Unicode:
Unrequited Love Means~
အပိုင်း 3
ထုံးစံအတိုင်း မိုးစျေ အိမ်ပြန်ရောက်တော့
ခခက လာကြိုသည်.....ရေခဲသေတ္တာထဲက ဖျော်ထားတဲ့ သံပုရာရည်ခွက်လေးကို ယူကာ သူ့ကို ကမ်းပေးသည်......
မိုးစျေ လွယ်ထားသည့်လွယ်အိတ်ကို နံရံမှာ ချိတ်လိုက်ပြီး သံပုရာရည်ကို ယူသောက်လိုက်သည်....
ပြီးတော့ လက်ထဲမှာ အခုချိန်ထိ ပူပူနွေးနွေး ရှိနေသေးသည့် ကြက်ကြော်
ဘူးကို လှမ်းပေးလိုက်သည်.....
"ကြက်ကြော်လားဟင် ကိုကို "
"အင်း .... ဆရာမပေးလိုက်တာ "
ကိုကိုပြောသည့် ဆရာမဆိုတာ ကိုကို စာသင်နေသည့် ၀ိုင်းကျူရှင်ရဲ့ Founder ဖြစ်သည့် ကိုကို့ဆရာမကြီး ဖြစ်သည် .... ခခ လဲထိုကျူရှင်ကနေပဲ ဆယ်တန်းအောင်ခဲ့တာမို့ ခခ ဆရာမ ဆိုလဲ မမှားပါ .....
"ဒီနေ့က ဘာနေ့မို့လဲ ကိုကို.... ဆရာမက ကြက်ကြော်ဘာလို့ပေးလိုက်တာလဲဟင်"
"မသိဘူး "
ကိုကို့ရဲ့ ဘုနဲ့ဘောက်ဖြေမှုကို ခခသဘောကျသွားပြီး ပြုံးလိုက်သည်....
"ဟီး .... ခခက အခုတလော ကြက်ကြော်
အရမ်းစားချင်နေတာသိလား .... ဒါပေမဲ့
တစ်တုံး ၁၇၀၀ ကျော်ဆိုတော့ စျေးကြီး
လို့ မ၀ယ်စားဘဲနေတာ .... အခုတော့ အများကြီးပဲ စားရပြီ "
ခခ အပြောကြောင့် အခန်းထဲ၀င်မည့်
မိုးစျေ ခြေလှမ်းတွေ ရပ်တန့်သွားသည်...
ဒါပေမဲ့ စက္ကန့်ပိုင်းမျှသာ .....
အခန်းထဲ၀င်သွားသည့် ကိုကို့ကျောပြင်
ကို ကြည့်ပြီး အရူးတစ်ယောက်လိုမျိုး
ခခ တစ်ယောက်ထဲ ပြုံးနေမိသည်.....
ပြီးမှ ကြက်ကြော်ဘူးထဲမှ ကြက်ကြော်တွေကို ပန်းကန်ထဲထည့်ပြီး အုပ်ဆောင်း
အောက်မှာ ထားလိုက်သည်......
မိုးစျေ အခန်းထဲမှာ အင်္ကျီလဲနေရင်း
ခုဏက ခခပြောသော စကားများကို ပြန်တွေးနေမိသည်.....
ဒီကောင်မလေး ညဆို Lotteria Facebook Page ထဲ ၀င်၀င်ကြည့်နေတာကို သူသိတာမို့ ကြက်ကြော်စားချင်
နေတာလားဆိုပြီး သူဒီနေ့ ၀ယ်လာခဲ့တာဖြစ်သည်......
အကြောင်းရင်းမှန်က တစ်တုံး ၁၇၀၀ ကျော်တန် ကြက်သားက စျေးကြီးလို့ ၀ယ်မစားတာတဲ့လား.....
သက်ပြင်းကို ခပ်လေးလေးချမိပြီး မိုးစျေ
အခန်းထဲမှ ပြန်ထွက်လာတော့ အိမ်ထဲမှာ
ခခ ရှိမနေတော့ .....
ထိုစဥ် ဘောလုံးအင်္ကျီ၀တ်ထားသော မိုးစွေမှာ အပြင်မှ ပြန်လာသည့် ဟန်ဖြင့်
သူ့ရှေ့ကနေ ဖြတ်ပြီး မီးဖိုချောင်ထဲ
၀င်သွားသည်။
အိုးသံခွက်သံတွေကြားတော့ အပြင်က ပြန်လာတာနဲ့ ဗိုက်ဆာပြီး ထမင်းစားတော့မည့်ပုံ ပေါ်သည်..... တစ်ဆက်ထဲ
ကြက်ကြော်တွေကို သွားသတိရတော့
ချက်ချင်း မီးဖိုချောင်ထဲလိုက်၀င်လိုက်သည်....
သူထင်တဲ့အတိုင်းပါပဲ မိုးစွေက သူ၀ယ်လာတဲ့ ကြက်ကြော်တွေကို ယူစားတော့
မည်မှာ နည်းနည်းလေးပဲ လိုတော့သည်။
ကြက်ကြော်တုံးကို လှမ်းကိုင်သည့် မိုးစွေ
ရဲ့ လက်ကို သူလှမ်းတားလိုက်သည်....
"ဒါ မင်းအတွက် မဟုတ်ဘူး "
"ကိုစျေ "
မိုးစွေလက်ကို ပုတ်ချလိုက်တော့ လက်ထဲမှာ ကြက်သားတုံးက ပန်းကန်ထဲ ပြန်ပြုတ်ကျသွားသည်.....
မိုးစျေ ကြက်ကြော်ပန်းကန်ကို ဆွဲယူတုန်း
ရှိသေးသည်..... မီးဖိုချောင်ထဲကို မိုးဝေ
ပါ ၀င်လာသည် .....
"မင်းတို့ ၂ယောက်ဘာလုပ်နေကြတာလဲ..... ဟာ မိုးစျေ မင်းလက်ထဲမှာ ကြက်ကြော်တွေပါလား မင်း၀ယ်လာတာလား "
"ဟုတ်တယ်....ဒါပေမဲ့ ခင်ဗျားတို့ဖို့ မပါဘူး "
ပြောပြောဆိုဆိုနဲ့ ကြက်ကြော်ပန်းကန်ကို ဆွဲယူပြီး မီးဖိုချောင်ထဲမှ ထွက်သွားသည်....
ကျန်ခဲ့သည့် မိုးစွေနဲ့ မိုးဝေမှာတော့ ဆွံ့အ လျက်သာ.....
မိုးစျေ ကြက်ကြော်ပန်းကန်ကို အခန်းထဲ
မှ သူ့စားပွဲပေါ် တင်လိုက်ပြီး စာဖတ်နေလိုက်သည်......
ခခ အမေနဲ့ အတူ ဆိုင်သိမ်းပြီး အိမ်ထဲ ပြန်၀င်လာတော့ ဗိုက်ဆာဆာနဲ့ပဲ
ကိုကိုယူလာပေးသည့် ကြက်ကြော်နဲ့ ထမင်းစားရန် အုပ်ဆောင်းကိုလှန်ကြည့်
လိုက်တော့ ကြက်ကြော်ပန်းကန်က
ရှိမနေတော့ ....... ကိုကို့ကို မေးကြည့်ရန် အခန်းထဲ ပြန်၀င်လာပြီး .....
"ကိုကို .... ကြက်ကြော်ပန်းကန်မရှိတော့ဘူး "
"ဒီမှာ "
"ဟင် .... "
"ကြက်ကြော်ပန်းကန်က ဒီမှာ "
"ဒီကြက်ကြော်ပန်းကန်ကို ကိုကိုက
ဘာလို့ ဒီမှာ လာထားထားတာလဲဟင် ..."
"ဟို၂ယောက် ယူစားဖို့လုပ်နေလို့ "
ကိုကို က သူမကို မကြည့်ဘဲ စာအုပ်ဖတ်နေလျက် ကလေးဆန်ဆန် ပြန်ဖြေသည်.... ကိုကို့ရဲ့ ချစ်ဖို့ကောင်းလွန်းသည့် အပြုအမူကြောင့် ခခ ရယ်လိုက်မိပြီး .....
"အဲ့တာများ ကိုကိုရယ် ဆရာမက ကြက်ကြော်တစ်ဗူးလုံးကြီး ပေးလိုက်တာလေ...
သူတို့ကို တစ်တုံးဆီ ကျွေးလိုက်ပါလားလို့ "
"သူတို့ကို ကျွေးဖို့ ၀ယ်....ယူလာတာမှ မဟုတ်တာ .....ဆရာမက မင်းစားဖို့ ပေး
လိုက်တာလေ "
"ဒါပေမဲ့ ခခ တစ်ယောက်ထဲမှ စားလို့ မကုန်တာ ကိုကိုရဲ့ ....."
"မကုန်ရင် မနက်ဖြန် ပြန်ကြော်ပြီး စားလို့ရတယ် "
"ခခ အခု ဗိုက်ဆာနေပြီမို့ စားတော့မယ်နော် .... ကိုကိုရော စားပြီးပြီလား "
မိုးဈေခေါင်းပဲခါပြလိုက်သည်....
"ဒါဆို ခခ တို့ အတူတူ စားလို့ရလားဟင် ကိုကို "
ခခမျှော်လင့်ချက်အပြည့်နဲ့ ကိုကို့ကို မေးလိုက်
တော့ ကိုကိုက ခခကို တစ်ချက်မော့ကြည့်ပြီး
နေရာကနေထသွားသည် .....
ကိုကိုက လက်ခံလိုက်သည့်သဘောမို့ ခခ Yes ဟု အသံထွက်ကာ အောင်ပွဲခံလိုက်သည်....
ထမင်းမစားခင် စာသင်သည့်အိမ်မှ ဖုန်းလာသည်မို့ ကိုကို အပြင်မှာ ဖုန်းထွက်ပြောနေတုန်း
ခခ အမေ့အတွက်ရယ် ကိုကြီးမိုးဝေအတွက်ရယ် မိုးဈေအတွက်ရယ် ကြက်ကြော်သုံးတုံးကို ကိုကို
မသိအောင်ဖယ်ထားပြီး ကြောင်အိမ်ထဲမှာ အမြန်ထည့်လိုက်သည် ....
ပြီးမှ ကိုကိုနဲ့ ခခအတွက်ထမင်း ၂ပန်းကန် ခူးပြီး
ထမင်းဝိုင်း အသင့်ပြင်ကာ ကိုကို့ကို စောင့်နေလိုက်သည်......
မိုးဈေထမင်းဝိုင်းမှာ ၀င်ထိုင်လိုက်သည်နှင့် ကြက်ကြော်ပန်းကန်ထဲမှ ကြက်ကြော်အချို့ လျော့နေသည်ကို သတိထားမိသည်..... သူဘယ်လောက်ပြောပြော ဒီအိမ်သားတွေကို ဦးစားပေးတတ်သည့် ကောင်မလေးကို သူဘယ်လို လုပ်ရမလဲ မသိတော့.....
အစကတော့ သူ့အပေါ် စိတ်ကစားတာ ဖြစ်မှာပါ
အချိန်တန်ရင် အလိုလို ထွက်သွားမှာပါဟု ပေါ့ပေါ့လေး တွေးခဲ့ပေမယ့် အချိန်တွေကြာလာတော့သူ့ထက်ပင် ဒီအိမ်ကလူတွေနဲ့ ပိုပြီး တရင်းတနှီး ရှိလာခဲ့သည်......
ပင်ပန်းပြီး သူတို့ဆီက ထွက်သွားဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်ပါ့မလားဟု သူတွေးလာမိသည်.....
မွေးထဲက ခြေမွေးမီးမလောင်လက်မွေးမီးမလောင် နေခဲ့ရသည့် သူမလို ကောင်မလေးက
ဒီအိမ်မှာ ဒုက္ခဆင်းရဲ ကြီးစွာနဲ့ သူ့အနားရှိနေရလောက်အောင် သူ့မှာ ဘာများမက်စရာတွေ ရှိနေခဲ့လို့လဲ .....
"ကိုကို ....ကိုကို "
"ဟမ်.... ဘာပြောလိုက်တာလဲ "
"ကိုကိုလို့ခေါ်လိုက်တာပါ....ကိုကိုဘာတွေတွေး
နေတာလဲဟင်..... ထမင်းစားရအောင်လေ....
ခခ ဒီမှာ ကိုကို့အတွက်ကြက်ကြော်တစ်တုံး
ဦးချထားတယ်"
"အင်း.....စားကြမယ် "
ခခ ကြက်ကြော်ကို တစ်ဖဲ့ ဖဲ့လိုက်ကာ အချဉ်ရည်နဲ့ တို့ပြီး စားလိုက်သည်.....
"အွန်းးးး ကိုကို ယူလာပေးလို့လားမသိ ကြက်ကြော်ကလေ ခခ အရင်တုန်းက စားဖူးတာတွေထက် အများကြီး ပိုကောင်းတယ်သိလား "
"အဓိပ္ပွာယ်မရှိတာတွေ ပြောမနေနဲ့.... ထမင်းစားနေတဲ့အချိန် စကားတွေအများကြီးပြောတာ ငါမကြိုက်ဘူး ....."
"ဟုတ် "
သူပိတ်ပြောလိုက်မှ ခေါင်းလေးငုံ့ပြီး ထမင်းနဲ့ ကြက်ကြော်စားနေသော ကောင်မလေးကို ကြည့်ပြီး မိုးဈေ နှုတ်ခမ်းလေး တွန့်သွားရုံသာ
ပြုံးလိုက်သည်.....
သူယူလာလို့ပဲ ကြက်ကြော်က ပိုကောင်းသည်
ဖြစ်ရသေးသည်..... သူသာ ကြက်ကြော်ကို သူမလေးစားဖို့ ကိုယ်တိုင်သွား၀ယ်လာသည်သာ သိရင် သူမလေး ဘယ်လိုနေမလဲ မသိပေ.....
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ထမင်းစားပြီးတာနဲ့ ကိုကို က အခန်းထဲပြန်၀င်ပြီး ဖုန်းသုံးနေသည်.....
ခခကတော့ ခုဏကဖွက်ထားသည့် ကြက်ကြော်
လေးတွေကို ကိုကြီးဝေနဲ့ မိုးစွေကို သွားပေးနေသည်..... အမေက ဆိုင်မှာတင် ညစာစားပြီးပြီမို့ အမေ့အတွက်တစ်တုံးက သပ်သပ်ဖယ်ထား
လိုက်သည်......
မိုးဝေ ဘောလုံးပွဲလောင်းကြေးတွေ ကြည့်နေတုန်း ကြက်ကြော်တစ်တုံးထည့်ထားသော ပန်းကန်လေးက သူ့ရှေ့ရောက်လာသည်.....
"ကိုကြီးဝေ ဒါလေး စားလိုက်ဦးနော်"
"နင့်ယောင်္ကျားက ငါတို့အတွက်မပါဘူးလို့ ပြောထားတယ်လေ "
"အဲ့လိုမဟုတ်ပါဘူး ကိုကြီးဝေရဲ့ .... ကိုကို က အပြောမတတ်လို့ပါ.....ကိုကြီးဝေက အကြီးဆို
တော့ ကိုကိုကို့ နားလည်ပေးလိုက်ပါနော်.....
ကြက်ကြော်လေးက နွေးနေတုန်းပဲ .... ခခ
မိုးစွေလေးကိုလဲ သွားကျွေးလိုက်ဦးမယ်....
ကိုကြီးဝေစားပြီးရင် ပန်းကန်ကို နောက်ဖေးမှာပဲ ထားခဲ့လိုက်နော်....ခခပြီးမှ ဆေးလိုက်မယ်ရယ်"
ကြက်ကြော်ပန်းကန်လေးချပြီး သူ့အနားမှ ထွက်သွားသော ခခအကြောင်း မိုးဝေတွေးမိသွားသည်.....ဒီကောင်မလေးဟိုကောင်မိုးဈေနဲ့ အတူပါလာတုန်းက မိုးဈေ ပါးစပ်ကနေ ဒါ ကျွန်တော်ယူလိုက်တဲ့သူပဲလို့ပြောတုန်းက သူတို့မိသားစုတွေ အံ့ဩခဲ့ရသည်......
အခုတော့လဲ ဒီကောင်မလေးဟာ သူတို့မိသားစုရဲ့ ဒုက္ခတွေကို အတူတူရင်ဆိုင်ရင်း အလတ်ကောင်
မိုးဈေထက်တောင် သူတို့နဲ့ ပိုရင်းနှီးနေပါသေး
တယ်.....
တစ်ခါတစ်ခါတော့သူတွေးမိပါသည်.....မိုးဈေ
ကသူ့ညီဖြစ်နေလို့သာ.....ခခသာ သူ့ညီမဆိုလျှင် သူ့လက်ထဲ မိုးဈေ အသက်ထွက်သာကြာပြီဖြစ်သည်.....
ရေခဲတုံးတောင်အဖေခေါ်ရလောက်သည့်ကောင်မျိုးကိုမှ သဲသဲလှုပ်ဖြစ်နေသော ထိုကောင်မလေးကိုလဲ သူနည်းနည်းလေးမှ နားမလည်နိုင်
တော့ပါ......
မိုးစွေ စာကြည့်စားပွဲမှာ ဟိုခြစ်ဒီခြစ်လုပ်နေရင်းနဲ့ ခုဏက ကြက်ကြော်တွေဆီပဲ စိတ်ကရောက်နေမိသည်.....ကိုဈေက တော်တော် အကျင့်ပုပ်
သည်..... မမခ က ဖယ်ထားပေးရင် ကောင်းမှာပဲ....ဒါပေမဲ့ ထင်တော့ မထင်ပါ..... မမခ ဆိုတာက ကိုဈေ တစ်ခွန်းဆိုတာနဲ့ တစ်ခွန်းပြီးတဲ့အထိ
ကိုဈေကို တုန်နေအောင်ချစ်တဲ့သူ.....
"မိုးစွေ"
မမခ အသံကြားတော့ မိုးစွေ အနားမှာရှိသည့် သမိုင်းစာအုပ်ကို ကောက်ဖွင့်ပြီး ကြည့်နေလိုက်သည်......
"စာကျက်နေတာလား ....ဒီမှာ မမခ ခုဏက ကြက်ကြော်ယူလာတယ် နွေးနေတုန်းလေး စားလိုက်နော်......ပြီးမှ စာဆက်ကျက် "
"ဟာ မမခ ကျွန်တော့်အတွက် တကယ်ကြီး ယူလာတာလား.....ကိုဈေ သိရင်ဘယ်လိုလုပ်မလဲ "
"ကိုကို မသိပါဘူး မိုးစွေရဲ့..... ကိုကိုမသိအောင် အမေ့အတွက်ရယ် မိုးစွေအတွက်ရယ် ကိုကြီးမိုးဝေအတွက်ရယ် မမခ ဖယ်ထားပြီးသား....နွေးတုန်းလေး မြန်မြန်စားလိုက် ပြီးရင် ပန်းကန်ကို နောက်ဖေးမှာသွားထားလိုက်နော် "
"ဟုတ်ဟုတ်မမခ "
မမခ ထွက်သွားသည်နှင့် အလွန်ကို အာသီသ နေမိတော့ ကြက်ကြော်လေးကို မိုးစွေ ကြိတ်တော့သည်......
ခခ အခန်းထဲပြန်၀င်လာတော့ ကိုကိုက ခခကို ကြည့်နေသည် .... ခခ မလုံမလဲနဲ့ပဲ ကိုကို့ကို ပြန်ကြည့်လိုက်တော့ ကိုကိုက အကြည့်လွှဲသွားပြီး အိပ်ဖို့လုပ်နေပြီဖြစ်သည်.....
ခခ ခြင်ထောင်ထောင်လိုက်ပြီး ခြင်မ၀င်အောင် အိပ်ရာပတ်လည်ကို သေချာလိုက်ဖိနေသည်...
ရုတ်တရက်ထောက်ထားသည့်လက်က ဆစ်ခနဲနာပြီး ချော်ကျကာ ကိုကို့ရင်ခွင်ထဲ ပစ်စလတ်ခတ် ပြုတ်ကျသည်.....
ကိုကိုနဲ့ခခ အကြည့်ချင်း တစ်ခဏတာ ဆုံသွားကြသည်.....ကိုကိုကလဲ ရုတ်တရက်ကြီးဆိုတော့ ကြောင်သွားသည် ထင်သည်.....ခခကို ပြန်ဖက်ထား ပြီးမှ အကြည့်ကိုလွှဲကာ ခါးကိုဖက်ထားသောလက်ကို လွှတ်လိုက်သည်.....
"ဟို ကိုကို ခခ မတော်လို့ "
"ရတယ် ....."
ကိုကိုက ခခကို မကြည့်တော့ဘဲ ကျောပေးအိပ်လိုက်သည်..... ခုဏက ကိုကိုနဲ့ နီးနီးကပ်ကပ်အကြည့်ချင်းဆုံသည့်အခိုက် ပရမ်းပတာ ခုန်သွားခဲ့သော ရင်ဘတ်လေးကို အသာဖိပြီးအသက်ကို ခပ်ပြင်းပြင်းရှူလိုက်မိသည်.....
ကိုကိုနဲ့ပတ်သက်ရင် အခုချိန်ထိရင်ခုန်သံတွေဟာ စတွေ့တုန်းကလို အရိုင်းဆန်နေတုန်းပါ....
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
အပိုင်း၄မျှော်~
Zawgyi:
Unrequited Love Means~
အပိုင္း 3
ထံုးစံအတိုင္း မိုးေစ် အိမ္ျပန္ေရာက္ေတာ့
ခခက လာႀကိဳသည္.....ေရခဲေသတၲာထဲက ေဖ်ာ္ထားတဲ့ သံပုရာရည္ခြက္ေလးကို ယူကာ သူ႔ကို ကမ္းေပးသည္......
မိုးေစ် လြယ္ထားသည့္လြယ္အိတ္ကို နံရံမွာ ခ်ိတ္လိုက္ၿပီး သံပုရာရည္ကို ယူေသာက္လိုက္သည္....
ၿပီးေတာ့ လက္ထဲမွာ အခုခ်ိန္ထိ ပူပူေနြးေနြး ရိွေနေသးသည့္ ၾကက္ေၾကာ္
ဘူးကို လွမ္းေပးလိုက္သည္.....
"ၾကက္ေၾကာ္လားဟင္ ကိုကို "
"အင္း .... ဆရာမေပးလိုက္တာ "
ကိုကိုေျပာသည့္ ဆရာမဆိုတာ ကိုကို စာသင္ေနသည့္ ဝိုင္းက်ူရွင္ရဲ့ Founder ျဖစ္သည့္ ကိုကို႔ဆရာမႀကီး ျဖစ္သည္ .... ခခ လဲထိုက်ူရွင္ကေနပဲ ဆယ္တန္းေအာင္ခဲ့တာမို႔ ခခ ဆရာမ ဆိုလဲ မမွားပါ .....
"ဒီေန့က ဘာေန့မို႔လဲ ကိုကို.... ဆရာမက ၾကက္ေၾကာ္ဘာလို႔ေပးလိုက္တာလဲဟင္"
"မသိဘူး "
ကိုကို႔ရဲ့ ဘုနဲ႔ေဘာက္ေျဖမႈကို ခခသေဘာက်သြားၿပီး ၿပံဳးလိုက္သည္....
"ဟီး .... ခခက အခုတေလာ ၾကက္ေၾကာ္
အရမ္းစားခ်င္ေနတာသိလား .... ဒါေပမဲ့
တစ္တံုး ၁၇၀၀ ေက်ာ္ဆိုေတာ့ ေစ်းႀကီး
လို႔ မ၀ယ္စားဘဲေနတာ .... အခုေတာ့ အမ်ားႀကီးပဲ စားရၿပီ "
ခခ အေျပာေၾကာင့္ အခန္းထဲ၀င္မည့္
မိုးေစ် ေျခလွမ္းေတြ ရပ္တန္႔သြားသည္...
ဒါေပမဲ့ စကၠန္႔ပိုင္းမ်ွသာ .....
အခန္းထဲ၀င္သြားသည့္ ကိုကို႔ေက်ာျပင္
ကို ၾကည့္ၿပီး အရူးတစ္ေယာက္လိုမ်ိဳး
ခခ တစ္ေယာက္ထဲ ၿပံဳးေနမိသည္.....
ၿပီးမွ ၾကက္ေၾကာ္ဘူးထဲမွ ၾကက္ေၾကာ္ေတြကို ပန္းကန္ထဲထည့္ၿပီး အုပ္ေဆာင္း
ေအာက္မွာ ထားလိုက္သည္......
မိုးေစ် အခန္းထဲမွာ အက်ႌလဲေနရင္း
ခုဏက ခခေျပာေသာ စကားမ်ားကို ျပန္ေတြးေနမိသည္.....
ဒီေကာင္မေလး ညဆို Lotteria Facebook Page ထဲ ၀င္၀င္ၾကည့္ေနတာကို သူသိတာမို႔ ၾကက္ေၾကာ္စားခ်င္
ေနတာလားဆိုၿပီး သူဒီေန့ ၀ယ္လာခဲ့တာျဖစ္သည္......
အေၾကာင္းရင္းမွန္က တစ္တံုး ၁၇၀၀ ေက်ာ္တန္ ၾကက္သားက ေစ်းႀကီးလို႔ ၀ယ္မစားတာတဲ့လား.....
သက္ျပင္းကို ခပ္ေလးေလးခ်မိၿပီး မိုးေစ်
အခန္းထဲမွ ျပန္ထြက္လာေတာ့ အိမ္ထဲမွာ
ခခ ရိွမေနေတာ့ .....
ထိုစဥ္ ေဘာလံုးအက်ႌ၀တ္ထားေသာ မိုးေစြမွာ အျပင္မွ ျပန္လာသည့္ ဟန္ျဖင့္
သူ႔ေရ႔ွကေန ျဖတ္ၿပီး မီးဖိုေခ်ာင္ထဲ
၀င္သြားသည္။
အိုးသံခြက္သံေတြၾကားေတာ့ အျပင္က ျပန္လာတာနဲ႔ ဗိုက္ဆာၿပီး ထမင္းစားေတာ့မည့္ပံု ေပၚသည္..... တစ္ဆက္ထဲ
ၾကက္ေၾကာ္ေတြကို သြားသတိရေတာ့
ခ်က္ခ်င္း မီးဖိုေခ်ာင္ထဲလိုက္၀င္လိုက္သည္....
သူထင္တဲ့အတိုင္းပါပဲ မိုးေစြက သူ၀ယ္လာတဲ့ ၾကက္ေၾကာ္ေတြကို ယူစားေတာ့
မည္မွာ နည္းနည္းေလးပဲ လိုေတာ့သည္။
ၾကက္ေၾကာ္တံုးကို လွမ္းကိုင္သည့္ မိုးေစြ
ရဲ့ လက္ကို သူလွမ္းတားလိုက္သည္....
"ဒါ မင္းအတြက္ မဟုတ္ဘူး "
"ကိုေစ် "
မိုးေစြလက္ကို ပုတ္ခ်လိုက္ေတာ့ လက္ထဲမွာ ၾကက္သားတံုးက ပန္းကန္ထဲ ျပန္ျပဳတ္က်သြားသည္.....
မိုးေစ် ၾကက္ေၾကာ္ပန္းကန္ကို ဆြဲယူတုန္း
ရိွေသးသည္..... မီးဖိုေခ်ာင္ထဲကို မိုးေဝ
ပါ ၀င္လာသည္ .....
"မင္းတို႔ ၂ေယာက္ဘာလုပ္ေနၾကတာလဲ..... ဟာ မိုးေစ် မင္းလက္ထဲမွာ ၾကက္ေၾကာ္ေတြပါလား မင္း၀ယ္လာတာလား "
"ဟုတ္တယ္....ဒါေပမဲ့ ခင္ဗ်ားတို႔ဖို႔ မပါဘူး "
ေျပာေျပာဆိုဆိုနဲ႔ ၾကက္ေၾကာ္ပန္းကန္ကို ဆြဲယူၿပီး မီးဖိုေခ်ာင္ထဲမွ ထြက္သြားသည္....
က်န္ခဲ့သည့္ မိုးေစြနဲ႔ မိုးေဝမွာေတာ့ ဆြံ႔အ လ်က္သာ.....
မိုးေစ် ၾကက္ေၾကာ္ပန္းကန္ကို အခန္းထဲ
မွ သူ႔စားပြဲေပၚ တင္လိုက္ၿပီး စာဖတ္ေနလိုက္သည္......
ခခ အေမနဲ႔ အတူ ဆိုင္သိမ္းၿပီး အိမ္ထဲ ျပန္၀င္လာေတာ့ ဗိုက္ဆာဆာနဲ႔ပဲ
ကိုကိုယူလာေပးသည့္ ၾကက္ေၾကာ္နဲ႔ ထမင္းစားရန္ အုပ္ေဆာင္းကိုလွန္ၾကည့္
လိုက္ေတာ့ ၾကက္ေၾကာ္ပန္းကန္က
ရိွမေနေတာ့ ....... ကိုကို႔ကို ေမးၾကည့္ရန္ အခန္းထဲ ျပန္၀င္လာၿပီး .....
"ကိုကို .... ၾကက္ေၾကာ္ပန္းကန္မရိွေတာ့ဘူး "
"ဒီမွာ "
"ဟင္ .... "
"ၾကက္ေၾကာ္ပန္းကန္က ဒီမွာ "
"ဒီၾကက္ေၾကာ္ပန္းကန္ကို ကိုကိုက
ဘာလို႔ ဒီမွာ လာထားထားတာလဲဟင္ ..."
"ဟို၂ေယာက္ ယူစားဖို႔လုပ္ေနလို႔ "
ကိုကို က သူမကို မၾကည့္ဘဲ စာအုပ္ဖတ္ေနလ်က္ ကေလးဆန္ဆန္ ျပန္ေျဖသည္.... ကိုကို႔ရဲ့ ခ်စ္ဖို႔ေကာင္းလြန္းသည့္ အျပဳအမူေၾကာင့္ ခခ ရယ္လိုက္မိၿပီး .....
"အဲ့တာမ်ား ကိုကိုရယ္ ဆရာမက ၾကက္ေၾကာ္တစ္ဗူးလံုးႀကီး ေပးလိုက္တာေလ...
သူတို႔ကို တစ္တံုးဆီ ေကြၽးလိုက္ပါလားလို႔ "
"သူတို႔ကို ေကြၽးဖို႔ ၀ယ္....ယူလာတာမွ မဟုတ္တာ .....ဆရာမက မင္းစားဖို႔ ေပး
လိုက္တာေလ "
"ဒါေပမဲ့ ခခ တစ္ေယာက္ထဲမွ စားလို႔ မကုန္တာ ကိုကိုရဲ့ ....."
"မကုန္ရင္ မနက္ျဖန္ ျပန္ေၾကာ္ၿပီး စားလို႔ရတယ္ "
"ခခ အခု ဗိုက္ဆာေနၿပီမို႔ စားေတာ့မယ္ေနာ္ .... ကိုကိုေရာ စားၿပီးၿပီလား "
မိုးေဈေခါင္းပဲခါျပလိုက္သည္....
"ဒါဆို ခခ တို႔ အတူတူ စားလို႔ရလားဟင္ ကိုကို "
ခခေမ်ွာ္လင့္ခ်က္အျပည့္နဲ႔ ကိုကို႔ကို ေမးလိုက္
ေတာ့ ကိုကိုက ခခကို တစ္ခ်က္ေမာ့ၾကၫ့္ၿပီး
ေနရာကေနထသြားသည္ .....
ကိုကိုက လက္ခံလိုက္သၫ့္သေဘာမို႔ ခခ Yes ဟု အသံထြက္ကာ ေအာင္ပြဲခံလိုက္သည္....
ထမင္းမစားခင္ စာသင္သၫ့္အိမ္မွ ဖုန္းလာသည္မို႔ ကိုကို အျပင္မွာ ဖုန္းထြက္ေျပာေနတုန္း
ခခ အေမ့အတြက္ရယ္ ကိုႀကီးမိုးေဝအတြက္ရယ္ မိုးေဈအတြက္ရယ္ ၾကက္ေၾကာ္သံုးတံုးကို ကိုကို
မသိေအာင္ဖယ္ထားၿပီး ေၾကာင္အိမ္ထဲမွာ အျမန္ထၫ့္လိုက္သည္ ....
ၿပီးမွ ကိုကိုနဲ႔ ခခအတြက္ထမင္း ၂ပန္းကန္ ခူးၿပီး
ထမင္းဝိုင္း အသင့္ျပင္ကာ ကိုကို႔ကို ေစာင့္ေနလိုက္သည္......
မိုးေဈထမင္းဝိုင္းမွာ ၀င္ထိုင္လိုက္သည္ႏွင့္ ၾကက္ေၾကာ္ပန္းကန္ထဲမွ ၾကက္ေၾကာ္အခ်ိဳ႕ ေလ်ာ့ေနသည္ကို သတိထားမိသည္..... သူဘယ္ေလာက္ေျပာေျပာ ဒီအိမ္သားေတြကို ဦးစားေပးတတ္သၫ့္ ေကာင္မေလးကို သူဘယ္လို လုပ္ရမလဲ မသိေတာ့.....
အစကေတာ့ သူ႔အေပၚ စိတ္ကစားတာ ျဖစ္မွာပါ
အခ်ိန္တန္ရင္ အလိုလို ထြက္သြားမွာပါဟု ေပါ့ေပါ့ေလး ေတြးခဲ့ေပမယ့္ အခ်ိန္ေတြၾကာလာေတာ့သူ႔ထက္ပင္ ဒီအိမ္ကလူေတြနဲ႔ ပိုၿပီး တရင္းတႏွီး ရိွလာခဲ့သည္......
ပင္ပန္းၿပီး သူတို႔ဆီက ထြက္သြားဖို႔ဆိုတာ ျဖစ္ေရာျဖစ္ႏိုင္ပါ့မလားဟု သူေတြးလာမိသည္.....
ေမြးထဲက ေျခေမြးမီးမေလာင္လက္ေမြးမီးမေလာင္ ေနခဲ့ရသၫ့္ သူမလို ေကာင္မေလးက
ဒီအိမ္မွာ ဒုကၡဆင္းရဲ ႀကီးစြာနဲ႔ သူ႔အနားရိွေနရေလာက္ေအာင္ သူ႔မွာ ဘာမ်ားမက္စရာေတြ ရိွေနခဲ့လို႔လဲ .....
"ကိုကို ....ကိုကို "
"ဟမ္.... ဘာေျပာလိုက္တာလဲ "
"ကိုကိုလို႔ေခၚလိုက္တာပါ....ကိုကိုဘာေတြေတြး
ေနတာလဲဟင္..... ထမင္းစားရေအာင္ေလ....
ခခ ဒီမွာ ကိုကို႔အတြက္ၾကက္ေၾကာ္တစ္တံုး
ဦးခ်ထားတယ္"
"အင္း.....စားၾကမယ္ "
ခခ ၾကက္ေၾကာ္ကို တစ္ဖဲ့ ဖဲ့လိုက္ကာ အခ်ဉ္ရည္နဲ႔ တို႔ၿပီး စားလိုက္သည္.....
"အြန္းးးး ကိုကို ယူလာေပးလို႔လားမသိ ၾကက္ေၾကာ္ကေလ ခခ အရင္တုန္းက စားဖူးတာေတြထက္ အမ်ားႀကီး ပိုေကာင္းတယ္သိလား "
"အဓိပၸြာယ္မရိွတာေတြ ေျပာမေနနဲ႔.... ထမင္းစားေနတဲ့အခ်ိန္ စကားေတြအမ်ားႀကီးေျပာတာ ငါမႀကိဳက္ဘူး ....."
"ဟုတ္ "
သူပိတ္ေျပာလိုက္မွ ေခါင္းေလးငံု႔ၿပီး ထမင္းနဲ႔ ၾကက္ေၾကာ္စားေနေသာ ေကာင္မေလးကို ၾကၫ့္ၿပီး မိုးေဈ ႏႈတ္ခမ္းေလး တြန႔္သြားရံုသာ
ၿပံဳးလိုက္သည္.....
သူယူလာလို႔ပဲ ၾကက္ေၾကာ္က ပိုေကာင္းသည္
ျဖစ္ရေသးသည္..... သူသာ ၾကက္ေၾကာ္ကို သူမေလးစားဖို႔ ကိုယ္တိုင္သြား၀ယ္လာသည္သာ သိရင္ သူမေလး ဘယ္လိုေနမလဲ မသိေပ.....
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ထမင္းစားၿပီးတာနဲ႔ ကိုကို က အခန္းထဲျပန္၀င္ၿပီး ဖုန္းသံုးေနသည္.....
ခခကေတာ့ ခုဏကဖြက္ထားသၫ့္ ၾကက္ေၾကာ္
ေလးေတြကို ကိုႀကီးေဝနဲ႔ မိုးေစြကို သြားေပးေနသည္..... အေမက ဆိုင္မွာတင္ ညစာစားၿပီးၿပီမို႔ အေမ့အတြက္တစ္တံုးက သပ္သပ္ဖယ္ထား
လိုက္သည္......
မိုးေဝ ေဘာလံုးပြဲေလာင္းေၾကးေတြ ၾကၫ့္ေနတုန္း ၾကက္ေၾကာ္တစ္တံုးထၫ့္ထားေသာ ပန္းကန္ေလးက သူ႔ေရ႔ွေရာက္လာသည္.....
"ကိုႀကီးေဝ ဒါေလး စားလိုက္ဦးေနာ္"
"နင့္ေယာက်ၤားက ငါတို႔အတြက္မပါဘူးလို႔ ေျပာထားတယ္ေလ "
"အဲ့လိုမဟုတ္ပါဘူး ကိုႀကီးေဝရဲ့ .... ကိုကို က အေျပာမတတ္လို႔ပါ.....ကိုႀကီးေဝက အႀကီးဆို
ေတာ့ ကိုကိုကို႔ နားလည္ေပးလိုက္ပါေနာ္.....
ၾကက္ေၾကာ္ေလးက ေနြးေနတုန္းပဲ .... ခခ
မိုးေစြေလးကိုလဲ သြားေကြၽးလိုက္ဦးမယ္....
ကိုႀကီးေဝစားၿပီးရင္ ပန္းကန္ကို ေနာက္ေဖးမွာပဲ ထားခဲ့လိုက္ေနာ္....ခခၿပီးမွ ေဆးလိုက္မယ္ရယ္"
ၾကက္ေၾကာ္ပန္းကန္ေလးခ်ၿပီး သူ႔အနားမွ ထြက္သြားေသာ ခခအေၾကာင္း မိုးေဝေတြးမိသြားသည္.....ဒီေကာင္မေလးဟိုေကာင္မိုးေဈနဲ႔ အတူပါလာတုန္းက မိုးေဈ ပါးစပ္ကေန ဒါ ကြၽန္ေတာ္ယူလိုက္တဲ့သူပဲလို႔ေျပာတုန္းက သူတို႔မိသားစုေတြ အံ့ဩခဲ့ရသည္......
အခုေတာ့လဲ ဒီေကာင္မေလးဟာ သူတို႔မိသားစုရဲ့ ဒုကၡေတြကို အတူတူရင္ဆိုင္ရင္း အလတ္ေကာင္
မိုးေဈထက္ေတာင္ သူတို႔နဲ႔ ပိုရင္းႏွီးေနပါေသး
တယ္.....
တစ္ခါတစ္ခါေတာ့သူေတြးမိပါသည္.....မိုးေဈ
ကသူ႔ညီျဖစ္ေနလို႔သာ.....ခခသာ သူ႔ညီမဆိုလ်ွင္ သူ႔လက္ထဲ မိုးေဈ အသက္ထြက္သာၾကာၿပီျဖစ္သည္.....
ေရခဲတံုးေတာင္အေဖေခၚရေလာက္သၫ့္ေကာင္မ်ိဳးကိုမွ သဲသဲလႈပ္ျဖစ္ေနေသာ ထိုေကာင္မေလးကိုလဲ သူနည္းနည္းေလးမွ နားမလည္ႏိုင္
ေတာ့ပါ......
မိုးေစြ စာၾကၫ့္စားပြဲမွာ ဟိုျခစ္ဒီျခစ္လုပ္ေနရင္းနဲ႔ ခုဏက ၾကက္ေၾကာ္ေတြဆီပဲ စိတ္ကေရာက္ေနမိသည္.....ကိုေဈက ေတာ္ေတာ္ အက်င့္ပုပ္
သည္..... မမခ က ဖယ္ထားေပးရင္ ေကာင္းမွာပဲ....ဒါေပမဲ့ ထင္ေတာ့ မထင္ပါ..... မမခ ဆိုတာက ကိုေဈ တစ္ခြန္းဆိုတာနဲ႔ တစ္ခြန္းၿပီးတဲ့အထိ
ကိုေဈကို တုန္ေနေအာင္ခ်စ္တဲ့သူ.....
"မိုးေစြ"
မမခ အသံၾကားေတာ့ မိုးေစြ အနားမွာရိွသၫ့္ သမိုင္းစာအုပ္ကို ေကာက္ဖြင့္ၿပီး ၾကၫ့္ေနလိုက္သည္......
"စာက်က္ေနတာလား ....ဒီမွာ မမခ ခုဏက ၾကက္ေၾကာ္ယူလာတယ္ ေနြးေနတုန္းေလး စားလိုက္ေနာ္......ၿပီးမွ စာဆက္က်က္ "
"ဟာ မမခ ကြၽန္ေတာ့္အတြက္ တကယ္ႀကီး ယူလာတာလား.....ကိုေဈ သိရင္ဘယ္လိုလုပ္မလဲ "
"ကိုကို မသိပါဘူး မိုးေစြရဲ့..... ကိုကိုမသိေအာင္ အေမ့အတြက္ရယ္ မိုးေစြအတြက္ရယ္ ကိုႀကီးမိုးေဝအတြက္ရယ္ မမခ ဖယ္ထားၿပီးသား....ေနြးတုန္းေလး ျမန္ျမန္စားလိုက္ ၿပီးရင္ ပန္းကန္ကို ေနာက္ေဖးမွာသြားထားလိုက္ေနာ္ "
"ဟုတ္ဟုတ္မမခ "
မမခ ထြက္သြားသည္ႏွင့္ အလြန္ကို အာသီသ ေနမိေတာ့ ၾကက္ေၾကာ္ေလးကို မိုးေစြ ႀကိတ္ေတာ့သည္......
ခခ အခန္းထဲျပန္၀င္လာေတာ့ ကိုကိုက ခခကို ၾကၫ့္ေနသည္ .... ခခ မလံုမလဲနဲ႔ပဲ ကိုကို႔ကို ျပန္ၾကၫ့္လိုက္ေတာ့ ကိုကိုက အၾကၫ့္လႊဲသြားၿပီး အိပ္ဖို႔လုပ္ေနၿပီျဖစ္သည္.....
ခခ ျခင္ေထာင္ေထာင္လိုက္ၿပီး ျခင္မ၀င္ေအာင္ အိပ္ရာပတ္လည္ကို ေသခ်ာလိုက္ဖိေနသည္...
ရုတ္တရက္ေထာက္ထားသၫ့္လက္က ဆစ္ခနဲနာၿပီး ေခ်ာ္က်ကာ ကိုကို႔ရင္ခြင္ထဲ ပစ္စလတ္ခတ္ ျပဳတ္က်သည္.....
ကိုကိုနဲ႔ခခ အၾကၫ့္ခ်င္း တစ္ခဏတာ ဆံုသြားၾကသည္.....ကိုကိုကလဲ ရုတ္တရက္ႀကီးဆိုေတာ့ ေၾကာင္သြားသည္ ထင္သည္.....ခခကို ျပန္ဖက္ထား ၿပီးမွ အၾကည့္ကိုလႊဲကာ ခါးကိုဖက္ထားေသာလက္ကို လႊတ္လိုက္သည္.....
"ဟို ကိုကို ခခ မေတာ္လို႔ "
"ရတယ္ ....."
ကိုကိုက ခခကို မၾကၫ့္ေတာ့ဘဲ ေက်ာေပးအိပ္လိုက္သည္..... ခုဏက ကိုကိုနဲ႔ နီးနီးကပ္ကပ္အၾကၫ့္ခ်င္းဆံုသၫ့္အခိုက္ ပရမ္းပတာ ခုန္သြားခဲ့ေသာ ရင္ဘတ္ေလးကို အသာဖိၿပီးအသက္ကို ခပ္ျပင္းျပင္းရႉလိုက္မိသည္.....
ကိုကိုနဲ႔ပတ္သက္ရင္ အခုခ်ိန္ထိရင္ခုန္သံေတြဟာ စေတြ့တုန္းကလို အရိုင္းဆန္ေနတုန္းပါ....
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
အပိုင္း၄ေမ်ွာ္~