❄Ice Dynasty❄ (Completed)

By JaejoongHtike

79.2K 8.6K 703

A Story about Ice City. Taehyung x Jungkook Yoongi x Jimin Namjoon x Seokjin Hope x OC More

❄~1~❄
❄~2~❄
❄~3~❄
❄~4~❄
❄~5~❄
❄~6~❄
❄~7~❄
❄~8~❄
❄~9~❄
❄~10~❄
❄~11~❄
❄~12~❄
❄~13~❄
❄~14~❄
❄~15~❄
❄~16~❄
❄~18~❄
❄~19~❄ (FINAL)

❄~17~❄

2.9K 402 16
By JaejoongHtike

(Zawgyi)

သူ႕လက္ေမာင္းကဒဏ္ရာကို ေသခ်ာခ်ဳပ္ေပးၿပီး ေဆးထည့္ေပးေနတဲ့ ဂ်ီမင္းကိုၾကည့္ၿပီး ထယ္ေယာင္းၿပံဳးေနမိတယ္...။ ကေလးဆန္လြန္းတဲ့ သူ႕ညီငယ္ေလးေတာင္ ေတာ္ေတာ္ေလး အားကိုးေနရၿပီပဲ...။

"ဟူး....ၿပီးသြားၿပီ"

ခုမွပဲစိတ္ေအးသြားဟန္နဲ႔ နဖူးေပၚကေခြၽးေတြကို လက္နဲ႔ပင့္သုတ္လိုက္တဲ့ ဂ်ီမင္း...။ ထိုအခါ သူ႕လက္မွာေပေနတဲ့ ထယ္ေယာင္းရဲ႕ေသြးေတြက သူ႕နဖူးေပၚမွာ မ်ဥ္းေၾကာင္းဆြဲလိုက္သလိုျဖစ္သြားတယ္...။

"ဘယ္ႏွယ့္လုပ္လိုက္တာလဲ... နဖူးမွာေပကုန္ၿပီ"

"ဟုတ္လား...??"

သူ႕နဖူးကိုျပန္ပြတ္သုတ္ေနေပမယ့္ အေျခာက္ျမန္တဲ့ေသြးေတြေၾကာင့္ ထယ္ေယာင္းလည္း ယြန္းဂီဆီကေရစိုဝတ္ကို လွမ္းေတာင္းလိုက္ကာ သူကိုယ္တိုင္ပြတ္သုတ္ေပးလိုက္တယ္...။ ဂ်ီမင္းကေတာ့ အစ္ကိုျဖစ္သူရဲ႕ၾကင္နာမႈေၾကာင့္ စိတ္ထဲေက်နပ္ေနမိတယ္...။

"ငါ့ညီေလးက အရမ္းေတာ္တာပဲ... ဒီေန႔ ဂ်ီမင္းသာ မကူညီရင္ အစ္ကိုတို႔အားလံုးဒုကၡမ်ားကုန္မွာ"

"ကြၽန္ေတာ္က တျခားအသံုးက်တာမွမရိွတာ...
ဒီေလာက္ေလးေတာ့ အားကိုးရသင့္တယ္ေလ"

"ကိုယ့္ကိုကိုယ္အသံုးမက်ဘူးလို႔မေျပာပါနဲ႔... ဘယ္လိုလုပ္မလဲ... အစ္ကိုေတာ္က အနားယူေတာ့မယ္ဆိုရင္ မင္းက အိမ္ေရွ႕စံေနရာကို ဆက္ခံရမွာေနာ္"

ထိုစကားေၾကာင့္ ဂ်ီမင္းမ်က္လံုးျပဴးသြားခဲ့တယ္...။ အစ္ကို၂ေယာက္အားကိုးနဲ႔ သူဘာမွမေလ့လာဘဲ ေအးရာေအးေၾကာင္းေနေနခဲ့တာကို...။

"ဟာ.. အစ္ကိုလတ္.. အဲလိုေတာ့မျဖစ္ဘူးထင္တယ္ေနာ္... ကြၽန္ေတာ္က အိမ္ေရွ႕စံမျဖစ္ခ်င္ဘူး... ယြန္းဂီနဲ႔ပဲ လက္ထပ္ခ်င္တာ"

အစ္ကိုျဖစ္သူရဲ႕ေရွ႕မွာေတာင္မေရွာင္ဘဲ သူေျပာခ်င္တာေျပာခ်လိုက္တဲ့ ဂ်ီမင္းေၾကာင့္ ဂ်ံဳးကုပင္ မေနႏိုင္ေတာ့ဘဲ ရယ္ေမာမိတယ္...။ ထယ္ေယာင္းကေတာ့ ညီျဖစ္သူကို ၿပံဳးရင္းနဲ႔သာ စိုက္ၾကည့္ေနခဲ့တယ္...။

"အဲဒါကေတာ့ အစ္ကိုေတာ္ကိုပဲေျပာၾကည့္ေပါ့... အစ္ကိုလတ္ကေတာ့ ဂ်ံဳးကုနဲ႔လက္ထပ္ရေတာ့မွာမို႔ ဘာမွမလိုေတာ့ဘူး"

ဂ်ံဳးကုရဲ႕လက္ေလးတစ္ဖက္ကို လွမ္းကိုင္ရင္းနဲ႔ေျပာလာတဲ့ ထယ္ေယာင္း...။ ဂ်ံဳးကုကေတာ့ ရွက္ၿပံဳးေလးနဲ႔ေခါင္းငံု႔သြားခဲ့တယ္...။ ဂ်ီမင္းကေတာ့ ႏႈတ္ခမ္းကိုစူေထာ္ထားရင္း သူတို္႔ေရွ႕ကေနထြက္သြားကာ အိမ္ေနာက္မွာအလုပ္႐ႈပ္ေနတဲ့ ယြန္းဂီဆီသို႔ ဦးတည္လိုက္တယ္...။

"ယြန္းဂီ... ဘာေတြလုပ္ေနတာလဲ...??
ကြၽန္ေတာ့္နားမွာလည္း မေနဘဲနဲ႔"

"မင္းႀကီးသတိရလာရင္ အားရိွေအာင္စားဖို႔ ၾကက္စြပ္ျပဳတ္လုပ္ေပးေနတာပါ... မင္းသားေလးက ဘာလိုလို႔လဲ...??"

"လိုေနတာ ယြန္းဂီကိုေလ... အဲဒါေတြကို အခိုင္းအေစေတြကို ေခၚခ်က္ခိုင္းလို႔ရရဲ႕သားနဲ႔ ဘာလို႔ကိုယ္တိုင္လုပ္ေနတာလဲ...??"

စူပုတ္ပုတ္ေလးနဲ႔ေျပာေနတဲ့အေသးေလးကို ယြန္းဂီခ်စ္စႏိုးနဲ႔ ပါးေလးတစ္ဖက္ကို မနာေအာင္ဆြဲလိုက္တယ္...။

"အပန္းႀကီးတာမွမဟုတ္ဘဲ... ၿပီးေတာ့ ကိုယ့္ေယာက္ဖကို ကိုယ္တိုင္ျပဳစုေပးခ်င္လို႔ပါ"

ေယာက္ဖဆိုတဲ့အသံုးအႏႈန္းေၾကာင့္ ဂ်ီမင္းေက်နပ္သြားရတယ္...။ အင္းေပါ့ေလ... ဘယ္လိုပဲျဖစ္ျဖစ္ မင္းမ်ဳိးမင္းႏြယ္ျဖစ္တဲ့ကိုယ္က တေန႔ေန႔မွာ အိမ္ေရွ႕စံရာထူးကို ဆက္ခံရမွာပဲေလ...။ မလႊဲသာတဲ့ အေျခအေနဆိုေပမယ့္လည္း ေဘးမွာယြန္းဂီရိွေနရင္ အဆင္ေျပပါၿပီ...။

"ဒါေလးျမည္းၾကည့္ပါဦး မင္းသားေလး"

ယြန္းဂီက ဟင္းရည္အနည္းငယ္ကိုခပ္ကာ မပူေအာင္အရင္မႈတ္ၿပီးမွ ဂ်ီမင္းကိုေပးျမည္းတယ္...။ ထူးျခားေကာင္းမြန္လြန္းတဲ့လက္ရာေၾကာင့္ ဂ်ီမင္း ေတာ္ေတာ္ေလးအံ့ဩသြားရတယ္...။

"ယြန္းဂီက အခ်က္အျပဳတ္လည္း ရတာပဲလား... ေတာ္လိုက္တာ"

"အင္း... ကိုယ့္အေမ ေနမေကာင္းေတာ့ ဝိုင္းကူခ်က္ေပးရင္းနဲ႔ တတ္သြားတာေလ... မင္းသားေလး သေဘာက်တယ္ဆိုရင္ ေနာက္ရက္ေတြခ်က္ေကြၽးပါ့မယ္"

ဂ်ီမင္းလည္း ေခါင္းကိုအထပ္ထပ္ညိတ္ျပလိုက္တယ္...။ သူတို႔၂ေယာက္ မီးဖိုနားမွာထိုင္ရင္း စကားေတြေျပာေနတုန္းမွာပင္ မင္းႀကီးနမ္ဂြၽန္းလည္း သတိျပန္ရလာေတာ့တယ္...။

"အစ္ကိုေတာ္ အဆင္ေျပရဲ႕လား... ေခါင္းမူးေနေသးလား...??"

ေဘးမွာစိုးရိမ္တႀကီးနဲ႔ေရာက္လာၾကတဲ့ ညီငယ္ေတြကိုျမင္ေတာ့ နမ္ဂြၽန္းၿပံဳးလိုက္မိတယ္...။ ေတာ္ေသးတယ္... သူတို္႔အားလံုးကို အဆင္ေျပေျပျမင္လိုက္ရတာ...။ ထယ္ေယာင္းရဲ႕လက္ေမာင္းမွာလည္း ပတ္တီးစည္းေႏွာင္ထားတာကို ေတြ႕လိုက္ရတဲ့အတြက္ စိတ္ခ်သြားေလၿပီ...။

"နည္းနည္းေတာ့ႏံုးေနေပမယ့္ အဆင္ေျပပါတယ္... ေဆာ့ဂ်င္ကေရာ ခုထိသတိမရေသးဘူးလား...??"

သူ႕ေဘးမွာယွဥ္လ်က္သား လွဲေလ်ာင္းေနဆဲေဆာ့ဂ်င္ကို ၾကည့္ၿပီး နမ္ဂြၽန္းစိုးရိမ္စြာနဲ႔ ေမးခြန္းထုတ္မိတယ္...။

"အစ္ကိုေဆာ့ဂ်င္က ဒဏ္ရာနည္းနည္းျပင္းေတာ့ တစ္ရက္ႏွစ္ရက္ေလာက္ေတာ့ သတိလစ္ေနဦးမွာပဲ... ဒါေပမဲ့ စိုးရိမ္စရာအေျခအေနေတာ့ မဟုတ္ေတာ့ပါဘူး"

"သူသာတစ္ခုခုျဖစ္ရင္ ငါ့ကိုယ္ငါ အျပစ္တင္လို႔ဆံုးမွာမဟုတ္ဘူး... ေက်းဇူးတင္ပါတယ္ ဂ်ီမင္းရယ္... မင္းေၾကာင့္သာ သူ႕ကိုကယ္တင္ႏိုင္ခဲ့တာ"

"အစ္ကိုေတာ္ကလည္း သူစိမ္းဆန္တဲ့စကားေတြ ေျပာေနျပန္ၿပီ... ဒါက ကြၽန္ေတာ္ေသခ်ာေပါက္ လုပ္ေပးရမယ့္ကိစၥကို"

နမ္ဂြၽန္းလည္း ဘာမွေျပာမေနေတာ့ဘဲ ပါးခ်ဳိင့္ႀကီးေတြေပၚေအာင္သာၿပံဳးေနမိတယ္...။ သတိလစ္ေနတဲ့ေဆာ့ဂ်င္ရဲ႕ လက္ဖဝါးတစ္ဖက္ကိုလည္း လွမ္းဆုပ္ကိုင္ထားလိုက္ေသးတယ္...။ ပူေႏြးေႏြးလက္ဖဝါးရဲ႕အထိအေတြ႕ေၾကာင့္ နမ္ဂြၽန္းစိတ္ေအးသြားတယ္...။ သူဒီကိုေခၚလာတုန္းက ေဆာ့ဂ်င္တကိုယ္လံုး ေအးစက္စျပဳေနၿပီေလ...။

"အစ္ကိုေတာ္ အားရိွေအာင္ ၾကက္စြပ္ျပဳတ္ေလး ေသာက္လိုက္ပါဦး... ယြန္းဂီကိုယ္တိုင္ ခ်က္ေပးထားတာ"

ကိုယ့္လူကို ေကာင္းေကာင္းအမႊန္းတင္ေနတဲ့ ဂ်ီမင္းေၾကာင့္ နမ္ဂြၽန္းသာမက ထယ္ေယာင္းနဲ႔ဂ်ံဳးကုကပါ ရယ္ေမာမိၾကတယ္...။ ယြန္းဂီကေတာ့ သူ႕လက္ရာကို အားလံုးျမည္းစမ္းရေစရန္ ပန္းကန္လံုးေလးေတြထဲထည့္ၿပီး ယူလာေပးတယ္...။ ဒီလိုနဲ႔ သူတို႔အားလံုးလည္း ဗိုက္ဆာဆာနဲ႔ပင္ စားလိုက္ၾကေတာ့တယ္...။

"ဝမ္အမတ္ႀကီးရဲ႕ရန္က ေအးသြားၿပီဆိုေတာ့ ေဆာ့ဂ်င္ေနျပန္ေကာင္းတာနဲ႔ ထယ္ေယာင္းရဲ႕နန္းတက္ပြဲကို က်င္းပၾကတာေပါ့"

"ဒါနဲ႔... ကြၽန္ေတာ္က တကယ္ပဲအိမ္ေရွ႕စံျဖစ္လာမွာလား"

မရမကအထြန္႔တက္ခ်င္ေသးတဲ့ အငယ္ဆံုးေလးကို သူတို႔အားလံုးစိုက္ၾကည့္လိုက္ၾကေတာ့ မ်က္ႏွာေလးက ခ်က္ခ်င္းမဲ့က်လာတယ္...။

"သိၿပီမို႔ အဲ့လိုႀကီးမၾကည့္ၾကပါနဲ႔"

"အိမ္ေရွ႕စံျဖစ္ရတာ ဘာမ်ားမေကာင္းလို႔လဲ... ၿပီးေတာ့ ယြန္းဂီနဲ႔လည္း လက္ထပ္ေပးဦးမွာကို"

"တကယ္လား...?? ဒါေပမဲ့ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ လိင္တူလက္ထပ္တာကို ခြင့္မွမျပဳတာကို"

ထိုစကားေၾကာင့္ နမ္ဂြၽန္းက ထယ္ေယာင္းကို ၿပံဳးရင္းစိုက္ၾကည့္လိုက္တယ္...။ သူ႕ထက္စာရင္ ပိုၿပီးျပတ္သားတဲ့ထယ္ေယာင္းက စည္းမ်ဥ္းစည္းကမ္းနဲ႔ ဥပေဒေတြကို ေသခ်ာေပါက္ျပင္ဆင္မယ္ဆိုတာ သိေနတယ္ေလ...။

"အဲဒါက အစ္ကိုတို႔ရဲ႕တာဝန္ထားပါ... အငယ္ေလးကသာ အိမ္ေရွ႕စံေနရာကို ဆက္ခံဖို႔ျပင္ထားလိုက္"

အစ္ကိုေတြကိုယံုၾကည္တာေၾကာင့္ ဂ်ီမင္းလည္း ေခါင္းကိုသာညိတ္ျပလိုက္တယ္...။ ဘယ္လိုပဲျဖစ္ျဖစ္ သူကေတာ့ ယြန္းဂီနဲ႔လက္ထပ္ခြင့္ရမယ္ဆိုရင္ ေက်နပ္ပါၿပီ...။

~•~•~•~•~•~•~•~•~•~

ဘုရင္အသစ္ရဲ႕ နန္းတက္ပြဲမို႔ နန္းရင္ျပင္မွာ စည္ကားလို႔ေနခဲ့တယ္...။ အသစ္တက္တဲ့ဘုရင္ကလည္း တိုင္းသူျပည္သားေတြၾကားမွာ အခ်ိန္အၾကာႀကီးရိွေနခဲ့ဖူးတဲ့ ထယ္ေယာင္းဆိုေတာ့လည္း အားလံုးေက်နပ္ေနၾကတယ္...။

ဂ်ံဳးကုအတြက္ေတာ့ ဒုတိယအႀကိမ္လက္ထပ္ပြဲလို႔ ေခၚရမွာျဖစ္ေပမယ့္ ဒီတစ္ေခါက္ကေတာ့ တာဝန္အရေၾကာင့္မဟုတ္ဘဲ ကိုယ့္ခ်စ္သူနဲ႔လက္ထပ္ရမွာမို႔ ရင္ေတြခုန္ေနမိတယ္...။ ေယာက်္ားေလးေျပာင္းလိုက္ေတာ့ဖို႔ နမ္ဂြၽန္းက ေျပာေပမယ့္လည္း နန္းတြင္းထဲကလူတုိင္းသိေနၾကတဲ့ မိဖုရားႀကီးဂ်ံဳးကုဟာ မိန္းကေလးတစ္ေယာက္ေပမို႔ ဒီအတိုင္းပဲဆက္ေနေတာ့ဖို႔ ဂ်ံဳးကုဆံုးျဖတ္လိုက္တယ္...။

"အဆင္ေျပရဲ႕လား...?? ဆံထံုးေတြကလည္း အေလးႀကီးေတြမလား...?? ေခါင္းေတြေညာင္းေနေတာ့မွာပဲ"

ေဘးနားကေန ညည္းညည္းညဴညဴနဲ႔ေျပာေနတဲ့ မင္းသားငယ္ေလး ဂ်ီမင္းေၾကာင့္ ဂ်ံဳးကုၿပံဳးလိုက္မိတယ္...။ သက္တူရြယ္တူခ်င္းမို႔ ဂ်ီမင္းနဲ႔ဂ်ံဳးကုဟာ ေတာ္ေတာ္ေလးအဆင္ေျပတဲ့ ဆက္ဆံေရးပါပဲ...။

"ဒီလိုအျပင္အဆင္ေတြနဲ႔ေနရတာ က်င့္သားရေနပါၿပီ... ထူးဆန္းမေနေတာ့ဘူး မင္းသားေလးရယ္"

"ဒါနဲ႔ ဂ်ံဳးကုက ဘာလို႔ ေယာက်္ားေလးအျဖစ္ ျပန္မေျပာင္းေတာ့တာလဲ... တာဝန္အရ မိန္းကေလးလိုဟန္ေဆာင္ရတာကို တျခားသူေတြလည္း နားလည္ၾကမွာပါ"

ဂ်ီမင္းက ဂ်ံဳးကုရဲ႕စိတ္ကို နားမလည္ႏိုင္တာေၾကာင့္ ေမးလိုက္ျခင္းပင္...။ အသက္ခ်င္းတူေပမယ့္ ဂ်ံဳးကုကေတာ့ ေလာကဓံတရားေၾကာင့္ သူ႕ထက္အမ်ားႀကီးရင့္က်က္တယ္...။

"ခ်စ္ရသူနဲ႔အတူရိွေနဖို႔က အဓိကပါ မင္းသားေလးရယ္... ေယာက်္ားေလးျဖစ္မွ မိန္းကေလးျဖစ္မွဆိုၿပီး သတ္မွတ္ထားတာမ်ဳိးမရိွပါဘူး... ႏိုင္ငံေတာ္ရဲ႕မိခင္ျဖစ္တဲ့ မိဖုရားၾကီးေနရာက မိန္းကေလးတစ္ေယာက္နဲ႔ဆို ပိုသင့္ေတာ္မယ္ထင္လို႔ပါ... သားသမီးမေမြးေပးႏိုင္တဲ့ကြၽန္ေတာ္က ဒီလိုေနရာကို ယူထားရတာနဲ႔တင္ ေက်နပ္ရမွာပါ"

"ဟုတ္ပါတယ္ေလ... ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္သူနဲ႔လက္ထပ္ဖို႔က အဓိကပဲကို... ေျပာရင္းဆိုရင္းနဲ႔ ယြန္းဂီကိုေတာင္ လြမ္းလာၿပီ... သြားရွာလိုက္ဦးမယ္"

ခ်က္ခ်င္းပင္စိတ္ကူးေျပာင္းကာ နန္းေဆာင္ထဲကေန ေျပးထြက္သြားတဲ့ မင္းသားေလးကိုၾကည့္ၿပီး ဂ်ံဳးကုလည္း အသံထြက္ကာပင္ ရယ္ေမာမိေတာ့တယ္...။ သိပ္မၾကာခင္မွာ အိမ္ေရွ႕စံျဖစ္လာေတာ့မယ့္သူက ခုေလာက္ထိကေလးဆန္လိမ့္မယ္လို႔ ထင္ကိုမထား...။ ထားပါေတာ့ေလ... အဲလိုပံုစံေလးကိုပဲ ယြန္းဂီက ခ်စ္ေနတာဆိုေတာ့...။

"ေဆာ့ဂ်င္.. အဆင္ေျပရဲ႕လား... ပင္ပန္းေနၿပီလား"

ေနေကာင္းကာစျဖစ္တဲ့ေဆာ့ဂ်င္ကို နမ္ဂြၽန္းစိုးရိမ္စြာနဲ႔ တဖြဖြေမးေနမိတယ္...။ ပိုတယ္ပဲေျပာေျပာ ေဆာ့ဂ်င္ရဲ႕ရင္ဘက္က အမာရြတ္ကိုျမင္တိုင္းမွာ စိတ္မေကာင္းျဖစ္ရစၿမဲ...။

"ရပါတယ္နမ္ဂြၽန္းရယ္... ဘာမွလုပ္ရတာမွမဟုတ္တာ... ဒီတိုင္း ပြဲႀကီးၾကပ္ေပးေန႐ံုကို"

ခုဆိုရင္ေတာ့ နမ္ဂြၽန္းက မင္းႀကီးမဟုတ္ေတာ့ၿပီမို႔ ေဆာ့ဂ်င္ဆီကေနလည္း သူၾကားခ်င္တဲ့နာမည္ကုိ ၾကားရၿပီေလ...။ ဒါေတြၿပီးသြားရင္ ၿမိဳ႕ထဲမွာပဲ ေဆာ့ဂ်င္က ေဆးေပးခန္းေလး ဖြင့္ခ်င္တယ္တဲ့ေလ...။ ၿပီးေတာ့ ေဆးပညာကိုလည္း ေနာင္လူေနာင္သားေတြအတြက္ လက္ဆင့္ကမ္းခ်င္ပါတယ္တဲ့...။ သူအဲလိုလုပ္ခဲ့လို႔လည္း ဂ်ီမင္းက သူ႕ကိုကယ္ႏိုင္တာမလား...။

နမ္ဂြၽန္းကေတာ့ ခ်စ္သူရဲ႕သေဘာအတိုင္းမို႔ ေဆာ့ဂ်င္နဲ႔အတူတူ လိုက္သြားျဖစ္မွာပါ...။ ေဆာ့ဂ်င္ရဲ႕ေဆးေပးခန္းေလးမွာ လိုအပ္တာေတြကူေပးရင္း သူနဲ႔အတူတူပဲ ဘဝကိုျဖတ္သန္းေတာ့မယ္လို႔ ေတြးထားခဲ့တယ္...။

ဒီလိုနဲ႔ နန္းတက္ပြဲဟာ စည္ကားသိုက္ၿမိဳက္စြာနဲ႔ပဲ ၿပီးဆံုးလို႔သြားခဲ့တယ္...။ အသစ္စက္စက္မင္းႀကီးျဖစ္တဲ့ ထယ္ေယာင္းဟာလည္း အခုမွ မဂၤလာဦးအိပ္ခန္းထဲသို႔ ဝင္လာခဲ့ရေတာ့တယ္...။

ခံုမွာထိုင္ရင္း သူျပန္အလာကိုေစာင့္ေနတဲ့ ဂ်ံဳးကုကိုျမင္ေတာ့ ထယ္ေယာင္းသူ႕ဆီကို ေျခလွမ္းက်ဲႀကီးနဲ႔ ေလွ်ာက္သြားလိုက္တယ္...။ ၿပီးေတာ့မွ ဂ်ံဳးကုရဲ႕ကိုယ္လံုးေလးကို သူ႕ရင္ခြင္ထဲဆြဲဖက္ထားလိုက္တယ္...။

"ကိုယ့္ရဲ႕ခ်စ္ဇနီးေလး"

ထူးဆန္းတဲ့အေခၚအေဝၚေၾကာင့္ ဂ်ံဳးကုက တခိခိရယ္ေနတယ္...။ သူ႕အျဖစ္ကလည္း နန္းတြင္းအမႈထမ္းျဖစ္ခ်င္လို႔ နန္းတြင္းကိုဝင္လာမွပဲ ဘုရင့္မိဖုရားျဖစ္သြားရတယ္...။

"ကြၽန္ေတာ္က မိန္းကေလးနဲ႔တူေနလို႔လား...??"

"ဟင့္အင္း...မိန္းကေလးေတြထက္ လွေနတာ"

ဂ်ံဳးကုရဲ႕ေမးဖ်ားေလးကိုကိုင္ကာ မ်က္ႏွာကိုေမာ့ယူေစၿပီး ႏႈတ္ခမ္းပါးေလးေတြကို နမ္း႐ိႈက္ေနတဲ့ထယ္ေယာင္း...။ ဂ်ံဳးကုကလည္း အနမ္းေတြကိုတုန္႔ျပန္ရင္း ထယ္ေယာင္းရဲ႕ေက်ာျပင္ကို ျပန္ဖက္ထားလိုက္တယ္...။

"မဂၤလာအရက္ေတာ့ ေသာက္ရဦးမွာပဲ"

အသက္ရွဴရခက္လာမွ အနမ္းေတြကိုခဏနားၿပီး အရက္အတူတူေသာက္လိုက္ၾကျပန္တယ္...။ ခုနကပြဲမွာလည္း ေသာက္လာၿပီးၿပီမို႔ ထယ္ေယာင္းအတန္ငယ္ရီေဝေဝျဖစ္ေနတယ္...။ သူ႕မ်က္စိေရွ႕က မိန္းကေလးအဝတ္အစားေတြနဲ႔ဂ်ံဳးကုဟာလည္း သိပ္ကိုလွလြန္းေနတယ္ေလ...။

"မဂၤလာဦးညေလးကို ျဖတ္သန္းဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီလား ကိုယ့္ရဲ႕မိဖုရားေလး"

ဂ်ံဳးကုက ရွက္ၿပံဳးေလးနဲ႔ေခါင္းညိတ္ျပတာေၾကာင့္ ထယ္ေယာင္းလည္းအခ်ိန္ဆြဲမေနေတာ့ဘဲ သူ႕ကိုယ္ေလးကိုေပြ႕ခ်ီလိုက္တယ္...။ မထင္မွတ္ဘဲ ေပြ႕ခ်ီခံလိုက္ရတဲ့အတြက္ ဂ်ံဳးကုကေတာ့ မ်က္လံုးအဝိုင္းသားနဲ႔ ျပန္ၾကည့္လာတယ္ေလ...။

"ကြၽန္ေတာ့္ကိုယ္က မေလးဘူးလား...??"

"မေလးပါဘူး... ဒီညအတြက္ ကိုယ့္မွာအားအင္ေတြအျပည့္ပါပဲ... ကိုယ့္ကို ဂ်ီမင္းက အားေဆးေပးလိုက္ေသးတယ္"

ဂ်ံဳးကုလည္း ရွက္ရြံ႕စြာနဲ႔ ေအာက္ႏႈတ္ခမ္းကိုကိုက္ထားမိတယ္...။ ဆရာထက္တပည့္ လက္ေစာင္းထက္ဆိုသလိုပင္ ဂ်ီမင္းက အခုဆိုရင္ သူ႕ဘာသာသူေတာင္ ေဆးဝါးေတြေဖာ္စပ္တတ္ေနၿပီမို႔ ထယ္ေယာင္းကိုေပးလိုက္တဲ့ေဆးကလည္း အစြမ္းထက္မွာေသခ်ာပါတယ္...။

ဟိုေတြးဒီေတြးလုပ္ေနတုန္းမွာပင္ ထယ္ေယာင္းက သူ႕ကို အိပ္ယာေပၚတင္လိုက္ၿပီး စတင္နမ္း႐ိႈက္လာေတာ့တယ္...။ ခုနကထက္ပိုၿပီး အေလာတႀကီးႏိုင္လာတဲ့အနမ္းေတြကို ျပန္တုန္႔ျပန္ေနရင္းနဲ႔ ဂ်ံဳးကုေမာလာသလိုပင္...။ တျဖည္းျဖည္းနဲ႔ ကိုယ္ေပၚကအဝတ္ေတြ ကင္းမဲ့လာတာေၾကာင့္ ရွက္ရြံ႕စိတ္က ပိုတိုးလာတယ္...။

မီးၿငိမ္းလိုက္ဖို႔ေျပာခ်င္ေပမယ့္လည္း စိတ္အားထက္သန္ေနတဲ့ထယ္ေယာင္းေၾကာင့္ ေျပာမထြက္ခဲ့...။ ၿပီးေတာ့ ကိုယ့္ရဲ႕ပထမဆံုးညမွာ ခ်စ္သူရဲ႕မ်က္ႏွာကိုၾကည့္ၿပီး အတူေနခ်င္တဲ့စိတ္က ႐ူး႐ူးမိုက္မိုက္ေပၚလာတာေၾကာင့္ပင္...။

"မင္း အရမ္းလွလြန္းတယ္ ဂ်ံဳးကုရယ္"

ကိုယ္ေပၚမွာစိတ္ႀကိဳက္ျပဳမူေနတဲ့ ထယ္ေယာင္းကို ျပန္ဖက္ထားရင္း နာက်င္မႈတို႔ေရာႁပြန္းေနတဲ့ သာယာတဲ့ကမာၻေလးကို သူနဲ႔အတူတူပင္ ေလွ်ာက္လွမ္းသြားလိုက္တယ္...။ သက္လံုေကာင္းခဲ့တဲ့ဂ်ံဳးကု ခုေတာ့ျဖင့္ တကိုယ္လံုးကိုင္႐ိုက္ထားသလို မလႈပ္ႏိုင္ေတာ့ေပမယ့္ ထယ္ေယာင္းကေတာ့ ေဆးစြမ္းျပယ္ေသးပံုမရေပ...။

မနက္မိုးလင္းခါနီးမွ ေက်နပ္အားရသြားတဲ့ထယ္ေယာင္းဟာ ဂ်ံဳးကုရဲ႕ေဘးမွာ ပစ္လွဲခ်လိုက္သလို ဂ်ံဳးကုကိုလည္း သူ႕ရင္ခြင္ထဲမွာ ဆြဲဖက္ထားျပန္တယ္...။ လက္ေခ်ာင္းေလးတစ္ေခ်ာင္းကိုေတာင္ မလႈပ္ခ်င္ေတာ့ေအာင္ အရမ္းပင္ပန္းေနၿပီျဖစ္တဲ့ ဂ်ံဳးကုကေတာ့ ခဏခ်င္းပင္ အိပ္ေပ်ာ္လို႔သြားေတာ့တယ္...။

"ခ်စ္တယ္ ကိုယ့္ရဲ႕မိဖုရားေလး"

ဂ်ံဳးကုရဲ႕နဖူးကို အသာငံု႔နမ္းလိုက္ၿပီးေနာက္ ထယ္ေယာင္းသည္လည္း ေမာပန္းစြာနဲ႔ အိပ္ေမာက်သြားေတာ့တယ္...။ အျပင္မွာေတာ့ ငွက္ငယ္ေလးတို႔ရဲ႕ ပိက်ပိက်ိေအာ္သံေလးတို႔က စတင္ထြက္ေပၚစျပဳလာခဲ့ေလၿပီ...။

To Be Continued........






(Unicode)

သူ့လက်မောင်းကဒဏ်ရာကို သေချာချုပ်ပေးပြီး ဆေးထည့်ပေးနေတဲ့ ဂျီမင်းကိုကြည့်ပြီး ထယ်ယောင်းပြုံးနေမိတယ်...။ ကလေးဆန်လွန်းတဲ့ သူ့ညီငယ်လေးတောင် တော်တော်လေး အားကိုးနေရပြီပဲ...။

"ဟူး....ပြီးသွားပြီ"

ခုမှပဲစိတ်အေးသွားဟန်နဲ့ နဖူးပေါ်ကချွေးတွေကို လက်နဲ့ပင့်သုတ်လိုက်တဲ့ ဂျီမင်း...။ ထိုအခါ သူ့လက်မှာပေနေတဲ့ ထယ်ယောင်းရဲ့သွေးတွေက သူ့နဖူးပေါ်မှာ မျဉ်းကြောင်းဆွဲလိုက်သလိုဖြစ်သွားတယ်...။

"ဘယ်နှယ့်လုပ်လိုက်တာလဲ... နဖူးမှာပေကုန်ပြီ"

"ဟုတ်လား...??"

သူ့နဖူးကိုပြန်ပွတ်သုတ်နေပေမယ့် အခြောက်မြန်တဲ့သွေးတွေကြောင့် ထယ်ယောင်းလည်း ယွန်းဂီဆီကရေစိုဝတ်ကို လှမ်းတောင်းလိုက်ကာ သူကိုယ်တိုင်ပွတ်သုတ်ပေးလိုက်တယ်...။ ဂျီမင်းကတော့ အစ်ကိုဖြစ်သူရဲ့ကြင်နာမှုကြောင့် စိတ်ထဲကျေနပ်နေမိတယ်...။

"ငါ့ညီလေးက အရမ်းတော်တာပဲ... ဒီနေ့ ဂျီမင်းသာ မကူညီရင် အစ်ကိုတို့အားလုံးဒုက္ခများကုန်မှာ"

"ကျွန်တော်က တခြားအသုံးကျတာမှမရှိတာ...
ဒီလောက်လေးတော့ အားကိုးရသင့်တယ်လေ"

"ကိုယ့်ကိုကိုယ်အသုံးမကျဘူးလို့မပြောပါနဲ့... ဘယ်လိုလုပ်မလဲ... အစ်ကိုတော်က အနားယူတော့မယ်ဆိုရင် မင်းက အိမ်ရှေ့စံနေရာကို ဆက်ခံရမှာနော်"

ထိုစကားကြောင့် ဂျီမင်းမျက်လုံးပြူးသွားခဲ့တယ်...။ အစ်ကို၂ယောက်အားကိုးနဲ့ သူဘာမှမလေ့လာဘဲ အေးရာအေးကြောင်းနေနေခဲ့တာကို...။

"ဟာ.. အစ်ကိုလတ်.. အဲလိုတော့မဖြစ်ဘူးထင်တယ်နော်... ကျွန်တော်က အိမ်ရှေ့စံမဖြစ်ချင်ဘူး... ယွန်းဂီနဲ့ပဲ လက်ထပ်ချင်တာ"

အစ်ကိုဖြစ်သူရဲ့ရှေ့မှာတောင်မရှောင်ဘဲ သူပြောချင်တာပြောချလိုက်တဲ့ ဂျီမင်းကြောင့် ဂျုံးကုပင် မနေနိုင်တော့ဘဲ ရယ်မောမိတယ်...။ ထယ်ယောင်းကတော့ ညီဖြစ်သူကို ပြုံးရင်းနဲ့သာ စိုက်ကြည့်နေခဲ့တယ်...။

"အဲဒါကတော့ အစ်ကိုတော်ကိုပဲပြောကြည့်ပေါ့... အစ်ကိုလတ်ကတော့ ဂျုံးကုနဲ့လက်ထပ်ရတော့မှာမို့ ဘာမှမလိုတော့ဘူး"

ဂျုံးကုရဲ့လက်လေးတစ်ဖက်ကို လှမ်းကိုင်ရင်းနဲ့ပြောလာတဲ့ ထယ်ယောင်း...။ ဂျုံးကုကတော့ ရှက်ပြုံးလေးနဲ့ခေါင်းငုံ့သွားခဲ့တယ်...။ ဂျီမင်းကတော့ နှုတ်ခမ်းကိုစူထော်ထားရင်း သူတို့်ရှေ့ကနေထွက်သွားကာ အိမ်နောက်မှာအလုပ်ရှုပ်နေတဲ့ ယွန်းဂီဆီသို့ ဦးတည်လိုက်တယ်...။

"ယွန်းဂီ... ဘာတွေလုပ်နေတာလဲ...??
ကျွန်တော့်နားမှာလည်း မနေဘဲနဲ့"

"မင်းကြီးသတိရလာရင် အားရှိအောင်စားဖို့ ကြက်စွပ်ပြုတ်လုပ်ပေးနေတာပါ... မင်းသားလေးက ဘာလိုလို့လဲ...??"

"လိုနေတာ ယွန်းဂီကိုလေ... အဲဒါတွေကို အခိုင်းအစေတွေကို ခေါ်ချက်ခိုင်းလို့ရရဲ့သားနဲ့ ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ...??"

စူပုတ်ပုတ်လေးနဲ့ပြောနေတဲ့အသေးလေးကို ယွန်းဂီချစ်စနိုးနဲ့ ပါးလေးတစ်ဖက်ကို မနာအောင်ဆွဲလိုက်တယ်...။

"အပန်းကြီးတာမှမဟုတ်ဘဲ... ပြီးတော့ ကိုယ့်ယောက်ဖကို ကိုယ်တိုင်ပြုစုပေးချင်လို့ပါ"

ယောက်ဖဆိုတဲ့အသုံးအနှုန်းကြောင့် ဂျီမင်းကျေနပ်သွားရတယ်...။ အင်းပေါ့လေ... ဘယ်လိုပဲဖြစ်ဖြစ် မင်းမျိုးမင်းနွယ်ဖြစ်တဲ့ကိုယ်က တနေ့နေ့မှာ အိမ်ရှေ့စံရာထူးကို ဆက်ခံရမှာပဲလေ...။ မလွှဲသာတဲ့ အခြေအနေဆိုပေမယ့်လည်း ဘေးမှာယွန်းဂီရှိနေရင် အဆင်ပြေပါပြီ...။

"ဒါလေးမြည်းကြည့်ပါဦး မင်းသားလေး"

ယွန်းဂီက ဟင်းရည်အနည်းငယ်ကိုခပ်ကာ မပူအောင်အရင်မှုတ်ပြီးမှ ဂျီမင်းကိုပေးမြည်းတယ်...။ ထူးခြားကောင်းမွန်လွန်းတဲ့လက်ရာကြောင့် ဂျီမင်း တော်တော်လေးအံ့ဩသွားရတယ်...။

"ယွန်းဂီက အချက်အပြုတ်လည်း ရတာပဲလား... တော်လိုက်တာ"

"အင်း... ကိုယ့်အမေ နေမကောင်းတော့ ဝိုင်းကူချက်ပေးရင်းနဲ့ တတ်သွားတာလေ... မင်းသားလေး သဘောကျတယ်ဆိုရင် နောက်ရက်တွေချက်ကျွေးပါ့မယ်"

ဂျီမင်းလည်း ခေါင်းကိုအထပ်ထပ်ညိတ်ပြလိုက်တယ်...။ သူတို့၂ယောက် မီးဖိုနားမှာထိုင်ရင်း စကားတွေပြောနေတုန်းမှာပင် မင်းကြီးနမ်ဂျွန်းလည်း သတိပြန်ရလာတော့တယ်...။

"အစ်ကိုတော် အဆင်ပြေရဲ့လား... ခေါင်းမူးနေသေးလား...??"

ဘေးမှာစိုးရိမ်တကြီးနဲ့ရောက်လာကြတဲ့ ညီငယ်တွေကိုမြင်တော့ နမ်ဂျွန်းပြုံးလိုက်မိတယ်...။ တော်သေးတယ်... သူတို့်အားလုံးကို အဆင်ပြေပြေမြင်လိုက်ရတာ...။ ထယ်ယောင်းရဲ့လက်မောင်းမှာလည်း ပတ်တီးစည်းနှောင်ထားတာကို တွေ့လိုက်ရတဲ့အတွက် စိတ်ချသွားလေပြီ...။

"နည်းနည်းတော့နုံးနေပေမယ့် အဆင်ပြေပါတယ်... ဆော့ဂျင်ကရော ခုထိသတိမရသေးဘူးလား...??"

သူ့ဘေးမှာယှဉ်လျက်သား လှဲလျောင်းနေဆဲဆော့ဂျင်ကို ကြည့်ပြီး နမ်ဂျွန်းစိုးရိမ်စွာနဲ့ မေးခွန်းထုတ်မိတယ်...။

"အစ်ကိုဆော့ဂျင်က ဒဏ်ရာနည်းနည်းပြင်းတော့ တစ်ရက်နှစ်ရက်လောက်တော့ သတိလစ်နေဦးမှာပဲ... ဒါပေမဲ့ စိုးရိမ်စရာအခြေအနေတော့ မဟုတ်တော့ပါဘူး"

"သူသာတစ်ခုခုဖြစ်ရင် ငါ့ကိုယ်ငါ အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး... ကျေးဇူးတင်ပါတယ် ဂျီမင်းရယ်... မင်းကြောင့်သာ သူ့ကိုကယ်တင်နိုင်ခဲ့တာ"

"အစ်ကိုတော်ကလည်း သူစိမ်းဆန်တဲ့စကားတွေ ပြောနေပြန်ပြီ... ဒါက ကျွန်တော်သေချာပေါက် လုပ်ပေးရမယ့်ကိစ္စကို"

နမ်ဂျွန်းလည်း ဘာမှပြောမနေတော့ဘဲ ပါးချိုင့်ကြီးတွေပေါ်အောင်သာပြုံးနေမိတယ်...။ သတိလစ်နေတဲ့ဆော့ဂျင်ရဲ့ လက်ဖဝါးတစ်ဖက်ကိုလည်း လှမ်းဆုပ်ကိုင်ထားလိုက်သေးတယ်...။ ပူနွေးနွေးလက်ဖဝါးရဲ့အထိအတွေ့ကြောင့် နမ်ဂျွန်းစိတ်အေးသွားတယ်...။ သူဒီကိုခေါ်လာတုန်းက ဆော့ဂျင်တကိုယ်လုံး အေးစက်စပြုနေပြီလေ...။

"အစ်ကိုတော် အားရှိအောင် ကြက်စွပ်ပြုတ်လေး သောက်လိုက်ပါဦး... ယွန်းဂီကိုယ်တိုင် ချက်ပေးထားတာ"

ကိုယ့်လူကို ကောင်းကောင်းအမွှန်းတင်နေတဲ့ ဂျီမင်းကြောင့် နမ်ဂျွန်းသာမက ထယ်ယောင်းနဲ့ဂျုံးကုကပါ ရယ်မောမိကြတယ်...။ ယွန်းဂီကတော့ သူ့လက်ရာကို အားလုံးမြည်းစမ်းရစေရန် ပန်းကန်လုံးလေးတွေထဲထည့်ပြီး ယူလာပေးတယ်...။ ဒီလိုနဲ့ သူတို့အားလုံးလည်း ဗိုက်ဆာဆာနဲ့ပင် စားလိုက်ကြတော့တယ်...။

"ဝမ်အမတ်ကြီးရဲ့ရန်က အေးသွားပြီဆိုတော့ ဆော့ဂျင်နေပြန်ကောင်းတာနဲ့ ထယ်ယောင်းရဲ့နန်းတက်ပွဲကို ကျင်းပကြတာပေါ့"

"ဒါနဲ့... ကျွန်တော်က တကယ်ပဲအိမ်ရှေ့စံဖြစ်လာမှာလား"

မရမကအထွန့်တက်ချင်သေးတဲ့ အငယ်ဆုံးလေးကို သူတို့အားလုံးစိုက်ကြည့်လိုက်ကြတော့ မျက်နှာလေးက ချက်ချင်းမဲ့ကျလာတယ်...။

"သိပြီမို့ အဲ့လိုကြီးမကြည့်ကြပါနဲ့"

"အိမ်ရှေ့စံဖြစ်ရတာ ဘာများမကောင်းလို့လဲ... ပြီးတော့ ယွန်းဂီနဲ့လည်း လက်ထပ်ပေးဦးမှာကို"

"တကယ်လား...?? ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်မှာ လိင်တူလက်ထပ်တာကို ခွင့်မှမပြုတာကို"

ထိုစကားကြောင့် နမ်ဂျွန်းက ထယ်ယောင်းကို ပြုံးရင်းစိုက်ကြည့်လိုက်တယ်...။ သူ့ထက်စာရင် ပိုပြီးပြတ်သားတဲ့ထယ်ယောင်းက စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို သေချာပေါက်ပြင်ဆင်မယ်ဆိုတာ သိနေတယ်လေ...။

"အဲဒါက အစ်ကိုတို့ရဲ့တာဝန်ထားပါ... အငယ်လေးကသာ အိမ်ရှေ့စံနေရာကို ဆက်ခံဖို့ပြင်ထားလိုက်"

အစ်ကိုတွေကိုယုံကြည်တာကြောင့် ဂျီမင်းလည်း ခေါင်းကိုသာညိတ်ပြလိုက်တယ်...။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ယွန်းဂီနဲ့လက်ထပ်ခွင့်ရမယ်ဆိုရင် ကျေနပ်ပါပြီ...။

~•~•~•~•~•~•~•~•~•~

ဘုရင်အသစ်ရဲ့ နန်းတက်ပွဲမို့ နန်းရင်ပြင်မှာ စည်ကားလို့နေခဲ့တယ်...။ အသစ်တက်တဲ့ဘုရင်ကလည်း တိုင်းသူပြည်သားတွေကြားမှာ အချိန်အကြာကြီးရှိနေခဲ့ဖူးတဲ့ ထယ်ယောင်းဆိုတော့လည်း အားလုံးကျေနပ်နေကြတယ်...။

ဂျုံးကုအတွက်တော့ ဒုတိယအကြိမ်လက်ထပ်ပွဲလို့ ခေါ်ရမှာဖြစ်ပေမယ့် ဒီတစ်ခေါက်ကတော့ တာဝန်အရကြောင့်မဟုတ်ဘဲ ကိုယ့်ချစ်သူနဲ့လက်ထပ်ရမှာမို့ ရင်တွေခုန်နေမိတယ်...။ ယောကျ်ားလေးပြောင်းလိုက်တော့ဖို့ နမ်ဂျွန်းက ပြောပေမယ့်လည်း နန်းတွင်းထဲကလူတိုင်းသိနေကြတဲ့ မိဖုရားကြီးဂျုံးကုဟာ မိန်းကလေးတစ်ယောက်ပေမို့ ဒီအတိုင်းပဲဆက်နေတော့ဖို့ ဂျုံးကုဆုံးဖြတ်လိုက်တယ်...။

"အဆင်ပြေရဲ့လား...?? ဆံထုံးတွေကလည်း အလေးကြီးတွေမလား...?? ခေါင်းတွေညောင်းနေတော့မှာပဲ"

ဘေးနားကနေ ညည်းညည်းညူညူနဲ့ပြောနေတဲ့ မင်းသားငယ်လေး ဂျီမင်းကြောင့် ဂျုံးကုပြုံးလိုက်မိတယ်...။ သက်တူရွယ်တူချင်းမို့ ဂျီမင်းနဲ့ဂျုံးကုဟာ တော်တော်လေးအဆင်ပြေတဲ့ ဆက်ဆံရေးပါပဲ...။

"ဒီလိုအပြင်အဆင်တွေနဲ့နေရတာ ကျင့်သားရနေပါပြီ... ထူးဆန်းမနေတော့ဘူး မင်းသားလေးရယ်"

"ဒါနဲ့ ဂျုံးကုက ဘာလို့ ယောကျ်ားလေးအဖြစ် ပြန်မပြောင်းတော့တာလဲ... တာဝန်အရ မိန်းကလေးလိုဟန်ဆောင်ရတာကို တခြားသူတွေလည်း နားလည်ကြမှာပါ"

ဂျီမင်းက ဂျုံးကုရဲ့စိတ်ကို နားမလည်နိုင်တာကြောင့် မေးလိုက်ခြင်းပင်...။ အသက်ချင်းတူပေမယ့် ဂျုံးကုကတော့ လောကဓံတရားကြောင့် သူ့ထက်အများကြီးရင့်ကျက်တယ်...။

"ချစ်ရသူနဲ့အတူရှိနေဖို့က အဓိကပါ မင်းသားလေးရယ်... ယောကျ်ားလေးဖြစ်မှ မိန်းကလေးဖြစ်မှဆိုပြီး သတ်မှတ်ထားတာမျိုးမရှိပါဘူး... နိုင်ငံတော်ရဲ့မိခင်ဖြစ်တဲ့ မိဖုရားကြီးနေရာက မိန်းကလေးတစ်ယောက်နဲ့ဆို ပိုသင့်တော်မယ်ထင်လို့ပါ... သားသမီးမမွေးပေးနိုင်တဲ့ကျွန်တော်က ဒီလိုနေရာကို ယူထားရတာနဲ့တင် ကျေနပ်ရမှာပါ"

"ဟုတ်ပါတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနဲ့လက်ထပ်ဖို့က အဓိကပဲကို... ပြောရင်းဆိုရင်းနဲ့ ယွန်းဂီကိုတောင် လွမ်းလာပြီ... သွားရှာလိုက်ဦးမယ်"

ချက်ချင်းပင်စိတ်ကူးပြောင်းကာ နန်းဆောင်ထဲကနေ ပြေးထွက်သွားတဲ့ မင်းသားလေးကိုကြည့်ပြီး ဂျုံးကုလည်း အသံထွက်ကာပင် ရယ်မောမိတော့တယ်...။ သိပ်မကြာခင်မှာ အိမ်ရှေ့စံဖြစ်လာတော့မယ့်သူက ခုလောက်ထိကလေးဆန်လိမ့်မယ်လို့ ထင်ကိုမထား...။ ထားပါတော့လေ... အဲလိုပုံစံလေးကိုပဲ ယွန်းဂီက ချစ်နေတာဆိုတော့...။

"ဆော့ဂျင်.. အဆင်ပြေရဲ့လား... ပင်ပန်းနေပြီလား"

နေကောင်းကာစဖြစ်တဲ့ဆော့ဂျင်ကို နမ်ဂျွန်းစိုးရိမ်စွာနဲ့ တဖွဖွမေးနေမိတယ်...။ ပိုတယ်ပဲပြောပြော ဆော့ဂျင်ရဲ့ရင်ဘက်က အမာရွတ်ကိုမြင်တိုင်းမှာ စိတ်မကောင်းဖြစ်ရစမြဲ...။

"ရပါတယ်နမ်ဂျွန်းရယ်... ဘာမှလုပ်ရတာမှမဟုတ်တာ... ဒီတိုင်း ပွဲကြီးကြပ်ပေးနေရုံကို"

ခုဆိုရင်တော့ နမ်ဂျွန်းက မင်းကြီးမဟုတ်တော့ပြီမို့ ဆော့ဂျင်ဆီကနေလည်း သူကြားချင်တဲ့နာမည်ကို ကြားရပြီလေ...။ ဒါတွေပြီးသွားရင် မြို့ထဲမှာပဲ ဆော့ဂျင်က ဆေးပေးခန်းလေး ဖွင့်ချင်တယ်တဲ့လေ...။ ပြီးတော့ ဆေးပညာကိုလည်း နောင်လူနောင်သားတွေအတွက် လက်ဆင့်ကမ်းချင်ပါတယ်တဲ့...။ သူအဲလိုလုပ်ခဲ့လို့လည်း ဂျီမင်းက သူ့ကိုကယ်နိုင်တာမလား...။

နမ်ဂျွန်းကတော့ ချစ်သူရဲ့သဘောအတိုင်းမို့ ဆော့ဂျင်နဲ့အတူတူ လိုက်သွားဖြစ်မှာပါ...။ ဆော့ဂျင်ရဲ့ဆေးပေးခန်းလေးမှာ လိုအပ်တာတွေကူပေးရင်း သူနဲ့အတူတူပဲ ဘဝကိုဖြတ်သန်းတော့မယ်လို့ တွေးထားခဲ့တယ်...။

ဒီလိုနဲ့ နန်းတက်ပွဲဟာ စည်ကားသိုက်မြိုက်စွာနဲ့ပဲ ပြီးဆုံးလို့သွားခဲ့တယ်...။ အသစ်စက်စက်မင်းကြီးဖြစ်တဲ့ ထယ်ယောင်းဟာလည်း အခုမှ မင်္ဂလာဦးအိပ်ခန်းထဲသို့ ဝင်လာခဲ့ရတော့တယ်...။

ခုံမှာထိုင်ရင်း သူပြန်အလာကိုစောင့်နေတဲ့ ဂျုံးကုကိုမြင်တော့ ထယ်ယောင်းသူ့ဆီကို ခြေလှမ်းကျဲကြီးနဲ့ လျှောက်သွားလိုက်တယ်...။ ပြီးတော့မှ ဂျုံးကုရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲဖက်ထားလိုက်တယ်...။

"ကိုယ့်ရဲ့ချစ်ဇနီးလေး"

ထူးဆန်းတဲ့အခေါ်အဝေါ်ကြောင့် ဂျုံးကုက တခိခိရယ်နေတယ်...။ သူ့အဖြစ်ကလည်း နန်းတွင်းအမှုထမ်းဖြစ်ချင်လို့ နန်းတွင်းကိုဝင်လာမှပဲ ဘုရင့်မိဖုရားဖြစ်သွားရတယ်...။

"ကျွန်တော်က မိန်းကလေးနဲ့တူနေလို့လား...??"

"ဟင့်အင်း...မိန်းကလေးတွေထက် လှနေတာ"

ဂျုံးကုရဲ့မေးဖျားလေးကိုကိုင်ကာ မျက်နှာကိုမော့ယူစေပြီး နှုတ်ခမ်းပါးလေးတွေကို နမ်းရှိုက်နေတဲ့ထယ်ယောင်း...။ ဂျုံးကုကလည်း အနမ်းတွေကိုတုန့်ပြန်ရင်း ထယ်ယောင်းရဲ့ကျောပြင်ကို ပြန်ဖက်ထားလိုက်တယ်...။

"မင်္ဂလာအရက်တော့ သောက်ရဦးမှာပဲ"

အသက်ရှူရခက်လာမှ အနမ်းတွေကိုခဏနားပြီး အရက်အတူတူသောက်လိုက်ကြပြန်တယ်...။ ခုနကပွဲမှာလည်း သောက်လာပြီးပြီမို့ ထယ်ယောင်းအတန်ငယ်ရီဝေဝေဖြစ်နေတယ်...။ သူ့မျက်စိရှေ့က မိန်းကလေးအဝတ်အစားတွေနဲ့ဂျုံးကုဟာလည်း သိပ်ကိုလှလွန်းနေတယ်လေ...။

"မင်္ဂလာဦးညလေးကို ဖြတ်သန်းဖို့အတွက် အဆင်သင့်ဖြစ်ပြီလား ကိုယ့်ရဲ့မိဖုရားလေး"

ဂျုံးကုက ရှက်ပြုံးလေးနဲ့ခေါင်းညိတ်ပြတာကြောင့် ထယ်ယောင်းလည်းအချိန်ဆွဲမနေတော့ဘဲ သူ့ကိုယ်လေးကိုပွေ့ချီလိုက်တယ်...။ မထင်မှတ်ဘဲ ပွေ့ချီခံလိုက်ရတဲ့အတွက် ဂျုံးကုကတော့ မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်လာတယ်လေ...။

"ကျွန်တော့်ကိုယ်က မလေးဘူးလား...??"

"မလေးပါဘူး... ဒီညအတွက် ကိုယ့်မှာအားအင်တွေအပြည့်ပါပဲ... ကိုယ့်ကို ဂျီမင်းက အားဆေးပေးလိုက်သေးတယ်"

ဂျုံးကုလည်း ရှက်ရွံ့စွာနဲ့ အောက်နှုတ်ခမ်းကိုကိုက်ထားမိတယ်...။ ဆရာထက်တပည့် လက်စောင်းထက်ဆိုသလိုပင် ဂျီမင်းက အခုဆိုရင် သူ့ဘာသာသူတောင် ဆေးဝါးတွေဖော်စပ်တတ်နေပြီမို့ ထယ်ယောင်းကိုပေးလိုက်တဲ့ဆေးကလည်း အစွမ်းထက်မှာသေချာပါတယ်...။

ဟိုတွေးဒီတွေးလုပ်နေတုန်းမှာပင် ထယ်ယောင်းက သူ့ကို အိပ်ယာပေါ်တင်လိုက်ပြီး စတင်နမ်းရှိုက်လာတော့တယ်...။ ခုနကထက်ပိုပြီး အလောတကြီးနိုင်လာတဲ့အနမ်းတွေကို ပြန်တုန့်ပြန်နေရင်းနဲ့ ဂျုံးကုမောလာသလိုပင်...။ တဖြည်းဖြည်းနဲ့ ကိုယ်ပေါ်ကအဝတ်တွေ ကင်းမဲ့လာတာကြောင့် ရှက်ရွံ့စိတ်က ပိုတိုးလာတယ်...။

မီးငြိမ်းလိုက်ဖို့ပြောချင်ပေမယ့်လည်း စိတ်အားထက်သန်နေတဲ့ထယ်ယောင်းကြောင့် ပြောမထွက်ခဲ့...။ ပြီးတော့ ကိုယ့်ရဲ့ပထမဆုံးညမှာ ချစ်သူရဲ့မျက်နှာကိုကြည့်ပြီး အတူနေချင်တဲ့စိတ်က ရူးရူးမိုက်မိုက်ပေါ်လာတာကြောင့်ပင်...။

"မင်း အရမ်းလှလွန်းတယ် ဂျုံးကုရယ်"

ကိုယ်ပေါ်မှာစိတ်ကြိုက်ပြုမူနေတဲ့ ထယ်ယောင်းကို ပြန်ဖက်ထားရင်း နာကျင်မှုတို့ရောပြွန်းနေတဲ့ သာယာတဲ့ကမ္ဘာလေးကို သူနဲ့အတူတူပင် လျှောက်လှမ်းသွားလိုက်တယ်...။ သက်လုံကောင်းခဲ့တဲ့ဂျုံးကု ခုတော့ဖြင့် တကိုယ်လုံးကိုင်ရိုက်ထားသလို မလှုပ်နိုင်တော့ပေမယ့် ထယ်ယောင်းကတော့ ဆေးစွမ်းပြယ်သေးပုံမရပေ...။

မနက်မိုးလင်းခါနီးမှ ကျေနပ်အားရသွားတဲ့ထယ်ယောင်းဟာ ဂျုံးကုရဲ့ဘေးမှာ ပစ်လှဲချလိုက်သလို ဂျုံးကုကိုလည်း သူ့ရင်ခွင်ထဲမှာ ဆွဲဖက်ထားပြန်တယ်...။ လက်ချောင်းလေးတစ်ချောင်းကိုတောင် မလှုပ်ချင်တော့အောင် အရမ်းပင်ပန်းနေပြီဖြစ်တဲ့ ဂျုံးကုကတော့ ခဏချင်းပင် အိပ်ပျော်လို့သွားတော့တယ်...။

"ချစ်တယ် ကိုယ့်ရဲ့မိဖုရားလေး"

ဂျုံးကုရဲ့နဖူးကို အသာငုံ့နမ်းလိုက်ပြီးနောက် ထယ်ယောင်းသည်လည်း မောပန်းစွာနဲ့ အိပ်မောကျသွားတော့တယ်...။ အပြင်မှာတော့ ငှက်ငယ်လေးတို့ရဲ့ ပိကျပိကျိအော်သံလေးတို့က စတင်ထွက်ပေါ်စပြုလာခဲ့လေပြီ...။

To Be Continued........

Continue Reading

You'll Also Like

2.1K 277 35
Taehyung and Jungkook ရဲ့သီးသန့်Photo
44.8K 1.7K 71
ជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាស...
3.2K 159 28
"ပျော်ရွှင်ခြင်းဆိုတာ မြတ်နဲ့မှ ‌ဖြစ်ပေါ်" လာတဲ့ စိတ္တဇနာမ် တစ်ခုပါ ..." "မိန်းကလေးဆို မင်းကလွဲရင် ဘယ်သူ့ ကိုမှ ချစ်လို့မရဘူး.."
2.9K 263 3
မိုးေရေတြၾကားထဲမွာ ျဖစ္ေပၚလာတဲ့ တစ္စံုတစ္ခုေသာအရာက ေမာင္နဲ႔ငါ့ရဲ႕ ထာဝရလမ္းခြဲျခင္းမဟုတ္လား...ခ်စ္ေသာေမာင္။ မိုးရေတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ တစ်စုံတစ်...