SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
32.7K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
New Year Special Extra ✧*。
Chapter 17 ( Final )
1.9K 173 16
By ji__aan
Unicode
" ဆောင်းဟွန်း ... ငါပြောမထွက်ခဲ့လို့တောင်းပန်ပါတယ် ။ ပြောမယ်လုပ်တိုင်း "
" မင်းကိုရည်းစားတောင်မရစေချင်ဘူးလို့ ငါပြောဖူးတာကြောင့်လား "
ပိတ်ရက်ရှည်တစ်လျှောက်လုံး သူတိူ့နှစ်ယောက်စကားမပြောခဲ့ကြ။ ဂျုံဆွန်းက နှစ်ယောက်လုံးကို သူ့အိမ်ခေါ်ပြီး စကားပြောအောင်လုပ်တာတောင်မှပဲ နှစ်ယောက်က တစ်ခွန်းမဟ
ဘေးတစ်ဖက်တစ်ချက်ဆီက ရှိုက်သံတစ်ချို့ရယ် တစ်ချက်တစ်ချက်တုန်သွားတဲ့ ခန္ဓာကိုယ်ရယ်ကိုတော့ ဂျုံဆွန်းသတိထားမိပါရဲ့
အခုလည်း အခန်းပြင်ထွက်ခဲ့သယောင်နဲ့ နှစ်ယောက်အသံကို သူနားစွင့်နေမိသည် ။
" အင်း "
" ငါမင်းကိုတော်တော်ကိုစိတ်တိုတာ တွေ့တဲ့နေရာမှာတင် ပိတ်ပိတ်ထိုးချင်တဲ့အထိ "
" တောင်းပန်ပါတယ် ငါအဲ့အပြင်ပြောစရာမရှိတော့ဘူး "
" တကယ် တောင်းပန်တာလား "
" ဟုတ်တာပေါ့ "
" အဲ့တာဆို တစ်ရက် မင်းရယ် မင်းကိုကိုရယ်
နှစ်ယောက်ပေါင်းပြီး ဘူဖေးလိုက်ကျွေး "
" ဘာ !!"
" ငါ တော်တော်စိတ်လျှော့လိုက်တာပဲကျေးဇူးတင် "
" ကျွေးရမှာပေါ့ ဘယ်တတ်နိုင်မလည်း "
ရာသီဥတုသာယာမှ ဂျုံဆွန်းလည်းအခန်းထဲပြန်ဝင်ခဲ့ပြီး နှစ်ယောက်ကိုဘာရယ်မဟုတ်ပြုံးပြလိုက်သည် ။
" ရက်နောက်ဆုတ်လိုက်လို့
ရှေ့အပါတ်က မရောက်လာပါဘူးဆိုတဲ့ကောင် "
" အဲ့ကောင်ဘာဖြစ်လို့လည်း "
ဆောင်းဟွန်းကမေးတော့ ဂျောင်ဝန်းက‌လည်း
မေးမော့ပြီး ဖြေစမ်းဆိုတဲ့ဟန်လုပ်ပြသည် ။
" သူ့ဘေဘီနဲ့ အိမ်အောက်ရောက်နေတယ် "
" ဘယ်လို ! "
" ဆင်းသာကြည့်တော့‌ "
ဂျုံဆွန်း ကိုကျော်ပြီး အိမ်အောက်ကိုအပြေးဆင်းကြည့်တော့ အထက်တန်းကျောင်းသားအရွယ်ကလေးလေးနဲ့ ကင်မ်ဆောနူဗျာ
ရုတ်တရက်ကြီးရောက်ချလာလို့ ဝမ်းလည်းသာသလို့ မျက်ရည်ကလည်း ချက်ချင်းဝဲတက်လာလိုက်တာများ
" ကင်မ်ဆောနူ မင်း.."
ဘာစကားမှဆက်မပြောနိုင်တုန်း
ဆိုဖာပေါ်ကနေ ထလာပြီး ဆောနူက လာဖက်သည် ။
" သတိရနေတာ ဟေ့ကောင် "
" ဟျောင်း အဲ့တာ ဟိုတစ်ခါရည်းစားယောင်‌‌
‌ေဆာင်ပေးတဲ့အကိုမလား "
နောက်ကနေထွက်လာတဲ့ အသေးလေးရဲ့စကားက ဆောင်းဟွန်းကိုငိုချင်ရက်လက်တို့ဖြစ်‌
‌ေအာင်လုပ်နေသလိုပင်
ထိုအချိန်ပဲ နောက်ကနေ ဂျောင်ဝန်းတစ်ကောင်ရဲ့အသံထွက်လာပါရဲ့
" ပတ်ဆောင်းဟွန်းအရှက်ကွဲခန်း ပြန်စပြီ "
" ငါလုပ်ထည့်လိုက်ရ "
~||~
" အဲ့တော့ အကုန်ပြန်အဆင်ပြေသွားတဲ့အပြင်
ဂျပန်ကသူငယ်ချင်းကလည်း ရုတ်တရက်ချည်းရောက်ချလာတယ်ပေါ့ "
" အင်း ဒါနဲ့လေ ဟိုဆယ့်ငါးနှစ်သားလေးက
လူကြီးလိုပဲ ငါ့ခွေးပေါက်လေးကကျ ရင်ခွင်ပိုက်ကလေးကျနေရော "
စပါဂတီကို ပလုတ်ပလောင်းသွပ်စားနေတဲ့
သူ့ရည်းစားဟာ ထထဖောက်ရင် လူကို သူ့သားလိုလာလုပ်တော့တာပါပဲ ။
ပလုတ်ပလောင်းသွပ်စားတယ်ဆိုတာကလည်း
အိမ်မှာမို့ပါ ။ အပြင်မှာဆို မစားရဲပါဘူး ။
သူ့အိမ်ကိုတကူးတက စပါဂတီလာလုပ်ကျွေးနေရတယ်ဆိုတာက အိမ်ကလူတွေ နှစ်ညအိပ်သုံးရက်ခရီးသွားတာကို မလိုက်ပဲနေခဲ့ပြီးပျင်းနေလို့ပါတဲ့
" နေပါအုံး ငါကမင်းရည်းစားလား မင်းရဲ့သားလား မင်းရဲ့ခွေးလား "
" တစ်ခုမှမဟုတ်ဘူး"
" အဲ့တာဆိုဘာလည်း "
" ငါ့ဘဝကြီးလေ ဟီးဟီး "
" ပတ်ဆောင်းဟွန်း မင်းကွာ "
ပါးစပ်နားမှာပေနေတဲ့ ဟင်းအနှစ်တွေကို မျက်နှာချင်းဆိုင်ခုံကနေလှမ်းသုတ်ပေးတော့
နှုတ်ခမ်းကြီးကိုထိုးပေးသည် ။
ပြောပါတယ် ။ လူကြီးဆန်တယ်ထင်ရပေမယ့်
တစ်ခါတစ်ခါထဖောက်ရင် ငါးနှစ်သားပါပဲ ။
" ဒီနေ့ Darling အိမ်ကလူကြီးတွေ ပြန်မလာမှာသေချာပါတယ်နော် "
" သေချာလို့ ဒီလိုခေါ်ပြီး ဟင်းချက်ကျွေးခိုင်းတာပေါ့ ခွေးပေါက်ရဲ့ "
" အဲ့တာဆို တူတူအိပ်ရအောင် "
ရေခွက်ကိုကောက်မော့နေတဲ့ ဆောင်းဟွန်းက
ဖွီးကနဲဘေးကို မှုတ်ထုတ်လိုက်တော့ လူကတုန်တက်သွားသည်။
" ဘာပြောတယ်။"
" ငယ်ငယ်တုန်းကလို ဖက်အိပ်မယ်လေ အဲ့တာပြောတာ မဟုတ်မှလွဲရော darling ..
မဟုတ်တာတွေတွေးနေတာလား wtf "
" မတွေးပဲနေမလား ပြောတာကြီးက "
" ‌အေးပါ ငါပဲတောင်းပန်တယ် "
" ဒါနဲ့ အချစ်ရေ မင်းစဉ်းစားကြည့်ကွာ
မတွဲခင်တုန်းကအနှောင့်အသွားမလွတ်တာတွေသိပ်ပြောတတ်တဲ့သူက ငါဖြစ်ပြီးတော့ အခုကျ
မင်းဖြစ်နေတယ်ဆိုတော့ကာ အသွင်တူအိမ်သူဆိုတာ ဒါမျိုးလား "
" ပတ်ဆောင်းဟွန်းက ငါ့လောက်မချောတာတော့သိတယ် ။ အသွင်တူအိမ်သူလားတော့မသိဘူး"
ရည်းစားလိုခေါ်ဝေါ်လိုက် ချက်ချင်းပဲ
မင်းတွေငါတွေ နာမည်အရင်းတွေခေါ်လိုက်ဖြစ်တာက မထူးဆန်းတော့ပါဘူး ။
ဒါပေမဲ့ ကိုယ်ကသူ့ထက်ချောတယ်လို့ပြောလိုက်လို့ ခက်ရင်းကို စားပွဲပေါ် ဒုန်းကနဲချပြီး
အပေါ်ထပ်တက်ပြီးအိပ်ခန်းထဲဝင်သွားလေရဲ့
ဪ ချောမောမှုကိုတော့အကြောမခံဘူးဆိုတဲ့သဘောပေါ့။
" ဒါလင်ရေ စိတ်ကောက်သွားတာလား "
အိပ်ခန်းထဲလိုက်ဝင်သွားတော့ စူပုတ်ပြီးမှန်ရှေ့ထိုင်နေရင်း ပွစိပွစိလည်းပြောနေသေးတာပဲ
ဘာတဲ့
" ဘယ်လိုကြည့်ကြည့် ငါပဲ ပိုချောတာ " တဲ့
နောက်ကနေ ပုခုံးကိုဖက်ပြီး ကိုယ်လည်းမှန်ရှေ့သွားကြည့်‌မိတော့ ပွစိပွစိပြောနေတာရပ်ပြီးဆောင်းဟွန်းကပြုံးသည်။
" ဂျယ်ယွန်း ငါတို့ လူကြီးဖြစ်လာပြီပဲ"
" အင်း ။ ခြောက်နှစ်က ငါတို့ကိုသိပ်‌မပြောင်းလဲစေခဲ့ဘူးထင်တယ် "
" ငါတို့ကမပြောင်းလဲချင်ခဲ့လို့ဆိုပိုမှန်မယ် "
ခုံကနေထပြီး မျက်နှာချင်းဆိုင်ရပ်ပြီး
လက်ကို ကိုင်ကာ နဖူးပေါ်ကို ခပ်ဖွဖွနမ်းသည် ။
တကယ်ပါ ။ မထိရက်မကိုင်ရက်မို့ဆိုပြီး
First kiss လိုအသေးအမွှားမျိုးတောင် ယောင်လို့မတောင်းဆိုဖူးပါ ။ အဲ့လိုအချစ်ခံရလို့လည်း
အဲ့တာနဲ့တန်အောင် အများကြီးပြန်ချစ်ပေးရတာပေါ့ !
" ပန်းကန်သွားဆေးကြမလား အချစ် "
" အင်း ! စုံ စမ် စိ "
" ဘာလည်းအဲ့တာ "
" ရှုံးတဲ့သူဆေးလေ နှစ်ယောက်တူတူ ဘာလို့ဆေးရမှာလည်း "
" ဟုတ်ပါပြီဗျာ "
အဲ့လိုနဲ့ပဲ စုံစမ်စိနဲ့ ပန်းကန်ဆေးကြရာမှာတော့
" မင်းနောက်မှလုပ်လိုက်တာမလား ဆောင်းဟွန်း"
" မနောက်ကျပါဘူး ပြိုင်တူပဲလေ မင်းက ကတ်ကြေး ငါက ကျောက်တုံး "
ပြိုင်မငြင်းချင်တော့လို့ စူအောင့်ပြီး ပန်းကန်သွားဆေးတော့ နောက်ကနေ လာသိုင်းဖက်ပြီး
ပုခုံးပေါ်မေးလာတင်ထားပါရဲ့
" အဲ့လိုလေးနေချင်လို့ ညစ်တာ ဟဲဟဲ "
" မကောင်းတဲ့ကောင် !"
ရယ်သံသေးသေးလေးလုပ်ပြီးမျက်လုံး‌တွေမှိတ်သွားမတတ်ရယ်ပြပြီး ပန်းကန်တွေဆေးပြီးတဲ့ ထိ ခါး‌နောက်ကိုဖက်ထားတာကမဖြုတ်သေး
" လွှတ်တော့လေ ဟေ့ကောင် "
" ဟီးဟီး "
တစ်ချက်ရီပြလို့ကြောင်သွားတဲ့အချိန်ပဲ လူကိုတစ်ကိုယ်လုံးမပြီး သူ့အိပ်ခန်းထဲဆွဲခေါ်သွားလို့ လူက လန့် တန့်တန့်
" နေ့လည်ဘက်အိပ်ရတာ ငါတော့ကြိုက်တုန်းပဲ "
" အိပ်ချင်ပြီလား "
" အင်း "
" လူကိုအလန့်တကြားဖြစ်အောင်လုပ်တဲ့ ဒီကောင်တော့ကွာ "
ပြောပြောဆိုဆို‌နဲ့ ကုတင်ပေါ် ဝင်ထိုင်နေပြီဖြစ်တဲ့
ဆောင်းဟွန်းကို စောင်နဲ့လှမ်းအုပ်ပြီး ကလိထိုးပြီးစပေမဲ့ သူကကိုယ့်ထက်ပိုသန်တော့ ရုန်းနိုင်သည် ။
အဲ့ဒီနောက်တော့ ကလေးလေးနှစ်ယောက် ကစားပြီးမောလို့ဖက်အိပ်နေတဲ့ ပုံရိပ်လေးက‌ လူကြီးလေးနှစ်ယောက် ဖက်အိပ်နေကြတဲ့ပုံရိပ်လေးအနေနဲ့တောင်မြင်နေရပြီကိုတွေ့နိုင်ပါတော့သည်။
သူတို့ရဲ့ရည်းစားဘဝက
ရည်းစားလိုနေပြီး သူငယ်ချင်းလိုလည်းပေါင်းတယ်လို့ပြောရင် ရှုပ်ကုန်နိုင်လောက်ပေမယ့် တကယ်ကို
အဲ့လိုပါပဲ ။
တခြားအတွဲတွေကတော့ မပြောတတ်ဘူး :3
~||~
" ကြောက်စရာကြီးဗျာ အနားမကပ်နဲ့ "
" ကလေးပဲပြောတော့ ကိုကိုကချစ်ဖို့ကောင်းတယ်ဆို "
" တမင်တကာချစ်စရာကောင်းအောင်လုပ်တာတော့ကြောက်တယ် "
" ဂျောင်ဝန်းနီးကလည်း "
မနေ့က ခေါက်ဆွဲအေးစားနေတာချစ်ဖို့ကောင်းတယ်ပြောလိုက်မိတာနဲ့ ဒီတစ်နေ့လုံး ဟီးဆွန်းဟျောင်းရဲ့ Aegyo တွေနဲ့ ထမင်းခုနှစ်ရက်စားမဝင်နိုင်လောက်တော့
ဒါပေမဲ့ လုံးဝချစ်ဖို့မကောင်းတာတော့မဟုတ်ပါဘူး ။
အခုလည်းပြုံးစိစိဖြစ်နေတဲ့ သူ့ရဲ့ပါးချိုင့်ကိုလာ‌တို့နေပြန်သည် ။ အဲ့တာကိုပဲ သဘောကျပါတယ် ။ ခေါင်းကိုပုတ်ပေးတာရယ် ပါးချိုင့်ကိုလာတို့တာရယ် အကုန်လုံးဆီကမဟုတ်ဘူးနော်
ဟီးဆွန်းဟျောင်းနဲ့ ဘော်ဒါတွေဆီကပဲ ။
ပုခုံးကိုဖွဖွဖက်ထားတဲ့ ဟျောင်းရဲ့ပုခုံးပေါ် ခဏလောက်မှီနေလိုက်သည်။ ဟျောင်းကတော့
ပါးချိုင့်လေးတွေကိုတို့ပြီး သဘောတကျပြုံးနေဆဲ
" အဲ့ပါးချိုင့်လေးတွေက repeater ဖြစ်အောင်လုပ်သွားတာပဲ "
" ကျွန်တော့်အပြစ်ပေါ့ဟုတ်လား "
" မဟုတ်ပါဘူး ။ ဒီတိုင်းပြောပြတာ အသည်းယားလွန်းလို့ "
"ဟားဟား "
ဟျောင်းရဲ့အိမ်ရှေ့က ဘတ်ကစက်ဘောကွင်းက
သူတို့ရဲ့ပုံမှန်ချိန်း‌တွေ့ရာနေရာဖြစ်လာခဲ့သလို
ရည်စားဖြစ်သွား‌ေတာ့ဖက်ရှင်လည်းသိပ်ရွေးနေဖို့မလိုတော့
အခုလည်း ဟီးဆွန်းဟျောင်းက Jersey လက်ပြတ်ဘောင်းဘီတိုရယ်ညှပ်ဖိနပ်အစုတ်ကြီးရယ် ဂျောင်ဝန်းကလည်း ဂုတ်ကနည်းနည်းပေါက်နေတဲ့ အဖေ့အင်္ကျီအစုတ်ကြီးရယ် short pant ရယ်နဲ့
ရည်းစားထားရတာ လွယ်တယ်မဟုတ်ပေမဲ့
ဟီးဆွန်းဟျောင်းနဲ့‌တော့ တောက်လျှောက်မှာ
ချောချောမွေ့မွေ့ဖြတ်သန်းလာခဲ့တာပါပဲ ။
နှစ်လ ကနေ နှစ်,နှစ်ရာအထိ လို့တော့
ဟျောင်းကပြောတာပဲဗျာ !
~||~
" ကျွန်တော် အိပ်နေတာကို ဓာတ်ပုံခိုးရိုက်ထားပြန်ပြီလား !"
" ချစ်စရာလေးလေ နီကီနီကီ ဘေဘီ ဟားဟား "
" ကျွန်တော် အသက်မပြည့်သေးလို့ပေါ့ဗျာ "
" အသက်ပြည့်ရင် ဘာလုပ်ချင်လို့လည်း
ဘေဘီက"
" ဟိုနေ့က အင်္ကျီချွတ်အိပ်တဲ့ဆယ့်ငါးနှစ်သားကိုရှက်နေတဲ့ကိုကြီးဆောနူကို ဖက်နမ်းမလို့ "
" Yarrr!!!!"
" ဒီလိုသာတစ်သက်လုံးနေချင်တယ် ။ အမေဆူတာမခံရဘူး "
ဟျောင်းက ကိုရီးယားကိုသုံးလလောက်လာနေဖြစ်မယ်ဆိုတော့ ကျောင်းကို ဆရာဝန်အကိုကြီးကျေးဇူးနဲ့ ဆေးခွင့်သုံးလတင်ပြီး ကိုကြီးနောက်ကိုလိုက်ခဲ့တဲ့ နီရှီမူရာဟာ သိပ်တော်ပါသည် ။
ဂိုက်လည်းပြတတ်တဲ့ကိုကြီးကြောင့် စာပျက်မှာမဟုတ်မှန်းသိလို့ လိုက်လာရဲတာ ။
ကိုကြီးလို့ကြိတ်ခေါ်နေတာတော့ ဆောနူဟျောင်းမသိပါစေနဲ့
အခုတော့ သုံးလအတွက်ကိုတိုက်ခန်းလေးတစ်ခုငှားပြီး ဟျောင်းနဲ့တူတူနေရသည် ။ အမေဆူတာမခံရလို့ရော ဆောနူဟျောင်းနဲ့မို့လို့ရော အများကြီးပျော်ရပါသည်။
" ကျောင်းအဖျက်ခံပြီးလိုက်လာကတည်းက
တင်းနေတာနော် ကောင်စုတ်လေး "
" ဟျောင်းရှိတယ်လေ ကျောင်းက ဘာလုပ်ရမှာလည်း "
" စာသင်ရမှာလေ "
" ကျွန်တော်က စာသင်တာထက် ဟျောင်းကိုပိုစိတ်ဝင်စားတာ "
ဆိုဖာပေါ်ဘေးချင်းကပ်ထိုင်နေတဲ့
ဆောနူဟျောင်းရဲ့ လက်အောက်ကို ကိုယ့်ကိုယ်လေး လျှိုပြီး ချွဲတော့ သဘောတကျနဲ့ ခေါင်းကဆံပင်တွေကိုသပ်ပေးသည်။
အချွဲခံရရင် ဘာမှပြန်မပြော‌ေတာ့ပဲ သဘောအကျကြီးကျနေတတ်တာ ။
တကယ်ကိုပဲ ဂငယ်ကောင်လေးကသိပ်တော်ပါ၏ ။
Age is just a number ဆိုတာက အချင်းချင်းချစ်နေတဲ့ သူတို့နဲ့တော့ဟုတ်ပေမဲ့
တစ်ချို့နှာဗူး‌ေတွကိုတော့ သတိပေးစရာရှိပါရဲ့
*Jail is just a room * ပါလို့ !
~||~
အချစ်ကိုပိုင်ဆိုင်ထားတဲ့သူတွေမှန်သမျှဟာ
အဲ့လူက ကိုယ့်သက်ဆိုင်သူပါလားဆိုပြီး သေချာခဲ့တဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး
အရာအားလုံးက သူတို့ရဲ့ကိုယ်ပိုင်ဖန်ဆင်းမှုရယ်
နှလုံးသားရဲ့စည်းချက်တွေ တူညီမှုရယ် ကြောင့်ပဲ
တိကျပြီး ပြတ်သားတဲ့ အချစ်ကိုဖန်တီးဖို့ တွန်းအားတွေပေါ်လာတာ လို့ပြောရမှာပါပဲ
~| SUPPORT SYSTEM FOR LIFE |~
ပေါ့ပေါ့ပါးပါးဆိုပြီး အရမ်းတွေပေါ့လျော့သွားခဲ့မှုတွေကိုလည်းတောင်းပန်ပါတယ် ။ ရေးအသားမသေသပ်မှုတွေကိုသည်းခံပြီးဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင် ။
Btw SungJake အသစ်ထပ်ရေးထားပါသေးတယ် ။ အပ်ပုဒိတ်ကြာနိုင်ပါတယ်နော် :3
___________________________________________
Zawgyi
" အင်း "
" တကယ် တောင်းပန်တာလား "
" ဟုတ်တာပေါ့ "
" ဘာ !!"
" ဘယ်လို ! "
" ဆင်းသာကြည့်တော့‌ "
" ကင်မ်ဆောနူ မင်း.."
" သတိရနေတာ ဟေ့ကောင် "
‌ဆောင်ပေးတဲ့အကိုမလား "
‌အောင်လုပ်နေသလိုပင်
" ငါလုပ်ထည့်လိုက်ရ "
~||~
" တစ်ခုမှမဟုတ်ဘူး"
" အဲ့တာဆိုဘာလည်း "
" ငါ့ဘဝကြီးလေ ဟီးဟီး "
" ဘာပြောတယ်။"
ဘာတဲ့
" အင်း ! စုံ စမ် စိ "
" ဘာလည်းအဲ့တာ "
" ဟုတ်ပါပြီဗျာ "
" မကောင်းတဲ့ကောင် !"
" လွှတ်တော့လေ ဟေ့ကောင် "
" ဟီးဟီး "
" အိပ်ချင်ပြီလား "
" အင်း "
သူတို့ရဲ့ရည်းစားဘဝက
အဲ့လိုပါပဲ ။
~||~
" ဂျောင်ဝန်းနီးကလည်း "
"ဟားဟား "
ရည်စားဖြစ်သွား‌တော့ဖက်ရှင်လည်းသိပ်ရွေးနေဖို့မလိုတော့
ဟျောင်းကပြောတာပဲဗျာ !
~||~
ဘေဘီက"
" Yarrr!!!!"
" စာသင်ရမှာလေ "
အချွဲခံရရင် ဘာမှပြန်မပြော‌တော့ပဲ သဘောအကျကြီးကျနေတတ်တာ ။
တစ်ချို့နှာဗူး‌တွေကိုတော့ သတိပေးစရာရှိပါရဲ့
~||~
___________________________________________
Continue Reading
You'll Also Like
169K 17.7K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 37.7K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
943K 21.6K 49
In wich a one night stand turns out to be a lot more than that.
27.7K 735 8
the official rewrite of the supernatural killer story idea.