျှက်ရှိသည်။သူ့လက်ထဲမှသစ်ကြား
သီးများသည်နှစ်ကြိမ်ပြုတ်ကျသွားသေး၏။
သူသည် ခက်ခက်ခဲခဲနှင့်လေးခွကိုဆွဲဆန့်၏။

"ပြိုင်ပွဲဝင်ကျန်ချန်ကများပြားလှတဲ့ဖိအား
အောက်မှာလေးခွပစ်တာကပထမအကြိမ်
ဆိုတာ အားလုံးမြင်တယ်မလား?။သူ့လက်
က ဆိုးဆိုးရွားရွားတုန်နေပြီး  လက်နက်ကို
တောင် ကောင်းကောင်း မကိုင်နိုင်ဘူး။"

"တကယ်တော့ ကျွန်တော် ခြေထောက်လည်း
တုန်နေတာ။"
ကျန်ချန်သည် တမံသလင်းပေါ်တွင် လက်နှစ်
ဖက်လေးဖက်ထောက်ပြီးထပ်ခိုးနားတွားသွား သွား၏၊ထိုနေရာကဒုတိယမြောက်အဆောက်
အဦးနှင့်တစ်မီတာမျှ ဝေးတာကြောင့်မီးရောင်အောက်မှာ ထိုအဆောက်အဦးရဲ့ခေါင်မိုးထပ်အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သည်။
သူသည် ကွန်ကရစ်ပေါ်မှာ ဒူးထောက်ပြီး အနား
ယူနေ၏။
"အာ,ကျွန်တော် တကယ် ရှုးထွက်တော့မယ်။"

ကုဖေးကအနာတရမဖြစ်သကဲ့သို့ ဟို့​ဇီလည်း ဒဏ်ရာမရပေ။နှိုင်းယှဉ်ကြည့်လျှင်ကုဖေး၏
ခုန်ပျံကျော်လွှားပြီး  တမံသလင်းပေါ် သို့ ပြန်
ကျလာသည့်ကိုယ်နေဟန်ထားက ဟို့ဇီထက်
ပြေပြစ်သည်။

ဒါပေမယ့်, ဤသည်မှာ ယခုမှ ပထမဆုံး
အလှည့်သာရှိသေး၏။

လေးခွကြားမှ ဒုတိယမြောက်အဆောက်အဦး ခေါင်မိုးထပ်ရှိအခြေအနေအားကျန်ချန်ကြည့်
လိုက်သည်။လတ်တလောတွင်ထိုလူများသည်
ပထမအဆောက်အဦးခေါင်မိုးထပ်မှဆင်းလာ
သည့်လူများကို စောင့်နေပုံပေါ်သည်။

မိနစ်အနည်းငယ်ကုန်သွားချိန်တွင် တစ်ဖက်အဆောက်အဦးပေါ်မှထွက်လာသည့်
"သိသိသာသာပဲသူကမိုက်မဲတယ်.....ပစ္စည်း
တွေပေါများပြီးမိန်းမလှလေးတွေကိုယ်တိုင်
သူ့ရင်ခွင်ထဲပစ်ဝင်လာမှာအမြဲအိပ်မက်မက်
နေတာ....."စသည့်သီချင်းသံများကြားလိုက်
ရသည်။

ကျန်ချန် ကျစ်သပ်လိုက်၏။
"ဒါက...တကယ်မယုံနိုင်အောင်ပဲ။"

အမှိုက်တောတွင်တောသားလူနုံများရဲ့သူတို့
ကိုယ်သူတို့အမွန်းတင်မှုသည်သူ့ကိုပြောစရာ
စကားပျောက်စေသည်။သူတို့ကဲ့သို့အရူးသာ
လျှင် ဆိုင်ကယ်ပေါ်တွင် အသံချဲစက်တွေကို
တပ်ဆင်ပြီးအသံကုန်ဖွင့်ပြီးပျော်ပါးရဲသည့်
သူများ​ဖြစ်သည်။

ကုဖေးသည်ပထမအဆောက်အဦးရဲ့ခေါင်မိုး
ထပ်မှဆင်းလာသည့်လျှိုဖန်းအားစကားလှမ်း
ပြောပြီးနောက်တွင် စီးကရက်ကိုမီးညှိပြီးနှုတ်
ခမ်းမှာတေ့ကာ သူရှိနေသည့် အဆောက်အဦး ခေါင်မိုးထပ်ကိုကြည့်လာ၏။

ကျန်ချန်သည် စီးကရက်တစ်လိပ်ကို ထုတ်ပြီး
ကိုယ်ကိုကိုင်းညွှတ်ကာဂျက်ကတ်နှင့်လေဒဏ်
ကာထားပြီး မီးညှိလိုက်၏။

ထို့နောက်သူသည်အဆောက်အဦးခေါင်မိုးထပ်
မှာထိုင်ပြီး ကုဖေးကိုလှမ်းကြည့်လိုက်၏။

ကုဖေးသည် ပထမအဆောက်အဦးရဲ့ခေါင်မိုး
ထပ်မှခုန်ပျံကျော်လွှားခဲ့ပြီး ဒုတိယအဆောက်
အဦးခေါင်မိုးထပ်သို့ခြေထောက်ပြန်ချလာတာ
ကိုကြည့်နေရသည့်တလျှောက်လုံး သူ့နှလုံးခုန်
သံများသည်အတိုင်းအဆမရှိမြန်နေခဲ့ပေမယ့်၊
ယခုအနည်ထိုင်သွားပြီဖြစ်သည်။သူကုဖေးကို တိတ်တဆိတ်လှမ်းကြည့်နေခဲ့သည်။

ကုဖေးရဲ့မျက်နှာမှာအမူအရာကင်းမဲ့​နေသည်။
သို့သော်သူသည်စီးကရက်ဖွာ​ရင်းတစ်ခုခုအား
သတိလက်လွတ်ကြည့်နေ၏။

ကျန်ချန်သည်လည်း သူ့ကို သတိလက်လွတ်
ကြည့်နေခဲ့သည်။

ကုဖေးကထိုသူများနှင့်ကွဲပြားသည်။ သူသည်
ဘဝတလျှောက် အပျော်အပါးနှင့် သည်းထိတ်
ရင်ဖိုမှုကြားထဲမှာနစ်မွန်းနေသည့်ထိုသူများနှင့်
လုံးဝခြားနား၏။ကုဖေးရဲ့ပထမခြေလှမ်းအား
ယူသည့်အနေအထားကိုကြည့်ပြီး ကျန်ချန် ထိုအတွေးတွေးမိတာဖြစ်သည်။

.......

ကုဖေးကအနိုင်ရချင်တာမဟုတ်ပေ။ သူသည် အားပေးမှု၊အာရုံစိုက်မှုများလိုအပ်နေသောသူ မဟုတ်​ေပ၊သူလိုချင်သည့်အရာမှာပြသာနာကို တစ်ခါတည်းအဆုံးသတ်တာဖြစ်၏။

သူနှင့်ဟို့ဇီတို့ကြားမှအစွယ်အပွားများ၊ပျင်းရိ
ဖွယ်ကောင်းသည့်အတိတ်နေ့ရက် အားလုံးကို
သူ အဆုံးသတ်လိုက်ချင်သည်။

ပုလင်းရုတ်တရက်လှိမ့်သွားတာကို သတိထားမိ
သည့်သူတစ်ယောက်မှမရှိပေ။ ဖိနပ်အောက်
မှကြေမွနေသည့်သစ်ကြားသီးအစအနတွေကိုမြေကြီးပေါ်မှာရှိပြီးသားအမှိုက်သရိုက်ကြောင့်
ဘယ်သူမှသတိမထားမိကြပေ။

အဖြစ်အပျက်များသည်မြန်ဆန်၏။ ကုဖေး
ကိုယ်တိုင်တောင် ပုလင်းအားတက်နင်းမိတာ
မဟုတ်ကြောင်း ဖိနပ်အောက်မှာကြေမွနေတဲ့ သစ်ကြားသီးအစအနများကိုမြင်မှသတိထား
မိခဲ့သည်။

သူ တကယ်...တကယ်...တစ်ဖက်အဆောက်
အဦးပေါ်မှာရှိသည့် ကျန်ချန်ဆီစာတစ်စောင်
ပို့ချင်မိသည်။သို့သော် သူ မလုပ်ဝံ့ပေ။

လက်ရှိအခြေအနေအောက်တွင်သူ့လှုပ်ရှားမှု
တိုင်းသည် ဘယ်သူမဆိုသတိထားမိနိုင်သည်။ ထို့ကြောင့် ထိုအဆောက်အဦးကို ကြည့်ရုံသာ
ကြည့်နိုင်သည်။

တခြားသူများအတက်အဆင်းနင်းချေသွားတဲ့ခြေလှမ်းများတွင်အောက်ကြေမွနေသည့်သစ်
ကြားသီးအစအနများကို ငေးကြည့်နေရင်း သူ့
ခံစားချက်ကို သူကိုယ်တိုင်ပင်ကောင်းကောင်း
နားမလည်နိုင်တော့ချေ။

သူသည်ကျန်ချန်အားပြသာနာထဲဆွဲမသွင်းချင်သော်လည်း ၊ကျန်ချန်ကတစ်ဖက်လှည့်
နှင့်ဝင်ပါလာသည်။

ချန်ကောက နေရာတိုင်းမှာ ရှိတယ်။

'အလယ်တန်းကျောင်းသားလေးလိုမျိုးအနိုင်
ကျင့်ဗိုလ်ကျတတ်သည့် 'အငွေ့အသက်လေး
များနှင့်ပြည့်နေသည့် ထို စကားအပုဒ်အဖြတ်
နှင့်တစ်ဖက်လူရဲ့သွေးရောင်သန်းနေတဲ့မျက်
နှာကိုစဥ်းစားမိသည့်အခါ ၊ သူ့နှလုံးသားတွင်
အနွေးလှိုင်းဖြတ်သန်းစီးဆင်းသွား၏။

သူ့ဆီကျန်ချန်ယူဆောင်လာပေးသည့်အရာက 'ထူးချွန်မှု 'တစ်ခုတည်းမဟုတ်ပေ။
သူ့ရဲ့ 'အလယ်တန်း ကျောင်းသားလေးလိုမျိုး
အနိုင်ကျင့်ဗိုလ်ကျတတ်သည့် ' အရှိန်ရောင်ဝါလက္ခဏာအောက်နစ်မြုပ်နေသောခရစ်စတယ်
ကဲ့သို့​ဖြူစင်သန့်ရှင်းမှုဖြစ်၏။

စည်းကမ်းမရှိဗရုတ်သုတ်ခနိုင်သောတစ်စုံ
တစ်ယောက်ရဲ့မျက်လုံးထဲမှာတော့ တစ်ခါ
တစ်ရံ  ကျန်ချန်ရဲ့သေးငယ်သည့်ဒေါသူက
လူတစ်ယောက်ရဲ့နှလုံးသား ကိုလှုပ်ခပ်စေ
နိုင်သည်။

.......

"အမှိုက်လိုကောင်တွေက နေရာသန့်ရှင်းရေး
လုပ်နေပြီ။"
ကျန်ချန်ကမြေကြီးပေါ်မှာဒူးတစ်ဖက်ထောက်
ပြီးခန္ဓာကိုယ်ကိုနည်းနည်းမတ်လိုက်၏။ အမှန်တော့,သူမတ်တပ်ရပ်လည်းတစ်ဖက်အဆောက်
အဦးမှာသူ့ကိုမြင်တဲ့သူဘယ်သူမှမရှိပေ။ထို့ပြင်
သူ့အမြင်အာရုံကအရင်ထက်ပိုကောင်းလာ
သည်။ ဒါပေမယ့်, လေတဖြူးဖြူးတိုက်နေသည့်မှောင်မဲနေ​ေသာအဆောက်အဦး ငါးလွှာမှာ မတ်
တပ်ရပ်ဖို့လုံးဝမဖြစ်နိုင်​ေပ။ သူ ရော်ဘာသရေ
ကြိုးအားတင်းတင်းဆွဲတင်၏။
"ဒုတိယအချီစတော့မယ်ထင်တယ်။ ချီးပဲ...
ကျွန်တော်စကားမပြောတော့ဘူး။ကိုယ့်ဘာ
သာပဲမြင်အောင်ကြည့်လိုက်လို့ရလား။"

တတိယမြောက်အဆောက်အဦးသည် ဒုတိယအဆောက်အဦးထက်တစ်လွှာနိမ့်​ေနပြီးအကွာ
ဝေးအတော်လှမ်းသည်။ သူ့လက်ဖဝါးက ချွေး
စီးများထွက်နေတာခံစားမိသော်လည်း လေးခွ
ပစ်သည့်အရည်အချင်းထိပ်ဆုံး မှာ ရှိနေသည်
အားကျေးဇူးတင်ရမည်။သူ့လက်ထဲက လေးခွ
သည်သူတို့ဓာတ်ပုံရိုက်သည့်အချိန်ကသုံးခဲ့တဲ့ အယောင်ဆောင်လေးခွနှင့် အတူတူပင်ဖြစ်ပြီး လက်လွှတ်ပေးလိုက်သည့်အခါ သစ်ကြားသီး
များအဝေးသို့ပျံသန်းသွားသည်။

အမှိုက်ကောင်များကခေါင်မိုးထပ်ရဲ့အလယ်
ဆီသို့ပစ္စည်းလှမ်းပစ်နေသည်။ သူတို့က မီးစွဲ
နေသည့်သစ်တိုသစ်စများရောနှောကာ လှမ်း
ပစ်နေတာကြောင့်မြင်ကွင်းပိုရှင်းလင်းလာ၏။

ကျန်ချန်သည် အသက်ကိုဖြည်းဖြည်းချင်းရှု
သွင်းပြီး တတိယမြောက် အဆောက်အဦး၏ ခေါင်မိုးထပ်မှာရှိသည့် သစ်သားတန်းများကို
လေးခွနှင့်ချိန်လိုက်၏။ ကုဖေးပြေးမည့်လမ်း
ကြောင်းပေါ်တွင်ရှိသည့် အုတ်ခဲကျိုး၊အရက်
ပုလင်းခွံများအပြင်အပြိုင်တန်းလျှက်ရှိသော သစ်သားတန်းများကအန္တရာယ်များသည်။

ကုဖေးက ခြေထောက်​နေရာမှားချမိသည်နှင့်
ခြေကျင်းဝတ်လည်သွားမှာ တစ်ရာရာခိုင်နှုန်းဖြစ်၏။အကယ်၍သစ်သားအတန်းကို ကြက်
ခြေခတ်ထားလျှင် ခြေထောက်မှားချမိလည်း
ခြေကျင်း၀တ်လည်မှာမဟုတ်ပေ။

​ေစာစောကအတိုင်း လူတစ်ယောက်သည်
ကုဖေးနှင့်ဟို့ဇီတို့ မျက်နှာချင်းဆိုင်မှာ ရပ်
လိုက်သည်။

ထိုလူသည် လက်တစ်ဖက်ကို မြှောက်ပြီး
ပြန်ချလိုက်၏။

ကုဖေးနှင့်ဟို့ဇီကတစ်ချိန်တည်းအရှေ့သို့ပြေး
ထွက်လာသည်။ကုဖေးက​ေစာစောကကိုယ်နေ
ဟန်ထားနှင့်ခြေလှမ်း အတိုင်းပင် ခေါင်မိုးထပ် အဖျားမှ လွှားခနဲခုန်သွား၏။

အဆောက်အဦးနှစ်ခုကြားမှအကွာအဝေးက
ဝေးလွန်းသည့်အတွက် ကုဖေးက ခြေတံတွေ
ဆန့်ထုတ်ပြီးလေထဲမှာပြေးလွှားနေရင်း ခန္ဓာ
ကိုယ်ဟန်ချက်ညီအောင်ကြိုးစားနေတာအား
ကျန်ချန်မြင်နေရသည်။

ယခုအချိန်တွင်သူအရမ်းစိုးရိမ်နေဖို့မလိုလျှင်
ကုဖေးရဲ့ အပြတ် သားနားသောအနေအထား
အားလက်ခုပ်တီးမိလိမ့်မည်။ကုဖေးရဲ့ခြေတံ
ရှည်များ၊ရင်သပ်ရှုမော စရာကောင်းလှသည့် ခြေလှမ်းများခုန်ကျော်ပြေးလွှားနေမှု.......

သို့သော်, တတိယအဆောက်အဦးရဲ့ခေါင်မိုး
ထပ်မှထွက်လာသည့်ပွက်လောရိုက်နေသည့်
အသံတွေကြောင့် ကျန်ချန် လှမ်းကြည့်လိုက်
လျှင် လုံးဝမမျှော်လင့်ထားသည့်မြင်ကွင်းကို
မြင်လိုက်ရသည်။

ထိုခေါင်မိုးထပ်တွင်ဘေးနှစ်ဖက်မှလှမ်းပစ်နေ
သည့်သစ်သား၊ တုတ်ချောင်းများအပြင် ကွဲကွဲ
ပြားပြားမတွေ့ရသည့်ပစ္စည်းလေထဲမှာပျံဝဲနေ
သည်။

တစ်မျိုးလုံးတစ်ဆွေလုံး ယီးပဲ....

သူ့ဆီမှာပျောက်ကွယ်နေတာကြာလှပြီဖြစ်တဲ့
ဒေါသများ၊ထိတ်လန့်မှုများပျံ့နှံ့လာသည်။သူ
သံစတီးလုံးမ​ျားထုတ်ပြီး တစ်ဖက်အဆောက်
အဦးပေါ်ရှိလူများရဲ့ခေါင်းအား အပေါက်ဖြစ်
သွားအောင်လုပ်ချင်သည်။ထို အောက်ဆီဂျင်ပြတ်လပ်နေတဲ့သောက်ဦးနှောက်များဖောက်
ထုတ်ပြီး လေကောင်းလေသန့် ရအောင် လုပ်
ပေးချင်လာသည်။

ဒါပေမယ့်, သူ့မှာ လျှောက်တွေးနေချိန်မရှိပေ။
ထိုငတုံးများကပစ္စည်းများကို​ေစာစောလွှင့်ပစ်
ပေးတာကျေးဇူးတင်၏။ကုဖေးရဲ့ခြေထောက်
ပြန်ကျသည့်အခါမှ ပစ္စည်းများလွှင့်ပစ်မယ်ဆိုလျှင်....အကယ်၍ သူထိုအချိန်ကျမှသတိပြုမိ
လျှင် ဘာမှတတ်နိုင်မှာ မဟုတ်ပေ။

ကုဖေးရဲ့ခြေထောက်ပြန်ကျလာမည့်နေရာက
ပစ္စည်းများရှင်းထုတ်ပေးရမလား။ ဒါမှမဟုတ်
လေထဲမှလွင့်လာသည့်ပစ္စည်းတွေကိုရှင်းထုတ်
ရမလားဆိုသည့်အတွေးများကြား လေထဲလွင့်
လာသည့်ပစ္စည်းများကို ရှင်းထုတ်ဖို့ ကျန်ချန် ရွေးချယ်လိုက်သည်။

အမှိုက်သရိုက်လူများသည် သူ့မြင်ကွင်းကို
ပိတ်ဆို့ထားတာကြောင့်ကုဖေးခြေထောက်
ပြန်ကျလာမည့် နေရာတစ်ဝိုက်အခြေအနေ
ကိုကျန်ချန်ရှင်းရှင်းလင်းလင်းမမြင်ရတော့
ပေ။သူ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းလိုက်၏။သူ့မှာ အချိန်သိပ်မကျန်တော့ပေ။

လေးခွသည်သေနတ် မဟုတ်သကဲ့သို့ သစ်
ကြားသီးသည်ကျည်ဆံမဟုတ်ပေ။ ဒါပေမဲ့
ကုဖေးဆီပစ္စည်းများပျံသန်းသွားဖို့ခွင့်ပြုမှာ
ဟုတ်ဘူး။သူ့တွင် ရွေးချယ်စရာ အများကြီး
မရှိပေမယ့်၊ကုဖေးအတွက် အန္တာရာယ် အရှိ
ဆုံးထင်သည့်အရာများကိုစက္ကန့်ပိုင်းအတွင်းအတိအကျဖော်ထုတ်ပြီး ဖြေရှင်းနိုင်သည်။

ခက်ခဲသည့်ချည်းကပ်နည်းတာဝန်များကို သူ ဘယ်တုန်းကမှတာဝန်ယူပြီးဆောင်ရွက်ခဲ့တာမဟုတ်​ေပ။တစ်ဖက်အဆောက်အဦးမှ ကြက်
တူရွေးများကဲ့သို့ကျီကျီကြာကြာအော်သံတေံ
ကြောင့် သူ့စိတ်ရှုပ်ထွေးလာ၏။

လူအုပ်ထဲမှတစ်ယောက်ကအုတ်ခဲကျိုးကိုင်
လိုက်သည်နှင့်ကျန်ချန်သည်သရေကြိုးအား
ဆွဲတင်ပြီးထိုလူဆီချိန်လိုက်၏။

သူ့အချိန်ကိုက်မှုသည်ဘယ်တော့မှလွဲချော်မှု
မရှိပေ။သို့သော်,လက်ရှိတွင်သူသည် ဖြစ်နိုင်
ချေမှန်သမျှ ခန့်မှန်းထားရသည်။

ကုဖေးရဲ့မျက်နှာနှင့်နီးကပ်လာသည့်အုတ်ခဲကျိုးသည်ဘေးမှလွင့်စင်လာသည့် သစ်သား
ပြားကြောင့်လမ်းကြောင်းသွေဖယ်သွားသော်
လည်း နောက်ဆက်တွဲအကျိုးဆက်အနေနှင့်
လွင့်စင်လာသည့်သစ်သားပြားသည်ကုဖေးရဲ့မျက်နှာဘေးမှကပ်သီဖြတ်သွားသည်။

ကု​ဖေးသည်တုန်လှုပ်ချောက်ချားစရာကောင်း
သောအဖြစ်အပျက်အား ကြုံတွေ့သော်လည်း မျက်နှာတစ်ချက်ပျက်မသွား​ေပ။ သူ့ပုံစံသည် ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုလုံးကို သတိ
မထားမိသည့်အတိုင်းပင်။
သူ့မျက်နှာဘေးမှဖြတ်သွားသည့်သစ်သားပြား
ကြောင့် သူ့ခန္ဓာကိုယ်ဘေးသို့ ယိမ်းလိုက်သည်
အား ကျန်ချန်မြင်လိုက်ရသည်။

Fuck...

သစ်သားပြားပေါ်မှာသံရှိနေတာလား!

ကုဖေးရဲ့ခြေထောက်အောက်မှ ခလုတ်ခသင်း
များရှင်းဖို့အချိန်မရတော့ပေ။တစ်ဖက်ရှိခေါင်
မိုးထပ်မှာ ကုဖေးသည်ခြေထောက်ချပြီးသည်
နှင့်အတိုအထွာပစ္စည်းများအား ခလုတ်တိုက်မိ
ပြီး လှိမ့်ကျသွားသည်ကို ကျန်ချန် ကူကယ်ရာ
မဲ့စွာကြည့်နေရသည်။

........

သူ့ခေါင်းအားလေးလံသည့်ပစ္စည်းတစ်ခုခုနှင့်
မရိုက်မိသည့်အချက်မှကျန်ချန်ကြောင့်ဆိုတာ
ကုဖေးခန့်မှန်းမိသည်။

ဒါပေမယ့်, သူသည်ခေါင်မိုးထပ်သို့ဘယ်ဘက်ခြေထောက်ချပြီးနောက်ပစ္စည်းတစ်ခုကိုတက်
နင်းမိပြီး ခြေကျင်းဝတ်လည်ထွက်သွား၏။

အချိန်ကျလာပြီ!

ကုဖေးသည်ညာခြေထောက်တမံသလင်းပေါ် ချပြီးသည်နှင့် အံတင်းတင်းကြိတ်ပြီးခေါင်မိုးထပ်မှ
လှိမ့်ချလိုက်၏။

အဆောက်အဦးအောက်ထပ်မှမြေပြင်သည် အမှိုက်သရိုက်များပွစာကျဲနေ၏။တိုတောင်း
သောစက္ကန့်အပိုင်းအခြားတွင်ဘာနာကျင်မှုမှ
မခံစားရပေ။သူ့လက်မောင်း နှင့်ခြေထောက်
သည်ဒဏ်ရာဒဏ်ချက်ကြောင့်စုတ်ပြတ်သွား
မှာသေချာသည်။ဒါပေမယ့်, သူကိုယ်တိုင်ပင်
ဘယ်နေရာထိခိုက်လဲဆိုတာသေချာမသိ​ေပ။

အဆောက်အဦးပေါ်မှလိမ့်ကျလာသည့်အချိန်
တွင်သူ့လက်နှစ်ဖက်သည်မြေကြီးပေါ်ထောက်
မိတာမဟုတ်ချေ။ စည်သွပ်ဗူး အနားစောင်းက
သူ့လက်ဖဝါးကိုဟက်တက်ကွဲသွားသည့် ခံစား
ချက်မှာအတော်ပြင်းထန်၏။

လျှိဖန်းသည် အရင်ဆုံးပြေးဆင်းလာပြီး
သူ့ဘေးမှာဆောင့်ကြောင့်ထိုင်လိုက်၏။
"ဘယ်နေရာထိခိုက်သွားလို့လဲ?။"

ကုဖေး မျက်မှောင်နှစ်ဖက်ကိုကြုတ်ပြီးတော့ ခြေသလုံးကိုထိလိုက်သည်။
"ငါ့ခြေထောက်။"

"ကျိုးသွားတာလား။"
လီယန်ကသူ့အနားမှအတိုအထွာပစ္စည်းမ​ျားကို
ကန်ထုတ်ပြီး သူ့ခြေသလုံးကိုဆတ်ခနဲကိုင်လာ
သည်။

"အာ့...အား...ငါ့ခြေထောက်ကို မထိနဲ့။"
ကုဖေးသည်အသံထွက်ပြီးအော်လိုက်၏။

လူအုပ်သည်သူ့အနားဝိုင်းအုံလာသည်။သူတို့မျက်နှာများကစိတ်လှုပ်ရှားမှုများပြည့်နေ၏။

အခြားတစ်ဖက်တွင်,ဟို့ဇီကလည်းတော်​ေတာ်အကျနာသွားပုံပေါ်သည်လူတစ်ယောက်သည်
သူ့ကိုမြေကြီးပေါ်မှဆွဲထူပေးလိုက်တာ ကုဖေး
မြင်လိုက်သည်။ဟို့ဇီက လမ်းလျှောက်စဥ်တွင်
ယိုင်သွားသော်လည်း မတ်မတ်ရပ်နိုင်သေး၏။
ကုဖေးသည် ဟို့ဇီရဲ့အခြေအနေကိုအတည်ပြု
ပြီးမှသက်ပြင်းချပြီးမြေကြီးပေါ်မှာလဲချလိုက်
သည်။

နောက်ဆုံးတော့.... အားလုံးအဆုံးသတ်
သွားပြီ ။

ဟို့ဇီသည်သူ့ကိုကူတွဲပေးလာသည့်လူများကို
တွန်းထုတ်ပြီး ကုဖေးဆီဖြည်းဖြည်းလျှောက်
လာသည့်အခါ လူအုပ်သည် သူ့အတွက် လမ်း
ကြောင်းဖယ်ပေးလာသည်။ထို့နောက်ဟို့ဇီက
သူ့ကိုကြည့်ဖို့အတွက်ခန္ဓာကိုယ်ညွှတ်လာ၏။
"မင်း အဆင်ပြေရဲ့လား?။"

ကုဖေးက အသံတိတ်နေသည်။

လူအုပ်ထဲမှ တစ်ယောက်က လှမ်းအော်လာသည်။
"သူ့ခြေထောက်ကကျိုးသွားတာထင်တယ်။"

"တကယ်?။"
ဟို့ဇီရဲ့မျက်နှာထက်တွင် အပြုံးပေါ်လာ၏။
သူကကုဖေးရဲ့ခြေထောက်ကိုငုံ့ကြည့်သည်။
"တစ်ဖက်တည်းကျိုးသွားတာလား။အကုန်
လုံး ကျိုးသွားတာလား?။"

ဘယ်သူမှမဖြေရသေးခင်မှာ သူက ကုဖေးရဲ့ခြေထောက်ကို လှမ်းကန်လာသည်။
"ဟမ်, အရမ်းစိုးရိမ်ရလား?။"

ကုဖေးရဲ့ခန္ဓာကိုယ်သည်နာကျင်မှုကြောင့်
ဘောလုံးလေးအလားကျုံ့သွား။။

"ဒီမှာ အဆုံးသတ်ရအောင်။ "
လျှိဖန်းသည် ဟို့ဇီ ရှေ့မှာပိတ်ရပ်လိုက်သည်။
"အလောင်းအစားလုပ်ရဲရင်အရှုံးကိုလည်း ဝန်ခံ
ရဲတယ်။ဒီတစ်ကြိမ် ကုဖေး ရှုံးတယ်။"

"အာ,သနားစရာပဲ။"
ဟို့ဇီက လက်နှစ်ဖက်အသာပိုက်လိုက်သည်။
ဒါပေမယ့်,သူ့နဖူးတွင်သွေးများဖြာကျနေ၏။
"ဒီကလေး ငါနဲ့ ဆက်ပြီး ကစားပေးမယ်လို့
ထင်နေတာ။"

လျှိဖန်းသည်ဟို့ဇီရဲ့ရန်စမှုကိုမတုံ့ပြန်ပေ။
ထိုအစားသူသည်ဒုတိယခေါင်မိုးထပ်မှဆင်း
လာပြီး သူတို့ ဆီသို့ လျှောက်လာနေသည့်
ရှုကောအားကြည့်လိုက်၏။

ရှုကောက တစ်ချိန်လုံး တိတ်ဆိတ်နေသည့်
ဟူကောကိုလှမ်းမေးလိုက်သည်။
"ဟူကော,အစ်ကို ဘယ်လိုထင်လဲ?။"

တစ်ယောက်က အော်မေးလာ၏။
"သူ မတ်တပ်မရပ်နိုင်တော့ဘူးလား?။"

ထိုစကားနောက်ကွယ်မှအရိပ်အမြွက်ကသက်
သေဖြစ်သည်။အကယ်၍ ကုဖေးသာမတ်တပ်
ရပ်နိုင်လျှင် ကစားပွဲဆက်သွားမည်ဖြစ်သည်။

ဟူကောသည်ကုဖေးဆီလျှောက်လာပြီး ဘေး
မှာဆောင့်ကြောင့်ထိုင်ကာကုဖေးရဲ့ခြေသလုံး
ကိုကြည့်လာသည်။သူက သေချာ အတည်ပြု
ဖို့အတွက်လက်တစ်ဖက်ဆန့်ပြီးကုဖေးရဲ့ကျိုး
နေသည့် ခြေထောက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး
လက်ညိုးနှင့် ဖိချေလိုက်၏။

ကုဖေးသည်နာကျင်မှုကြောင့် အသက်ပြင်း
ပြင်းရှုသွင်းလိုက်သည်။

ဟူကောသည် သူ့ကိုစိုက်ကြည့်လာပေမယ့် စကားမပြောသေးပေ။

သူတို့အကြည့်ချင်းဆုံသွားသည့်အခါ ကုဖေး မျက်မှောင်ကြုတ်လိုက်၏။

စက္ကန့်ပိုင်းမျှကုန်သွားသည့်အခါ ဟူကောက လက်ပြန်ရုတ်သိမ်းပြီးမတ်တပ်ရပ်သည်။
"သူ့ခြေထောက်က ကျိုးသွားပြီ။"

ဘေးပတ်ပတ်လည်မှ စိတ်မကျေနပ်စွာငြင်း
တွားသံ၊အော်ဟစ်သံများနှင့် ရုတ်ရုတ်သဲသဲ
ဖြစ်သွား၏။

"မင်းတို့နှစ်ယောက်ကမင်းတို့ကြားကအငြိုး
အတေးကိုစာရင်းရှင်းဖို့ တန်းကျော်ပြေးတဲ့
နည်းလမ်းသုံးခဲ့တယ်။မင်းတို့ရဲ့ပြသာနာက
ဒီမှာတင်ပြီးပြီ။နောက်ဆက်တွဲအကျိုးဆက်
ကိုကိုယ့်ဘာသာကိုယ်ခံရမယ်။ ဒီမှာရှိနေတဲ့
လူတိုင်းမျက်မြင်သက်သေပဲ။ "
ဟူကောသည် မြေကြီးပေါ်လဲနေသည့်ကုဖေး
ကိုအထင်သေးစွာစိုက်ကြည့်နေသည့်ဟို့ဇီကို
ကြည့်လိုက်သည်။
"မင်းတို့ကြားက အာဃာတတွေက ဒီမှာတင်
ပြီးပြီ။မကျေနပ်တာရှိလား?။"

ဟို့ဇီကပြန်ဖြေသည်။
"ဟမ့်! မကျေနပ်စရာ မရှိဘူး။"

ဟူကောက ကုဖေးကိုလှည့်ကြည့်သည်။
"မကျေနပ်တာရှိလား?။"

ကုဖေးခေါင်းယမ်းလိုက်၏။
"မရှိဘူး။ "

"ဆေးရုံသွားတော့။"
ဟူကောက လက်ဝှေ့ယမ်းလိုက်သည်။
"မင်းတို့လည်း ကိုယ့်လမ်းကိုယ်သွားတော့။"

........

ကျန်ချန်သည်အုတ်နံရံကိုမှီလိုက်၏။ကုဖေး
ဆိုးဆိုးရွားရွားထိခိုက်သွားသေးလားဆိုတာ
သူသေချာမသိရပေ။ဒါပေမယ့်,ကုဖေး မတ်
တပ်မရပ်နိုင်တော့တာကိုတွေ့သည်။ထို့ပြင်
ကုဖေးရဲ့လက်မောင်းမှာရွှဲနေတာ သွေးများ
ဖြစ်ကြောင်းသူအတပ်ပြောနိုင်သည်။

တစ်ဖက် အဆောက်အဦးမှ လူများရဲ့ စကား
သံများကိုသူမကြား​ရတော့ပေ။ သူ့ခန္ဓာကိုယ်
သည်ပျော့ခွေ့သွား၏။ သူ ့လက်များက တုန်
ယင်နေပြီး နောက်ကျောတွင် ချွေးအေးများစို
ရွှဲနေသည်ကုဖေး​ကခေါင်မိုးထပ်မှမြေပေါ်သို့
အရှိန်ပြင်းပြင်းလှိမ့်ကျသည့် မြင်ကွင်းက သူ့မျက်လုံးထဲမှာအရိပ်စွဲထင်လျှက်ရှိသည်။

ကုဖေးရဲ့ ကြောက်ဖို့ကောင်းအောင်အရှိန်ပြင်း
ပြင်းနှင့်လှိမ့်ကျသည့်မြင်ကွင်းကြောင့်သူ့နှလုံး
သားနာကျင်မှုကို ခံစားရသည်။

လျှိဖန်းသည် ကုဖေးကိုကုန်းပိုးပြီး ထွက်သွား
သည့်နောက်တွင် သူအဲ့နေရာကိုဆက်မကြည့်
ရဲတာကြောင့် စိီးကရက်တစ်လိပ် ဆွဲထုတ်ပြီး
မီးညှိလိုက်၏။

ကုဖေးသည် အကြောက်အရွံ့မရှိ ဒုက္ခဆင်းရဲကြံ့ကြံ့ခံပြီးသူမမျှော်လင့်ထားသည့်နည်းလမ်း
နှင့်ကိစ္စများအဆုံးသတ်ခဲ့သည်၊ထိုကိစ္စမ​ျားကို အလောတကြီးဖြေရှင်းဖို့အတွက်လူတိုင်းမတွေး
မိတဲ့ နည်းလမ်းကို
သူက ...သူက... ရွေးခဲ့သည်။

သူကပူပန်မှု​မရှိလေထဲသို့ခုန်ဆင်းသွားနိုင်ပေ
မယ့်၊ ကျန်ချန်သည်ဘာကိုမျှ ဆက်ပြီးမတွေး
နိုင်တော့ပေ။သူ့ဘဝတစ်လျှောက်ခံစားခဲ့ရတဲ့
ခံစားချက်များက လောလောဆယ်ကြုံတွေ့ရ
သည့်ကြောက်ရွံမှု၊စိုးရိမ်သောကကိုယှဥ်နိုင်မှာမဟုတ်​ေပ။ သူ့ဘဝမှာ မထိန်းထားနိုင်လောက်
အောင်ကြောက်စိတ်မွှန်တာမဖြစ်ခဲ့သေးပေ။

တစ်ဖက်အဆောက်အဦးအောက်ထပ်မှလူအုပ်
သည် အရပ်မျက်နှာအသီးသီးကွဲထွက်သွားကြသည်။ဆိုင်ကယ်နှင့်လာသည့် လူတွေကလည်း
ထွက်ခွာဖို့ပြင်နေသည်။

ခေါင်မိုးထပ်မှအုတ်နံရံကိုမှီပြီးကျန်ချန်ဆေး
လိပ်သောက်နေခဲ့တာသုံးလိပ်ကုန်သွား၏။

သူသည်ဆေးလိပ်ဖင်ခံအားနင်းခြေပြီးပစ္စည်းမ​ျားသိမ်းဆည်းလိုက်သည်။အားလုံး ပြန်သွားသည်အထိစောင့်နေပြီးမှအဆောက်အဦးပေါ်
မှဆင်းဖို့ရည်ရွယ်ထားသည်။

ထိုအချိန်သူ့ဖုန်းသည်အသံမြည်လာ၏။
သူအတွေးလွန်နေစဥ်မှာပင်သူ့လက်ထဲမှ
ဖုန်းကိုဆွဲထုတ်ပြီးသားဖြစ်သည်။

သေစမ်း...မြန်လိုက်တဲ့ လက်...

ကုဖေးသည် သူ့ဆီစာတစ်စောင်ပို့လာ၏။
-ငါ အဆင်ပြေတယ်။

ထိုအသုံးမဝင်တဲ့နှစ်သိမ့်မှုသည်ကျန်ချန်ကို
ဆဲအောင်လုပ်နိုင်စွမ်းရှိသည်။

-မင်း အခုဘယ်မှာလဲ?။

ကုဖေးက စာပြန်လာသည်။
-ဆိုင်မှာ။လာခဲ့မလား?။

ငါ့ဖင့်ကြီးပဲ!ကျန်ချန်ပြောစရာစကားပျောက်သွား၏။ သူ့ခြေထောက်များကဒီလောက်ထိ
ဖြစ်သွားတောင်ဆေးရုံကို မသွားသေးပဲ ဆိုင်
ပြန်သွားသေးတယ်လား?။ ဒါမှမဟုတ် သူက ရပ်ကွက်ဆေးခန်းမှာဆေးကုသမှုခံယူနေတာ
လား?။

ကျန်ချန်ကကုဖေးရဲ့စာအားလျစ်လျူရှုလိုက်
၏။သူသည်လွယ်အိတ်လွယ်ပြီးနောက် ခေါင်
မိုးထပ်အဖျားမှ အောက်ထပ်တွင် လူရှိ၊မရှိကိုချောင်းကြည့်၏။

သို့သော် ငါးလွှာမှအောက်ထပ်သို့ငုံ့ကြည့်သည့်
အကြည့်တစ်ချက်လေးတွင် သူ့ကိုချက်ချင်းမူး
ဝေ​ေစသည်။တစ်ချိန်လုံး တင်းကျပ်နေခဲ့သော
သူ့အာရုံခံနိုင်စွမ်းကိုဖြေလျော့လိုက်သည့်အခါ အဆောက်အဦး ငါးထပ်အမြင့်မှ သယ်ဆောင်
လာသည့်ကြောက်ရွံမှုက သူ့ကို လှိုင်းလုံးပမာ တိုက်စားသွားသည်။

သူ့ဒူးများသည်ပျော့ခွေလာ​ေသာကြောင့်ခေါင်
မိုးထပ်အဖျားနားမှာထိုင်လိုက်၏။ သူ့ကိုယ်သူ
နလန်ပြန်ထူလာဖို့အရေး အချိန်အကြာကြီးယူ
လိုက်ရသည်။

"ချီးပဲ။ "
သူဆဲလိုက်၏။ထို့နောက် သူနောက်ပြန်လှည့်
ပြီး မြေကြီးပေါ်မှာ ဒူးထောက်လျက်သားသွား
၍လွယ်အိတ်ယူပြီးလှေကားရင်းဆီလေးဖက်
ထောက်ပြီးတွားသွားလာခဲ့သည်။
"Fuck, ပြိုင်ပွဲဝင်ကျန်ချန်ရဲ့စိတ်ထဲမှာကုလား
အုတ်အကောင်တစ်ထောင်ဖြတ်ပြေးသွားသလို
ခံစားနေရပါတယ်။ ကြောက်ရွံမှုကြောင့် အမြီး
ကုပ်​ေနတဲ့သူ့ကို တွေ့သွားတဲ့လူ မရှိတာကိုပင်
ပျော်နေသေးတာ။"

သူသည်အဆောက်အဦးမှထွက်မလာသေးခင် ပြတင်းပေါက်မှတစ်ဆင့်အပြင်အခြေအနေကို အကဲခတ်လိုက်သည်။ဘယ်သူမျှ မရှိတော့တာ သေချာမှအဆောက်အဦးမှကျန်ချန် ထွက်လာ
ခဲ့သည်။

ခေါင်မိုးထပ်အသီးသီးကလွှင့်ပစ်ထားသည့် အမှိုက်သရိုက်များ ကြောင့် အဆောက်အဦး
အောက်ထပ်အခြေအနေများသည်ပျက်ကပ်
ဆိုက်မှုအား မျက်မြင် ကြုံတွေ့လိုက်ရသည်အတိုင်း။လမ်းမပေါ်မှာစည်ပိုင်းတစ်ခုအကန်
ခံထားရပြီးမီးမငြိမ်းသေးသည့် ပြာမှုန့်များဖုံး
လွှမ်းနေသည့်သစ်သားချောင်းများလည်း ရှိ
သည်။

သူသည်အမှိုက်သရိုက်များပြည့်နေသည့်လမ်း
ေပါ်မှာနှေးကွေးစွာလျှောက်လာစဥ်အမှိုက်တစ်
စကဲ့သို့ချောင်ထိုးခံထားသည့်သစ်သားချောင်း
တွေကိုကန်လိုက်၏။

လရောင်ကိုအမှီပြုပြီးသူအရှေ့ဆက်လျှောက်
လာခဲ့သည်။အဆောက်အဦးတစ်ချို့ထွန်းထား
သည့်လမ်းမီးတစ်ချို့မြင်နေရပြီဖြစ်သည်။

သူသည်စက်ဘီးနောက်ဖျားကိုတွေ့ဖို့အတွက်လမ်းဆုံအထိ ခြေကျင်လျှောက်လာခဲ့၏။ ရှင်း
ပြရခက်တဲ့အကြောင်းပြချက်များကြောင့်စက်
ဘီးကို အကြိမ်ရေများများပိတ်ကန်လိုက်လျှင် ခြေထောက်အနည်းငယ်နာသွား၏။

သူသည် ဘက်စကတ်ဘောပြိုင်ပွဲပြီးတာနှင့်
​ဒီနေရာသို့ အပြေးလာခဲ့ရပြီး ခေါင်မိုးထပ်မှာ
တစ်ချိန်လုံးဒူးထောက်နေခဲ့သည်။ ဒါပေမယ့်
ဒါပေမယ့်အမှိုက်ကောင်ရဲ့ခြေထောက်သည်
သူ့ထက်စိုးရိမ်ရသောအခြေအနေမှာရှိသည်။
သူမျက်မှောင်ကြုတ်ကာစက်ဘီးပေါ်ခွလိုက်
ပြီးအမြန်နှုန်းနှင့်နင်းလာခဲ့သည်။

လမ်းတလျှောက်သူ နင်းလာခဲ့သည့်စက်ဘီး
အရှိန်သည်အလင်းထက်တောင်မြန်သေး၏။
သူသည် F1 စက်ဘီးစီး ပြိုင်ပွဲမှာစက်ဘီးနင်း
နေသည့်အတိုင်းအရှိန်နှင့်နင်းခဲ့သည်။ကုဖေး
တို့ဆိုင်မှမီးအလင်းရောင်ကိုမြင်သည့်အခါမှ
သူ့စက်ဘီးကို အရှိန်လျော့လိုက်၏။

ကျန်ချန်သည်စက်ဘီးသော့တောင်မခတ်နိုင်
တော့ပဲလမ်းဘေးမှာတွန်းချပြီး စတိုးဆိုင်ထဲ
အပြေးဝင်သွား၏။သူကဆိုင်တံခါးလိုက်ကာ
ကိုမတင်လိုက်ပြီး ဆွဲတံခါးပေါက်ကိုမြင်နေရ
သည့်တိုင်အောင်သူ့ ဦးနှောက်ကသူ့လှုပ်ရှားမှု
ကိုအချိန်မှီမထိန်းချုပ်နိုင်ပေ။ သူသည် တံခါး
ကိုဘန်းကနဲမြည်အောင် ဝင်တိုက်မိ၏။

ဆိုင်ထဲမှကုဖေးရဲ့အသံထွက်လာသည်။
"အာ,ချန်ကော?။"

"မင်းရဲ့အဖိုးကျန့်။"
ကျန်ချန်သည်စိတ်တိုတိုနှင့်အော်ဟစ်ပြီးဆိုင်ထဲ
ဝင်သွား၏။ သူ အထဲသို့ဝင်ဝင်ချင်းမှာပင်ကုဖေး
ကအတွင်းအခန်း တံခါးဝမှာ မတ်တပ်ရပ်နေတာ
မြင်လိုက်ရသည်။

သူ့ ဘယ်ဘက်ခြေထောက်ရဲ့ဘောင်းဘီသည်
ဒူးဆစ်ထိလိပ်တင်ခံထားရပြီးသူ့ခြေသလုံးက ကျောက်ပတ်တီး စည်းထားသလိုမျိုး ပတ်တီး
စည်းထား၏။ ထို့အပြင် သူ့လက်မောင်းထက်
တွင်ပတ်တီးများရှိနေပြီးမျက်နှာပေါ်မှာလည်း
အနာကတ်ပလာစတာကပ်ထားသေး၏။

ကျန်ချန်သည် သူ့ကို ပါးစပ်အဟောင်းသားနှင့်
ကြည့်မိ၏။သူစိတ်နှင့်လူပြန်ကပ်သွားဖို့အရေး အချိန်ယူလိုက်ရသည်။ စကားပြောသည့်အခါ
သူသည် 'ငါ တကယ်နက်နက်နဲနဲ မင်းရဲ့ ဉာဏ်
ထိုင်းမှုကိုကရုဏာသက်မိတယ် 'ပြောနေသည့်အလား သူအသံကအလွန်နွေးထွေးနေ၏။
"အိုး,မင်းမတ်တပ်ရပ်နိုင်သေးတာလား?။ဘာ
လို့ အခုထိဘာမှမလုပ်တာလဲ?။မြန်မြန်,ငါ့ကို
ကပြပါဦး။"

ကုဖေးသည်ဆယ်စက္ကန့်လောက်ထိ ကြောင်အ
နေပြီးမှအသံထွက်ရယ်လာသည်၊သူကအရယ်
မရပ်နိုင်တာကြောင့် တံခါးကိုမှီပြီးအားပါးတရ
ရယ်နေ၏။

"မင်း ဘာသောက်ရူးထပြီးရယ်တာလဲ။"
ကျန်ချန် သူ့ကို စိတ်တိုတိုနှင့် လက်ညိုးငေါက်
ငေါက်ထိုးလိုက်၏။
"မင်းယုံယုံ၊မယုံယုံ မင်း ဆက်ပြီး ရယ်နေရင်
ငါ မင်း သေးထွက်တဲ့အထိမှတ်သားလောက်
အောင်ရိုက်မှာ။မင်းက တကယ့်ငကြောင်ပဲ။"

"ချန်ကော,"
ကုဖေးက သူ့လက်ကို ဖမ်းဆွဲထား၏။
"ချန်ကော,ငါတကယ် အဆင်ပြေတယ်။"

" မင်း ဒီလောက်ဖြစ်နေတာတောင်အဆင်
ပြေတာလား! မင်းကသောက်ရူးလား?။"

"ငါ တကယ်ဘာမှမဖြစ်ဘူး။"
ကုဖေးက ဘယ်ဘက်ခြေထောက်ကိုမြှောက်ပြီး တံခါးဘောင်ကိုကန်ပြလာသည်။
"ငါ...."

"Fuck?"
ကျန်ချန် လက်နှစ်ဖက်နှင့် မျက်လုံးများ
ပွတ်သပ်လိုက်၏။
"ဘာသဘောလဲ?။"

"ငါ ဒဏ်ရာကြီးကြီးမားမားထိခိုက်လာတာ
မဟုတ်ဘူး။"
ကုဖေးက ပတ်တီးစည်း ထားသည့် ညာဘက်
လက်ကိုမြှောက်ပြသည်။
"ငါ့ လက်မောင်းပဲနည်းနည်းပွန်းသွားတာ။ ငါ့ခြေထောက်က အကောင်းအတိုင်းပဲ။"

ကျန်ချန် သူ့ကိုစိုက်ကြည့်လိုက်၏။အသိစိတ်
သည်အခုထိပြန်မကပ်သေးပေ။
"မင်းရဲ့ခြေထောက်ကအကောင်းအတိုင်းပဲလား?။"

"အင်း။"
ကုဖေးက ဆိုင်တံခါးကိုပိတ်ပြီး အခန်းငယ်
လေးထဲသို့ ဝင်သွားသည်။
"ငါ,"

"တကယ်ကောင်းတာဟုတ်လို့လား?။"
ကျန်ချန်ကိုယ်တိုင်လည်းခြေထောက်ဒဏ်ရာ
ရနေသည့်လူက သူ့ဘေးမှာလျှောက်သွား နေ
တာကိုမြင်ရသည်။သူရုတ်တရက်ပြောမပြနိုင်
အောင်စိတ်လှုပ်ရှားလာ၏။
ဘယ်လိုမျိုးလဲဆိုတော့... သူ ကျပျောက်သွား
သည့်ယွမ်တစ်ထောင်ကိုအဝတ်လျော်စက်ရေ
ထဲမှာပေါလောပေါနေတာကိုပြန်ရှာတွေ့လိုက်
ရသကဲ့သို့ဖြစ်သည်။

ကုဖေးက ပြုံးလာသည်။
"တကယ်။"

"Fuck,တကယ်လား?။"
ကျန်ချန်သည် သူ့ခြေထောက်ကို ကန်ကြည့်
လိုက်၏။
"ငလူးတဲ့မှ!။"

"တကယ်,နှစ်ကယ်,သုံးကယ်,လေးကယ်...
မစိုးရိမ်နဲ့တော့။"

ကျန်ချန် လက်ဟန်နှင့် လုပ်ပြလိုက်၏။
"ဒါပေမယ့်,ငါ မင်းခြေထောက်...အဲ့လိုဖြစ်
သွားတာရှင်းရှင်းလင်းလင်းမြင်လိုက်တာပါ။"

ကုဖေးသည်နံရံမှာထောင်ထားသည့်ကွေး
ကောက်နေသည့် စတီးချောင်း တစ်ခုကို
ကိုင်လိုက်၏။
"ဒါကြောင့်မလို့။ စတီးချောင်းကို သုံးပြီးခြေကျင်း၀တ်လည်သလိုဟန်ဆောင်ထားတာ။"

စတီးချောင်းကိုကျန်ချန်ယူကြည့်လိုက်၏။
"သေစမ်း...ညီလေး... မင်းရဲ့သရုပ်ဆောင်တဲ့အရည်အချင်းက တကယ် perfect ပဲ။"

"ငါလည်း အရိုးတစ်ချောင်းကျိုးမယ်ထင်ခဲ့တာ။
ဒါပေမယ့်,ခေါင်မိုးထပ်က လိမ့်ကျလာတာတောင်
ငါ့အရိုးကအကောင်းအတိုင်းရှိနေတုန်းပဲ။ ဒါကြောင့် ငါကအလိုက်အထိုက်သရုပ်ဆောင်လိုက်တာ။"

"လူတစ်ယောက်ကမင်းဒဏ်ရာကိုစစ်ဆေးသေးတယ်မလား?။ ငါသေချာမြင်လိုက်ပါတယ်။"
စတီးချောင်းကို အထပ်ထပ်အခါခါ ကျန်ချန် စစ်ဆေးကြည့်မိသည်။
"မင်း ခြေထောက်အရိုးတွေဆက်နေတုန်းပဲဆိုတာ
သူသတိမထားမိဘူးလား?။"

ကုဖေးကကုတင်အုံးတားကိုမှီလိုက်၏။
"သူ သတိထားမိတယ်။ သူဘာမှထုတ်မပြော
ခဲ့တာ။"

"အိုး ,ငါတို့ရဲ့ကျေးဇူးတင်မှုကိုပြသတဲ့အနေနဲ့
လိန့်ဖုန်းလိုမျိုးကိုယ်ကျိုးမငဲ့တဲ့ ခေတ်သစ်နိုင်
ငံသားကောင်းဆီပိုးသားအောင်လံတံခွန်လက်
ဆောင်ပို့သင့်တယ်မလား?။"

ကုဖေးက စကားအဆက်မစပ်မရှိ ပြော
လာသည်။
"ကျေးဇူးပဲ။ "

ကျန်ချန်သူ့ကိုလှည့်ကြည့်လိုက်၏။
"ဘာအတွက် ကျေးဇူးတင်တာလဲ?။"

ကုဖေးကရယ်လာသည်။
"လက်ဆကောင်းကောင်းနဲ့ လေးခွပစ်ပေးခဲ့
တဲ့အတွက်ကျေးဇူးတင်တာ။ "

"ကိစ္စမရှိဘူး။ "
ကျန်ချန် သူ့ကို လက်ယမ်းပြလိုက်၏။
"ငါ သေမတတ်ကြောက်သွားတာ။"

ကုဖေးကနှလုံးထွက်ကျတော့မတတ်ရယ်မော
လာတာကြောင့် ကျန်ချန်သူ့ကို မကြည်,ကြည့်
ကြည့်လိုက်၏။
" မင်းကအရူးလိုရယ်နိုင်သေးတာလား?။ဘာပဲဖြစ်ဖြစ်, ငါတို့ကမကြာခင်အရွယ်ရောက်တော့
မှာ။ ဒါ့ကြောင့် မင်း..."

ကုဖေးသည်မျက်နှာပေါ်မှဒဏ်ရာကို ဖိထားပြီး
တဟားဟားရယ်လာတာကြောင့်ကျန်ချန်သည်
ပြောလိုသည့်စကားကိုဆက်မပြောနိုင်ပဲ သူနှင့်
အတူလိုက်ရယ်မိ၏။

ဤသည်မှာအောင်ပွဲခံနေတာလို့ပြောနိုင်သလို
တစ်ချိန်တည်းမှာသူ့ဒေါသကိုလည်း ဖွင့်ထုတ်
ပြီးသားဖြစ်သည်။ကုဖေးရဲ့ခြေထောက်သည် တကယ်ထိခိုက်သွားတာမဟုတ်သည့်အတွက်
ကြောင့် သူ ပျော်လည်းပျော်သလို ၊စိတ်လည်း
သက်သာသွား၏။

သူတို့ရဲ့အထိန်းအကွပ်မဲ့ရယ်သံများအား ထိန်း
ထိန်းသိမ်းသိမ်းနှင့်ရပ်တန့်ပြီးသည့်နောက်တွင်
နှစ်ယောက်သားတိတ်ဆိတ်သွား၏။ သူတို့ ​​နှစ်ယောက်သည်တိတ်ဆိတ်မှုထဲနစ်မြုပ်နေ၏။

ကုဖေးသည်အုံးတားကိုမှီပြီး စိတ်သက်သာစွာ သက်ပြင်းချလာ၏။

ကျန်ချန် ခေါင်းငုံ့ပြီး လက်နှစ်ဖက်နှင့် မျက်နှာ
အားပွတ်သတ်လိုက်သည်။

ကုဖေးသည် ခေါင်းငဲ့ကြည့်လာ၏။
"မင်း ငိုနေတာလား?။ငိုနေတာလား?။ "

"ဟင့်အင်း။"
ကျန်ချန် ခေါင်းငုံ့ထားလျှက်နှင့် လက်နှစ်ဖက်
ကိုသွယ်ယှက်ပြီးခပ်တင်းတင်းဆုပ်ထားသည်
အချိန်အချို့ကုန်လွန်သွားပြီးနောက်၊သူခေါင်းပြန်မော့ပြီး အသက်ပြင်းပြင်းရှုလိုက်၏။
"ကုဖေး,"

"အင်း?။"

"မင်း...ချစ်သူကောင်လေးထားဖို့
စဥ်းစားဖူးလား?။"
ကျန်ချန်ထိုစကားများကိုခက်ခက်ခဲခဲနှင့်ထုတ်
ပြောခဲ့တာဖြစ်သည်။ဒါပေမယ့်​ ထိုစကားပြော
နေသည့်အချိန်တွင် သူနည်းနည်းမျှ တွေဝေနေ
တာမရှိပေ။

.........

Continue Reading

You'll Also Like

1.7M 258K 138
This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Cheng] Total Chapters - 115 chapters + 4 Ex...
8.7K 666 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင်းစာ​ရေးသူ၏ ခွင့်​ပြုချက်​ဖြင့်​ ဘ...
292K 37.5K 82
This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. All credit to original author and Englis...
336K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်​ရှန့်​ဆိ...