Unicode
တစ်စုံတစ်ခုက ဆောင့်တွန်းစေခိုင်းလိုက်သလို ရင်တစ်ချက်ဆောင့်ခုန်သွားခဲ့သည် ။ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကြက်ကို မြင်ရသည် ။ လက်ကို အသာလှုပ်ကြည့်တော့ ဘေးမှာထိုင်ကာ စကားပြောနေသည့် လူနှစ်ယောက်က သတိထားမိသွားပုံရသည် ။
" မှူးအိမ်… သတိရပြီလား… ''
နားမလည်သလိုကြည့်လိုက်တော့ သူက လန့်ပြီး အနောက်ဆုတ်သွားသည် ။
" ဟိန်းသူ သွား… ဆရာဝန်သွားခေါ်... ''
ဟိန်းသူ ပြေးထွက်သွားသည် ။ မကြာ ဆရာဝန်များနှင့် ပြန်ရောက်လာကြသည် ။ ဆရာဝန်များက စစ်ဆေးပြီးနောက် စိုးရိမ်စရာမလိုကြောင်း ရက်အနည်းငယ်ခန့် ဆေးရုံမှာထပ်နေပြီး ဆေးစစ်ဆေးသောက်လျှင် အဆင်ပြေပြီဟုပြောကာ ထွက်သွားကြသည် ။
" ကျွန်တော် ဆေးရုံမှာ ဘယ်လောက်ကြာနေပြီလဲ ကိုလင်းသန့်… ''
" လေးလနီးပါးပဲ... ''
" အကြာကြီးပဲ..''
လင်းသန့်ဝေက ခေါင်းညိတ်ကာ ဆေးသွင်းထားသည့် Dripကိုစစ်နေသည် ။
" မှူးအိမ်… မင်း ငါ့ကို မှတ်မိတယ်မလား '' ဟိန်းသူထွဋ်က မေးသည် ။
" မှတ်မိတယ်လေ ဘာဖြစ်လို့လဲ... ''
" ဒါဆို ဘာလို့... ခုနက မသိသလိုကြည့်နေတာလဲ ၊ ငါက မင်းအတိတ်မေ့သွားပြီထင်လို့ ''
သူ ဘာမှပြန်မပြောမနေတော့ ။ သူအဆင်ပြေစေရန် ငြိမ်းစုသက်က ကျောနောက်တွင် ခေါင်းအုံးများဆင့်ပေးလာသည် ။
" သူ သူရော... ''
" မင်းဆက်လား... ''
လင်းသန့်ဝေက မေးတော့ သွင်မှူးအိမ်က ခေါင်းညိတ်သည် ။
" သတိရတာနဲ့ သူ့ရည်းစားကို အရင်တန်းမေးတာပဲ ''
ဟိန်းသူထွဋ်က ငေါ့တာပေမည့် သူ ဘာမှပြန်မပြောဘဲ ပြုံးမိနေသည် ။
" သူ့မိဘတွေကို လေဆိပ်လိုက်ပို့နေတယ် ၊ ညီလေးသတိပြန်ရလာတာကိုသိရင် သူတို့ လေယာဉ်ပေါ်တောင် တက်ပါ့မလားမသိဘူး ။ အစ်ကို စာပို့ပြီးပြောထားပါတယ် ''
" ဟိုလေ ကိုလင်းသန့်… ကျွန်တော် တစ်ခုလောက် အကူအညီတောင်းချင်လို့ ''
သူတို့ စကားပြောဆိုပြီး ခဏအကြာ ဦးရဲရွှေလှသွင်မှာ အခန်းထဲသို့ဝင်လာလေသည် ။ သူ့ကိုဖက်ကာ သာကြောင်းမာကြောင်းစကားများပြောကာ လင်းသန့်ဝေဆီ သူ့ကျန်းမာရေးအခြေအနေများအား မေးနေလေတော့သည် ။ ထိုစဉ်မှာပင် တံခါးတစ်ချပ်ပွင့်လာပြီး အခန်းဝတွင် သျှံမင်းဆက်ကို တွေ့လိုက်ရသည် ။
" သွင်လေး… ''
သူ့အားခေါ်ရင်း ပြေးဝင်လာကာ ဖက်လိုက်လေ၏ ။
" အင့်… ''
" သတိရနေတာ လွမ်းနေတာ... ကိုယ့်ဆီပြန်လာပြီပေါ့နော် ၊ ကိုယ် သွင်လေးကို ဘယ်လောက်တောင် သတိရနေတယ်ထင်လဲ ''
" အဟမ်း မင်းဆက်… သွင်မှူးအိမ်က လူမမာဆိုတာ မေ့မနေနဲ့ဦး ၊ ဒီမှာ အန်ကယ်လည်းရှိနေတယ်လေ ''
လင်းသန့်ဝေက ပြောလိုက်တော့မှ သွင်မှူးအိမ်အားဖက်ထားသည်ကို ဖြည်လျော့ပေးသည် ။ သူ့ပုခုံးနှစ်ဖက်အား ဖွဖွကိုင်ရင်း…
" နေရထိုင်ရတာ အဆင်ပြေလား… ဘယ်နား နာသေးလဲ… ''
သျှံမင်းဆက်ကသာ မေးနေသော်လည်း သွင်မှူးအိမ်က မဖြေဘဲ မျက်လုံးပေကလပ်ပေကလပ်နှင့် ပြန်ကြည့်လာသည် ။ ပုခုံးပေါ်မှလက်တို့ကို အသာဖယ်ချပြီး…
" အစ်ကိုက ဘယ်သူလဲ ''
" ဟင်… ''
" ကျွန်တော့်ကို သိလို့လား ''
" သွင်လေး… ''
သျှံမင်းဆက်မယုံနိုင်စွာပင် လင်းသန့်ဝေကို ကြည့်လိုက်သည် ။ သူက စိတ်မကောင်းသည့်ပုံစံဖြင့် ခေါင်းခါပြသည် ။
" သွင်လေး… ကိုယ့်ကို တကယ်မမှတ်မိတော့တာလား ၊ ကိုယ်လေ သွင်လေးရဲ့ချစ်သူ သျှံမင်းဆက်လေ ''
သွင်မှူးအိမ်က ထိုအတိုင်းသာကြည့်မြဲ ။
" အင်း မမှတ်မိရင်လည်း ထားပါ… အတင်းအကျပ်မှတ်မိအောင် မစေခိုင်းပါဘူး ၊ တဖြည်းဖြည်းချင်း ကိုယ့်ကိုမှတ်မိလာအောင် ကြိုးစားပါ့မယ်… ''
သျှံမင်းဆက်က ပြောပြီး သွင်မှူးအိမ်ကို ဖက်လိုက်သည် ။ ရယ်သံလွင်လွင်လေး ကြားလိုက်ရပြီး ခါးတစ်ဝိုက်တွင် လက်တို့ရစ်သိုင်းခြင်းကို ခံစားလိုက်ရသည် ။
" အညာမိသွားပြီ ''
သျှံမင်းဆက်က ကိုယ်ကိုခွာလိုက်ရင်း သွင်မှူးအိမ်ကိုကြည့်လိုက်တော့ မျက်နှာက ပြုံးစိစိနှင့်ပင် ။
" သွင်လေး… ''
" တစ်လောကလုံးကို မေ့သွားရင်တောင် ကိုကို့ကို မေ့မှာမဟုတ်ပါဘူး ။ ကိုကိုက ကျွန်တော့်ခန္ဓာကိုယ် ကျွန်တော့်အသိဉာဏ်က မှတ်မိနေပြီး နှလုံးသားမှာ ထွင်းထုထားတဲ့ တစ်ယောက်တည်းသောလူမို့… ''
" ဟာ သွင်လေးရာ… ဒါဆို ခုနက ကိုယ့်ကို သူတို့နဲ့ပေါင်းကြံတာပေါ့... "
" အင်း... သတိရရချင်း မတွေ့ရလို့… "
" အရူးလေး... ''
နှစ်ဦးသား ပြန်ဖက်တွယ်မိကြသည် ။ ဘေးလူများကိုလည်း ဂရုမထားတော့ ။
" တောင်းပန်ပါတယ် အကြာကြီးပစ်ထားခဲ့ပြီး စောင့်နေရစေလို့ ''
" ကျေးဇူးတင်ပါတယ် ကိုယ့်ဆီပြန်လာပေးလို့… မမေ့မလျော့ဘဲရှိနေပေးလို့ ''
ဆေးရုံခန်းလေးထဲဝယ် ပျော်ရွှင်ခြင်းပန်းများ ဖူးပွင့်လာကြသည် ။ လူအားလုံးမှာလည်း အပြုံးမျက်နှာများကိုယ်စီဖြင့် ပီတိဖြာကာ နေကြတော့သည်… ။
သွင်မှူးအိမ်နိုးလာခဲ့သည်နှင့် ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည် ။ မည်သူမျှ မရှိ ။ အထူးသူနာပြုဆိုသူ၏ အရိပ်အယောင်သည်လည်း မတွေ့ရ ။ လူမမာကို စိတ်ချလက်ချ ထားနိုင်လိုက်ကြသည်ဖြစ်ခြင်း ။
အာခေါင်များခြောက်ကာ ရေဆာသလိုခံစားရသည်ကြောင့် လှဲနေရာမှ ကိုယ်ကိုမတ်၍ထကာ ကုတင်ဘေးရှိစားပွဲပေါ်တွင်တင်ထားသည့် ရေကရားနှင့်ဖန်ခွက်ကို လက်လှမ်းလိုက်သည် ။ ဖန်ခွက်အား မမီတမီလှမ်းယူလိုက်သောကြောင့် လက်ချော်ကာတိုက်မိပြီး ပြုတ်ချ၍ကွဲသွားသည် ။ လူမှာလည်း အရှိန်လွန်ကာ ကုတင်ပေါ်မှပြုတ်ကျပြီး ကြမ်းပြင်နှင့်ဦးခေါင်း မိတ်ဆက်ပြီဟုထင်လိုက်သည် ။
သို့သော် လေဟာနယ်တွင်ရပ်တန့်သွားကာ နွေးထွေးသော အငွေ့အသက်လေးကို ခံစားလိုက်ရသည် ။
" ဟော… ဘယ်လိုဖြစ်ရတာလဲ သွင်လေးရယ် ''
" ရေသောက်မလို့ပေါ့ ''
သျှံမင်းဆက်က သူ့ကိုထူပေးကာ ကုတင်ပေါ်သို့ နေရာတကျပြန်ထိုင်စေသည် ။
" ဪ အဲဒါများ ကိုယ်ယူပေးမှာပေါ့ ''
သျှံမင်းဆက်က စားပွဲအောက်ရှိဗီဒိုအသေးထဲမှ ဖန်ခွက်တစ်လုံးကိုယူကာ ရေထည့်ပြီးပေးလိုက်တော့ ဆတ်ခနဲဆွဲယူပြီး သောက်ချလေသည် ။
" ရော့... ''
ဖန်ခွက်ကို လက်ဆန့်တန်းပြီး ပြန်ပေးလာသည် ။ သျှံမင်းဆက်ကိုတော့ မကြည့်…
" ပြောပါဦး… ဘာတွေအလိုမကျဖြစ်နေတာလဲ ''
ကုတင်ပေါ်တွင် ကိုယ်ကိုတစောင်းထိုင်၍ မေးလိုက်သည် ။ မျက်လုံးကို လှန်ကြည့်လေပြီး…
" ခုနက ဘယ်သွားနေတာလဲ ''
" ဪ လင်းသန့်နဲ့စကားပြောနေတာ… ဒီအခန်းရှေ့လေးတင် ''
" မသိဘူးလေ တစ်ယောက်မှမရှိလို့ မေးကြည့်တာ ''
" သူနာပြုက ကိုယ် နားခိုင်းထားလိုက်တာ ''
ထိုအခါမှ စိတ်သက်သာရာရသလိုနှင့် ဆက်ပြောလာသည် ။
" ကုမ္ပဏီရောမသွားဘူးလား… မနေ့ညတည်းက ဆေးရုံမှာပဲနေနေတယ် ၊ အလုပ်တွေက အဲဒီလိုပစ်ထားလို့ရလား ''
" ဆက်နိုင်ရှိတယ်လေ… ကိုယ်ဝင်ပါစရာ ကိစ္စမရှိသေးလို့ အကုန် သူနဲ့လွှဲထားလိုက်တယ် ။ အလုပ်ထက် ပိုအရေးကြီးတာက ဟောဒီက ကိုယ့်ချစ်သူဂဏန်းပေါက်လေး ''
သွင်မှူးအိမ်၏ နှာခေါင်းလေးအား ညှစ်ဆွဲကာပြောလာသည့် သျှံမင်းဆက်၏လက်ကို ဖယ်ချလိုက်ပြီး...
" ကိုယ့်အသားမဟုတ်တိုင်း အရမ်းလုပ်ရလား... လူလည်း ဂဏန်းဖြစ်လိုက် လိပ်ဖြစ်လိုက်နဲ့ ရေထဲကကို မတက်တော့ဘူး ''
သွင်မှူးအိမ်က စိတ်တိုစွာပြောသည် ။
" အစားစားနေတဲ့အချိန်ဆို ဝက်လေး… ချစ်ဖို့ကောင်းအောင်နေတဲ့အချိန်ဆို ကြောင်လေး ၊ ကိုယ့်ကို ကိုက်တဲ့အချိန်ဆို ခွေးလေး... ''
" တော်တော့ ပေါက်ကရတွေ ''
" ဟားဟား ခုလို စိတ်ဆိုးနေတဲ့အချိန်တော့ အင်း... ''
" ဘာဖြစ်လဲ ပြောကြည့်လိုက်... ''
" စိတ်ဆိုးနေတဲ့ မျောက်… "
" မင်းပဲမျောက် မင်းပဲဝက်... သူများသားသမီးကို တိရစ္ဆာန်ပေါင်းစုံနဲ့နှိုင်းပြီး ပြောနေတာ… ''
သျှံမင်းဆက်၏ရင်ဘတ်အား လက်သီးဆုပ်နှင့် ထုလေတော့သည် ။ သို့သော် ပန်းနှင့်ပေါက်သလိုနှယ် ။ ထိုလက်လေးများကို ဖမ်းကိုင်လိုက်ပြီး...
" ချစ်လို့လေ ချစ်လို့ပြောတာပေါ့… သွင်လေးကိုချစ်လို့ ချစ်စရာကောင်းတဲ့ အကောင်လေးတွေနဲ့ နှိုင်းပြောတာ ၊ ဘယ်လိုပုံစံလေးပဲဖြစ်ဖြစ် ကိုယ်က ချစ်နေဦးမှာ ''
သွင်မှူးအိမ်က ဘာမျှပြန်မပြောဘဲ သူ့ကိုကြည့်သာနေတော့ နဖူးပြင်ကို ညင်သာစွာအနမ်းပေးမိသည် ။
" ဆေးရုံက ဘယ်တော့ဆင်းရမှာလဲ… လှဲပဲ လှဲမနေချင်တော့ဘူး ''
" ဒီညနေ Check Upတစ်ခေါက်လုပ်ပြီးရင် မနက်ဖြန် ဆင်းလို့ရပြီတဲ့ ''
" အဲဒါဆိုဆင်းမယ်လေ ဘာကို စောင့်နေဦးမလဲ ''
" ဟားဟား အေးပါကွာ… ဟုတ်ပြီဟုတ်ပြီ ''
နှစ်ဦးသား တွတ်တွတ်ထိုးကာကြည်နူးနေကြချိန်တွင် အခန်းတံခါးဖွင့်သံကြားလိုက်ရပြီး ဝင်လာသည့်သူကို ပြိုင်တူကြည့်လိုက်ကြသည် ။
" ကိုဇေ... ''
X X X X X
သွင်မှူးအိမ်၏သတင်းကြားသော်လည်း လုပ်ငန်းကိစ္စအချို့ကြောင့် ပြည်ပသို့ခရီးထွက်နေရ၍ ယခုမှပင် သတင်းလာမေးဖြစ်တော့သည် ။
ဇေသာထွန်းမှာ သွင်မှူးအိမ်ရှိသည့် လူနာအခန်းရှေ့ရောက်တော့ တံခါးဖွင့်ရန်လက်လှမ်းလိုက်စဉ် အခန်းတွင်းမှ ရယ်မောသံများအား ကြားလိုက်ရ၍ အထဲဝင်ဖို့ ချီတုံချတုံဖြစ်နေသော်လည်း စိတ်ပိုင်းဖြတ်ကာ ဝင်သွားလိုက်သည် ။ သူ့ကိုမြင်တော့ သွင်မှူးအိမ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လေသည် ။ ဘေးမှ တစ်ယောက်ကတော့ ရှုတည်တည်ပင် ။
" မှူးလေး သက်သာရဲ့လား… အစ်ကို အခုမှပဲရောက်လာဖြစ်တာ စိတ်မဆိုးနဲ့နော် ''
သူပြောလိုက်တော့ သွင်မှူးအိမ်က မျက်နှာကိုတည်လိုက်ကာ...
" အင်း... စိတ်ဆိုးလိုက်ရမလား ''
" မှူးလေးသဘောပါပဲ… အစ်ကိုက ပျက်ကွက်တာကိုး ''
" စတာပါ ကိုဇေရ… ကျွန်တော်က ဒီလောက်နဲ့စိတ်ဆိုးရအောင် ကလေးလား ''
" အေးပါကွာ ကလေးမဟုတ်ပါဘူး လူကြီးလေး ၊ ရော့… မှူးလေးအတွက် ''
ဆိုကာ လက်ထဲမှပစ္စည်းများကို ပေးလိုက်သည် ။ မှူးလေးက ကိုယ့်အတွက်တော့ ကလေးလေးလိုပါပဲ ဟူသောစကားကိုတော့ စိတ်ထဲမှာသာ ထိမ်ချန်ထားလိုက်သည် ။
" ကျေးဇူးပါကိုဇေ ''
သွင်မှူးအိမ်က ပစ္စည်းများကိုယူရင်း ပြောလိုက်သည် ။
" မှူးလေး နေရထိုင်ရတာအဆင်ပြေလား… ဆေးရုံက ဘယ်တော့ဆင်းရမှာတဲ့လဲ ''
ဇေသာထွန်းက လူနာစောင့်ကုလားထိုင်တွင် ဝင်ထိုင်ရင်းမေးလိုက်သည် ။
" ဟုတ်ကဲ့ အဆင်ပြေပါတယ် ကိုဇေ… မနက်ဖြန်ပဲဆင်းတော့မှာ ''
" ကောင်းတာပေါ့… အစ်ကိုက စိတ်တွေပူနေတာ ၊ ဟိုဘက်ကကိစ္စလည်း ဖြတ်မရတော့ ချက်ချင်းလာလို့လည်းမရနဲ့ ။ မှူးလေးတို့ကိစ္စကိုသိသိရချင်း တကယ်ရှော့ရသွားသေးတယ် ''
" အခုတော့ ပြီးသွားပါပြီ ကိုဇေရယ် ''
ထို့နောက် အချိန်အတော်ကြာအောင် စကားများဆက်ပြောဖြစ်ကြသည် ။ ဘေးမှ သျှံမင်းဆက်မှာတော့ အလိုက်အထိုက်သာ ။
" မှူးလေး… အစ်ကိုပြန်လိုက်ဦးမယ် ၊ နောက်ရက်ဆေးရုံဆင်းပြီးမှ တစ်ရက်လောက်တွေ့ကြတာပေါ့ ''
" ဟုတ်ကဲ့ကိုဇေ ''
" ဒါဆို အစ်ကိုသွားပြီ… ''
သွင်မှူးအိမ်၏ခေါင်းလေးအား ခပ်ဖွဖွပုတ်ပေးပြီး သျှံမင်းဆက်ကိုပါပြုံးပြ၍ အခန်းထဲမှထွက်သွားလေသည် ။
ကိုဇေ အခန်းထဲမှထွက်သွားသည်ကိုကြည့်ပြီးနောက် မိမိဘေးမှသူကို လှည့်ကြည့်လိုက်သည် ။ အနက်ရောင်အခိုးအငွေ့များ တဟုန်းဟုန်းထကာ တောက်လောင်နေသလိုပင် ။ သျှံမင်းဆက်၏ ရာသီဥတုအခြေအနေမှာ သိပ်မကောင်း ။
" အဟမ်း… ဘာဖြစ်နေတာလဲ ရုပ်ကြီးက ''
မှုန်တေတေမျက်နှာထားနှင့် သူ့ဘက်သို့လှည့်လာပြီး သမီးပေးလိုက်ရသော အဖေတစ်ယောက်နှယ် နှမြောတသစွာဖြင့်ကြည့်ရင်း...
" သူက ဘာလို့သူများရည်းစားခေါင်းကို ပိုင်စိုးပိုင်းနင်းနဲ့ပုတ်သွားတာလဲ ၊ သွင်လေးကရော ဘာလို့ငြိမ်ခံနေတာလဲ ''
" ခေါင်းပုတ်တာပဲ ဘာဖြစ်လို့လဲ… ငြိမ်မနေလို့ ဆွဲထိုးရမှာလား ''
" မပုတ်နဲ့ မကြိုက်ဘူး… ကိုယ့်လူကို သူများက လက်သန်းလေးနဲ့ထိတာတောင် မလိုချင်ဘူး "
" ဟောဗျာ… အဖြစ်ကိုသည်းတယ် အူပုတ်ကောင် ''
" သည်းမှာပဲပုတ်မှာပဲ ဘာဖြစ်လဲ… ''
" ဒါလား ကျွန်တော့်ထက် အသက်ကြီးတဲ့သူ… ဒါလား လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတဲ့လူ ၊ မျက်နှာကြောလေးလည်း လျှော့ပါဦး ''
ပြောပြောဆိုဆိုပင် သွင်မှူးအိမ်က သျှံမင်းဆက်၏ တွန့်ချိုးနေသောမျက်ခုံးကြောတို့အား လက်မလေးဖြင့်အသာဖိကာ ပြေလျော့စေသည် ။
" သွင်လေးမျက်နှာကြောင့်နော်… သူ့နေရာမှာ တခြားသူသာဆိုရင် အဲဒီလက်… နောက်နေ့ သူ့ခန္ဓာကိုယ်မှာ ရှိမနေစေရဘူး ''
" ဟုတ်ပါပြီဗျာ ကိုကိုကလည်း… ''
" တော်… အခုအချိန် ကိုကိုဆိုတာနဲ့လာချော့လည်း အမျက်က မပြေပေးနိုင်ဘူး ကိုယ်က… ''
ပြောချင်သည်များတရစပ်ပြောနေသော ချစ်သူအား နှုတ်ခမ်းများဖြင့်ထိကပ်ကာ အသံတိတ်စေလိုက်သည် ။ တစ်မိနစ်ခန့်မျှ ထိကပ်ပြီးနောက်…
" တော်ပြီနော် ဆက်မပြောရတော့ဘူး နားငြီးလို့... ''
" ဪ ချစ်လို့နမ်းတာမဟုတ်ဘဲ နားငြီးလို့ပေါ့လေ… ဒီလိုနဲ့ပြီးလိုက်ရမှာလား တွေ့မယ် ''
ထို့နောက်မှာတော့ သွင်မှူးအိမ်ဆိုသည့် ကောင်လေးတစ်ယောက်မှာ သျှံမင်းဆက်ပေးသော သဝန်တိုခြင်းအပြစ်များကို အနမ်းများနှင့် ပြန်ဆပ်နေရလေသည်… ။
ယခုဆို သွင်မှူးအိမ်လည်း ပြန်လည်ကျန်းမာနေပြီဖြစ်ကာ ဆိုင်ပင် ပြန်ထိုင်နေပြီဖြစ်သည် ။ လာအပ်ထားသည့် ပွဲတစ်ခုအတွက် ငြိမ်းစုသက်တို့နှင့် တိုင်ပင်နေမိသည် ။ ဖုန်းမြည်နေသဖြင့် စကားစဖြတ်ကာ ဖုန်းကိုကြည့်လိုက်သည် ။ ခေါ်နေသူမှာ ကိုဇေပင် ။
" Helloကိုဇေ ''
" မှူးလေး... ဆိုင်မှာလား ''
" ဟုတ်တယ်ကိုဇေ ''
" ဪ အလုပ်များနေလား ဖုန်းပြောလို့ရလား ''
" ရပါတယ်ကိုဇေရ… ပြောလေ ''
" အစ်ကို ဒီလကုန် ဟိုကိုပြန်တော့မယ်… ''
" ဟင်… အဲဒီလောက်တောင်မြန်လား ချက်ချင်းကြီး… အလုပ်ကိစ္စနဲ့လား ''
" အဲဒီလိုပဲ ပြောရမှာပေါ့ ''
" ဘယ်လောက်ကြာမှာလဲ ''
" တစ်နှစ်လောက်ဖြစ်မယ် ''
" ဟုတ်လား လကုန်ဖို့တောင် သိပ်မလိုတော့ဘူးနော် ''
" ဟုတ်တယ် အဲဒါ… အစ်ကိုမသွားခင်လေး တွေ့ချင်လို့ ''
" ရတယ်လေကိုဇေ… ကျွန်တော် ဟိုနှစ်ယောက်ကိုပါ ပြောလိုက်မယ် ''
" အာ… မဟုတ်ဘူး မှူးလေး ၊ အစ်ကိုက မှူးလေးနဲ့ပဲ သီးသန့်တွေ့ချင်တာ ။ ပေးစရာလည်းရှိတာမို့ အချိန်နည်းနည်းလောက် ပေးမလား ''
" ဟုတ်ကဲ့ ရပါတယ် ၊ ဒါဆို ဘယ်တော့တွေ့ကြမလဲ ကိုဇေ ''
" ဒီညနေ အဆင်ပြေလား ''
သူ နာရီကိုကြည့်လိုက်သည် ။ သျှံမင်းဆက်က အလုပ်မများလျှင်တော့ ညနေငါးနာရီဆို လာကြိုတတ်သည် ။ အခုက လေးနာရီ ။ အကယ်၍ သူလာမကြိုဖြစ်ဘူးဆိုလျှင် ကြိုပြောမှာပင် ။
" Helloမှူးလေး ''
ဖုန်းထဲမှအသံကို ကြားလိုက်မှသာ အသိပြန်ဝင်ပြီး...
" အာ ကိုဇေ… ဆောရီး ကျွန်တော်စဉ်းစားနေလို့ ၊ ရတယ် အခုထွက်လာရင်ဖြစ်တယ် ။ အချိန်တစ်နာရီလောက် ဆိုရင် အဆင်ပြေလား ''
" အဆင်ပြေတယ်မှူးလေး ဒါဆိုရင်… ''
ကိုဇေနှင့်တွေ့ရန် နေရာတစ်ခုသတ်မှတ်လိုက်ပြီး ငြိမ်းစုသက်တို့ကိုပြောကာ ထွက်လာခဲ့လိုက်သည် ။ ချိန်းထားသည့်နေရာသို့ရောက်တော့ ကိုဇေက ရောက်နှင့်နေပြီးဖြစ်သည် ။
" ရောက်နေတာကြာပြီလား ကိုဇေ ''
သူဝင်ထိုင်ရင်း မေးလိုက်တော့ ခေါင်းခါပြကာ…
" မကြာသေးပါဘူး မှူးလေးနဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ ၊ ကဲ ဘာစားမလဲ ကြိုက်တာမှာလေ... ''
" မစားတော့ပါဘူးဗျာ ''
သူငြင်းဆန်သော်လည်း ကိုဇေက ခရီးသွားခါနီး လူကို စိတ်မကောင်းဖြစ်အောင်လုပ်သည်ဟုပြောလာ၍ စိတ်ကျေနပ်အောင် စားစရာတစ်မျိုးမှာလိုက်ရသည် ။
" ကိုဇေ ပေးစရာရှိလို့ဆို… ''
စားစရာများလာချပြီးသည်နှင့် မေးလိုက်သည် ။
" စားပြီးမှ ပြောကြရအောင် ''
" ကိုဇေကလည်း… ကျွန်တော်က တစ်ခုခုကိုသိချင်နေပြီဆိုရင် တခြားဘာကိုမှ အာရုံမစိုက်နိုင်တော့ဘူး ပြောပါ... ''
ဇေသာထွန်းလည်း သက်ပြင်းချလိုက်ပြီး စားပွဲဘေးနားတွင်ထောင်ထားသော စက္ကူအိတ်ရှည်ကိုယူကာ သွင်မှူးအိမ်ကို ပေးလိုက်သည် ။
" ကိုဇေ ဒါက… ''
စက္ကူအိတ်နှင့်ထုပ်ပိုးထားသည်က ပန်းချီကားတစ်ချပ် ။ ပြောရလျှင် သွင်မှူးအိမ်၏ ဆယ်ကျော်သက်အရွယ် ပုံတူပန်းချီကားချပ်ပင် ။
" အစ်ကိုပေးနိုင်တဲ့ နောက်ဆုံးလက်ဆောင်ဖြစ်မလားပဲ ''
" ကျွန်တော် လက်ခံလို့ဖြစ်ပါ့မလား မသိတော့ဘူး ''
အရင်တစ်ခေါက် ကိုဇေ့ကိုငြင်းခဲ့စဉ်က သူ့မှာ အားနာစိတ်ကြောင့် အစ်ကိုတစ်ယောက်လို ခင်ခင်မင်မင်ပြန်နေနိုင်ဖို့ အတော်လေးအချိန်ယူခဲ့ရတာမဟုတ်လား ။
" အစ်ကို့အတွက်တော့ မှူးလေးက ကလေးလေးတစ်ယောက်ဖြစ်နေတုန်းပါပဲ ။ ကိုယ့်မျက်စိရှေ့မှာ ကြီးပြင်းလာတာကို ငေးကြည့်နေခဲ့ရတာ… ကိုယ်ပျိုးတဲ့အပင်လေး အပွင့်ပွင့်လာတဲ့အထိ ငေးမောနေခဲ့ရတာ အခုထိပဲ ''
သွင်မှူးအိမ်လည်း သက်ပြင်းချလိုက်ကာ...
" ကျွန်တော့်နှလုံးသားထဲမှာ ကိုဇေက ကြင်နာတတ်ပြီး ခင်ဖို့ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်လိုဖြစ်တည်မှုက ခုထိမပြောင်းလဲသွားပါဘူး ။ ဒါပေမယ့် အဲဒီခံစားချက်က အချစ်မဟုတ်ဘူးလေ… ကျွန်တော် သူကလွဲပြီး နောက်တစ်ယောက်ကို ထပ်မချစ်နိုင်တော့ဘူး ''
" အစ်ကိုသိပါတယ် ''
" တောင်းပန်ပါတယ် ''
သူပြောတော့ ကိုဇေက ပြုံးလိုက်ကာ...
" မှူးလေးက တောင်းပန်ရမှာမဟုတ်ပါဘူး… တောင်းပန်စကားက အစ်ကိုပြောရမှာပါ ''
" ဘာလို့လဲ… ''
" အစ်ကိုက မှူးလေးကို အမြဲပျော်ရွှင်စေဖို့ ဆန္ဒရှိတဲ့သူပါ ။ ဒါပေမယ့် အခု မှူးလေးကို ဝမ်းနည်းအောင်လုပ်မိသွားပြီး အဲဒီလိုလုပ်တဲ့သူကလည်း အစ်ကိုပဲဖြစ်နေတယ် ''
" မဟုတ်တာ ကိုဇေရာ… ''
" သျှံမင်းဆက်က မှူးလေးကို စိတ်ညစ်အောင်လုပ်ရင်ပြောနော်… အစ်ကိုလာဆုံးမပေးမယ် ''
" ကျေးဇူးပါကိုဇေ… သူက ကျွန်တော့်ကို စိတ်ညစ်အောင်မလုပ်ဘူးဆိုတာ ယုံကြည်ပါတယ် ''
ထို့နောက် မှာထားသည်များကို စားသောက်ကြပြီး သွင်မှူးအိမ်က ပန်းချီကားကိုယူ၍ နှုတ်ဆက်ကာပြန်သွားခဲ့သည် ။ လက်ပြနှုတ်ဆက်ကာ ကားမောင်းထွက်သွားသည့်ကောင်လေးကို ငေးကြည့်ရင်း ဇေသာထွန်းမှာပြုံးနေမိသည် ။
သူ သည်ပန်းချီကားကိုဆွဲခဲ့တာ ငါးနှစ်ကျော်ကြာခဲ့သည် ။ အခုတော့ သက်ဆိုင်သည့်ပိုင်ရှင်လက်ထဲ ထည့်ပေးနိုင်ခဲ့ပြီ ။
အနားမှာ အတူရှိပေးနိုင်မယ့်သူ ကိုယ်မဖြစ်ရပေမယ့် မင်းပျော်နေမယ်ဆိုရင် လုံလောက်ပါပြီ ။
တစ်ခါတလေတော့လည်း အချစ်က လမင်းကြီးလိုပဲ ။ ငေးကြည့်နေရတာကသာ အလှပဆုံး ဖြစ်လေသည် ။ ဒါပေမယ့် တစ်ဖက်သတ်အချစ်ကတော့ နေမင်းလိုပဲ ပူပြင်းလှသည်… ။
***** ***** *****
Thanks for reading.
ဟီရိုဆေး
Nov 8, 2020
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Zawgyi
တစ္စုံတစ္ခုက ေဆာင့္တြန္းေစခိုင္းလိုက္သလို ရင္တစ္ခ်က္ေဆာင့္ခုန္သြားခဲ့သည္ ။ မ်က္လုံးကို ျဖည္းညွင္းစြာဖြင့္လိုက္ေတာ့ အျဖဴေရာင္မ်က္ႏွာၾကက္ကို ျမင္ရသည္ ။ လက္ကို အသာလႈပ္ၾကည့္ေတာ့ ေဘးမွာထိုင္ကာ စကားေျပာေနသည့္ လူႏွစ္ေယာက္က သတိထားမိသြားပုံရသည္ ။
" မႉးအိမ္… သတိရၿပီလား… ''
နားမလည္သလိုၾကည့္လိုက္ေတာ့ သူက လန႔္ၿပီး အေနာက္ဆုတ္သြားသည္ ။
" ဟိန္းသူ သြား… ဆရာဝန္သြားေခၚ... ''
ဟိန္းသူ ေျပးထြက္သြားသည္ ။ မၾကာ ဆရာဝန္မ်ားႏွင့္ ျပန္ေရာက္လာၾကသည္ ။ ဆရာဝန္မ်ားက စစ္ေဆးၿပီးေနာက္ စိုးရိမ္စရာမလိုေၾကာင္း ရက္အနည္းငယ္ခန႔္ ေဆး႐ုံမွာထပ္ေနၿပီး ေဆးစစ္ေဆးေသာက္လွ်င္ အဆင္ေျပၿပီဟုေျပာကာ ထြက္သြားၾကသည္ ။
" ကြၽန္ေတာ္ ေဆး႐ုံမွာ ဘယ္ေလာက္ၾကာေနၿပီလဲ ကိုလင္းသန႔္… ''
" ေလးလနီးပါးပဲ... ''
" အၾကာႀကီးပဲ..''
လင္းသန႔္ေဝက ေခါင္းညိတ္ကာ ေဆးသြင္းထားသည့္ Dripကိုစစ္ေနသည္ ။
" မႉးအိမ္… မင္း ငါ့ကို မွတ္မိတယ္မလား '' ဟိန္းသူထြဋ္က ေမးသည္ ။
" မွတ္မိတယ္ေလ ဘာျဖစ္လို႔လဲ... ''
" ဒါဆို ဘာလို႔... ခုနက မသိသလိုၾကည့္ေနတာလဲ ၊ ငါက မင္းအတိတ္ေမ့သြားၿပီထင္လို႔ ''
သူ ဘာမွျပန္မေျပာမေနေတာ့ ။ သူအဆင္ေျပေစရန္ ၿငိမ္းစုသက္က ေက်ာေနာက္တြင္ ေခါင္းအုံးမ်ားဆင့္ေပးလာသည္ ။
" သူ သူေရာ... ''
" မင္းဆက္လား... ''
လင္းသန႔္ေဝက ေမးေတာ့ သြင္မႉးအိမ္က ေခါင္းညိတ္သည္ ။
" သတိရတာနဲ႕ သူ႕ရည္းစားကို အရင္တန္းေမးတာပဲ ''
ဟိန္းသူထြဋ္က ေငါ့တာေပမည့္ သူ ဘာမွျပန္မေျပာဘဲ ၿပဳံးမိေနသည္ ။
" သူ႕မိဘေတြကို ေလဆိပ္လိုက္ပို႔ေနတယ္ ၊ ညီေလးသတိျပန္ရလာတာကိုသိရင္ သူတို႔ ေလယာဥ္ေပၚေတာင္ တက္ပါ့မလားမသိဘူး ။ အစ္ကို စာပို႔ၿပီးေျပာထားပါတယ္ ''
" ဟိုေလ ကိုလင္းသန႔္… ကြၽန္ေတာ္ တစ္ခုေလာက္ အကူအညီေတာင္းခ်င္လို႔ ''
သူတို႔ စကားေျပာဆိုၿပီး ခဏအၾကာ ဦးရဲေ႐ႊလွသြင္မွာ အခန္းထဲသို႔ဝင္လာေလသည္ ။ သူ႕ကိုဖက္ကာ သာေၾကာင္းမာေၾကာင္းစကားမ်ားေျပာကာ လင္းသန႔္ေဝဆီ သူ႕က်န္းမာေရးအေျခအေနမ်ားအား ေမးေနေလေတာ့သည္ ။ ထိုစဥ္မွာပင္ တံခါးတစ္ခ်ပ္ပြင့္လာၿပီး အခန္းဝတြင္ သွ်ံမင္းဆက္ကို ေတြ႕လိုက္ရသည္ ။
" သြင္ေလး… ''
သူ႕အားေခၚရင္း ေျပးဝင္လာကာ ဖက္လိုက္ေလ၏ ။
" အင့္… ''
" သတိရေနတာ လြမ္းေနတာ... ကိုယ့္ဆီျပန္လာၿပီေပါ့ေနာ္ ၊ ကိုယ္ သြင္ေလးကို ဘယ္ေလာက္ေတာင္ သတိရေနတယ္ထင္လဲ ''
" အဟမ္း မင္းဆက္… သြင္မႉးအိမ္က လူမမာဆိုတာ ေမ့မေနနဲ႕ဦး ၊ ဒီမွာ အန္ကယ္လည္းရွိေနတယ္ေလ ''
လင္းသန႔္ေဝက ေျပာလိုက္ေတာ့မွ သြင္မႉးအိမ္အားဖက္ထားသည္ကို ျဖည္ေလ်ာ့ေပးသည္ ။ သူ႕ပုခုံးႏွစ္ဖက္အား ဖြဖြကိုင္ရင္း…
" ေနရထိုင္ရတာ အဆင္ေျပလား… ဘယ္နား နာေသးလဲ… ''
သွ်ံမင္းဆက္ကသာ ေမးေနေသာ္လည္း သြင္မႉးအိမ္က မေျဖဘဲ မ်က္လုံးေပကလပ္ေပကလပ္ႏွင့္ ျပန္ၾကည့္လာသည္ ။ ပုခုံးေပၚမွလက္တို႔ကို အသာဖယ္ခ်ၿပီး…
" အစ္ကိုက ဘယ္သူလဲ ''
" ဟင္… ''
" ကြၽန္ေတာ့္ကို သိလို႔လား ''
" သြင္ေလး… ''
သွ်ံမင္းဆက္မယုံနိုင္စြာပင္ လင္းသန႔္ေဝကို ၾကည့္လိုက္သည္ ။ သူက စိတ္မေကာင္းသည့္ပုံစံျဖင့္ ေခါင္းခါျပသည္ ။
" သြင္ေလး… ကိုယ့္ကို တကယ္မမွတ္မိေတာ့တာလား ၊ ကိုယ္ေလ သြင္ေလးရဲ႕ခ်စ္သူ သွ်ံမင္းဆက္ေလ ''
သြင္မႉးအိမ္က ထိုအတိုင္းသာၾကည့္ၿမဲ ။
" အင္း မမွတ္မိရင္လည္း ထားပါ… အတင္းအက်ပ္မွတ္မိေအာင္ မေစခိုင္းပါဘူး ၊ တျဖည္းျဖည္းခ်င္း ကိုယ့္ကိုမွတ္မိလာေအာင္ ႀကိဳးစားပါ့မယ္… ''
သွ်ံမင္းဆက္က ေျပာၿပီး သြင္မႉးအိမ္ကို ဖက္လိုက္သည္ ။ ရယ္သံလြင္လြင္ေလး ၾကားလိုက္ရၿပီး ခါးတစ္ဝိုက္တြင္ လက္တို႔ရစ္သိုင္းျခင္းကို ခံစားလိုက္ရသည္ ။
" အညာမိသြားၿပီ ''
သွ်ံမင္းဆက္က ကိုယ္ကိုခြာလိုက္ရင္း သြင္မႉးအိမ္ကိုၾကည့္လိုက္ေတာ့ မ်က္ႏွာက ၿပဳံးစိစိႏွင့္ပင္ ။
" သြင္ေလး… ''
" တစ္ေလာကလုံးကို ေမ့သြားရင္ေတာင္ ကိုကို႔ကို ေမ့မွာမဟုတ္ပါဘူး ။ ကိုကိုက ကြၽန္ေတာ့္ခႏၶာကိုယ္ ကြၽန္ေတာ့္အသိဉာဏ္က မွတ္မိေနၿပီး ႏွလုံးသားမွာ ထြင္းထုထားတဲ့ တစ္ေယာက္တည္းေသာလူမို႔… ''
" ဟာ သြင္ေလးရာ… ဒါဆို ခုနက ကိုယ့္ကို သူတို႔နဲ႕ေပါင္းႀကံတာေပါ့... "
" အင္း... သတိရရခ်င္း မေတြ႕ရလို႔… "
" အ႐ူးေလး... ''
ႏွစ္ဦးသား ျပန္ဖက္တြယ္မိၾကသည္ ။ ေဘးလူမ်ားကိုလည္း ဂ႐ုမထားေတာ့ ။
" ေတာင္းပန္ပါတယ္ အၾကာႀကီးပစ္ထားခဲ့ၿပီး ေစာင့္ေနရေစလို႔ ''
" ေက်းဇူးတင္ပါတယ္ ကိုယ့္ဆီျပန္လာေပးလို႔… မေမ့မေလ်ာ့ဘဲရွိေနေပးလို႔ ''
ေဆး႐ုံခန္းေလးထဲဝယ္ ေပ်ာ္႐ႊင္ျခင္းပန္းမ်ား ဖူးပြင့္လာၾကသည္ ။ လူအားလုံးမွာလည္း အၿပဳံးမ်က္ႏွာမ်ားကိုယ္စီျဖင့္ ပီတိျဖာကာ ေနၾကေတာ့သည္… ။
သြင္မႉးအိမ္နိုးလာခဲ့သည္ႏွင့္ ေဘးဘီသို႔ ေဝ့ဝဲၾကည့္လိုက္သည္ ။ မည္သူမွ် မရွိ ။ အထူးသူနာျပဳဆိုသူ၏ အရိပ္အေယာင္သည္လည္း မေတြ႕ရ ။ လူမမာကို စိတ္ခ်လက္ခ် ထားနိုင္လိုက္ၾကသည္ျဖစ္ျခင္း ။
အာေခါင္မ်ားေျခာက္ကာ ေရဆာသလိုခံစားရသည္ေၾကာင့္ လွဲေနရာမွ ကိုယ္ကိုမတ္၍ထကာ ကုတင္ေဘးရွိစားပြဲေပၚတြင္တင္ထားသည့္ ေရကရားႏွင့္ဖန္ခြက္ကို လက္လွမ္းလိုက္သည္ ။ ဖန္ခြက္အား မမီတမီလွမ္းယူလိုက္ေသာေၾကာင့္ လက္ေခ်ာ္ကာတိုက္မိၿပီး ျပဳတ္ခ်၍ကြဲသြားသည္ ။ လူမွာလည္း အရွိန္လြန္ကာ ကုတင္ေပၚမွျပဳတ္က်ၿပီး ၾကမ္းျပင္ႏွင့္ဦးေခါင္း မိတ္ဆက္ၿပီဟုထင္လိုက္သည္ ။
သို႔ေသာ္ ေလဟာနယ္တြင္ရပ္တန႔္သြားကာ ႏြေးေထြးေသာ အေငြ႕အသက္ေလးကို ခံစားလိုက္ရသည္ ။
" ေဟာ… ဘယ္လိုျဖစ္ရတာလဲ သြင္ေလးရယ္ ''
" ေရေသာက္မလို႔ေပါ့ ''
သွ်ံမင္းဆက္က သူ႕ကိုထူေပးကာ ကုတင္ေပၚသို႔ ေနရာတက်ျပန္ထိုင္ေစသည္ ။
" ဪ အဲဒါမ်ား ကိုယ္ယူေပးမွာေပါ့ ''
သွ်ံမင္းဆက္က စားပြဲေအာက္ရွိဗီဒိုအေသးထဲမွ ဖန္ခြက္တစ္လုံးကိုယူကာ ေရထည့္ၿပီးေပးလိုက္ေတာ့ ဆတ္ခနဲဆြဲယူၿပီး ေသာက္ခ်ေလသည္ ။
" ေရာ့... ''
ဖန္ခြက္ကို လက္ဆန႔္တန္းၿပီး ျပန္ေပးလာသည္ ။ သွ်ံမင္းဆက္ကိုေတာ့ မၾကည့္…
" ေျပာပါဦး… ဘာေတြအလိုမက်ျဖစ္ေနတာလဲ ''
ကုတင္ေပၚတြင္ ကိုယ္ကိုတေစာင္းထိုင္၍ ေမးလိုက္သည္ ။ မ်က္လုံးကို လွန္ၾကည့္ေလၿပီး…
" ခုနက ဘယ္သြားေနတာလဲ ''
" ဪ လင္းသန႔္နဲ႕စကားေျပာေနတာ… ဒီအခန္းေရွ႕ေလးတင္ ''
" မသိဘူးေလ တစ္ေယာက္မွမရွိလို႔ ေမးၾကည့္တာ ''
" သူနာျပဳက ကိုယ္ နားခိုင္းထားလိုက္တာ ''
ထိုအခါမွ စိတ္သက္သာရာရသလိုႏွင့္ ဆက္ေျပာလာသည္ ။
" ကုမၸဏီေရာမသြားဘူးလား… မေန႕ညတည္းက ေဆး႐ုံမွာပဲေနေနတယ္ ၊ အလုပ္ေတြက အဲဒီလိုပစ္ထားလို႔ရလား ''
" ဆက္နိုင္ရွိတယ္ေလ… ကိုယ္ဝင္ပါစရာ ကိစၥမရွိေသးလို႔ အကုန္ သူနဲ႕လႊဲထားလိုက္တယ္ ။ အလုပ္ထက္ ပိုအေရးႀကီးတာက ေဟာဒီက ကိုယ့္ခ်စ္သူဂဏန္းေပါက္ေလး ''
သြင္မႉးအိမ္၏ ႏွာေခါင္းေလးအား ညွစ္ဆြဲကာေျပာလာသည့္ သွ်ံမင္းဆက္၏လက္ကို ဖယ္ခ်လိဳက္ၿပီး...
" ကိုယ့္အသားမဟုတ္တိုင္း အရမ္းလုပ္ရလား... လူလည္း ဂဏန္းျဖစ္လိုက္ လိပ္ျဖစ္လိုက္နဲ႕ ေရထဲကကို မတက္ေတာ့ဘူး ''
သြင္မႉးအိမ္က စိတ္တိုစြာေျပာသည္ ။
" အစားစားေနတဲ့အခ်ိန္ဆို ဝက္ေလး… ခ်စ္ဖို႔ေကာင္းေအာင္ေနတဲ့အခ်ိန္ဆို ေၾကာင္ေလး ၊ ကိုယ့္ကို ကိုက္တဲ့အခ်ိန္ဆို ေခြးေလး... ''
" ေတာ္ေတာ့ ေပါက္ကရေတြ ''
" ဟားဟား ခုလို စိတ္ဆိုးေနတဲ့အခ်ိန္ေတာ့ အင္း... ''
" ဘာျဖစ္လဲ ေျပာၾကည့္လိုက္... ''
" စိတ္ဆိုးေနတဲ့ ေမ်ာက္… "
" မင္းပဲေမ်ာက္ မင္းပဲဝက္... သူမ်ားသားသမီးကို တိရစ္ဆာန္ေပါင္းစုံနဲ႕ႏွိုင္းၿပီး ေျပာေနတာ… ''
သွ်ံမင္းဆက္၏ရင္ဘတ္အား လက္သီးဆုပ္ႏွင့္ ထုေလေတာ့သည္ ။ သို႔ေသာ္ ပန္းႏွင့္ေပါက္သလိုႏွယ္ ။ ထိုလက္ေလးမ်ားကို ဖမ္းကိုင္လိုက္ၿပီး...
" ခ်စ္လို႔ေလ ခ်စ္လို႔ေျပာတာေပါ့… သြင္ေလးကိုခ်စ္လို႔ ခ်စ္စရာေကာင္းတဲ့ အေကာင္ေလးေတြနဲ႕ ႏွိုင္းေျပာတာ ၊ ဘယ္လိုပုံစံေလးပဲျဖစ္ျဖစ္ ကိုယ္က ခ်စ္ေနဦးမွာ ''
သြင္မႉးအိမ္က ဘာမွ်ျပန္မေျပာဘဲ သူ႕ကိုၾကည့္သာေနေတာ့ နဖူးျပင္ကို ညင္သာစြာအနမ္းေပးမိသည္ ။
" ေဆး႐ုံက ဘယ္ေတာ့ဆင္းရမွာလဲ… လွဲပဲ လွဲမေနခ်င္ေတာ့ဘူး ''
" ဒီညေန Check Upတစ္ေခါက္လုပ္ၿပီးရင္ မနက္ျဖန္ ဆင္းလို႔ရၿပီတဲ့ ''
" အဲဒါဆိုဆင္းမယ္ေလ ဘာကို ေစာင့္ေနဦးမလဲ ''
" ဟားဟား ေအးပါကြာ… ဟုတ္ၿပီဟုတ္ၿပီ ''
ႏွစ္ဦးသား တြတ္တြတ္ထိုးကာၾကည္ႏူးေနၾကခ်ိန္တြင္ အခန္းတံခါးဖြင့္သံၾကားလိုက္ရၿပီး ဝင္လာသည့္သူကို ၿပိဳင္တူၾကည့္လိုက္ၾကသည္ ။
" ကိုေဇ... ''
X X X X X
သြင္မႉးအိမ္၏သတင္းၾကားေသာ္လည္း လုပ္ငန္းကိစၥအခ်ိဳ႕ေၾကာင့္ ျပည္ပသို႔ခရီးထြက္ေနရ၍ ယခုမွပင္ သတင္းလာေမးျဖစ္ေတာ့သည္ ။
ေဇသာထြန္းမွာ သြင္မႉးအိမ္ရွိသည့္ လူနာအခန္းေရွ႕ေရာက္ေတာ့ တံခါးဖြင့္ရန္လက္လွမ္းလိုက္စဥ္ အခန္းတြင္းမွ ရယ္ေမာသံမ်ားအား ၾကားလိုက္ရ၍ အထဲဝင္ဖို႔ ခ်ီတုံခ်တဳံျဖစ္ေနေသာ္လည္း စိတ္ပိုင္းျဖတ္ကာ ဝင္သြားလိုက္သည္ ။ သူ႕ကိုျမင္ေတာ့ သြင္မႉးအိမ္က ၿပဳံး႐ႊင္စြာျဖင့္ ႏႈတ္ဆက္ေလသည္ ။ ေဘးမွ တစ္ေယာက္ကေတာ့ ရႈတည္တည္ပင္ ။
" မႉးေလး သက္သာရဲ႕လား… အစ္ကို အခုမွပဲေရာက္လာျဖစ္တာ စိတ္မဆိုးနဲ႕ေနာ္ ''
သူေျပာလိုက္ေတာ့ သြင္မႉးအိမ္က မ်က္ႏွာကိုတည္လိုက္ကာ...
" အင္း... စိတ္ဆိုးလိုက္ရမလား ''
" မႉးေလးသေဘာပါပဲ… အစ္ကိုက ပ်က္ကြက္တာကိုး ''
" စတာပါ ကိုေဇရ… ကြၽန္ေတာ္က ဒီေလာက္နဲ႕စိတ္ဆိုးရေအာင္ ကေလးလား ''
" ေအးပါကြာ ကေလးမဟုတ္ပါဘူး လူႀကီးေလး ၊ ေရာ့… မႉးေလးအတြက္ ''
ဆိုကာ လက္ထဲမွပစၥည္းမ်ားကို ေပးလိုက္သည္ ။ မႉးေလးက ကိုယ့္အတြက္ေတာ့ ကေလးေလးလိုပါပဲ ဟူေသာစကားကိုေတာ့ စိတ္ထဲမွာသာ ထိမ္ခ်န္ထားလိုက္သည္ ။
" ေက်းဇူးပါကိုေဇ ''
သြင္မႉးအိမ္က ပစၥည္းမ်ားကိုယူရင္း ေျပာလိုက္သည္ ။
" မႉးေလး ေနရထိုင္ရတာအဆင္ေျပလား… ေဆး႐ုံက ဘယ္ေတာ့ဆင္းရမွာတဲ့လဲ ''
ေဇသာထြန္းက လူနာေစာင့္ကုလားထိုင္တြင္ ဝင္ထိုင္ရင္းေမးလိုက္သည္ ။
" ဟုတ္ကဲ့ အဆင္ေျပပါတယ္ ကိုေဇ… မနက္ျဖန္ပဲဆင္းေတာ့မွာ ''
" ေကာင္းတာေပါ့… အစ္ကိုက စိတ္ေတြပူေနတာ ၊ ဟိုဘက္ကကိစၥလည္း ျဖတ္မရေတာ့ ခ်က္ခ်င္းလာလို႔လည္းမရနဲ႕ ။ မႉးေလးတို႔ကိစၥကိုသိသိရခ်င္း တကယ္ေရွာ့ရသြားေသးတယ္ ''
" အခုေတာ့ ၿပီးသြားပါၿပီ ကိုေဇရယ္ ''
ထို႔ေနာက္ အခ်ိန္အေတာ္ၾကာေအာင္ စကားမ်ားဆက္ေျပာျဖစ္ၾကသည္ ။ ေဘးမွ သွ်ံမင္းဆက္မွာေတာ့ အလိုက္အထိုက္သာ ။
" မႉးေလး… အစ္ကိုျပန္လိုက္ဦးမယ္ ၊ ေနာက္ရက္ေဆး႐ုံဆင္းၿပီးမွ တစ္ရက္ေလာက္ေတြ႕ၾကတာေပါ့ ''
" ဟုတ္ကဲ့ကိုေဇ ''
" ဒါဆို အစ္ကိုသြားၿပီ… ''
သြင္မႉးအိမ္၏ေခါင္းေလးအား ခပ္ဖြဖြပုတ္ေပးၿပီး သွ်ံမင္းဆက္ကိုပါၿပဳံးျပ၍ အခန္းထဲမွထြက္သြားေလသည္ ။
ကိုေဇ အခန္းထဲမွထြက္သြားသည္ကိုၾကည့္ၿပီးေနာက္ မိမိေဘးမွသူကို လွည့္ၾကည့္လိုက္သည္ ။ အနက္ေရာင္အခိုးအေငြ႕မ်ား တဟုန္းဟုန္းထကာ ေတာက္ေလာင္ေနသလိုပင္ ။ သွ်ံမင္းဆက္၏ ရာသီဥတုအေျခအေနမွာ သိပ္မေကာင္း ။
" အဟမ္း… ဘာျဖစ္ေနတာလဲ ႐ုပ္ႀကီးက ''
မႈန္ေတေတမ်က္ႏွာထားႏွင့္ သူ႕ဘက္သို႔လွည့္လာၿပီး သမီးေပးလိုက္ရေသာ အေဖတစ္ေယာက္ႏွယ္ ႏွေျမာတသစြာျဖင့္ၾကည့္ရင္း...
" သူက ဘာလို႔သူမ်ားရည္းစားေခါင္းကို ပိုင္စိုးပိုင္းနင္းနဲ႕ပုတ္သြားတာလဲ ၊ သြင္ေလးကေရာ ဘာလို႔ၿငိမ္ခံေနတာလဲ ''
" ေခါင္းပုတ္တာပဲ ဘာျဖစ္လို႔လဲ… ၿငိမ္မေနလို႔ ဆြဲထိုးရမွာလား ''
" မပုတ္နဲ႕ မႀကိဳက္ဘူး… ကိုယ့္လူကို သူမ်ားက လက္သန္းေလးနဲ႕ထိတာေတာင္ မလိုခ်င္ဘူး "
" ေဟာဗ်ာ… အျဖစ္ကိုသည္းတယ္ အူပုတ္ေကာင္ ''
" သည္းမွာပဲပုတ္မွာပဲ ဘာျဖစ္လဲ… ''
" ဒါလား ကြၽန္ေတာ့္ထက္ အသက္ႀကီးတဲ့သူ… ဒါလား လုပ္ငန္းႀကီးတစ္ခုကို ဦးေဆာင္ေနတဲ့လူ ၊ မ်က္ႏွာေၾကာေလးလည္း ေလွ်ာ့ပါဦး ''
ေျပာေျပာဆိုဆိုပင္ သြင္မႉးအိမ္က သွ်ံမင္းဆက္၏ တြန႔္ခ်ိဳးေနေသာမ်က္ခုံးေၾကာတို႔အား လက္မေလးျဖင့္အသာဖိကာ ေျပေလ်ာ့ေစသည္ ။
" သြင္ေလးမ်က္ႏွာေၾကာင့္ေနာ္… သူ႕ေနရာမွာ တျခားသူသာဆိုရင္ အဲဒီလက္… ေနာက္ေန႕ သူ႕ခႏၶာကိုယ္မွာ ရွိမေနေစရဘူး ''
" ဟုတ္ပါၿပီဗ်ာ ကိုကိုကလည္း… ''
" ေတာ္… အခုအခ်ိန္ ကိုကိုဆိုတာနဲ႕လာေခ်ာ့လည္း အမ်က္က မေျပေပးနိုင္ဘူး ကိုယ္က… ''
ေျပာခ်င္သည္မ်ားတရစပ္ေျပာေနေသာ ခ်စ္သူအား ႏႈတ္ခမ္းမ်ားျဖင့္ထိကပ္ကာ အသံတိတ္ေစလိုက္သည္ ။ တစ္မိနစ္ခန႔္မွ် ထိကပ္ၿပီးေနာက္…
" ေတာ္ၿပီေနာ္ ဆက္မေျပာရေတာ့ဘူး နားၿငီးလို႔... ''
" ဪ ခ်စ္လို႔နမ္းတာမဟုတ္ဘဲ နားၿငီးလို႔ေပါ့ေလ… ဒီလိုနဲ႕ၿပီးလိုက္ရမွာလား ေတြ႕မယ္ ''
ထို႔ေနာက္မွာေတာ့ သြင္မႉးအိမ္ဆိုသည့္ ေကာင္ေလးတစ္ေယာက္မွာ သွ်ံမင္းဆက္ေပးေသာ သဝန္တိုျခင္းအျပစ္မ်ားကို အနမ္းမ်ားႏွင့္ ျပန္ဆပ္ေနရေလသည္… ။
ယခုဆို သြင္မႉးအိမ္လည္း ျပန္လည္က်န္းမာေနၿပီျဖစ္ကာ ဆိုင္ပင္ ျပန္ထိုင္ေနၿပီျဖစ္သည္ ။ လာအပ္ထားသည့္ ပြဲတစ္ခုအတြက္ ၿငိမ္းစုသက္တို႔ႏွင့္ တိုင္ပင္ေနမိသည္ ။ ဖုန္းျမည္ေနသျဖင့္ စကားစျဖတ္ကာ ဖုန္းကိုၾကည့္လိုက္သည္ ။ ေခၚေနသူမွာ ကိုေဇပင္ ။
" Helloကိုေဇ ''
" မႉးေလး... ဆိုင္မွာလား ''
" ဟုတ္တယ္ကိုေဇ ''
" ဪ အလုပ္မ်ားေနလား ဖုန္းေျပာလို႔ရလား ''
" ရပါတယ္ကိုေဇရ… ေျပာေလ ''
" အစ္ကို ဒီလကုန္ ဟိုကိုျပန္ေတာ့မယ္… ''
" ဟင္… အဲဒီေလာက္ေတာင္ျမန္လား ခ်က္ခ်င္းႀကီး… အလုပ္ကိစၥနဲ႕လား ''
" အဲဒီလိုပဲ ေျပာရမွာေပါ့ ''
" ဘယ္ေလာက္ၾကာမွာလဲ ''
" တစ္ႏွစ္ေလာက္ျဖစ္မယ္ ''
" ဟုတ္လား လကုန္ဖို႔ေတာင္ သိပ္မလိုေတာ့ဘူးေနာ္ ''
" ဟုတ္တယ္ အဲဒါ… အစ္ကိုမသြားခင္ေလး ေတြ႕ခ်င္လို႔ ''
" ရတယ္ေလကိုေဇ… ကြၽန္ေတာ္ ဟိုႏွစ္ေယာက္ကိုပါ ေျပာလိုက္မယ္ ''
" အာ… မဟုတ္ဘူး မႉးေလး ၊ အစ္ကိုက မႉးေလးနဲ႕ပဲ သီးသန႔္ေတြ႕ခ်င္တာ ။ ေပးစရာလည္းရွိတာမို႔ အခ်ိန္နည္းနည္းေလာက္ ေပးမလား ''
" ဟုတ္ကဲ့ ရပါတယ္ ၊ ဒါဆို ဘယ္ေတာ့ေတြ႕ၾကမလဲ ကိုေဇ ''
" ဒီညေန အဆင္ေျပလား ''
သူ နာရီကိုၾကည့္လိုက္သည္ ။ သွ်ံမင္းဆက္က အလုပ္မမ်ားလွ်င္ေတာ့ ညေနငါးနာရီဆို လာႀကိဳတတ္သည္ ။ အခုက ေလးနာရီ ။ အကယ္၍ သူလာမႀကိဳျဖစ္ဘူးဆိုလွ်င္ ႀကိဳေျပာမွာပင္ ။
" Helloမႉးေလး ''
ဖုန္းထဲမွအသံကို ၾကားလိုက္မွသာ အသိျပန္ဝင္ၿပီး...
" အာ ကိုေဇ… ေဆာရီး ကြၽန္ေတာ္စဥ္းစားေနလို႔ ၊ ရတယ္ အခုထြက္လာရင္ျဖစ္တယ္ ။ အခ်ိန္တစ္နာရီေလာက္ ဆိုရင္ အဆင္ေျပလား ''
" အဆင္ေျပတယ္မႉးေလး ဒါဆိုရင္… ''
ကိုေဇႏွင့္ေတြ႕ရန္ ေနရာတစ္ခုသတ္မွတ္လိုက္ၿပီး ၿငိမ္းစုသက္တို႔ကိုေျပာကာ ထြက္လာခဲ့လိုက္သည္ ။ ခ်ိန္းထားသည့္ေနရာသို႔ေရာက္ေတာ့ ကိုေဇက ေရာက္ႏွင့္ေနၿပီးျဖစ္သည္ ။
" ေရာက္ေနတာၾကာၿပီလား ကိုေဇ ''
သူဝင္ထိုင္ရင္း ေမးလိုက္ေတာ့ ေခါင္းခါျပကာ…
" မၾကာေသးပါဘူး မႉးေလးနဲ႕ ေရွ႕ဆင့္ေနာက္ဆင့္ပါပဲ ၊ ကဲ ဘာစားမလဲ ႀကိဳက္တာမွာေလ... ''
" မစားေတာ့ပါဘူးဗ်ာ ''
သူျငင္းဆန္ေသာ္လည္း ကိုေဇက ခရီးသြားခါနီး လူကို စိတ္မေကာင္းျဖစ္ေအာင္လုပ္သည္ဟုေျပာလာ၍ စိတ္ေက်နပ္ေအာင္ စားစရာတစ္မ်ိဳးမွာလိုက္ရသည္ ။
" ကိုေဇ ေပးစရာရွိလို႔ဆို… ''
စားစရာမ်ားလာခ်ၿပီးသည္ႏွင့္ ေမးလိုက္သည္ ။
" စားၿပီးမွ ေျပာၾကရေအာင္ ''
" ကိုေဇကလည္း… ကြၽန္ေတာ္က တစ္ခုခုကိုသိခ်င္ေနၿပီဆိုရင္ တျခားဘာကိုမွ အာ႐ုံမစိုက္နိုင္ေတာ့ဘူး ေျပာပါ... ''
ေဇသာထြန္းလည္း သက္ျပင္းခ်လိဳက္ၿပီး စားပြဲေဘးနားတြင္ေထာင္ထားေသာ စကၠဴအိတ္ရွည္ကိုယူကာ သြင္မႉးအိမ္ကို ေပးလိုက္သည္ ။
" ကိုေဇ ဒါက… ''
စကၠဴအိတ္ႏွင့္ထုပ္ပိုးထားသည္က ပန္းခ်ီကားတစ္ခ်ပ္ ။ ေျပာရလွ်င္ သြင္မႉးအိမ္၏ ဆယ္ေက်ာ္သက္အ႐ြယ္ ပုံတူပန္းခ်ီကားခ်ပ္ပင္ ။
" အစ္ကိုေပးနိုင္တဲ့ ေနာက္ဆုံးလက္ေဆာင္ျဖစ္မလားပဲ ''
" ကြၽန္ေတာ္ လက္ခံလို႔ျဖစ္ပါ့မလား မသိေတာ့ဘူး ''
အရင္တစ္ေခါက္ ကိုေဇ့ကိုျငင္းခဲ့စဥ္က သူ႕မွာ အားနာစိတ္ေၾကာင့္ အစ္ကိုတစ္ေယာက္လို ခင္ခင္မင္မင္ျပန္ေနနိုင္ဖို႔ အေတာ္ေလးအခ်ိန္ယူခဲ့ရတာမဟုတ္လား ။
" အစ္ကို႔အတြက္ေတာ့ မႉးေလးက ကေလးေလးတစ္ေယာက္ျဖစ္ေနတုန္းပါပဲ ။ ကိုယ့္မ်က္စိေရွ႕မွာ ႀကီးျပင္းလာတာကို ေငးၾကည့္ေနခဲ့ရတာ… ကိုယ္ပ်ိဳးတဲ့အပင္ေလး အပြင့္ပြင့္လာတဲ့အထိ ေငးေမာေနခဲ့ရတာ အခုထိပဲ ''
သြင္မႉးအိမ္လည္း သက္ျပင္းခ်လိဳက္ကာ...
" ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ကိုေဇက ၾကင္နာတတ္ၿပီး ခင္ဖို႔ေကာင္းတဲ့ အစ္ကိုႀကီးတစ္ေယာက္လိုျဖစ္တည္မႈက ခုထိမေျပာင္းလဲသြားပါဘူး ။ ဒါေပမယ့္ အဲဒီခံစားခ်က္က အခ်စ္မဟုတ္ဘူးေလ… ကြၽန္ေတာ္ သူကလြဲၿပီး ေနာက္တစ္ေယာက္ကို ထပ္မခ်စ္နိုင္ေတာ့ဘူး ''
" အစ္ကိုသိပါတယ္ ''
" ေတာင္းပန္ပါတယ္ ''
သူေျပာေတာ့ ကိုေဇက ၿပဳံးလိုက္ကာ...
" မႉးေလးက ေတာင္းပန္ရမွာမဟုတ္ပါဘူး… ေတာင္းပန္စကားက အစ္ကိုေျပာရမွာပါ ''
" ဘာလို႔လဲ… ''
" အစ္ကိုက မႉးေလးကို အၿမဲေပ်ာ္႐ႊင္ေစဖို႔ ဆႏၵရွိတဲ့သူပါ ။ ဒါေပမယ့္ အခု မႉးေလးကို ဝမ္းနည္းေအာင္လုပ္မိသြားၿပီး အဲဒီလိုလုပ္တဲ့သူကလည္း အစ္ကိုပဲျဖစ္ေနတယ္ ''
" မဟုတ္တာ ကိုေဇရာ… ''
" သွ်ံမင္းဆက္က မႉးေလးကို စိတ္ညစ္ေအာင္လုပ္ရင္ေျပာေနာ္… အစ္ကိုလာဆုံးမေပးမယ္ ''
" ေက်းဇူးပါကိုေဇ… သူက ကြၽန္ေတာ့္ကို စိတ္ညစ္ေအာင္မလုပ္ဘူးဆိုတာ ယုံၾကည္ပါတယ္ ''
ထို႔ေနာက္ မွာထားသည္မ်ားကို စားေသာက္ၾကၿပီး သြင္မႉးအိမ္က ပန္းခ်ီကားကိုယူ၍ ႏႈတ္ဆက္ကာျပန္သြားခဲ့သည္ ။ လက္ျပႏႈတ္ဆက္ကာ ကားေမာင္းထြက္သြားသည့္ေကာင္ေလးကို ေငးၾကည့္ရင္း ေဇသာထြန္းမွာၿပဳံးေနမိသည္ ။
သူ သည္ပန္းခ်ီကားကိုဆြဲခဲ့တာ ငါးႏွစ္ေက်ာ္ၾကာခဲ့သည္ ။ အခုေတာ့ သက္ဆိုင္သည့္ပိုင္ရွင္လက္ထဲ ထည့္ေပးနိုင္ခဲ့ၿပီ ။
အနားမွာ အတူရွိေပးနိုင္မယ့္သူ ကိုယ္မျဖစ္ရေပမယ့္ မင္းေပ်ာ္ေနမယ္ဆိုရင္ လုံေလာက္ပါၿပီ ။
တစ္ခါတေလေတာ့လည္း အခ်စ္က လမင္းႀကီးလိုပဲ ။ ေငးၾကည့္ေနရတာကသာ အလွပဆုံး ျဖစ္ေလသည္ ။ ဒါေပမယ့္ တစ္ဖက္သတ္အခ်စ္ကေတာ့ ေနမင္းလိုပဲ ပူျပင္းလွသည္… ။
***** ***** *****
Thanks for reading.
ဟီရိုေဆး
Nov 8, 2020
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖