SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
32.7K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 16
1.2K 180 7
By ji__aan
Unicode
" စိတ်ညစ်လာပြီ "
" ဘာလို့လည်း ခွေးပေါက် "
" ဒီနေ့စာမေးပွဲပြီးရင်ပိတ်ရက်ရှည်လေ ငါဩဇီခဏပြန်ရမယ်ထင်တယ် "
" တကယ်လား "
" မဟုတ်ဘူး အာချောင်တာ "
သူနဲ့ပတ်သက်ရင် အသည်းနုပါတယ်ဆို
လာစပြီးရီနေတဲ့ ခွေးပေါက်လေးကို အူယားပြီး
ပါးလေးကိုတစ်ချက်နမ်းလိုက်သည် ။
" တစ်ခါစရင် တစ်ခါနမ်းခံရမယ် "
" အဲ့တာဆို ခဏခဏစရတော့မှာပဲ "
ဆံပင်ကိုဆွဲဖွပြီး အတန်းထဲဝင်သွားတဲ့
ခွေးပေါက်လေးနဲ့သူ ရည်းစားစဖြစ်တာ
နှစ်လရှိပြီ ။
အတန်းထဲပြန်ဝင်တော့ ဟိုနှစ်ကောင်ကဖုန်းထိုင်ပွတ်နေသည် ။
" ဂျောင်ဝန်း ဘာဖြစ် "
မျက်ကွင်းတွေညိုနေတဲ့ ဂျောင်ဝန်းက အိပ်ရေးပျက်ထားတဲ့ပုံ စာမေးပွဲကလည်းမစသေးတော့ သုံးယောက်စုပြီးထိုင်နေမိကြသည်။
" အိပ်ရေးပျက်ထားတယ်လေ မင်းရဲ့သားလေး"
" ဘာဖြစ်လို့လည်း "
" စာလုပ်နေလို့ "
" ခုထိအသည်းကွဲနာကျတုန်းလား "
" ဟီးဆွန်းဟျောင်းကဖြင့် ဘယ်ကမှန်းမသိတဲ့ရည်းစားနဲ့ အူမြူးနေမယ့်အချိန် မင်းက တစ်ဖက်သတ်နဲ့ပဲ ဆက်အချိန်ကုန်ချင်နေတာလား "
" အဲ့တာမဟုတ်ပါဘူးဆို တကယ်စာလုပ်နေတာ "
" အဲ့လိုနဲ့ ရည်းစားရတော့မှာမဟုတ်ဘူး "
ဟုတ်ပါတယ် ။ ဂျောင်ဝန်းရည်းစားရနေတာကို
ခုချိန်ထိမသိကြသေးပါဘူး ။ တစ်ယောက်မှ သေးသေးလေးတောင်မရိပ်မိကြသေးပါဘူး ။
" စာမေးပွဲပြီးရင် ညနေစာတူတူသွားစားရအောင် ဟီးဆွန်းဟျောင်းကိုပါခေါ်လိုက် ငါ့ဂျယ်ယွန်းကိုလည်းခေါ်ခဲ့မှာ "
" ဆောင်းဟွန်း မင်းဂျောင်ဝန်းကို ကျော်ခိုင်းခွခိုင်းတော့မလို့လား "
" မကျော်ခွခိုင်းပါဘူး ဆိုင်ကယ် ကယ်ရီမှမဟုတ်တာ ငါ့သားက "
" တော်ကြပါတော့ စာမရတဲ့ကြားထဲ "
နောက်ဆုံး ဂျောင်ဝန်းထအော်မှ ငြိမ်သွားကြတဲ့နှစ်ကောင်ကိုကြည့်ပြီး ရီမိပါသေးသည် ။
တကယ် ဘယ်လိုဟာတွေလည်းမသိ ။
စာမေးပွဲဖြေတာက ရသလိုလိုမရသလိုလိုနဲ့ပြီးသွားပြီးတော့ တစ်ဝိုင်းဆွဲဖို့ ချိန်းကြသည် ။
" ဖြေနိုင်လား "
Film Major အဆောင်အောက်မှာ လာစောင့်နေတဲ့ ဂျယ်ယွန်းက ဆောင်းဟွန်းကိုမေးသည် ။
" အင်း ဖြေနိုင်တယ် ။ ဂျယ်ယွန်းကရော "
" အဆင်ပြေပါတယ် ဩဇီကဟာတွေထက်တောင်လွယ်တယ် "
" နေပါအုံး အတွဲတွေက ပြီးအုံးမှာလား "
ဂျောင်ဝန်းက ပြောတော့ ဂျုံဆွန်းကလည်းထောက်ခံသည် ။
" ဒါနဲ့ ဟိုနှစ်ကောင် ငါမပါပဲသွားလိုက်တော့
ဂိမ်းဆိုင်ပဲသွားထိုင်တော့မယ် "
" ဟေ့ကောင် မင်းအဲ့လိုမလုပ်နဲ့လေ ဂျောင်ဝန်း "
ထိုအချိန် ‌ဂျုံဆွန်းရဲ့ဖုန်းကို message ဝင်လာတာကတော့
Heeseung Hyung
ညနေ ဟျောင်းမအားလို့ မလိုက်နိုင်ဘူးထင်တယ်
" ဘာပဲဖြစ်ဖြစ် မင်းလူကြီးလည်း မလာနိုင်ဘူးတဲ့
ငါတို့ဘာသာ ကိုယ့်အိမ်ကိုယ်ပြန်ကြရအောင် "
ဂျုံဆွန်းကပြောလည်းပြီးရော ဂျောင်ဝန်းကလည်း နှုတ်ဆက်ပြီးပြန်သွားသည် ။
ကျန်ခဲ့တာက သုံးယောက်
" ငါတို့လည်းဂိမ်းဆိုင်ပဲသွားမလား "
" ဂျယ်ယွန်း မင်းအိုကေပါ့မလား "
" ငါကရပါတယ် ဩဇီတုန်းက ကျောင်းဆင်းတိုင်း ဂိမ်းဆိုင်ထိုင်တာ "
" ငါ့ရည်းစားက ဇိုးလား "
" ဇိုးမဟုတ်ဘူး မင်းကောင်လေး "
" အတွဲတွေရယ် တော်ကြပါတော့ "
‌ဂိမ်းဆိုင်မှာ ဂျောင်ဝန်းနဲ့တွေ့ချင်တွေ့ဆိုပြီး ဂိမ်းဆိုင်လိုက်သွားတော့ အော်ဟော တွေ့ပါပြီ ။
ဒါပေမဲ့ သူငယ်ချင်းအသစ်ရနေတာလား
ဂိမ်းဆော့ရင်းပြုံးပျော်နေလို့ နှစ်ယောက်သား
အချင်းချင်းပြန်ကြည့်မိသည် ။
ဂျယ်ယွန်းကတော့ တွေ့တဲ့တစ်နေရာ ဝင်ထိုင်ဖို့ရှာနေပေမဲ့
နှစ်ယောက်သားကတော့ ဂျောင်ဝန်းကိုသာ စောင့်ကြည့်နေကြသည် ။
" What the heck bro "
ဂျုံဆွန်းအသံကြောင့် ဂျောင်ဝန်းကိုသေချာကြည့်လိုက်တော့ ဝေါင်းးးး ဘေးကကောင်က
ဂိမ်းနှိပ်နေတဲ့သူတို့ကောင်ကို ခေါက်ဆွဲပြုတ်ပါ ခွံ့ကျွေးနေတာဗျာ
ဆိုင်ဝင်ပေါက်ကနေ လှမ်းကြည့်ကြတာဆိုတော့မျက်နှာတော့မမြင်ရ ။
" ဒီကောင် တော်တော်ပဲ ။ ရည်းစားလားမသိဘူး"
" အဲ့ကောင် ရူးနေရင်တောင် ဂိမ်းဆိုင်မှာ ရည်းစားနဲ့မချိန်းလောက်ဘူး "
ဆောင်းဟွန်းကပြောပြီး ဂျောင်ဝန်းဆီကို လျှောက်သွားတော့ ဂျုံဆွန်းလည်းနောက်ကအမြန်လိုက်ရပြန်သည် ။
" yaa!!! "
စူးကနဲထွက်လာတဲ့ ဆောင်းဟွန်းအသံကြောင့်
နေရာသွားဦးထားတဲ့ ဂျယ်ယွန်းပါ ပြန်ထလာရသည် ။
" ယန်ဂျောင်ဝန်း..ဟီးဆွန်းဟျောင်း ဘယ်လိုဖြစ်ပြီး "
" ဒီလိုပဲ အမှတ်မထင်တွေ့တာ "
" ခေါက်ဆွဲပြုတ်ခွံ့ကျွေးဖို့ထိတော့ မရင်းနှီးလောက်ဖူးထင်တယ် ။
မဟုတ်မှလွဲရော တွဲနေကြတာလား "
ဆောင်းဟွန်း အံ့ဩတကြီးဖြစ်နေတဲ့နေရာကိုသွားကြည့်တော့
ဘေးချင်းကပ်ထိုင်နေတဲ့ ဟီးဆွန်းဟျောင်းနဲ့ ဂျောင်ဝန်းဗျာ
" တွဲနေတာလားလို့ ရည်းစားတွေလားလို့ !"
" အင်း.."
ဂျောင်ဝန်းက ပြန်ဖြေတော့ ဆောင်းဟွန်းမျက်နှာပျက်သွားတာကိုတော့ သူသတိထားမိပါသည် ။
" ဘယ်လောက်ကြာပြီလည်း "
" မင်းနဲ့ ဂျယ်ယွန်း ရည်းစားဖြစ်တဲ့နေ့ ..
အဲ့ကတည်းက "
" မကောင်းတဲ့ကောင် "
ဆောင်းဟွန်း ဘယ်လိုခံစားရမလားမသိပေမဲ့
သေချာတာကတော့ ဒီလိုပုံစံကို တစ်ခါမှမမြင်ဖူးပေ ။
" ဆောင်းဟွန်း.."
ဆောင်းဟွန်းရဲ့ ပုခုံးကိုကိုင်ပြီး ဂျုံဆွန်းကနာမည်ကိုခေါ်တော့ ပြန်တောင်လှည့်မကြည့်ပဲ
ဂိမ်းဆိုင်ထဲက ထွက်သွားလည်။
" ဂျယ်ယွန်း လိုက်သွားပေးလိုက်
ဂျောင်ဝန်း မင်းနေခဲ့ ငါနဲ့ရှင်းမယ် "
‌" ဟျောင်း ခဏနော် ကျွန်တော် ဂျုံဆွန်းနဲ့ စကားသွားပြောအုံးမယ် "
" အင်း "
ဂျောင်ဝန်းလည်း ဂျုံဆွန်းနဲ့ ခဏထွက်သွားတော့
ဂျယ်ယွန်းနဲ့ ဟီးဆွန်းက ကျန်ခဲ့သည် ။
" ငါက သူငယ်ချင်းမရှိလို့ပေမယ့်
ဆောင်းဟွန်းက တော်တော်ခံရခက်သွားမှာပဲ
လိုက်သွားလိုက်ပါ Jakeu "
" ဟျောင်း ဒီနေ့တော့ ထားလိုက်မယ်
မနက်ဖြန် ကျွန်တော်နဲ့ရှင်းမယ် ။ ကျွန်တော့်ကို
လျှို့ဝှက်ထားခဲ့လို့ အပြစ်ရှိတယ် ဟျောင်းလည်း။ ကျွန်တော်ကတော့ ကိုရီးယားရောက်ကတည်းက ...အာ.. တော်ပြီ ။ မနက်ဖြန်ရှင်းမယ်။ "
ဟီးဆွန်း‌ေဟျာင်းကို ဆူပြီး သူလည်းဆိုင်ပြင်ထွက်လာခဲ့သည် ။ သူလည်း ခံရခက်ပါတယ် ။
ကိုရီးယားမြေကိုခြေချပြီး ပထမဆုံးသူငယ်ချင်းလိုဆက်ဆံပေးခဲ့တာ ဟီးဆွန်းဟျောင်းပဲရှိတာမို့
‌လမ်းထဲမှာ ဆောင်းဟွန်းကိုလိုက်ရှာတော့မတွေ့
အိမ်ထိသွားမေးတာတောင်ပြန်မလာဘူးဆိုလို့
သွားတတ်တဲ့နေရာတွေ ထိုင်စဉ်းစားရသည် ။
အများကြီးစဉ်းစားပြီးနောက်ဆုံးမှခေါင်းထဲပေါ်
လာတဲ့နေရာသွားကြည့်တော့ သေချာပေါက်ရှိနေတာပဲ
Skating rink ...
" ထင်သားပဲ ဒီမှာရှိနေမယ်လို့ "
စကားစပြောလိုက်တော့ ရေခဲပြင်ပေါ်ကနေပြုံးပြသည် ။ ဂျယ်ယွန်းလည်း ခပ်မြန်မြန် ဖိနပ်လဲစီးပြီး ရေခဲပြင်ပေါ်လိုက်သွားလိုက်သည် ။
သူငယ်ချင်းတွေနဲ့ပတ်သက်ရင် sensitive ဖြစ်တတ်တဲ့ဆောင်းဟွန်းက သူ့သူငယ်ချင်းကသူ့ကိုလျှို့ဝှက်ချက်ထားတယ်ဆိုလို့ ခံရခက်သွားမှာပေါ့
" ငါက ယုံကြည်ချင်စရာမကောင်းတဲ့သူမျိုးလား"
နှစ်ယောက်ပဲရှိနေတဲ့ ရေခဲပြင်ကြီးပေါ်မှာ
ထိုင်ချလိုက်ပြီး ဂျယ်ယွန်းကို အမေးစကားဆိုလာသည် ။
" မဟုတ်ပါဘူး မင်းက အဲ့လိုလူမျိုးဆိုရင် ဩဇီမှာကတည်းက မင်းနဲ့ငါမခင်ခဲ့ဘူး "
" အဲ့တာဆို ဂျောင်ဝန်းကဘာလို့ ငါ့ကို သူ့ကိစ္စတွေဖုံးထားရတာလည်း ။ ငါ့ကို..ငါ့ကို ရည်းစားရရင် ငါ့ကိုအရင်ဆုံးပြောပါမယ်လို့ ကတိပေးထားတာ "
ကလေးလိုမျက်ရည်ဝိုင်းနေတဲ့ ဆောင်းဟွန်းကို သူမငိုဖို့မပြောချင် ။
"ဂျောင်ဝန်းမှာလည်း အကြောင်းပြချက်ကောင်းကောင်းရှိမှာပါ အသိမပေးရတာအတွက်"
" ငါ ခံရခက်တယ် ဂျယ်ယွန်း.. ငါကသူ့ကို ကိစ္စအသေးအ‌မွှားကအစအကုန်တိုင်ပင်ပြောသလောက် "
" Hoonie မင်းသူနဲ့စကားပြောသင့်တယ် ။ အကြောင်းပြချက်ကို မျက်နှာချင်းဆိုင်ပြီး နားထောင်သင့်တယ် ။ တကယ်လို့များ
အပေါင်းအသင်းနဲ့ပတ်သက်ရင် sensitive ဖြစ်တဲ့ မင်းက သူရည်းစားရရင် မင်းကို ဂရုမစိုက်တော့ပါဘူးလို့ ထင်မှာစိုးလို့မပြောခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ "
" ငါ လတ်တလောတော့ အကုန်လုံးကိုရှောင်နေချင်တယ် ဂျယ်ယွန်း "
" မင်းသဘောပါပဲ "
ငိုချင်ရက်လက်တို့ဖြစ်နေတဲ့ ဆောင်းဟွန်းကို ပုခုံးငှားပေးတော့ ရင်ခွင်ထဲတိုးပြီးငိုသည် ။
လူကြီးပိုဆန်တယ်ထင်ရတဲ့ကောင်လေးက
နှလုံးသားနုနုလေးနဲ့ပါပဲ။
~|SUPPORT SYSTEM FOR LIFE |~
Next Chapter Final nw
အများကြီးပေါ့လျော့နေတာကြောင့် တောင်းပန်ပါတယ် TwT
R u ready to say Goodbye to this SungJake Story ?
___________________________________________
Zawgyi
" စိတ္ညစ္လာၿပီ "
" ဘာလို့လည်း ခွေးပေါက် "
" တကယ်လား "
" မဟုတ်ဘူး အာချောင်တာ "
နှစ်လရှိပြီ ။
" ဂျောင်ဝန်း ဘာဖြစ် "
" ဘာဖြစ်လို့လည်း "
" စာလုပ်နေလို့ "
" ဖြေနိုင်လား "
" အင်း ဖြေနိုင်တယ် ။ ဂျယ်ယွန်းကရော "
•Heeseung Hyung
ကျန်ခဲ့တာက သုံးယောက်
" ငါ့ရည်းစားက ဇိုးလား "
" What the heck bro "
" ဒီကောင် တော်တော်ပဲ ။ ရည်းစားလားမသိဘူး"
" yaa!!! "
" အင်း.."
" ဘယ်လောက်ကြာပြီလည်း "
အဲ့ကတည်းက "
" မကောင်းတဲ့ကောင် "
" ဆောင်းဟွန်း.."
" အင်း "
ဟီးဆွန်း‌ဟျောင်းကို ဆူပြီး သူလည်းဆိုင်ပြင်ထွက်လာခဲ့သည် ။ သူလည်း ခံရခက်ပါတယ် ။
Skating rink ...
" မင်းသဘောပါပဲ "
Next Chapter Final nw
___________________________________________
Continue Reading
You'll Also Like
213K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
27.7K 735 8
the official rewrite of the supernatural killer story idea.
179K 18.5K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.3K 309 24
🌼minimoni🌼 🌼jikook🌼 🌼love at first sight 🌼