🤍 Unrequited Love Means 🤍

By MoMo_1030

399K 11.1K 28

မာနကြီးပြီး အချစ်ကို စိတ်မ၀င်စားတဲ့ မိုးစျေ နဲ့ အဖေသဘောမတူတဲ့ကြားကမိုးစျေကို ရအောင်လက်ထပ်ခဲ့တဲ့ ခခ... လက်ထပ်... More

🤍 အပိုင်း 1 🤍
🤍 အပိုင်း 3 🤍
🤍 အပိုင်း 4 🤍
🤍 အပိုင်း 5 🤍
🤍 အပိုင်း 6 🤍
🤍 အပိုင်း 7 🤍
🤍 အပိုင်း 8 🤍
🤍 အပိုင်း 9 🤍
🤍 အပိုင်း 10🤍
🤍 အပိုင်း 11 🤍
🤍 အပိုင်း 12 🤍
🤍 အပိုင်း 13 🤍
🤍 အပိုင်း 14 🤍
🤍 အပိုင်း 15 🤍
🤍 အပိုင်း 16 🤍
🤍 အပိုင်း 17 🤍
🤍 အပိုင်း 18 🤍
🤍 အပိုင်း 19 🤍
🤍 ဇာတ်သိမ်းပိုင်း-1 🤍
🤍 ဇာတ်သိမ်းပိုင်း- 2 🤍

🤍 အပိုင်း 2 🤍

16.1K 609 0
By MoMo_1030

Unicode:

Unrequited Love Means~

🤍 အပိုင်း 2 🤍

ခခ အမေနဲ့ ဟင်းတွေ ကူချက်ပြီးတာနဲ့ ခြံရှေ့မှာ ဆိုင်ခင်းဖို့ လုပ်ရသည်.....

အမေက ညနေဆို ခြံရှေ့မှာ ထမင်းကြော်ဆိုင်လေးဖွင့်သည်....

ထမင်းကြော်ဆိုင်ဆိုပေမယ့် ထမင်းကြော်
တစ်မျိုးထဲမဟုတ်ပါ..... ရိုးရိုး ထမင်းဖြူ
လဲရသည်..... ကြက်ဥကြော် ဘဲဥဟင်းမှ စ၍ ကြက်သားဟင်း ၀က်သားဟင်းအထိ အကုန် အစုံရသည်.....

အမေက ဟင်းချက်တာ လက်ဆိပ်ရှိတဲ့သူမို့ဘာချက်ချက်အကုန်ကောင်းသည်....
ထို့အပြင် ရပ်ကွက်ထဲကလူတွေ ၀ယ်စား
နိုင်သည့် စျေးနှုန်းလေးတွေဖြစ်တာမို့ ညနေဆိုတာနဲ့ အမေ့ထမင်းကြော်ဆိုင်လေးက လက်မလည်အောင်ရောင်းနေရသည်......

တချို့ စက်ရုံတွေမှာ လုပ်ကြသည့်သူတချို့ဆို အမေ့ဆိုင်မှာပဲ လပေးနဲ့ ၀ယ်စားကြတာတွေလဲ ရှိသည်...

အစက အမေတစ်ယောက်ထဲ ထမင်းဆိုင်
လေးဖွင့်ပေမယ့် ခခ ရောက်လာသည့်အခါ အရင်းအနှီးလေး နည်းနည်း ထပ်စိုက်ပြီး ဆိုင်ကို ထပ်ချဲ့ကာ ခေါက်ဆွဲပြုတ် ကြာဇံပြုတ်တို့ရယ်... ထမင်းစားရင်း ကော်ဖီသောက်ချင်သည့် သူများအတွက် အသင့်သောက်ကော်ဖီထုပ် အမျိုးအစား ၄၊၅မျိုးလောက်ရယ်ကို ဆိုင်ပေါ်တင်ထားလိုက်သည်မို့ ဆိုင်စဖွင့်တဲ့အချိန်ထဲက ညဘက်ဆိုင်သိမ်းသည့် အချိန်ထိ စျေး၀ယ်သူတွေနဲ့ အမြဲစည်ကားနေသည်.......

ခခက စားပွဲထိုးဆိုလဲ ဟုတ်သလို ပန်းကန်ဆေးဆိုလဲ ဟုတ်သည် ..... အမေ က
ခခ ပင်ပန်းသည်ကို သိ၍ တစ်ခါတလေ ဆိုင်သိမ်းသည့်အချိန် ပိုက်ဆံသိမ်းရင်
ပိုနေသည့် အကြွေလေးများအားလုံးကို ခခအားပေးတတ်သည်......

သိပ်မများပေမယ့် တစ်ချို့ရက်များဆို
သုံးလေးငါးထောင်ကျော်သည်....

ဒါပေမဲ့ နောက်နေ့ဆို ခခရခဲ့သည့်အကြွေလေးများဟာ ကိုကြီးဝေနဲ့ မိုးစွေတို့ဆီ ရောက်သွားရစမြဲပင် ဖြစ်သည်......

ကိုကို့ ရဲ့ အစ်ကိုနဲ့ ညီလေးမို့ ခခကလဲ ခခရဲ့ အစ်ကိုနဲ့ မောင်လေးလိုပဲ
သဘောထားပါသည်...

အမေက မပေးနဲ့ ညည်းရတာညည်းစုထားဟု အမြဲပြောနေသည့်တိုင်အောင် ခခက အမေမသိအောင် အမြဲခိုးခိုးပေးရသည်......

အခုလဲ ခခ ပန်းကန်ဆေးနေရင်းနဲ့ အိမ်ထဲမှ မိုးစွေလေးက လက်ယှက်ခေါ်သည်.....

ခခ အမေ့ကိုတစ်ချက်ကြည့်ပြီး အမေအလစ် မိုးစွေရှိရာဆီသွားတော့ ....

"မမခ ကျွန်တော့်ကို ၅၀၀ လောက်ပေးပါလား ..... "

"ဘာလို့လဲ မိုးစွေ "

"ဟိုကောင်တွေနဲ့ ဂိမ်းသွားဆော့မို့ ....
အမေ့ကို တောင်းရင် အမေက ပေးမှာမဟုတ်ဘူး ...."

"အေးအေး ရော့ရော့ ..... အရမ်းကြီး မိုးချုပ်တဲ့ အထိ မဆော့နေနဲ့နော် အိမ်လဲ စောစောပြန်လာခဲ့ဦး ကြားလား ..... "

ခခ အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံအခေါက်လေးကို ယူပြီး ၅၀၀ တန်တစ်ရွက်ကို မိုးစွေအား ပေးလိုက်သည်.....

" စိတ်ချပါ မမခရဲ့ ဂိမ်းကလဲ ၅၀၀ နဲ့ တန်သလောက်ပဲ ဆော့ရမှာပါ .... အဲ့တာဆို ကျွန်တော်သွားပြီနော် ဟိုကောင်တွေ စောင့်နေတော့မှာမို့ .... "

မိုးစွေက ခခဆီမှ ၅၀၀ ရပြီးတာနဲ့ အမေ
မမြင်အောင် အိမ်နောက်ဖေးကနေ ကျော်ခွပြီးသွားသည်....

ခခလဲ အမေ့ကိုပြန်ကူလုပ်ပေးဖို့ ဒီဘက် အလှည့် ခခအနောက်တည့်တည့်တွင်ရပ်နေသည့် ကိုကိုနဲ့ ပက်ပင်းတိုးပါလေရော......

"ကို....ကိုကိုပြန်ရောက်ပြီလား "

ကိုကိုက မြင်နေကျ တည်တင်းသည့် မျက်နှာထားမျိုးနဲ့ပဲ ....

"ခုဏက မိုးစွေကို ဘာပေးလိုက်တာလဲ "

"ဟို ခခက မိုးစွေ ဂိမ်းသွားဆော့မယ်ဆိုလို့ မုန့်ဖိုးလေး နည်းနည်းပေးလိုက်တာပါ ကိုကို "

"မင်းဆီမှာ ပိုက်ဆံတွေသိပ်ပေါနေတယ်နဲ့ တူတယ်"

"အဲ့လိုမဟုတ် ...."

ခခစကားတောင်မဆုံးသေးဘူး ကိုကိုက
ခခ ပခုံးကို ၀င်တိုက်ပြီး အိမ်ထဲ၀င်သွားသည်.....

ကိုကို အိမ်ထဲမ၀င်ခင် ဟိုဘက်အိမ်က
မ၀င်းမာက လှမ်းပြီး လောကွတ်ပျူသည်.....

"မောင်လေး မိုးစျေ စာသင်ပြီး ပြန်လာပြီလား "

ကိုကိုက အသံလာရာဆီကို တစ်ချက်ကြည့်ပြီး ခေါင်းတစ်ချက်သာငြိမ့်ပြကာ အိမ်ထဲ၀င်သွားသည်.....

ထိုအဖြစ်ကို ကြည့်ပြီး ခခ ပြုံးလိုက်မိသည် .....

ဘေးအိမ်က မ၀င်းမာဆိုသည်မှာ အိမ်ထောင်ကွဲ နှစ်ခုလပ်ဖြစ်ပြီး အခု သူမမိဘအိမ်ပေါ်ပြန်တက်နေခြင်း ဖြစ်သည်....

တခုခုဆို ကိုကို့ကို ညုတုတု လုပ်ချင်နေသည့် မိန်းမများထဲတွင် ထိပ်ဆုံးစာရင်း
ကပေါ့..... အမေပြောသလို ဒီရပ်ကွက်ထဲက မိန်းမတွေက မလွယ်ပါ ....

အိမ်ထောင်ရှိရှိ မရှိရှိ သိပ်ဂရုမစိုက်ချင်ကြ..... အပျိုလေးတွေတချို့ကအစ ကိုကို့မှာ အိမ်ထောင်ရှိနေမှန်းသိရက်နဲ့ တခုခုဆို အထာပေးချင်ကြသည်..... ဒါကလဲ ကိုကိုနဲ့ ခခ အကြောင်းကို သိနေကြလို့ ဖြစ်ချင်ဖြစ်မှာပါ.....

ကိုကိုနဲ့ ခခ အကြောင်းတွေးမိတော့ ပင့်သက်အလိုလိုချမိသည်.....

ဒါပေမဲ့ တစ်ခု စိတ်သက်သာရာ ရသည်က ကိုကိုက ဘယ်မိန်းမကိုမှ မျက်နှာသာမပေးတတ်ပါ.... အမြဲတည်တည်တင်းတင်း
နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် ကိုကို့ရဲ့
အဲ့လို မျက်နှာထားကိုပဲ ခခက အချစ်ကြီး
ချစ်နေရတာ မဟုတ်ပါလား .....

ကိုကိုက လွယ်လာသည့် လွယ်အိတ်ကို
နံရံကပ် ချိတ်လေးတွင် ချိတ်လိုက်ပြီး
မနက်က ၀တ်သွားသည့် အပေါ်အင်္ကျီ
လက်တိုလေးကိုဆွဲချွတ်လိုက်သည်.....

အစွန်းချွတ်ဆေးနဲ့ အမြဲလျှော်သည့်အတွက်ကြောင့် ကိုကို့ စွပ်ကျယ်အဖြူ
လေးက ဖွေးထွတ်နေပြီး ဖြူနေတဲ့ ကိုကို့ အတွင်းသားလေးတွေဟာ ကျောက်စိမ်းရောင် ဖန့်ဖန့်သမ်းနေသည်....

ကိုကို ပြန်လာရင် သောက်ရအောင် အမြဲ ဖျော်ထားတတ်သည့် သံပုရာရည်
ခွက်လေးကို တစ်ထပ်ရေခဲသေတ္တာလေးထဲမှ ခခ ထုတ်လိုက်သည်.....

"ကိုကို .... ဒီမှာ အမောပြေ သံပုရာရည်လေးသောက်လိုက်ပါဦးနော် ..... "

ကိုကို က ခခကို လှည့်မကြည့်ပေမဲ့ ခခ ကမ်းပေးလာသည့် သံပုရာရည်ကိုတော့ တစ်ကျိုက်ထဲ အမြဲမော့သောက်တတ်သည်...

ကိုကို့အတွက်ဖျော်ထားသည့် သံပုရာရည်ကို ပေးပြီးပြီမို့ ခခ အမေ့ကို ကူညီရန်
လှည့်ထွက်လာခဲ့သည်.....

ဟိုကောင်မလေး သူ့အနား မရှိတော့ဘူးဆိုမှ မိုးစျေ အနောက်ကိုပြန်လှည့်လိုက်ပြီး သူ့ကိုကျောခိုင်းသွားသည့်
နောက်ကျောပြင်လေးကို အချိန်တော်တော်ကြာ ​ငေးကြည့်နေမိသည်....

ပြီးမှ မျက်နှာလွှဲလိုက်ပြီး အခန်းထဲ၀င်ကာ
၀တ်ထားသည့် ပုဆိုးကို ချွတ်ကာ ရေလဲ ပုဆိုးနဲ့ လဲလိုက်သည်.....

ဒီနေ့ တနေကုန် စာသင်၀ိုင်းတွေဆက်နေ
တာမို့ နေ့လယ်စာကိုတောင် အချိန်လုပြီးစားရသည်..... ဒီကြားထဲ ကလေးတွေက
စာမရကြတော့ လူက ဒေါသလဲ ထွက်ခဲ့သည်မို့ အိမ်ပြန်ရောက်သည့်အချိန်တွင် လူက တော်တော်လေး ငြီးစီစီ ဖြစ်နေသည်.....ဒါတောင် ဟိုတစ်ယောက်
ဖျော်ထားသည့် သံပုရာရည်ကြောင့် ခေါင်းက တော်တော်ကြည်သွားတာ ဖြစ်သည်......

ထို့ကြောင့် ရေချိုးလိုက်တာ ကောင်းမည်ဟု တွေးမိပြီး ရေလဲပုဆိုး ကောက်၀တ်လိုက်ခြင်း ဖြစ်သည်.....

ခခ အမေ့ဆီရောက်တော့ အမေက ထမင်းကြော် နှစ်ပန်းကန်ကို လှမ်းပေးပြီး
မျက်စောင်းထိုး၀ိုင်းကို သွားချရန် ပြောသည်.....

ခခ ထမင်းကြော်ပန်းကန်တွေ ယူပြီး မှာထားသည့် ၀ိုင်းကို သွားချလိုက်သည်...

"ညီမ ဒီမှာရေနွေးကုန်နေပြီ "

"ဟုတ် အစ်မ ခဏလေးနော် .... ညီမ ပေးမယ်နော် "

ခခ အနောက်၀ိုင်းဆီမှ ကုန်နေသည့် ရေနွေးဓာတ်ဘူးကို ယူပြီး ရေနွေးအသစ် ထပ်ဖြည့်ရသည်......

"ညည်းယောကျာ်း ပြန်လာပြီလား သမီး "

"ဟုတ် အမေ ပြန်လာပြီ "

"ခုဏက ၀င်းမာက ဘာလှမ်းပြောတာ
လဲ "

"စာသင်ပြီး ပြန်လာတာလားလို့ လှမ်းမေးတာ အမေ "

"အဲ့ကောင်မတွေနဲ့လဲ တယ်ခက်ပါတယ်အေ ...."

"ကိုကိုက သူ့ကို အဖက်တောင်မလုပ်ပါဘူး အမေရယ် .... ကိုကိုက ဘာမှ ပြန်မပြောလို့ ဖြစ်သွားတဲ့ မ၀င်းမာ မျက်နှာကြီးကိုလေ ခခ အမေ့ကို မြင်စေချင်လိုက်တာ
သိလား ....."

"အမလေး ကျိတ်ပြီး ​ပျော်မနေနဲ့ ညည်းယောကျာ်း အကြောင်းလဲ ညည်းသိရဲ့နဲ့ ..."

"ဒါပေမဲ့ ကိုကိုက ဘယ်မိန်းမမှ အရောမ၀င်တော့ ခခ စိတ်အေးရတာပေါ့
အမေရဲ့ .....ခခ ဟို၀ိုင်းကို ရေနွေးသွားချလိုက်ဦးမယ်နော် "

"အေးအေး "

တစ်ညနေလုံး လက်မလည်အောင် စျေးရောင်းပြီးနောက် ဆိုင်သိမ်းတော့လဲ သူမနဲ့ အမေပဲ ဖြစ်သည်.....

ဆိုင်သိမ်းပြီးသွားတော့ ခြေလက်ဆေးကာ
ခခ အခန်းထဲ ပြန်၀င်တော့ ကိုကိုက သူ့စားပွဲမှာ စာဖတ်နေသည်....

ကိုကို က တခုခုကို စိတ်၀င်တစားလုပ်နေပြီဆိုရင် အရမ်းကြည့်ကောင်းသည်.....

မဟုတ်သေးပါဘူး ..... ဘယ်အချိန်ပဲဖြစ်ဖြစ် ခခရဲ့ ကိုကိုက ကြည့်ကောင်းနေတာပဲ ဖြစ်သည်......

ကိုကိုစာဖတ်ရင်း ခြင်ကိုက်မှာဆိုးတာကြောင့် ခခ ခြင်ဆေးခွေ တစ်ခွေထွန်းလိုက်ပြီး ကိုကိုခြေထောက်နဲ့ သိပ်မဝေးသည့် နေရာတွင် ထားလိုက်သည်......

ပြီးတော့ အိပ်ရာခင်းနေတုန်းရှိသေးသည် မိုးစွေကို အမေလိုက်ရိုက်သည့် အသံကို ကြားရသည်......

တစ်ဆက်ထဲမှာ ကိုကြီးဝေရဲ့ "အမေရာ တစ်ညလောက် နားအေးပါးအေး နေလို့ မရဘူးလား ..... အမြဲအိမ်က ပူညံ ပူညံဖြစ်နေတာ ကြာလာတော့ ကျက်သရေကို
မရှိတော့ဘူး.... ဒီညလောင်းထားတဲ့ ဘောပွဲလဲနိုင်ဖို့ မရှိတော့ဘူး " ဆိုသည့် အသံကိုကြားရသည်.....

"ဟဲ့ မိုးဝေ နင်ဘာ​ေ-ာက်စကားပြောတာလဲ .... အေး ကျက်သရေ မရှိဘူးလို့ထင်နေရင် နင်ဆင်းသွားလိုက် သွား..... လာပြီး သူကများ ကျက်သရေမရှိဘူးလို့ပြောနေသေးတယ်.....

ငါ့အိမ်ကျက်သရေမရှိတာကလေ နင်တို့ကို မွေးပြီးထဲကပဲ .... မိဘလုပ်စာကိုတောင် အေးဆေး မစားနိုင်ပဲ
အာခံနေတဲ့ နင်တို့လို သားမျိုးတွေကို
မွေးထားပြီးထဲက ငါ့အိမ်က ဖွတ်တက်နေတာသိရဲ့လား ...... "

အပြင်က ဆူညံ့နေသည့် အသံများကြောင့် ခခ ကိုကို့ကို လှမ်းကြည့်တော့ ကိုကိုက
ဘာမှ မကြားရသည့်ဟန်နှင့် သူ့စာသူသာ
အေးဆေးဖတ်နေသည်......

ကိုကို့ရဲ့ သွေးအေးနိုင်မှုကိုတော့ ခခ အံ့သြ
လို့ မဆုံးပါ..... မနေနိုင်သည့် ခခကပဲ
အခန်းထဲမှ အတင်းထွက်ပြီး ရန်ပွဲကို ဖျန်ဖြေရသည်......

"နင်တို့လို သားမျိုးတွေ မွေးထားရတာ ငါ တကယ် ၀မ်းရေစပ်တယ်သိရဲ့လား "

အမေက ကိုကြီးဝေနဲ့ မိုးစွေကို ပြောဆိုနေရင်းနဲ့ ငိုကလဲ ငိုရှာသည်....

ကိုကြီးဝေက အိမ်ပေါက်၀မှာ ခြေပစ်လက်ပစ် ထိုင်နေပြီး မိုးစွေကတော့
ထောင့်တစ်နေရာမှာ မျက်နှာကြောတင်းတင်းနဲ့ ထိုင်နေသည်.....

"အမေရယ် .... တော်ပါတော့ အမေမောနေပြီနော်.... ခခ အိပ်ရာထဲ လိုက်ပို့မယ်နော် ..... အိပ်ကြရအောင်နော် "

ခခ အမေ့ကို အတင်းဆွဲခေါ်ပြီး အမေ့အိပ်ရာထဲ လိုက်ပို့ရသည်.....

အမေ့ကို အိပ်ခိုင်းပြီး ခခ ပြန်ထွက်လာတော့ ခုဏက အိမ်ပေါက်၀တွင်ထိုင်နေသော ကိုကြီးဝေမရှိတော့ပါ....ကြည့်ရတာ
လက်ဖက်ရည်ဆိုင်သွားပြီး ဘောလုံးပွဲသွားကြည့်ပြီထင်သည်..... မိုးစွေက
တော့ ခုဏက ထိုင်နေသည့် နေရာမှာတင် ထိုင်နေတုန်း ......

"မိုးစွေ ထမင်းစားပြီးပြီလား "

မိုးစွေက ခခကိုကြည့်ပြီး ခေါင်းခါပြသည်.....

အချိန်လဲ မနည်းတော့သည်မို့ ခခ မီးဖိုချောင်ထဲပြန်၀င်ပြီး ဆိုင်သိမ်းတုန်းက ပိုနေသည့် ငါးဖယ်တစ်တုံးရယ် ကြက်ကြော်တစ်တုံးရယ်နဲ့ ထမင်းကို ဟင်း အနှစ်တွေနဲ့ ရောမွှေလိုက်ပြီး မိုးစွေကို ပေးလိုက်သည်......

"ရော့ ဒါလေး စားလိုက် .... "

အမေက ၀ါးခြမ်းပြားနဲ့ ရိုက်တာမို့ ၀ါးစတွေ ရှသည့် အလျှိုးရာတွေက မိုးစွေရဲ့ လက်ဖျံတွေနဲ့ မျက်နှာမှာ ရစရာမရှိ.....

ခခ မိုးစွေရှေ့ ထိုင်လိုက်ပြီး ထမင်းပန်းကန်နဲ့အတူ တစ်ခါထဲ ယူလာသော ဆရာခိုဘူးလေးကိုဖွင့်ပြီး
မိုးစွေရဲ့ လက်ဖျံနဲ့ မျက်နှာပေါ်က ဒဏ်ရာ
တွေကို လူးပေးလိုက်သည်.....

မိုးစွေက ခခ ထည့်ပေးသည့် ထမင်းကို ပလုတ်ပလောင်း စားရင်း ဆေးလူးပေးတာကို ငြိမ်ခံသည်....

"စာမေးပွဲက ဘယ်ဘာသာနဲ့ ဘယ်ဘာသာ ကျတာလဲ မိုးစွေ "

"သိပ္ပံ နဲ့ သမိုင်း "

"၈တန်းက အစိုးရစစ်လေ မိုးစွေရဲ့ .... အရေးကြီးတယ် .... အဲ့ ၂ဘာသာက ကျက်စာတွေမလား .... စာကျက်လို့ မရလို့လားဟင် ..... မမခကြားတာတော့လေ
ဟိုဘက် လမ်းထိပ်မှာ ကျူရှင်တစ်၀ိုင်း ရှိတယ်တဲ့ .... ပြောကြတာတော့ စာအသင်အပြလဲ အရမ်းကောင်းတယ်တဲ့ .... လခလဲ သိပ်မများဘူးတဲ့ ....မိုးစွေ တက်မလားဟင် ..... မမခ အမေ့ကို ကူပြောပေးမယ်လေ ...."

မိုးစွေက ခခ ကို ဘာမှ ပြန်မပြော .... ထမင်းသာ ဆက်စားနေသည် ....

"အေးပါ .... အဲ့တာဆို စားပြီး အိပ်တော့နော်.... မမခအခန်းထဲ ၀င်တော့မယ်
နော် "

မမခ အခန်းထဲ၀င်သွားပြီဆိုမှ မိုးစွေ မျက်၀န်းမှ မျက်ရည်တွေ ပိုးပိုး
ပေါက်ပေါက် ကျလာရသည်....

ဒီအိမ်မှာ မမခ ကလွဲပြီး သူ့ကို ဂရုစိုက်တဲ့လူ ဘယ်သူမှ မရှိဘူးပဲ .... သူ့ကို မွေးထားတဲ့ အမေကိုယ်တိုင်ကိုက သူ့ကို ဂရုမစိုက်ခဲ့ ..... မဖြစ်မနေ တော်စပ်ခဲ့ရသည့် အစ်ကိုတွေဆိုတာလဲ ဘယ်တုန်းကမှ သူ့အပေါ် နွေးထွေးခြင်းမရှိခဲ့ ......

နောက်ဆုံးတော့ သူလဲ အရာအားလုံးကို ကန့်လန့်တိုက်ရင်းနဲ့ပဲ ဒီလို အခြေအနေတွေထိ ဖြစ်ခဲ့ရသည်......

~~~~~~~

ခခ အခန်းထဲ ၀င်လာတော့ ကိုကိုက အိပ်ပျော်နေပြီ ဖြစ်သည် ..... ခြေရင်းမှ
အညာထည်စောင်ပါးလေးကို ကိုကို့ကို ခြုံပေးလိုက်ပြီး ကိုကို့ပါးလေးကို ခပ်ဖွဖွလေး နမ်းပြီး ပြုံးလိုက်မိသည် ...... ပြီးတော့မှ ကိုကို့ဘေး ၀င်လှဲပြီး အိပ်လိုက်သည်.....

ဘ၀က အရင်အခြေအနေတွေနဲ့ လားလားမှ မဆိုင်တော့တာမို့ တနေကုန်
ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးလျှင် ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ လူက တုံးခနဲ
အိပ်ပျော်သွားသည်.......

သူမဆီမှ အသက်ရှူသံမျှင်းမျှင်းလေး
ထွက်ပေါ်လာမှ စျေရဲ့ မျက်လုံးတွေ အလိုလို ပွင့်လာသည်.....

တစ်ဖက်ကို လှည့်လိုက်တော့ သူမလေးနဲ့ က မျက်နှာချင်းဆိုင် ..... အိပ်ရာမှ ထထိုင်လိုက်ပြီး ခခ လက်ကို ဆွဲယူကြည့်တော့ ဓားရှရာတွေဟာ မနည်း ....

ဒီမနက် သူ့ဆီကို ထမင်းကြော်ပန်းကန် ကမ်းပေးမှ သူဒီဒဏ်ရာတွေကို တွေ့လိုက်ရတာ ဖြစ်သည်........

သူ့စားပွဲအံ့ဆွဲထဲမှ ညှစ်ဆေးလေးကို ယူလိုက်ပြီး လက်ချောင်းလေးတွေ အနှံ့ကဒဏ်ရာတွေကို လိမ်းပေးလိုက်သည်....

မျက်နှာပေါ် ၀ဲကျနေသည့် ဆံပင်လေးတွေကို သပ်တင်ပေးပြီး ပါးဖောင်းဖောင်းလေးကို လက်နဲ့ ခပ်ဖွဖွလေးတို့ထိမိသည်.....

နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်ပြီး မိုးစျေ သက်ပြင်းချမိသည် .....

မင်းဘာလို့ အဲ့လောက်ထိ ဇွဲကောင်းနေရ
တာလဲ ခခ ရယ် ......

🤍 ** ** ** ** ** ** ** ** ** 🤍

အပိုင်း 3 မျှော်~

Zawgyi:

Unrequited Love Means~

🤍 အပိုင္း 2 🤍

ခခ အေမနဲ႔ ဟင္းေတြ ကူခ်က္ၿပီးတာနဲ႔ ၿခံေရ႔ွမွာ ဆိုင္ခင္းဖို႔ လုပ္ရသည္.....

အေမက ညေနဆို ၿခံေရ႔ွမွာ ထမင္းေၾကာ္ဆိုင္ေလးဖြင့္သည္....

ထမင္းေၾကာ္ဆိုင္ဆိုေပမယ့္ ထမင္းေၾကာ္
တစ္မ်ိဳးထဲမဟုတ္ပါ..... ရိုးရိုး ထမင္းျဖဴ
လဲရသည္..... ၾကက္ဥေၾကာ္ ဘဲဥဟင္းမွ စ၍ ၾကက္သားဟင္း ၀က္သားဟင္းအထိ အကုန္ အစံုရသည္.....

အေမက ဟင္းခ်က္တာ လက္ဆိပ္ရိွတဲ့သူမို႔ဘာခ်က္ခ်က္အကုန္ေကာင္းသည္....
ထို႔အျပင္ ရပ္ကြက္ထဲကလူေတြ ၀ယ္စား
ႏိုင္သည့္ ေစ်းႏႈန္းေလးေတျြဖစ္တာမို႔ ညေနဆိုတာနဲ႔ အေမ့ထမင္းေၾကာ္ဆိုင္ေလးက လက္မလည္ေအာင္ေရာင္းေနရသည္......

တခ်ိဳ႕ စက္ရံုေတြမွာ လုပ္ၾကသည့္သူတခ်ိဳ႕ဆို အေမ့ဆိုင္မွာပဲ လေပးနဲ႔ ၀ယ္စားၾကတာေတြလဲ ရိွသည္...

အစက အေမတစ္ေယာက္ထဲ ထမင္းဆိုင္
ေလးဖြင့္ေပမယ့္ ခခ ေရာက္လာသည့္အခါ အရင္းအႏွီးေလး နည္းနည္း ထပ္စိုက္ၿပီး ဆိုင္ကို ထပ္ခ်ဲ့ကာ ေခါက္ဆြဲျပဳတ္ ၾကာဇံျပဳတ္တို႔ရယ္... ထမင္းစားရင္း ေကာ္ဖီေသာက္ခ်င္သည့္ သူမ်ားအတြက္ အသင့္ေသာက္ေကာ္ဖီထုပ္ အမ်ိဳးအစား ၄၊၅မ်ိဳးေလာက္ရယ္ကို ဆိုင္ေပၚတင္ထားလိုက္သည္မို႔ ဆိုင္စဖြင့္တဲ့အခ်ိန္ထဲက ညဘက္ဆိုင္သိမ္းသည့္ အခ်ိန္ထိ ေစ်း၀ယ္သူေတြနဲ႔ အၿမဲစည္ကားေနသည္.......

ခခက စားပြဲထိုးဆိုလဲ ဟုတ္သလို ပန္းကန္ေဆးဆိုလဲ ဟုတ္သည္ ..... အေမ က
ခခ ပင္ပန္းသည္ကို သိ၍ တစ္ခါတေလ ဆိုင္သိမ္းသည့္အခ်ိန္ ပိုက္ဆံသိမ္းရင္
ပိုေနသည့္ အေႂကြေလးမ်ားအားလံုးကို ခခအားေပးတတ္သည္......

သိပ္မမ်ားေပမယ့္ တစ္ခ်ိဳ႕ရက္မ်ားဆို
သံုးေလးငါးေထာင္ေက်ာ္သည္....

ဒါေပမဲ့ ေနာက္ေန့ဆို ခခရခဲ့သည့္အေႂကြေလးမ်ားဟာ ကိုႀကီးေဝနဲ႔ မိုးေစြတို႔ဆီ ေရာက္သြားရစၿမဲပင္ ျဖစ္သည္......

ကိုကို႔ ရဲ့ အစ္ကိုနဲ႔ ညီေလးမို႔ ခခကလဲ ခခရဲ့ အစ္ကိုနဲ႔ ေမာင္ေလးလိုပဲ
သေဘာထားပါသည္...

အေမက မေပးနဲ႔ ညည္းရတာညည္းစုထားဟု အၿမဲေျပာေနသည့္တိုင္ေအာင္ ခခက အေမမသိေအာင္ အၿမဲခိုးခိုးေပးရသည္......

အခုလဲ ခခ ပန္းကန္ေဆးေနရင္းနဲ႔ အိမ္ထဲမွ မိုးေစြေလးက လက္ယွက္ေခၚသည္.....

ခခ အေမ့ကိုတစ္ခ်က္ၾကည့္ၿပီး အေမအလစ္ မိုးေစြရိွရာဆီသြားေတာ့ ....

"မမခ ကြၽန္ေတာ့္ကို ၅၀၀ ေလာက္ေပးပါလား ..... "

"ဘာလို႔လဲ မိုးေစြ "

"ဟိုေကာင္ေတြနဲ႔ ဂိမ္းသြားေဆာ့မို႔ ....
အေမ့ကို ေတာင္းရင္ အေမက ေပးမွာမဟုတ္ဘူး ...."

"ေအးေအး ေရာ့ေရာ့ ..... အရမ္းႀကီး မိုးခ်ဳပ္တဲ့ အထိ မေဆာ့ေနနဲ႔ေနာ္ အိမ္လဲ ေစာေစာျပန္လာခဲ့ၪီး ၾကားလား ..... "

ခခ အက်ႌအိတ္ကပ္ထဲမွ ပိုက္ဆံအေခါက္ေလးကို ယူၿပီး ၅၀၀ တန္တစ္ရြက္ကို မိုးေစြအား ေပးလိုက္သည္.....

" စိတ္ခ်ပါ မမခရဲ့ ဂိမ္းကလဲ ၅၀၀ နဲ႔ တန္သေလာက္ပဲ ေဆာ့ရမွာပါ .... အဲ့တာဆို ကြၽန္ေတာ္သြားၿပီေနာ္ ဟိုေကာင္ေတြ ေစာင့္ေနေတာ့မွာမို႔ .... "

မိုးေစြက ခခဆီမွ ၅၀၀ ရၿပီးတာနဲ႔ အေမ
မျမင္ေအာင္ အိမ္ေနာက္ေဖးကေန ေက်ာ္ခြၿပီးသြားသည္....

ခခလဲ အေမ့ကိုျပန္ကူလုပ္ေပးဖို႔ ဒီဘက္ အလွည့္ ခခအေနာက္တည့္တည့္တြင္ရပ္ေနသည့္ ကိုကိုနဲ႔ ပက္ပင္းတိုးပါေလေရာ......

"ကို....ကိုကိုျပန္ေရာက္ၿပီလား "

ကိုကိုက ျမင္ေနက် တည္တင္းသည့္ မ်က္ႏွာထားမ်ိဳးနဲ႔ပဲ ....

"ခုဏက မိုးေစြကို ဘာေပးလိုက္တာလဲ "

"ဟို ခခက မိုးေစြ ဂိမ္းသြားေဆာ့မယ္ဆိုလို႔ မုန္႔ဖိုးေလး နည္းနည္းေပးလိုက္တာပါ ကိုကို "

"မင္းဆီမွာ ပိုက္ဆံေတြသိပ္ေပါေနတယ္နဲ႔ တူတယ္"

"အဲ့လိုမဟုတ္ ...."

ခခစကားေတာင္မဆံုးေသးဘူး ကိုကိုက
ခခ ပခံုးကို ၀င္တိုက္ၿပီး အိမ္ထဲ၀င္သြားသည္.....

ကိုကို အိမ္ထဲမ၀င္ခင္ ဟိုဘက္အိမ္က
မ၀င္းမာက လွမ္းၿပီး ေလာကြတ္ပ်ူသည္.....

"ေမာင္ေလး မိုးေစ် စာသင္ၿပီး ျပန္လာၿပီလား "

ကိုကိုက အသံလာရာဆီကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းတစ္ခ်က္သာၿငိမ့္ျပကာ အိမ္ထဲ၀င္သြားသည္.....

ထိုအျဖစ္ကို ၾကည့္ၿပီး ခခ ၿပံဳးလိုက္မိသည္ .....

ေဘးအိမ္က မ၀င္းမာဆိုသည္မွာ အိမ္ေထာင္ကြဲ ႏွစ္ခုလပ္ျဖစ္ၿပီး အခု သူမမိဘအိမ္ေပၚျပန္တက္ေနျခင္း ျဖစ္သည္....

တခုခုဆို ကိုကို႔ကို ၫုတုတု လုပ္ခ်င္ေနသည့္ မိန္းမမ်ားထဲတြင္ ထိပ္ဆံုးစာရင္း
ကေပါ့..... အေမေျပာသလို ဒီရပ္ကြက္ထဲက မိန္းမေတြက မလြယ္ပါ ....

အိမ္ေထာင္ရိွရိွ မရိွရိွ သိပ္ဂရုမစိုက္ခ်င္ၾက..... အပ်ိဳေလးေတြတခ်ိဳ႕ကအစ ကိုကို႔မွာ အိမ္ေထာင္ရိွေနမွန္းသိရက္နဲ႔ တခုခုဆို အထာေပးခ်င္ၾကသည္..... ဒါကလဲ ကိုကိုနဲ႔ ခခ အေၾကာင္းကို သိေနၾကလို႔ ျဖစ္ခ်င္ျဖစ္မွာပါ.....

ကိုကိုနဲ႔ ခခ အေၾကာင္းေတြးမိေတာ့ ပင့္သက္အလိုလိုခ်မိသည္.....

ဒါေပမဲ့ တစ္ခု စိတ္သက္သာရာ ရသည္က ကိုကိုက ဘယ္မိန္းမကိုမွ မ်က္ႏွာသာမေပးတတ္ပါ.... အၿမဲတည္တည္တင္းတင္း
နဲ႔ ဘယ္သူ႔ကိုမွ ဂရုမစိုက္သည့္ ကိုကို႔ရဲ့
အဲ့လို မ်က္ႏွာထားကိုပဲ ခခက အခ်စ္ႀကီး
ခ်စ္ေနရတာ မဟုတ္ပါလား .....

ကိုကိုက လြယ္လာသည့္ လြယ္အိတ္ကို
နံရံကပ္ ခ်ိတ္ေလးတြင္ ခ်ိတ္လိုက္ၿပီး
မနက္က ၀တ္သြားသည့္ အေပၚအက်ႌ
လက္တိုေလးကိုဆြဲခြၽတ္လိုက္သည္.....

အစြန္းခြၽတ္ေဆးနဲ႔ အၿမဲေလ်ွာ္သည့္အတြက္ေၾကာင့္ ကိုကို႔ စြပ္က်ယ္အျဖဴ
ေလးက ေဖြးထြတ္ေနၿပီး ျဖဴေနတဲ့ ကိုကို႔ အတြင္းသားေလးေတြဟာ ေက်ာက္စိမ္းေရာင္ ဖန္႔ဖန္႔သမ္းေနသည္....

ကိုကို ျပန္လာရင္ ေသာက္ရေအာင္ အၿမဲ ေဖ်ာ္ထားတတ္သည့္ သံပုရာရည္
ခြက္ေလးကို တစ္ထပ္ေရခဲေသတၲာေလးထဲမွ ခခ ထုတ္လိုက္သည္.....

"ကိုကို .... ဒီမွာ အေမာေျပ သံပုရာရည္ေလးေသာက္လိုက္ပါၪီးေနာ္ ..... "

ကိုကို က ခခကို လွည့္မၾကည့္ေပမဲ့ ခခ ကမ္းေပးလာသည့္ သံပုရာရည္ကိုေတာ့ တစ္က်ိဳက္ထဲ အၿမဲေမာ့ေသာက္တတ္သည္...

ကိုကို႔အတြက္ေဖ်ာ္ထားသည့္ သံပုရာရည္ကို ေပးၿပီးၿပီမို႔ ခခ အေမ့ကို ကူညီရန္
လွည့္ထြက္လာခဲ့သည္.....

ဟိုေကာင္မေလး သူ႔အနား မရိွေတာ့ဘူးဆိုမွ မိုးေစ် အေနာက္ကိုျပန္လွည့္လိုက္ၿပီး သူ႔ကိုေက်ာခိုင္းသြားသည့္
ေနာက္ေက်ာျပင္ေလးကို အခ်ိန္ေတာ္ေတာ္ၾကာ ​ေငးၾကည့္ေနမိသည္....

ၿပီးမွ မ်က္ႏွာလႊဲလိုက္ၿပီး အခန္းထဲ၀င္ကာ
၀တ္ထားသည့္ ပုဆိုးကို ခြၽတ္ကာ ေရလဲ ပုဆိုးနဲ႔ လဲလိုက္သည္.....

ဒီေန့ တေနကုန္ စာသင္ဝိုင္းေတြဆက္ေန
တာမို႔ ေန့လယ္စာကိုေတာင္ အခ်ိန္လုၿပီးစားရသည္..... ဒီၾကားထဲ ကေလးေတြက
စာမရၾကေတာ့ လူက ေဒါသလဲ ထြက္ခဲ့သည္မို႔ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ လူက ေတာ္ေတာ္ေလး ၿငီးစီစီ ျဖစ္ေနသည္.....ဒါေတာင္ ဟိုတစ္ေယာက္
ေဖ်ာ္ထားသည့္ သံပုရာရည္ေၾကာင့္ ေခါင္းက ေတာ္ေတာ္ၾကည္သြားတာ ျဖစ္သည္......

ထို႔ေၾကာင့္ ေရခ်ိဳးလိုက္တာ ေကာင္းမည္ဟု ေတြးမိၿပီး ေရလဲပုဆိုး ေကာက္၀တ္လိုက္ျခင္း ျဖစ္သည္.....

ခခ အေမ့ဆီေရာက္ေတာ့ အေမက ထမင္းေၾကာ္ ႏွစ္ပန္းကန္ကို လွမ္းေပးၿပီး
မ်က္ေစာင္းထိုးဝိုင္းကို သြားခ်ရန္ ေျပာသည္.....

ခခ ထမင္းေၾကာ္ပန္းကန္ေတြ ယူၿပီး မွာထားသည့္ ဝိုင္းကို သြားခ်လိုက္သည္...

"ညီမ ဒီမွာေရႏြေးကုန္ေနၿပီ "

"ဟုတ္ အစ္မ ခဏေလးေနာ္ .... ညီမ ေပးမယ္ေနာ္ "

ခခ အေနာက္ဝိုင္းဆီမွ ကုန္ေနသည့္ ေရႏြေးဓာတ္ဘူးကို ယူၿပီး ေရႏြေးအသစ္ ထပ္ျဖည့္ရသည္......

"ညည္းေယာက်ာ္း ျပန္လာၿပီလား သမီး "

"ဟုတ္ အေမ ျပန္လာၿပီ "

"ခုဏက ၀င္းမာက ဘာလွမ္းေျပာတာ
လဲ "

"စာသင္ၿပီး ျပန္လာတာလားလို႔ လွမ္းေမးတာ အေမ "

"အဲ့ေကာင္မေတြနဲ႔လဲ တယ္ခက္ပါတယ္ေအ ...."

"ကိုကိုက သူ႔ကို အဖက္ေတာင္မလုပ္ပါဘူး အေမရယ္ .... ကိုကိုက ဘာမွ ျပန္မေျပာလို႔ ျဖစ္သြားတဲ့ မ၀င္းမာ မ်က္ႏွာႀကီးကိုေလ ခခ အေမ့ကို ျမင္ေစခ်င္လိုက္တာ
သိလား ....."

"အမေလး က်ိတ္ၿပီး ​ေပ်ာ္မေနနဲ႔ ညည္းေယာက်ာ္း အေၾကာင္းလဲ ညည္းသိရဲ့နဲ႔ ..."

"ဒါေပမဲ့ ကိုကိုက ဘယ္မိန္းမမွ အေရာမ၀င္ေတာ့ ခခ စိတ္ေအးရတာေပါ့
အေမရဲ့ .....ခခ ဟိုဝိုင္းကို ေရႏြေးသြားခ်လိုက္ၪီးမယ္ေနာ္ "

"ေအးေအး "

တစ္ညေနလံုး လက္မလည္ေအာင္ ေစ်းေရာင္းၿပီးေနာက္ ဆိုင္သိမ္းေတာ့လဲ သူမနဲ႔ အေမပဲ ျဖစ္သည္.....

ဆိုင္သိမ္းၿပီးသြားေတာ့ ေျခလက္ေဆးကာ
ခခ အခန္းထဲ ျပန္၀င္ေတာ့ ကိုကိုက သူ႔စားပြဲမွာ စာဖတ္ေနသည္....

ကိုကို က တခုခုကို စိတ္၀င္တစားလုပ္ေနၿပီဆိုရင္ အရမ္းၾကည့္ေကာင္းသည္.....

မဟုတ္ေသးပါဘူး ..... ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ခခရဲ့ ကိုကိုက ၾကည့္ေကာင္းေနတာပဲ ျဖစ္သည္......

ကိုကိုစာဖတ္ရင္း ျခင္ကိုက္မွာဆိုးတာေၾကာင့္ ခခ ျခင္ေဆးေခြ တစ္ေခြထြန္းလိုက္ၿပီး ကိုကိုေျခေထာက္နဲ႔ သိပ္မေဝးသည့္ ေနရာတြင္ ထားလိုက္သည္......

ၿပီးေတာ့ အိပ္ရာခင္းေနတုန္းရိွေသးသည္ မိုးေစြကို အေမလိုက္ရိုက္သည့္ အသံကို ၾကားရသည္......

တစ္ဆက္ထဲမွာ ကိုႀကီးေဝရဲ့ "အေမရာ တစ္ညေလာက္ နားေအးပါးေအး ေနလို႔ မရဘူးလား ..... အၿမဲအိမ္က ပူညံ ပူညံျဖစ္ေနတာ ၾကာလာေတာ့ က်က္သေရကို
မရိွေတာ့ဘူး.... ဒီညေလာင္းထားတဲ့ ေဘာပြဲလဲႏိုင္ဖို႔ မရိွေတာ့ဘူး " ဆိုသည့္ အသံကိုၾကားရသည္.....

"ဟဲ့ မိုးေဝ နင္ဘာ​ေ-ာက္စကားေျပာတာလဲ .... ေအး က်က္သေရ မရိွဘူးလို႔ထင္ေနရင္ နင္ဆင္းသြားလိုက္ သြား..... လာၿပီး သူကမ်ား က်က္သေရမရိွဘူးလို႔ေျပာေနေသးတယ္.....

ငါ့အိမ္က်က္သေရမရိွတာကေလ နင္တို႔ကို ေမြးၿပီးထဲကပဲ .... မိဘလုပ္စာကိုေတာင္ ေအးေဆး မစားႏိုင္ပဲ
အာခံေနတဲ့ နင္တို႔လို သားမ်ိဳးေတြကို
ေမြးထားၿပီးထဲက ငါ့အိမ္က ဖြတ္တက္ေနတာသိရဲ့လား ...... "

အျပင္က ဆူညံ့ေနသည့္ အသံမ်ားေၾကာင့္ ခခ ကိုကို႔ကို လွမ္းၾကည့္ေတာ့ ကိုကိုက
ဘာမွ မၾကားရသည့္ဟန္ႏွင့္ သူ႔စာသူသာ
ေအးေဆးဖတ္ေနသည္......

ကိုကို႔ရဲ့ ေသြးေအးႏိုင္မႈကိုေတာ့ ခခ အံ့ၾသ
လို႔ မဆံုးပါ..... မေနႏိုင္သည့္ ခခကပဲ
အခန္းထဲမွ အတင္းထြက္ၿပီး ရန္ပြဲကို ဖ်န္ေျဖရသည္......

"နင္တို႔လို သားမ်ိဳးေတြ ေမြးထားရတာ ငါ တကယ္ ၀မ္းေရစပ္တယ္သိရဲ့လား "

အေမက ကိုႀကီးေဝနဲ႔ မိုးေစြကို ေျပာဆိုေနရင္းနဲ႔ ငိုကလဲ ငိုရွာသည္....

ကိုႀကီးေဝက အိမ္ေပါက္၀မွာ ေျခပစ္လက္ပစ္ ထိုင္ေနၿပီး မိုးေစြကေတာ့
ေထာင့္တစ္ေနရာမွာ မ်က္ႏွာေၾကာတင္းတင္းနဲ႔ ထိုင္ေနသည္.....

"အေမရယ္ .... ေတာ္ပါေတာ့ အေမေမာေနၿပီေနာ္.... ခခ အိပ္ရာထဲ လိုက္ပို႔မယ္ေနာ္ ..... အိပ္ၾကရေအာင္ေနာ္ "

ခခ အေမ့ကို အတင္းဆြဲေခၚၿပီး အေမ့အိပ္ရာထဲ လိုက္ပို႔ရသည္.....

အေမ့ကို အိပ္ခိုင္းၿပီး ခခ ျပန္ထြက္လာေတာ့ ခုဏက အိမ္ေပါက္၀တြင္ထိုင္ေနေသာ ကိုႀကီးေဝမရိွေတာ့ပါ....ၾကည့္ရတာ
လက္ဖက္ရည္ဆိုင္သြားၿပီး ေဘာလံုးပြဲသြားၾကည့္ၿပီထင္သည္..... မိုးေစြက
ေတာ့ ခုဏက ထိုင္ေနသည့္ ေနရာမွာတင္ ထိုင္ေနတုန္း ......

"မိုးေစြ ထမင္းစားၿပီးၿပီလား "

မိုးေစြက ခခကိုၾကည့္ၿပီး ေခါင္းခါျပသည္.....

အခ်ိန္လဲ မနည္းေတာ့သည္မို႔ ခခ မီးဖိုေခ်ာင္ထဲျပန္၀င္ၿပီး ဆိုင္သိမ္းတုန္းက ပိုေနသည့္ ငါးဖယ္တစ္တံုးရယ္ ၾကက္ေၾကာ္တစ္တံုးရယ္နဲ႔ ထမင္းကို ဟင္း အႏွစ္ေတြနဲ႔ ေရာေမႊလိုက္ၿပီး မိုးေစြကို ေပးလိုက္သည္......

"ေရာ့ ဒါေလး စားလိုက္ .... "

အေမက ဝါးျခမ္းျပားနဲ႔ ရိုက္တာမို႔ ဝါးစေတြ ရွသည့္ အလ်ိႈးရာေတြက မိုးေစြရဲ့ လက္ဖ်ံေတြနဲ႔ မ်က္ႏွာမွာ ရစရာမရိွ.....

ခခ မိုးေစြေရ႔ွ ထိုင္လိုက္ၿပီး ထမင္းပန္းကန္နဲ႔အတူ တစ္ခါထဲ ယူလာေသာ ဆရာခိုဘူးေလးကိုဖြင့္ၿပီး
မိုးေစြရဲ့ လက္ဖ်ံနဲ႔ မ်က္ႏွာေပၚက ဒဏ္ရာ
ေတြကို လူးေပးလိုက္သည္.....

မိုးေစြက ခခ ထည့္ေပးသည့္ ထမင္းကို ပလုတ္ပေလာင္း စားရင္း ေဆးလူးေပးတာကို ၿငိမ္ခံသည္....

"စာေမးပြဲက ဘယ္ဘာသာနဲ႔ ဘယ္ဘာသာ က်တာလဲ မိုးေစြ "

"သိပၸံ နဲ႔ သမိုင္း "

"၈တန္းက အစိုးရစစ္ေလ မိုးေစြရဲ့ .... အေရးႀကီးတယ္ .... အဲ့ ၂ဘာသာက က်က္စာေတြမလား .... စာက်က္လို႔ မရလို႔လားဟင္ ..... မမခၾကားတာေတာ့ေလ
ဟိုဘက္ လမ္းထိပ္မွာ က်ူရွင္တစ္ဝိုင္း ရိွတယ္တဲ့ .... ေျပာၾကတာေတာ့ စာအသင္အျပလဲ အရမ္းေကာင္းတယ္တဲ့ .... လခလဲ သိပ္မမ်ားဘူးတဲ့ ....မိုးေစြ တက္မလားဟင္ ..... မမခ အေမ့ကို ကူေျပာေပးမယ္ေလ ...."

မိုးေစြက ခခ ကို ဘာမွ ျပန္မေျပာ .... ထမင္းသာ ဆက္စားေနသည္ ....

"ေအးပါ .... အဲ့တာဆို စားၿပီး အိပ္ေတာ့ေနာ္.... မမခအခန္းထဲ ၀င္ေတာ့မယ္
ေနာ္ "

မမခ အခန္းထဲ၀င္သြားၿပီဆိုမွ မိုးေစြ မ်က္၀န္းမွ မ်က္ရည္ေတြ ပိုးပိုး
ေပါက္ေပါက္ က်လာရသည္....

ဒီအိမ္မွာ မမခ ကလြဲၿပီး သူ႔ကို ဂရုစိုက္တဲ့လူ ဘယ္သူမွ မရိွဘူးပဲ .... သူ႔ကို ေမြးထားတဲ့ အေမကိုယ္တိုင္ကိုက သူ႔ကို ဂရုမစိုက္ခဲ့ ..... မျဖစ္မေန ေတာ္စပ္ခဲ့ရသည့္ အစ္ကိုေတြဆိုတာလဲ ဘယ္တုန္းကမွ သူ႔အေပၚ ေနြးေထြးျခင္းမရိွခဲ့ ......

ေနာက္ဆံုးေတာ့ သူလဲ အရာအားလံုးကို ကန္႔လန္႔တိုက္ရင္းနဲ႔ပဲ ဒီလို အေျခအေနေတြထိ ျဖစ္ခဲ့ရသည္......

~~~~~~~

ခခ အခန္းထဲ ၀င္လာေတာ့ ကိုကိုက အိပ္ေပ်ာ္ေနၿပီ ျဖစ္သည္ ..... ေျခရင္းမွ
အညာထည္ေစာင္ပါးေလးကို ကိုကို႔ကို ၿခံဳေပးလိုက္ၿပီး ကိုကို႔ပါးေလးကို ခပ္ဖြဖြေလး နမ္းၿပီး ၿပံဳးလိုက္မိသည္ ...... ၿပီးေတာ့မွ ကိုကို႔ေဘး ၀င္လွဲၿပီး အိပ္လိုက္သည္.....

ဘ၀က အရင္အေျခအေနေတြနဲ႔ လားလားမွ မဆိုင္ေတာ့တာမို႔ တေနကုန္
ပင္ပင္ပန္းပန္း အလုပ္လုပ္ၿပီးလ်ွင္ ေခါင္းအံုးနဲ႔ ေခါင္းထိတာနဲ႔ လူက တံုးခနဲ
အိပ္ေပ်ာ္သြားသည္.......

သူမဆီမွ အသက္ရႉသံမ်ွင္းမ်ွင္းေလး
ထြက္ေပၚလာမွ ေစ်ရဲ့ မ်က္လံုးေတြ အလိုလို ပြင့္လာသည္.....

တစ္ဖက္ကို လွည့္လိုက္ေတာ့ သူမေလးနဲ႔ က မ်က္ႏွာခ်င္းဆိုင္ ..... အိပ္ရာမွ ထထိုင္လိုက္ၿပီး ခခ လက္ကို ဆြဲယူၾကည့္ေတာ့ ဓားရွရာေတြဟာ မနည္း ....

ဒီမနက္ သူ႔ဆီကို ထမင္းေၾကာ္ပန္းကန္ ကမ္းေပးမွ သူဒီဒဏ္ရာေတြကို ေတြ့လိုက္ရတာ ျဖစ္သည္........

သူ႔စားပြဲအံ့ဆြဲထဲမွ ၫွစ္ေဆးေလးကို ယူလိုက္ၿပီး လက္ေခ်ာင္းေလးေတြ အႏွံ႔ကဒဏ္ရာေတြကို လိမ္းေပးလိုက္သည္....

မ်က္ႏွာေပၚ ဝဲက်ေနသည့္ ဆံပင္ေလးေတြကို သပ္တင္ေပးၿပီး ပါးေဖာင္းေဖာင္းေလးကို လက္နဲ႔ ခပ္ဖြဖြေလးတို႔ထိမိသည္.....

ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ ေကာင္မေလးကို ၾကည့္ၿပီး မိုးေစ် သက္ျပင္းခ်မိသည္ .....

မင္းဘာလို႔ အဲ့ေလာက္ထိ ဇြဲေကာင္းေနရ
တာလဲ ခခ ရယ္ ......

🤍 ** ** ** ** ** ** ** ** ** 🤍

အပိုင္း 3 ေမ်ွာ္~

Continue Reading

You'll Also Like

6.3K 734 42
သစ္လြင္ေသာဆူး "ဒီမွာ...ရွင္ လူႀကီး လူေကာင္း မဟုတ္ဘူးလား...ညီမနဲ႕ လက္ထပ္ထားၿပီး သူ႕အစ္မကို ကိုယ္အစ္မလို သေဘာထားရမွာ မသိဘူးလား.." "မသိဘူး..." "ရွင္..ဘာ...
244K 6.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
190K 3.3K 24
ကိုကို့ ပါးစပ်ကပြောတဲ့ ချစ်တယ် ဂရုစိုက်တယ် ကြင်နာတယ်ဆိုတဲ့ စကားတွေကို "မို" ကြောက်တယ်။ "မို" လိုချင်တာ ဖခင်မေတ္တာငတ်နေတဲ့ သမီးတစ်ယောက်ရဲ့ အချစ်မျိုးမ...
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.