ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 47(zawgyi)

3.4K 376 36
By melieee2

Chapter 47;

ဆန္ကိတ္သည္တကယ္အရသာရွိ၏။မုန့်ဆိုင်
မှာမထင်ရှား​ပေမယ့်အရသာမှာအထူးကောင်း
မွန်သည်။ကုဖေးရဲ့အရည်အချင်းကိုသူ အသိ
အမှတ်ပြုရလိမ့်မည်။

သူ ဝမ်းနည်းတကြီးငိုကြွေးပြီးနောက် သူ့နှလုံး
သားကနည်းနည်းတင်းတိမ်သွား၏။ကိစ္စတိုင်း
အားအသေးစိတ်မတွေးချင်တော့ပေ။ ယခုဆို
သူလိုအပ်သမျှဝယ်ပြီး၊ ဗိုက်တင်းတဲ့အထိစား
သောက်ခဲ့၏။ဆိုင်လေးထဲမှ ပြန်ထွက်လာချိန်
ကျန်ချန်ကြုံ့ထိုးလိုက်သည်။ သူ့ရဲ့ပြည့်တင်း
နေသောဗိုက်ကသက်တောင့်သက်သာဖြစ်လာ
၏။

"ပြန်တော့မလား။"
ကုဖေးက ဖုန်းထဲမှအချိန်ကိုကြည့်ပြီး
မေးလာသည်။
"မင်း စာကြည့်အုံးမှာမလား။"

"စာပြန်ကြည့်စရာမလိုဘူး။ဒါပေမယ့်,ငါ
အိပ်ချင်နေပြီ။ငါကစာမေးပွဲမဖြေခင်ရက်
ပိုင်းဆို ဘယ်တော့မှစာပြန်မကြည့်ဘူး။စာ
မေးပွဲငယ်ငယ်ကြီးကြီးကိစ္စမရှိဘူး။အိပ်ရေး
ဝဖို့လိုတယ်။"

ကုဖေးက ပြန်ဖြေ၏။
"အိုး,အတူတူပဲ။ ငါလည်း စာမေးပွဲ ကြီးကြီး
ငယ်ငယ်ဂရုမစိုက်ဘူး။နှစ်တိုင်းစာမေးပွဲခန်း
ထဲမှာအိပ်တယ်။"

ကျန်ချန်ရယ်ချင်စိတ်အားမထိန်းလိုက်နိုင်ပေ။
နှစ်ယောက်သည်ခေါင်းငုံ့ကာရယ်လိုက်၏။သူ
အရယ်လွန်ပြီး နှာရည် ကျလာသည့်အခါ တစ်ရှုး
တစ်ရွက်ထုတ်ပြီးနှာခေါင်းအားဖိသုပ်လိုက်တယ်။
"ချီးပဲ!"

"ပြန်ရအောင်။မြန်မြန် အိပ်ပျော်အောင် အိပ်။ရာသီဥတုကအေးနေပြီ၊စာမေးပွဲဖြေရင်းတန်း
လန်းအိပ်ငိုက်လိမ့်မယ်။"

ကျန်ချန် လက်ယမ်းလိုက်တယ်။
"အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး။ငါက စာမေးပွဲကို
မျက်လုံးမှိတ်ပြီးဖြေနိုင်တယ်။"

"အဲ့လိုတော့မဖြစ်ဘူးထင်တယ်။မင်း မျက်လုံး
ဖွင့်ရေးထားတဲ့စာတွေတောင်နားလည်ဖို့မလွယ်တာ...မျက်လုံးမှိတ်ပြီး ရေးရင်..."

ကျန်ချန် ထပ်ရယ်လိုက်၏။
"မင်းရဲ့ပါးစပ်ကို ဒီလောင်ဇီအတွက်
ပိတ်ထားစမ်းပါ။"

သူတို့နှစ်ယောက်သည် စက်ဘီးကိုယ်စီ ဖြည်း
ဖြည်းချင်းနင်းပြီးသူငှားထားသောအဆောက်
အဦးဆီပြန်ခဲ့သည်​။ယခုတစ်ကြိမ်တွင်ကုဖေး
ကအပေါ်မတက်​ပေ။စက်ဘီးရဲ့နောက်ခုံပေါ်မှ
ပစ္စည်းများကို သူ့ဆီကမ်းပေးလာ၏။
"မင်း လမ်းပျောက်ရင် ငါ့ဆီဖုန်းဆက်လိုက်။
ငါ မင်းကိုပြောပြမယ်။"

"ငါ့လမ်း ငါသိတယ်။"

ကုဖေးက သူ့ကို ညင်သာစွာပြုံး၏။
"ကောင်းသောညပါ။ "

"ကောင်းသောညပါ။ "
ကျန်ချန်သည်စက်ဘီးအားလှေကားအုံရင်းသို့
တွန်းလာပြီး လက်တန်းမှာမှီ၍သော့ခတ်လိုက်
၏။ထို့နောက်သူဝယ်လာသောပစ္စည်းများအား
သယ်ပြီး အပေါ်သို့တက်လာခဲ့သည်။

အခန်းတံခါးဖွင့်လိုက်ချိန်တွင် သူ့အခန်းသည်
လီပေါင်ကော်ရဲ့အိမ်မှာရှိ​နေစဉ်အတိုင်း တိတ်
ဆိတ်ခြောက်ကပ်နေ၏။ ဘယ်နေရာ ဖြစ်ဖြစ်
သူ့အတွက်ခံစားချက်သစ်လွင်လာတာမျိုးမရှိ
ပေ။လီပေါင်ကော်ရဲ့ ပြသာနာသောင်းခြောက်
ထောင်ကြောင့် စိတ်မဆင်းရဲချင်​ပေ။ သူသည်
လီပေါင်ကော်၏အကြွေးများကို ထပ်ကာထပ်
ကာဆပ်ပေးနေစရာမလို​။ထို့ပြင်လီပေါင်ကော်
ရဲ့အဆုတ်ကွဲမတတ်အော်သံနှင့်ချောင်းဆိုးသံ
အားတစ်ညလုံးနားထောင်ဖို့မလိုတော့ပေ။ကုန်
ကုန်ပြောလျှင်သူ့အိပ်ခန်းတံခါးကိုအချိန်မရွေး
ဆွဲဖွင့်မှာစိတ်မပူရတော့ပေ။

ဘွိုင်လာအိုးထဲမှကျလာသည့်ရေအပူရှိန်ကို
စမ်းကြည့်သည့်အခါရေနွေးနွေးလေး ဖြစ်၍
ရေချိုးသန့်စင်ဖို့ပြင်လိုက်၏။ ရေချိုးခန်းထဲ
မှာရေပူရတာကြောင့်လီပေါင်ကော်ရဲ့အိမ်မှာ
ကဲ့သို့ရေနွေးတည်ပြီး ရေခွက်နှင့်ခပ်ဖြည့်နေ
စရာမလို​ပေ။လီပေါင်ကော်ရေချိုးတာကို သူ
မမြင်ဖူး​ပေ။ထိုသူကအများသုံးရေချိုးခန်းမှာ
ချိုးတာဖြစ်နိုင်သည်။

အနည်းငယ်မျှနွေးနေသောရေပူများသည်သူ့မျက်
နှာနှင့်လည်တိုင်တလျှောက်တစ်ကိုယ်လုံးဖြတ်
သန်းသွား၏။ ကျန်ချန်က ရေချိုးခန်းနံရံအားလက်ထောက်၍မျက်လုံးများမှိတ်ထားပြီးတစ်
ကိုယ်လုံးပေါ့သွားတဲ့အထိရေချိုးလိုက်၏။

သူရေချိုးပြီးသည့်အခါရေပန်းအားပိတ်လိုက်
သည်။သူ့ကိုယ်ပေါ်မှာစီးကျနေတဲ့ ရေစက်များ
အားခါချရင်း ရေချိုးခန်းအပြင်သို့ထွက်လာခဲ့
သည်။

သူသည်ဧည့်ခန်းထဲမှာသူနှင့်ကုဖေးလုပ်ခဲ့တဲ့
ကိစ္စနှင့်ကုဖေးအကြောင်းအားတွေးနေမိတာ
မထူးဆန်း​ပေ။မတွေးလျှင်မှထူးဆန်းနေလိမ့်
မည်။

သူ့အာရုံထဲတွင်အရိုင်းဆန်​ဆန်အပြာဇာတ်
ကွက်များပါနေတဲ့မြင်ကွင်းများ လူးလားပျံ
ခတ်နေ၏။ဘယ်​နေရာဆီကြည့်ကြည့်အပြာဇာတ်ကွက်များပါဝင်နေသော မြင်ကွင်းအား
ဘာကြောင့်မြင်နေရမှန်းတကယ်မသိ​ပေ။

ဒါပေမယ့် သူ့အတွေးများသည်ကုဖေးကိုမှန်း
ပြီးအရိုင်းဆန်လာတာပထမဆုံး ဖြစ်ပေမယ့်
ထိုစိတ်ကူးများကသူ့တစ်ဦးတည်းဖက်မှဖြစ်
၏။သူ့စိတ်ထဲမှာနည်းနည်းအပြစ်ရှိသယောင်
ခံစားရလာသည်။

သူအိပ်ခန်းသို့ရောက်လျှင်အခန်းတံခါးပိတ်ပြီးစောစောကဝယ်လာသည့်စောင်နှင့်အိပ်ရာခင်း
အားခင်းလိုက်သည်။ပထမက,သူ ကုတင်ဘေး
မှာရပ်ပြီးအသစ်ဝယ်လာတဲ့အိပ်ရာခင်း၊စောင်
နှင့်ခေါင်းအုံးများကိုလျော်ပြီး သုံးသင့်ကြောင်း အချိန်ယူစဉ်းစားခဲ့သေးသည်။နောက်ဆုံးတွင်,
သူ့စိတ်ကူးအားလက်လျော့လိုက်၏။
ယောက်ျားလေးများသည် ထိုကဲ့သို့အသေးဖွဲကိစ္စများကိုဂရုစိုက်စရာမလို​ပေ။

သူအိပ်ရာပေါ်မှာလဲပြီး အခန်းမီးပိတ်ပြီးသည့်တိုင်၊မျက်လုံးကြောင်နေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်သေးပေ။

မနက်ဖြန်စာမေးပွဲရှိသည့်အတွက် သူ ကုဖေး အကြောင်းကြာကြာမတွေးနိုင်​ပေ။

ဤစာသင်နှစ်တစ်ဝက်တွင်သူယောင်ဝါးဝါး
ကုန်ဆုံးခဲ့သည်။စာသင်ခန်းထဲမှာနားမလည်
တဲ့သင်ခန်းစာ၊သူမလုပ်နိုင်သည့်assignment
မရှိသော်လည်း စိုးရိမ်​နေမိသည်။

အတိတ်တုန်းကဆိုလျှင်၊သူသည်စာသင်ခန်း
ထဲတွင်သေချာလိုက်နားထောင်သည့်အတွက်
သူ့အဆင့်များက တိုးတက်လာတာဖြစ်သည်။
စီကျုံးကဲ့သို့ပတ်ဝန်းကျင်တွင်သင်ခန်းစာများ
အားဂရုတစိုက် နားထောင်သူတစ်ယောက်ပင်
မရှိပေ။ယခုစာမေးပွဲသည် ယခင်လောက်ခက်
မည်မဟုတ်မှန်းသိပေမယ့်၊ သူ့အဆင့်အတွက်
စိုးရိမ်နေဆဲဖြစ်သည်။

စာမေးပွဲမဖြေခင်တစ်ရက်၊နှစ်ရက် အလိုတွင်
သူဘယ်တော့မှစာလုပ်ချင်စိတ်မရှိချေ။ ဒါပေ
မယ့်,သူအိပ်ယာထဲမှထပြီးကျောင်းလွယ်အိတ်
အားလှမ်းယူလိုက်သည်။ကျောင်းလွယ်အိတ်မှ မှတ်စုစာအုပ်အားထုတ်ပြီးပြန်လှန်လှောကြည့်
လိုက်သည်။

စီကျုံးကျောင်း၏စာမေးပွဲအချိန်ဇယားသည်
သူ့အရင်ကျောင်းနှင့်မတူပေ။မနက်ဖြန် မနက်
ပိုင်းတွင်တရုတ်စာနှင့်လူမှုရေးဘာသာရပ်ဖြေ
ဆိုရမည်ဖြစ်သည်။အချိန်ဇယားများ ကြပ်နေ
ခြင်းကနှေးနှေးကွေးကွေးသွားတတ်တဲ့ စီကျုံး ကျောင်းပုံစံမဟုတ်ပေမယ့်၊  စာမေးပွဲပြီးလျှင်
ယှဉ်ပြိုင်ရမည့်ဘက်စကတ်ဘောပြိုင်ပွဲများရှိ
သေး၍အချိန်ဇယားကြပ်​နေခြင်းဖြစ်သည်။

သူဘယ်အချိန်အိပ်ပျော်သွားမှန်း မမှတ်မိပေ။
မနက်ခင်း,သူအိပ်ယာနိုးလာချိန်စာအုပ်များကကြမ်းပြင်ပေါ်ပြုတ်ကျနေပြီးသူ့ခန္ဓာကိုယ်ကမူ
စောင်ထဲမှာလုံးထွေးနေ၏။

ကျန်ချန်သည်အချိန်ကိုကြည့်လိုက်၏။နှိုးစက်
အသံမမြည်သေးပေမယ့်အိပ်ရာထမယ့်အချိန်
ရောက်ပြီဖြစ်သည်။သူ့ နှိုးစက်က အချိန်ကိုက်အသံမြည်လာသည်။

လီပေါင်ကော်ရဲ့အိမ်ပတ်ဝန်းကျင်နှင့်တစ်ပုံစံ
တည်း ဒီနားတစ်ဝိုက်မှာလည်း လမ်းတစ်ဖက်
တွင် မနက်စာရောင်းသည့်ဆိုင်ခန်းငယ်များရှိ
သည်။သူ လမ်းဘေးဆိုင်တစ်ဆိုင်မှ တို့ဖူးနွေး 
ပူပူလေးတစ်ပွဲနှင့်ဆန်ကိတ်အချို့ဝယ်စားပြီးကျောင်းသွားဖို့စက်ဘီးကိုအဆောက်အဦးထဲ
မှထုတ်လာခဲ့သည်။

လမ်းထိပ်ရောက်သည့်အခါ စက်ဘီးအားရပ်လိုက်၏။သူတို့ကျောင်းသို့အတူတူသွားလျှင်
ကုဖေးဆီဖုန်းခေါ်ဖို့လိုသည်။သူ ခဏတုံ့ဆိုင်း
နေပြီးမှဖုန်းထုတ်ပြီးနံပါတ်ရိုက်လိုက်၏။

သူသည်ကုဖေးနာမည်အားရှာနေစဉ်သူ့ဘေးမှ
လူတစ်ယောက်ရဲ့လေချွန်သံအားကြားလိုက်ရ
သည်။ကျန်ချန်လှည့်ကြည့်လိုက်လျှင်၊ အံ့အား
သင့်စရာကောင်းအောင် ကုဖေးကသူ့ညာဘက်
မှာရှိနေခဲ့၏။သူသည် စက်ဘီးပေါ်မှာခွထိုင်ပြီး ခြေထောက်တစ်ဖက်အား မြေကြီးပေါ် ချထား
သည်။

ကုဖေးက သူ့ကိုလက်ယမ်းပြလာ၏။
"မောနင်း , ရွှယ်ပါ့။"

"သေစမ်း!"
ကျန်ချန် သူ့အားအံသြတကြီးကြည့်လိုက်၏။
"မင်း ဘယ်အချိန်ကရောက်တာလဲ။"

"ငါးမိနစ်လောက်ရှိပြီ။ငါက စာမေးပွဲရက်မှာနောက်ကျတဲ့ထိမအိပ်ဘူး။"

"အံ့သြစရာပဲ။ "
ကျန်ချန်အသံထွက်ရယ်လိုက်သည်။သူ့စိတ်ကရုတ်ခြည်း အပျော်များပြည့်လာ၏။သေချာတဲ့အကြောင်းပြချက်မရှိပေမယ့် ကုဖေးအပြုံးကို
မြင်တိုင်း အရမ်း နွေးထွေးသကဲ့သို့ခံစားရလေ့
ရှိသည်။သူတို့ကြားရှိဖြစ်ခဲ့တဲ့ကိစ္စများကြောင့်
ဖြစ်နိုင်၏။သူတို့သည်ထိုအဆင့်မှမတက်သေးသော်လည်းဘေးချင်းကပ်ရပ်ထိုင်ခုံမှာ ထိုင်တဲ့
သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးတွင်မရေမရာ
ဆက်ဆံရေးရှိလာခဲ့သည်။

ကုဖေးက မေး၏။
"မင်း မနက်စာစားပြီးပြီလား။"

"ငါ လမ်းကြုံဝယ်စားလာတယ်။မင်းလာမယ်ကြိုပြောထားရင် မနက်စာအတူစားရအောင် မင်းကိုစောင့်နေမှာပေါ့။"

"ရပါတယ်။"
ကုဖေးကအပြုံးနှင့်ပြော၏။
"ငါလည်းစားပြီးပြီ။ငါတွေးနေတာ, မင်းမစား
ရသေးရင်၊မင်းမနက်စာစားပြီးတဲ့အထိအတူ
စောင့်ပေးမလို့။"

ကျောင်းသို့သွားသည့်လမ်းတစ်လျှောက်တွင် အေးအေးချမ်းချမ်းရှိ၏။တိရစ္ဆာန်နှစ်ကောင်
ဆီမှပတ်ပြေးစရာမလို​ပေ။သူတို့သည် ရန်ပွဲ...
မဟုတ်..ကစားပွဲအချိန်းအချက်လုပ်ထားတာ
ကြောင့်ဖြစ်နိုင်၏။အမှန်တော့,ရန်ပွဲကအချိန်
ခဏရပ်ဆိုင်းထားရုံဖြစ်သည်။

စာသင်ခန်းထဲဝင်လာသည့်အခါပုံမှန်အချိန်
ဆိုလျှင် ပျင်းရိနေကြသည့်အတန်းဖော်များ
သည်စာမေးပွဲကြောင့် စိတ်ပူပန်နေတာအား
ကျန်ချန်မြင်လိုက်ရသည်။

စားပွဲထိုင်ခုံများအားနေရာခြားထား၏။ခုံများ
တစ်ခုနှင့်တစ်ခုကြားရှိအကွာအဝေးကအဝေး
ကြီးမဟုတ်ဘဲ လူတစ်ကိုယ်စာခြားထား၏။

သူသည်ထိုင်ခုံမှာထိုင်ပြီးစက္ကန့်ပိုင်းအတွင်းမှာ
ကျိုးကျင့်ကသူ့ကိုလှည့်ကြည့်လာသည်။
"ကျန်ချန်...ကျန်ချန်...ကျန်ချန်..."

"အဖြေကြည့်ချင်ရင် မင်းဘာသာမင်းကြည့်။ စာမေးပွဲဖြေနေတုန်း ငါ့နာမည်ကိုဆက်တိုက်ခေါ်
ရင် ငါမင်းကိုကူးချနေပါတယ်ဆိုပြီးတိုင်မယ်။"

"အာ...အိုကေ...အိုကေ..အိုကေ။"
ကျိုကျင့်ကခဏမျှကြောင်နေပြီးနောက် သူ့
မျက်နှာမှာပန်းများပွင့်နေသည့်အလား သူ့ကို တောက်တောက်ပပပြုံးပြလာသည်။
"မင်းကတကယ်စစ်မှန်တဲ့သူငယ်ချင်း
ကောင်းပဲ။"

သူ့ဘယ်ဘက်ခုံမှတစ်ယောက်ကလည်း သူ့
နာမည်ကိုခေါ်လာ၏။
"ကျန်ချန်။"

ကျန်ချန် ခေါင်းလှည့်ကြည့်လိုက်လျှင် ဝမ်ရွှိသည်
သူ့ဘယ်ဘက်ခုံမှာထိုင်နေကြောင်းမြင်လိုက်ရသည်။
"မင်းလည်း ဒီမှာထိုင်ရတာလား။"

"စာမေးပွဲဖြေတဲ့ရက်ပဲ ငါဒီနေရာမှာထိုင်မှာ။ အဖြေစာရွက်ကိုလက်နဲ့မကာထားနဲ့။အိုကေလား။"

ကျန်ချန် "အိုး" လို့ပြန်ဖြေလိုက်၏။

ဝမ်ရွှိကထပ်ပြောလာသည်။
"မင်း ဖြေပြီးရင် စာရွက်ကိုချက်ချင်းမလှန်နဲ့
နော်,အိုကေ?။"

ကျန်ချန် စိတ်မပါစွာ "အိုး"လို့တုံ့ပြန်လိုက်၏။

ဝမ်ရွှိက စိုးရိမ်တကြီးထပ်ပြောလာသည်။
"တာ့ဖေးကိုစိတ်ပူစရာမလိုဘူး။သူက စာမေး
ပွဲမှာ ဘယ်တော့မှကူးမချဘူး။ ငါ့ ကိုပဲ စိတ်ပူ
တခြားသူတွေကိုအဖြေဖြန့်ပေးဖို့တာဝန်ငါ့မှာ
ရှိတယ်။"

"ငါ သိပြီ။"
ကျန်ချန် သူ့ကို ခေါင်းညိတ်ပြပြီး ကုဖေးအားလှမ်းကြည့်လိုက်သည်။

ကုဖေးကဂိမ်းကစားနေရာမှမော့ကြည့်ပြီး သူ့အားပြုံးပြလာ၏။

စာမေးပွဲခန်းကြီးကြပ်သူအဖြစ်တာဝန်ကျသူသည် တတိယနှစ်များကို သင်ကြားပေးသော သက်လတ်ပိုင်းအမျိုးသမီးဆရာမတစ်ဦးဖြစ်
၏။စာမေးပွဲခန်းအတွင်းသို့ သူမဝင်လာသည်
နှင့်ပထမဆုံးလုပ်သည့်အလုပ်က မေးခွန်းလွှာစာအိတ်အားစားပွဲပေါ်တင်ပြီးစာသင်ခန်းထဲရှိ
ကျောင်းသားများအားနှံ့နှံ့စပ်စပ်ကြည့်လာတာ
ဖြစ်သည်။သူမရဲ့အကြည့်သည်ဘယ်မှညာသို့
ရွေ့သွားပြီးညာမှဘယ်သို့ပြန်ရွေ့လာသည်။
ထို့နောက် သူမကတစ်တန်းလုံးကိုခြုံငုံကြည့်ပြီးမှလည်ချောင်းရှင်းပြီး၊စာမေးပွဲ စည်းမျဉ်းစည်းကမ်းများကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြသည်။

အတန်းသားအားလုံးကတိတ်ဆိတ်ငြိမ်သက်
နေသည်။စာမေးပွဲခန်းသည် တိတ်ဆိတ်နေ၍
ကျန်ချန်ပင်နေသားမကျတော့ပေ။

မေးခွန်းစာရွက်များဝေသည့်အခါကျန်ချန်က မေးခွန်းစာရွက်ကိုင်၍စီကျုံးကျောင်းမေးခွန်း
များခက်ခဲမှုရှိ၊မရှိအကြမ်းဖျင်းဖတ်လိုက်၏။
သူမျှော်လင့်ထားသကဲ့သို့မေးခွန်းများသည်စီး
ကျုံးကျောင်းရဲ့ပုံစံတိုင်းတစ်သွေမတိမ်းကိုက်
ညီမှုရှိသည်။စာမေးပွဲမေးခွန်းများသည်ရိုးရှင်းလွယ်ကူလွန်း၏။

စာစီစာကုံးမေးထားသည့်စာရွက်ကို လှန်ပြီး သူ
တစ်ချက်ကြည့်လိုက်သည်။

___ Mr..JiXainLin ကပြောတယ်

"လူတိုင်းသည်ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်
အောင်ရေကုန်ရေခမ်းကြိုးစားသည်။သို့သော်
ရှေးခေတ်ဖြစ်စေမျက်မှောက်ခေတ်​မှာဖြစ်စေ
ဘယ်နိုင်ငံနှင့်ဘယ်သမုဒ္ဒရာတွင် ၊ တစ်ရာ,ရာ
ခိုင်နှုန်းပြည့်စုံတဲ့ဘဝမရှိပေ။ထို့ကြောင့်, ဘဝ
သည်အပြစ်အနာဆာများကြောင်းပြော၏။"

လက်တွေ့ဘဝနှင့်ဆက်နွယ်နေတဲ့သူ့အတွေးအမြင်များကိုအခြေခံပြီး သူ့ရဲ့စိတ်ကူးစိတ်
သန်းများအားစီကုံးရေးသားပါ။

အကြောင်းအရာ၏ခေါင်းစဉ်ကို ရသစာပေ
ဖော်ညွှန်းရေးသားပါ။ ___

ကျန်ချန်သက်ပြင်းချလိုက်သည်။ စာစီစာကုံး ခေါင်းစဉ်မှာရိုးစင်း၏။အထူးသဖြင့် သူ့လက်
ရှိအနေအထားနှင့်ပင်တိုက်ဆိုင်လျှက်ရှိသည်။ စာစီစာကုံးစာလုံးရေအား၈၀၀ကျော်ကန့်သတ်
ခြင်းမဟုတ်ဘဲအချက်အလက်အချို့ရေးသား
ခိုင်းတာဖြစ်သည်။

သူသည်မေးခွန်းစာရွက်ကို အရှေ့သို့ ပြန်လှန်
လိုက်ပြီးစိတ်အေးအေးထား၍မေးခွန်းများကို
စတင်ဖြေဆိုခဲ့သည်။

ဘေးပတ်ပတ်လည်မှာတိတ်ဆိတ်နေ၏။

စာမေးပွဲခန်းအတွင်းစာရွက်လှန်သံနှင့်ဘောပင်ရေးခြစ်နေသည့်အသံသာကြားရသည်။

သူသည်ကုဖေးဆီ ဖျတ်ခနဲလှမ်းကြည့်လျှင်
ကုဖေးကယခုထိမေးခွန်းတွေမဖြေသေးတာသတိထားမိသည်။ကုဖေးအကြည့်က ခေတ်
ပေါ်ကဗျာထဲမှာနစ်မြုပ်နေပြီးစာပိုဒ်ကိုလေး
လေးနက်နက်ဖတ်နေ၏။

သူသည် ဘယ်ဘက်တွင်ထိုင်​နေသော ဝမ်ရွှိရဲ့အခြေအနေအားလှည့်ကြည့်ဖို့စိတ်ကူးမရှိပေ။
သူလှည့်မကြည့်လျှင်တောင်ဝမ်ရွှိကပြင်းပြတဲ့
အကြည့်များနှင့်ကြည့်နေမှန်းသိထား၏။
သူ မျက်လုံးထောင့်မှဝမ်ရွှိကိုကြည့်လိုက်၏။

စာမေးပွဲခန်းကြီးကြပ်သူဆရာမနှစ်ယောက်သည်မြွေလိမ်မြွေကောက်အတိုင်းနေရာချိန်းကာလိုက်
ပတ်ကြည့်နေသည်။

သူ့ရှေ့မှာထိုင်တဲ့ကျိုးကျင့်က ကိုယ်တစ်ခြမ်း
စောင်းပြီးနောက်ပြန်လှည့်ကြည့်သောအကြိမ်ရေအားခန့်မှန်းကြည့်လျှင်၊ သူ့အစာအိမ်ထဲက
အူများကြိုးထုံးများကဲ့သို့လိမ်နေမလားအဖြေ
ထုတ်စရာဖြစ်၏။

ကျိုးကျင့်နှင့်ယှဉ်လျှင် ဖန်းကျိကပိုတည်ငြိမ်
သည်။ ကျန်ချန် မေးခွန်းများဖတ်ပြီးသည်နှင့်
အဖြေများအလျဉ်းသင့်သလိုရေးလိုက်သည်။
အဖြေအားလုံးဖြေပြီးမှပြန်စစ်၏။

........

မေးခွန်းမှာပေးထားတဲ့ ခေတ်သစ်ရသကဗျာ
စာပုဒ်တိုကိုအဆုံးထိ ကုဖေး ဖတ်ကြည့်လိုက်
သည်။ကံမကောင်းစွာပင် ကဗျာသည် သူထင်
သလိုမရိုးရှင်း​ပေ။အနုပညာရဲ့အနှစ်သာရကို
ဦးစားပေးဖော်စပ်ထားသည့် စိတ်ဝင်စားစရာ
မကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်၏။

သူသည်မေးခွန်းစာရွက်များကိုတစ်ရွက်ချင်းလှန်
ကြည့်လိုက်၏။သူ မျက်မှန်းတန်းမိသည့် တစ်မှတ်တန် မေးခွန်းများအရင်ရှာပြီးအဖြေဖြေဖို့ ရည်ရွယ်ထားသည်။ အဖြေလွှာစာရွက်ပေါ်တွင်ဘေးမျဉ်းဆွဲလိုက်ပြီး၊ကျန် စာရွက်ရဲ့နေရာလွတ်များတွင် အ​ဖြေများ အလျဉ်းသင့်သလိုဖြေမည်။အားလုံးပြီးလျှင်စာစီစာကုံးကိုဆက်ရေးမည်။

စာစီစာကုံးကရေးရမဲ့စာပေပုံစံကန့်သတ်ပေးထားခြင်းမရှိသလို မေးခွန်းမှာ ပေးထားသည့် ကဗျာကိုစာလုံးရေ၈၀၀ဆို​ပြီး သတ်မှတ်ထား
တာမရှိပေ။ထို့ကြောင့် သူသိသမျှချရေးလျှင်စာစီစာကုံးသည်သူ့ကိုအသက်ကယ်မှတ် ပေးနိုင်သည်။

သူ့စိတ်ကူးနှင့်သူ့အစီအစဉ်မှာပြည့်စုံ၏။
ကုဖေးသည်အဖြေစာရွက်လှန်ပြီး စာရေးဖို့
ရန်ပြင်၏။...သူ့ကိုယ်နေဟန်ထားသည်သူ့
ဘေးမှာထိုင်သည့်ရွှယ်ပါ့နှင့်ပင်ဆင်၏။

ရွှယ်ပါ့ကျန့်ရဲ့ ဘောပင်က မရပ်တန့်သွားပေ။
သူသည်မေးခွန်းဖတ်ကြည့်ပြီးသည်နှင့်အဖြေလက်တန်းချရေးသည်။မေးခွန်းများရှည်လေ၊
သူရေးနှုန်းကကြာလေဖြစ်၏။ကျန်ချန်ရဲ့ရွှယ်
ပါ့ဆိုသည့်ပုံရိပ်သည် စာသင်ခန်းထဲမှာ သိသာထင်ရှားမှုမရှိပေမယ့် စာမေးပွဲခန်းတွင်သူ့လှုပ်
ရှားမှုများကရွှယ်ပါ့ပုံရိပ်နှင့်လိုက်ဖက်ညီသည်။

သူကဘေးမျဉ်းတားပြီး တစ်မှတ်တန် မေးခွန်း
ဖြေပြီးချိန်တွင်၊ကျန်ချန်ကစာရွက်နောက်တစ်
ရွက်လှန်သွားသည်။သူကွက်လပ်ဖြည့်များဖြေ
နေချိန်တွင် ကျန်ချန်သည်စာစီစာကုံးရေးနေပြီ
ဖြစ်သည်။

ချီးပဲ...

ကျန်ချန်ရဲ့ဘေးတိုက်ပုံရိပ်အားလှမ်းကြည့်မိ
သည့်အချိန်တွင် ကျန်ချန်သည်အရမ်းပြည့်စုံ
ပြီးကြည့်ကောင်း၍လူသားများနှင့်နတ်ဘုရား
များပင် သူ့အားအမျက်ဒေါသထွက်လိမ့်မည်
ဆို​သောအချက်ကို သူသဘောပေါက်လာ၏။

စာစီစာကုံးစာလုံးရေ ၈၀၀ ကျော်ရေးမယ်လို့ အခိုင်အမာဆုံးဖြတ်ချက်ချထားသောရွှယ်ပါ့
ကျန့် နှင့် ယှဉ်လျှင် ကုဖေး အသက်ကယ်မှတ်
အနေနှင့်ယူဆထားခဲ့တဲ့စာစီစာကုံးကမြန်မြန်
ပြီးသွားသည်။

သူသည်သဘောတရားတူယောင်ရှိတဲ့အချက်အနည်းငယ်အား စာစီကုံးအနေနှင့် ရေးသားခဲ့
သည်။စာမေးပွဲတွင်အဖြေစာရွက်အားပြန်စစ်
အောင်အရေးမကြီးတာကြောင့်သူမျဉ်းတစ်ခါ
တည်း ပိတ်လိုက်၏။

ယခင်ကသူသည်အဖြေများဖြေပြီးလျှင်အဖြေစာရွက်အားထပ်ပြီးအခန်းအပြင်သို့ ထွက်သွား
နေကြဖြစ်သော်လည်း၊ယနေ့အပြင်မထွက်ချင်
သေးပေ။သူ့ဘေးမှာထိုင်သည့်ကျန်ချန်က စာ
ရေးနေဆဲဖြစ်သည်။

ကျန်ချန်ရဲ့နဂိုကတည်းကဆိုးနေပြီးသားလက်
ရေးနှင့်အပြစ်သုံးသပ်စာဖတ်နေသကဲ့သို့အရှိန်
နှုန်းနှင့်ရေးနေသည့်လက်ရေးနှင့်ယှဉ်လျှင်ယခု
သူရေးထားတဲ့စာပိုဒ်နှင့်စာကြောင်းများကခွေး
ခြစ်ကြောင်ခြစ်သာသာရှိသည်။

ကျန်ချန်ကမေးခွန်းစာရွက်နှင့်အဖြေစာရွက်
များကို စားပွဲခုံထောင့်စွန်းမှာတင်လိုက်လျှင်၊
သူ့ ဘယ်ဘက်တွင်ထိုင်တဲ့ဝမ်ရွှိက လည်ပင်း
တဆန့်ဆန့်ဖြင့် ကွက်လပ်ဖြည့်နှင့်စာပိုဒ်များ
အားချက်ချင်းကူး၏။
အမှန်တိုင်းပြောလျှင်,  ကျန်ချန်ရဲ့ အရှေ့ခုံမှာ
ထိုင်သည့်ကျိုးကျင့်ကပိုအခက်တွေ့နိုင်သည်။
ကျန်ချန်ရဲ့လက်ရေးကိုဇောက်ထိုးကြည့်သည့်
သူအတွက်ရှေးဟောင်းအမိန့်မှာတမ်းဖတ်သကဲ့
သို့ ကျန်ချန်ဘာရေးထားလဲဆိုတာခက်ခက်ခဲခဲ
ဖတ်ရလောက်သည်။

သို့သော်,ယခင်အခြေအနေထက်စာလျှင်ယခု
ပိုအဆင်ပြေ၏။ အတန်းထဲမှာအမှတ်ကောင်း
သူများသည်ရှေ့တန်းမှာထိုင်၍အနောက်တန်း
အုပ်စုကဘယ်သူ့ဆီမှကူးချရမှန်းမသိဖြစ်ခဲ့သည်။

စာမေးပွဲအချိန်ပြည့်ဖို့ နာရီဝက်ခန့်အလိုတွင်
နတ်ဘုရားတစ်ပါးကဲ့သို့ အဖြေများရေးသား
နေတဲ့ရွှယ်ပါ့ကျန့် ​ကစာစီစာကုံးရေးပြီးသွား
ခဲ့သည်။သူသည်အဖြေစာရွက် ပြန်စစ်ဖို့အား
စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်။စာစီစာကုံး
ပြန်စစ်ပြီးသည့် နှင့် အရှေ့ကစာရွက်တွေကို လှန်လှောပြီးပြန်ကြည့်နေ၏။

ကျန်ချန်စာရွက်လှန်သွားတာကိုမြင်လျှင်
ဝမ်ရွှိကစိုးရိမ်သံနှင့်တိုးတိုးလှမ်းပြော၏။
"စာရွက် မလှန်သေးနဲ့ဦး။"

ကျန်ချန်ကသက်ပြင်းချကာအဖြေစာရွက်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေ၏။ခေါင်း
လှည့်လာလျှင် သူက ကုဖေးနှင့်အကြည့်ချင်း
ဆုံသွားပြီးနောက်ပါးစပ်လှုပ်၍မေးသည်။
"ဖြေပြီးသွားပြီးလား။"

ကုဖေးခေါင်းညိတ်လိုက်၏။ထို့နောက်စာစီစာ
ကုံးစာရွက်အားကျန်ချန်မြင်အောင်ထောင်ပြီး
ပြလိုက်သည်။

ပထမတွင်ကျန်ချန်ကကြောင်သွားသော်လည်း
သူ့စာရွက်များဆီသို့ခေါင်းပြန်လှည့်သွားပြီးခိုး
ရယ်လာသည်။

သူသည်စိတ်လွတ်လက်လွတ်ရယ်ချင်ပေမယ့် စာမေးပွဲခန်းမှာအသံဆူဆူညံညံလုပ်၍မရပေ။
ကျန်ချန်သည်တစ်ရှုးကိုနှာခေါင်းနားမှာ ဖိထား
ကာနှာရည်သုတ်သလိုမျိုးကြိတ်ရယ်နေသည်။ ပထမတွင် ကုဖေးရယ်ချင်စိတ်မရှိသော်လည်း
ကျန်ချန်ရဲ့အမူအယာကြည့်ပြီး ရယ်ချင်စိတ်
အားခက်ခက်ခဲခဲထိန်းချုပ်လိုက်၏။

နောက်ဆုံးတွင်မူ  ကျန်ချန်ကချောင်းဟန့်ပြီး
ရယ်တာကိုရပ်တန့်လိုက်သည်။

ကုဖေးသည်မတ်တတ်ထရပ်ပြီး အဖြေစာရွက်
ကိုအပ်ပြီးအခန်းအပြင်ထွက်ခဲ့သည်။လှေကား
နားသို့လျှောက်သွားလိုက်၏။ နောက် စာမေးပွဲ
ဖြေရမည်ဖြစ်တာကြောင့်ဝေးဝေးသွားလို့အဆင်မပြေပေ။

စာမေးပွဲခန်းထဲမှာမိနစ်လေးဆယ်ထိုင်ရတာ သူ့အတွက်အတော်မွန်းကြပ်၏။စာမေးပွဲခန်းထဲမှာအချိန်ပြည့်တဲ့အထိထိုင်ရမည်ဆိုလျှင်၊သူ့အား
တမင်ညှင်းပန်းနှိပ်စက်သကဲ့သို့ပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်ချန်သည်
လှေကားပေါ်မှဆင်းလာ၏။ကုဖေးအံ့အားသင့်
သွားသည်။
"အဖြေစာရွက်အပ်ပြီးထွက်လာတာလား။"

"အင်း။"
ကျန်ချန်က ခေါင်းညိတ်သည်။
"စာမေးပွဲခန်းစောင့်ဆရာမကဝမ်ရွှိရဲ့ဘေးမှာ
လာရပ်နေတာ။ဝမ်ရွှိ အကုန်ကူးပြီးလောက်ပြီ
ထင်လို့ အဖြေစာရွက်အပ်ပြီး ထွက်လာခဲ့တာ။စကားမစပ်,မင်းအဖြေစာရွက်ထဲမှာသီချင်းစာ
သားရေးခဲ့တာလား...ကဗျာစာသားရေးခဲ့တာလား။"

ကုဖေး သန့်စင်ခန်းဆီသို့လျှောက်နေရင်းဖြေလိုက်သည်။
"ကဗျာရေးခဲ့တာ။"

"ချီးပဲ, မင်း အရှက်ကိုမရှိဘူး။"
ကျန်ချန်က သူ့အနောက်မှလိုက်လာပြီးတိုးတိုးမေးလာ၏။
"ရသေစာပေပုံစံရေးရမယ်ဆိုပြီးမသတ်မှတ်
ထားလို့ မင်း ကဗျာရေးခဲ့တာမလား။"

"အင်း။"
ကုဖေး ရယ်လိုက်သည်။
"ငါအဖြေလွှာစာရွက်ထဲမှာ ကဗျာရေးတာ
သုံးကြိမ်ရှိပြီ။ ငါ ပထမဆုံးရေးခဲ့တုန်းက၊
လောင်ရွှိနဲ့တစ်ခြားလူတွေကငါ့အဖြေလွှာ
စာရွက်ကို စစ်ပြီးအမှတ်ပေးသင့်၊မပေးသင့်
စကားအချေအတင်ဖြစ်သေးတယ်။"

"မင်းကိုတကယ့်လက်ဖျားခါတယ်။"
ကျန်ချန်က ကျစ်သပ်လိုက်၏။
"မင်း ဘာရေးခဲ့တာလဲ။ မင်းရေးထားတဲ့ကဗျာစာသားကို ငါလည်းနားထောင်လို့ရလား ။"

"ကဗျာကအရမ်းလှလို့ ပါးစပ်ကထုတ်ပြော
ရမှာရှက်တယ်။"

သူတို့သန့်စင်ခန်းသို့ဝင်လာသည့်အချိန်တွင်
မည်သူမျှမရှိ​ပေ။ သူ စီးကရက် တစ်လိပ်ကို
မီးညှိရင်းကျန်ချန်အားသောက်အုံးမလားဆို
သည့်အမေးမျက်ဝန်းနှင့်ပင့်ကြည့်လိုက်၏။
ကျန်ချန်ကခေါင်းယမ်းပြ၍မီးညှိပြီးသား
စီးကရက်ကိုသူ့နှုတ်ခမ်းထက်မှာတေ့လိုက်သည်။

ကျန်ချန်က ဆက်ပြော၏။
"မင်း ရေးသမျှသီချင်းစာသားတွေကအရမ်း
ကောင်းတယ်။မင်းက ငါ့ကိုနည်းနည်းတောင်
ကြားခွင့်မပေးတော့ဘူးလား။"

"ဖွတ်ကျားကဗျာတွေ ထက် ပိုကောင်းရုံပါပဲ။
ငါ့အချိန်ရတဲ့အခါကျသီချင်းအသစ်ထပ်ရေးပြီး
မင်းကိုကြည့်ခိုင်းမယ်။"

"ကောင်းပြီ။"
ကျန်ချန်က ဘေစင်ပေါ်တက်ထိုင်ပြီး သူ့ကို ကြည့်လာသည်။
"အာ,လူငယ်လေး...မင်းအခုရှက်နေတာလား။"

......

ဝမ်ရွှိနှင့်သူ့လူများကူးချစရာမရှိသောကြောင့်
အဖြေစာရွက်စောစောအပ်ပြီး လှေကားပေါ်မှ
ဆင်းလာကြသည်။ သူတို့က ဘေးဘီရှာကြည့်
သည့်အခါကျန်ချန်နှင့်ကုဖေးသူတို့ဆီလျှောက်
လာနေတာမြင်သွား၏။

ဝမ်ရွှိက ယွမ် ၅၀ထုတ်ပြီး လုရှောင်ပင်းကို
ပေးလိုက်သည်။
"ပင်းအာ,ငါ့တို့ ရွှယ်ပါ့အတွက်အားပြန်ပြည့်
အောင်မုန့်ဖြစ်ဖြစ် အအေးဖြစ်ဖြစ် သွားဝယ်
လိုက်။"

"ကောင်းပြီ။"
လုရှောင်ပင်းက ချက်ချင်း ပိုက်ဆံကိုယူပြီး
နီးစပ်ရာမုန့်ဆိုင်သို့ ပြေးသွားသည်။

ကျန်ချန် သူတို့ကိုကြည့်ပြီးပြောလိုက်၏။
"အရူး။"

"ကျန်ချန် , မင်းက အရမ်းဉာဏ်ကောင်းပြီး
သဘောလည်းကောင်းတယ်။"
ဝမ်ရွှိက သူ့ကိုဂုဏ်ပြုသည့်အနေနှင့် လက်
သီးဆုပ်ကိုရင်ဘတ်မှာကပ်လိုက်၏။
"ဒီတစ်ခေါက်စာမေးပွဲကိုငါအေးအေးဆေး
ဆေးနဲ့အောင်ပြီ။ကံကောင်းရင်ငါ့အဆင့်က
တက်လာနိုင်သေးတယ်။"

ကျိုးကျင့်ကညည်းလာသည်။
"ချီး,ငါလည်း စာမေးပွဲကိုတစ်ခါမှ ဒီလောက်ကောင်းကောင်းမဖြေခဲ့ဖူးဘူး။ငါ အပြစ်တင်
တာတော့ မဟုတ်ဘူး။ဒါပေမဲ့  ကျန်ချန်, မင်း လက်ရေးကကူးချတာဆန့်ကျင်တဲ့နတ်ဘုရားလက်နက်လိုပဲ။ကူးတဲ့နေရာမှာကျင့်သားရနေ
တဲ့ငါ့မျက်လုံးကိုကျေးဇူးတင်တယ်။ငါ့ကိုပြော
...မင်းစာရွက်ကိုဆရာ၊ဆရာမတွေအမှတ်ပေး
တဲ့အခါ မင်းရေးထားနားမလည်လို့ဆိုပြီး မင်း
အမှတ်တွေအနုတ်ခံရဖူးတယ်မလား။"

ကျန်ချန် ပြန်ဖြေလိုက်၏။
"ငါ့လက်ရေးကညံ့တော့ အချိန်တိုင်းအမှတ်
အနုတ်ခံနေရတာ။"

ထိုအခါ တစ်ဖွဲ့လုံးက သဘောကျစွာ တဟားဟားရယ်ကြသည်။

သူတို့အနီးတစ်ဝှိုက်မှာရှိနေသည့် စာသင်ခန်း
များကစာမေးပွဲဖြေနေဆဲရှိသေးသည်။သူတို့
ရယ်သံကြောင့် စာမေးပွဲခန်းစောင့်ဆရာမက မျက်နှာထားတည်တည်နှင့်သူတို့ကိုဆူငေါက်
လာ၏။ထို့ကြောင့် သူတို့ တည်နေရာ ပြောင်း
လိုက်သည်။နောက်ဆုံး,သန့်စင်ခန်းဝင်ပေါက်
ရှေ့မှာချထားသည့်စားပွဲခုံ ထိုင်ခုံ တွေပေါ်မှာ
ထိုင်ဖို့ရွေးချယ်လိုက်ကြသည်။

ဝမ်ရွှိပြောသည်။
"မင်းတို့သိလား,ငါ နားမလည်နိုင်တာ တစ်ခု
ရှိတယ်။ဘာလို့သန့်စင်ခန်းရှေ့မှာ စားပွဲ၊ ထိုင်ခုံချထားတာလဲ?။"

"အဲ့ဒါဘာထူးဆန်းလို့လဲ။"
ကျန်ချန် စကားပြန်ပြောရင်း လုရှောင်ပင်းက အဆာပြေမုန့်နှင့်အအေးဗူးတွေပြည့်နေသည့်
အိတ်ကြီးတစ်အိတ်ကိုကိုင်ပြီး သူတို့ ဆီ ပြေး
လာနေတာမြင်လိုက်ရသည်။
"မင်းမယုံလည်း ဒီလူတွေကသန့်စင်ခန်း ရှေ့မှာအစား,စားကြတော့မှာမဟုတ်ဘူးလား။"

တစ်ဖွဲ့လုံးသည်ကျန်ချန်စကားကိုသဘောကျသွား၍အူလှိုက်သည်းလှိုက်ရယ်နေတာကြောင့် စာမေးပွဲခန်းစောင့်ဆရာမများကသူတို့ကို အား
ကစားကွင်းထဲသွားဖို့တိုက်တွန်းခံလိုက်ရသည်။

နောက်ဖြေမည့်ဘာသာရပ်ကပထဝီဖြစ်သည်။
သူတို့စာမေးပွဲခန်းမဝင်ခင်ဆယ်မိနစ်တွင်
လောင်ရွှိကသူတို့ဆီပြေးလာ၏။
"ကျန်ချန်။"

"အမ်?"
ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်သည်။

လောင်ရွှိက မေးလာ၏။
"စာမေးပွဲ အခြေအနေဘယ်လိုလဲ။"

"အရမ်းကောင်းတယ်။မေးခွန်းတွေက
ကျွန်တော့်အတွက်လွယ်လွန်းတယ်။"

"စာစီစာကုံးရော။"

ကျန်ချန်ပြန်ဖြေလိုက်တယ်။
"ရေးနည်းပုံစံ မကန့်သတ်ထားလို့လွယ်တယ်။"

လောင်ရွှိက မျက်မှန်ကိုပင့်လိုက်၏။
"အဲ့ဒါတွေက မင်းအတွက် ပြသာနာ မရှိမှန်း
ငါကြိုသိတယ်။ဒီတစ်ခေါက်တော့ ,ငါတို့က
တန်းခွဲ၂ကိုဆွဲချနိုင်တော့မယ်။သူတို့အတန်း
ကကောင်မလေးနဲ့ရီကျင်းကနှစ်တိုင်း ပထမ
နေရာလုနေတာ။အခုမင်းလည်းရှိပြီဆိုတော့
ငါတို့စိတ်ပူစရာမလိုတော့ဘူး။"

"ဖြစ်နိုင်ချေများပါတယ်။"
တကယ်တော့စာမေးပွဲတစ်ခုနှင့်တစ်ခုအချိန်
ခြားသင့်ကြောင်းကိုကျန်ချန်ပြောချင်ပေမယ့်
စီကျုံးကျောင်းမှာနောက်တစ်ကြိမ်ကြွားရတာ
လည်း သူ့အတွက်မဆိုးပေ။

........

ပထဝီဝင်ဘာသာရပ်ကအတော်စိတ်ကုန်စရာ
ကောင်းသည်။တစ်မှတ်တန်မေးခွန်းကိုခန့်မှန်း
ဖြေဆိုခိုင်းတာလွယ်သော်ငြား မေးခွန်းတိုများ
က ကိုယ့်သေတွင်းကိုယ်တူးခိုင်းသည့်အတိုင်း
ပင်။ကုဖေးသည် နေရာလွတ်တွေကို ဟိုဟိုဒီဒီ
လိုက်ဖြည့်တာကလွဲလျှင်ဘာမှဟုတ်တိပတ်တိ
မရေးထား​။သူကမေးခွန်းတိုများလံကြုပ်လုပ်ပြီး၊လေးငါးကြောင်းသာဖြေထားသည်။သို့သော်,ကျွမ်းကျင်လှသည့်လံကြုပ်အရည်
အချင်းက သူ့အတွက်အသက်ကယ်မှတ်ပင်။

'အထူးသဖြင့် သူတို့ကိုမေးထားသည့် ၁၄မှတ်တန်မေးခွန်းတွင် စီးကျုံးကျောင်းဘက်ပေါင်းစုံပြိုင်ပွဲလှုပ်ရှားမှုများကိုကျင်းပခြင်း၏ရည်ရွယ်ချက်များ
ကိုဆွေးနွေးတင်ပြပါ။ထို့အတူကျောင်းတွင်းပြိုင်ပွဲများဖွံ့ဖြိုးတိုးတက်လာခြင်း၏အားသာချက်များ
ကိုတင်ပြပါ။'

ကျန်ချန်အားသူလှမ်းကြည့်လိုက်၏။ကျန်ချန်
သည်စာရွက်ပေါ်မှာ ဘောပင် ပျံသန်းနေသကဲ့
သို့ စာမျက်နှာအပြည့်စာကြောင်းတစ်ကြောင်း
ပြီးတစ်ကြောင်းချရေးလျှက်ရှိသည်။

ရွှယ်ပါ့က...အမှန်တကယ်စိတ်ဝင်တစားဖြေ
ဆိုနေတာဖြစ်၏။

ပထဝီဘာသာရပ်သည် ကူးချဖို့ လွယ်သည့်
ဘာသာမဟုတ်​ပေ။ဝမ်ရွှိနှင့်ကျိုးကျင့်သည်
ကျန်ချန်ဆီကတစ်မှတ်တန်မေးခွန်းများ ကူး
ချရန် အဆင်ပြေပေမယ့် မေးခွန်းတိုများကို
ကူးချဖို့ရန်......ကျန်ချန်ရဲ့ လက်ရေးကိုဖတ်
တတ်ဖို့လိုသည်။

စားပွဲခုံအံဆွဲ, အကျီလက်,ဒါမှမဟုတ် တခြား
နည်းလမ်းတွေနှင့်ကူးလာသည့်အဖြေတွေကို လှန်လှောကြည့်တာပိုလွယ်လိမ့်မည်။

ကျန်ချန်သည် နောက်တစ်မျက်နှာထပ်လှန်
လိုက်၏။

သူ့အပြုအမူကိုကြည့်ခြင်းအားဖြင့်၊ ထိုငနဲက
အချိန်တိုင်း မာန်တက်နေတာလည်း မှန်တာပဲ
လို့ ကုဖေးတွေးမိသည်။သူသည်ပျင်းနေသော
ကြောင့်ကျန်ချန်ကိုလေ့လာကြည့်စဉ် အတွင်း
ကျန်ချန်နှင့်ရီကျင်းသည်မေးခွန်းများတစ်ချိန်
တည်းဖြေပြီးသွားကြောင်းသူသတိထားမိ၏။
ရီကျင်းသည်အဖြေ စာရွက်များကိုပြန်စစ်ချိန်
ကျန်ချန်ကအဖြေစာရွက်အပ်နေ၏။ ကျန်ချန်
ကစာရွက်ထပ်တဲ့အခါ ဝမ်ရွှိနှင့်တခြားသူတွေ
ကကိုယ်တိုင်လည်းမဖြေနိုင်၊ ကူးချလည်း ကူး
ရမည့်သူမရှိပေ။ကုဖေးကဲ့သို့ အဖြေ အလျဉ်း
သင့်သလိုဖြေသူအပါအဝင်အားလုံးအဖြေစာ
ရွက်အပ်ပြီး အပြင်ထွက်လာခဲ့ကြသည်။

....

နေ့ခင်းတွင် မည်သူမျှ အိမ်မပြန်ပေ။ သို့သော် ,
ဝမ်ရွှိကချောချောမွေ့မွေ့ကူးနိုင်ခဲ့တဲ့အတွက်
တက်ကြွနေပြီးသူတို့ကိုအစာသွပ်ပေါင်မုန့်စား
ဖို့ရန်အတင်းဆွဲခေါ်သွားသည်။

"ငါတို့ နေ့လည် သင်္ချာဖြေမှာမလား။"
ဝမ်ရွှိကအစာသွပ်ပေါင်မုန့်ဝါးပြီးပြော၏။
"ရွှယ်ပါ့,မင်းကိုပဲအားကိုးရတော့မယ်။"

"အင်း။"
ကျန်ချန် စီးကရက်မီးညှိလိုက်ပြီးဘေးနားက ပြတင်းပေါက်ကို ကျယ်ကျယ် တွန်းဖွင့်လိုက်
သည်။စာမေးပွဲဖြေပြီးချိန်တိုင်း ၊သူအစာစား
ချင်စိတ် မရှိပေ။

ဝမ်ရွှိက ကုဖေးကိုမေး၏။
"တာ့ဖေး,မင်း အတည်မကူးဘူးလား။ အဲ့ဒါက
ံသက်သက်ဖြုန်းတီးတာပဲ။ဒီလောက်ထိဉာဏ်
ပြေးတဲ့ရွှယ်ပါ့ကို ငါတစ်ခါမှမမြင်ဖူးဘူး။"

ကုဖေးက ပြန်ပြောသည်။
"မင်းအကျယ်ကြီးထပ်ပြော​နေရင် မင်းအမေ
ကြားပြီး၊မင်းကိုအသားညှပ်ပေါင်မုန့်လုပ်ပစ်
လိမ့်မယ်။"

ဝမ်ရွှိက အသံနိမ့်ပြီး ထပ်မေး၏။
"မင်း တကယ်မကူးတော့ဘူးလား။"

"မလိုဘူး,ကျေးဇူးပဲ။မင်းတို့စာကူးချပြီးတော့
စာမေးပွဲအောင်ရင်အိမ်ကမိဘတွေဆီအစီရင်
ခံဖို့လွယ်တယ်။ဒါပေမဲ့ ငါ့မှာအစီရင်ခံစရာလူ
မရှိဘူး။ "

ကုဖေးပြောသည့်စကားအားမည်သူမှများများ
မတွေးချေ။ သို့ပေမယ့်,  ကျန်ချန်မှာ ထိုစကား
ကြားပြီးနောက်ပါးစပ်မှာရှိသည့် ဆေးလိပ်ပင် အရသာပျက်သွား၏။

လူတိုင်းကအစားစားနေရင်း စိတ်လှုပ်ရှားစွာ စကားပြောနေကြ၏။သူ ကုဖေးကိုမှီပြီး တိုး
တိုးလေးကပ်မေးလိုက်သည်။
"မင်း စာမေးပွဲကြီးမှာအောင်နိုင်လား။"

ကုဖေးက သူ့ကိုကြည့်ပြီးရယ်သည်။
"အောင်တယ်။တကယ်လို့ ငါကျရင်အစားထိုး
ပြန်ဖြေလို့ရတယ်။အစားထိုးစာမေးပွဲမှာ မေး
တဲ့မေးခွန်းကပိုလွယ်တယ်။မင်း ဦးနှောက်ဆဲလ်
တစ်ခုတောင်မှထုတ်သုံးစရာမလိုအောင် ဖြေလို့
လွယ်တယ်။"

ကျန်ချန် "အိုး"လို့တုံ့ပြန်လိုက်၏။

ကုဖေးရဲ့သဘောထားသည် သူ့ကိုအမြဲဆွံ့အ
အောင်လုပ်နိုင်၏။သူတို့ နေထိုင်ကြီးပြင်းလာ
သည့်ပတ်ဝန်းကျင်မတူတာကြောင့်လား။

ဒါပေမယ့်,ဖန်းကျိကဲ့သို့ယုံကြည်လို့မရသော
သူတောင်အံတင်းတင်းကြိတ်ပြီးတော့စာမေး
ပွဲမတိုင်ခင် မနက်အစောထပြီးစာကျက်သေး
၏။ကုဖေးရဲ့သူ့ကိုယ်သူ လက်လျော့ထားတဲ့
ပုံရိပ်က သူ့ကို ဝမ်းနည်းစေသည်။

ဒါပေမဲ့ မင်းဘာအတွက်ဝမ်းနည်းမှာလဲ။

ကုဖေးရဲ့မိသားစုမှာကုဖေးအဆင့်ကိုသိချင်
စိတ်ဖြင့်စောင့်ဆိုင်းနေသောမိဘတွေမရှိပေ။
ထို့အပြင်,သူက နာမည်ကြီးတက္ကသိုလ်တစ်ခု
မှာဝင်ခွင့်ရအောင်အမှတ်ကောင်းဖို့လိုအပ်နေ
သူမဟုတ်ပေ။

"ငါ့အတွက် မစိုးရိမ်ပါနဲ့။ "
ကုဖေးရဲ့ခြေထောက်ကစားပွဲခုံအောက်မှာရှိ
နေသည့် သူ့ခြေထောက်အားထိတွေ့လာသည်။
"ငါ့အတွက် အောင်လက်မှတ်ရရင် လုံလောက်ပြီ။."

"မဟုတ်ဘူး။"
ကျန်ချန် မျက်မှောင်ကြုတ်လိုက်တယ်။
"မင်း အောင်လက်မှတ်ရဖို့အတွက် ရည်ရွယ်
ထားရင် နည်းပညာကျောင်းတစ်ခုခုမှာတက်
သင့်တယ်။ဒီမှာချာတူးလံတဲ့ စီကျုံးကျောင်း
ကလွဲပြီး ပိုကောင်းတဲ့ ကျောင်းမျိုးမရှိဘူးလား။"

ကုဖေးက ပြုံး၏။
"ဇာတ်ကြောင်းကရှည်တယ်။အချိန်ရတဲ့တစ်နေ့ကျရင် ငါမင်းကို ပြောပြမယ်။"

.....

ပြည့်ကျပ်နေသည့်အချိန်ဇယားတွေအောက်
တွင်နှစ်ဝက်စာမေးပွဲက နှစ်ရက်တည်းနှင့်ပြီး
သွားသည်။ကျန်ချန်ရဲ့သူကိုယ်သူယုံကြည်မှု
နှင့်သူ့လေ့လာတွေ့ရှိချက်များအရ၊ ကျန်ချန်
၏အဆင့်ကိုကုဖေးခန့်မှန်းနိုင်၏။ ရီကျင်းက အတန်းထဲမှာပထမနေရာ ပြိုင်လုရမယ့် ပြိုင်
ဖက်တစ်ယောက်ရလာတော့မည်။

"မင်းတို့ကျောင်းက စာမေးပွဲမေးခွန်းကလွယ်
လွန်းတယ်။"ဆိုသည့်စကားသည်ဒီနှစ်ရက်လုံး
ကျန်ချန် ပြောနေကြစကားဖြစ်၏။

ယနေ့တွင်မနက်ပိုင်းသာရှိသေးသော်လည်း၊
လောင်ရွှိသည်စိတ်လှုပ်ရှားနေတဲ့မျက်နှာနှင့် စာသင်ခန်းထဲဝင်လာတာကြောင့် သူ တောင်
အံ့သြသွား၏၊လောင်ရွှိကို ကြည့်လိုက်သည်။အကယ်၍ ကျန်ချန် ရဲ့အဆင့်က ရီကျင်းနှင့်
အတူတူဖြစ်လျှင်လောင်ရွှိသည်အခုလောက်
စိတ်လှုပ်ရှားနေမှာမဟုတ်ပေ။

"ကျောင်းသားတွေ,ကျောင်းသားတွေ။"
လောင်ရွှိကစင်မြင့်တွင်ရပ်လိုက်သည်။
"ဆရာ့မှာ မင်းတို့အားလုံးကို သတင်းကောင်း
ပြောစရာရှိတယ်။ "

စာသင်ခန်းထဲမှာရှိနေသည့်ကျောင်းသားတွေ
အားလုံးကပျင်းပျင်းရိရိဖြင့်စားပွဲခုံကိုတစ်ညီ
တစ်ညွတ်တည်းတီးလိုက်ကြသည်။

"မင်းတို့ကိုသင်နေတဲ့တခြားဘာသာပြဆရာဆရာမတွေကအတန်းမှာထပ်ပြောလိမ့်မယ်။ ဒါပေမဲ့,ငါ သူတို့ထက်အရင်ပြောချင်လို့..."
လောင်ရွှိက အတန်းသားတွေကိုတိတ်တိတ်
နေဖို့လက်ပြ၏။
"ဒီတစ်ခေါက်ငါတို့အတန်းမှာဘာသာရပ်
သုံးခုလုံးအမှတ်ပြည့်ရတဲ့ကျောင်းသားရှိတယ်။"

ထိုသတင်းကအမှန်ပင်ထိတ်လန့်စရာကောင်း
သည်။ အတန်းထဲရှိ လူတိုင်းက ချက်ချင်းပင် ဆွေးနွေးနေကြပြီး သူတို့အားလုံးရဲ့မျက်လုံး
များက ကျန်ချန်ကိုကြည့်လာကြသည်။

"ဩ...."
ကျန်ချန်ကထိုအကြည့်တွေကိုဂရုမစိုက်ချေ။
သူကထိုင်ခုံမှာမှီချပြီးသက်ပြင်းချ၏။

"ဘယ်သူလို့မင်းတို့ထင်လဲ။ဘယ်ဘာသာရပ်
တွေလို့ထင်လဲ။"
လောင်ရွှိသည် သူ့တို့ကို သည်းထိတ်ရင်ဖိုဖြစ်
အောင်အချိန်ဆွဲနေ၏။ သို့သော်လည်း သူတို့
ကိုခန့်မှန်းခွင့်ပေးထားသည့် သည်းထိတ်ရင်ဖို
အချိန်လေးကခဏမျှသာကြာ၏။သူက ချက်
ချင်း အဖြေကြေညာလာသည်။
"ကျောင်းသားကျန်ချန်,အင်္ဂလိပ်၊သင်္ချာ၊ပထဝီသုံးဘာသာလုံး ရာပြည့်!။"

"Fuck!!!"
တစ်တန်းလုံးအုန်းအုန်းကြွက်ကြွက်ဖြစ်သွား၏။

"Fuck!"
ကျိုးကျင့်ကလည်းအနောက်သို့လှည့်လာပြီး
စားပွဲကိုဝမ်းသာအားရရိုက်လာသည်။
"ကျန်ချန်,မင်းကအံ့သြစရာပဲ။အရမ်း အထင်
ကြီးစရာကောင်းတယ်။"

ကျန်ချန်က "အာ " လို့သာတုံ့ပြန်၏။

ကျိုးကျင့်ကို ကုဖေးကြည့်လိုက်တယ်။
"ကောင်းကောင်း ထိုင်။"

"မိုက်တယ်!။"
ကျိုးကျင့်က အော်ဟစ်ပြီးရှေ့သို့ပြန်လှည့်
သွားရာကနေနောက်တစ်ကြိမ်ပြန်လှည့်လာ
သည်။
"အရမ်း.....မိုက်တယ်!။"

စင်ပေါ်မှ လောင်ရွှိကစိတ်လှုပ်ရှားနေသည်။
ကုဖေး စားပွဲခုံပေါ်မှာမှောက်ပြီး ကျန်ချန်ကို
ကြည့်လိုက်၏။
"အခုချိန်ဆို အဆင့်ထွက်လောက်ပြီ။
သွားမေးကြည့်ချင်လား။"

ကျန်ချန်က ပြန်ဖြေသည်။
"မမေးချင်ဘူး။ဘာကိစ္စသွားမေးမှာလဲ...ဒါက နှစ်ဝက်စာမေးပွဲလေးပဲ။ဒီကျောင်းမေးခွန်းက
လွယ်တာ။ငါတစ်ခါမှပထဝီအမှတ်ပြည့်မရဖူးဘူး။"

"ဒါဆို ငါတစ်ယောက်တည်း သွားမေးမယ်။"

ကျန်ချန်ကလှည့်ကြည့်လာ၏။
"သောက်ကျိုးနည်း! မင်းလည်း စိတ်လှုပ်ရှား
နေတာလား။"

"ငါက​အေးအေးပဲ။သွားမေးကြည့်ရုံတင်။ "
ကုဖေးသည် ချိုချဉ်တစ်လုံးကို အခွံခွာပြီး
ပါးစပ်ထဲပစ်သွင်းလိုက်၏။

အတန်းချိန်ပြီးသည့်အခါ သူမတ်တပ်ထရပ်ပြီး စာသင်ခန်းအပြင်ထွက်၍ ရုံးခန်းဆီသွားနေသောလောင်ရွှိဆီသွားလိုက်သည်။
"ရွှီကျုံး။"

"မင်း ဘာလို့ ဒီမှာရှိနေတာလဲ။"
လောင်ရွှိက အနီရောင်အချိုရည်ဘူးကို သူ့ဆီ
ပစ်ပေးလာ၏။
"မင်းပဲသောက်လိုက်တော့။လောင်လုကငါတို့ အားလုံးကိုတစ်ယောက်တစ်ဘူးပေးထားတာ
ငါ့အထင် အရမ်းချိုလွန်းတယ်။"

ကုဖေးကအချိုရည်ဘူးကိုလှမ်းဖမ်းလိုက်၏။
"အဆင့်တွေ မကြာခင်ထွက်မှာမလား။"

"မင်းကအဲ့အတွက်စိတ်ပူနေတာလား။ အရင်
တည်းကမင်းထိပ်ဆုံး အယောက် တစ်ရာထဲ
မှာပါတာမှမဟုတ်တာ။မပူနဲ့။ မင်းကိုထိပ်ဆုံး
အယောက်တစ်ရာမှာ မတွေ့ရင် အောက်ဆုံး
အယောက်တစ်ရာမှာတွေ့နိုင်တယ်။"

ကုဖေး အပြုံးဖြင့်မေးလိုက်၏။
"ကျန်ချန်က ပထမ ဟုတ်တယ်မလား။"

သူ ထိုအကြောင်းထုတ်မေးလျှင် လောင်ရွှိက
ပျော်သွားသည်။သူ့ရုံးခန်းထဲလျှောက်သွားပြီး
စားပွဲတစ်ခုရှေ့မှာရပ်၍သူ့ကိုလက်ယက်
ခေါ်သည်။
"ဒီကိုလာပြီး ကြည့်,ကြည့်လိုက်။"

ကုဖေးသည်သူ့ဆီကိုလျှောက်သွားရင်း
အိပ်ကပ်ထဲမှဖုန်းတစ်ခါတည်းထုတ်လိုက်၏။

စားပွဲခုံပေါ်တွင်အနီရောင်စာရွက်ရှည်တစ်ခုရှိ
သည်။လောင်ရွှိလက်ရေးကအံ့သြစရာကောင်း
အောင်သေသပ်၏။ထို့ကြောင့်, သူက နှစ်တိုင်း
အဆင့်တွေကိုထုတ်ပြန်သည့် စာရွက်ကိုရေးဖို့
ရန်တာဝန်ယူထားရတာဖြစ်သည်။ထို့ပြင်
စာမေးပွဲ အဆင့်ရလဒ်များကိုလည်း
" ပညာရေး ဖွံ့ဖြိုးတိုးတက်မှု" အခန်း ကဏ္ဍ၏
အစိတ်အပိုင်းအ​နေနှင့် သတ်မှတ်ထားသည်။

ကုဖေးသည်စာရွက်နှင့်အနီးဆုံးလျှောက်သွားပြီး ပထမနေရာကိုကြည့်လိုက်၏။

အမှန်ပင် ,ကျန်ချန်ဖြစ်သည်။

"အာ,ကျန်ချန်?။"
သူသည်ဖုန်းကိုမြှောက်ပြီး စာရွက်ကိုဓာတ်ပုံရိုက်လိုက်၏။ ထိုနောက် သူ ပြန်လှည့်ကာရုံးခန်းထဲမှထွက်လာခဲ့သည်။
"ရွှိကျုံး ဆက်ရေးလို့ရပြီ။"

ရွှိကျုံးရဲ့ရုံးခန်းထဲမှထွက်လာပြီးနောက်တွင်
ကုဖေးသည် ခေါင်းငုံ့ပြီး စီကျုံးကျောင်းဖိုရမ်
ကိုဖွင့်ကာ၊အစောကရိုက်ယူထားတဲ့ဓာတ်ပုံနှင့်
ပို့စ်တစ်ခုကိုအကောင့်သစ်ဖြင့်တင်လိုက်၏။

**ကောင်းကင်ဘုံကိုပျက်စီးစေမယ့်အချောလေး; ...ရုံးခန်းနားကမတော်တဆဖြတ်သွား
ရင်းတွေ့ခဲ့တာ ***

........


WuZhe Laoshiကကျောင်းသားဘဝကိုအသေးစိတ်ရေးသွားတာ💗




Continue Reading

You'll Also Like

531K 29.5K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
1.3M 233K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယေ...
95.4K 4K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
359K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...