Unicode
" ကင်မ်ဆောနူနဲ့ သူ့ဂျပန်လေး မပြန်ခင် ခရီးစုထွက်ရအောင် "
ကျောင်းကန်တင်းမှာ ငါးယောက်စုထိုင်မိရင်း
ဂျောင်ဝန်းက စကားစလာသည် ။
ဟုတ်သားပဲ တစ်လပိုင်းလယ်ဆိုရင် ဆောနူကဂျပန်ပြန်တော့မှာလေ ။
နောက်တစ်နှစ်လောက်နေမှ
ကိုရီးယားကိုအပြီးပြန်လာမှာဆိုတော့ မှတ်မှတ်ရရတစ်ခု သေချာချန်ထားသင့်တာပေါ့။အကုန်လုံးကခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတူနေကြသလို ဘေးကဂျယ်ယွန်းကလည်း သဘောတူနေတာအပြင် မျက်လုံးဝိုင်းလေးတွေနဲ့လာကြည့်နေတာကြောင့် ဒီလူက မနေနိုင် ။
" နောက်အပါတ် New Year နဲ့တိုက်ပြီးသွားကြရအောင် ဂျယ်ဂျူ ကမ်းခြေ သုံးညအိပ်ဆို ဘယ်လိုလည်း ! Oversea ကတော့ ပိုက်ဆံကုန်တယ် "
ဂျုံဆွန်းက အကြံပေးတာကဟုတ်ပါပြီ ။
သူဌေးပါးစပ်က ပိုက်ဆံကုန်တယ်ဆိုတာကတော့ထွက်စရာလားလေ ಥ‿ಥ" Cool ! "
ဟီးဆွန်းဟျောင်းက ချက်ချင်းပဲ တုံ့ပြန်စကားဆိုတော့ ဂျုံဆွန်းတစ်ကောင်ဟာလည်းကျေနပ်လို့
ဆောနူရယ် သူ့ကောင်လေးရယ် ၊
ဆောင်းဟွန်းတို့သုံးယောက် ၊
ဂျယ်ယွန်းနဲ့ ဟီးဆွန်း တို့တွေ အချိန်တောင်သိပ်မယူလိုက်ရပဲ ရင်းနှီးနေကြပြီဖြစ်တာကြောင့် ခရီးတူတူထွက်လည်းနေရခက်စရာမရှိလောက်လို့တွေးမိတာနဲ့ ခေါင်းငြိမ့်လိုက်မိပါသည် ။New Year နေ့က သေချာလကုန်ရက်ဆိုတော့
ဂျယ်ယွန်းနဲ့သူနဲ့တွဲတာ လေးလပြည့်တဲ့ရက် ! ။ညနေဘက် ကျောင်းဆင်းလို့
ဆောင်းဟွန်းတစ်ယောက် အိမ်ပြန်ရောက်တာနဲ့
ခေါင်းကုတ်ပြီး ငုတ်တုတ်ထိုင်စဉ်းစားသည့်အလုပ်စလုပ်ရလေပြီ ။တစ်ခုခု လက်ဆောင်ပေးချင်ပေမဲ့ ပစ္စည်းပစ္စယလက်ဆောင်ထက် အမှတ်တရတစ်ခုပေးချင်တာ။
" သီချင်းဆိုပြတာ ? "
" ဂီတာတီးပြီးဆိုမှပေါ့ ဒီတိုင်းဆို ဘယ်ကောင်းမလည်း ။ ဟျောင်း ဂီတာလည်းမတီးတတ်ဘူးမလား "
ဘယ်အချိန်ကတည်းကရောက်နေလည်းမသိတဲ့
Ni-ki လေးက ကုတင်ခြေရင်းမှာ ဖုန်းနဲ့အလုပ်ရှုပ်နေရင်း လှမ်းပြောလာသည် ။
အဲ့လိုပါပဲ အိမ်ကိုတံခါးမရှိဓားမရှိဝင်ထွက်နေကြတာ ။
YOU ARE READING
SUPPORT SYSTEM FOR LIFE [SUNGJAKE]✓
Fanfictionsince we're kids Start : sep 21 2020 End : nov 20 2020