ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 166K 22.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 48(zawgyi)

2.9K 352 34
By melieee2

Chapter 48;

အတန်းထဲ​ကုဖေးပြန်ရောက်လျှင် စာသင်ချိန်
နောက်​တစ်ချိန်စတော့မည်ဖြစ်ကြောင်း အသိ
ပေးခေါင်းလောင်းသံမြည်လာ၏။သူထိုင်ခုံမှာ
ဝင်ထိုင်လိုက်လျှင်စားပွဲပေါ်မှာမှောက်နေသော
ကျန်ချန်ကသူ့ကိုမမှိတ်မသုန်ကြည့်လာ၏။
"ထင်ထားတဲ့အတိုင်းအမှားအယွင်းမရှိဘူး။မင်းက ပထမပဲ။"

ကျန်ချန်က သူ့ကိုအံ့သြစွာကြည့်လာ၏။
"အာ,မင်းတကယ်သွားမေးခဲ့တာလား။"

"အင်း။"
ကုဖေး ခေါင်းညိတ်လိုက်၏။
"ငါကအရမ်းကိုမှတည်တည်ငြိမ်ငြိမ်ပဲ။ "

ကျန်ချန်က သူ့ကိုကြည့်ပြီးရယ်သည်။

"ဒါပေမယ့်,မင်းရဲ့အမှတ်ပေါင်းကိုမမေးကြည့်
လိုက်ရဘူး။အမှတ်ကြေငြာချက် ထွက်လာရင် အမှတ်ပေါင်းတွက်ကြည့်လို့ရတယ်။ငါ့အထင်
........"
ကုဖေး ခေါင်းမော့ပြီး ရီကျင်းအားကြည့်လိုက်
သည်။
"အတန်းခေါင်းဆောင်ရဲ့အမှတ်က မင်းအမှတ်
ထက်အများကြီးနိမ့်လောက်တယ်။"

"သူ(မ)က ဒုတိယလား?။"

"အင်း,သူကပထမနေရာမရရင်တောင် ဒုတိယ
ဖြစ်နေတုန်းပဲ။ဒါပေမယ့်,စာမေးပွဲမှာသူ(မ)က
တစ်ခါမှအမှတ်ပြည့်မရဘူး။ စီကျုံးရဲ့ရွှယ်ပါ့
ဖြစ်တဲ့သူ(မ)က မင်းလိုမျိုးမြို့ပေါ်ကကျောင်းကောင်းကောင်းမှာတက်ခဲ့တဲ့ ရွှယ်ပါ့ရဲ့ပြိုင်
ဘက်မဖြစ်လာနိုင်ဘူး။"

ကျန်ချန်က ဘာမှမပြောတော့ပေ။

........

မနက်က,ဖန်းကျိသည်သူ့ဆီe-mailတစ်စောင်
ပို့ခဲ့၏။နှစ်ဝက်စာမေးပွဲမှာသူတို့ကိုမေးခဲ့သောမေးခွန်းစာရွက်များအားဓာတ်ပုံ ရိုက်ပြီးပို့ပေး
တာဖြစ်သည်။အင်္ဂလိပ်စာဘာသာရပ် မေးခွန်း
များအားအကြမ်းဖျင်းကြည့်ရုံနှင့် မေးခွန်းများ
သည်စီကျုံးကျောင်းရဲ့မေးခွန်းများထက်ခက်
ခဲမှုအဆင့်မြင့်မှန်းသူသိသည်။ စိုးရိမ်ပူပန်မှုက
သူ့အားရုတ်ချည်းလွှမ်းခြုံလာပြီးအိမ်ပြန်လျှင်
ထိုမေးခွန်းများဖြေကြည့်ဖို့ အစီအစဉ်ဆွဲလိုက်
သည်။သူ့ရဲ့အရင်ကျောင်းမှမေးခွန်းများသည် ဘယ်လောက်ခက်လဲသိချင်မိသည်။

ဖန်းကျိသည် သူ့ဆီ နောက်စာတစ်စောင်ပို့
လာ၏။

- အလုပ်သမားနေ့ပိတ်ရက်ကျမင်းဆီအလည်
လာမယ့်ကိစ္စကို ငါ့အမေကခွင့်ပြုပေးလိုက်ပြီ
သိလား။မင်း ငါ့ကို လာကြိုဖို့ပြင်ထား။

-အင်း,ဒီတစ်ခါ ဟိုတယ်မှာနေစရာမလိုဘူး။
ငါ အဲ့အိမ်မှာ မနေတော့ဘူး။

-လခွမ်း! ဘာဖြစ်လို့လဲ။

-ငါတို့တွေ့တဲ့အခါမှ မင်းကို ပြောပြမယ်။

-ကောင်းပြီ...စကားမစပ် လောင်ယွမ်က မင်း
အတွက် စာတစ်စောင် ထည့်ပေးလိုက်တယ်။
ငါမင်းဆီအလည်လာတော့မှသူ့စာကိုတစ်ခါ
တည်းယူခဲ့မယ်။

-......

ဖန်းကျိကစာထပ်ပို့လာသည်။
-သူက မင်းအကြောင်းတွေးမိတိုင်း
သက်ပြင်းချနေတာ။

ကျန်ချန်သည် ဖုန်းကိုအိပ်ကပ်ထဲပြန်ထည့်ပြီး သက်ပြင်းချလိုက်၏။

လောင်ယွမ်ကသူ့အရင်အတန်းပိုင်ဆရာဖြစ်
သည်။သူကအတန်းပိုင်ကောင်းတစ်ယောက်
ဖြစ်သော်လည်း၊လောင်ယွမ်က အတော်စိတ်
မကောင်းဖြစ်နေခဲ့တာကြောင့်ကျန်ချန်သူ့ကိုနှုတ်ဆက်စကားမပြောပဲထွက်လာခဲ့တာဖြစ်
သည်။

ဖန်းကျိမှလွဲလျှင် သူ့မိသားစုဝင်၊သူငယ်ချင်း၊
အတန်းဖော်၊ဆရာဆရာမကို ဆက်သွယ်ဖို့ရန်
ကျန်ချန်ဝန်လေးမိသည်။ သူတို့က သူ့လက်ရှိအခြေအနေကိုမေးမှာကြောက်သည်၊သူတို့က
သူ့အားစာနာသနားနှစ်သိမ့်ပေးမှာကြောက်၏။
သူတို့ကြောင့် အရင်အချိန်များပြန်တွေးမိမည်
အား သူအရမ်းကြောက်သည်။

မနက်ခင်းရဲ့နောက်ဆုံးအချိန်ကိုရောက်လျှင်
တစ်တန်းလုံးသည်ဆူညံပွက်လောရိုက်နေ၏။
မနက်ခင်းအတန်းချိန်မဝင်သေးသည့် ဘာသာ
ရပ်နှစ်ခုရဲ့ရမှတ်များ မသိရသေးပေမယ့်တစ်
ချို့လူတွေကအမှတ်ပေါင်းများဆွေးနွေးတွက်
ချက်လျှက်ရှိသည်။

"ငလူးတဲ့မှ!"
ကျိုးကျင့်ကဖုန်းကိုလက်ထဲမှာဆုပ်ကိုင်ရင်း အနောက်သို့ ချာခနဲလှည့်လာ၏။
"ကျန်ချန်...ကျန်ချန်...ကျန်....."

ကျန်ချန် သူ့ကိုစိတ်ရှုပ်စွာကြည့်လိုက်သည်။
"သူများရဲ့နာမည်ကိုဆက်တိုက်ခေါ်လို့ ၊မင်း
တစ်ခါမှအရိုက်မခံရဖူးဘူးလား။"

"မင်းတို့ ဒီပို့စ်ကိုဖတ်ပြီးပြီလား။"
ကျိုးကျင့်ကကျန်ချန်အားကြည့်ပြီး ကုဖေးကို
ကြည့်၏သူ့အကြည့်ကကျန်ချန်ဆီပြန်ရောက်
လာသည်။
"မင်းက ဂျူနီယာတန်းတစ်တန်းလုံးမှာပထမ
ရတယ်ဆိုပြီး လူတစ်ယောက်ကပို့စ်တင်ထား
တယ်။"

ကျိုးကျင့်ဘေးမှအတန်းဖော်လည်းနောက်သို့
လှည့်လာသည်။
"မင်းရဲ့အမှတ်ပေါင်းက 680 ကျော်တယ်။
ရီကျင်းထက်တောင် အမှတ် တစ်ရာပိုများ
နေသေးတယ်။သူက 599မှတ်ပဲ ရတာ။"

"ဟုတ်တယ်, 686တဲ့ ဖာ့ခ်!"
ကျိုးကျင့်ရဲ့မျက်လုံးများက သူ့မျက်နှာကို
စူးစိုက်ကြည့်လာ၏။
"စီကျုံးကျောင်းရဲ့သမိုင်းမှာဒီလောက်အမှတ်
ပေါင်းများတဲ့သူတစ်ခါမှမရှိခဲ့ဘူး။အာ...ကျန်
ချန်...မင်းက အံ့သြစရာပဲ။"

သူ့စကားများကြောင့် ကျန်ချန်အတွေးသတိလက်လွတ်ဖြစ်ရာမှအသိပြန်ဝင်လာခဲ့သည်။
အရင်ကျောင်းမှာလည်းသူ့အဆင့်ကထိပ်ဆုံး
ဆယ်ယောက်မှာပါနေကျဖြစ်၏။လောင်ယွမ်
သည် သူ့ကိုအဆင့်ပိုကောင်းလာအောင် ကြိုး
စားသင့်ကြောင်းဆွေးနွေးခဲ့၍သူ ထိပ်ဆုံး ငါးယောက်ထိဝင်ခဲ့သည့်အပြင် ၊ပထမနေရာပင်
ရရှိခဲ့သည်။သို့ပေမယ့်,ပထမနှင့်ဒုတိယနေရာကြားမှာအမှတ်ရာကျော်ကွာတာကို သူ အခုမှ
နဖူးတွေ့ ဒူးတွေ့ကြုံဖူး၏။

ထိုသတင်းသည်သူ့ကိုစိတ်မလှုပ်ရှားစေသည့်
အပြင် ပိုရှုပ်ထွေးသွားစေ၏။ ယခုအတိုင်းဆို စာမေးပွဲဖြေတိုင်းပထမနေရာယူဖို့ သူ့အတွက်
ဘာပြသာနာမှမရှိတော့ချေ။ ဒါပေမယ့်,စီကျုံး ကျောင်းရဲ့ပထမနေရာကဘယ်အတိုင်းအတာ
ထိအရေးပါနိုင်မည်လဲ။

နေ့လည်အတန်းဆင်းချိန်တွင် ဝမ်ရွှိ နှင့် သူလူ
များက သူ့ဘေးနားမှာစိတ်လှုပ်ရှား စွာ ဝိုင်းအုံ
လာကြသည်။ ပထမနေရာရသည့်လူက သူတို့
ဖြစ်နေသကဲ့သို့၊  ဒုတိယနေရာနှင့် ပထမနေရာ
ကြား အမှတ်ကွာဟမှုအကြောင်းကိုအားတက်
သရောဆွေးနွေးနေပြီး၊ စာမေးပွဲနှင့်ပတ်သက်
ပြီးစိတ်ဓာတ်ကျနေတဲ့ကျန်ချန်အား စိုးရိမ်ခွင့်
မပေးချေ။

ကျောင်းသားအုပ်စုသည် ကျောင်းပရဝုဏ်မှာ ကပ်ထားသည့်စာမေးပွဲအဆင့်သတ်မှတ်ချက်
အနီရောင်စာရွက်ရှည်ကြီးရှေ့တွင် ဝိုင်းအုံနေ
သည်။ပထမနှင့်ဒုတိယသည်တန်းခွဲ (၈)မှဖြစ်
၏။သူတို့ အတန်း(၈)သည် တစ်တန်းလုံးရွှယ်
ကျားများဖြစ်လျှင်တောင် အဆင့် ဇယားအား
ကြည့်ပြီးအလွန်အမင်းဂုဏ်ယူနေကြသည်။
အဆုံးတွင်, သူတို့ကစုပေါင်းဆောင်ရွက်မှုများ
အပေါ်မှာလေးစားရမယ်ဆိုတဲ့အသိဉာဏ်များ
ရှိသော ရွှယ်ကျားများဖြစ်၏။

ကောရွှိက ပြောလာသည်။
"ဒါက,သိပ် တရားနည်းလမ်းမကျဘူးလို့ထင်
တယ်။သူတို့အမှတ်ပေါင်းလည်းရေးပေးထား
သင့်တာ။အဆင့်တွေကိုပဲရေးထားတော့ ကျန်
ချန်ရဲ့ကြိုးစားအားထုတ်မှုကထင်သလောက်
မပေါ်လွင်တော့ဘူး။"

"ငါ့အထင်ဒီနည်းလမ်းလည်းကောင်းပါတယ်။"
ဝမ်ရွှိကကြားဖြတ်ဝင်ပြော၏။
"ဒုတိယနေရာကိုသွားပြီးခလုတ်တိုက်မနေနဲ့။
ပထမရတဲ့လူကိုဂုဏ်ပြုရအောင်။"

လုရှောင်ပင်းက ဝင်ပြောသည်။
"ဟုတ်တယ်...ဒုတိယကရီကျင်းမလား ။"

ဝမ်ရွှိကသူ့ကိုမကျေမချမ်းလှည့်ကြည့်သော်
လည်းပြန်ချေပစရာနည်းလမ်းရှာမတွေ့ပေ။

အနီရောင်အဆင့်ဇယားစာရွက်အားကြည့်ပြီး
နောက် သူတို့တစ်ဖွဲ့လုံးကျောင်းဂိတ်သို့ထွက်
လာခဲ့၏ ။ ဘက်စကတ်ဘောဖိုင်နယ် ပွဲစဉ်က
လာမည့်နှစ်ရက်နေ့တွင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး
ဝမ်ရွှိကလေ့ကျင့်ဖို့အတွက်စက်မှုသိပ္ပံကျောင်း
သို့တစ်ဖွဲ့လုံးအားဆွဲခေါ်သွားသည်။

ဝမ်ရွှိသည်လမ်းလျှောက်ရင်းဖုန်းသုံးနေ၏။
"ချီးပဲ! ဒီပို့စ်ကိုဘယ်သူတင်တာလဲ။ရုံးခန်းထဲက
လူတွေလက်ချက်ထင်တယ်။ ဒါက လောင်ရွှိရဲ့
ရေးလက်စအဆင့်စာရွက်ကိုရိုက်ထားတဲ့ ဓာတ်ပုံ
ကြီးမဟုတ်ဘူးလား။"

"အဲ့အချိန်တုန်းကရုံးခန်းနားဖြတ်သွားတဲ့သူက
ဘယ်သူလဲဆိုတာ ဘယ်သူကသိမှာလဲ။"
ကောရွှိက ဝင်ပြောသည်။
"ရုံးခန်းနားကိုဖြတ်သွားရင်းမတော်တဆတွေ့
တာလို့တော့မထင်ဘူး။ငါစကားဖြတ်ပြောအုံးမယ်.......အခုဆိုကျန်ချန်ကိုသဘောကျနေတဲ့ ကောင်မလေးတွေအများကြီးပဲ။ သူတို့ ထဲက
တစ်ယောက်က သွားမေးတာထင်တယ်။"

"နာမည်အရဆိုရင်ပို့စ်တင်တဲ့လူကမိန်းကလေး
မဖြစ်နိုင်ဘူး ။"
ကစားသမားတစ်ယောက်ကဝင်ပြော၏။
"ငါတို့ပြိုင်ဖက်တွေက တမင်နှောင့်ယှက်ချင်
လို့တင်လိုက်တာမျိုး ဖြစ်နိုင်တယ်လို့ မင်းတို့
မတွေးမိဘူးလား။"

ကျန်ချန်သည်ထိုအရံကစားသမားကိုနှစ်မိနစ်ခန့်လှမ်းကြည့်ပြီး ထိုကောင်လေးရဲ့နာမည်က ကျန်းယွမ်မှန်းမှတ်မိသွား၏။

ကျန်းယွမ်ရဲ့စကားကသူ့ကိုစပ်စုချင်စိတ်ဖြစ်စေသည်။အဆုံးမှာသူ့ရဲ့ထိန်းချုပ်နိုင်စွမ်းဟာ အက်ကွဲသွား၏။သူသည် ဖုန်းထုတ်ပြီး စီကျုံး ကျောင်းဖိုရမ်အားဝင်ကြည့်လိုက်သည်။

ဖိုရမ်ပေါ်မှာရေပန်းစားနေသည့် ပို့စ်တစ်ခုကို
ပြန် share ထားသည့် ပို့စ်တစ်ခုကို ချက်ချင်း
တွေ့လိုက်ရသည်။

>>  သူတို့က ရုံးခန်းထဲထိ ဘယ်လိုခိုးဝင်ပြီး
ဓာတ်ပုံရိုက်ရဲကြတာလဲ။ပြီးတော့ ဒီ ပို့စ်ပိုင်
ရှင်နာမည်ကရယ်စရာကောင်းတယ် မထင်
ဘူးလား...ဟဟဟဟ...<<

ပို့စ်အားလက်နှင့်မဖိရသေးခင်မူရင်းပို့စ်ပိုင်ရှင်ရဲ့နာမည်ကိုသူကြည့်လိုက်၏။ထို့နောက်,
သူ့နောက်မှာရှိတဲ့ကုဖေးကိုလှည့်ကြည့်လိုက်သည်။

"အမ်?"
ကုဖေးက သူ့ကို အူကြောင်ကြောင်ဖြင့်ပြန်
ကြည့်လာသည်။

ကျန်ချန် အသံတိုးတိုးဖြင့်မေးလိုက်၏။
"ထင်ပေါ်ကျော်ကြားတဲ့မစ္စတာအချောလေး
ဒါက မင်းရဲ့အကောင့်သစ်မလား။"

"ဘယ်သူ?။"
ကုဖေးရဲ့အမူအရာကရှုပ်ထွေးသွားပုံပေါ်၏။

"ကောင်းကင်ဘုံကိုပျက်စီးစေမယ့်အချောလေး။"
ကုဖေးရဲ့နာမည်ပေးတတ်ပုံကို ကျန်ချန် တကယ်အထင်ကြီးမိသည်။
"အဲ့လူက မင်းမဟုတ်တာသေချာရင် ငါ live
လွှင့်ပြီးချီးစားပြမယ်။"

"မလုပ်နဲ့။"
ကုဖေးက ရယ်ကျဲကျဲပြော၏။
"မင်းကိုချီးစားခွင့်ပြုစရာလား။တကယ်လို့
အဲ့လူကငါမဟုတ်တောင် ငါလို့ပြောပေးမှာ။"

"အဲ့ဒါ မင်းပဲမဟုတ်ဘူးလား။"
ကျန်ချန် ပို့စ်ကိုပြန်ကြည့်လိုက်တယ်။
"ပထမအချိန်ပြီးသွားတုန်းက မင်းလောင်ရွှိကိုသွားရှာတာ။ဒီပို့စ်ကို မင်း ရုံးခန်းထဲက မထွက်ခင်တင်ခဲ့တာ ,ဟုတ်တယ်မလား။"

"ရုံးခန်းထဲကထွက်လာပြီးမှ တင်တာ။"

"မဟုတ်သေးပါဘူး။ ခဏ....."
ကျန်ချန်မှာ နားလည်ရခက်တဲ့ကိစ္စတွေ့ရှိသွား၏။
"မင်းက ဘာလို့ ဒီလိုလုပ်တာလဲ။"

"နည်းနည်းကြွားတာ။"
ကုဖေးကသူတို့အရှေ့မှာလျှောက်သွားသည့်
လူအုပ်ကိုကြည့်ပြီး အေးအေးဆေးဆေး တုံ့
ပြန်လာသည်။
"ငါ့မှာကြွားစရာ ချမ်းသာတာ ဘာမှမရှိဘူး။
အခုအခွင့်အရေးရတုန်း၊ငါလည်းငါ့ရဲ့ဘေးချင်းကပ်ရပ်ခုံကသူငယ်ချင်းအကြောင်းကို ကြွားချင်လို့။"

ကျန်ချန် သူ့ကိုအသံတိတ်ကြည့်လိုက်၏။

ကုဖေးပြောလာသည့် "ငါ့ဘေးချင်းကပ်ရပ်ခုံ ကသူငယ်ချင်းအကြောင်းကြွားချင်လို့" ဆိုတဲ့စကားသည်ဘာကြောင့် သူ့အားစိတ်ချမ်းမြေ့ပျော်ရွှင်မှန်း ကျန်ချန် တကယ်မသိပေ။

သူတို့ ကျောင်းနှင့် စက်မှုလက်မှုသိပ္ပံကျောင်း
အကွာအဝေးကသိပ်မဝေးပေ။သူတို့က လမ်းတစ်လျှောက်တွင်ခဏနားပြီးတော့ မုန့်ဝင်စား
ခဲ့ကြသည်။ထို့နောက်အစာကြေအောင်ဆိုပြီး လေ့ကျင့်ခန်းအနေနှင့်သဘောထားပြီး လမ်း
တကာဆက်လျှောက်ခဲ့၏။

ကျန်ချန်နှင့်ကုဖေးသည် လူအုပ်ကြီးနောက်မှ
အေးအေးဆေးဆေး လျှောက်ခဲ့၏။ ကျန်ချန်
ရဲ့အမှတ်များနှင့်စာမေးပွဲပြီးသွားတာကြောင့်
တက်ကြွနေသည့်လူများကိုကြည့်ပြီးသူတို့နှစ်ယောက်သည်တိတ်တဆိတ်ဘေး ထွက်နေရန်ရွေးချယ်ခဲ့သည်။

ရာသီဥတုသည် တစ်နေ့ထက် တစ်နေ့ ပိုပူလာ
၏။ယနေ့တွင်ကျန်ချန်သည်အားကစားတီရှပ်
နှင့်အပေါ်ဝတ်ကိုဝတ်ထားသည်။သူနှင့်ကုဖေး
ဘေးချင်းယှဉ်လမ်းလျှောက်သည့်အခါ လက်
မောင်းတစ်ခုနှင့်တစ်ခုပွတ်သပ်မိ၏။ထိုကဲ့သို့မသိမသာ၊သိသိသာသာအသားချင်းထိတွေ့မှု
က သူ့ကိုနွေးထွေးစေသည်။

သူဘယ်လိုအဓိပ္ပာယ်ဖွဲ့ပြောသင့်မှန်းမသိပေ။
သို့သော် , ရိုးရှင်းသည့်ထိတွေ့မှုလေးတစ်ခုက
သူ့ကို စိတ်ချမ်းမြေ့စေ၏။

လမ်းမကိုဖြတ်ကူးချိန်တွင်သူရည်ရွယ်ချက်ရှိရှိ
ကုဖေးရဲ့လက်မောင်းကို သူ့ လက်မောင်းနှင့်ခဏခဏတိုက်လိုက်၏။ယင်းကကုဖေးကိုဒေါသထွက်စေမလားသူသိချင်သည်။

လမ်းကွေ့တစ်ခုနားရောက်လျှင် ကုဖေးသည်
သူ့လက်မောင်းကိုပြန်တိုက်လာ၏။

သူ ကုဖေးကို လှည့်ကြည့်လိုက်လျှင် ကုဖေးက
သူ့ကိုကြည့်နေပြီး သူ့လက်မောင်းကိုထပ်တိုက်
လာသည်။

ကျန်ချန် မေးလိုက်တယ်။
"မင်း ဘာလုပ်နေတာလဲ။"

"ငါကအရမ်းအမှတ်သည်းခြေကြီးတယ်။"

"ဒါပေမယ့်, ငါက မင်းကို ရည်ရွယ်ချက် ရှိရှိ
တမင်ဝင်တိုက်တာမှမဟုတ်တာ။"
ထိုစကားကိုပြောပြီးနောက် ကျန်ချန်အပြစ်ရှိ
သယောင်ခံစားလိုက်ရသည်။

"အိုး ,ငါက ရည်ရွယ်ချက် ရှိရှိလုပ်တာ။"
ကုဖေး လှောင်ရယ်ကာ သူ့လက်မောင်းကို ဝင်တိုက်၏။

"မင်း ဒါကိုဆက်လုပ်ချင်တာလား။"
ကျန်ချန်ရယ်လိုက်တယ်။ကုဖေးကို သူ့လက်
မောင်းနှင့်ပြန်တွန်းထုတ်လိုက်သည်။

ကုဖေးကလည်း သူ့ကိုထပ်တွန်းလာ၏။

ကျန်ချန် မေးလိုက်တယ်။
"Geeezz မင်း အသက်ဘယ်လောက်ရှိနေပြီလဲဆိုတာသိရဲ့လား....ဟမ်?။"

"မင်းထက်တော့ ငယ်တယ်။ "
ကုဖေးက ပြောရင်းဆိုရင်းပင် သူ့လက်မောင်းကိုတွန်းတိုက်ပြန်သည်။

"Fuck!"
ကျန်ချန် သူ့ကို တံတောင်ဆစ်နှင့်တွက်လိုက်တယ်။

ကုဖေးက သူ့အတိုင်းတုံ့ပြန်၏။

ကျန်ချန်သူ့ကိုတွန်းလျှင် ကုဖေးကလည်း
ပြန်တွန်းသည်။

သူတို့က ကလေးလား?

အရူးလား?

သူတို့ရဲ့ဦးနှောက်ထဲမှာ ချီးပဲရှိတာလား?

ကျန်ချန်ရဲ့ဦးနှောက်ထဲတွင်တစ်ခုပြီးတစ်ခုတွေးမိသော်လည်းသူ့လှုပ်ရှားမှုတွေကိုမရပ်တန့်ချေ။
သူနှင့်ကုဖေးက
'မင်း ငါ့ကိုတွန်းရင်၊ငါလည်း မင်းကိုပြန်တွန်းမယ် '
ဆိုသည့် ဂိမ်းကို လမ်းတစ်လျှောက်လုံး ကစားလာ
ခဲ့သည်။

နေ့လည်အားလပ်ချိန်သည်အချိန်များများမရ
တာကြောင့် သူတို့သည်အုပ်စုနှစ်စုဖွဲ့ပြီးမလေ့
ကျင့်တော့ပေ။ ထိုအစား,ပူးပေါင်းဆောင်ရွက်
မှုကို အလေးထား လေ့ကျင့်၏။ ခေါင်းဆောင်
ဝမ်ရွှိက ယခင်ထက်ပိုပြီး ယုံကြည်စိတ်ချစရာ ကောင်းလာ၏။လူတိုင်းရဲ့အားနည်းချက်များ
ကိုထောက်ပြရုံဖြစ်ပြီး၊ယခင်လေ့ကျင့်ခဲ့သလိုမျက်စိဒေါက်ထောက်ကြည့်ဖို့မလိုတော့ပေ။

ဝမ်ရွှိကပြောသည်။
"ငါ ပြီးခဲ့တဲ့နှစ်ရက်က ပြိုင်ပွဲအကြောင်းကို
အများကြီးတွေးခဲ့တယ်။ငါ့အထင် လာမယ့်
ပြိုင်ပွဲအတွက်  ငါတို့ စိတ်ပိုင်းဆိုင်ရာလည်း
ပြင်ထားဖို့လိုတယ်။တန်းခွဲ၂ကကစားသမား
တွေရဲ့ကစားပွဲဗီဒီယိုကိုခဏခဏကြည့်ဖြစ်
တယ်။ငါ့အထင်,သူတို့ကိုအနိုင်ရနိုင်တယ်....
ဒါပေမယ့်, ပြိုင်ပွဲကခက်လိမ့်မယ်။"

"ငါတို့အကောင်းဆုံးကစားဖို့ပဲလိုတယ်။"
ကျန်ချန် ဘေးစည်းမှာဆောင့်ကြောင့်ထိုင်
လိုက်၏။
"ဒီတစ်ခေါက် ငါတို့ရဲ့ပန်းတိုင်က ပထမနေရာ
ယူဖို့မဟုတ်ဘူး။"

ဝမ်ရွှိကမေးလာသည်။
"ဒါဆို ငါတို့ရဲ့ပန်းတိုင်ကဘာလဲ။"

"ငါတို့ အစွယ်မကျိုးဖို့အတွက်။"
ကျန်ချန် ရယ်မြူးစွာပြောလိုက်၏။

လူတိုင်းကသဘောကျစွာရယ်ကြသည်။

ကျန်ချန် ဆက်ပြောလိုက်၏။
"ငါတို့အစတည်းကပထမနေရာယူဖို့ရည်ရွယ်
ထားမှမဟုတ်တာ။ငါတို့ အားလုံးက မြင်းနက်ဖြစ်လာချင်တာ။"

ဝမ်ရွှိက လက်ခုပ်တီးသည်။
"မင်းပြောတာမှန်တယ် ။ ငါတို့ကမကြာခင်
မြင်းနက်တွေဖြစ်လာတော့မှာ။"

ကျန်ချန် သူ့ကိုလက်မထောင်ပြလိုက်၏။
"ငါတို့အစွမ်းကုန်ကြိုးစားပြီးကစားမယ်။ ရလဒ်က အရေးမကြီးဘူး။ "

.......

ကုဖေးရဲ့အိပ်ကပ်ထဲမှဖုန်းကအသံမြည်လာ
၏။သူ့လက်ထဲက ဘောလုံးကို ဘက်စကတ်
ဘောခြင်းထဲသို့ပစ်သွင်းလိုက်သည်။

သူသည်ဖုန်းထုတ်ကြည့်လိုက်လျှင်ခေါ်ဆိုသူ
အမည်ကဟို့ဇီဖြစ်နေ၍အံ့အားသင့်သွား၏။

သူသည်ကျန်းဘင်းကိုပြောခဲ့သကဲ့သို့ သူနှင့်
ဟို့ဇီကရင်းနှီးတဲ့မိတ်ဆွေမဟုတ်ပေ။ သူတို့
မှာတစ်ယောက်ဖုန်းနံပါတ်တစ်ယောက်ရှိပေ
မယ့်အဆက်အသွယ်မှမရှိပေ။ ယခု ဟို့ဇီ က
သူ့ဆီဖုန်းဆက်လာတာကြောင့်ပြသာနာအား
အချိန်ဆက်ဆွဲထား၍မရမှန်းကုဖေးနားလည်
သည်။

သူ ဘေးစည်းမျဉ်းသို့လျှောက်သွားပြီး
ဖုန်းပြန်ဖြေလိုက်တယ်။
"ဟယ်လို။"

"အာ,မင်းတို့ကျောင်းကနေအစောကြီးထွက်
လာတာလား။"
ဖုန်းတစ်ဖက်ခြမ်းက ဟို့ဇီရဲ့အသံထွက်လာသည်။
"ငါတို့လည်း မင်းတို့ကို တွေ့ချင်လို့
ထွက်လာနေပြီ။"

ကုဖေး မျက်မှောင်ကြုတ်လိုက်၏။
"ဘာပြောချင်တာလဲ။မင်းက ငါတို့အတန်းက
လူတွေကိုဆွဲထည့်ဖို့ကြိုးစားနေတာလား။"

"အဓိပ္ပါယ်မရှိတာ။"
ဟို့ဇီက ရယ်သည်။
"ငါကကျောင်းသားတွေကိုခက်ခဲအောင်မလုပ်
ဘူး။မင်းနဲ့ကျန်ချန်ဆီကိုလာပြီးကစားဖို့မေးမ
လို့။မင်းတို့နှစ်ယောက်ကမောက်မာလွန်းတော့၊
လူကိုယ်တိုင်လာပြီးမင်းတို့ကိုမေးရတာလေ။"

ကုဖေး မေးလိုက်၏။
"ဘယ်အချိန်လဲ?။"

"ဒီနေ့ ,နေ့လည်ခင်း။ငါ မင်းတို့နှစ်ယောက်ကို
ကစားနေကြကွင်းမှာစောင့်နေမယ်။ ကျန်ချန်
ပြီးရင် မင်းကြိုက်တဲ့လူရွေးခေါ်ခဲ့လို့ရတယ်။အာ...ငါက သဘောထားကြီးတယ်မလား။"

သူ ကျန်ချန်ကိုလှမ်းကြည့်လိုက်လျှင်ကျန်ချန်
ကလည်းသူ့ကိုကြည့်နေသည်။
"ကောင်းပြီ။ကျန်းဘင်းက ဒီလောက်တောင်း
ဆိုနေတော့တစ်ပွဲနွှဲပြီးတစ်ခါတည်းအဆုံး
သတ်ပေးရတာပေါ့။ "

"ပြသာနာ မရှိဘူး။"
ဟို့ဇီက ဖုန်းချသွားသည်။

ကုဖေးသည်လီယန်ဆီမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏။တခြားသူကိုကြိုပြီးအသိပေးထားဖို့
လီယန်ကိုပြောပြီးနောက် သူဖုန်းထဲမှalarmကို
ချိန်လိုက်သည်။ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်
ရင်း၊မျက်နှာပြင်အမှောင်ကျသွားသည့်အခါမှ
သူ့ဖုန်းကိုအိပ်ကပ်ထဲပြန်ထည့်ပြီး ကွင်းထဲပြန်
ဝင်လိုက်သည်။

ဝမ်ရွှိနှင့် တခြားသူများကစိတ်အားထက်သန်စွာလေ့ကျင့်နေ၍ သူ့ကို မည်သူမျှမသိထားမိ
ပေ။ကျန်ချန် တစ်ယောက်တည်းကသာသူ့ဆီလျှောက်လာပြီး သူ့ရှေ့မှာပိတ်ရပ်လာ၏။
"ဘယ်သူ ဆက်တာလဲ။"

"ဟို့ဇီ။"

"သူက အချိန်သတ်မှတ်လိုက်ပြီလား။"

"အင်း"
ကုဖေး ခေါင်းညိတ်လိုက်သည်။
"ငါတို့ပြိုင်ပွဲ ပြီးရင်။"

ကျန်ချန်က လေးလေးနက်နက် တွေးနေပြီးမှ
ဆက်မေးလာသည်။
"ငါတို့အပြင် ဘယ်သူ့ကိုခေါ်သွားမှာလဲ။"

"လီယန်၊လျိုဖန်း၊နဲ့ တခြားသူတွေပါတယ်။
ငါတို့က သူတို့ နဲ့ ခဏတိုင်းကစားနေကြဆိုတော့
သူတို့ဗျူဟာကိုရင်းနှီးတယ်။"

ကျန်ချန်က ခဏမျှ တိတ်ဆိတ်သွား၏။
"သူတို့ မင်းကို တစ်ခုခု လုပ်ကြမှာမဟုတ်
ဘူးမလား။"

"သူတို့ ငါ့ကိုဘာမှမလုပ်နိုင်ပါဘူး။"
ကုဖေး ဒူးကွေးပြီး ထိုင်လိုက်၏။
"တန်းခွဲ(၇)ကလူတွေ ကျန်းဘင်းကို ခေါ်လာ
တည်းကပြသာနာရှာချင်နေတာ။ကျန်းဘင်း
ကအရှုံးကိုလက်ခံနိုင်စွမ်းမရှိဘူး။ဒါပေမယ့်
သူ ရှုံးသွားတယ်။"

ကျန်ချန်က ဘာမှ မတုံ့ပြန်ပေ။ သူက
သူ့ရှေ့မှာဆောင့်ကြောင့်ထိုင်လိုက်၏။
"သူတို့ကစားပွဲမှာထူးထူးဆန်းဆန်းလုပ်
လာရင်ငါတို့နည်းနည်းသည်းခံလိုက်ရအောင်။"

"အင်း။"
ကုဖေး သူ့ကိုခေါင်းညိတ်လိုက်သည်။

"အဆိုးဆုံးဖြစ်လာရင် ငါတို့အသေးအမွှားဒဏ်ရာလောက်ပဲရမှာပါ။"
ကျန်ချန်က ဆက်ပြောသည်။
"အချိန်များများဆွဲထားနိုင်လေငါတို့အတွက်
ပိုကောင်းလေပဲ။"

"အင်း။"

ကျန်ချန်က သူ့မျက်နှာအားကြည့်လာ၏။
"မင်း ဒီနေ့အရမ်းကျိုးနွံနေသလိုပဲ။တစ်ခုခု
ဖြစ်နေတာလား။"

ကုဖေး ရယ်လိုက်သည်။
"ငါတစ်ခုခုမလုပ်ခင် မင်းကိုအရင်ဆုံးပြော
မယ်၊ ဟုတ်ပြီလား။"

"ငါ့ကိုဘာကိစ္စမှဖုံးကွယ်ထားဖို့မကြိုးစားနဲ့။"
ကျန်ချန်က သတိပေးလာသည်။
"ဘယ်တော့မှအဆုံးမသတ်တော့မှာကို ငါစိတ်ပူတယ်။"

ကုဖေး ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်တယ်။ "

နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်
စူးနစ်စွာစိုက်ကြည့်နေချိန်၊ဝမ်ရွှိရဲ့အော်သံနှင့်
အတူ တစ်စုံတစ်ရာ က သူတို့ ဆီ ပျံဝဲလာတာမှန်း
ကုဖေးသတိထားမိသည်။

ဘောလုံးကိုဘယ်လိုကိုယ်နေဟန်ထားနှင့်ပစ်
လိုက်လို့ဘယ်သူမျှမဖမ်းနိုင်တာလဲဆိုတာကို
သူတကယ်နားမလည်နိုင်... ကုဖေးသက်ပြင်း
ချလိုက်၏။

သူ လက်တစ်ဖက်ကိုမြှောက်ပြီး ဘောလုံးကို တားဆီးဖို့ ရွယ်လိုက်သော်လည်း ကျန်ချန်က ရုတ်တရက်ခေါင်းလှည့်သွားပြီး ဘောလုံးကို
ဖမ်းလိုက်သည်။

"မင်းရဲ့အလိုအလျောက် တုံ့ပြန်တတ်တဲ့
အကျင့်က....."
ကုဖေးသက်ပြင်းထပ်ချလိုက်၏။ယခုတစ်
ကြိမ်တွင် သူပြုံးပြီး သက်ပြင်းချလိုက်တာ
ဖြစ်၏။

ကျန်ချန်ကဘောလုံးကို ဝမ်ရွှိဆီသို့ပြန်ပစ်ပြီး
နောက် မတ်တပ်ထရပ်ပြီး လက်မှ ဖုန်တွေကို
ခါလိုက်၏။သူကတခြားသူတွေနှင့် လေ့ကျင့်
ဖို့ရန် လျှောက်သွားပြီးမှ ခြေလှမ်းတွေကိုရပ်
တန့်ပြီးသူ့ကိုလှည့်ကြည့်လာသည်။
"တစ်ယောက်တည်း မသွားရဘူး။"

"ငါ သိပါပြီ။"
ကုဖေး စိတ်ရှုပ်စွာပင်သွားဖို့ရန် လက်ခါပြလိုက်သည်။

နေ့လည်ခင်း လေ့ကျင့်မှု အချိန်ပြည့်သွားတာ
တောင်မှ လူတိုင်းက ဆက်ပြီးတော့ လေ့ကျင့်
ချင်နေသည်။

"ဘောလုံးကစားတာကအရမ်းစိတ်ဝင်စား
စရာကောင်းတယ်လို့ ငါထင်တယ်။ "
ကျန်းယွမ်ကပြော၏။ သူက အရံကစားသမား
တစ်ယောက်မျှဖြစ်သော်လည်းအရင်ပြိုင်ပွဲမှာ
ဝင်ကစားထားသည့်အရှိန်ကကျန်နေဆဲဖြစ်
သည်။

ဝမ်ရွှိက အနွေးထည်ကို ပခုံးပေါ်လွဲတင်ရင်း အထာကျကျပြော၏။
"ပြိုင်ပွဲပြီးသွားရင်လည်း ငါတို့ဘာသာဆက်
လေ့ကျင့်လို့ရတယ်။ ငါတို့ အခုတည်းကကြို
လေ့ကျင့်ထားရင်နောက်စာသင်နှစ်မှာလည်း
ထပ်ပြိုင်လို့ရတယ်။"

လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လာသည်။

ကျန်ချန်ကဖြတ်ပြောလိုက်၏။
"မိန်းကလေးတွေကိုလည်း မင်း အားလပ်ချိန်
ရှာပြီးသင်ပေးသင့်တယ်။သူတို့  တစ်ပွဲတည်း
နဲ့ ပြုတ်မသွားအောင်လို့။"

"ဟုတ်တယ်။"
ဝမ်ရွှိက မျက်လုံးပင့်ကြည့်၏။
"ရီကျင်းနဲ့ တခြားကောင်မလေးတွေက
ဘက်စကတ်ဘောကစားရတာကြိုက်တယ်။
သူတို့ကို သင်ပေးမယ့်သူမရှိလို့။"

သူတို့ကျောင်းဂိတ်နှင့်နီးလာချိန်တွင်ကုဖေးရဲ့
ဖုန်းကအသံမြည်လာသည်။
"ဘာလဲ...အိုး...ကျွန်တော်မေ့နေတာ။ အင်း...
အင်း...ကျွန်တော်အခုသွားလိုက်မယ်။အိုကေကျွန်တော်အခုအိမ်ပြန်လာပြီ။"

ကျန်ချန်က ချက်ချင်းမေးလာ၏။
"ဘာဖြစ်လို့လဲ။"

"ငါနေ့လည်ကျရင် အားမြောင်ကို ဆေးစစ်ဖို့
ခေါ်သွားရမှာ။အရင်တစ်ခေါက်သွားတုန်းက ဆရာဝန်ဆီရက်ချိန်းကြိုယူခဲ့တာမေ့သွားလို့။"
ကုဖေး အသံနိမ့်ပြီးပြောလိုက်တယ်။
"ချန်ကော,ငါ့အစား လောင်ရွှိကို ခွင့်တိုင်ပေး
လို့ရလား။ မဟုတ်ရင်လောင်ရွှိက ငါ့ဖုန်းကို
ပေါက်ကွဲမတတ်ခေါ်လိမ့်မယ်။"

"အင်း။"
ကျန်ချန်က ခေါင်းညိတ်လာသည်။
"မင်း ငါ့ကို အမှန်အတိုင်းပြောတာမလား။"

ကုဖေး ရယ်လိုက်တယ်။
"အမှန်အတိုင်းပြောတာပါ။"

ကျန်ချန် ၊ဝမ်ရွှိ၊ တခြားလူများကျောင်းထဲသို့
ဝင်သွားတာကိုကြည့်ပြီးမှ ကုဖေး စက်ဘီးရပ်
ထားရာ နေရာဆီလျှောက်သွားပြီး စက်ဘီးကို ထုတ်၍စတိုးဆိုင်သို့သွက်သွက်နင်းသွား၏။

လျိုဖန်း၏ Benni ကားစုတ်လေးက သူတို့
ဆိုင်ရှေ့မှာ ရောက်နေပြီဖြစ်သည်။

သူ ကားတံခါးကိုဆွဲဖွင့်ပြီး ကားအတွင်းပိုင်း
ကို စစ်ဆေးကြည့်လိုက်တယ်။
"ကားက မောင်းလို့ရသေးလား။"

ကားနောက်ခုံမှာလူလေးယောက်ထိုင်နေသည်။
ပူရှစ်ဟောင်နျောင်ထဲမှသုံးယောက်ကခုံပေါ်မှာ
ထိုင်နေပြီး၊ လီယန်က လောယွီ၏ခြေထောက်
နားမှာကျုံ့ကျုံ့လေးထိုင်နေတာဖြစ်သည်။

လီယန်ကပြော၏။
"မြန်မြန်တက်...ငါက ဆောင့်ကြောင့် ထိုင်
နေရတာ။"

လောယွီက အကျိုးအကြောင်းသင့်ဝင်ပြော
လာသည်။
"မင်း ငါ့ပေါ်မှာထိုင်မယ်ဆိုလည်း ငါမင်းကို
တွန်းချမှာ မဟုတ်ဘူး။"

လီယန်က တစ်ခွန်းမခံပြန်ပြော၏။
"ဒါပေမဲ့ ငါ မထိုင်ချင်ဘူး။ "

ကုဖေးသည်သက်ပြင်းချပြီး ကားထဲမှာ ဝင်ထိုင်လိုက်၏။

လျိုဖန်းက ကားစက်နှိုးရင်းမေးလာသည်။
"ကျန်ချန်ကိုမခေါ်ခဲ့ဘူးလား။"

လီယန်က ဝင်ပြော၏။
"ကားကနောက်တစ်ယောက် ထပ်ဆန့်သေး
လို့လား။သူ့ ဘာသူ အဲ့နေရာအရင်သွားနှင့်
တာ ပိုအဆင်မပြေဘူးလား။"

ကုဖေးပြောလိုက်တယ်။
"ငါ သူ့ကို မပြောခဲ့ဘူး။"

ကားထဲမှာရှိနေတဲ့လူတိုင်းတိတ်ဆိတ်သွား၏
လျိုဖန်းက ကားမောင်းရင်း သူ့ကို ကြည့်လာသော်လည်း ဘာမှမပြောပေ။

အချိန်ကုန်ဆုံးသွားသည့်အခါ လီယန်က
"ယီးပဲ" လို့ ခပ်တိုးတိုး ဆဲလာ၏။

ဟို့ဇီရွေးချယ်ထားသည့်ကစားနေကြကွင်းက
အမိုးလွတ်အားကစားရုံဟောင်းတစ်ခုဖြစ်၏။
ထိုနေရာသည်ဝေးလံခေါင်ပါးကာ လူအများစုအသွားအလာမလုပ်ကြပေ။လူကောင်းတွေက
ဒီနေရာမျိုးကိုလာချင်မည်မဟုတ်ပေ။

အားကစားရုံဟောင်းအတွင်းတွင် ရိုင်းစိုင်းပြီး ဆိုးသွမ်းသောလူငယ်များနှင့်လူလတ်ပိုင်းများ
အမြဲရှိတတ်သည်။ဘယ်သူကမှဒီလိုနေရာကို
လာပြီး ကိုယ့်ဒုက္ခကိုမရှာချင်ပေ။

လျိုဖန်းက ကားအား ပါကင်ထိုးပြီးသည့်တိုင်
ကုဖေးကားပေါ်မှမဆင်းသေးပေ။ဝိုင်ယာကြိုး
နှင့်ခြံစည်းရိုးခတ်ထားသည့်ကွင်းကြီးအားသူ
လှမ်းကြည့်လိုက်၏။ ထိုနေရာကိုရောက်သည့်
အချိန်တိုင်းသူ့ကိုယ်သူမြင့်မားတဲ့အုတ်တံတိုင်း
ကြားတွင် လမ်းလျှောက် နေရသကဲ့
သို့ခံစားခဲ့ရသည်။

ကားပေါ်မှာထိုင်နေသည့်လက်တစ်ဆုပ်စာမျှ
လူများကလည်းသူ့ကိုအသံတိတ်ကြည့်နေ၏။

"ဒီကိစ္စက...."
ကုဖေး စကားစပြောလိုက်တယ်။
"ငါ့ဘာသာငါ ကြည့်ရှင်းလိုက်လို့လည်း
အဆင်ပြေတယ် ။ မင်းတို့....."

"မင်း ဘာသောက်ရေးမပါတာပြောနေတာလဲ
ငါက မင်း ကစားပွဲနဲ့ ပတ်သတ်တဲ့ အစီအစဉ်
ဒါမှမဟုတ် တစ်ခုခု ပြောမယ်ထင်နေတာ။"
လျိုဖန်းက ကားပေါ်မှဆင်းသွား၏။
"ဟို့ဇီက မင်းကိုလာရှာတာ ငါတို့ကိုလာရှာတာနဲ့အတူတူပဲ။သူက ရန်ဖြစ်ချင်တာဆို ဒီကိစ္စကမင်းတစ်ယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စလို့ ပြောတာ ငါလက်ခံတယ်။ဒါပေမယ့်ဘောလုံးကစားမယ်လို့သတ်မှတ်တည်းကသူကငါတို့ကိုလည်းဆွဲထည့်
ချင်နေတာအသိအသာပဲ။ငါ့ဖင်ကြီးမင်းဘာသာ
မင်း ကြည့်ရှင်းနေပါ့လား!"

လီယန်က သူ့ပခုံးကို ပုတ်လာ၏။
"ဆင်းမယ်။ "

ကွင်းထဲမှာ လူတော်တော်များများ စုရုံးရောက်ရှိ
နေကြသည်။လူအားလုံးတစ်ချက်ဝှေ့ကြည့်လိုက်
ရုံနှင့်တင် သူတို့ထဲမှတစ်ယောက်ချင်းစီတိုင်းကို
ကုဖေးမှတ်မိ၏။ဒီနေရာကိုလာသောလူအများစု
က ပြင်းထန်သောကစားပွဲများကို ကစားဖို့သက်သက်လာကြတာမဟုတ်ပေ။ ဒီနေရာမှာရှိ
နေသည့်သူတွေအားလုံးက၊မင်းကို သူတို့မျက်လုံး
ထဲမှာ မြင်တာသဘောတွေ့ရင်မင်းကို
ကောင်းကောင်းမွန်မွန်စကားပြောလိမ့်မည်။ သူတို့ မင်းကိုသဘောမကျရင်လက်သီးသုံးပြီးဖြေရှင်း
မည့်သူများဖြစ်သည်။

ရန်ဖြစ်သည်ဖြစ်စေ ၊ကစားပွဲဖြစ်စေကွင်းထဲမှာ
ရှိသည့်ပရိတ်သတ်တွေက စိတ်အားထက်
သန်လျှက်ရှိသည်။

ဟို့ဇီနှင့်ကျန်းဘင်းကဘေးစည်းမှာရပ်နေသည်
။ ခြံစည်းရိုးမှီပြီးစီးကရက်ကိုနှုတ်ခမ်းထက်မှာ
တေ့ထားသည့် ဟို့ဇီက သူတို့ ရောက်လာတာ
မြင်လျှင် ခေါင်းညိတ်ပြလာသည်။

ဟို့ဇီကကစားပွဲမှာဝင်ကစားမည်မဟုတ်ချေ။
သူကကစားပွဲတွေကိုမနှစ်သက်ပေ။ သူက ပွဲ
ကြည့်ချင်ရုံသက်သက်ရောက်လာတာဖြစ်၏
သူ့ရှောင်ဒီမဖြစ်ချင်ခဲ့တဲ့ကောင်လေးကသူ့ညီ
အငယ်ဆုံးနှင့်ဘောလုံးပွဲအယောင်ပြကစားပွဲ
ကစားလိမ့်မည်!သူက ကုဖေးကိုရှင်းထုတ်ပစ်
ဖို့ အခွင့်အရေးရှာနေတာဖြစ်ပြီး ယခုကစားပွဲက
သူ့အတွက် အခွင့်အရေးဖြစ်လိမ့်မည်။

(T/N ရှောင်ဒီ...လက်ပါးအစေ။)

ကျန်ချန်၏အသရေတင့်တယ်သောရည်ရွယ်
ချက်တွေကြောင့်လား ဒါမှမဟုတ် ဟို့ဇီဝင်ပါ
လာတည်းကသူတို့ပြသာနာကိုရှောင်လွဲ၍မရ
နိုင်မှန်း သိတာကြောင့်လား ကုဖေးကိုယ်တိုင်
တောင်မသိပေ။သူတစ်ယောက်တည်းသာဆို
ဒီပြသာနာတွေကိုအသက်တစ်ရှိုက်စာအတွင်းကောင်းကောင်းဖြေရှင်းနိုင်၏။ ကျန်ချန်ကိုမူ
ယခုလိုမျိုးအဆင့်အတန်းနိမ့်ပြီး အဓိပ္ပါယ် မဲ့
သည့်ရန်ပွဲတွေကြားမှာဆွဲမထည့်ရက်ပေ။

ဟို့ဇီက ကုဖေးကိုကြည့်လာသည်။
"မင်းရဲ့လူတွေလည်းခေါ်လာပြီဆိုတော့စလိုက်
တော့မလား။နာရီဝက်အချိန်ရတယ်။အမှတ်အများဆုံးရတဲ့အသင်းက အနိုင်ပဲ။"

ကုဖေး အနွေးထည်ကို ဆွဲချွတ်လိုက်၏။
"စည်းမျဉ်းစည်းကမ်းရှိလား။"

ဟို့ဇီကပြန်ဖြေသည်။
"မရှိဘူး။"

လီယန်နှင့်တခြားလူတွေဆီ ကုဖေးလျှောက်
သွားလိုက်၏။
"လီယန်ဝင်ကစားစရာမလိုဘူး။မင်းက ငါတို့
ငါးယောက်ကစားနေတုန်းသူတို့ဖက်ကလူကို မျက်စိဒေါက်ထောက်ကြည့်ထား။"

"အင်း။"
လီယန်က လက်နှစ်ဖက်ပိုက်ပြီး အသံပြု
လာသည်။

ကစားပွဲကဘာစည်းမျဉ်းစည်းကမ်းမျှမရှိပေ။ သဘောတရားကသူတို့ကိုစောင့်ကြည့်နေမည့် ဒိုင်လူကြီးမရှိ၍ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ
မလိုဘဲလှည့်ကွက်သုံးပြီး ကစားနိုင်သည်။

"တာ့ဖေး။"
လက်တန်းကိုမှီကာရပ်နေသည့်လူအုပ်ထဲက
တစ်ယောက်ကသူ့နာမည်ကိုလှမ်းခေါ်လာ၏။
"အကူအညီ လိုလား။"

ကုဖေး ခေါင်းလှည့်ကြည့်လိုက်လျှင် သူနှင့်အတူကစားဖူးသည့်လူတစ်ချို့ကိုမြင်လိုက်
ရသည်။သူ ခေါင်းယမ်းပြလိုက်၏။
"ကစားပွဲကစည်းမျဉ်းစည်းကမ်းမရှိဘူး။"

ထိုလူကစကားဆက်မဆိုတော့ပဲ ခေါင်းညိတ်ပြသည်။

ပုံမှန်ကစားပွဲဆိုလျှင် သူတို့က လိုက်နာရမည့်
စည်းမျဉ်းစည်းကမ်းများရှိသည်၊ကစားပွဲတွင်
တစ်စုံတစ်ယောက်က ညစ်ပြီး ကစားနေလျှင်
အတူတွဲပြီးကစားချင်စိတ်ရှိသေးသရွေ့တော့ အဆင်ပြေနိုင်သည်။ဒါပေမယ့် , ကစားပွဲတွင်
စည်းမျဉ်း စည်းကမ်းမှမရှိလျှင် ထိုကစားပွဲရဲ့ ရည်ရွယ်ချက်ကို လူတိုင်း သိသည်။

ကျန်းဘင်းဖက်မှလူငါးယောက်ကလည်း သူတို့
နှင့်အမြဲကစားနေသူများဖြစ်သောကြောင့်တစ်ဦးချင်းစီတိုင်းရဲ့ကစားဟန်များကိုရင်းနှီးနေပြီးဖြစ်သည်။သို့သော်,ယခုကစားပွဲတွင်မူဘယ်သူက
ဘာမှန်းအချင်းချင်းမသိသေးပေ။အဆုံးတွင်သူတို့ကတစ်ခါမှထိပ်တိုက်မတိုက်ဖူးသောသူတွေဖြစ်သည်။

သူတို့ခါးကြားတွင် သိုဝှက်ထားသည့် ပစ္စည်း
အများကြီးရှိနိုင်သော်လည်းကုဖေးမှာမရှိပေ။
လက်ရှိအနေအထားတွင် သူကဘာပစ္စည်းကို
မှထုတ်သုံးမှာမဟုတ်ချေ။သူတို့ဖက်ကတစ်ခု
ခုလုပ်ဖို့စတင်လာရင်တောင် သူ လက်ကိုသာ
သုံးပြီးကာကွယ်မှာဖြစ်သည်။

ထိုအချက်ကိုစဉ်းစားနေရင်း ကုဖေး ရွှင်မြူး
စရာကောင်းသောအတွေးတစ်ခုစဉ်းစားမိ၏။
အကယ်၍ ကျန်ချန်သာ ဒီနေရာမှာရှိနေလျှင်
သူက သူ့ကို ကွင်းထဲပေးသွားမှာမဟုတ်ချေ။
ဒါမှမဟုတ် သူက ပုံးကွယ်စရာ နေရာတစ်ခု
ရှာပြီး သူ့လေးခွကိုသုံးလောက်သည်။

သူ့အတွေးနှင့်သူတစ်ယောက်တည်း သဘော
ကျကာရယ်ချင်လာတာကြောင့်ကုဖေးခေါင်း
ငုံ့ပြီး ရယ်လိုက်၏။

လီယန်က သူ့ကို ကြည့်လာသည်။
" အလေးအနက်ထားစမ်း။ဒါက ရန်ပွဲနော်။"

"ငါ သိတယ်။"
ကုဖေးသည် ကွင်းထဲသို့လျှောက်မသွားခင်အထိ ရယ်နေခဲ့၏။

.....

လောင်လုသည်အတန်းရှေ့မှာစိတ်အားထက်
သန်စွာသင်ခန်းစာပို့ချနေပေမယ့် ကျန်ချန်က
စားပွဲခုံပေါ်မှာ မှောက်အိပ်နေ၏။ မေဂျာတန်း
များကို နေ့လည် နေ့ခင်းမှာ သင်သောကြောင့် စာသင်ခန်းအတွင်းရှိလူတိုင်းက အသက်သေ
နေသကဲ့သို့။စကားများနေကြသောလူအရေ
အတွက်ပင်နည်းသွား၏။

လောင်လုကပုံမှန်ချိန်ထက်သဘောကောင်း
နေလျှက်ရှိသည်။သူ့ဘာသာရပ်မှာကျန်ချန်
ကအမှတ်ပြည့်ရသည့်အတွက်အတော်လေး
ပျော်ရွှင်နေပြီး စာသင်ချိန်တစ်ဝက်ကျော်တဲ့တိုင်အောင် ဆူငေါက်ခြင်း မရှိပေ။

ကျန်ချန်သည်သင်ခန်းစာများကောင်းကောင်း
လိုက်နားမထောင်ပေ။ လက်ထဲမှာ ဖုန်းကိုကိုင်
ပြီးဖန်းကျိပို့လာသည့်စာရွက်များကိုဖြေကြည့်နေသည်။စာသင်ချိန်စကတည်းက သူ မေးခွန်း
ဖြေတာမိနစ်နှစ်ဆယ်ကျော်ပြီဖြစ်၏။ မေးခွန်း
များကိုဖြေသောအမြန်နှုန်းကစီကျုံးနှစ်ဝက်စာ
မေးပွဲမှာဖြေတုန်းကထက်နှေးနေသေးသည်။

အတန်းနှစ်ခုကြားမှနားချိန်မှာတောင်မရပ်ဘဲ မေးခွန်းများကိုသူဆက်ဖြေလိုက်သည်။
ထိုမေးခွန်းများကိုဖြေဖို့် သူကိုယ်ပိုင်စာကြည့်
ချိန်အားအသုံးပြုလိုက်၏။

မေးခွန်းအားလုံး သူဖြေပြီးသည်နှင့် စာရွက်
များကိုဓာတ်ပုံရိုက်ပြီး ဖန်းကျိဆီ ပို့ပြီးတော့ အင်္ဂလိပ်ဆရာဆီမှအဖြေမှန်,မမှန်ကြည့်ပေး
ဖို့ရန်အကူအညီတောင်းလိုက်သည်။

နေ့လည်တည်းက သူ့စိတ်အခြေအနေသည်သိပ်မကောင်းချေ။ဘက်စကတ်ဘောကစား
မိတာကြောင့်လား.....ဒါမှမဟုတ်သူအိပ်ရေး
မဝသေးတာကြောင့်လား။

သူ့ဘေးမှစားပွဲခုံအလွတ်ကိုကြည့်လိုက်၏။
ဟုတ်သည် ...သူစိတ်မပျော်မရွှင်ဖြစ်နေတာ
ကုဖေးကြောင့်ပင်....

သူ ဘာကြောင့်လောင်ရွှိဆီမှာ ကုဖေးအတွက်
ခွင့်တောင်းပေးလိုက်ရတာလဲ။

သူ့စိတ်သည်ဂနာမငြိမ်ပေ။ကျန်ချန်သည်စားပွဲ
ပေါ်မှောက်အိပ်ပြီး နေ့လည်က သူတို့လေ့ကျင့်
နေစဉ် ကုဖေးဆီဝင်လာတဲ့ ဖုန်းနှင့် ကုဖေးအိမ်ပြန်သွားသည့်အကြောင်းကိုတစ်ခုချင်းစီ လေးလေးနက်နက်ပြန်စဉ်းစားလိုက်၏။

ဘာပြသာနာမှမရှိသလိုမျိုးအားလုံးကပုံမှန်
အတိုင်းသာသွားနေသည်ထင်ရသော်လည်း
သူ့ ရင်ထဲမှာ စိုးရိမ်စိတ်များတလိပ်လိပ်တိုး
လာသည်။

စားပွဲပေါ်မှာမှောက်အိပ်ပြီးအချိန်အကြာကြီး
စိတ်ဂနာမငြိမ်ဖြစ်နေပြီးနောက်တွင် ကျန်ချန်
ဆက်သည်းမခံနိုင်တော့ချေ။ အတန်းချိန် ပြီး
တဲ့ထိသူမစောင့်နိုင်တော့ပဲဖုန်းကိုဆွဲထုတ်ပြီး
မက်ဆေ့ခ်ျမပို့ပဲကုဖေးရဲ့ဖုန်းနံပါတ်ကို တန်း
ခေါ်လိုက်သည်။

ကုဖေးက ကုမြောင်နှင့်ပတ်သတ်လာလျှင် အသေးစိတ်ကျပြီး ဂရုစိုက်တတ်သည့် သူ
ဖြစ်သည်။

အခုကျမှ သူကဆရာဝန်နှင့်ကြိုချိန်းထားတဲ့
အချိန်ကို မေ့သွားတာ...

သူ လုံးဝမယုံဘူး။

ဖုန်းမြည်သံအဆုံးသတ်သွားသည့်တိုင်အောင်
ကုဖေးက သူ့ဖုန်းကိုမကိုင်သေးပေ။

ဘယ်သူဖုန်းမကိုင်ဘူး။ဖုန်းတစ်ချိန်လုံးအသံ
မြည်နေတာတောင်ကုဖေးကသူ့ဖုန်းကိုမကိုင်
ဘူး။

ကျန်ချန် တစ်ကိုယ်လုံးအေးစက်သွား၏။

သူ ဖုန်းဆက်ခေါ်နေသည့်တိုင်အောင် ဖုန်းက
ဖြေဆိုမယ့်သူ မရှိပေ။

"Fuck!"
သူဒီအတိုင်းငြိမ်ငြိမ်လေးထိုင်ပြီးဆက်စောင့်
မနေနိုင်တော့ပေ။

.........

LA ရိုက်မယ့်အသဲလေးတွေအတွက် Page လေးထောင်ပေးထားပါတယ်တဲ့❤

Sweet in Winter - Wang AnYu x Fan Cheng Cheng myanmar ✨

စိတ်ဝင်စားရင် သွားကြည့်ပေးပါအုံး ❤

















Continue Reading

You'll Also Like

1.6M 143K 45
Straight စစ်​စစ်​လို့ခံယူထားရာက​နေ သူငယ်​ချင်း​ကောင်းမှု​ကြောင့်​ Fundanshi ဖြစ်​ရာက ~ ​ကောင်​​လေး တစ်​​ယောက်​ကို မြင်​မြင်​ချင်း သ​ဘောကျမိသွား​သော...
46.7K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
2M 307K 180
(FOD စာရေးသူ၏ နောက်ထပ်လက်ရာတစ်ခု) ဘာသာပြန်သူ - May King Start date - 6.6.2020 (DURING COVID 19 PERIOD) End Date _ 19.4.2021 (During Military Coup pe...
462K 85K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...