#Unicode
ဂျောင်ဂုအိမ်အောက်ထပ်ကိုဆင်းလာတော့ထမင်းစားခန်းမှာပြင်ဆင်ပေးနေသောအမကိုတွေ့ရသည်။
"အကိုလေး နိုးပြီလား ထယ်ယောင်းလေးကဘာကြိုက်လဲမသိဘူး ရှိတာဆိုလို့ပေါင်မုန့်ပဲရှိနေတယ်"
"ရပါတယ် အမ သူပေါင်မုန့်မစားရင်ကျောင်းပို့ရင်းတစ်ခုခုဝင်ကျွေးလိုက်မယ် အမမီးဖိုခန်းထဲမှာလာမလုပ်ပါနဲ့ သူလည်းကျောင်းသွား ကျွန်တော်လည်းရုံးသွားနဲ့ အိမ်မှာမစားဖြစ်မှာများတယ် နားနားနေနေ နေပါ အမကကိုယ်ဝန်နဲ့လေ"
"ဟုတ်ကဲ့ အကိုလေး"
သူမတို့ တွေနေတာဂျွန်မိသားစုအိမ်မှာကြာပြီ။အထူးသဖြင့်အကိုလေးက အရာရာကိုနားလည်ပေးကာ အလုပ်သမားတိုင်းကို မိသားစုလိုသဘောထားပြီး လေးလေးစားစားဆက်ဆံတက်သည်။အကိုလေးအရင်ကချစ်သူကောင်မလေးရှိခဲ့ဘူးသည်။နိုင်ငံခြားကိုထွက်သွားတဲ့ကောင်မလေးပြီးရင် အကိုလေးဂရုစိုက်ဆုံးလူကထယ်ယောင်းလေးသာဖြစ်သည်။သူမကတော့အရင်ကောင်မလေးထက် ထယ်ယောင်းလေးနဲ့သာ သဘောတူသည်။သူမတို့အကိုလေးကသဘောကောင်းသလောက် အရင်ကောင်မလေးကမောက်မာသည်။
"အမ နေ့ခင်းကြကုန်တိုက်သွားပြီး အမနဲ့အကိုလိုအပ်တာလေးတွေဝယ်နော် ဒီမှာကဒ် လိုတာသုံးသာသုံးခဲ့နော်"
"ရပါတယ်အကိုလေးရဲ့ ကျွန်မတို့ကို
ဖွားဖွားကြီးကပိုက်ဆံထည့်ပေးလိုက်သေးတယ်"
"အဲ့ဒါတွေစုထားနောက်ကြကလေးအတွက်သုံးပေါ့ အခုကကျွန်တော့်အိမ်မှာ အကိုနဲ့အမနေပေးတာကိုကကျေးဇူးတင်နေတာပါ အဲ့ဒါကြောင့်လိုအပ်တာဝယ်ခဲ့နော်အမ နေ့ခင်းကြအကိုနဲ့သွား"
ထယ်ယောင်းမှာအပေါ်ထပ်လှေကားအကွယ်ကနေနားထောင်နေမိသည်။ဂျွန်ကသူတွေ့ဖူးသမျှထဲမှာ အလုပ်သမားတွေအပေါ်ဆက်ဆံတာမိသားစုစိတ်ဓာတ်အပြည့်ရှိသောသူဖြစ်သည်။
ထယ်ယောင်းလည်းကိုယ့်အခန်းထဲကူးကာရေချိုးခန်းဝင်နေလိုက်သည်။ကျောင်းကသွားမှရမည်စာမေးပွဲဖြေရတော့မှာဖြစ်သည်။ကျောင်းပိတ်ရင် မေမေတို့ဆီသွားမယ် ဂျွန်ကိုပူဆာရင်အဘိုးလက်ထဲက passport ကအမြန်ဆုံးရောက်လာနိုင်သည်။
"ထယ် ပြီးရင်ဆင်းလာခဲ့တော့နော်"
"Yesss"
အခန်းထဲကဘယ်အချိန်ထသွားလဲမသိဂျောင်ဂုအပေါ်ထပ်ပြန်တက်လာတော့အခန်းထဲမှာမရှိတော့ပေ။သူ့အခန်းတံခါးခေါက်ပြီးပြောလိုက်တော့ yes တဲ့ အဆိုးလေး။
"မနက်စာကပေါင်မုန့် ရှိတယ်အဲ့ဒါပဲစားမလား အပြင်မှာစားမလား ညနေမှဈေးဝင်ဝယ်ရအောင် babe ကြိုက်တက်တာလေးတွေဝယ်ပေါ့"
"အင်း ပေါင်မုန့်စားမယ်လေ"
"ကော်ဖီရော"
"မသောက်တော့ဘူး"
ဂျောင်ဂုပေါင်မုန့်မီးကင်ပြီး ထောပတ်သုတ်ပေးလိုက်ကာ ကြက်ဥကြော်ပန်းကန်ကိုပါအနားတိုးပေးလိုက်သည်။
"ဟိုအမက ကြက်ဥကြော်ပေးတာလား"
"အင်း သူကကိုယ်ဝန်နဲ့ဆိုတော့ မလုပ်ပေးဖို့ပြောထားတယ် babe ချက်တက်တယ်မလား"
"ဟင့်အင်း မချက်တက်ပါဘူး အဖိုးကအပြစ်ပေးလို့သာမီဖိုခန်းဝင်နေရတာ"
"အင်း ကျင့်ချက်ကြည့်ပါ ကိုယ်လည်းသင်ပေးမှာပေါ့ ကိုယ်ခရီးသွားတဲ့အချိန်တွေဆိုချက်စားဖို့လိုမယ်လေ"
"အဖိုးတို့အိမ်ပြန်စားမှာပေါ့ ဂျွန်ရလဲ"
ဂျောင်ဂုမှာကြည့်ပြီးသက်ပြင်းသာချရသည်။ဒါလေးကချက်မှာမဟုတ်
ထယ်ယောင်းမသိသေးတဲ့အချက်က
သူ့အဖိုးhotelက ဟင်းနုနွယ်စပါကတီကထယ်ယောင်းလုပ်ထားသောmenu
မှန်းဂျောင်ဂုသိနေတယ်ဆိုတာကိုဖြစ်သည်။
"babe အစားစားနေရင်းဖုန်းမကြည့်ရဘူးနော် အခုချလိုက်"
"ခဏလေးပါ သူငယ်ချင်းတွေစာပို့နေလို့"
"မလိုချင်ဘူး အခုဖုန်းကိုလက်ထဲကချ အစားစားနေရင်း လုံးဝဖုန်းမသုံးရ"
"ဂျွန်ကြတော့ခုနက ကော်ဖီသောက်ရင်းဖုန်းပြောနေတာလေ"
အလုပ်ကအစည်းအဝေးအတွက်ဆက်တဲ့ဖုန်းကိုသူကကြည့်ပြီးပြောနေသေးသည်။ထုပစ်ချင်စရာရုပ်နဲ့ပြန်ပြောနေပုံက။
"ခုနက ကိုယ်ဆက်တာအလုပ်အတွက်လေ babeကသက်သက်အသုံးမဝင်တာလုပ်နေတာလေ မြန်မြန်စားကျောင်းကိုပို့ပေးပြီး ရုံးတက်ရအုံးမှာ"
"ဘာ..."
"အဲ့လောက်အကျယ်ကြီးမအော်နဲ့လေ ဘာဖြစ်သွားရတာလဲ"
"ကားပြန်ပေးလေ ကျောင်းကိုဘာလို့ပို့မှာလဲ ကျွန်တော်က ကလေးလား"
"ကားပါသိမ်းထားရမှာတဲ့အဘိုးကမှာထားတယ် မရဘူးကိုယ်လိုက်ပို့မှာ"
"ဂျွန်ကညနေကြအချိန်မှီလာမကြိုနိုင်ရင်ဘယ်လိုလုပ်မလဲ အဲ့ဒါကြောင့်ကားပြန်ပေးပါ"
"အတွင်းရေးမှူးက နေ့ခင်းထဲကbabeကိုလာစောင့်နေမှာ စိတ်မပူနဲ့နော်...ဟားဟား"
ဂျောင်ဂုကိုအကွက်ရွှေ့ဖို့ကြိုးစားနေသောအကောင်ပေါက်ကိုကြည့်ပြီးရယ်နေလိုက်သည်။သူ့အရွယ်တုန်းကကိုယ်တွေမှာစာအုပ်နဲ့မျက်နှာမခွာရဘဲကြိုးစားနေရတာ သူကတော့အေးဆေးဖြစ်နေသည်။
"လိုက်ပို့ပေါ့ ကျွန်တော်ကကားမရှိတာနဲ့လစ်ထွက်လို့မရဘူးထင်နေလား"
"မထင်ပါဘူး ကိုယ်ကလည်းလိုက်မဖမ်းနိုင်ဘူးလို့ထင်နေလား"
"လုယုတ်မာကြီး ခင်ဗျားကိုတရားစွဲမယ် ညတုန်းကကျွန်တော့ကိုနမ်းတဲ့အမှု့နဲ့"
"မကျေနပ်ရင်ညကနမ်းတဲ့အချိန်ထဲကတိုင်သင့်တာလေ babeပဲရင်တွေခုန်ပြီးတစ်ညလုံးကိုယ့်ရင်ခွင်ထဲမှာအိပ်သွားတာလေ"
"ဘာ....ဘယ်သူကရင်ခုန်တာလဲ ဟား...ကျွန်တော့ကောင်မလေးနဲ့မိတ်ဆက်ပေးမှရတော့မယ်ထင်တယ်"
ဂျောင်ဂုကတော့လုပ်ချင်သလိုလုပ်ဟုပုံစံနဲ့ပုခုံးတွန့်ပြလိုက်ကာ ကော်ဖီဆက်သောက်နေလိုက်သည်။
"ကျောင်းမှာအေးဆေးနေနော် ရန်ထပ်ဖြစ်လို့မရဘူး"
ဂျောင်ဂုကသာပြောနေပေမယ့် အရေးတောင်မစိုက်သူ့ရဲ့ဘေးမှာထိုင်လိုက်လာသောလူဆိုးလေး။ကျောင်းရှေ့ရောက်တော့သူ့သူငယ်ချင်းတွေစောင့်နေတာတွေ့ရသည်။
"ညနေ အတွင်းရေးမှူး နဲ့ကုမ္ပဏီကိုလိုက်ခဲ့နော် အပြန်ဈေးဝင်ဝယ်ရအောင်"
"........."
"babe ကြားလား"
"ကြားတယ် ကြားတယ် ဘယ်လောက်ဝေးနေလို့မကြားရမလဲ တစ်လမ်းလုံးပြောနေတာများပစိပစပ်ကိုများတယ်"
သူ့ကိုလှည့်ပင်မကြည့်ကျောပိုးအိတ်ကိုပုခုံးတစ်ဖက်မှာပဲလွယ်ထားကာသူ့သူငယ်ချင်းတွေနဲ့အတူဝင်သွားကြသည်။
"ကင်မ်ထယ် နင့်ကိုလိုက်ပို့တာဘယ်သူလဲ BMW 7series အနက်ရောင်ကလှပသားနားလိုက်တာဟာ"
ဘိုမီတို့ကတော့လူသာအရင်မမြင်ရရင်နေပါစေ။ကားကိုကြည့်လိုက်တာနဲ့အဲ့လူကဘယ်လိုအဆင့်အတန်းထဲကဆိုတာတန်းပြောနိုင်သည်အထိကားတွေကိုရူးသွပ်တဲ့ကောင်မလေး။သူ့အဖေက ကား showroom များရှိတာကြောင့်လည်းပါသည်။
"အေး ထယ်ရာ ကားကအခုနောက်ဆုံးပေါ်ကြီးကွာ မင်းအဘိုးရဲ့ကားလည်းမဟုတ်ဘူး"
"မင်းတို့မသိချင်ပါနဲ့ကွာ"
"နင်ကလည်းဟယ် ပြောစမ်းပါ ငါတို့သိချင်တယ်လေ"
"ငါတို့ကိုရဲစခန်းပို့တဲ့လူလေ သိတယ်မလားအဲ့ကုန်တိုက်ပိုင်ရှင်"
"ဘာ...ဂျွန်ဂျောင်ဂု"
"လန့်တာ ပြိုင်တူဘာလို့အော်နေကြတာလဲ"
ထယ်ယောင်းကိုပြိုင်တူဝိုင်းအော်ကြရင်းအနားကိုစွေ့ခနဲနေအောင်ရောက်လာကြသည်။
"ကင်မ်ထယ် ငါတို့လန့်ဖို့ထားပါအုံးဟာ
နင်ကဘယ်လိုလုပ်အဲ့ကားနဲ့ပါလာရတာလဲ"
"ငါရဲစခန်းရောက်လို့အဘိုးကအိမ်ပေါ်ကနှင်ချထားတာ အဲ့လူကြီးအိမ်မှာတစ်လနေရင် အဖိုးကငါ့ကို passport ပြန်ပေးမယ်တဲ့ ကျောင်းလည်းပိတ်တော့မှာလေ ငါမေမေတို့ဆီပြန်မှာ"
"နေပါအုံး ငါနားမလည်တာရှိတယ် နင့်အဖိုးကနှင်ချချင်ရင် နင့်အဒေါ်တွေ
နင့်အမတွေအိမ်ရှိနေတာလေ အခုကဘာလို့သူ့အိမ်လဲ"
ဒီစပ်စုစိန်တွေကိုမကြည်ကြည့် ကြည့်လိုက်ရင်းအော်ပြောလိုက်တော့သည်။
"သူနဲ့ငါ့ကိုသဘောတူထားတာဟေ့ ရှင်းပြီလား"
"မင်းကရော အဲ့အကို ကိုကြိုက်လို့လား"
"ချန်းရာ ကောင်လေးအချင်းချင်းကြီးကွာ မဖြစ်နိုင်တာ"
"မင်းကလည်း အချစ်မှာအဲ့တာတွေမရှိဘူး မင်းကငါတို့ထက်တောင်နားလည်ပေးထားပြီးအခုကြမှဘာထဖြစ်နေတာလဲ"
"မင်းကိုယ်တိုင်ကြုံမှသိလိမ့်မယ်လေ ကိုယ်ကသဘောကျရင်တော့ဟုတ်မှာပေါ့"
ထယ်ယောင်းကဒါတွေကိုသိသည်။
လက်ခံနိုင်သည်။
ဒါပေမယ့်ကိုယ်တွေ့ဖြစ်ရပ်ကတော့
နည်းနည်းကသိကအောက်တော့နိုင်သည်လေ။
"အမယ် နင်က CEOဂျွန်ကိုသဘောမကျဘူးပေါ့လေ ဒီလောက် ဘော်ဒီကအမိုက်စား မျက်နှာကလုံးဝပြည့်စုံနေရော လုပ်ငန်းလုပ်တာမှာလည်း Top 10 စာရင်းဝင် ပညာတက် ရုပ်ရှိရေလျှံဘဲကြီးကိုလေ ငါသာနင်ဖြစ်လိုက်ချင်တာ"
ဒါဟယ်ပြောသောစကားကို ဘိုမီကထောက်ခံတယ်ဟုထအော်ကာ ဒိုရာကတော့ပြုံးသာနေသည်။လီချန်းကတော့စောင့်ကြည့်နေမယ်ဟုပုံစံလုပ်ပြကာရယ်နေသည်။ထယ်ယောင်းလည်းပြုံးလိုက်မိသည်။ပထမဦးဆုံးအနမ်းကဂျွန်တဲ့လားဟုတွေးရင်းခပ်ရေးရေးလေးပြုံးမိကာ ရင်ထဲမှာပါ
ခပ်နွေးနွေးလေးဖြစ်သွားသည်။ဒါကိုအချစ်လို့ခေါင်းစဉ်မတက်ချင်သေးပါ။
"ကင်မ်ထယ် နင့်ကိုအခုလာကြိုမှာ ဂျောင်ဂုလား"
ညနေကျောင်းပြန်ကြမယ့်အချိန်မှာသူငယ်ချင်းတွေကမေးလာကြသည်။
"မဟုတ်ဘူး သူ့အတွင်းရေးမှူးတဲ့"
"မင်းရဲ့ကားကရောဘယ်တော့ပြန်ရမှာလဲ"
"မသိပါဘူးကွာ ငါအိမ်ရောက်မှထပ်တောင်းကြည့်အုံးမယ်"
သူငယ်ချင်းတွေကသူတို့ကားရှိရာဆီနှုတ်ဆက်ကာထွက်သွားကြသည်။ထယ်ယောင်းလည်းအတွင်းရေးမှူးစောင့်နေသောနေရာသို့သာလာလိုက်သည်။ကားက Jeon group ကုမ္ပဏီရှေ့မှာရပ်သွားသည်။သွားလာလှုပ်ရှားနေသောဝန်ထမ်းများနှင့်အဆောက်အဦးအကြီးကြီးရှိရာဆီသို့သာလှမ်းရပြန်သည်။ဓာတ်လှေကားနားမှာရပ်စောင့်နေသောဂျွန်ကိုတွေ့လိုက်ရသည်။သူ့အနားမှာလည်း ဝန်ထမ်းကောင်လေးကောင်မလေးတွေရှိနေသည်။
"လာ ကျောင်းဆင်းပြီပေါ့လေ လစ်မထွက်ပါလား"
"လိမ္မာနေတယ်လေ"
"ဒါပေါ့ ကလေးကလိမ္မာနေပြီ"
"အဲ့ဒါကြောင့်ကားပြန်ပေးပါနော်"
"ဘာမှလည်းမဆိုင်ဘူး"
"ဂျွန်...."
ဓာတ်လှေကားလည်းပွင့်ရောထယ်ယောင်းလက်ဆွဲကာဝင်သွားသော
ဂျောင်ဂုနောက်ကို ဝန်ထမ်းတွေကဆက်မလိုက်တော့ပဲရပ်ကျန်နေကြသည်။တစ်ခါထဲအတူဓာတ်လှေကားနဲ့တက်နေကြပေမယ့် အခုက
ထယ်ယောင်းနဲ့အတူရှိနေသောကြောင့်ရှိန်နေကြသည်။
"လာကြလေ မဝင်ဘူးလား"
ဂျောင်ဂုခေါ်တော့မှဟုတ်ကဲ့ဟုဆိုကာဝင်လာကြသည်။
"ဗိုက်ဆာတယ် ဂျွန်"
"ရုံးခန်းထဲမှာ pizza ဝယ်ထားတယ်"
"ဝိုး စားမယ်... ဂျွန်မနက်ကမုန့်ဖိုးမှမပေးလိုက်တာအဖိုးက ကဒ်ပိတ်ထားတယ်လေ သူငယ်ချင်းတွေကျွေးတာစားခဲ့ရတာ"
"ဟာ ဟုတ်သားပဲ sorry babeရယ်
ကိုယ်မေ့သွားတာ အိမ်ရောက်ရင်ပေးမယ်နော်"
ထယ်ယောင်းလက်ကိုဆွဲကာထွက်သွားသောသူတို့ရဲ့CEOကိုကြည့်ပြီးဝန်ထမ်းတွေမှာအားကျနေကြသည်။
"ဟဲ့ချစ်ဖို့ကောင်းလိုက်တာ ငါတို့CEOကြီးကချစ်တက်လိုက်တာများ"
"အဲ့လိုချွဲတက်မှရမယ်လေ ကောင်လေးကချစ်စရာလေး မုန့်ဖိုးမရလို့ပြောတာများငါတို့CEOကြီးပြုံးသွားတာသာကြည့်"
ရုံးခန်းထဲရောက်တာနဲ့pizzaဘူးနားပြေးသွားကာစားဖို့ပြင်နေသည်။
"babe လက်တွေအရင်သွားဆေးပြီးမှစား"
ဟုတ် ဆိုပြီးအပြေးသွားဆေးနေသည်။နေ့ခင်းကသူငယ်ချင်းတွေကိုအားနာပြီးသိပ်မစားခဲ့ပုံရသည်။
"အဲ့လောက်တောင်ဆာနေတာလား"
"ဟင့်အင်း ဘယ်အချိန်မဆိုစားလို့ရ
တယ်ဂျွန်ရဲ့.."
သူထင်နေတာနဲ့တလွဲစီပဲဘယ်အချိန်စားစားတဲ့။
"ဟားဟား ဟုတ်ပါပြီကွာ"
"ဂျွန်လည်းစားကြည့် ပါးစပ်ဟ အာ..."
သူ့ကိုပါစားဆိုပြီးခွံ့ကျွေးလာသောထယ်ယောင်းကိုကြည့်ပြီးဂျောင်ဂုမှာချစ်မဆုံး။
"ကောင်းတယ်နော်..."
"babeကခွံ့ကျွေးတာပဲ ကောင်းတာပေါ့"
"အဲ့ဒါဆို ကားပြန်ပေးပါနော်"
"ဘာလဲကိုယ့်ကိုခွံ့ကျွေးတာက ကားလိုချင်လို့လုပ်နေတာလား"
"မဟုတ်ပါဘူး အဲ့လိုခွံ့ကျွေးဖို့ဆိုတာနှလုံးသားထဲကလာမှရတာ ကားလိုချင်လို့တော့လုပ်မလား"
"ဟား....babeကိုယ့်ကိုခြွေတယ်ကွာ"
ဂျောင်ဂုသူ့ဘေးမှာထိုင်နေသောကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းကာဖက်ထားလိုက်တော့သည်။ခဏနေမှမျက်နှာချင်းဆိုင်ကြည့်စေကာ မှာစရာရှိတာမှာရသည်။
"Ok ကိုယ်ကားပြန်ပေးမယ် မနက်ဖြန်ကျောင်းကိုကားယူသွား ဒါပေမယ့် ကျောင်းဆင်းရင် သူငယ်ချင်းတွေနဲ့မုန့်သွားစားလို့ရတယ် ဈေးဝယ်ထွက်လို့ရတယ် ပြီးတာနဲ့အိမ်တန်းပြန်ရမယ်နော်"
"ဟုတ် ရတယ်အိမ်တန်းပြန်ပါမယ်"
"နောက်တစ်ခုက ကားကိုပုံမှန်ပဲမောင်းရမယ် သက်မှတ်ထားတဲ့မိုင်နှုန်းအတိုင်းမောင်းရမယ်နော် babeတစ်ခုခုဖြစ်သွားရင် babeနာကျင်မှာထက်ကိုယ်ကပိုနာကျင်ရလိမ့်မယ်"
ဂျွန်ကားပြန်ပေးမယ်ပြောပြီးစမှာနေထဲကထယ်ယောင်းကြည့်နေမိသည်။babeနာကျင်ရမှာထက်ကိုယ်ကပိုနာကျင်ရလိမ့်မယ်ပြောတဲ့အခါမှာမျက်ဝန်းထဲကစိတ်ပူမှု့တွေကိုအထင်းသားမြင်နေရသည်။
"ကျွန်တော်ဖြစ်သွားခဲ့ရင်ခန္ဓာကိုယ်နာကျင်ရမှာလေ ဂျွန်ကတော့နှလုံးသားလေးနာကျင်ရတော့မှာပဲ"
"ဘာလို့ အဲ့လိုတပ်အပ်ပြောနိုင်တာလဲအကိုကြီးရဲ့...ဟင်"
"ဂျွန်ရဲ့နှလုံးသားပေါ်မှာလမ်းလျှောက်ပြေးလွှားနေထိုင်နေတာကျွန်တော်ဖြစ်နေလို့လေ အဲ့ဒါကြောင့်ဂျွန်ရဲ့ နှလုံးသားလေးမနာကျင်ရအောင် ကားကိုဖြေးဖြေးလေးမောင်းပါမယ်"
ဂျောင်ဂုအသည်းမယားပဲမနေနိုင်တော့။ပြောနေတာတောင်ရင်ဘက်ကိုလက်ညှိုးထိုးကာပြောနေသောကောင်လေးရဲ့လက်ကိုယူကာ ကိုက်ရန်ပြင်ပြီးစနေလိုက်မိသည်။ချစ်စရာကောင်းလွန်းသောမျက်လုံးလေးကိုအနမ်းဖွဖွလေးပေးရင်းရင်ခွင်ထဲထည့်ကာဖက်ထားမိသည်။ထယ်ယောင်းကိုရင်ခွင်ထဲထည့်ပြီး ရုံးခန်းကနေလှမ်းမြင်နိုင်သောဆိုးလ်ရဲ့ညနေခင်းနေဝင်ဆည်းဆာအလှကိုကျောခိုင်းထားသောဂျောင်ဂုအဖို့ကတော့သူ့ရဲ့ဒီအလှအပလေးထက်ဘယ်အရာကိုမှအရေးတယူကြည့်ပြီးမျက်နှာမူရန်မလိုအပ်တော့ပေ။
ကိုယ့်ကမ္ဘာမှာမင်းပဲထွန်းလင်းပေးပါ။
မင်းတောက်ပနိုင်အောင်လည်းကိုယ်က
ချစ်ခြင်းအလင်းရောင်တွေ......
ဖြာကျပေးမှာချစ်ရတဲ့ကောင်လေးရေ။
Simplicity🏝
Zante💜
ကျန်းမာရေးဂရုစိုက်ကြပါပျော်ရွှင်ကြပါစေ💜💗
ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်......
#Zawgyi
ေဂ်ာင္ဂုအိမ္ေအာက္ထပ္ကိုဆင္းလာေတာ့ထမင္းစားခန္းမွာျပင္ဆင္ေပးေနေသာအမကိုေတြ႕ရသည္။
"အကိုေလး ႏိုးၿပီလား ထယ္ေယာင္းေလးကဘာႀကိဳက္လဲမသိဘူး ရွိတာဆိုလို႔ေပါင္မုန႔္ပဲရွိေနတယ္"
"ရပါတယ္ အမ သူေပါင္မုန႔္မစားရင္ေက်ာင္းပို႔ရင္းတစ္ခုခုဝင္ေကြၽးလိုက္မယ္ အမမီးဖိုခန္းထဲမွာလာမလုပ္ပါနဲ႔ သူလည္းေက်ာင္းသြား ကြၽန္ေတာ္လည္း႐ုံးသြားနဲ႔ အိမ္မွာမစားျဖစ္မွာမ်ားတယ္ နားနားေနေန ေနပါ အမကကိုယ္ဝန္နဲ႔ေလ"
"ဟုတ္ကဲ့ အကိုေလး"
သူမတို႔ ေတြေနတာဂြၽန္မိသားစုအိမ္မွာၾကာၿပီ။အထူးသျဖင့္အကိုေလးက အရာရာကိုနားလည္ေပးကာ အလုပ္သမားတိုင္းကို မိသားစုလိုသေဘာထားၿပီး ေလးေလးစားစားဆက္ဆံတက္သည္။အကိုေလးအရင္ကခ်စ္သူေကာင္မေလးရွိခဲ့ဘူးသည္။ႏိုင္ငံျခားကိုထြက္သြားတဲ့ေကာင္မေလးၿပီးရင္ အကိုေလးဂ႐ုစိုက္ဆုံးလူကထယ္ေယာင္းေလးသာျဖစ္သည္။သူမကေတာ့အရင္ေကာင္မေလးထက္ ထယ္ေယာင္းေလးနဲ႔သာ သေဘာတူသည္။သူမတို႔အကိုေလးကသေဘာေကာင္းသေလာက္ အရင္ေကာင္မေလးကေမာက္မာသည္။
"အမ ေန႔ခင္းၾကကုန္တိုက္သြားၿပီး အမနဲ႔အကိုလိုအပ္တာေလးေတြဝယ္ေနာ္ ဒီမွာကဒ္ လိုတာသုံးသာသုံးခဲ့ေနာ္"
"ရပါတယ္အကိုေလးရဲ႕ ကြၽန္မတို႔ကို
ဖြားဖြားႀကီးကပိုက္ဆံထည့္ေပးလိုက္ေသးတယ္"
"အဲ့ဒါေတြစုထားေနာက္ၾကကေလးအတြက္သုံးေပါ့ အခုကကြၽန္ေတာ့္အိမ္မွာ အကိုနဲ႔အမေနေပးတာကိုကေက်းဇူးတင္ေနတာပါ အဲ့ဒါေၾကာင့္လိုအပ္တာဝယ္ခဲ့ေနာ္အမ ေန႔ခင္းၾကအကိုနဲ႔သြား"
ထယ္ေယာင္းမွာအေပၚထပ္ေလွကားအကြယ္ကေနနားေထာင္ေနမိသည္။ဂြၽန္ကသူေတြ႕ဖူးသမွ်ထဲမွာ အလုပ္သမားေတြအေပၚဆက္ဆံတာမိသားစုစိတ္ဓာတ္အျပည့္ရွိေသာသူျဖစ္သည္။
ထယ္ေယာင္းလည္းကိုယ့္အခန္းထဲကူးကာေရခ်ိဳးခန္းဝင္ေနလိုက္သည္။ေက်ာင္းကသြားမွရမည္စာေမးပြဲေျဖရေတာ့မွာျဖစ္သည္။ေက်ာင္းပိတ္ရင္ ေမေမတို႔ဆီသြားမယ္ ဂြၽန္ကိုပူဆာရင္အဘိုးလက္ထဲက passport ကအျမန္ဆုံးေရာက္လာႏိုင္သည္။
"ထယ္ ၿပီးရင္ဆင္းလာခဲ့ေတာ့ေနာ္"
"Yesss"
အခန္းထဲကဘယ္အခ်ိန္ထသြားလဲမသိေဂ်ာင္ဂုအေပၚထပ္ျပန္တက္လာေတာ့အခန္းထဲမွာမရွိေတာ့ေပ။သူ႔အခန္းတံခါးေခါက္ၿပီးေျပာလိုက္ေတာ့ yes တဲ့ အဆိုးေလး။
"မနက္စာ ကေပါင္မုန႔္ ရွိတယ္အဲ့ဒါပဲစားမလား အျပင္မွာစားမလား ညေနမွေဈးဝင္ဝယ္ရေအာင္ babe ႀကိဳက္တက္တာေလးေတြဝယ္ေပါ့"
"အင္း ေပါင္မုန႔္စားမယ္ေလ"
"ေကာ္ဖီေရာ"
"မေသာက္ေတာ့ဘူး"
ေဂ်ာင္ဂုေပါင္မုန႔္မီးကင္ၿပီး ေထာပတ္သုတ္ေပးလိုက္ကာ ၾကက္ဥေၾကာ္ပန္းကန္ကိုပါအနားတိုးေပးလိုက္သည္။
"ဟိုအမက ၾကက္ဥေၾကာ္ေပးတာလား"
"အင္း သူကကိုယ္ဝန္နဲ႔ဆိုေတာ့ မလုပ္ေပးဖို႔ေျပာထားတယ္ babe ခ်က္တက္တယ္မလား"
"ဟင့္အင္း မခ်က္တက္ပါဘူး အဖိုးကအျပစ္ေပးလို႔သာမီဖိုခန္းဝင္ေနရတာ"
"အင္း က်င့္ခ်က္ၾကည့္ပါ ကိုယ္လည္းသင္ေပးမွာေပါ့ ကိုယ္ခရီးသြားတဲ့အခ်ိန္ေတြဆိုခ်က္စားဖို႔လိုမယ္ေလ"
"အဖိုးတို႔အိမ္ျပန္စားမွာေပါ့ ဂြၽန္ရလဲ"
ေဂ်ာင္ဂုမွာၾကည့္ၿပီးသင္ျပင္းသာခ်ရသည္။ဒါေလးကခ်က္မွာမဟုတ္
ထယ္ေယာင္းမသိေသးတဲ့အခ်က္က
သူ႔အဖိုးhotelက ဟင္းႏုႏြယ္စပါကတီကထယ္ေယာင္းလုပ္ထားေသာmenu
မွန္းေဂ်ာင္ဂုသိေနတယ္ဆိုတာကိုျဖစ္သည္။
"babe အစားစားေနရင္းဖုန္းမၾကည့္ရဘူးေနာ္ အခုခ်လိုက္"
"ခဏေလးပါ သူငယ္ခ်င္းေတြစာပို႔ေနလို႔"
"မလိုခ်င္ဘူး အခုဖုန္းကိုလက္ထဲကခ် အစားစားေနရင္းလုံးဝဖုန္းမသုံးရ"
"ဂြၽန္ၾကေတာ့ခုနက ေကာ္ဖီေသာက္ရင္းဖုန္းေျပာေနတာေလ"
အလုပ္ကအစည္းအေဝးအတြက္ဆက္တဲ့ဖုန္းကိုသူကၾကည့္ၿပီးေျပာေနေသးသည္။ထုပစ္ခ်င္စရာ႐ုပ္နဲ႔ျပန္ေျပာေနပုံက။
"ခုနက ကိုယ္ဆက္တာအလုပ္အတြက္ေလ babeကသက္သက္အသုံးမဝင္တာလုပ္ေနတာေလ ျမန္ျမန္စားေက်ာင္းကိုပို႔ေပးၿပီး ႐ုံးတက္ရအုံးမွာ"
"ဘာ..."
"အဲ့ေလာက္အက်ယ္ႀကီးမေအာ္နဲ႔ေလ ဘာျဖစ္သြားရတာလဲ"
"ကားျပန္ေပးေလ ေက်ာင္းကိုဘာလို႔ပို႔မွာလဲ ကြၽန္ေတာ္က ကေလးလား"
"ကားပါသိမ္းထားရမွာတဲ့အဖိုးကမွာထားတယ္ မရဘူးကိုယ္လိုက္ပို႔မွာ"
"ဂြၽန္ကညေနၾကအခ်ိန္မွီလာမႀကိဳႏိုင္ရင္ဘယ္လိုလုပ္မလဲ အဲ့ဒါေၾကာင့္ကားျပန္ေပးပါ"
"အတြင္းေရးမႉး ကေန႔ခင္းထဲကbabeကိုလာေစာင့္ေနမွာ စိတ္မပူနဲ႔ေနာ္...ဟားဟား"
ေဂ်ာင္ဂုကိုအကြက္ေ႐ႊ႕ဖို႔ႀကိဳးစားေနေသာအေကာင္ေပါက္ကိုၾကည့္ၿပီးရယ္ေနလိုက္သည္။သူ႔အ႐ြယ္တုန္းကကိုယ္ေတြမွာစာအုပ္နဲ႔မ်က္ႏွာမခြာရဘဲႀကိဳးစားေနရတာ သူကေတာ့ေအးေဆးျဖစ္ေနသည္။
"လိုက္ပို႔ေပါ့ ကြၽန္ေတာ္ကကားမရွိတာနဲ႔လစ္ထြက္လို႔မရဘူးထင္ေနလား"
"မထင္ပါဘူး ကိုယ္ကလည္းလိုက္မဖမ္းႏိုင္ဘူးလို႔ထင္ေနလား"
"လုယုတ္မာႀကီး ခင္ဗ်ားကိုတရားစြဲမယ္ ညတုန္းကကြၽန္ေတာ့ကိုနမ္းတဲ့အမႈ႕နဲ႔"
"မေက်နပ္ရင္ညကနမ္းတဲ့အခ်ိန္ထဲကတိုင္သင့္တာေလ babeပဲရင္ေတြခုန္ၿပီးတစ္ညလုံးကိုယ့္ရင္ခြင္ထဲမွာအိပ္သြားတာေလ"
"ဘာ....ဘယ္သူကရင္ခုန္တာလဲ ဟား...ကြၽန္ေတာ့ေကာင္မေလးနဲ႔မိတ္ဆက္ေပးမွရေတာ့မယ္ထင္တယ္"
ေဂ်ာင္ဂုကေတာ့လုပ္ခ်င္သလိုလုပ္ဟုပုံစံနဲ႔ပုခုံးတြန႔္ျပလိုက္ကာ ေကာ္ဖီဆက္ေသာက္ေနလိုက္သည္။
"ေက်ာင္းမွာေအးေဆးေနေနာ္ ရန္ထပ္ျဖစ္လို႔မရဘူး"
ေဂ်ာင္ဂုကသာေျပာေနေပမယ့္ အေရးေတာင္မစိုက္သူကေဘးမွာထိုင္လိုက္လာေသာလူဆိုးေလး။ေက်ာင္းေရွ႕ေရာက္ေတာ့သူ႔သူငယ္ခ်င္းေတြေစာင့္ေနတာေတြ႕ရသည္။
"ညေန အတြင္းေရးမႉး နဲ႔ကုမၸဏီကိုလိုက္ခဲ့ေနာ္ အျပန္ေဈးဝင္ဝယ္ရေအာင္"
"........."
"babe ၾကားလား"
"ၾကားတယ္ ၾကားတယ္ ဘယ္ေလာက္ေဝးေနလို႔မၾကားရမလဲ တစ္လမ္းလုံးေျပာေနတာမ်ားပစိပစပ္ကိုမ်ားတယ္"
သူ႔ကိုလွည့္ပင္မၾကည့္ေက်ာပိုးအိတ္ကိုပုခုံးတစ္ဖက္မွာပဲလြယ္ထားကာသူ႔သူငယ္ခ်င္းေတြနဲ႔အတူဝင္သြားၾကသည္။
"ကင္မ္ထယ္ နင့္ကိုလိုက္ပို႔တာဘယ္သူလဲ BMW 7series အနက္ေရာင္ကလွပသားနားလိုက္တာဟာ"
ဘိုမီတို႔ကေတာ့လူသာအရင္မျမင္ရရင္ေနပါေစ။ကားကိုၾကည့္လိုက္တာနဲ႔အဲ့လူကဘယ္လိုအဆင့္အတန္းထဲကဆိုတာတန္းေျပာႏိုင္သည္အထိကားေတြကို႐ူးသြပ္တဲ့ေကာင္မေလး။သူ႔အေဖက ကား showroom မ်ားရွိတာေၾကာင့္လည္းပါသည္။
"ေအး ထယ္ရာ ကားကအခုေနာက္ဆုံးေပၚႀကီးကြာ မင္းအဖိုးရဲ႕ကားလည္းမဟုတ္ဘူး"
"မင္းတို႔မသိခ်င္ပါနဲ႔ကြာ"
"နင္ကလည္းဟယ္ ေျပာစမ္းပါ ငါတို႔သိခ်င္တယ္ေလ"
"ငါတို႔ကိုရဲစခန္းပို႔တဲ့လူေလ သိတယ္မလားအဲ့ကုန္တိုက္ပိုင္ရွင္"
"ဘာ...ဂြၽန္ေဂ်ာင္ဂု"
"လန႔္တာ ၿပိဳင္တူဘာလို႔ေအာ္ေနၾကတာလဲ"
ထယ္ေယာင္းကိုၿပိဳင္တူဝိုင္းေအာ္ၾကရင္းအနားကိုေစြ႕ခနဲေနေအာင္ေရာက္လာၾကသည္။
"ကင္မ္ထယ္ ငါတို႔လန႔္ဖို႔ထားပါအုံးဟာ
နင္ကဘယ္လိုလုပ္အဲ့ကားနဲ႔ပါလာရတာလဲ"
"ငါရဲစခန္းေရာက္လို႔အဖိုးကအိမ္ေပၚကႏွင္ခ်ထားတာ အဲ့လူႀကီးအိမ္မွာတစ္လေနရင္ အဖိုးကငါ့ကို passport ျပန္ေပးမယ္တဲ့ ေက်ာင္းလည္းပိတ္ေတာ့မွာေလ ငါေမေမတို႔ဆီျပန္မွာ"
"ေနပါအုံး ငါနားမလည္တာရွိတယ္ နင့္အဖိုးကႏွင္ခ်ခ်င္ရင္ နင့္အေဒၚေတြ
နင့္အမေတြအိမ္ရွိေနတာေလ အခုကဘာလို႔သူ႔အိမ္လဲ"
ဒီစပ္စုစိန္ေတြကိုမၾကည္ၾကည့္ ၾကည့္လိုက္ရင္းေအာ္ေျပာလိုက္ေတာ့သည္။
"သူနဲ႔ငါ့ကိုသေဘာတူထားတာေဟ့ ရွင္းၿပီလား"
"မင္းကေရာ အဲ့အကို ကိုႀကိဳက္လို႔လား"
"ခ်န္းရာ ေကာင္ေလးအခ်င္းခ်င္းႀကီးကြာ မျဖစ္ႏိုင္တာ"
"မင္းကလည္း အခ်စ္မွာအဲ့တာေတြမရွိဘူး မင္းကငါတို႔ထက္ေတာင္နားလည္ေပးထားၿပီးအခုၾကမွဘာထျဖစ္ေနတာလဲ"
"မင္းကိုယ္တိုင္ႀကဳံမွသိလိမ့္မယ္ေလ ကိုယ္ကသေဘာက်ရင္ေတာ့ဟုတ္မွာေပါ့"
"အမယ္ နင္က CEOဂြၽန္ကိုသေဘာမက်ဘူးေပါ့ေလ ဒီေလာက္ ေဘာ္ဒီကအမိုက္စား မ်က္ႏွာကလုံးဝျပည့္စုံေနေရာ လုပ္ငန္းလုပ္တာမွာလည္း Top 10 စာရင္းဝင္ ပညာတက္ ႐ုပ္ရွိေရလွ်ံဘဲႀကီးကိုေလ ငါသာနင္ျဖစ္လိုက္ခ်င္တာ"
ဒါဟယ္ေျပာေသာစကားကို ဘိုမီကေထာက္ခံတယ္ဟုထေအာ္ကာ ဒိုရာကေတာ့ၿပဳံးသာေနသည္။လီခ်န္းကေတာ့ေစာင့္ၾကည့္ေနမယ္ဟုပုံစံလုပ္ျပကာရယ္ေနသည္။ထယ္ေယာင္းလည္းၿပဳံးလိုက္မိသည္။ပထမဦးဆုံးအနမ္းကဂြၽန္တဲ့လားဟုေတြးရင္းခပ္ေရးေရးေလးၿပဳံးမိကာ ရင္ထဲမွာပါ
ခပ္ေႏြးေႏြးေလးျဖစ္သြားသည္။ဒါကိုအခ်စ္လို႔ေခါင္းစဥ္မတက္ခ်င္ေသးပါ။
"ကင္မ္ထယ္ နင့္ကိုအခုလာႀကိဳမွာ ေဂ်ာင္ဂုလား"
ညေနေက်ာင္းျပန္ၾကမယ့္အခ်ိန္မွာသူငယ္ခ်င္းေတြကေမးလာၾကသည္။
"မဟုတ္ဘူး သူ႔အတြင္းေရးမႉးတဲ့"
"မင္းရဲ႕ကားကေရာဘယ္ေတာ့ျပန္ရမွာလဲ"
"မသိပါဘူးကြာ ငါအိမ္ေရာက္မွထပ္ေတာင္းၾကည့္အုံးမယ္"
သူငယ္ခ်င္းေတြကသူတို႔ကားရွိရာဆီႏႈတ္ဆက္ကာထြက္သြားၾကသည္။ထယ္ေယာင္းလည္းအတြင္းေရးမႉးေစာင့္ေနေသာေနရာသို႔သာလာလိုက္သည္။ကားက Jeon group ကုမၸဏီေရွ႕မွာရပ္သြားသည္။သြားလာလႈပ္ရွားေနေသာဝန္ထမ္းမ်ားႏွင့္အေဆာက္အဦးအႀကီးႀကီးရွိရာဆီသို႔သာလွမ္းရျပန္သည္။ဓာတ္ေလွကားနားမွာရပ္ေစာင့္ေနေသာဂြၽန္ကိုေတြ႕လိုက္ရသည္။သူ႔အနားမွာလည္း ဝန္ထမ္းေကာင္ေလးေကာင္မေလးေတြရွိေနသည္။
"လာ ေက်ာင္းဆင္းၿပီေပါ့ေလ လစ္မထြက္ပါလား"
"လိမၼာေနတယ္ေလ"
"ဒါေပါ့ ကေလးကလိမၼာေနၿပီ"
"အဲ့ဒါေၾကာင့္ကားျပန္ေပးပါေနာ္"
"ဘာမွလည္းမဆိုင္ဘူး"
"ဂြၽန္...."
ဓာတ္ေလွကားလည္းပြင့္ေရာထယ္ေယာင္းလက္ဆြဲကာဝင္သြားေသာ
ေဂ်ာင္ဂုေနာက္ကို ဝန္ထမ္းေတြကဆက္မလိုက္ေတာ့ပဲရပ္က်န္ေနၾကသည္။တစ္ခါထဲအတူဓာတ္ေလွကားနဲ႔တက္ေနၾကေပမယ့္ အခုက
ထယ္ေယာင္းနဲ႔အတူရွိေနေသာေၾကာင့္ရွိန္ေနၾကသည္။
"လာၾကေလ မဝင္ဘူးလား"
ေဂ်ာင္ဂုေခၚေတာ့မွဟုတ္ကဲ့ဟုဆိုကာဝင္လာၾကသည္။
"ဗိုက္ဆာတယ္ ဂြၽန္"
"႐ုံးခန္းထဲမွာ pizza ဝယ္ထားတယ္"
"ဝိုး စားမယ္... ဂြၽန္မနက္ကမုန႔္ဖိုးမွမေပးလိုက္တာအဖိုးက ကဒ္ပိတ္ထားတယ္ေလ သူငယ္ခ်င္းေတြေကြၽးတာစားခဲ့ရတာ"
"ဟာ ဟုတ္သားပဲ sorry babeရယ္
ကိုယ္ေမ့သြားတာ အိမ္ေရာက္ရင္ေပးမယ္ေနာ္"
ထယ္ေယာင္းလက္ကိုဆြဲကာထြက္သြားေသာသူတို႔ရဲ႕CEOကိုၾကည့္ၿပီးဝန္ထမ္းေတြမွာအားက်ေနၾကသည္။
"ဟဲ့ခ်စ္ဖို႔ေကာင္းလိုက္တာ ငါတို႔CEOႀကီးကခ်စ္တက္လိုက္တာမ်ား"
"အဲ့လိုခြၽဲတက္မွရမယ္ေလ ေကာင္ေလးကခ်စ္စရာေလး မုန႔္ဖိုးမရလို႔ေျပာတာမ်ားငါတို႔CEOႀကီးၿပဳံးသြားတာသာၾကည့္"
႐ုံးခန္းထဲေရာက္တာနဲ႔pizzaဘူးနားေျပးသြားကာစားဖို႔ျပင္ေနသည္။
"babe လက္ေတြအရင္သြားေဆးၿပီးမွစား"
ဟုတ္ ဆိုၿပီးအေျပးသြားေဆးေနသည္။ေန႔ခင္းကသူငယ္ခ်င္းေတြကိုအားနာၿပီးသိပ္မစားခဲ့ပုံရသည္။
"အဲ့ေလာက္ေတာင္ဆာေနတာလား"
"ဟင့္အင္း ဘယ္အခ်ိန္မဆိုစားလို႔ရ
တယ္ဂြၽန္ရဲ႕.."
သူထင္ေနတာနဲ႔တလြဲစီပဲဘယ္အခ်ိန္စားစားတဲ့။
"ဟားဟား ဟုတ္ပါၿပီကြာ"
"ဂြၽန္လည္းစားၾကည့္ ပါးစပ္ဟ အာ..."
သူ႔ကိုပါစားဆိုၿပီးခြံ႕ေကြၽးလာေသာထယ္ေယာင္းကိုၾကည့္ၿပီးေဂ်ာင္ဂုမွာခ်စ္မဆုံး။
"ေကာင္းတယ္ေနာ္..."
"babeကခြံ႕ေကြၽးတာပဲ ေကာင္းတာေပါ့"
"အဲ့ဒါဆို ကားျပန္ေပးပါေနာ္"
"ဘာလဲကိုယ့္ကိုခြံ႕ေကြၽးတာက ကားလိုခ်င္လို႔လုပ္ေနတာလား"
"မဟုတ္ပါဘူး အဲ့လိုခြံ႕ေကြၽးဖို႔ဆိုတာႏွလုံးသားထဲကလာမွရတာ ကားလိုခ်င္လို႔ေတာ့လုပ္မလား"
"ဟား....babeကိုယ့္ကိုေႁခြတယ္ကြာ"
ေဂ်ာင္ဂုသူ႔ေဘးမွာထိုင္ေနေသာေကာင္ေလးကိုရင္ခြင္ထဲဆြဲသြင္းကာဖက္ထားလိုက္ေတာ့သည္။ခဏေနမွမ်က္ႏွာခ်င္းဆိုင္ၾကည့္ေစကာ မွာစရာရွိတာမွာရသည္။
"Ok ကိုယ္ကားျပန္ေပးမယ္ မနက္ျဖန္ေက်ာင္းကိုကားယူသြား ဒါေပမယ့္ ေက်ာင္းဆင္းရင္ သူငယ္ခ်င္းေတြနဲ႔မုန႔္သြားစားလို႔ရတယ္ ေဈးဝယ္ထြက္လို႔ရတယ္ ၿပီးတာနဲ႔အိမ္တန္းျပန္ရမယ္ေနာ္"
"ဟုတ္ ရတယ္အိမ္တန္းျပန္ပါမယ္"
"ေနာက္တစ္ခုက ကားကိုပုံမွန္ပဲေမာင္းရမယ္ သက္မွတ္ထားတဲ့မိုင္ႏႈန္းအတိုင္းေမာင္းရမယ္ေနာ္ babeတစ္ခုခုျဖစ္သြားရင္ babeနာက်င္မွာထက္ကိုယ္ကပိုနာက်င္ရလိမ့္မယ္"
ဂြၽန္ကားျပန္ေပးမယ္ေျပာၿပီးစမွာေနထဲကထယ္ေယာင္းၾကည့္ေနမိသည္။babeနာက်င္ရမွာထက္ကိုယ္ကပိုနာက်င္ရလိမ့္မယ္ေျပာတဲ့အခါမွာမ်က္ဝန္းထဲကစိတ္ပူမႈ႕ေတြကိုအထင္းသားျမင္ေနရသည္။
"ကြၽန္ေတာ္ျဖစ္သြားခဲ့ရင္ခႏၶာကိုယ္နာက်င္ရမွာေလ ဂြၽန္ကေတာ့ႏွလုံးသားေလးနာက်င္ရေတာ့မွာပဲ"
"ဘာလို႔ အဲ့လိုတပ္အပ္ေျပာႏိုင္တာလဲအကိုႀကီးရဲ႕...ဟင္"
"ဂြၽန္ရဲ႕ႏွလုံးသားေပၚမွာလမ္းေလွ်ာက္ေျပးလႊားေနထိုင္ေနတာကြၽန္ေတာ္ျဖစ္ေနလို႔ေလ အဲ့ဒါေၾကာင့္ဂြၽန္ရဲ႕ ႏွလုံးသားေလးမနာက်င္ရေအာင္ ကားကိုေျဖးေျဖးေလးေမာင္းပါမယ္"
ေဂ်ာင္ဂုအသည္းမယားပဲမေနႏိုင္ေတာ့။ေျပာေနတာေတာင္ရင္ဘက္ကိုလက္ညႇိဳးထိုးကာေျပာေနေသာေကာင္ေလးရဲ႕လက္ကိုယူကာ ကိုက္ရန္ျပင္ၿပီးစေနလိုက္မိသည္။ခ်စ္စရာေကာင္းလြန္းေသာမ်က္လုံးေလးကိုအနမ္းဖြဖြေလးေပးရင္းရင္ခြင္ထဲထည့္ကာဖက္ထားမိသည္။ထယ္ေယာင္းကိုရင္ခြင္ထဲထည့္ၿပီး ႐ုံးခန္းကေနလွမ္းျမင္ႏိုင္ေသာဆိုးလ္ရဲ႕ညေနခင္းေနဝင္ဆည္းဆာအလွကိုေက်ာခိုင္းထားေသာေဂ်ာင္ဂုအဖို႔ကေတာ့သူ႔ရဲ႕ဒီအလွအပေလးထက္ဘယ္အရာကိုမွအေရးတယူၾကည့္ၿပီးမ်က္ႏွာမူရန္မလိုအပ္ေတာ့ေပ။
ကိုယ့္ကမာၻမွာမင္းပဲထြန္းလင္းေပးပါ။
မင္းေတာက္ပႏိုင္ေအာင္လည္းကိုယ္က
ခ်စ္ျခင္းအလင္းေရာင္ေတြ......
ျဖာက်ေပးမွာခ်စ္ရတဲ့ေကာင္ေလးေရ။
Simplicity🏝
Zante💜
က်န္းမာေရးဂ႐ုစိုက္ၾကပါေပ်ာ္႐ႊင္ၾကပါေစ💜💗
ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္......