ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 51(zawgyi)

3.5K 410 47
By melieee2


Chapter 51;

လူနှစ်ယောက်သည်ဆိုင်ထဲမှာ တိတ်ဆိတ်စွာ
ထိုင်နေလျှက်ရှိ၏။ ကုဖေးသည် ဘာစဉ်းစား
နေမှန်းကျန်ချန်မပြောနိုင်ပေမယ့်သေချာတာ
တစ်ခုမှာထိုသူကစဉ်းစားနေတာမဟုတ်ပဲ၊သူ့
စကားကြောင့်မှင်သက်သွားတာဖြစ်နိုင်သည်။ထို့အတူ,သူ့စိတ်သည်အလွန်လှုပ်ရှားနေ၏။

အချိန်အားဖြင့်ညကိုးနာရီကျော်လာသောအခါ
ကုဖေးကမတ်တပ်ထရပ်သည်။
"သွားရအောင်။ငါ မင်းကို အိမ်ပြန်လိုက်ပို့ဖို့
လိုအပ်လား?။ "

"အိုး,"
ကျန်ချန်လည်းမတ်တပ်ရပ်လိုက်၏။
"ငါ့ကိုပြန်လိုက်ပို့မယ်?။မင်းက ငါ့ကိုဘာလို့
ပြန်လိုက်ပို့ဖို့ လိုအပ်မှာလဲ?။"

"အာ, မင်းလမ်းပျောက်နေမှာဆိုးလို့။"

"ဖာ့ခ်!"
ကျန်ချန်အသံထွက်ရယ်လိုက်၏။
"ငါ အခုမျက်လုံးမှိတ်ပြီးတောင် အိမ်ပြန်
တတ်တယ်။"

ကုဖေးသည်အနွေးအင်္ကျီကိုဝတ်၏။
"အိုး,ဟုတ်လား?။မင်းကအရမ်း အံ့သြစရာ
ကောင်းတာပဲ။"

"ငါကအမြဲအံ့သြစရာကောင်းတယ်။"
ကျန်ချန် သူ့နောက်မှလိုက်ပြီးဆိုင်အပြင်သို့
ထွက်လာခဲ့သည်။

ကုဖေးရဲ့အိမ်ကသူ့ငှားထားသည့်အဆောက်
အဦးနှင့်တစ်လမ်းတည်းဖြစ်၏။ သူတို့သည်
လမ်းဆုံကိုဖြတ်လာပြီးလျှင်ကုဖေးရဲ့အိမ်ကို
အရင်ရောက်မှာဖြစ်ပြီးသူကနည်းနည်းဆက်
သွားရမည်ဖြစ်သည်။

သူတို့နှစ်​ယောက်သည် လမ်းတစ်လျှောက်လုံးတိတ်ဆိတ်စွာစက်ဘီးနင်းခဲ့သည်။ကျန်ချန်ကအကြောင်းတစ်ခုခုပြောချင်​သည့်တိုင်ဘယ်က
စပြောရမှန်းမသိတာကြောင့်သူ့ရှေ့တည့်တည့်
မှလမ်းကိုအားစိုက်ကြည့်​နေ၏။

လမ်းဆုံကျော်လာပြီးနောက်ကုဖေးရဲ့အိမ်နား
သို့ရောက်သည့်တိုင်အောင် ကုဖေးကစက်ဘီး
မကွေ့သွားချေ။ယခုအချိန်ကထိုသို့ထုတ်မေး
ရမည့်အချိန်မဟုတ်မှန်း ကျန်ချန်နားလည်၏။
သူငှားနေသည့်တိုက်ရှေ့မရောက်ခင် စက်ဘီး
အားမရပ်ခဲ့ချေ။

ကျန်ချန်မေးလိုက်တယ်။
"မင်း မနက်ဖြန်ကျောင်းလာမှာမလား?။"

"လာမှာ။ခေါင်ဆောင်ဝမ်ကမနက်ဖြန်နေ့လည်အစမ်းလေ့ကျင့်မှာမလား?။"

"မင်းရဲ့ဒဏ်ရာက,"
ကျန်ချန် သူ့ကိုကြည့်လိုက်၏။
"ငါတို့မနက်ဖြန် တန်းခွဲ( ၂)နဲ့ ကစားတဲ့အချိန်
အဆင်ပြေပါ့မလား?။"

"စိတ်မပူနဲ့။"
ကုဖေးကခါးနားမှဒဏ်ရာကိုအသာပုတ်ပြ
လာသည်။
"ဘာသက်ရောက်မှုမှမရှိစေရဘူး။ပြီးတော့
တန်းခွဲ (၂)ကစားသမားတွေကစည်းရှိတယ်။"

ကျန်ချန် ခေါင်းညိတ်လိုက်သည်။
"အင်း။"

သူတို့ရဲ့စကားဝိုင်းသည်အဆုံးသတ်သွားသော်
လည်းနှစ်ယောက်သည်မလှုပ်ရှားကြသေးပေ။
ကျန်ချန်ကလျှောက်လမ်းအတွင်းစက်ဘီးအား
တွန်းပြီးမဝင်သေးသကဲ့သို့ကုဖေးသည်နောက်
လှည့်၍မထွက်သွားသေးပေ။

သူတို့နှစ်ယောက်ကြားမှတိတ်ဆိတ်မှုကိုဖြိုခွဲ
ဖို့ကျန်ချန်လည်ချောင်းရှင်းလိုက်၏။
"ဒါဆို...ငါသွားတော့မယ်။"

"အင်း။"

သူတို့သည်အကြည့်ချင်းဆုံသွားပေမယ့်၊လှုပ်
ရှားမည့်အရိပ်အယောင်မရှိသေးပေ။သူတို့က
စက်ဘီးပေါ်မှာခွလျှက်ရှိနေပြီးမြေကြီးပေါ်မှာ အားပြုထောက်ထားသည့်ခြေထောက်များက
ကော်နှင့်ကပ်ထားသကဲ့သို့ပင်။

အချိန်အနည်းငယ်ကုန်သွားသည့်အခါ ကုဖေး
ကစကားစပြောလာသည်။
"အရင်ဝင်တော့။ငါလည်းအခုပြန်တော့မှာ။"

"အိုး,"
ကျန်ချန်စက်ဘီးပေါ်မှဆင်းလိုက်၏။
"​ကောင်းသောညပါ။"

ကုဖေးကပြန်ပြောလာသည်။
"အင်း, ကောင်းသောညပါ။ "

ကျန်ချန်သည်စက်ဘီးကိုလျှောက်လမ်းထဲသို့
တွန်းလာပြီးသော့ခတ်ပြီးနောက်ပြန်လှည့်လာ
လျှင်ကုဖေးကနေရာမှာရပ်​နေ​သေး၏။ကုဖေး
သည်သူပြန်လှည့်လာတာမြင်သည့်အခါလက်
ဝှေ့ယမ်းလာ၏။ထို့နောက် သူကစက်ဘီးလက်
ကိုင်ကိုလှည့်ပြီးထွက်သွားခဲ့သည်။

ကျန်ချန်သည် အခန်းဆီ ပြန်ရောက်သည့်အခါ
စားပွဲရှေ့မှာထိုင်ပြီးယနေ့ပေးသည့်သင်ခန်းစာ
များမလုပ်ခင်ရေအရင်ချိုး၏။မမျှော်လင့်စရာကောင်းအောင် သူ စာကြည့်စားပွဲရှေ့မှာအချိန်အတန်ကြာထိုင်၍ သင်ခန်းစာများကြည့်နေပေ
မယ့်ဘာမှနားမလည်ပေ။

သူ့ဦးနှောက်သည်နေ့လည်မှညနေအထိစိုးရိမ်
စိတ်များကိုစားသုံးလိုက်သောကြောင့်ထင်၏၊
သူ့ဦးနှောက်သည်သုံးစားမရသည့် အမှိုက်များ
နှင့်ပြည့်နေပြီး သင်ခန်းစာအချက်အလက်များ
ထည့်သွင်းဖို့အခန်းသေးသေးပင်မကျန်တော့။

အချိန်ဆယ်မိနစ်ယူပြီးသူ့ကိုယ်သူစိတ်ငြိမ်အောင်
အရင်လုပ်ပြီးမှသင်ခန်းစာများကိုစတင်လေ့လာခဲ့သည်။

သူ့ဖုန်းသည်ရုတ်တရက်အသံမြည်လာ၏။
ဖန်းကျိမှသူ့ဆီစာပို့လာသည်။
-ငါမင်းဆီပို့မယ့်ပစ္စည်းတွေကိုဘယ်လိပ်စာ
ပို့လိုက်ရမလဲ။မင်းရဲ့လိပ်စာကပြောင်းသွား
ပြီမလား။မင်းအခုနေတဲ့အဆောင်ကအရမ်းဝေးလား?။

-မဝေးဘူး။ငါ့ဆီပစ္စည်းပို့မယ့်သူရဲ့ဖုန်းနံပါတ်
ပို့လိုက်။

ဖန်းကျိက သူ့ဆီဖုန်းနံပါတ်ပို့လာသည်။

ပစ္စည်းပို့သမားရဲ့ဖုန်းနံပါတ်ကို ကျန်ချန်ကြည့်လိုက်၏။သူတို့အားအိမ်တံခါးအထိ ဝန်ဆောင်
မှုမလိုကြောင်း သူကိုယ်တိုင်ပစ္စည်းများလာယူ
မည့်အကြောင်းပြောဖို့ရည်ရွယ်ထားသည်။ သူ
လီပေါင်ကော်တို့အိမ်လမ်းကြားသို့နောက် တစ်
ကြိမ်မသွားချင်​။လီပေါင်ကော်က သူ့အားတွန်း
ထုတ်ခဲ့တာကြောင့်၊ ထိုလူနှင့်ဆက်မပတ်သက်
ချင်​ပေ။

-ပြီးတော့ USBထည့်ပေးလိုက်တယ်။ ဒီစာသင်
နှစ်မှာဆရာတွေသင်ထားတဲ့သင်ရိုးအားလုံးကို ကော်ပီကူးထားတယ်။ကြည့်လိုက်ဦး။သူတို့က
မင်းအတွက်အသုံးဝင်မှာပါ။

ဖန်းကျိပို့လာသည့်မက်ဆေ့ခ်ျအားကျန်ချန်
စိုက်ကြည့်မိသည်။အကယ်၍ ဖန်းကျိသည်
သူ့ဘေးမှာရှိလျှင် သူချက်ချင်းမတ်တပ်ရပ်
ပြီး၊သားသမီးဝတ္တရားကျေပွန်သော​ကြောင့်
ထိုကောင်စုတ်လေးကိုဖက်ထားနိုင်၏။

သူ ဖုန်းကိုမြှောက်ပြီးလက်မထောင်ထားသည့် selfieတစ်ပုံရိုက်လိုက်သည်။ထို့နောက်ဓာတ်ပုံ
နည်းနည်းပြုပြင်ပြီးဖန်းကျိဆီပို့လိုက်၏။

သူအချိန်အတန်ကြာစောင့်နေသည့်တိုင်အောင်
ဖန်းကျိကသူ့ဆီသို့စာမပြန်သေးပေ၊ထို့ကြောင့်
ဖုန်းကိုအဝေးမှာထားလိုက်၏။သူ့ ဦးနှောက်မှာ အခန်းလွတ်ရလာသောကြောင့်၊စာကြည့်စားပွဲ
ရှေ့တွင်ထိုင်ပြီးကျောင်းအိမ်စာများစတင်လုပ်
ခဲ့သည်။

စီကျုံးကျောင်းမှပေးသည့်အိမ်စာကမများပေ
သူ့ရဲ့အိပ်ချိန်မနှောင့်နှေးစေရန် အိမ်စာများကို
ကြိုလုပ်ခဲ့သည်။သို့သော်သူ့အတွက်အိမ်စာကလွယ်၏သူကဖန်းကျိရဲ့အိမ်စာများကိုနေ့တိုင်း
ကော်ပီပို့ခိုင်းရင်ကောင်းမလားလို့တွေးမိလိုက်
သည်။

သူအိမ်စာလုပ်တာတစ်နာရီပြည့်မည့်အချိန်
ဖုန်းမှအသံမြည်လာ၏။သူ့ဆီ စာတစ်စောင်
ဝင်လာတာဖြစ်သည်။

သူ ဖုန်းလှမ်းယူပြီးတစ်ချက်ကြည့်၏။
-မင်းပို့တဲ့selfieပုံက'မင်းရဲ့ချောမောမှုအတွက်ဘုရားသခင်ကိုကျေးဇူးတင်သင့်တယ်'။
ပြီးခဲ့တဲ့နှစ်ရက်ကငါရိုက်ထားတဲ့မင်းရဲ့ပုံတွေ
ကိုပို့ပေးလိုက်မယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး
selfie ပုံထပ်မရိုက်ပါနဲ့။

ကျန်ချန်ကြက်သေသေသွား၏။သူသတိပြန်
ကပ်သည့်အခါ၊ ထိုမက်ဆေ့ခ်ျပို့တဲ့သူအမည်
အား အမြန်ပြန်ကြည့်လိုက်သည်။

....လိမ္မာတဲ့ယုန်သေးသေးလေး....

"Fuck!"
သူတကယ်လန့်ဖျပ်သွား၏။ဖုန်းမျက်နှာပြင်
ကိုဆွဲကြည့်သည့်အခါ သူ ဖန်းကျိဆီပို့လိုက်
သည့်ဓာတ်ပုံကကုဖေးဆီသို့ရောက်သွားမှန်း
နားလည်သွား၏။

-Fuck!​ငါ မင်းဆီဘယ်လိုလုပ်ပို့မိသွားတာလဲ?

-မင်းက ဘယ်သူဆီပို့မလို့လဲ?

-ငါ့သူငယ်ချင်းဆီ

ကုဖေးကချက်ချင်းစာမပြန့ပေ။ကျန်ချန်က
ဓာတ်ပုံကိုဖန်းကျိဆီပြန်ပို့နေစဉ်မက်ဆေ့ခ်ျ
တစ်စောင်ဝင်လာ၏။

-မင်းရဲ့သူငယ်ချင်းဆီကို ဒီပုံ ပို့လိုက်

ထိုစာသည်ဓာတ်ပုံတစ်ပုံအောက်မှာရေးထား
တာဖြစ်သည်။ကျန်ချန်သည် ရုတ်တရက်ဖုန်းမျက်နှာပြင်အပြည့်ရှိသည့် သူ့ရဲ့မျက်နှာပုံကို
မြင်ရသည့်အခါ ရှက်သွား၏။

ထိုဓာတ်ပုံသည်သူ့နှုတ်ခမ်းပေါက်သည့်နေ့က
ကုဖေးကရိုက်ထားတာဖြစ်သည်။တစ်ဖက်မှာ
'ငါနဲ့ ငါ့ရဲ့ကုသရခက်တဲ့ဒဏ်ရာများ' ဆိုသည့် ရူးကြောင်ကြောင်စာသားကခေါင်းထဲပေါ်လာ
သည်။

သူသည် ကုဖေးဆီစာပြန်လိုက်၏။

-Fuck,မင်း ဘာဖြစ်ချင်တာလဲ?။

-ဒီပုံက မင်းရဲ့ဓာတ်ပုံထက် ပိုကြည့်ကောင်း
တယ်။ဒီဓာတ်ပုံကိုငါအပင်ပန်းခံပြီးသေချာ
ပြင်ပေးထားတာ။

-သွားစမ်း,ငါမင်းကို မမြင်ချင်ဘူး။

-ကျေးဇူးကန်းချက်!

-ကျေးဇူးကန်းတော့ဘာဖြစ်ချင်လဲ။

-သူ့ကို အသေရိုက်သတ်စမ်း...
ကုဖေးမှသူ့ဆီပို့လာတဲ့ရုပ်ပြောင်ပုံကိုကြည့်
ပြီး ကျန်ချန်ရယ်လိုက်၏။ အချိန်ကြာမှ သူ
ကုဖေးဆီစာပြန်လိုက်သည်။

-ငါအိမ်စာလုပ်ပြီ။

-ကံကောင်းပါစေ။ရွှယ်ပါ့

.........

နောက်တစ်နေ့သူအိပ်ယာနိုးသည့်အချိန်တွင်
သူ့ခေါင်းကထိုင်းမှိုင်းနေ၏။သူသည် ငူငူကြီး
အိပ်ရာအစွန်းမှာ မိနစ်များစွာထိုင်ပြီး မနေ့ည
ကမက်သည့်အိပ်မက်ကို ပြန်စဉ်းစားမရချေ။

သူမှတ်မိသည်မှာသူ့အိပ်မက်ထဲတွင်ကုဖေး၊
တိရစ္ဆာန်ကောင်များနှင့် ဖန်းကျိအပြင် ဝမ်ရွှီ
ထင်ရသည့် လူတစ်ယောက်လည်းရှိနေသေး
သည်။သူ့​အိပ်မက်သည်ဆူညံပွက်လောရိုက်
နေမှန်းသာမှတ်မိတော့၏။

သူမတ်တပ်ရပ်ပြီးမျက်နှာမသစ်ခင်သက်ပြင်း
ချလိုက်သည်။

ကုဖေး သူ့ကိုပြောပြသည့်ငယ်ဘဝအကြောင်း
များကိုသူပြန်စဉ်းစားခဲ့သည်။ထို့အပြင်ကုဖေး
နှင့်ဟို့ဇီကြားမှ 'တစ်ယောက်ချင်းပြိုင်ပွဲ'ကို သူ
စဉ်းစားမိလျှင်၊ထိုကိစ္စကိုလက်သင့်မခံနိုင်ပေ။
ကိစ္စများသည်သူ့အတွက်အိပ်မက်အတိုင်းဖြစ်
နေပြီးအစစ်အမှန်ဖြစ်ကြောင်းသူလက်သင့်မခံ
နိုင်သေးပေ။

အဆောက်အဦးအောက်ထပ်ဆိုင်မှမနက်စာ
ဝယ်ပြီးသည့်အခါ ၊ကျန်ချန်သည် လက်တစ်
ဖက်နှင့်စက်ဘီးရဲ့လက်ကိုင်ထိန်းပြီး၊နောက်
လက်တစ်ဖက်ဂျုံပေါင်မုန့်ပူပူကိုင်ပြီးစက်ဘီး
ဖြည်းဖြည်းနင်းလာခဲ့သည်။

ရာသီဥတုသည်ပူနွေးလာ၏။သူသည်ဂျုံပေါင်
မုန့်အားတစ်ဝက်စားပြီးသည့်တိုင်အောင် ပေါင်
မုန့်ကပူပူလေးရှိသေးသည်။

လမ်းဆုံရောက်သည့်အခါ စက်ဘီးဘရိတ်ကို
အုပ်လိုက်သည်။သို့သော်ကုဖေးရဲ့လေချွန်သံ
ကိုသူ မကြားရပေ။သူအနီးတစ်ဝိုက်ရှာကြည့်သော်လည်းကုဖေးကသူ့ကိုလမ်းပေါ်မှာစောင့်
နေသည့်အရိပ်အယောင်ကို မမြင်ရချေ။

ယခုအချိန်တွင်ထူးခြားတဲ့အကြောင်းမရှိနိုင်
ပေ။ ကုဖေးကအိပ်ယာထနောက်ကျတာဖြစ်
နိုင်၏။ထို့နောက်သူစိတ်သက်သာစွာသက်
ပြင်းချလိုက်သည်။

သူကျောင်းရောက်သည့်အခါစာသင်ချိန်များ
စတော့မည်ဖြစ်သည်။ကျန်ချန်သည်စက်ဘီး
ကို စက်ဘီးထိုးသည့်နေရာမှာရပ်ပြီးကျောင်း
ဂိတ်သို့လျှောက်သွားသည်။

ကျောင်းဂိတ်နှင့်တစ်မီတာသာဝေးတော့မည့်
နေရာတွင် သူခြေလှမ်းများတန့်သွား၏။

လောင်ရွှီသည်ဒီတစ်ပတ်အတွက်ကျောင်းဂိတ်
စောင့်ဆရာအဖြစ်တာဝန်ယူထားတာဖြစ်သည်
သူသည်မနက်ကတည်းက ကျောင်းဂိတ်ပေါက်
ရှေ့မှာရပ်နေတာဖြစ်ပြီးသူ့ဘေးမှာနောက်ထပ်
လူတစ်ယောက်ရှိနေ၏။

လီပေါင်ကော်။

ကျန်ချန်ပျာယာခတ်သွား၏။သူ နေရာမှာတင်
စက္ကန့်ပိုင်းမျှ မှင်သက်​နေပြီးနောက်ခေါင်းငုံ့ပြီးကျောင်းဂိတ်အားရှောင်ကွင်းပြီးကျောင်းအုတ်တံတိုင်းရဲ့အရှေ့ခြမ်းသို့ ပြေးသွားသည်။

ပြီးခဲ့တဲ့တစ်ခေါက်သူ့အားကုဖေးပြောခဲ့သည့်
အုတ်တံတိုင်း ကျော်တက်သည့် နေရာကိုတွေ့
ဖို့ရန်လွယ်ကူသည်။

သူက အုတ်တံတိုင်းကိုကျော်တက်​နေချိန်တွင် ကျောင်းပရဝုဏ်နားမှာဖွင့်ထားသည့်ဆိုင်လေး
သည်ဖွင့်ကာစဖြစ်၏။ဆိုင်ရှင်ကတံမြက်စည်း
လှဲနေရာမှသူ့ကိုအံ့အားသင့်စွာကြည့်လာ၏။
"ကလေး,ခေါင်းလောင်းကအခုထိမမြည်သေး
ဘူးမလား။တံခါးလည်းဖွင့်ထားတယ်​လေ။"

ကျန်ချန် ဆိုင်ရှင်ကိုလှည့်ကြည့်ပြီး
လက်ကာပြလိုက်၏။
"ကျွန်တော်...သိတယ်။"

ဆိုင်ရှင်က ဘာမှမပြောတော့ပေ။ သို့ပေမယ့်
သူ့မျက်နှာပေါ်မှအမူအရာသည်စိတ်မနှံ့သည့်
ကလေးနှင့်တွေ့လိုက်ရသည့်နှယ်။

ကျန်ချန်သည်သူ့ကိုပြန်ချေပမနေပေ။အုတ်တံ
တိုင်းထိပ်ထိတွယ်တက်ပြီး ခုန်ဆင်းဖို့ရန်အုတ်
ခဲပုံကိုကြည့်လိုက်၏။ သို့သော် အုတ်ပုံဘေးတွင်
လူတစ်ယောက်မတ်တပ်ရပ်နေ၏။

ကျန်ချန်ကြောင်သွားပြီးအုတ်တံတိုင်းပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"လီယုရှောင်?။"

(TN;ဆရာရှောင်ကကျောင်းအုပ်ပါ။)

လီယုရှောင်သည်အပြင်မှဆိုင်ပိုင်ရှင်ထက်ပင်
ပိုပြီးအံ့အားသင့်နေလျှက်ရှိသည်။သူက ကျန်ချန်အားကြောင်ကြည့်ပြီးပြောစရာစကားများ
ပျောက်ဆုံးနေပုံပေါ်သည်။

ကျန်ချန်မှာကျောင်းဝန်းထဲဆက်ပြီးခုန်ချသင့်
လား။ဒါမှမဟုတ်ကျောင်းအပြင်ဘက်ခုန်ချရ
မလားမသိဖြစ်နေ၏။
"လီယုရှောင်,ကောင်းသောမနက်ခင်းပါ။ "

လီယုရှောင်ကသူ့ကိုပါးစပ်အဟောင်းသားနှင့်
ကြည့်နေရာမှတုံ့ပြန်လာ၏။
"အာ,ကောင်းသောမနက်ခင်းပါ။"

ကျန်ချန်ခဏတုံ့ဆိုင်းနေပြီးနောက် ခုန်ဆင်းဖို့ရွေးချယ်လိုက်သည်၊အုတ်ခဲကျိုးပုံသည် မူလ
ထက်နည်းသွားသည်၊လီယုရှောင်ရဲ့ရှေ့တည့်
တည့်နေရာအလွတ်တွင်ခုန်ဆင်းလိုက်၏။

သူမတ်တပ်ပြန်ရပ်သည့်အခါ လီယုရှောင်ရဲ့ မျက်လုံးအိမ်ကပြူးလာသည်။

"ကျွန်တော်,အတန်းသွားတော့မယ်။"
လီယုရှောင်ရဲ့ပြန်အဖြေကိုပင်မစောင့်တော့ပဲ
ကျန်ချန်သည်ခြေထောက်မပြီး သုတ်ချေတင်
ပြေးလာခဲ့သည်။သူတို့အဆောင်နားသို့ရောက်
သည့်အခါမှ အရှိန်လျော့လိုက်၏။။

လီယုရှောင်သည်စိတ်နှင့်ကိုယ်ဘယ်အချိန်ပြန်
ကပ်မှန်းမသိ​ပေ။ သူအုတ်တံတိုင်းကျော်တက်တာ"ကျောင်းနောက်ကျ၍အုတ်တံတိုင်း ကျော်
တက်တာ"လို့သတ်မှတ်လို့မရပေ။ထို့ပြင်သူက
သစ်ပင်ရဲ့အကိုင်းတွေပေါ်တက်နင်းတာလည်း
မရှိဘူး။အတန်းချိန်သုံးချိန်ကုန်သွားသည့်တိုင်
သူ့ကိုလာရှာသူတစ်ယောက်မျှမရှိပေ။

လောင်ရွှီလည်းမရှာပေ။ အစောပိုင်းအချိန်က
လောင်ရွှီရဲ့အချိန်ဖြစ်ပေမယ့် ၊ လောင်ရွှီသည်သင်ခန်းစာသင်ပြီးသည်နှင့်စာသင်ခန်းမှထွက်
သွားသည်။ကျန်ချန်ဆီလျှောက်လာပြီး အမေး
အမြန်းလည်း မလုပ်ခဲ့ပေ။

ကျန်ချန်နည်းနည်းပျင်းလာ၏။အုတ်တံတိုင်း
ကျော်တက်ခဲ့တဲ့ကိစ္စကိုသူမစိုးရိမ်ပေ။ သို့ပေ
မယ့် လီပေါင်ကော်ကျောင်းသို့လိုက်လာသည်
မှာသူ့ကိုစိတ်ရှုပ်ထွေးစေ၏။လီပေါင်ကော်က
ဘာလုပ်ချင်မှန်း၊လောင်ရွှီဆီကိုဘာအကြောင်း
ပြောသွားမှန်းအခုထိမသိရသေးပေ။

စိတ်တိုစရာကောင်းလိုက်တာ!

ထပ်ပေါင်းပြောရလျှင်ကုဖေးသည်ယခုအထိ ကျောင်းမရောက်လာသေးပေ။သူ့ဘေးနားက
ထိုင်ခုံမှာလွတ်နေပြီး၊စားပွဲခုံသည်ကုဖေး ဖြစ်
ကတတ်ဆန်းထိုးထည့်ထားသည့် စာအုပ်များ၊မှတ်စုစာအုပ်များရှိသည်။ရေးမပြီးသေးသည့် မေးခွန်းဟောင်းစာရွက်တောင်ရှိနေ၏။

အတန်းထဲရှိလူတိုင်းသည်ကုဖေးကျောင်းပြေး
တာသတိမထားမိပေ။ထိုသူသည်အပတ်တိုင်း ကျောင်းပြေးနေကြဖြစ်၏။

အတန်းတွင်ကုဖေးကျောင်းမလာသောကြောင့်
စိတ်မချမ်းမသာနေသည့်သူမှာသူတစ်ယောက်
တည်းရှိသည်၊သူ့ဘေးခုံကတိတ်ဆိတ်နေသည့်
အခါ သူ့နှလုံးသားလည်းဗလာဖြစ်လာ၏။

သူခေါင်းလှည့်လိုက်တိုင်းCraz3ဂိမ်းဆော့နေ
သည့်ကုဖေးအားမမြင်ရလျှင်ထိုအရာနှင့်ပတ်
သတ်ပြီး သူနေသားမကျသေးပေ။

မနက်ခင်းရဲ့နောက်ဆုံးအတန်းပြီးတော့မည့်
အချိန်အတန်းအနောက်တံခါးဆီပြေးလာတဲ့
ပုံရိပ်အားမြင်လိုက်ရ၏။ ကျန်ချန် အနောက်
လှည့်ကြည့်လျှင်ကုဖေးကအတန်းဆီသို့ပြေး
လာနေသည်အားမြင်လိုက်ရသည်။

ကျန်ချန် အသံနိမ့်ပြီးပြောလိုက်၏။
"ငါက မင်းမလာတော့ဘူးလို့ထင်တာ။"

ကုဖေးကပြုံးသည်။
"အာ,ငါလာမယ်လို့ပြောခဲ့တယ်မလား။ငါတို့
နေ့လည်ကျအစမ်းလေ့ကျင့်မှာမဟုတ်လား။"

"ငါက မင်းအတန်းတက်မယ်လို့ပြောတယ်
ထင်နေတာ။ "

"ငါ မနေ့ညကအိပ်ယာဝင်တာ နောက်ကျလို့
မနက်အိပ်ယာထတာနောက်ကျသွားတာ။ငါ
နိုးနိုးချင်းလာခဲ့တာပဲ။"
ကုဖေးသည်ကြုံရာပုံနှိပ်စာအုပ်ကို ထုတ်ကာ
စားပွဲခုံပေါ် တင်လိုက်သည်။
"အတန်းတက်ပြီးစာနားထောင်​ထောင်,
မထောင်ထောင်ငါ့အတွက် အတူတူပဲ။
သင်ခန်းစာကို နားမလည်ဘူး။"

ကျန်ချန်သည်တိတ်ဆိတ်သွား၏။ထို့နောက်
ဆေးတစ်ရှုးကပ်ဘူးကိုထုတ်ပြီးသူ့စားပွဲပေါ်
တင်လိုက်သည်။

"ပစ္စည်းကောင်းပဲ။"
ကုဖေးကထိုပစ္စည်းကို မသိမ်းဆည်းခင်အထိ
လှည့်ပတ်ကြည့်နေသေး၏။
"ငါ့ကိုနေ့လည်စာ လိုက်ဝယ်ကျွေး။"

ကျန်ချန် သူ့ကို မကြည်ကြည့် ,ကြည့်လိုက်၏။
"အကြောင်းအရင်းက?။"

"အကြောင်းအရင်းက...ငါကမင်းကို အမြဲဝယ်
ကျွေးနေတာမဟုတ်ဘူးလား?။"

"ကောင်းပြီ။နေ့လည်ကျ deliveryနဲ့မှာလိုက်
မယ်။အပြန်အလှန်အနေနဲ့မင်း ငါ့ကိုဒီနေရာ
ခေါ်သွားပေးရမယ်။"
ကျန်ချန် ဖုန်းထုတ်လိုက်ပြီး ချရေးထားသည့်
လိပ်စာအားကုဖေးကိုပြလိုက်သည်။
"မင်း အဲ့နေရာကို သိလား?။"

"အင်း ။"
ကုဖေးက သူ့ကိုကြည့်လာ၏။
"....အဲ့နေရာက မီးရထားသံလမ်းဘေးမှာ။"

"အာ။"
ယခုတစ်လော"မီးရထားသံလမ်း"ဆိုသည့်
စကားကြားတိုင်း ကျန်ချန် ဆွံ့အသွား၏။

ကုဖေးကမေးလာသည်။
"မင်း ပစ္စည်းဝယ်ထားလို့လား?။"

"မဟုတ်ဘူး။ငါ့အတန်းဖော်ကသင်ထောက်ကူ
ပစ္စည်းပို့ပေးလိုက်လို့။"

"ငါ မင်းနဲ့အတူလိုက်ခဲ့မယ်။အဲ့နေရာနားမှာ
အရသာရှိတဲ့ခေါက်ဆွဲဆိုင်ရှိတယ်။"

ကျန်ချန် ရယ်လိုက်၏။
"အရသာကောင်းတဲ့ စားသောက်ဆိုင်တိုင်းကို
မင်းဘယ်လိုဖြစ်ပြီး သိနေတာလဲ?။"

"နေရာတိုင်းသိ​နေတာမဟုတ်ဘူး။မြို့နားတစ်
ဝိုက်ကနေရာတွေကိုကြည့်ထားတာ။ ပြီးတော့
ငါကမှာကြီးပြင်းလာတာ။ငါ့ရဲ့နေ့စဉ်သွားလာမှုစက်ဝန်းက ရထားဘူတာရုံ နဲ့ မြို့လယ်ခေါင်
ပဲရှိတာ။အရင်ကဘယ်နေရာမှသွားတာမဟုတ်ဘူး။"

ကျန်ချန် သူ့ကိုကြည့်ပြီး "အိုး"လို့ရေရွတ်လိုက်
သည်။

ဝမ်ရွှီကစက်ဘီးထုတ်ပြီးအပြင်ထွက်လာသည့်
အခါမျက်နှာမသာမယာနှင့်ပြောလာသည်။
"မင်းတို့ နှစ်ယောက်ဘယ်သွားမလို့လဲ?။ငါတို့
နေ့လည်စာစားပြီးရင် အစမ်းလေ့ကျင့်ဖို့ ပြော
ထားတာမလား။ငါ လောင်ရွှီကို ခွင့်တောင်းပြီး
ပြီ။အဲ့ကြောင့် ငါတို့ဆက်တိုက် လေ့ကျင့်လို့ရ
တယ်။ မင်းတို့ရဲ့ အပြုအမူကစည်းကမ်း မရှိ...."

ကုဖေးက ကတိပေးစကားဆိုသည်။
" ငါတို့ တစ်နာရီအတွင်းပြန်ရောက်မယ်။"

"စည်းကမ်းမရှိတဲ့အပြုအမူ...."
ဝမ်ရွှီက စကားဆက်ပြောတော့မည့်အချိန်တွင်
ကျန်ချန် ကြားဖြတ်ပြောလိုက်၏။

"ခေါင်းဆောင်,ငါတို့အခုသွားမယ့်ကိစ္စအတွက်
ခွင့်တောင်း​ပါတယ်။ကိစ္စလေးရှိလို့အပြင်သွားဖို့
လိုနေတာ။ငါတို့ပြန်ရောက်ရင် ခေါင်းဆောင်ကို
ပြန်ရောက်တဲ့အကြောင်းအစီရင်ခံပါ့မယ်။"

ထိုစကားများသည်ဝမ်ရွှီစိတ်ကျေနပ်အောင်လုပ်
နိုင်စွမ်း၏။ သူသည် စဉ်းစဉ်းစားစားနှင့် ခေါင်း
ညိတ်လိုက်သည်။
"ကောင်းပြီ။ငါ မင်းတို့ကိုခွင့်ပြုလိုက်မယ်။"

မီးရထားသံလမ်းက ဘိုးဘုရား လက်ထက်က သံလမ်းအလားထင်ရသည်။မီးရထား သံလမ်း အလယ်ခေါင်တွင်သံချေးတက်နေပြီးမြက်ပင်
များပေါက်လျှက်ရှိ၏။ မီးရထားသံလမ်းဘေး
တွင်လူသွားလမ်းကြောင်းရှိပြီး စက်ဘီး ၊ ဆိုင်
ကယ်များဖြတ်သန်းသွားလာနေကြသည်။

သံလမ်းကိုဖြတ်သည့်အခါပတ်ဝန်းကျင်အနေ
အထားအားကျန်ချန်စူးစမ်းလိုက်၏။ သူ မျှော်
လင့်ထားသည်နှင့်ဆန့်ကျင်စွာပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်သွေ့မ​နေပေ။ လမ်းမထက်
တွင်ဆိုင်ခန်းငယ်များရှိပြီး အားလုံးကအသက်
ဝင်လှုပ်ရှား​နေလျှက်ရှိသည်။ ပျက်စီးနေသည့်အဆောက်အဦးပျက်တစ်ခုတစ်လေမျှမတွေ့ရ
ပေ။

သူတို့သည်တံတားကိုဖြတ်ပြီး ပထမလမ်းဆုံ
ကျော်သည့်အခါ ကုဖေးကအနောက်သို့လက်
ညိုးထိုးပြီးပြောလာ၏။
"လမ်းဆုံကိုဖြတ်ပြီးရင်ဟိုနေရာကိုသွားကြည့်
လို့ရတယ်။အဲ့လမ်းကြားထဲဝင်သွားရုံပဲ။"

"အိုး။"
ကျန်ချန်အနောက်သို့လှမ်းကြည့်လိုက်သည်။
ထိုလမ်းကြားအား သတိပြုမိဖို့ထင်ရှားသည့် အမှတ်အသားလည်းမတွေ့ရပေ။ သို့​ပေမယ့်
ထိုတစ်ဝိုက်မှအဆောက်အဦးများသည်နိမ့်ပြီး 
လေးထပ်ဒါမှမဟုတ်ငါးထပ်ထိမြင့်၏။

အရောင်ဖျော့နေသည့်အဆောက်အဦးများက
ယခင်က ဆောက်ထားတာဖြစ်ပြီး အဆောက်
အဦးရဲ့အလွှာကအတော်နိမ့်သည်။

ကုဖေးကစက်ဘီးကိုဖြည်းဖြည်းနင်းနေရာမှ
ဆက်ပြောလာသည်။
"မနက်ဖြန် မင်းလာကြည့်ချင်ရင်၊မင်းကို ခေါ်
လာပေးဖို့ငါတင်းကျူးရှင်းကိုပြောလိုက်မယ်။ သူ(မ)သိ...."

"မလိုဘူး။"
ကျန်ချန်သည်သူ့စကားကိုဖြတ်ပြောလိုက်၏။
ယခင်နေ့တည်းကတင်းကျူးရှင်းရဲ့သူ့ကိုငြင်း
ပယ်မှုသည် တစ်ခုခုမှားနေကြောင်း သူခန့်မှန်း
မိသည်။ထို့ကြောင့် တင်းကျူးရှင်းက လိုက်ပို့
ပေးတာကို သူ မလိုချင်​ပေ။

"ဒါဆို..."

ကျန်ချန် သူ့ကိုလက်ကာလိုက်၏။
"ငါ့ကိုစိတ်မပူနဲ့။ငါလာကြည့်တာဘယ်သူမှ
မသိစေရဘူးလို့ပြောပြီးပြီ။ပြီးတော့မင်းတို့
ရဲ့ဦးနှောက်မရှိအဆောက်အဦးခုန်ပျံကျော်
လွှားးကစားပွဲကိုငါဝင်နှောင့်ယှက်မှာမဟုတ်
ဘူး။မင်းကိုယ်မင်းထိခိုက်ဒဏ်ရာမရအောင်
သာဂရုစိုက်။"

ကုဖေးက တိုးတိုးကျိတ်ရယ်သည်။

ကျန်ချန်ပြောလိုက်တယ်။
"မင်းက ဘာကိစ္စရယ်တာလဲ?မင်းလည်း အဲ့ဒီရူးကြောင်ကြောင်ကစားပွဲထဲက အဖွဲ့ဝင်တစ်ယောက်ပဲ မဟုတ်ဘူးလား?။ "

ကုဖေးက အသံထွက်ရယ်လာသည်။

"ဟေး,မင်း ယုံချင်ယုံ မယုံချင်နေ။ငါ..."
ထိုအကြောင်းကိုစဉ်းစားမိတိုင်းသူဒေါသထွက်
ဆဲဖြစ်​ပေမယ့်ကုဖေးရဲ့ရယ်သံကသူ့ဒေါသကို လွင့်ပြယ်စေသည်။သူသည် စက်ဘီးလက်ကိုင် တစ်ဖက်ကိုလွတ်ပြီးမနေ့ညကကုဖေးပို့ခဲ့သည့် ရုပ်ပြောင်ပုံအတိုင်းအတုခိုးလိုက်၏။
"သူ့ကို အသေရိုက်သတ်စမ်း။"

ကုဖေးကခဏကြောင်အနေပြီးမှ သဘောကျ
စွာအသံထွက်ရယ်လာသည်။သူကစက်ဘီးရဲ့ လက်ကိုင်တစ်ဖက်ကိုလွှတ်ပြီး လက်မထောင်
ပြလာ၏။
"တကယ်တူတယ်။"

ဖန်းကျိသည်စာရေးကိရိယာအသုံးအဆောင်
ပစ္စည်းများကတ်ထူဘူးထဲမှာသေချာထုတ်ပိုး
ပြီးမှပို့လိုက်တာဖြစ်သည်။ USB ကိုစက္ကူဘူး
ထဲ ထည့်​ပေးထား၏။ပစ္စည်းများကိုကျန်ချန်
တစ်ခုချင်းဖွင့်မကြည့်တော့ပေ။ထိုအစား သူ
စာအုပ်ကျောရိုးအားတစ်ချက်ကြည့်လိုက်၏။
အရာရာလွယ်ကူသွားသကဲ့သို့ သူ ခံစားလိုက်
ရသည်။

ကုဖေးကdeliveryဘူးခွံပေါ်က မှတ်စုစာတို
လေးအားဆုတ်ဖြဲရင်းမေးလာသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က မင်းနဲ့အတူစီကျုံး
ကျောင်းကိုလိုက်လာတဲ့တစ်ယောက်လား?
ဖန်းရွှီ..?"

"ဖန်းကျိ။"
ကျန်ချန်သည်သူ့ဆီမှမှတ်စုစာတိုအားယူပြီး
ဖတ်ကြည့်လိုက်၏။
"ဒီကောင်ကအရှက်မရှိဘူး။အရင်ကလည်း
သူ့မေးခွန်းစာရွက်ပေါ်မှာ'ဖန်းအန်း'ဆိုပြီးရေး
သေးတယ်။"

ကုဖေးက အသံထွက်ပြီး ရယ်လာသည်။
"ဒါပေမယ့်, သူ့လက်ရေးက မင်းလက်ရေး
ထက် ပိုကြည့်ကောင်းသေးတယ်။"

"ရွှယ်ကျားတိုင်းလက်ရေးလှတယ်။ငါတို့လို
ရွှယ်ပါ့တွေကဒီလိုဘာမှမဟုတ်တဲ့ကိစ္စလေး
ကိုလိုက်ပြီးစိတ်ရှုပ်မခံဘူး။ ငါတို့ လက်ရေး
ကလှလား၊ဆိုးလား ဆိုတာရောပဲ။"

ကု​ဖေးကပြောသည်။
"မင်းတကယ်လက်ရေးလေ့ကျင့်သင့်တယ်။
အရင်ရက်ကမင်းစာမေးပွဲအမှတ်တွေ နှုတ်
ခံရတဲ့အကြောင်းလောင်ရွှီပြောတုန်းက သူ
ငိုဖို့တဲတဲလေးပဲလိုတော့တာ။"

"သူ ငါ့အရင်လက်ရေးကိုမမြင်သေးလို့။ငါ့
အရင်လက်ရေးကိုငါတောင်မဖတ်တတ်ဘူး။"

ကုဖေးကပြုံးလိုက်သည်။
"ခေါက်ဆွဲ သွားစားရအောင်။"

သူသည်စာရေးကိရိယာအပြုံလိုက်ရလိုက်တာကြောင့်လား။နေ့လည်ခင်းတွင်ကုဖေးနှင့်အတူ
ဘက်စကတ်ဘောကစားတာကြောင့်လား။

သေချာသည်မှာသူတစ်မနက်ခင်းလုံးခံစားခဲ့ရ
သည့်စိတ်ပျက်အားငယ်မှုများလျော့ပါးသွားခဲ့
သည်။လီပေါင်ကော်အကြောင်းကို တွေးမိတာ
တောင် မွန်းကြပ်မှုမခံစားရ​တော့ပေ။

ဘက်စကတ်ဘောအစမ်းလေ့ကျင့်ပြီးသည့်
အခါ ကျောင်းဂိတ်အပြင်သို့ ထွက်လာခဲ့ကြ
သည်။ကုမြောင်ကစကိတ်ကိုဖင်အောက်မှာ
ခုထားပြီးလူသွားလမ်းပလက်ဖောင်းပေါ်မှာ
ထိုင်စောင့်လျှက်ရှိသည်။

ရာသီဥတုနွေးလာတာကြောင့်ကုမြောင်သည်
ဦးထုပ်ဝတ်စရာမလိုတော့ပေ။သူမရဲ့ဆံပင်က ဖိုသီဖတ်သီဖြစ်နေပြီးနဖူးတွင်အနီရောင်ခေါင်း
စည်းပတ်ထား၏။တကယ်ထူးခြားကိုယ်ရည်
ကိုယ်သွေးအပြည့်ပင်....

ကျန်ချန်သည် ကုဖေးကိုလှည့်ကြည့်လိုက်၏။
"ငါ မင်းကို ယွမ်၅၀ပေးမယ်။"

ကုဖေးက "အိုကေ။"လို့ပြောလာသည်။

ကုဖေးရဲ့စကားအဆက်မစပ် မရှိတုံ့ပြန်လာမှု
ကြောင့် ကျန်ချန်ဆွံ့အသွား၏။

ကံကောင်းထောက်မစွာပင် ကုဖေးက စကားအဆက်အစပ်နှင့်ပြန်မေးလာသည်။
"ဘာဖြစ်လို့လဲ။"

"မင်းရဲ့ချစ်လှစွာသောညီမလေးကိုဆံပင်ညှပ်ပေးလိုက်တော့။ငါမင်းကိုတောင်းဆိုတာ။ "

"ကောင်းပြီ။"
ထို့နောက်ကုဖေးကသူ့ရှေ့မှာလက်ဖြန့်လာ၏။
ကျန်ချန်သည်ပိုက်ဆံအိတ်ထဲမှ ယွမ်၅၀ ထုတ်
ပြီးကုဖေးရဲ့လက်ပေါ်တင်ပေးလိုက်၏။

ကုဖေးကပိုက်ဆံလက်ခံယူပြီး အိပ်ကပ်ထဲထည့်လိုက်သည်။
"တကယ်တော့,သူ(မ)ကိုဆံပင်ညှပ်ပေးဖို့
ပိုက်ဆံမလိုဘူး။လီယန်ကိုရှာရင်ရတယ်။
သူ့အရည်အချင်းကသိပ်မဆိုးဘူး။ "

ကျန်ချန်သည်ပြောစရာစကားများပျောက်ဆုံး
သွား၏။
"ငါ့ပိုက်ဆံပြန်ပေး။"

"မပေးဘူး။"

ကျန်ချန်သည်ပါးစပ်အဖွင့်အပိတ်လုပ်မိသော်
လည်းစကားတစ်ခွန်းမှမထွက်ပေ။လောကမှာ
ထိုသို့အရှက်မရှိတဲ့သူများလည်းရှိနေသေး၏။

ကုမြောင်သည်ထုံးစံအတိုင်းစက်ဘီးနောက်မှ
စကိတ်စီးပြီးလိုက်လာသည်။ထူးခြားသည်မှာ
ကုမြောင်လက်ကိုင်ထားသည့်စက်ဘီး နောက်
ခုံတန်းမှာကျန်ချန်ရဲ့စက်ဘီးဖြစ်၏၊စတိုးဆိုင်
သို့ရောက်သည့်အခါ သူမကလက်လွတ်ပြီး
အရှေ့မှကျော်တက်သွား၏။

ကုဖေးကမေးလာသည်။
"မင်းပြန်တော့မှာလား?။ "

"အင်း။"
စက်ဘီးနောက်ခုံမှာတင်ထားသည့်ပစ္စည်းဘူး
ကို ကျန်ချန်လှည့်ကြည့်လိုက်၏။
"ငါ ပြန်တော့မယ်။ပြီးတော့ ပစ္စည်းတွေလည်း
စစ်ကြည့်ရအုံးမယ်။"

ကုဖေးက ခေါင်းညိတ်လာ၏။
"ကောင်းပြီ။ မနက်ဖြန် မနက် ၈နာရီကျ ငါ
မင်းကို လမ်းထိပ်မှာစောင့်နေမယ်။"

"အိုကေ။"
ကျန်ချန် သူ့ကို ပြန်ဖြေပြီးနောက် ကုမြောင်ကို
တာ့တာပြလိုက်တယ်။
"တာ့တာ...အာမြောင်။"

ကုမြောင်ကသူ့ကိုတာ့တာပြ၏။သူလည်း
စက်ဘီးကိုအဆောင်ဆီသို့ ပြုံးပြုံးရွှင်ရွှင်
နင်းလာခဲ့သည်။

စီကျုံးကျောင်းသည်နောက်ဆုံးပြိုင်ပွဲစဉ်အား
စနေနေ့တွင်ကျင်းပမည်ဖြစ်သည်။ ကျောင်းရှိ
ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ
များအတွက်အဆင်ပြေသည့်အပြင်အနီးအနား
ရှိကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ
လည်းလာရောက်ကြည့်ရှုနိုင်သည်။ကစားပွဲက
နေ့လည်၁၂နာရီမှ ကျင်းပမည်ဖြစ်သော်လည်း
စိုးရိမ်စိတ်များသည့် အသင်းခေါင်းဆောင်
ဝမ်ရွှီကသူတို့အားမနက်(၈)နာရီခွဲအရောက်
အမိန့်ပေးထား၏။ပြိုင်ပွဲပြီးသွားလျှင် , စိတ်လှုပ်
ရှားနေသောကစားသမားများက လူစုပြီးပျော်စရာများဖန်တီးနိုင်သည်။

ထို့ကြောင့်သူသည် နောက်နေ့တွင်အဆောက်
အဦးခုန်ပျံကျော်လွှားမည့်နေရာပတ်ဝန်းကျင်
နှင့်ရင်းနှီးအောင်လုပ်ဖို့အချိန်မရှိလောက်ပေ။
ယခုညတွင်သူထိုနေရာတစ်ဝိုက်အားသွားလေ့
လာထားသင့်သည်။

ကျန်ချန်ကငှားထားသည့်နေရာသို့ပြန်ရောက်
သည့်အခါပစ္စည်းများကိုအရင်သိမ်းဆည်း၏။ ထို့နောက်ကျောင်းလွယ်အိတ်လွယ်ပြီး
မီးရထားသံလမ်းဆီထွက်လာခဲ့သည်။

မီးရထားသံလမ်းတစ်ဝိုက်သည် တိတ်ဆိတ်ခြောက်ကပ်မ​နေသော်လည်းနေ့လည်ခင်းက
ကုဖေးညွှန်ပြခဲ့သည့်လမ်းဆုံ​မှာလူသိသိသာ
သာလျော့နည်းသွားသည်။လမ်းမပေါ်ရှိစတိုး
ဆိုင်များကညစ်ပတ်နေပြီးဆိုင်လို့ပင်ပြော
လောက်စရာမရှိပေ။

သူလမ်းအဆုံးလျှောက်သွားလျှင်လမ်းခွဲတစ်ခု
ကိုတွေ့လိုက်ရသည်။သူသည်ဘယ်ဘက်ဆက်လျှောက်သွားလျှင်အိပ်ရာခင်းနှင့်အဝတ်အထည်
စက်ရုံများတွေ့ရမှာဖြစ်ပြီး ၊ညာဘက်ဆက်
လျှောက်သွားလျှင် ချိုင့်ခွက်များ၊အမှိုက်သရိုက်
များပြည့်နေသည့်လမ်းကြားကိုတွေ့ရမည်ဖြစ်သည်။

သူညာဘက်သို့ဆက်လျှောက်လာပြီးမိနစ်ပိုင်း
ကြာသည့်အခါပြတင်းပေါက်များကျိုးပဲ့ပျက်
စီးနေသည့်အဆောက်အဦးအချို့ကိုမြင်လိုက်
ရသည်။

ထိုနေရာပဲ ဖြစ်လိမ့်မည်။

သူသည်စက်ဘီးအားဖြည်းဖြည်းတွန်းလာပြီး အဆောက်အဦးအနီးတစ်ဝိုက်စစ်ဆေးကြည့်လိုက်၏။ထိုအဆောက်အဦးများက သံသတ္တု
စက်ရုံဟောင်းများဖြစ်ပြီးရူးနှမ်းသောကစားပွဲ
လုပ်ကြမည့်နေရာမှန်း သူ ခန့်မှန်းနိုင်သည်။

သူရှေ့မှာရှိသည့် အဆောက်အဦးများကတစ်ခုတည်းမဟုတ်ပေ။ထိုအဆောက်အဦးများကို
အပြင်ပန်းကြည့်လျှင် တစ်တိုက်နှင့်တစ်တိုက်
ကပ်နေပြီးခုန်ပျံကျော်လွှားနိုင်သည်ထင်နိုင်၏
ဒါပေမယ့် အဆောက်အဦးအတွင်းမှဝင်ကြည့်
လျှင်တစ်တိုက်နှင့်တစ်တိုက်မီတာအနည်းငယ် ကွာဝေးနေသေးသည်။

ဘေးချင်းကပ်ဆောက်ထားသည့် အဆောက်
အဦးလေးတိုက်ရှေ့တွင်ကျန်ချန်ရပ်လိုက်၏။
ဤအနီးတစ်ဝိုက်ရှိအမှိုက်များက ကျန်နေရာ
ထက်ပိုများတာသိသာသည်။မြေကြီးပေါ်တွင်
ဘီယာအခွံ၊မုန့်အမှိုက်အိတ်ခွံများနှင့် စီးကရက်
ပြာများပြန့်ကျဲ နေသည်။ အဆောက်အဦးဝင်
ပေါက်ရှေ့တွင်ကွန်တိန်နာသံပုံးကိုထားထားသည်။

သူကွန်တိန်နာအတွင်းကိုကြည့်လိုက်လျှင်ပြာ
များဖုံးနေသည့်သစ်တိုသစ်စများမြင်ရသည်။
ထိုငတုံးများကအနွေးဓာတ်ရအောင်ကွန်တိန်
နာကိုမီးဖိုလုပ်ပြီးသုံးလိမ့်မည်ထင်သည်။

ပတ်ဝန်းကျင်တွင် လူခြေတိတ်ဆိတ်နေသည်။
ကျန်ချန်ကစက်ဘီးကိုကြုံရာထောင်ထားခဲ့ပြီး
ထိုအဆောက်အဦးများနှင့်မျက်နှာချင်းဆိုင်မှ
အဆောက်အဦးအဟောင်းဆီ လျှောက်သွား
လိုက်တယ်။

ယခုအဆောက်အဦးသည်တစ်ခြားအဆောက်
အဦးများနှင့်ပုံစံကွဲထွက်​နေသည်။ အဆောက်
အဦးသည်ငါးလွှာရှိပြီး ထိုတစ်ဝိုက်တွင်အမြင့်
ဆုံးအဆောက်အဦးဖြစ်သည်။အဆောက်အဦး
သည်အတော်ဟောင်းနွမ်းပြီးအုတ်တံတိုင်းပေါ်
မှအက်ကွဲကြောင်းများမြင်ရသည်။နှစ်ယောက်
ထက်ပိုပြီး လှေကား အတက်အဆင်းလုပ်လျှင်
တိုက်ပြိုကျသွားမလားလို့တောင်ထင်ရသည်။

ကျန်ချန်သည်အမြင့်ဆုံးအထပ်တက်လာပြီး
နောက်ပြတင်းပေါက်နားသွားပြီးမျက်နှာချင်း
ဆိုင်မှအဆောက်အဦးများကိုကြည့်လိုက်၏။

မျက်နှာချင်းမှအဆောက်အဦးများကြားတွင်
တစ်တိုက်နှင့်တစ်တိုက် အကွာအဝေး ကျယ်၊
မကျယ်အတည်ပြုရလိမ့်မည်။ညာဘက်တွင်
ရှိသောတိုက်နှစ်တိုက်ကလေးလွှာရှိပြီး ဘယ်
ဘက်ရှိတိုက်နှစ်တိုက်က သုံးလွှာဖြစ်သည်။

ဘယ်ဘက်မှတိုက်များ၏အပေါ်လွှာတစ်ဝက်
သည်ပြိုကျထားသောကြောင့်နှစ်လွှာလို့ ပြော
လို့ရသည်။

"အားလုံးမင်္ဂလာပါ။"
ကျန်ချန်သည် ဘယ်လက်ကိုမြှောက်ပြီး
လက်ညိုးနှင့်လက်ခလယ်"V"ပုံသဏ္ဌာန်
လုပ်ပြီးမျက်
လုံးနားသို့ရွေ့လိုက်၏။
"ချန်ကောရဲ့ဉာဏ်ရည်နိမ့်သူများအားရိုက်ကူး
ခြင်းအစီအစဉ်အပိုင်း (၁)ကို ကြည့်ရှုအားပေး
နေတဲ့ပရိတ်သတ်များကိုကျေးဇူးတင်ပါတယ်"

ထို့နောက်သူသည်နောက်ထပ်ပြတင်းပေါက်နား
သို့ဆက်လျှောက်သွား၏။
"ဦးနှောက်ပျက်နေတဲ့ အဆောက်အဦးခုန်ပျံ
ကျော်လွှားခြင်း ကျင်းပမယ့်အဆောက်အဦး
လေးခုကိုလူတိုင်းမြင်လား...သူတို့တစ်တိုက်
ပြီးတစ်တိုက်ကိုခုန်ပျံကျော်လွှားနိုင်မလားဆို
တာခန့်မှန်းရအောင်။သူတို့ရဲ့ဦးနှောက်ဉာဏ်
မရှိတဲ့အတိုင်းအတာအရဆို လေးကြိမ်တိတိ
ခုန်မယ်ထင်တယ်နော် ။ ပွဲကျင်းပတဲ့နေရာမှာ
ပျက်စီး​နေတဲ့ အကျိုးအပဲ့တွေကို မြင်လား? ။
ဒီနယ်မှာအဆောက်အဦးခုန်ပျံကျော်လွှားတာ
စည်းမျဉ်းစည်းကမ်းတဲ့...ဆိုတော့,ကျွန်တော်
တို့ကတိုက်ပျက်ပေါ်မှာသူတို့ခုန်ပျံကျော်လွှား
နေတာမြင်တွေ့ရမှာ ဖြစ်ပါတယ်။"

"Fuck။"
ကျန်ချန်သည်လက်ကိုအောက်ပြန်ချပြီးတော့ အဆောက်အဦးရဲ့အနေအထားကိုလှည့်ကြည့်လိုက်၏။
"ဒီနေရာကမြင်ကွင်းသိပ်မကောင်းတာလူတိုင်းသတိပြုမိမယ်ထင်တယ်။ကျွန်တော်တို့နောက်
ထပ်သင့်တော်မယ့် နေရာရှာရအောင်။"

ငါးလွှာမှာရှိသည့်အခန်းတိုင်းကိုကျန်ချန်လိုက်
ပတ်ကြည့်လိုက်သည်။ အဆုံးတွင် အပေါ်ထပ်
အမိုးရှိ လသာဆောင်ကို ဦးတည်ဆောက်ထား
သည့်လှေကားအုံတစ်ဝက်ကို သူရှာတွေ့သွား
သည်။

လှေကားသည်ခိုင်ခံ့မှုရှိ၊မရှိစစ်ဆေးကြည့်ချင်
သောကြောင့်၊ သူ တစ်ချက်ခုန်ပြီး လှေကားကို
လှမ်းဆွဲလိုက်သည်။လှေကားခိုင်ခံ့မှုရှိကြောင်း သေချာလျှင်၊အုတ်တံတိုင်းမှတွယ်တက်ပြီး သူလှေကားပေါ်မှာခြေထောက်ချလိုက်သည်။ထို့
နောက်လသာဆောင်ဆီသို့ဆက်သွား၏။
"ချစ်လှစွာသောပရိတ်သတ်များ...ကျွန်တော်က
အမြင့်နည်းနည်းကြောက်တယ်။ဒါပေမယ့် ပရိတ်သတ်များမြင်စေဖို့....."

သူသည်လသာဆောင်အဖျားထိဆက်လျှောက်လိုက်၏။
"ဒီရှုထောင့်ကဆို မြင်ကွင်းအတော်လေး
ကောင်းတယ်မလား။"

သူရပ်နေသည့်နေရာဆိုလျှင်မျက်နှာချင်းဆိုင်
မှအဆောက်အဦးခေါင်းမိုးထပ်ကိုပင်ရှင်းရှင်း
လင်းလင်းမြင်နေရသည်။သို့သော်သူထိုနေရာရွေးချယ်လျှင် တစ်ဖက်အဆောက်အဦးမှ လူ
များလှည့်ကြည့်သည်နှင့်ခေါင်းမိုးပေါ်တွင် လူ
တစ်ယောက်မတ်တပ်ရပ်နေတာမြင်သွားမည်ဖြစ်သည်။

ခေါင်မိုးထပ်မှာရှိသည့်အမိုးအောက်မှထပ်ခိုး
နားဆီသူလျှောက်သွား၏။ထပ်ခိုးအောက်မှာ
သူ့ကိုယ်သူဖုံးကွယ်ထားပြီးဖြစ်သည်။

"လူတိုင်းမြင်ရတယ်မလား။"
ကျန်ချန်သည်စကားပြောရင်းနှင့် အိတ်ထဲသို့
လက်တစ်ဖက်နှိုက်ကာလေးခွနှင့် စတီးအလုံး
များထုတ်လိုက်၏။ထို့နောက် လေးခွသားရေ
ကြိုးအားတင်းတင်းဆွဲပြီးတစ်ဖက်အဆောက်
အဦးခေါင်မိုးထပ်သို့ ချိန်ထားသည်။
"ဘယ်ပစ်ချက်က ဒီ အကွာအဝေးကြားမှာ
အကျိုးသက်ရောက်မှုရှိတဲ့ပစ်ချက်ဖြစ်လာ
မှာလဲ။"

သူသည်ထိုစကားများပြောပြီးနောက်အသက်
ပြင်းပြင်းရှုသွင်းလိုက်၏။သူ့ခြေထောက်တွေ
ပျော့နေသည့်ခံစားချက်ကို လျစ်လျူရှု လိုက်
သည်။

သူကမျက်လုံးကျဉ်းမှေးပြီး မျက်နှာချင်းဆိုင်
မှအဆောက်အဦးများအား ကြည့်လိုက်သည်။ ထို့နောက်လေးခွသားရေကြိုးကိုတင်းတင်းဆွဲ
ထားသည့်လက်ကို လွှတ်ပေးလိုက်သည့်အခါ
သံစတီးလုံးကပျံထွက်သွား၏။

ခဏကြာသည့်အခါ မျက်နှာချင်းဆိုင်မှာရှိနေ
သည့်အဆောက်အဦးခေါင်မိုးထပ်မှသစ်သား
တန်းများ တဝုန်းဝုန်းပြိုကျလာသည်။

"ဒီနေ့ အစီအစဉ်က ဒီမှာတင်ပြီးပါပြီ။"
ပြိုကျလာသည့်သစ်သားတန်းများကိုကျန်ချန် မျက်စိမှေးပြီးကြည့်လိုက်၏။
"မနက်ဖြန် နောက်ဆုံးပြိုင်ပွဲပြီးရင်၊ ချန်ကော
ရဲ့ ဉာဏ်ရည်နိမ့်သူများအားရိုက်ကူးခြင်းအစီ
အစဉ်အပိုင်း (၂)ကို ဆက်လက်ကြည့်ရှုစောင့်
စားနိုင်ပါတယ်။"

.......

Continue Reading

You'll Also Like

976K 79.4K 37
"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျား...
42.4K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
359K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...
252K 15.3K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...