သားကောင်
By Ph4549
15.5K 911 12
" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မ... More
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (31)
Part (32)
Part (33)
Part (34)
Part (35) Final
Part (30)
449 24 0
By Ph4549
သား​ကောင်
🌸pann
Part (30)
" မောင်ေ.. "
" ဟဲ့ ဟဲ့.. ငါမှာလိုက်တာ ပါလာလား "
" ဟာ ဟာ.. မောင် ဖြေးဖြေးလေးလာပါဗျာ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်နေတယ်များမှတ်နေလား မောင်နဲ့တော့ဗျာ "
အိမ်ထဲစီးဖိနပ်​ပြောင်းစီးရင်းနဲ့ အိမ်ထဲခြေချကာ မောင့်ကိုလှမ်းအော်ခေါ်မို့ ရှိသေး.. အိမ်ထဲကနေ အလောတကြီးလေးနဲ့ ပြေးလာတဲ့​မောင် ။
နောင်ရိုး မျက်လုံးပြူးရကာ မောင့်ဆီအပြေးလွှားလေးသွားကာ ဆွဲတားရသည်..
အခုဆို ဗိုက်လေးကထွက်နေပြီ .. ဒါကို လှုပ်လှုပ် လှုပ်လှုပ်လေးနဲ့ ပြေးလာနေတာ ။
" ရပါတယ် မင်းကလည်းမနေနဲ့.. ပူမနေနဲ့ ငါမှာတာပါတယ်မလား ပေး ပေး "
ပြောဆို​နေရင်းနဲ့ကို နောက်ရိုး လက်ထဲက အိတ်တွေကို ဇွတ်လက်ပြောင်းယူနေတာ.. ။
" ရတယ် မောင်.. ဘယ်လိုဖြစ်​နေတာလဲ ကျွန်တော်လုပ်​ပေးပါ့မယ် ဇွတ်ဆွဲယူနေတော့တာပဲ "
" ငါ စားချင်​နေပြီ.."
" ကဲ.. လာ လာဗျာ "
အိတ်ကို​တော့ လက်ပြောင်းပေးမနေဘဲ ကိုယ်ပဲဆက်ဆွဲထားရင်း မောင့်ပခုံးလေးကိုဖက်ကာ အသာခေါ်ရသည်..
" ဒီမှာထိုင်အုံး.. ကျွန်တော်လုပ်ပေးမယ် "
" အမ်... "
နောင်ရိုး ထိုင်ခုံကို ကိုယ်တိုင်ဆွဲထုတ်ပေးပြီး မောင့်ကို အသာလေးထိုင်ခိုင်းထားရတယ်.. ။
မောင် နောင်ရိုးနေရာပေးတဲ့နေရာမှာ အမြန်လေးဝင်ထိုင်ချလိုက်သည်..
" ဟ မောင်ဗျာ.. ဖြေးဖြေး ထိုင်စမ်းပါ "
ပြောမှ ရမယ်.. သူ့ကိုယ်သူလူလွတ်များ ထင်နေလားမသိဘူး ဘာအရာကိုမှ အေးဆေးအသာမလုပ်ဘူး ။
အခုလည်း ဘာထူးလဲ.. ခုံမှာ လစ်ခနဲ အမြန်ဝင်ထိုင်လိုက်တာက ။
မတော်တဆ သူနဲ့ကလေးပါ ထိခိုက်သွားမှဖြင့်.. ကျွတ် အတွေးထဲမှာ တောင်လန့်တယ် ။
" အေးပါ ခွဲတော့ ခွဲတော့.. "
" အဟက်.. "
နောင်ရိုး တကယ် ပြောမနိုင်တော့ဘူး.. ။
ခုံမှာအေးဆေးမထိုင်နေဘူး.. ကလေးတစ်ယောက်လိုပဲ အစားစားရဖို့ ရင်ခုန်စိတ်လှုပ်ရှား နေတဲ့ပုံစံလေးနဲ့..
ခြေထောက်နှစ်ချောင်းကလည်း လှုပ်ရွကစားနေတာ.. ။
နောင်ရိုး မောင့်ရဲ့ပုံစံလေးကိုငေးကြည့်ရင်း ဟက်ခနဲ တစ်ချက်ရယ်ရင်း ခေါင်းကိုအသာလေးလှုပ်ရမ်းမိသေးတယ်..
နောင်ရိုး အပေါ်ကုတ်ကိုချွတ်ပြီး ခုံအလွတ်တစ်ခုပေါ်မှာ တင်ထားလိုက်သည်.. ပြီး အင်္ကျီလက် နှစ်ဖက်စလုံးကို တံတောင်ဆစ်ထိ ခေါက်တင်ကာ လုပ်ငန်းစရသည် ။
ဓားတစ်လက်ယူကာ ဖရဲသီးခါးလယ်ပိုင်းကနေ ခွဲဖြတ်လိုက်သည်.. 
" မင်းကလည်း မြန်မြန် မြန်မြန် စိတ်လေ.. "
အဟွန်း.. ။
လက်ဟန်နဲ့ကို လုပ်ပြနေလိုက်တာက..
မောင်.. ခင်ဗျား ကိုယ်ဝန်လွယ်ထားတဲ့ ကိုယ်ဝန်သည်တစ်ယောက်ရော ဟုတ်ရဲ့လား ။
ကလေး အမေနဲ့ကိုမတူဘဲ တကယ့်ကလေးတစ်ယောက်အတိုင်း ပြုမူနေတာလေ.. ။
" စိတ်နေတာပဲကို ခင်ဗျားကလည်း.. "
" မင်း စိတ်နေတာက နှေးတုံ့နှေးကွေးနဲ့.. ငါ စိတ်မယ် ပေး ပေး "
ကြည့်.. ထပြီး  လက်ထဲက ဓားကို လာလုနေပြန်ပြီ ။
ထိရှကုန်တော့မှာပဲ.. မောင်ရာ ကျွတ် ။
" ဟာဗျာ.. နေရာမှာသာ အသာလေးထိုင်နေစမ်းပါ "
နောင်ရိုး ခုံမှာ ဇွတ်ကို အတင်းထိုင်ခိုင်းရတယ်.. ဒီမိန်းမ တကယ်ကိုယ်လေးလက်ဝန် ဖြစ်နေတာရောဟုတ်ရဲ့လား လို့ သံသယ ဝင်မိရတဲ့အထိပဲ.. ။
ထစ်ခနဲဆို လစ်ခနဲ လစ်ခနဲနဲ့ လေပူပေါင်းအတိုင်းပေါ့ပါးနေလိုက်တာ..
" မောင် ငြိမ်ငြိမ်လေးထိုင်နေပေး ကျွန်တော်လုပ်ပေးမယ်.. အိုခေ "
" ကျွတ်.. အေ အေး "
နောင်ရိုးကို စိတ်မရှည်တဲ့ လေသံကြီးနဲ့ ပြောနေတာ.. ။
ဘယ်လိုပဲပြောပြော သူငြိမ်နေဖို့က အဓိကဦးစားပေးပဲ..
" ဟာ..မောင် နေအုံးလေ ကျွန်တော် သေချာအစိတ်လေးတွေ မလုပ်ပေးရသေးဘူးလေ "
" ဟင်.. ဒီလိုပဲစားချင်တယ် "
ဖရဲသီး ခါးလယ်ပိုင်း ပိုင်းထားတဲ့အခြမ်းတစ်ခြမ်းကြီးထဲကနေ အစိတ်လေးတွေ ခွဲထုတ်စိပ်နေတုန်းရှိသေးတယ်.. မောင်က တန်းယူပြီး ပါးလုတ်ပါးလောင်း စားနေပြီ ။
ဒီကကောင်က တစ်လုတ်စာလောက် စားလို့ရအောင် သေးသေးလေးတွေ စိတ်ပေးမလို့ကို.. စောင့်တောင်မစောင့်ဘူး ။
နောင်ရိုးလည်း မနိုင်တော့ လွှတ်သာထားပေးလိုက်ရတယ်..
" ဟာ မောင် ဖြေးဖြေးစားလေဗျာ.. ကျွန်တော်စိတ်မနိုင်တော့ဘူး "
လက်ရော ပါးစပ်ရော မြန်ဆိုပဲ.. ပါးစပ်​ထဲ တစ်စိတ်ပြီးတစ်စိတ် ထည့်နေတာ ။
ဒီကောင်တောင် စိတ်ပေးရမနိုင်တော့ဘူး.. သူချည်းပဲစားနေတာ ။
ကိုယ့်ပါးစပ်ထဲတောင် တစ်စိတ်မှမရောက်သေးတာပဲ ကြည့်..
" မစိတ်ပေးချင်ရင်လည်း ပြော.. ငါ့ဟာငါစိတ်ပြီးစားမယ် "
" မစိတ်ပေးချင်လို့ ပြောတာ မဟုတ်ပါဘူး.. ဒီလိုဆက်တိုက်ကြီး စားနေရင် အစာမကြေဖြစ်လိမ့်မယ်နော် "
" ငါ့အတိုင်းတာ ငါသိပါတယ်.. သိပ်လည်း မစားရသေးပါဘူး "
ဗုဒ္ဓေါ.. သိပ်လည်းမစားရသေးပါဘူးတဲ့လေ အံ့ဩတယ် ။
" ဒါဆို ဒီအခွံတွေအကုန်လုံးက ကျုပ်တစ်ယောက်ထဲပဲ စားထားတာလား.. "
နောင်ရိုး မောင့်ရှေ့ကဖရဲသီးအခွံတွေကို လက်ညိုးနဲ့ထိုးပြပြီး မေးလိုက်တော့ အသံတိတ်သွားပြန်သည်..
" မင်းကလည်း ဒါလေးပဲကို ငြို ငြင်နေတာလား.. "
ကြည့်.. နှုတ်ခမ်းလေးဆူပြီး ပြောနေလိုက်သေးတာ မရတော့ဘူး မောင် ။
" မွပ်.. မွပ် "
နောင်ရိုး နေရာကနေ ကိုယ်ကိုအနည်းငယ်ကိုင်းကာ မောင့်နှုတ်ခမ်းလေးကို အသံမြည်အောင် နှစ်ချက်လောက် ဆင့်နမ်းလိုက်သည်..
" အာ မင်းနော် ဘာလုပ်တာလဲ.. "
မောင် လက်ဖမိုးနဲ့ နှုတ်ခမ်းကို ဖိသုတ်ရင်း သူ့ကို မကျေမချမ်းလေး ပြောလိုက်သည်..
" ချစ်လို့လေ.. ချစ်ဖို့ကောင်းလို့ နမ်းလိုက်တာ "
ကြည့်.. ရုပ်က ပြီတီတီနဲ့ ပြောနေလိုက်တာက ဒါပေမယ့်လည်း မောင် သဘောကျမိသလိုပါပဲလေ ။
မောင် နောင်ရိုးမသိအောင် ခိုးပြုံးမိသေးတယ်..
" မောင်က ကလေးလား.. ပါးမှာလည်း ဖရဲသီးစေ့တွေ ကပ်လို့ "
နောင်ရိုး ပြောရင်း မောင့်ပါးပေါ်က ကပ်နေတဲ့ ဖရဲသီးစေ့ကို ဖယ်ပေးကာပြောလိုက်သည်..
" အပိုတွေ မပြောစမ်းပါနဲ့.. ဆက် ခွဲလေ "
မျက်လုံးလေးနဲ့ လှမ်းပင့်ပြကာ အထာပေး ခိုင်းနေသေးတာ.. ။
" ဟုတ်ကဲ့ ဟုတ်ကဲ့.. ဘုရင်မကြီးက ခိုင်းတော့လည်း ကျွန်တော်မျိုးက လုပ်ပေးရမှာပေါ့ "
" အဟွန်း.. "
နောင်ရိုးက ပြောရင်း ဖရဲသီးဆက်ပြီးစိပ်နေပေးတော့ မောင် သဘောကျကာရယ်မိသည်..
ဘာပဲဖြစ်ဖြစ် မောင် ဖရဲသီးတစ်လုံး လောက်နီးပါး တစ်ယောက်ထဲ စားပစ်လိုက်သည်.. သူကတော့ အဲ့လောက် အစားကြီးရလားဆိုပြီး ပွတ်တွတ်ရွတ်နေလို့  ။
ဂရုမစိုက်ပေါင်.. ကိုယ်စားနိုင်လို့စားတာပဲကို ပြီး အရင်နေ့တွေကတည်းက စားချင်နေတာ
မသိဘူး စားမှာပဲ.. ။
.
မောင် ဧည့်ခန်းမှာထိုင်ပြီး သူ့ကိုစောင့်နေတာ.. အရင်နေ့ကဆို ဒီချိန်အိမ်ရောက်တတ်နေပြီကို ။
မောင် စိတ်ပူပြီး ထိုင်လိုက် ထလိုက်နဲ့လုပ်နေတာ ဘယ်နှခါရှိနေပြီလဲ.. တစ်ရက်တစ်ခြား ပိုပိုပူလာတဲ့ ဗိုက်ကြောင့်နဲ့လည်း ထိုင်ရထရအဆင်မပြေ ။
ခြေထောက်ကလည်း အရင်လိုပေါ့ပါးမနေ.. ခြေသလုံးတွေတောင် တုတ်လာတာ လမ်းလျှောက်ရတာလည်း လွတ်လပ်ပြီးပေါ့ပါးမနေ..
တကယ် စိတ်သွားတိုင်း ကိုယ်မပါတော့ ထိုင်ခုံမှာသာ ပြန်ထိုင်နေရင်း ဘုရားစာသာနှုတ်တိုက်ရွတ်နေရသည်.. ။
ကျွီ..
ဟော ကားသံကြားတယ်.. ပြန်လာပြီထင်ပါ့
" အင့်.. "
ဗိုက်ကို လက်လေးနဲ့အသာဖေးမကိုင်ထားရင်းနဲ့ နောက်လက်တစ်ဖက်က ခုံကိုထောက်အားယူရင်း ညီးသံလေးတစ်ချက်နဲ့ အားယူထရသည်..
မတ်တပ်ထရပ်နိုင်ပြီဆိုခါမှ လက်တစ်ဖက်က ခါးကိုထောက် နောက်လက်တစ်ဖက်က ဗိုက်ကိုထိန်းကိုင်ပြီး အိမ်တံခါးဝနားထိ တဖြေးဖြေးလေး သွားလိုက်သည်.. ။
" မင်း ပြန်လာပြီလား.. ဒီနေ့နောက်ကျတယ်နော် "
ဟင်.. ။
အိမ်တံခါးဝမှာ ရပ်ပြီးကြိုဆိုနေတဲ့ မောင်..
နောင်ရိုး စိတ်ထွေထားလာသမျှတွေတောင် လျော့ကျသွားရသလိုပါ...
" ဘယ်ကဘယ်လို အပြင်ထွက်နေတာလဲ.. "
ထွက်ကြိုဆိုပေးတဲ့ မောင့်ကို တွေ့ရလို့ ပျော်မိပေမယ့် အနားသွားပြီးဆူရသေးသည်..
" တစ်ယောက်ထဲ ထင်သလို လမ်းဒုန်းဆိုင်းမလျှောက်ပါနဲ့လို့.. မှာထားတာ နားကိုမထောင်ဘူး အခုကားလေးဆိုက်တုန်းရှိသေးတယ် ခင်ဗျားက ဒီကိုရောက်နေပြီ "
ဟုတ်တယ် .. မောင့်ဗိုက်လေးက ခြောက်လပြည့်လို့ ခုနှစ်လထဲ ဝင်နေပြီ
ဗိုက်ကပူလာတာမို့ ဗိုက်ဖုံးအင်္ကျီလေးတောင် ဝတ်နေရပြီ.. ဒါကိုလည်း လမ်းကိုဖြေးဖြေးမလျှောက်ဘူး သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်နေတာ ။
ဗိုက်ထဲ ကလေးရှိနေတာလား.. ဒါမှမဟုတ် လေများရှိနေတာလား မဝေခွဲတတ်တော့ဘူး တကယ် ။
" မင်း ထင်လို့ပါ.. ငါ အေးဆေးအသာလျှောက်လာတာ ငါကမမြန်ဘူးမင်းနှေးတာ "
" ဖြစ်ရလေ.. "
နောင်ရိုး မဲ့ကာရွဲ့ကာပြောတော့ မောင်က သဘောတွေကျပြီး ရယ်နေသေးတာ.. ။
" လာပါ မောင်ရာ.. ဆောင်းတွင်းဆိုတော့ အပြင်လေကအေးနေပြီ နွေးနွေးထွေးထွေးလေး ဝတ်ထားပါလို့ မှာထားလည်းဘယ်တော့မှ နားမထောင်ဘူး.. အခုလည်းလက်ပြတ်ပေးပဲဝတ်ထားတယ် အအေးကတော့မိတော့မှာပဲ.. ကိုယ်ဝန်ဆောင်သည်တွေက သွေးနုသားနုရယ် အအေးမိပြီးနေမကောင်းဖြစ်ကြည့်ပါလား ဖျားနာကြည့်ပါလား.. ကလေးနဲ့လူကြီးကိုပါ ထိခိုက်တတ်တယ်လို့ ဆရာဝန်မှာထားတာမကြားဘူးလား.. မောင် အခုချိန်မှာ နေမကောင်းဖြစ်ကြည့် ထင်သလို ဆေးသောက် ဆေးထိုးလုပ်လို့ရမယ်ထင်လား ကျွတ် တစ်ခုခုဖြစ်ရင်တော့လေ.. လာ လာ အိမ်ထဲဝင်ရအောင် အပြင်မှာရပ်မနေတော့နဲ့  "
မေ့ပြီးအပြင်မှာ ရပ်စကားပြောနေမိသေးတာကို မှတ်ရတော့မှ အထဲခေါ်ဖို့လုပ်ရသေးသည်..
နောင်ရိုး ပါးစပ်ကတရစပ် ရွတ်ပြီးပြောကာ မောင့်လက်ကိုအသာဖေးကိုင်ပေးရင်း အိမ်ထဲကို အသာခေါ်သွားရသည်..  ။
ဆောင်းတွင်းမို့ လေထဲမှာ အအေးဓာတ်က ပါနေပြီ.. အအေးမိသွားရင် ဘယ့်နှယ့်လုပ်စ သူတစ်ခုခုဖြစ်ပြီထား ဘာမှလုပ်ရကိုင်ရမဖြစ်လို့ ဒီကကောင်ပဲ ဗျာများရမှာ.. ဒါတွေ သူမသိဘူး  ကိုယ်ချင်းလည်း မစာဘူး ။
မောင် ခင်ဗျားဟာလေ.. အသက်သာကြီးတယ် ကိုယ့်အသိလေးနဲ့ကိုယ် မလုပ်ဘူး.. ဒီကောင်ပဲ နေရာတကာပါနေရတာ ။
အဟွန်း..
မောင် တိတ်တခိုးလေး ကြိတ်ရယ်မိသည်..
ဒီလိုပါပဲ.. သူအိမ်ရောက်ပြီဆိုတာနဲ့ မောင့်ကိုအခုလိုဆူနေကျ ပြောနေကျ ရွတ်နေကျ ။
တစ်ခါတစ်ခါကျတော့လည်း မောင် နားညီးရပေမယ့် တစ်ခါတစ်လေ ကျပြန်တော့လည်း သူ့အပြောဆိုတွေအောက်မှာ မောင် ပျော်မိရသေးတယ်..
အိမ်က သူ့အသံကြောင့်နဲ့ ပိုပြီးအသက်ဝင်တယ်လို့လည်း ထင်မိရလို့ပါ.. ။
နေ့တိုင်း အသက်ဝင်စေချင်မိပါရဲ့..
.
နောင်ရိုး မောင့်ကိုလိုက်ရှာနေတာ အိမ်ထဲနှံ့နေပြီ.. ဘယ်ချောင်များ ရောက်နေတာပါလိမ့် ။
ရေချိုးခန်းထဲများ ရောက်နေပြန်ပြီလားမသိဘူး.. ရုတ်တရက်ဝင်လာတဲ့ အသိတစ်ခုကြောင့် နောင်ရိုးပြေးပြီးသွားကြည့်ရသည် ရောကနှပှနပှှေီလားမသိဘူး.. ။
ထင်တဲ့အတိုင်းပဲ ရေချိုးခန်းထဲ မှာရှိနေလို့ စိတ်သက်သာရာ ရပေမယ့်.. မြင်ရတဲ့မြင်ကွင်းကြောင့် အသည်းတွေလှပ်ခနဲနဲ့ အေးသွားရသည်.. 
ခုံပုလေးပေါ်မှာတက်နေတဲ့အပြင် ခြေဖျားထောက်ပြီး  အပေါ်ကရေပန်းကို ဘာကလိနေတာလဲ မသိဘူး.. ။
နောင်ရိုး စိုးထိတ်လန့်ကာ ရေချိုးခန်းထဲပြေးဝင်ပြီး ခုံပေါ်တက်နေတဲ့မောင့်ကို ပွေ့ချီကာ အောက်ချပေးရတယ်.. 
" အမေ့.. လန့်လိုက်တာ နောင်ရိုးရာ မပြောမဆိုနဲ့ လုပ်ရလား "
" ဪ ခင်ဗျားက လန့်တတ်သေးတယ်ပေါ့.. "
" လူပဲ.. လန့်တတ်တာပေါ့ဟဲ့ "
တော်သေးတယ်.. လန့်တတ်သေးပေလို့ပဲ ။
" လန့်တတ်လို့ပဲ တော်တော့တယ်.. ကျုပ်ကခင်ဗျားထက် ဆယ်ဆပိုလန့်တယ် ဘယ့်နှယ့်ဗျာခုံပေါ်တက်ပြီး မကြောက်မလန့်နဲ့ ဘာတက်လုပ်နေတာလဲ.. မတော်တဆ ပြုတ်များကျရင် ဘယ့်နှယ့်လုပ်မလဲ မောင်ရာ ကျေးဇူးပြု ပြီး ကျုပ်ကို အထိတ်တလန့် တွေ မလုပ်ဘဲ ငြိမ်ငြိမ်လေးနေနေပေးလို့ မရဘူးလား.. ကျုပ်တော့ အသည်းတွေ လှပ်ခနဲလှပ်ခနဲဖစ်ရလွန်းလို့ အသည်းတွေတောင် ကောင်းပါအုံးမလားမသိတော့ဘူး "
" အဲ့ဒါများဘာခက် လီဗိုနယ်ဖို့စ် ကိုသောက်ပေါ့.. "
" ဘာ.. "
" ကိုအာကြီး ကြော်ငြာတဲ့ ဟာလေ.. အသည်းအားတိုးဆေး "
" မောင် ခင်ဗျားက နောက်နိုင်နေသေးတယ်နော်.. "
" ကျစ်.. မင်းက စိတ်ပူလွန်းနေတာပါ နောင်ရိုးမင်းခေါင်ရယ် ငါဘာမှမဖြစ်ပါဘူး "
" ပြောလို့ရမလား.. ပိုင်သေတွက်ထားလို့ ရတာမှမဟုတ်တာ မတော်တဆ ထိခိုက်သွားရင် ကျွန်တော်ပဲ ရင်နာရမှာ "
" ကဲ ငါ ဘာမှမဖြစ်ပါဘူးဆို.. ခုံလေးကလည်း အပုလေး အမြင့်ကြီးမှမဟုတ်တာ "
" ပုပု မြင့်မြင့် မလုပ်နဲ့ဆို မလုပ်နဲ့ပေါ့.. မောင် ခင်ဗျားက ကျုပ်မိန်းမ ကျုပ်ပြောရင် ဟုတ်ကဲ့ ဆိုပြီးနားထောင်လိုက်လို့မရဘူးလား ဘယ်တော့မဆို ခင်ဗျားလုပ်ချင်တာလုပ်နေတာ ကျုပ်ပြောတဲ့စကားကိုလည်း နည်းနည်းတော့ အလေးထားပေးပါအုံး "
နောင်ရိုး မောင့်ပခုံးနှစ်ဖက်လုံးကို ဆုပ်ကိုင်ကာ ပြောလိုက်ရသည်..
တကယ်.. နောင်ရိုးပြောတဲ့စကားဆို ဘယ်တော့မှ နားမထောင်ဘူး လုပ်ချင်သလိုလုပ်နေတာ ။
ကလေးအငယ်လည်း မဟုတ်တော့ရိုက်ပြီးဆုံးမရအောင်လည်း မဟုတ်ဘူး.. လူကြီးတစ်ယောက်ဖြစ်နေပြီမို့ နားဝင်အောင် စကားနဲ့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ပြောလည်း.. မရဘူး ။
တကယ် မောင်.. ခင်ဗျားကို ကျွန်တော် မနိုင်တော့ဘူး 
" မင်းပြောမှပဲ ငါက လူဆိုးမကြီးတစ်ယောက်ကို ဖြစ်တော့ မှာပဲ.. "
လူဆိုးမကြီးတောင် ရိုးရိုးလူဆိုးမလေး မဟုတ်ဘူး.. ဂိုဏ်းစတားခေါင်းဆောင် အဆင့် ။
" တကယ်လည်း လူဆိုးမကြီးပဲကို.. ခင်ဗျားမသိဘူးလား "
" မင်းနော်.. "
" ဘာလဲ ပြော ပြော.. "
" ဘာမှမဟုတ်တော့ဘူး.. ရေမချိုးခင် ခေါင်းအရင်လျှော်မို့ ရေပန်းဖွင့်တာ ရေကမကျလာဘူး အာ့နဲ့ ငါဘာများဖြစ်နေလဲလို့ တက်ကြည့်နေတာ "
" ရေကျလာဖို့ တက်လုပ်ကြည့်ရအောင် ခင်ဗျားက ရေပိုက်ပြင်သမားလား.. ကိုယ်ဗိုက်ကိုယ်လည်း သတိရအုံးဗျ ကျုပ်ဒီနေ့အိမ်မှာရှိနေတယ် ကျုပ်ကို ခင်ဗျား လှမ်းအော်ခေါ်လို့မရဘူးလား.. လာကြည့်ပေးခိုင်းလို့လည်း မရဘူးလား  "
" ငါလုပ်ကြည့်လို့ ရရင်လည်း မင်းအလုပ်မရှုပ်တော့ဘူးပေါ့.. "
" ဒီအလုပ်လောက်လေးနဲ့ ကျုပ် အလုပ်မရှုပ်ဘူး.. ခင်ဗျားလုပ်လို့မတော်တဆ တစ်ခုခု ဖြစ်ပြီဆိုမှ ကျုပ်အလုပ်ရှုပ်မှာ သိရဲ့လား "
" အို မင်းကလည်း.. ခဏခဏ မတော်တဆ မတော်တဆနဲ့ ပြောမနေပါနဲ့ ငါလည်းဘာမှဖြစ်တာမဟုတ်ဘူးရယ်.. မင်းခဏခဏရွတ်နေမှပဲ ပါးစပ် စီးပြီး ငါတကယ်မတော်တဆလေးတွေ ဖြစ်တော့မယ် သိရဲ့လား "
" အင် ကျုပ်အမှား ဖြစ်သွားပြန်ပါပေါ့လား.. "
နောင်ရိုး မောင့်ကို ကြည့်ကာ ပြောတော့ သူကဟုတ်တယ်ဆိုတဲ့ ဆိုဒ်နဲ့ ကြည့်လာသေးတာ.. ။
ဟင်း....
နောင်ရိုး နှုတ်ခမ်းလွှာနှစ်လွှာလုံးကို ဖိပိတ် ၊ မျက်လွှာနှစ်လွှာလုံးကို အသာချရင်း နှာခေါင်းထဲကနေ လေပူလေးတစ်လုံး မှုတ်ထုတ်လိုက်သည်..
" လာ.. ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပေးတော်မူပါဗျာ ကျုပ်ကပဲသေချာလေးလုပ်ပေးပါ့မယ် ကျေးဇူးပြု ပြီး ဒီမှာပဲထိုင်နေပေးပါ.. ကျွန်တော် ရှိကြီးခိုးပါတယ် "
" အဟွန်း.. "
လက်အုပ်လေးချီပြီး ပြောတော့ မောင်က သဘောကျပြီး ပြုံးရယ်သေးတာ.. ။
ဟွန်း..ကျွန်တော်ကတော့ ဘုရင်မကြီး စိတ်ကျေနပ်တယ်ဆိုရင် ပြီးတာပါပဲဗျာ
နောင်ရိုး မောင့်ကို ရေချိုးခန်းထဲက ကြွေစင်မှာအသာလေးထိုင်ခိုင်းစေပြီးတာနဲ့ ရေပန်းကိစ္စရှင်းရသည်..  ။
နောင်ရိုး ရေပန်းကနေရေမကျလာရတဲ့ အကြောင်းရင်း အရင်းမြစ်ကိုရှာရပြီ..
ရေချိုးခန်းထဲက ရေပန်းရေမကျရတာတဲ့အကြောင်းရင်းက အထက်ရေစည်ကနေဆက်ထားတဲ့ ရေပိုက်ကပေါက်နေတာလေ.. ။
ဒီတော့ နောင်ရိုးတို့ လောလောလတ်လတ် သုံးရအဆင်ပြေအောင် ပိုက်ကို တာယာပတ်လေးနဲ့ ခပ်တင်းတင်း ပြန်ပိတ်ဖာရင်း ရေပိုက်ဆက်ရသည်..
" ကဲ.. မောင် အားလုံးပြီးပြီ ခေါင်းလျှော်ရေချိုးလို့ရပြီ "
" အမ်.. မင်း ထွက်တော့ "
" ဘာမှမလုပ်ရသေးဘူး နှင်ထုတ်ဖို့က အရင်နော်.. ခင်ဗျားလေးက "
" ........ "
မောင် ပြန်မဖြေသေးဘဲ ရပ်နေလိုက်သည်..
" ခင်ဗျားရေချိုးဖို့ ပြင်ဆင်ပေးပြီးမှ ထွက်မယ်.. ရပြီလား အခုထိအရှက်ကြီးတုန်း ကလေးမွေးခါကျ ဘယ်လိုလုပ်မယ်မသိဘူး "
" အဲ့ဒါငါ့ကိစ္စပါနော်.. မင်းပွတ်တွတ်ရွတ်နေစရာမလိုဘူး "
" စိတ်ကလည်း ကြီးပါ့.. ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်ပါးစပ်ပိတ်နေပါ့မယ် "
နောင်ရိုး ပါးစပ်ကလည်းပြောရင်း မောင် ရေချိုးဖို့ ရေနွေးနဲ့ရေအေး အနေတော်လေးဖြစ်အောင် ရေစပ်ပေးနေရသည်.. ။
ရေချိုးနေရင်းနဲ့ ရှာနေစရာမလိုအောင်လည်း ကိုယ်တိုက်ဆပ်ပြာတွေ မျက်နှာသစ်ဆေးတွေဘာတွေအကုန်သာ အနားမှာ အဆင်သင့် ချပေးထားလိုက်သည်..
အားလုံး ပြင်ဆင်ပေးပြီးမှ..
" ရပြီ.. ချိုးတော့ ကျွန်တော်အပြင်မှာရှိနေမယ် တစ်ခုခုဆိုရင် လှမ်းအသံပေးလိုက် "
" အွန်.. "
မောင်လည်း သူထွက်သွားမှ ရေချိုးဖို့ ဖြေးဖြေး ချင်းလှုပ်ရှားနေရသည်..
မတော်တဆ ရေကွက်ကိုနင်းမိပြီး ချော်လဲသွားရင် ဘယ်လိုလုပ်မည်လဲ.. ။
ဘယ်အရာမှမတော်တဆ ဆိုတာလေးနဲ့ အမှတ်မထင် မတွေ့ရအောင် အစစအရာရာ သတိထားလုပ်နေရသည်..
ရေကလည်း အေးလည်းမအေး အရမ်းကြီးပူလည်းမပူ အနေတော်လေးဖြစ်နေတာမို့ ကောင်းလှသည်.. ။
လိုအပ်တာတွေ အကုန်လုံးလည်း အနားမှာ ရှိနေတာမို့ အဆင်ပြေပြေချိုးနိုင်တယ်..
နောင်ရိုးမင်းခေါင်တို့ ထောင့်စေ့ပုံကိုတော့ကြိတ်ချီးကျူးမိသေးတယ်.. ။
.
" အ့.. "
အထဲက အသံကြားလို့ နောင်ရိုး ထိတ်လန့်စွာ အမြန်တံခါးဖွင့်ကာ အလျင်တလိုလေး ရေချိုးခန်းထဲ ပြေးဝင်ရသည်... 
"မောင် မောင့်.. "
အခန်းထဲပြေးဝင်တော့ ကိုယ်ထင်ထားသလို မဟုတ်ဘဲ မောင်က အေးဆေးမတ်တပ်ရပ်ကာ လက်ပိုက်နေတာ တွေ့လိုက်ရသည်..
" ခ်ခ်.. "
အထိတ်တလန့်လေးပြေးဝင်လာတဲ့ ပြေးဝင်လာတဲ့ နောင်ရိုးပုံစံလေးကို မောင် သဘောတွေကျကာ ရယ်မိသည်..
" မောင်.. စောနက စ လိုက်တာလား "
စောနက ရေချိုးခန်းထဲကနေ မောင့်အော်သံလေးကြားလိုက်ရတာက.. ဘာလဲ
ဘာမှမဖြစ်ဘဲနဲ့ လူကို စ နေတာလား.. ။
နောင်ရိုး လျော့ရဲရဲလေးဖြစ်နေတဲ့ လက်ညိုးနဲ့ မောင့်ကိုထိုးကာ မေးတော့ ပြုံးစိစိ မျက်နှာလေးက ဖုံးမရဖိမရအောင် ပေါ်လာတဲ့ မောင့်မျက်နှာ.. ။
" အင် ဟင်း.. "
ပြုံးစစလေးနဲ့ ခေါင်းညိတ်လက်ခံကာ ဝန်ခံနေတဲ့ ပုံစံလေးက..
" အဟက် တော်တော် စ ကောင်းလား .. "
နောင်ရိုးကိုစရလို့ ပြုံးပျော်နေတဲ့ မောင့်ပုံစံလေးကြောင့် စိတ်မဆိုးမိစေဘဲ ပြုံးရယ်နေမိရင်း မောင့်ကိုဖွင့်ဟမေးလိုက်သည်..
" အင် ဟင်း.. "
" တော်တော် ပျော်နေတာလား.. "
" အင် ဟင်း.. "
" အဟွန်း... ကြပ်ကြပ်လုပ် ကြာရင် ခင်ဗျားကြောင့် ကျုပ်ရူးသွားမှ ဟိုလူကယ်ပါ ဒီလူကယ်ပါနဲ့ လိုက်အကူညီတောင်းနေရမယ် သ်လား.. "
နောင်ရိုး ပြောရင်း မောင့်နားသွားကာ မောင့်လက်လေးတွေကို ဖေးမကိုင်ရင်း ရေချိုးခန်းထဲကနေ ခေါ်ထုတ်နေလိုက်သည်..
" ရူးသွားလောက်အောင်ထိတော့ ငါ မစပါဘူး.."
" ပြောတာပဲ.. စောနလေးကပဲ ကျုပ်ကိုအထိတ်တလန့် ဖြစ်သွားအောင်လို့ စတာက ခင်ဗျားလေ "
" အဲ့တော့ မင်းက စိတ်ဆိုးတယ်ပေါ့.. "
" ကျုပ် စိတ်ဆိုးလို့ ရမလား.. "
" မိန်းမတစ်ယောက်ကို စိတ်ဆိုးပြနေရအောင် မင်းက ဂေးလား.. "
" ကျုပ် ဂေးမဟုတ်လို့ ခင်ဗျားဗိုက်ကိုပူနေနိုင်အောင် လုပ်နိုင်တာပေါ့.. ဒီထက်ပိုပြီး သက်သေပြဖို့ လိုလာရင်လည်းပြောနော် ကျုပ်က လက်နှေးပြနေမှာမဟုတ်ဘူး.. သက်သေပြဖို့ တုံ့ဆိုင်းမနေဘဲ ထပ်ပူအောင် လုပ်လိုက်မှ နှစ်ထပ်ကွမ်းဗိုက်ပူဖြစ်သွားအုံးမယ်နော် ဘယ်လိုလဲ.. စိန်ခေါ်ရဲလား  "
" ဖျတ်.. မင်းကလေ စကားပြောရင် "
" အင်.. ဘာဖြစ်လဲ "
မောင့်လက်လေးကို ကိုင်ပြီး ကုတင်ဖြေရင်းမှာ အသာဝင်ထိုင်စေသည်.. ပြီးမှ နောင်ရိုး မောင့်ရှေ့မှာ ဒူးနှစ်ဖက်လုံးမတ်မတ်ထောင် ထောက်ထားရင်း မောင့်ကိုမေးခွန်းထုတ်လိုက်သည်..
" မင်းကိုယ်မင်း အသိဆုံး နေမှာပေါ့.. "
" ဟင့်အင်း မသိပါဘူး.. ကျုပ်ထက် မောင်က ပိုသိနေမလားပဲ ကျုပ်မိန်းမဆိုတော့လေ "
" မင်းကလေ အရှက်ကိုမရှိဘူး.. "
" အာ.. ဟုတ်လား ကျုပ်ကအဲ့လိုလူလား "
" ဟုတ်တယ်.. စကားပြောရင်လည်း ဘယ်တော့မှ အနှောင့်အသွားတွေက မလွှတ်ဘူး  "
" ကျွန်တော်တောင် သတိမထားမိဘူး.. ဟုတ်လား အဲ့လိုပြောနေခဲ့တာလား "
" မင်းနော်.. ငါစကားအကောင်းပြောနေတာ "
" ကျွန်တော်ကရော အဆိုးပြောနေလို့လား.. "
" ကျွတ် မပြောတော့ဘူး.. မင်းနဲ့စကားပြောရတာ ဘယ်တော့မှ အဆင်မချောဘူး "
" အဆင်ချောစေချင်ရင် ကျုပ်ကို ကိုယ်ဖိရင်ဖိ သင်ပေးကြည့်ပေါ့.. ပြောရမလား ခင်ဗျားအဲ့လိုသင်ပေးရင် ကျုပ်​က အတတ်မြန်ပြီး ခင်ဗျားရဲ့အကောင်းဆုံးတပည့် ဖြစ်ချင်ဖြစ်လာမယ်ဆိုတာလေ "
" ဖျတ် ဖျတ် .. "
ပြီတီတီအခွက်နဲ့ မောင့်ကို ပြောနေတာက.. မောင်လည်း အမြင်ကတ်ကတ်နဲ့ သူ့ပခုံးကို ရိုက်ပစ်လိုက်ရသည်..
" မင်းခေါင်းထဲမှာ မဟုတ်တဲ့အတွေးတွေနဲ့ချည်းပဲ ပြည့်နှက်နေတာလား.. "
" အင်.. မောင်နဲ့ပတ်သက်ရင်ပေါ့ "
မောင့်ကို မျက်လုံးတစ်ဖက် မှိတ်ပြရင်း ပြောနေတဲ့အခွက်က အမြင်ကတ်ချင်စရာ အတိ..
" အရူး အရူး အရူး.. "
မောင် သူ့ကို တွန်းထုတ်ရင်းအော်ပြောတော့ သူက တဟက်ဟက်နဲ့ ရယ်လို့.. ။
သူ့ရယ်သံကြီးကြားရဘေ မောင် ပိုစိတ်တိုမိရလေ..
တခြားအရာနဲ့ဆိုရင် မောင်ကပဲ သူ့ကိုအနိုင်ယူနိုင်ခဲ့စမြဲပဲ..အယ် ဒါပေမယ့် အခုလို သူကစည်းဖောက်လာရင်တော့ မောင်ကပဲ အမြဲရှုံးရတာ ။
အား.. တကယ် စိတ်တိုလိုက်တာနော်
.
" ဇာနည်.. "
" ဟော.. လမ်းမှားပြီး ငါ့အိမ်ရောက်လာတာလား "
အိမ်ထဲထိရောက်လာမှ လှမ်းခေါ်တဲ့ မထင်မှတ်ထားတဲ့ဧည့်သည် နောင်ရိုး ရောက်လာလို့ပါလား.. ။
" တည့်တည့် လာတာ.. ဒါတောင် မှားချင်သေးတာ "
နောင်ရိုး ပြန်ဖြေရင်း ဧည့်ခန်းကခုံမှာ ဝင်ထိုင်လိုက်သည်..
" ညနေမိုးချုပ်မှ ဘယ်ကဘယ်လို ဖြစ်ပြီးရောက်လာတာလဲ.. "
" မင်းနဲ့ မနက်က မတွေ့လို့ မပြောလိုက်ရဘူး.. အခုမှတမင်လာပြီး လာပြောတာ "
" ဘာကိစ္စမို့လို့လဲ.. အရေးတကြီးလာပြီး ပြောရအောင်  "
" ငါ မနက်ဖြန်ကစပြီး အလုပ်ကိုအိမ်ကနေပဲလုပ်တော့မယ်လို့ လာပြောတာ.. မောင်က ဒီလထဲဆိုရှစ်လထဲဝင်နေပြီ ငါစိတ်မချဘူး အာ့ကြောင့်မောင့်ဘေးမှာနေပြီး အိမ်ကနေပဲ လှမ်းလုပ်တော့မယ် "
" ငါ့ရှေ့လာပြီး နွဲ့ပြမနေနဲ့.. "
ဇာနည် မဲ့ရွဲ့ပြကာ ပြောတော့ ခွေးကောင်က အနိုင်ရသူလို ပြုံးနေသေးတာ..  ။
" အမှန်ဆို ဖုန်းနဲ့ပြောရပေမယ့် အလေးမထားသလို ဖြစ်နေမှာစိုးလို့ လူကိုယ်တိုင် လာပြီးပြောတာ.. "
" မယ်.. မင်းက လူစိတ်တွေတောင် ပေါက်လာလို့ပါလား ဘာလဲ ကလေးအဖေဖြစ်တော့မှာမို့ လူစိတ်က အော်တို ဝုန်းဒိုင်းဝင်လာတာလား.. "
" ဇာနည်.. မင်းကလေ ငါ့ဆို ဖဲ့ရမယ့်အကွက်လောက်ပဲ ချောင်းနေတာ  "
" မင်းကရော မပါလို့လား.. "
" ထားပါတော့ ငါပေရှည်နေလို့ မရဘူး.. မိုးချုပ်နေလို့လည်းမရဘူး အခုဆို မောင်ကငါ့ကိုစိတ်ပူပြီး စောင့်နေလောက်ပြီ.. သိတယ်မလား ယောကျာ်းက အချိန်မှန်ပြန်မလာသေးတော့ စိတ်ပူနေကြတာလေ..မင်းက ဒါတွေ သိသေးမှာမဟုတ်ပါဘူး "
" တောက်.. လာပြီး နွဲ့ပြနေသေးတာ ဟေ့ကောင်ပြန်တော့ ငါဆောင့်မကန်ခင် "
" ဟားဟား.. အေ အေး ဘိုင့် "
" အေ.. ဖြေးဖြေးလေးလည်း မောင်းပြန်အုံး မင်းမိန်းမ စောင့်နေပြီဆိုပြီး ဇွတ်မိုင်ကုန်တင်မမောင်းနဲ့ ကြားလား.. "
" အေးပါကွာ.. ငါသွားပြီ "
နောင်ရိုး လက်ပြနှုတ်ဆက်ကာ ကားမောင်းထွက်ခဲ့လိုက်သည်..
.
အိမ်ရောက်တော့ ထင်တဲ့အတိုင်းပဲ မောင် စောင့်နေတာ.. ။
အိမ်ပြန်ရောက်တာနဲ့ အခုလို ကိုယ့်ကိုကြိုဆိုပေးနေတဲ့ မိသားစု တစ်ခုရှိတယ်ဆိုတဲ့ အတွေးလေးတစ်ခုရောက်လာတာနဲ့ .. တစ်ကိုယ်လုံး ထဲက သွေးတွေတောင် နွေးသွားသလိုပါ ။
" ရွှတ် ရွှတ်..ရှုံ့  "
အဲ.. ထူးဆန်းနေတာက မောင် ။
အိမ်ထဲဝင်ရုံရှိသေး လူကိုတစ်ပတ်လည်ပတ်ပြီး တရွှတ်ရွှတ် တရှုံ့ရှုံ့နဲ့လိုက် အနံ့ခံနေတဲ့မောင်..
" ဘာလဲ မောင်.. ဘာဖြစ်လို့လဲ "
" မင်း ဘယ်က ပြန်လာတာလဲ.. ငါ့ကိုမှန်မှန်ဖြေနော် အိမ်ကမိန်းမကြီးကအပြင်မထွက်ဘူး အပြင်ကအကြောင်းတွေဆို မသိလောက်ဘူး.. အဆက်သွယ် တွေမရှိလောက်ဘူး ဆိုပြီးလာအာဖျံရွှီးချဖို့ မစဉ်းစားလေနဲ့ .. ခိုင်လုံတဲ့ သက်သေတစ်ခုက ငါ့ကိုအကြောင်းကြားလာထားပြီးသား "
" ဟမ်.. ဘာတွေလဲ မောင် ဘာပြောနေတာလဲ ကျွန်တော်ဘာမှနားမလည်တော့ဘူး "
" အခုမှ မခုတ်တတ်တဲ့ ကြောင်လုပ်ပြမနေနဲ့.. မင်းဝန်မခံဘူးဆိုလည်း ရတယ် ငါကပဲ အစဖော်ပြောပြပေးရတာပေါ့ မင်း ညနေအစောကြီးကတည်းက ကေတီဗွီရောက်နေတာဆို.. အာ့ကြောင့် မင်းနောက်ကျနေတာမလား "
ဗုဒ္ဓေါ ဘုရားရေ.. KTV နဲ့တောင် လာတိုးနေသေးတယ် ။
ယောင်လို့တောင် အဲ့ဘက်ထိ ကျူးကျော်စစ်ခင်းဖူးတာ မဟုတ်ဘူး..
ဘယ်ခွေးသူခိုးက မဟုတ်တဲ့သတင်းတွေကို မောင့်ဆီအရောက် လာပို့သွားတာလဲ.. ။
" ဟမ် ဘယ်လို ဘယ်လို.. ဘာဖြစ်တယ် မောင့်ကိုဘယ်ကောင်က ပလီတိခြောက်ချက် လာပြီးအာဖျံညာရွှီးကျသွားတာလဲ ဘယ်ကောင်လဲ အဲ့ကောင် "
" ဇာနည် .. စောနလေးကမှ ဖုန်းဆက်လှမ်းပြောတာ  "
" ဘာဖြစ်တယ်.  "
🌸pann
............................................................
pann စာပြန်မစစ်မိလို့ အမှားပါရင်​ နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော်.. ။
အရေးသားမကောင်းပေမယ့် မျက်စိနောက်စေအောင် ဆက်တိုက်လုပ်နေမိလို့ အားနာမိရပါတယ်..
လိုအပ်ချက်တွေ အရမ်းများနေတာမို့ ချပြနေရတာ မျက်နှာပူလာပြီ.. ။
မနေ့က စာတွေ ဇောက်ထိုးမိုးမျှော် ဖတ်မရတော့လောက်အောင် ပျက်သွားလို့ ငိုတောင်ငိုချင်မိသေးတယ်.. ကိုယ့်ကိုယ်ကိုယ်လည်းမကျေနပ် ရလောက်မလားလို့ပြင်ပြင်ကြည့်ပေမယ့် ပိုပိုဆိုးပြီး ရောမအက္ခရာလိုလို ကျောက်ခေတ် ဗျည်းလိုလို ဖြစ်သွားရော.. ညစ်လိုက်တာ ဆိုတာဟာလေ ။
ကျန်းမာရေး ဂရုစိုက်ကြပါနော်..
ဆောင်းတွင်းဝင်လာပြီမို့် နွေးနွေးထွေးထွေးလေး လည်းနေကြနော်.. ရေချိုးတာလည်း ဆင်ခြင်နော် 😉
အချိန်ပေးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်နော် 🙏
pann ကြိုးစားရေးသားသွားပါမည် 💪💪💪
Continue Reading
You'll Also Like
1.5K 144 7
294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
33.1K 638 18
"နှလုံးသားကို နင်းချေ၍"
10.2K 270 32
❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာ န...