ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part52(zawgyi)

3.3K 387 73
By melieee2


Chapter 52;

ယနေ့သည်စနေနေ့ဖြစ်သော်လည်းကျန်ချန်က
ပုံမှန်အချိန်တိုင်းအိပ်ယာမှနိုးလာခဲ့သည်၊သူက
မနက်စာဝယ်ရန်အောက်ထပ်သို့ဆင်းပြီး လမ်းတစ်ဖက်မှဆိုင်တန်းများဆီသို့ ဖြေးဖြေးမှန်မှန်
ပြေးသွား၏။

မနက်ခင်းအစောသာရှိ​သေးပေမယ့် သွားလာ
နေသည့်လူအရေအတွက်က လီ​ပေါင်ကော်တို့
လမ်းထက်ပင်များ၏။ထို့အပြင် ဒီတစ်ဝိုက်မှာနေထိုင်သည့်သက်လတ်ပိုင်းဦးလေးနှင့်အန်တီများသည်ငယ်ရွယ်သူများအပေါ်အထင်အမြင်
သေးခြင်းမရှိပေ။

သူ့အတွက် မနက်စာဘာစားသင့်လဲဆိုသည်
မေးခွန်းမှာအတော်ခေါင်းကိုက်စေသည်။ထို့
ကြောင့်လက်နှစ်ဖက်ကိုအိပ်ကပ်ထဲထည့်ပြီး
မနက်စာရောင်းသည့်ဆိုင်ရှေ့မှာကျန်ချန်က
အရှေ့၊အနောက်လျှောက်နေခဲ့သည်။သူဘာ
စားရမည်ဆိုတာအတိအကျမသိတာကြောင့်
တုံ့ဆိုင်းနေမိခြင်းဖြစ်၏။

ထိုအချိန် လူတစ်ယောက်သည်သူ့နောက်နားမှ
တိုးတိုးကပ်ပြောလာသည်။
"ဖက်ထုပ်ပေါင်းတစ်ပွဲ။"

သူ့ညာဘက်နားရွက်နောက်နားမှပေါ်ထွက်လာ
သည့်အသံကသူနှင့်သိပ်ရင်းနှီးသည်။ကျန်ချန်ရုတ်တရက်မို့လန့်ဖျပ်ပြီးအရှေ့သို့ခုန်လိုက်၏၊
ထို့နောက် အိပ်ကပ်ထဲမှဖုန်းကိုကျစ်နေအောင်
ဆုပ်ပြီးအနောက်သို့လှည့်ကြည့်လိုက်သည်။

သူ့အနောက်မှာရပ်နေသည့်လူနှင့် မျက်နှာချင်း
ဆိုင်လိုက်သည့်အခါထိုအသံမှာကုဖေးရဲ့အသံ
မှန်း သူသဘောပေါက်သွား၏။ကုဖေးရဲ့အသံ
ကြောင့်တင်မဟုတ်၊ ကုဖေးရဲ့မျက်နှာကြောင့်
လည်း ပါသည်။

"Fuck?။".
ကျန်ချန်ကအံ့အားသင့်သွားတာကြောင့်ယောင်
ယမ်းပြီး ခြေလှမ်းများအနောက်သို့ဆုတ်လိုက်
သည်။သူသည်ကုဖေးကိုအထက်အောက်ကြည့်
ပြီး အိပ်ကပ်ထဲမှဖုန်းထုတ်ပြီး အချိန်ကြည့်လိုက်
၏။
"ဒီနေ့ ,နေကအနောက်အရပ်ကထွက်လာမှာ
မဟုတ်ဘူးမလား?။"

ထို့နောက် သူသည်ကောင်းကင်ကိုမော့ကြည့်
လိုက်သည်။
"မနေ့က အချိန်မကုန်သေးတာလား?။"

ကုဖေးက ရယ်သည်။
"အားမြောင်ကစော​စောနိုးလို့ပါ။သူ(မ)က
အိမ်ထဲမှာစကိတ်ပတ်စီးနေလို့ ငါ အိပ်ယာ
ထလာရတာ။ဒါ့ကြောင့်အစောကြီးရောက်
လာတာ။"

"မင်း မနက်စာစားပြီးပြီလား?။"
ကျန်ချန်သူနှင့်အတူလိုက်ရယ်လိုက်၏။ဘာ
ကြောင့်မှန်းမသိ ကုဖေးရဲ့အပြုံးကိုမြင်တိုင်း
သူလည်း လိုက်ပြုံးချင်မိသည်။
"အတူစားမလား?။"

"မင်း ငါ့ကို ဝယ်ကျွေးမှာလား?။"

ကျန်ချန် သူ့ကို စိုက်ကြည့်လိုက်၏။
"ငါ မင်းကို မနေ့ကပေးထားတဲ့ ယွမ် ၅၀က
မကုန်သေးဘူးမလား?။"

ကုဖေးက ပခုံးတွန့်သည်။
"ကောင်းပြီ။ဖက်ထုပ်ပေါင်း?။"

"ဖက်ထုပ်ပေါင်း၊ဖက်ထုပ်ပြုတ် ၊ဂျုံပေါင်မုန့်
ပြီးတော့ တို့ဖူးပူတင်း။ "
သူ စောစောကရွေးထားတဲ့အစားအသောက်များ
အားရွတ်ပြလိုက်၏။
"တစ်ခုစီတိုင်းက စားလို့ကောင်းတယ်အိုး,
အမဲသားနှပ်အနံ့က မွှေးနေတာပဲ။"

ကုဖေးက သူ့ကို ကြည့်လာသည်။
"စားပွဲဝိုင်းသွားယူ။"

သူတို့နေရာသည်ဆင်ခြေဖုံးရပ်ကွက်လေးဖြစ်သော်လည်း လူနေအိမ်အဆောက်အဦးများက
ခေတ်မှီပြီးသန်ရှင်းသည်။ထို့ကြောင့် မနက်စာ
ရောင်းသည့် ဆိုင်ခန်းလေးတွင် လည်း လူစည်
ကားလျှက်ရှိ၏။ကျန်ချန်သည်ဆိုင်လေးထဲကို
ဝင်ပြီးခုံရှည်နှစ်ခုံမြန်မြန်ယူကာ စားပွဲအလွတ်
ရှေ့မှာချလိုက်သည်။ထို့နောက် တစ်ခုံတွင် သူ
ထိုင်ပြီး ကျန်တစ်ခုံပေါ်တွင် သူ့လွယ်အိတ်ကို
တင်လိုက်သည်။

သူထိုင်နေသည့်နေရာအား ကုဖေး သိအောင်အချက်ပြဖို့ သူအကြည့်များပင့်တင်လိုက်တဲ့
အခါသူတို့စားပွဲနှင့်မျက်နှာချင်းဆိုင်စားပွဲမှာ
ထိုင်​နေသည့် မိန်းကလေး နှစ်ယောက်ကိုမြင်လိုက်၏။ထိုမိန်းကလေးများက သူ့ကို ကြည့်
ကာတိုးတိုးကြိတ်ကြိတ်ရယ်​နေပြီး၊ အကြည့်
ချင်းဆုံသည့်အခါ သူတို့နှစ်ယောက်ရဲ့ခေါင်း
များငုံ့သွားကြသည်။

ပူပူလေးရှိသောမနက်စာများအပြည့်တင်ထား
သည့်ဗန်းနှစ်ဗန်းကိုသယ်ထားသည့် ကုဖေးကို
တွေ့လိုက်ရတာကြောင့်လက်တစ်ဖက်မြှောက်
ပြီး ကျန်ချန်လက်ဖျောက်တီးလိုက်၏။
"ငါ ဒီမှာ။"

ကုဖေးကသူ့ဆီလျှောက်လာပြီးစားစရာများကို
စားပွဲပေါ်တင်လိုက်သည်။
"မင်းပြောသမျှမုန့်အကုန်ယူခဲ့တယ်။တစ်ခြား
စားချင်တာရှိသေးလား?။ "

ကျန်ချန် ခေါင်းယမ်းလိုက်၏။
"ဟင့်အင်း။"

မျက်နှာချင်းဆိုင်စားပွဲမှကောင်မလေးများက
ခေါင်းငုံ့ပြီးခိုးရယ်နေ၏။ သူတို့နှစ်ယောက်က
'နင်ငါ့လက်မောင်းကိုဆိတ်ရင်၊ငါလည်း
နင့်ပေါင်ကိုပြန်ဆိတ်မယ်'ဆိုသည့် ဂိမ်းကို ကစားနေသည်။

အရင်တစ်ခါကုဖေးပြောခဲ့သည့်စကားအား
ကျန်ချန်စဉ်းစားမိသည့်အခါ၊ထိုမိန်းကလေး
များဘာဖြစ်နေတာကိုသူနားလည်လာသည်။

ကုဖေးသည်စားပွဲပေါ်မှတောင်ပုံရာပုံပန်းကန်
ပြားများထဲမှနီးစပ်ရာမုန့်တစ်ခုကိုလှမ်းယူပြီး
စားနေသည်။

သူက ဖက်ထုပ်အသေးတစ်ခုကို စားနေရင်း စကားပြောလာ၏။
"ဝမ်ရွှီက ငါ့ဆီဖုန်းဆက်သေးတယ်။သူရောက်
နေပြီတဲ့။ဒါပေမယ့်သူတစ်ယောက်တည်း ရောက်သေးတာထင်တယ်။"

ကျန်ချန်သည်တို့ဖူးပူတင်းပန်းကန်ကို လှမ်းယူပြီးတစ်ကိုက်စားလိုက်၏။
"ငါတို့ကို စည်းကမ်းလိုက်နာမှု မရှိဘူးဆိုပြီး
ပြောသွားသေးလား?။"

ကုဖေးက ခေါင်းညိတ်သည်။
"အတိအကျပဲ!"

မိန်းကလေးနှစ်ယောက်သည် မနက်စာစားပြီးသော်လည်းထွက်ခွာဖို့ဆန္ဒမရှိသေးပေ။သူတို့
ကခေါင်းငုံ့ပြီးဖုန်းသုံးနေ​၏။ သူတို့ ကိုယ်ဟန်အနေအထားအားကြည့်လျှင်၊ ကင်မရာသည်
သူတို့နှစ်ယောက်အား တိတ်တဆိတ်ချိန်ထား
လားဆိုတာကျန်ချန်သံသယဖြစ်မိသည်။

သူသည်ရှုထောင့်မမှန်မကန်နှင့်မလှမပပုံများ
ထွက်လာမည့်အရေးမှကာကွယ်ရန်ခေါင်းကို
အဝေးသို့လွှဲလိုက်သည်။

ကုဖေးကခေါင်းမော့ပြီး ထိုမိန်းကလေးများကို
ကြည့်၏။
"ငါတို့ပုံကိုခိုးမရိုက်နဲ့။ပုံပျက်ပန်းပျက်နဲ့မလှ
မပမျက်နှာပုံတွေ ထွက်လာလိမ့်မယ်။ "

မိန်းကလေးနှစ်ယောက်သည်လန့်ဖျပ်သွားပြီး "အား....."ဟု အော်လာသည်။

ထို့နောက်သူတို့ထဲမှကောင်မလေးတစ်ယောက်
က စကားပြောလာ၏။
"ဒါဆို,နင်တို့ပုံကိုပေါ်တင်ရိုက်လို့ရလားဟင်?။"

ကုဖေးစကားမပြောသည့်အခါ ကောင်မလေး
သည်ကင်မရာကိုမြှောက်ပြီးသူတို့နှစ်ယောက်
ကိုချိန်လာ၏။ကျန်ချန်သည် ကုဖေးနှင့်အတူကင်မရာကိုကြည့်လိုက်သည်။

မိန်းကလေးသည် ဓာတ်ပုံ ရိုက်ပြီးသည့်အခါ ကျောင်းအိတ်လွယ်ထဲဖုန်းထည့်ပြီးပြုံးရွှင်စွာစကားပြောလာသည်။
"ငါတို့ကစီကျုံးကျောင်းဖိုရမ်မှာပို့စ်တင်ရင်
ဝင်ကြည့်ဖို့မမေ့နဲ့နော်။နောက်နှစ်ရက်ဆိုရင်
ဓာတ်ပုံကို ဖိုရမ်မှာတင်ပြီးလောက်ပြီ။"

မိန်းကလေးနှစ်ယောက်ထွက်သွားလျှင်ကုဖေး
ကို ကျန်ချန်လှည့်ကြည့်လိုက်၏။
"သူတို့က ဘယ်အတန်းကလဲ?။"

"မသိဘူး။ငါတို့ကျောင်းကလူတောင်
ဟုတ်ချင်မှဟုတ်မှာ။"

"အာ?။"

"ဒီနေ့ပြိုင်ပွဲကိုတခြားကျောင်းကကျောင်းသားကျောင်းသူတွေလည်းလာကြည့်မှာ။နောက်ပြီး
တစ်ယောက်ယောက်က ငါတို့ နဲ့ တန်းခွဲ (၇ ) နဲ့
ကစားတဲ့ပြိုင်ပွဲvideoကိုဖိုရမ်ပေါ်မှာတင်လိုက်
တာ။လူတိုင်းက မင်းဘောလုံးတားတဲ့အကွက်
ကိုလာကြည့်ပြီး သင်ချင်လို့နေမှာ။ "

"Fuck!"

ကုဖေးကဆက်ပြောသည်။
"ဓာတ်ပုံရိုက်ပေးဖို့ငါဒီနေ့လီယန့်ကိုခေါ်ထား
တယ်။ဝမ်ကျိုရစ်အတွက်ဓာတ်ပုံရိုက်ပေးဖို့
လူတစ်ယောက် ရှာပေးမယ်ဆိုပြီး ကတိပေး
ထားတာမှတ်မိလား?။ "

ကျန်ချန် အသံထွက်ပြီး ရယ်လိုက်၏။
"သူကကင်မရာမြင်ရင် သူ့ရဲ့အနုပညာအရည်
အချင်းချက်ချင်းထွက်လာမှာ။"

"သူ့ရဲ့အနုပညာအရည်အချင်းထွက်လာမှာ
အမှန်ပဲ။"
ကုဖေးက သူ့ကို ကြည့်သည်။
"ငါ စီကျုံးကျောင်းမှာကျောင်းတက်တည်းက
ငါဝင်ကစားတာ ဒီပြိုင်ပွဲတစ်ခုတည်း ရှိတယ်
လို့ပြောတယ်မလား။ လူတွေအများကြီးက
ပြိုင်ပွဲကိုကြည့်ဖို့ စောင့်နေတာ။"

"အင်း။"
ကျန်ချန် သူ့ကို စိတ်အားထက်သန်စွာ ခေါင်း
ညိတ်လိုက်၏။သူ ကိစ္စတစ်ခုအား တွေးမိပြီး ဝမ်းနည်းစွာနှင့်ပြောလိုက်သည်။
"တကယ်လို့​မင်းမပါရင်၊ ငါရဲ့ တွဲဖက်က
ဝမ်ရွှီဖြစ်မှာမလား?။"

ကုဖေးကစကားမပြောပေ။ သူက ဖက်ထုပ်
ပေါင်းကို တူနှင့် ညှပ်ထားရင်း သဘာကျစွာ
ရယ်လာသည်။

ပြိုင်ပွဲသည်နေ့လည်၁၂နာရီစတင်ကျင်းပမည်
ဖြစ်သော်လည်း၊အားကစားကွင်းကမနက်ခင်း
၉နာရီတည်းကစီကျုံးရဲ့ကျောင်းသားကျောင်း
သူများအပြင် တစ်ခြားကျောင်းက လူများ နှင့်
ပြည့်လျှက်ရှိသည်။ ကျန်ချန်နှင့် တစ်ခြားအဖွဲ့
ဝင်များသည် သွေးပူလေ့ကျင့်ခန်းကို နာရီဝက်
မျှလေ့ကျင့်လိုက်ရသည်၊နေရာတိုင်းမှာလူများ
ရှိနေသောကြောင့်ဖြစ်သည်။

ဘေးစည်းအပြင်ရှိလူအုပ်ကိုကြည့်ပြီးဒီမြို့က ကျောင်းသားကျောင်းသူတွေက အချိန်များကို အလကားဖြုန်းတီးနေကြသည်ဟုပင် ကျန်ချန်
တွေးမိသည်။သူ့ရဲ့ကျောင်းဟောင်းအကြောင်း
ပြောရလျှင် ပိတ်ရက်မှာကျင်းပသည့် တစ်ခြားကျောင်းရဲ့ဘက်စကတ်ဘောပြိုင်ပွဲသွားကြည့်
မည့်သူတစ်ယောက်ရှိမှာမဟုတ်​ပေ။

စီကျုံးကျောင်းရဲ့ဖိုင်နယ်ပွဲစဉ်သည် အတော်ကြီးကျယ်ခမ်းနားသည်။သူတို့က ပွဲကြည့်စင်
ခုံများဝယ်ယူပြီးပြင်ဆင်ပေးထားသည်။ကျန်
ချန်နှင့်အသင်းဖော်များ ကစားသမားအတွက် သီးသန့်ခုံတန်းမှာဝင်ထိုင်ချိန်တွင် ပွဲကြည့်စင်ခုံများသည်လူပြည့်ကျပ်နေ၏။မတ်တပ်ရပ်ပြီးအားပေးနေသည့် လူများလည်း ရှိသည်။

မနက်၉နာရီခွဲတွင်လီယန်ကကုဖေးရဲ့ကင်မရာ
အိတ်ကိုပခုံးမှာလွယ်ပြီးရောက်လာသည်သူက ကစားသမားများအနားယူသည့် ခုံပေါ်မှာ ထိုင်
လိုက်၏။
"ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲပဲ။မသိတဲ့သူတွေ
ကမြို့နယ်အားကစားပြိုင်ပွဲကျင်းပနေတာလို့
ထင်နေလိမ့်မယ်။"

ကုဖေးကပြောသည်။
"ဝမ်ရွှီရဲ့ဓာတ်ပုံကောင်းကောင်းထွက်လာ
အောင်သာသေချာလုပ်။"

"အဲ့ဒါက သူကစားတဲ့အပေါ်မှာမူတည်တယ်။"
လီယန်ကကင်မရာကိုတပ်ဆင်နေ၏။
"ငါကမင်းလိုမျိုးနွားထီးခေါင်းကိုသိမ့်မွေ့
နူးညံ့သွားအောင်တော့မရိုက်တတ်ဘူး။သူ့
ပုံအတိုင်းထွက်လာအောင်ပဲရိုက်တတ်တယ်။"

"ကျန်တဲ့ကစားသမားတွေလည်းရိုက်မှာ။သူတို့
ပုံလည်းရိုက်မယ်။ဖိုင်နယ်ရောက်ဖို့ဆိုတာငါတို့အတန်းအတွက်လွယ်တာမဟုတ်ဘူး။ "

"ငါ သိပြီ။"
လီယန်ကကင်မရာကိုမြှောက်ပြီး အားကစား
ကွင်းပတ်ပတ်လည်ကိုချိန်ကြည့်သည်။
"မင်းလည်း အခုလိုအသေးစိတ်လိုက်ဂရုစိုက်
နေတာ မလွယ်ဘူးနော်။"

ပြိုင်ပွဲမစသေးသော်လည်း ကျောင်းအုပ်ကြီး
လီယုရှောင်ကဘဝင်ပီတီဖြာ​နေသည်။ သူက
ဖိုင်နယ်ပွဲစဉ်ကိုကစားမည့်အသင်းနှစ်သင်းရဲ့ အကြောင်းအားပရိတ်သတ်များနှင့်အကျယ်
တဝင့် မိတ်ဆက်နေ၏။

တစ်သင်းသည် တစ်ခါမှ အရှုံးမရှိသေးသည့်
အသင်းဖြစ်ပြီးနောက်တစ်သင်းမြင်းနက်များ ပေါ်ထွက်လာသည့် အသင်းဖြစ်သည်။

လီယုရှောင်ရဲ့မိတ်ဆက်စကားများကြားသည့်
အခါ တစ်ချို့သော အကြောင်းပြချက်ကြောင့်
ကျန်ချန် စိတ်လှုပ်ရှားလာသည်။ အထူးသဖြင့်
ဘေးစည်းတွင်သူတို့အသင်းကိုလူအများ အား
ပေးလာအောင်ဦးဆောင်ကြွေးကြော်နေသည့်
သူ့အတန်းဖော်များကိုမြင်နေရသည်။

ပုံမှန်အချိန်ဆိုလျှင်,  လူအများနှင့် ခွဲထွက်ပြီး
တသီးတစ်သန့်နေတတ်သည့် ရွှယ်ပါ့ရီကျင်း
ကိုယ်တိုင်ဦးဆောင်သည့်အဖွဲ့သည်ယုံကြည်
ချက်ပြည့်ဝနေသော အမူအယာနှင့် ကြောက်ခမန်းလိလိဆောင်ပုဒ်ကိုသံပြိုင်အော်ဟစ်ပြီး အားပေးနေသည်။

"တန်းခွဲ(၈)....တန်းခွဲ(၈)...မြင်းနက်အဖွဲ့...
နိုင်ရမည်...နိုင်ရမည်..."

"တန်းခွဲ (၈)  အချောဆုံး...တန်းခွဲ (၈)
အကောင်းဆုံး....ဒုံး...ဒုံး...ဒုံး ..."

ထိုသံပြိုင် အော်ဟစ်နေသည့် ဆောင်ပုဒ်သည်
ကျန်ချန်ခေါင်းပင်မော့မကြည့်ပေ။လက်နှစ်ဖက်
ကိုဒူးပေါ်တင်ပြီး ရှုးဖိနပ်ကိုငုံ့ကြည့်နေခဲ့သည်။

"ချန်ကော။"
ကုဖေးက သူ့နာမည်ကို ခေါ်ပြီးလက်ဖဝါး
တစ်ဖက် သူ့ရှေ့ဆန့်ထုတ်လာသည်။

ကျန်ချန်သည်သူတို့ဘယ်လိုမျိုးကစားသင့်လဲ
ဆိုသည့်အတွေးထဲမှာနစ်မြုပ်နေခဲ့တာဖြစ်၏။
ထို့ကြောင့်သူ့အရှေ့မှလက်ဖဝါးအားကြည့်ပြီးချက်ချင်းမတုံ့ပြန်နိုင်ပေ။သူကလက်တစ်ဖက်
ဆန့်ပြီး သူ့ရှေ့မှာရှိသည့်လက်ဖဝါးအားလက်
ညိုးလေးနှင့်ကုတ်ခြစ်လိုက်၏။

ကုဖေးကစကားပြောလာသည်။
"ငါက high -five လုပ်ဖို့ ပြောတာ။"

"အာ။"
ကျန်ချန်သည်စိတ်နှင့်လူကပ်သွားပြီး လက်
ဖဝါးချင်းရိုက်လိုက်၏။

"ဟီဇောင်ကိုသတိထား။"
ကုဖေးက သတိပေးစကားဆိုသည်။
"သူကနောက်တန်းခံစစ်။သူလည်း မင်းလိုမျိုး
စွယ်စုံရတယ်။ သူ့ခြေထောက်က တော်တော်
လျှင်တယ်။"

ကျန်ချန် ခေါင်းညိတ်လိုက်၏။
"အင်း။ငါတို့်ဒီနေ့ ကွင်းထဲမှာ လမ်းတစ်ဖြောင့်
တည်းပြေးလို့မရဘူးထင်တယ်။"

ယနေ့ပြိုင်ပွဲအတွက် အထူးနည်းဗျူဟာများ
သူမစီစဉ်ထားပေ။သူတို့သည် အသင်းလိုက်
ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အမြဲတမ်းသွေး
ပြီးလေ့ကျင့်နေသည့် တန်းခွဲ ၂ နှင့် ယှဉ်ပြိုင်
ကြမည်ဖြစ်သည်။တန်းခွဲ ၂ရဲ့အရည်အချင်း
နှင့်သာဆို သူတို့ အသုံးပြုသမျှ နည်းဗျူဟာ
တိုင်းသေချာပေါက် ဖျက်စီးခံရမည်ဖြစ်၏။
ထို့ကြောင့် သူတို့ အရင် လေ့ကျင့်ထားသည့်
အတိုင်းနှုတ်ဖြင့်ဖွင့်ဟပြောပြစရာမလိုသည့် နည်းဗျူဟာအပေါ်မှာထားရှိသည့်နားလည်မှု
ကိုအားကိုးပြီးကစားဖို့လိုအပ်သည်။

ပွဲကစားချိန်ကြာသည့်အခါ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်လို့ရနိုင်သည်။

"ရက်စ်, ဆာ!"
ကုဖေးကသူ့ကိုထောက်ခံလာ၏။

အသင်းခေါင်းဆောင်နှစ်ယောက်ကွင်းနေရာ
ရွေးချယ်ရမည်ဖြစ်၏။ ဝမ်ရွှီက တရားမျှမျှ
တတနှင့်အနိုင်ရပြီးကွင်းတစ်ဖက်ခြမ်းကို
အရင်ရွေးချယ်ရသည်။ထို့ကြောင့်နောက်
တန်းခံစစ်ဆီလျှောက်သည့်အခါ သူတို့ရဲ့ ​နောက်ကျောများသည်လွတ်လပ်ပေါ့ပါးနေ၏။

သူတို့ကွင်းထဲသို့မဝင်ရသေးခင် ကစားသမား
များကိုကြည့်ပြီး ကျန်ချန်စကားစလိုက်သည်။
"ဘောလုံးကို ကုဖေးဖမ်းလိမ့်မယ်။"

"အိုကေ,ကျားယုံ။"
ဝမ်ရွှီကရှေ့မှဦးဆောင်ပြီးအော်ဟစ်သည့်အခါ
ကျန်သည့် ကစားသမားတွေကလည်း အပေါ်
ထပ်အနွေးထည်ကို ချွတ်ပြီး သူနှင့်အတူလိုက်ပြီး သံပြိုင်အော်ကြသည်။
"ကျားယုံ!။"

လူတိုင်းသည်ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်
နေ၏။ပရိတ်သတ်ကိုကျန်ချန် လှည့်မကြည့်မိသော်လည်း၊ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုက
ရှောင်လွဲလို့မရနိုင်မှန်းသိသည်။ သူ ကွင်းထဲ
မှာရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကွင်းပတ်
ပတ်လည်ကတဖြတ်ဖြတ်လတ်နေသည့် ဖုန်းကင်မရာ မီးရောင်နှင့် ' ကျားယုံ!ကျားယုံ' ဆို
ပြီးအော်ဟစ်အားပေးသံနှင့်ပြည့်သွားသည်။
သူတို့အသံကြောင့် ကျန်ချန် အလွန်အမင်း
စိတ်လှုပ်ရှားလာ၏။

တန်းခွဲ ၂မှဘောလုံးဖမ်းမည့်သူသည် ကုဖေး
နှင့်အရပ်အမြင့်အတူတူဖြစ်၏။ပြီးခဲ့တဲ့တစ်
ခေါက်ပြိုင်ပွဲတွင် ထိုတစ်ယောက်ကစားပုံကို
ကျန်ချန်မြင်ဖူးသည်။ သူ့ရဲ့အမြင့်ခုန်နိုင်စွမ်း
အတော်ကောင်းမွန်သည်။နှမြောစရာအချက်က...တန်းခွဲ ၈တွင်ထိုသူနှင့်နှိုင်းယှဉ်လို့ရမည့်
သူ တစ်ယောက်မှမရှိခြင်းဖြစ်၏။

ဒိုင်လူကြီးသည်ဘောလုံးကို ပစ်လိုက်သည်နှင့်
နှံကောင်ရဲ့အမြင့်ခုန်နိုင်စွမ်းကကုဖေးထက်ကို
ကျော်လွန်ပြီး၊ ထိုသူရဲ့ လက်ဖဝါးတစ်ခုလုံးက ဘောလုံးကို ဟီဇောင်ဆီ အောင်အောင်မြင်မြင်
ပုတ်ထုတ်လိုက်သည်။

ဘောလုံးအား ကြားဖြတ်လုယူနိုင်လိမ့်မည်လို့
ကျန်ချန်တွေးထားခဲ့တာဖြစ်သော်လည်းဘော
လုံးအားရတော့မည့်အချိန်တွင် ဟီဇောင်သည်
အရှေ့သို့ပြေးလာပြီး ဘောလုံးပုတ်ထုတ်လိုက်
၏။

ထိုအချိန် အလယ်လိုင်းမျဉ်းမှထွက်ပြေးလာ
သည့် နှံကောင်က ဘောလုံးကို အောင်မြင်စွာ
ဖမ်းလိုက်နိုင်သည်။

ကျန်ချန်စိတ်ထဲမှဖာခ့်ဟု တိတ်တိတ်လေး
ကျိန်ဆဲလိုက်သည်။ သူ နှင့် ကုဖေးတို့ တစ်
ယောက်နှင့်တစ်ယောက်အကြည့်ဖလှယ်ပြီး
သည့်နောက်တွင် ကုဖေးက ဘောလုံး လက်
ဝယ်ပိုင်ဆိုင်ထားသည့်နှံကောင်ဆီသုတ်ခြေ
တင်ပြေးသွား၏။

ကျန်ချန်ကသူတို့နောက်လိုက်မသွားပေ။ထို
အစားသူသည်ဟီဇောင်နောက်သို့ထက်ကြပ်
မခွာလိုက်နေခဲ့သည်။တစ်ယောက်ကနောက်
ထပ်တစ်ကြိမ်ဟီဇောင်ဘောလုံးရသွားမှာကို
တားမည်ဖြစ်ပြီး၊ကျန်တစ်ယောက်က ဘယ်
လောက်ထိ အပြေးမြန်သလဲဆိုတာတွေ့မြင်
ရမှာဖြစ်သည်။

တန်းခွဲ၂ရဲ့နောက်တန်းခံစစ်သည်အချိတ်
အဆက်ကျွမ်းကျင်ပိုင်နိုင်စွာ ကစားသည်။
ကုဖေးအပြေးလိုက်သွားသည့် နှံကောင်က ရုတ်တရက်ဘောလုံးအား  Jump ball ပစ်
လိုက်၏။

အော်ဟစ်အားပေးသံများအလယ်တွင် ကုဖေး
သည်ထိုနှံကောင်အတိုင်းခုန်လိုက်သည်။ ကျန်
ချန်ရဲ့နှလုံးသားကတဒိန်းဒိန်းခုန်လာ၏။ထိုကဲ့
သို့ကိုယ်ဟန်အနေအထားသည် အမှားအယွင်း
ဖြစ်ရန်မလွယ်ပေမယ့်၊ ကုဖေး နည်းနည်းလေး အတိမ်းအစောင်း ဖြစ်သွားလျှင် ထိုနှံကောင်ရဲ့ လက်ပြန်နှင့် ရိုက်မိနိုင်သည်။

ယခုတစ်ကြိမ်တွင် နှံကောင်ရဲ့အမြင့်ခုန်နိုင်
စွမ်းအားပျော့သွားတာကြောင့် ကုဖေးသည်
သူ့ကိုတားလိုက်နိုင်၏။

အာမင်!!

ကျန်ချန်သည်ဟီဇောင်ကိုထားခဲ့ပြီး ကုဖေးရဲ့
ဘယ်ဘက်သို့ပြေးသွားလိုက်၏။

နှံကောင်ရဲ့အနောက်မှအရှိန်ပြင်းပြင်းခုန်တက်
လာသည့်ကုဖေးကချောချောမွေ့မွေ့ပင် ဘော
လုံးအားဘယ်လက်နှင့်ပုတ်ထုတ်လိုက်သည်။

စိတ်လှုပ်ရှားစွာအော်ဟစ်​နေသည့်ပရိတ်သတ်အသံလှိုင်းများအလယ်တွင်ကျန်ချန်က ခုန်ပြီး
ထိုဘောလုံးကိုဖမ်းလိုက်၏။
"ဝမ်ရွှီ။"

အလယ်မျဉ်းပေါ်မှာရောက်နေသည့်ဝမ်ရွှီက
သူ့အော်သံကြားသည့်အခါ ချက်ချင်း လှည့်
ကြည့်ပြီးပြန်ပြေးလာသည်။

ကျန်ချန်က ဘောလုံးကိုတပုတ်ပုတ်နှင့် သယ်
ပြီး ခြေလှမ်းရွေ့နေချိန်တွင်ဟီဇောင်ကသူ့ဆီ
ပြေးလာနေတာကိုမျက်လုံးထောင့်မှမြင်လိုက်
ရသည်။ထို့ကြောင့် သူ ဘောလုံးကို မြှောက်ပြီး
ဝမ်ရွှီဆီ ပစ်ပေးလိုက်၏။

ခေါင်းဆောင်...ကြိုးစားထား...

အာမင်...အာမင်....အာမင်!

ဝမ်ရွှီသည်ပြေးနေရင်းနှင့်​လက်နှစ်ဖက်အား
မြှောက်ကာအမြင့်မြင့်ခုန်ပြီးတော့ ဘောလုံး
ကိုဖမ်းလိုက်နိုင်သည်။

လူအများအားပေးလာအောင်ရှေ့ကဦးဆောင်ပြီး အားပေးနေကြသည့်တန်းခွဲ (၈)က အတန်းဖော်များသည် 'ကျားယုံ...ကျားယုံ ..ကျားယုံ...'
အော်ဟစ်အားပေးနေရာမှ 'အား........' ဆိုပြီး
စီကနဲညံအောင် အော်ဟစ်ခုန်ပေါက်လာ၏။

တန်းခွဲ ၂မှကစားသမားများသည် နောက်တန်း
ခံစစ်သို့ လျှင်မြန်စွာ ပြေးသွားပေမယ့် ဝမ်ရွှီက အချိန်အကျိုးရှိရှိအသုံးချနိုင်ခဲ့သည်။သူသည် တစ်ဖက်အသင်းရဲ့ဘက်စကတ်ဘောခြင်းတိုင်
နားရောက်သွားပြီး တစ်သင်းနှင့်တစ်သင်းအသေအကျေတိုက်ပွဲဝင်မည့်အချိန်ဖြစ်သည်၊
အကယ်၍သူသည်ချက်ချင်းဘောလုံးပစ်သွင်းနိုင်ခဲ့လျှင် ဘောလုံးသည်အရှိန်ပြင်းပြင်းနှင့် ပျံထွက်ပြီးခြင်းထဲကျသွားလိမ့်မည်။

သို့သော် ဝမ်ရွှီသည်ဘောလုံးပစ်ဖို့တုံ့ဆိုင်းနေ
ခဲ့ပြီး သုံးမှတ်တန်လိုင်းတွင်ပြေးလွှားနေသည့်
ကုဖေးဆီသို့နောက်ပြန်လှည့်ကြည့်ပြီးပစ်ပေး
လိုက်သည်။

ကုဖေးသည်တစ်ဖက်အသင်းမှကစားသမားရဲ့
အတားအဆီးများကြားမှရုန်းထွက်နေတာထင်
ရှားသည်။ထိုကြောင့် ဝမ်ရွှီက ရုတ်တရက်ကြီး
သူ့ဆီဘောလုံး ပစ်ပေးလာသည့်အခါ သူသည် အနေအထားညှိဖို့အခွင့်အရေးမရှိ​ပေ။

သူသည်ဘောလုံးအားလက်နောက်ပြန်ဖမ်းနိုင်သော်လည်းတန်းခွဲ ၂မှ လက်မောင်းတွင်ခေါင်း
စည်းပတ်ထားသည့်ကစားသမားကသူ့ကိုတား
လာသည့်အခါ ဘောလုံးကို မြဲမြံစွာမဖမ်းထားနိုင်တော့ပေ။

ထိုသူသည်နောက်တန်းခံစစ်မှဘောလုံးသယ်
သွားပြီး သုံးမှတ်တန်လိုင်းမျဉ်းပေါ်မှာရောက်
နေသောဟီဇောင်ဆီပစ်လိုက်သည်။ထိုအချိန်
ဲတန်းခွဲ၈မှနောက်တန်းကစားသမားများက
ဟီဇောင့်အနားကပ်သွားဖို့အခွင့်အရေးမရပေ။

ပထမအကြိမ်ခြင်းထဲသို့ဝင်သွားတဲ့ဘောလုံး
ကဘေးစည်းမျဉ်းအပြင်မှအော်ဟစ်အားပေး
သံနှင့်လက်ခုပ်သံများယူဆောင်လာခဲ့သည်။

ကောရွှီကဘောလုံးကိုယူပြီးပစ်ပေးတော့မည့်
အချိန် ဝမ်ရွှီဆီ ကျန်ချန် ပြေးသွားလိုက်၏။
"ဒီပြိုင်ပွဲက ငါနဲ့ ကုဖေးကိုပဲအားကိုးလို့
မရဘူးခေါင်းဆောင်။ "

ဝမ်ရွှီကအသံတိတ်ခေါင်းညိတ်လာသည်။ သူ
လုပ်မိလိုက်သည့်အမှားကြောင့် သူမျက်နှာကတစ်ယောက်ယောက်သည်ဓားတစ်ချောင်းနှင့်
သူ့နှလုံးသားအားထိုးဆွပြီးအကြိမ်ကြိမ်လှည့်
ခံရသကဲ့သို့ရှုံ့မဲ့နေသည်ကို လူတိုင်း မြင်နေရ
သည်။ကျန်ချန် သူ့နောက်ကျောကို ပုတ်ပေး
လိုက်၏။
"အခုဘောလုံးကို မင်းပစ်လိုက်ရင် ဝင်ချင်
ဝင်နိုင်တယ်။"

"အင်း။"
ဝမ်ရွှီက ချက်ချင်းခေါင်းညိတ်ပြီး အမူအယာ
က နဂိုအတိုင်းပြန်ဖြစ်သွား၏။
"ငါလည်း အဲ့လိုတွေးမိတယ်။ "

ကောရွှီပစ်ပေးလာသည့် ဘောလုံးကို ကျန်ချန်
ဖမ်းမိပြီးသည်နှင့်နောက်ပြန်လှည့်ပြီး ဘောလုံး
ကို ပုတ်ကာပုတ်ကာသယ်ပြေးသွားတာမျိုးကို
မလုပ်တော့ပေ။ ထိုအစားသူက ဘယ်လက်ကို
သုံးပြီးဘေးသို့လက်ညွှန်ပြသည့်အခါ ဝမ်ရွှီက
အလယ်မျဉ်းပြေးသွားပြီးဘောလုံး ဖမ်းမိဖို့ရန်
အသင့်ပြင်၏။ကျန်ချန်က တစ်ဖက်အသင်းရဲ့
ဘက်စကတ်ဘောခြင်းတိုင်းနားသို့မပြေးသေး
ခင် ဘောလုံး ကိုင်ထားသည့် လက်ကို လှုပ်ရှားပြီးတစ်ဖက်အခြမ်းမှာရှိနေသည့်ကုဖေးဆီသို့ လှမ်းပစ်လိုက်သည်။

ဝမ်ရွှီရဲ့ IQသည်ဘောလုံးကစားနေရင်းဉာဏ်
ပြေးလာသည်။ကျန်ချန်က သူ့ကို ငါးစာအနေ
နှင့်အသုံးချလိုက်သော်လည်းသူကကြောင်အ
မသွား​ပေ။ထိုအစား သူကတစ်ဖက်အသင်းရဲ့
ခံစစ်ကိုဖိအားပေးရန် ဆက်ပြေးသွားသည်။

နှံကောင်သည်ကုဖေးနောက်မှာထပ်ကြပ်မခွာ
ကပ်လိုက်လာ၏။ ထို့ကြောင့် ကုဖေးက ဘော
လုံးကိုပုတ်ကာပုတ်ကာသယ်သွားရမည့်အစား
နေရာမှာရပ်မြဲအတိုင်း ရပ်နေပြီး ခန္ဓာကိုယ်ကို
တစ်ပတ်လှည့်လိုက်၏။ လုရှောင်းပင်းက  သူ့
ဆီမှဘောလုံးအား ဖမ်းဖို့ ပြေးလာသော်လည်း
သူသည်သုံးမှတ်တန်လိုင်းမျဉ်းမှာရောက်နေတဲ့
ကျန်ချန်ဆီလှမ်းပစ်လိုက်၏။

ကျန်ချန်ကဘောလုံးကိုဖမ်းမိသည့်အခါခေါင်း
စည်းလက်ပတ်နှင့်တစ်ယောက်ကကျန်ချန်ကို
တားလာ၏။ ကျန်ချန်သည် စိတ်ထဲတွင် သက်
ပြင်းအကြိမ်ကြိမ်ချမိ၏။တန်းခွဲ ၂က တစ်ချိန်
လုံးအနိုင်ရတဲ့အသင်းဖြစ်နေတာ မအံ့သြတော့
ချေ။ယခုကဲ့သို့အပြေးနှုန်းနှင့်သူတို့အားရှောင်း
တိမ်းဖို့မလွယ်ကူပေ။

သူသည်သုံးမှတ်တန်လိုင်းမျဉ်းဆီပြေးသွားပြီး ဘောလုံး ပစ်သွင်းဖို့ရန် ရည်ရွယ်ခဲ့သော်လည်း
အခွင့်အရေးမရပေ။သူ အံတင်းတင်းကြိတ်ပြီး
လိုင်းမျဉ်းကိုကြည့်လိုက်၏၊ထို့နောက် သုံးမှတ်
တန်လိုင်းမျဉ်းနှင့်တစ်မီတာမဝေးသည့်နေရာမှ
ဘောလုံးကို ဘတ်စကတ်ဘောခြင်းတိုင် ဘုတ်
ပြားဆီအရှိန်ပြင်းပြင်းလှမ်းပစ်လိုက်သည်။

လတ်တလောတွင်ကုဖေးရဲ့လမ်းကြောင်းကို တားဆီးထားသည့်သူတစ်ယောက်မျှမရှိပေ။
ထို့ကြောင့်ကုဖေးသ​ည်ဘုတ်ပြားမှကန်ထွက်
လာသည့်ဘောလုံးကိုဖမ်းမိပြီးခြင်းထဲသို့ပစ်
သွင်းဖို့အခွင့်အရေးများသည်။

ကုဖေးကခြင်းတိုင်နားပြေးသွားစဉ်ဘောလုံး
သည် ဘုတ်ပြားနှင့် ရိုက်မိပြီးပြန်ကျလာကာ
ခြင်းထဲတည့်တည့်မတ်မတ်ဝင်သွား၏။

"သောက်ကျိုးနည်း!"
ကျန်ချန်ကိုယ်တိုင်လည်းအံ့အားသင့်သွား၏။

ဘေးစည်းအပြင်မှသောင်းသောင်းဖြဖြ အော်
ဟစ်အားပေးသံများအလယ်တွင်ဝမ်ရွှီရဲ့
' ကျန်ချန်,မင်းသောက်ရမ်းမိုက်တယ်' ဆိုသည့်
အသံကိုကြားနေရသည်။

ကုဖေးသည်နှုတ်ခမ်းထောင့်စွန်းများပင့်တက်
သွားပြီးချိုမြိန်တဲ့အပြုံးတစ်ခုနှင့်သူ့ဆီသို့ပြေး
လာ၏။သူသည် သူ့ဆီသို့ပြေးလာနေရင်းလမ်းတစ်လျှောက် လက်ဖဝါးကိုဆန့်ထား၏။
"အာ,သုံးမှတ်တန် နတ်ဘုရား သောက်ရမ်း
မိုက်တယ်။"

ကျန်ချန်လည်းသူ့ဆီကိုပြေးသွားပြီးပခုံးချင်း
အရင်တိုက်ပြီးမှလက်ဖဝါးချင်းရိုက်high-five
လုပ်လိုက်သည်။
"ဒီအတိုင်းဆက်သွားရအောင်။ ညာစည်းမျဉ်း
ကနေ ပြေးလမ်းစည်းဆီသွားမယ်။"

"အင်း။"
ကုဖေးကထောက်ခံသံပြု၏။

ပြေးလမ်းစည်းမျဉ်းမှသုံးမှတ်တန်ဘောလုံးကို
ပစ်ခြင်းသည်လှည့်စားမှုသေးသေးလေးတစ်ခုဖြစ်သည်။သို့သော်တစ်ဖက်အသင်းရဲ့အလယ်
တိုက်စစ်နှင့် ဆန့်ကျင်စွာပင် နောက်တန်းခံစစ်
သည် အံဝင်ခွင်ကျမဖြစ်ဖို့လိုအပ်သည်။

တန်းခွဲ ၂သည်သူတို့ကစားခဲ့သည့်အသင်းတွေ
နှင့် မတူပေ ။ ကစားသမားတစ်ယောက်ချင်းစီ
တိုင်းရဲ့အရည်အချင်းက ညီမျှနေသည့် အပြင်
တစ်ယောက်စီတိုင်းသည် အသင်း တာဝန်အားကျေပွန်စွာဆောင်ရွက်နိုင်သည်။သူတို့ လက်မှ
ဘောလုံးဖြတ်လုဖို့ဆိုတာ ခက်ခဲသည့် စိန်ခေါ်မှု ဖြစ်၏။

ဟီဇောင်လက်ထဲမှ ဘောလုံးကိုဖြတ်လုဖို့ရန်
ကျန်ချန် နှစ်ကြိမ်တိတိကြိုးစားခဲ့သေးသည်။ သို့သော်, ဟီဇောင်သည်နှံကောင်ရဲ့ကာကွယ်
မှုအောက်မှနောက်ထပ်သုံးမှတ်တန်ဘောလုံး
အားပစ်လိုက်နိုင်၏။

"အရမ်း စိတ်မလှုပ်ရှားနဲ့။"
လောင်လုရဲ့အော်သံကအားပေးသံများကြားမှ
ဟိန်းထွက်လာ၏၊ဖိုင်နယ်ပွဲစဉ်ဖြစ်တာကြောင့်
မိုက်ခရိုဖုန်းအသုံးမပြုထားပေ။
"စိတ်ငြိမ်ငြိမ်ထားပြီး ကစား။တန်းခွဲ (၈)...
တန်းခွဲ (၈.)...တန်းခွဲ(၈) အချောဆုံး...
တန်းခွဲ (၈ ) အကောင်းဆုံး...."

ကျန်ချန်သည်ထိုနေရာသို့လှည့်တောင်မကြည့်
ဝံ့ပေ။လောင်လုကကြောက်ခမန်းလိလိ ဆောင်
ပုဒ်ကိုအမှန်တကယ်အော်ဟစ်အားပေးနေ၏။

တန်းခွဲ၂ရဲ့ဘောလုံးပစ်သွင်းမှုကကွင်းအတွင်း
အပြင်မှလူများစိတ်လှုပ်ရှားအောင်လုပ်နိုင်၏။ယကောရွှီအားကုန်သုံးပြီး ကျန်ချန်ဆီပစ်ပေး
လာသည့်ဘောလုံးကအံ့အားသင့်စေ၏။
အမြှောက်ဆန်ဘောလုံးအတိုင်းပင်...။

ကျန်ချန်သည်ဘောလုံးကို ဖမ်းပြီး နောက်ပြန်
လှည့်လိုက်သည်နှင့်ဟီဇောင်ကသူ့လမ်းကြော
ကိုပိတ်ရပ်သည်။

မြန်လိုက်တဲ့လှုပ်ရှားမှု....

ကျန်ချန်သည်နေရာမှာရပ်နေရင်းဘောလုံးကို
နှစ်ကြိမ်ပုတ်လိုက်သည်။ ထို့နောက် သူ့ရှေ့မှာ
ရှိသည့်ဟီဇောင်ရှေ့သို့အပြေးသွားသည့်အခါ
ဟီဇောင်ကဘောလုံးဖြတ်လုဖို့ကြိုးစားလာ၏
ကျန်ချန်ကဘောလုံးအားလက်မောင်းကြားမှာ
ပိုက်ပြီးခန္ဓာကိုယ်ကို နောက်သို့ ယိမ်းလိုက်ကာ
ဟီဇောင်နောက်မှာရှိနေသည့်ကုဖေးဆီဟီဇောင်
ရဲ့ခြေသလုံး ဘေးနားမှပစ်ပေးလိုက်သည်။

မြေစိုက်ဘောပစ်ပေးလာသည့်ဘောလုံးအား
ကုဖေးကကျွမ်းကျင်စွာဖမ်းပြီးတစ်ဖက်သင်း
ရဲ့ဘက်စကတ်ဘောခြင်းတိုင်ဆီသို့ တစ်ဟုန်
ထိုးပြေးသွားသည်။

သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုကြောင့်ကြောင်အ
နေသည့်ဟောင်ဇီအား ကျန်ချန်ရှောင်တိမ်းလိုက်
ပြီး၊ ညာဘက်အခြမ်းမှာ ရှိနေသည့်ပြေးလမ်းစည်းပေါ်ပြေးသွားလိုက်၏။

စည်းပေါ်တွင်သူကခြေလှမ်းကောင်းကောင်း
အခြေမချရသေးခင်မှာကုဖေးသည်သူ့ဆီသို့ ဘောလုံးပြန်ပစ်လာသည်။

ကျန်ချန်ရပ်နေသည့်နေရာသည်ဘက်စကတ်
ဘောခြင်းတိုင် ဘုတ်ပြားနှင့် တစ်တန်းတည်း ဖြစ်သည်။ တန်းခွဲ ၂ က ကစားသမားတွေက
လည်း three- two လိုင်းမျဉ်းနှစ်ခုအလယ်သို့ ကတိုက်ကရိုက်ပြန်ပြေးနေ၏။

သူ လိုချင်တဲ့အတိုင်းပဲ...ဟဟ!

သူ့အကြည့်များသည်ဘတ်စကတ်ဘောခြင်း
တိုင်ဆီမှာမြဲမြံပြီးခဏမျှတုံ့ဆိုင်းမနေတော့ပဲ
လက်နှစ်ဖက်ကိုမြှောက်ပြီးဘောလုံးကို ခြင်း
ထဲသို့လှမ်းပစ်လိုက်သည်။

သူ့နောက်မှာရှိသည့် ပရိတ်သတ်များ၏စိတ်
လှုပ်ရှားစွာအော်ဟစ်အားပေးသံတွေကဟိန်း
ထွက်လာသည်။ဘောလုံးသည်လမ်းကြောင်း
အတိုင်းပျံသန်းပြီး ခြင်းထဲသို့ဝင်သွားသည်။

"Good shot။"
ကျန်ချန် ခပ်တိုးတိုးအော်လိုက်၏။ထို့နောက်
သူ့လက်တစ်ဖက်ကို လေထဲမြှောက်ပြီး လက်
သီးလက်မောင်းတန်းပြီး ဖာ့ခ်ဟုရေရွတ်လိုက်
သည်။

အသင်းနှစ်သင်းလုံးတွင်ရှိသည့်သုံးမှတ်တန်ကစားသမားနှစ်ယောက်ကြောင့် ၊လူတိုင်းက
တိုက်ပွဲတေဝိညာဉ်များ နိုးကြားလာ၏။

ကစားပွဲရဲ့လက်ရှိအခြေအနေက ညီမျှနေပြီး
တန်းခွဲ၂ရဲ့အသင်းလိုက်ပူးပေါင်းဆောင်ရွက်
မှုနှင့်အရည်အချင်းကတန်းခွဲ၈ထက်သာလွန်
တာမှန်သော်လည်း သူတို့ကတစ်ကြိမ်တစ်ခါ
မှမရှုံးနိမ့်ခဲ့သကဲ့သို့  ချန်ပီယံဆုကို အခြားသူ
လက်သို့လွဲပြောင်းပေးချင်စိတ်မရှိပေ။

ထို့ကြောင့် တန်းခွဲ ၂မှကစားသမားများသည်
ဖိအားများ၏။ဆန့်ကျင်ဘက်အနေနှင့်တန်းခွဲ ၈ ကစားသမားတွေရဲ့ ကစားနည်းကစားဟန်သည်သက်တောင့်သက်သာရှိသည်။

သူတို့ က ယခုကစားပွဲတွင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်သည်ဖြစ်စေမြင်းနက်များဖြစ်၏။ထို့
ကြောင့် သူတို့သည်အလိုရှိတဲ့အတိုင်းလက်
မောင်းဖွင့်ဟပြီး ကစားနိုင်သည်။

လုရှောင်ပင်းကဲ့သို့စကားနည်းတဲ့သူကခွန်အား
တိုးစေသည့်ဆေးအားသောက်ထားတဲ့အတိုင်း
ကစားပွဲ တစ်လျှောက်လုံး အော်ဟစ် ပြေးလွှား
နေလျှက်ရှိသည်။တကယ်လို့သူကထိန်းချုပ်မှုကင်းလွတ်သွားလျှင်အတောင်ပံပေါက်ပျံသန်း
သွားလောက်ကြောင်း ကျန်ချန် ခံစားမိသည်။

အသင်းနှစ်သင်းသည်နားချိန်လည်း မတောင်း
ကြသကဲ့သို့လူစားလဲခြင်းလည်းမလုပ်ကြပေ။
နှစ်သင်းလုံးသည် ဆက်သွားနေပြီးအမှတ်များ
ပိုပြီးကောင်းမွန်လာ၏။

အမှတ်ကွာဟမှုသည်သိသိသာသာ ကြီးထွား
လာပြီး တန်းခွဲ ၈ကသာအနောက်မှအမှတ်မှီ
အောင်လိုက်နေသည့် အသင်းဖြစ်လာခဲ့၏။

ပထမပိုင်းပွဲကစားချိန်အဆုံးသတ်ဖို့သုံးမိနစ်
အလိုတွင်ကုဖေးက ပြိုင်ဘက်အသင်းကစား
သမားနှစ်ယောက်တားထားသည့်ကြားကနေ ဘောလုံးပစ်သွင်းလိုက်နိုင်ပြီးတစ်မှတ်တည်း
နှင့်ကစားပွဲခုံတစ်ခုလုံးပြောင်းလဲလိုက်၏။

ပရိသတ်များရဲ့သွေးရူးသွေးတန်း အော်ဟစ်
အားပေးသံများအလယ်တွင်တန်းခွဲ ၂က နား
ချိန်ပေးဖို့ တောင်းဆိုလာသည်။

ကျန်ချန်သည်ကစားသမားများအနားယူသည့်
နေရာသို့လျှောက်သွားချိန်ဟောကျိုးသည်သူ့
လမ်းကို ပိတ်ထား၏။
"မင်း ကျောင်းရဲ့ဘက်စကတ်ဘော အသင်းကို
ဝင်သင့်တယ်။"

" အမ်?"
သူ့စကားကြောင့် ကျန်ချန်နားဝေတိမ်တောင်
ဖြစ်သွား၏။

ဟောကျိုးကထပ်ပြောသည်။
"မင်း ကျောင်းရဲ့ဘက်စကတ်ဘော အသင်း
ကို ဝင်သင့်တယ်လို့။"

အချိန်အတော်ကြာမှ ကျန်ချန်စိတ်နှင့်လူနှင့်
ပြန်ကပ်သွား၏။
"မဟုတ်ဘူး။ခဏလေး,မင်းအခုအချိန်မှာ
ငါ့ကို ဒီလိုလာပြောလို့လည်းရလား?။"

"အစက ပြိုင်ပွဲပြီးမှမင်းကိုပြောဖို့ ရည်ရွယ်
ထားတာ။ဒါပေမယ့် ငါ နည်းနည်းစိတ်လှုပ်
ရှား နေလို့။"

ကျန်ချန်ပြန်ပြောလိုက်သည်။
"ကစားပွဲပြီးမှ ဆက်ပြောရအောင်။"

"ပြိုင်ပွဲပြီးသွားရင်နောက်တစ်ပွဲထပ် ကစား
မလား? မင်း ၊ ငါ ၊ ကုဖေး ၊ထန်ရှီးဝေ့၊ ဆုန်း
ရိ တစ်သင်းဖွဲ့ပြီးကစားမလား?။"

ကျန်ချန်တကယ်စဉ်းစားမရပေ။
"ဆုန်းရိက ဘယ်သူလဲ..?"

"ငါတို့အသင်းရဲ့center ။"
ဟောကျိုးသည် နှံကောင်ကို လက်ညိုးညွှန်
ပြလာသည်။
"ဘယ်လို သဘောရလဲ?။"

ကျန်ချန်သည်နှံကောင်အားကျန်ချန် အံသြ
တကြီးကြည့်လိုက်၏။သူ့မိဘများက ဘယ်
ရည်ရွယ်ချက် နှင့် သူ့ကို ထိုကဲ့သို့ နာမည်မျိုး
မှည့်ပေးခဲ့လဲဆိုတာ သူ နားမလည်နိုင်​ပေ။
နာမည်အား 'ဖန်းအန်း'လို့ရေးရတာသဘောကျ
သည့် ဖန်းကျိရဲ့နာမည် 
' ဖန်းအန်း နှင့် ဆုန်းရိ ' ကတရုတ်ပြည်သမိုင်း
ကြောင်းတွင်အချောဆုံးအခန့်ညားဆုံး
ယောက်ျားလေးယောက်ထဲမှနှစ်ယောက်ရဲ့
နာမည်များဖြစ်သည်။ထိုကြောင့် ဖန်းကျိနှင့်
ဆုန်းရိသည် သွေးသောက်ညီအစ်ကိုဖြစ်ဖို့ များသည်။

ကျန်ချန်ပြောလိုက်တယ်။
"ကစားပွဲပြီးမှ အဲ့ကိစ္စကိုဆက်ပြောမလား။
အခုပွဲကိုလေးလေးနက်နက်ကစားရအောင်။"

"ငါက အစတည်းကအလေးအနက်ထားတယ်။
ကောင်းပြီ။"
ဟောကျိုးက သူ့ပခုံးကို ပုတ်၏။
"ပြိင်ပွဲကိုပဲအရင်ပြီးအောင်ကစားတာပေါ့။"

သူ့ပခုံးပေါ်မှာရှိသည့် ဟောကျိုးရဲ့လက်ကို
ပုတ်မထုတ်မိအောင်ကျန်ချန်အံကြိတ်လိုက်
သည်။

ကုဖေးကဘေးစည်းမှာဆောင့်ကြောင့်ထိုင်နေ
တာဖြစ်ပြီးသူပြေးလာသည်ကိုမြင်သည့်အခါ
မတ်တပ်ထရပ်လာသည်။
" သူ မင်းကို ဘာလာပြောသွားတာလဲ?။"

"ငါ့ကို ကျောင်းရဲ့ဘက်စကတ်ဘော အသင်း
ဝင်သင့်တယ်လို့ပြောတယ်။ပြီးတော့ကစားပွဲ
ပြီးရင် နောက်တစ်ပွဲထပ်ဆော့မလားတဲ့။"

ကုဖေးက ရယ်သည်။
" ဟမ်,သူကအဲ့လောက်တောင်စိတ်လှုပ်ရှား
နေတာလား။ဒါမျိုးကဖြစ်မှာပဲ။သူက အမြဲ
တမ်းအဲ့ဒီလိုပဲလေ။"

"သူလည်း ကျောင်းရဲ့ဘက်စကတ်ဘော
အသင်းကလား?။"

ကုဖေးကပြောလာသည်။
"အင်း ။သူကအသင်းခေါင်းဆောင်။အရင်က
မင်းလိုပေါ့။"

ကျန်ချန် သူ့ကိုကြည့်လိုက်၏။

"အချိန်တိုင်း ဘောလုံးနောက်ကိုအဖွဲ့လိုက်
ပြေးလိုက်မနေနဲ့။"
လီယန်က ကင်မရာကို ကိုင်ထား၏။
"လူချင်းခွဲထားမယ်။ပြေးတဲ့အခါ ကိုယ့်ကိုယ်
တိုင် နဲ့ပြိုင်ဘက်ကိုပဲကြည့်နေလို့မရဘူး။မင်း
တို့အသင်းဖော် ဘယ်နေရာမှာ ရှိလဲဆိုတာကို
လည်းကြည့်ရမယ်။ ကိုယ်တိုင် ဘောလုံး ဖမ်း
သင့်ရင်လည်း ဖမ်းရမယ်။"

"အင်း။"
လူတိုင်းက ခေါင်းညိတ်သည်။

"တစ်ယောက်ကအဝိုင်းခံထားရရင်လည်း
အဲ့နေရာကိုသွားဖို့ ဘောလုံးလက်ခံမယ့်သူ
တစ်ယောက်ဆိုလုံလောက်တယ်။အုပ်စုလိုက်
ပြေးသွားစရာမလိုဘူး။"
လီယန်က ကောရွှီကို လက်ညိုးထိုး၏။
"တစ်ယောက်ယောက်ကဘောလုံးရထားရင်
မင်းကတစ်ခြားနေရာကိုပတ်ပြေး၊ ဘောလုံး
ဖမ်းဖို့အတွက်အသင့်ပြင်ထား။"

"အိုကေ။"
ကောရွှီ ခေါင်းညိတ်လာသည်။

"ပြီးတော့,မင်းတို့ နှစ်ယောက်။"
လီယန်ကကုဖေးနှင့်ကျန်ချန်တို့နှစ်ယောက်ကို
ကြည့်လာပြီးအချိန်အကြာကြီးစဉ်းစားနေ၏။
သူက ဘာပြောရမှန်းမသိပုံပေါ်သည်။
"မင်းတို့နှစ်ယောက်က ရုပ်ချောတာကို
ဆက်ပြီးထိန်းထား။"

"ယန်ကော။"
ဝမ်ရွှီက လီယန်လက်ထဲမှကင်မရာကို ကြည့်
လာသည်။
"အစ်ကို ကျွန်တော်တို့ပုံအများကြီးရိုက်
ထားတယ်မလား။ဟုတ်တယ်မလား?။"

လီယန်က သူ့ကို လှည့်ကြည့်လိုက်၏။
"စိတ်မပူနဲ့။မင်းကိုရိုက်ထားတဲ့ ပုံက album
တစ်ချပ်စာလောက်ရှိတယ်။တစ်လလုံးတစ်
နေ့ကို သုံးပုံ ကြည့်သွားလို့ရတယ်။ တစ်ပုံမှ
မထပ်ဘူး။"

"အာ,ကျွန်တော်က အသင်းခေါင်းဆောင်။ကျွန်
တော့်ကိုပဲရိုက်ပေးစရာမလိုပါဘူး။ ကုဖေးရဲ့ပုံ
လည်း ရိုက်။ကျန်ချန်ရဲ့ပုံရော။ အာ...ပြီးတော့ အသင်းဖော်တွေရဲ့ပုံလည်း ရိုက်ပေး...။"

လီယန်ကသူ့စကားကို ဖြတ်ပြော၏။
"မင်းရဲ့ IQ အားလုံးကိုဘတ်စကတ်ဘောခြင်း
တောင်းထဲမှာလွှင့်ပစ်ခဲ့တာလား?။"

ကျန်ချန်သည်သူတို့ကိုအားကြည့်ပြီး ရယ်ရယ်
မောမောနှင့် ကုဖေး ဘက်သို့ ပြန်လှည့်ချိန်တွင်
ရီကျင်းသည်ရေသန့်ဗူးကိုင်ထားပြီး ကုဖေး ရဲ့
နောက်မှာမတ်တပ်ရပ်နေတာ မြင်လိုက်သည်။
ကုဖေးအား ပြောမလို့လုပ်တုန်းပင် သူမသည်
ရေသန့်ဘူးကို ကမ်းပေးလာ၏။
"နင် ယူထားမလား။"

"ကျေးဇူး။ "
ကျန်ချန်သည်သူမဆီကရေဘူးကိုယူပြီး
ရေမော့သောက်ရင်း ကုဖေးရဲ့  ညှပ်ရိုးကို
လှမ်းကြည့်လိုက်၏။

ကုဖေးရဲ့ဒဏ်ရာအခြေအနေကိုမသိရသေး​ပေ။ပြင်းထန်သည့်ကစားပွဲအပြီးတွင် ပျ​က်ယွင်းနေ
သည့် ကုဖေးရဲ့ ကော်လံအောက်မှ ပတ်တီးအနား
စကိုလှမ်းမြင်ရ၏။ ပတ်တီးကျဲသည် သွေးများ
ထင်းနေ၏။

"ချီးပဲ။"
သူမျက်နှာပျက်သွားပြီးအရှေ့သို့တိုးသွားကာ
ကုဖေးရဲ့ကော်လံကိုဆွဲဖွင့်ပြီး အတွင်းဒဏ်ရာ
အားကြည့်လိုက်သည်။သွေးထွက်သည့်ပမာဏအများကြီး မဟုတ်သော်ငြားလည်း သွေးထွက်
နေဆဲဖြစ်၏။
"မင်း...."

သူစကားဆုံးအောင်မပြောရသေးခင်ဘေးစည်းအပြင်မှမိန်းကလေးများကငယ်သံပါအောင်အော်ဟစ်လာကြသည်။

ကျန်ချန်သည်အသိပြန်ဝင်လာပြီး လက်ကို ဖျတ်
ခနဲလွတ်လိုက်ပြီး ခြေလှမ်းများ ဆုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲ?။ "
ဝမ်ရွှီကတစ်ဖက်ကရုတ်ရုတ်သဲသဲအသံများ
ကြားပြီးသူတို့ဆီပြေးလာပြီးကုဖေးရဲ့အကျီ
ကော်လံကို ဖြဲရွဲကြည့်၏။
"Fuck။"

မိန်းကလေးများသည်စီကနဲမြည်အောင် အော်
ဟစ်ပြီးနောက်တွင်တခစ်ခစ်ရယ်သံများထွက်
လာသည်။

လီယန်က ဝမ်ရွှီကိုအဝေးခေါ်သွား၏။
"ကွင်းထဲပြန်ဝင်တော့။ "

ကျန်ချန်ကလက်ထဲမှာကိုင်ထားသော ရေဘူး
ကိုချပြီး ကွင်းထဲပြန်ဝင်လာသည့် အချိန်တွင်
သူ့နောက်ကျောကို ပြင်းပြင်းပြပြ စိုက်ကြည့်
နေသည့်မျက်လုံးများကြောင့်သူခန္ဓာကိုယ်က
ပူထူပြီး စိတ်မသက်မသာ ဖြစ်လာ၏။

ကုဖေးနှင့်နီးသွားလျှင် ပွတ်သီးပွတ်သပ် လုပ်
ချင်သည့်သူ့စိတ်ဆန္ဒကို သူအမှန်တကယ်ပင် ထိန်းချုပ်နိုင်စွမ်းမရှိပေ။ယခုကဲ့သို့ နေရာမျိုး
တွင် သူ့လှုပ်ရှားမှုသေးသေးလေးပင်  အကျိုး
ရလဒ်အနေနှင့် သူ့ဘေးပတ်ပတ်လည်လူအုပ်
အားအုံကြွသွားစေသည်။သူတကယ်လန့်ဖျပ်
သွား၏။

အချိန်အတော်ကြာသည်အထိ သူ စိတ်သက်
တောင့်သက်သာမဖြစ်သေးပေ။ သူတို့ အာရုံ
များကို သူ့ဆီမှဝမ်ရွှီဆီလွဲပြောင်းပေးသည့်
မိုးကောင်ကင်ကိုပင်ကျေးဇူးတင်မိသည်။

ပြီးတော့ သူ့ကို ရူးသွပ်သည့်အော်သံများ
ကြားမှကယ်တင်ပေးသည့် ဝမ်ရွှီကိုလည်း ကျေးဇူးတင်သည်။

ကုဖေးက သူ့ဘေးသို့ ရောက်လာ၏။
"ဒဏ်ရာက အဆင်ပြေတယ်။"

ကျန်ချန်မေးလိုက်တယ်။
"အနာက ပြဲသွားတာလား? "

"ဟုတ်တယ်ထင်တယ်။ ငါ သတိမထားမိ
လိုက်ဘူး။ "

ကျန်ချန် သက်ပြင်းချလိုက်၏။
"ဉာဏ်မရှိတဲ့အဆောက်အဦးခုန်ပျံကျော်လွှား
တဲ့အပေါ်မှာ ဒီဒဏ်ရာကအကျိုးသက်ရောက်
မှု ရှိနိုင်လား?။"

"နည်းနည်းသက်ရောက်မှုရှိတယ်။ဒါပေမယ့်
ငါဒဏ်ရာမရမချင်းဟို့ဇီကငါ့ကိုအလွတ်ပေး
မှာမဟုတ်ဘူး။ "

ကျန်ချန် သူ့ကို စိုက်ကြည့်လိုက်သည်။

ကုဖေးသည် အလယ်လိုင်းမျဉ်းသို့ ဖြည်းဖြည်း
လေးပြေးသွားနေရာမှသူ့ကိုနောက်လှည့်ကြည့်လာ၏။ထို့နောက် သူက တည်ကြည် လေးနက်
သောအမူအယာနှင့် တန်းခွဲ ၂ ရဲ့ ဘတ်စကတ်
ဘောခြင်းတိုင်ဆီလက်ညိုးထိုးလိုက်၏။
"ချန်ကော, သူတို့ကို အသေရိုက်သတ်စမ်း။"

"Fuck။"
ကျန်ချန် အသံထွက်​ရယ်လိုက်သည်။သူလည်း
ကုဖေးအတိုင်းတစ်ဖက်အသင်းကိုလက်ညှိုး
ထိုးလိုက်၏။
"သူတို့ကို အသေရိုက်သတ်စမ်း။"

........

အလုပ်နည်းနည်းများနေလို့ပါ။
ကျန်တဲ့သုံးပိုင်းကိုနောက်မှတင်ပေးပါ့မယ်နော်

Continue Reading

You'll Also Like

8.7K 666 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင်းစာ​ရေးသူ၏ ခွင့်​ပြုချက်​ဖြင့်​ ဘ...
156K 5.7K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
783K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
1.1M 99.6K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...