Chapter 13

1.4K 196 16
                                    

Unicode

ဒီနေ့မနက် အစောကြီး နိုးနေလို့
ဂျောင်ဝန်းနဲ့ ဂျုံဆွန်းကိုခေါ်ပြီး
ရပ်ကွက်တစ်ပါတ် ထပြေးကြသည် ။
အဲ့လိုပါပဲ သုံးယောက်စုံရင် ခြောက်ကပ်ကပ်နဲ့မို့သာ မနေ့ကတစ်ရက်ခွဲနေထားရတော့ လွမ်းလှပြီ
*ထင်လား*

" အဲ့တော့မနေ့က အဲ့ကောင်လေးကို ဖက်နမ်းတယ်ပေါ့ မင်းက "

" စကားနဲ့ပြောလို့မရဘူး ဂျယ်ယွန်းက အဲ့လိုကိစ္စမှာ အရမ်းဝေးတယ် အဲ့တာကြောင့် "

ပြေးပြီး ဂျုံဆွန်းတို့လမ်းထိပ်က 24 hour စတိုးဆိုင်အပြင်မှာ အမောပြေ ထိုင်နေကြသည် ။
ဂျုံဆွန်းနဲ့ ဆောင်းဟွန်းက တစ်လမ်းကျော်
ဂျောင်ဝန်းကတော့ ကပ်လျက် ရပ်ကွက်က
ဆိုတော့ ကြိုက်တဲ့အချိန်ဆုံလို့ရသည် ။

" ငါ ဒီနေ့လည်းကျောင်းမတက်ချင်ဘူး "

စိတ်ပျက်လက်ပျက်နဲ့ ပြောလာတဲ့ဂျောင်ဝန်းကို
လှည့်ကြည့်မိသည် ။ အတည်ကို လဒမှိုင်မှိုင်နေတာပဲ ။

" ဘာလို့ အဲ့လိုကြီးဖြစ်နေတာလည်း စိတ်ညစ်စရာရှိလို့လား "

" ညစ်တာပေါ့ ရည်းစားလောင်းရှေ့မှာ အရှက်ကွဲတာ ရစရာကိုမရှိဘူး "

" ဘာကိုရည်းစားလောင်းလည်း ဟိုကပြန်ကြိုက်မှာကျနေတာပဲ မင်းကို "

" နေပါအုံး ဒီကောင့်မှာ crush ရှိတာလား "

ဘာမှမသိတဲ့ ဂျုံဆွန်းကဝင်မေးတော့
နှစ်ယောက်သားခေါင်းငြိမ့်ပြလိုက်သည် ။

" ဘယ်သူ့ကိုကြိုက်နေတာလည်း "

" ငါတို့အဖေ "

" ဦးလေးပတ်ခ်ကို လား ! မင်းမကြံကောင်းမစည်ကောင်းနော် "

" မင်းမေလင် ဦးလေးပတ်ခ် ကိုငါကြိုက်ရမှာလား "

" ဟိတ် ဟိတ် ငါ့အဖေက ဘာလို့ ဂျုံဆွန်းအမေလင် ဖြစ်သွားတာတုန်း နေပါအုံး ဂျုံဆွန်းအဖေလည်း ငါနဲ့မျိုးရိုးတူတာပဲ "

" ငါကောက်ထုလိုက်ရ ငါ့ကိုကျလျှိုထားပြီး
လာပြောင်နေကြတယ် "

" ဟီးဆွန်းဟျောင်း.."

ဂျောင်ဝန်းရဲ့ ဝန်ခံစကားနောက်မှာ ဂျုံဆွန်း အော်ရီမိတော့သည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now