Secret Monster

By ErigomTdoo

14.3K 2K 447

#Chansoo #Kaisoo More

Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep-14
Note
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46
Ep - 47
Ep - 48 ( uni )
Ep - 49 ( uni )
Final ( uni )

Part - 1

1.4K 69 4
By ErigomTdoo

ဒီေန႕ လမ္းထဲကအေဒၚၾကီးေတြက က်ြန္ေတာ့္အေရွ႕မွာ အတင္းေျပာေနၾကတယ္ ။ ဒီလိုစကားေတြက ကာယကံအေရွ႕ေျပာရတာလားဆိုတာကို သူမ်ားအေျကာင္းကိုအထူးတလည္မေျပာျပတတ္တဲ႕ က်ြန္ေတာ့္အတြက္ေတာ့ ပေဟဋိ တစ္ခုလိုပဲ ။ သူတို႕က Do Mihee ဆိုတဲ႕ က်ြန္ေတာ့္အေမရဲ႕နာမည္ကို ေခါင္းစဥ္တပ္ျပီး

* Do Mihee ရဲ႕သားကအျမဲတမ္းအဆင့္မေကာင္းဘူးဆို အဲ႕ေကာင္ေလးကအရမ္းဆိုးတာနင္တို႕ေတြ႕တယ္မွတ္လား ? အထက္တန္းမေအာင္ပါဘူးေအ ရုပ္ကိုက ေထာင့္မက်ိဳးဘူး *

က်ြန္ေတာ္အဲ႕ေလာက္ဆိုးတဲ႕လူမဟုတ္ဘူး  အနည္းဆံုးေတာ့ သူတို႕လို လူတစ္ေယာက္ရဲ႕အေၾကာင္းကို သံုးျပီးစ္တ္ေျဖစရာတစ္ခုအျဖစ္မသံုးခဲ႕ပါဘူး ။ အေမအေပၚေတာ့တစ္ခါတစ္ေလဆိုးတယ္ ပတ္၀န္းက်င္ကေတာ့ ရည္းစားေတြထားျပီးပ်က္စီးေနတဲ႕ေကာင္တဲ႕ တကယ္ေတာ့အဲ႕ျပသနာေတြကိုေျဖရွင္းတိုင္း အေမနဲ႕ခဏခဏ ျပသနာတက္ရတယ္ သူမက ထိုအမ်ိဳးသမီးေတြစကားကိုယံုျကည္ေလ့ရွိသည္ ။ တကယ္ေတာ့ က်ြန္ေတာ့္အခ်စ္ဆိုတာကို မထိမေတြ႕ရေသးဘူး အရင္ကၾကိဳက္ခဲ႕တဲ႕ noona ေတြကေတာ့အမ်ားၾကီးပဲ ။ ဒါေပမဲ႕ ခ်စ္သူအဆင့္ေတာ့မေရာက္ခဲ႕ပါဘူး

လမ္းတစ္ေလ်ွာက္ သစ္ရြက္ေျခာက္ေတြကို စည္ပင္သန္႕ရွင္းမလုပ္နိုင္ေသးတဲ႕ မနက္ေစာေစာအခ်ိန္မွာ ေက်ာင္းေရွ႕ကိုေရာက္ေနခဲ႕တယ္ ။ တံခါးဖြင့္ေပးမယ့္ေက်ာင္းေစာင့္ေတာင္မရွိေသးဘူး

Kyungsoo တစ္ေယာက္ ေက်ာင္းပလက္ေဖာင္းေပၚမွာထိုင္ေနရင္း လမ္းက၀ယ္လာတဲ႕ ပူပူေႏြးေႏြး ေပါက္စီတစ္လံုးကို က်ြတ္က်ြတ္အိတ္ထဲ႕ထုတ္လိုက္ျပီး စားလိုက္သည္ ။ ထိုအခ်ိန္က Korea မွာဖုန္းဆိုတာ အသက္ၾကီးပိုင္းကိုယ္တိုင္ပိုက္ဆံရွာနိုင္တဲ႕လူေတြသာကိုင္နိုင္ျပီး ခလုတ္ဖုန္းေတြသာ ဒါ့ေၾကာင့္ သူ႕အေမဖုန္းကို ခဏခိုးလာျပီး ဟိုႏွိပ္ဒီႏွိပ္လုပ္လိုက္သည္ ။ အဲ႕အခ်ိန္

"    ေက်ာင္းသား ေနာက္ထပ္တစ္နာရီမွတံခါးဖြင့္မွာ အေစာၾကီးဘာလာလုပ္တာလဲ ?   "

ထိုလူက က်ြန္ေတာ့္လက္ထဲကဖုန္းကိုအျမင္မျကည္စြာျကည့္တာေျကာင့္ ေဘာင္းဘီအိတ္ထဲအလ်ွင္အျမန္ထိုးထည့္လိုက္သည္ ။ ေသခ်ာၾကည့္မွ ထိုလူက သူ႕အရင္ႏွစ္က English ဆရာတစ္ေယာက္ပင္ နာမည္က Park Chanyeol ဆိုလား ? ပံုမွန္ဆို Kyungsoo ကသူ႕ဘယ္အတန္းေရာက္ေရာက္ ဆရာ ဆရာမ နာမည္ေတြမွတ္ထားေလ့မရွိပါ ဘာေျကာင့္လည္းဆိုေတာ့ သူဟာစာေတာ္တဲ႕ေက်ာင္းသာလည္းမဟုတ္သလို စာညံ႕တဲ႕ေက်ာင္းသားလည္းမဟုတ္တာေျကာင့္ ဆရာ ေတြရဲ႕အာရံုစိုက္မႈကိုသိပ္မရဘူး ။

ဒါေပမဲ႕ Park Chanyeol ကေတာ့မွတ္မွတ္ရရ သူအရင္ၾကိဳက္ခဲ႕ဖူးေသာ ေကာင္မေလးရဲ႕တန္းတန္းစြဲျဖစ္ေနေသာ ဆရာတစ္ေယာက္ျဖစ္၍ သူမွတ္မိေနသည္ ။ ဘာပဲေျပာေျပာ ဒီေက်ာင္းကဆရာေတြထဲမွာေတာ့ အေတာ္ေလးျကည့္ေကာင္းေသာ ရုပ္ရွည္မ်ိဳးက လူေတြရဲ႕ Attention ကိုရမွာ မလြဲမေသြပဲ ဒါေၾကာင့္ Kyungsoo မွတ္မိေနတာ မဆန္းပါ

"    က်ြန္ေတာ္အိမ္စာလုပ္စရာရွိလို႕ပါ    "

"    ဒါေပမဲ႕တံခါးမဖြင့္ေသးဘူး    "

"    ဟုတ္ကဲ႕   "

" စာလုပ္မယ္ဆိုရင္ေတာ့ ငါနဲ႕လိုက္ခဲ႕ မင္းဒီမွာအၾကာျကီးေစာင့္ေနရမွာ "

"    ဟုတ္ကဲ႕ လိုက္ခဲ႕ပါ့မယ္    "

Kyungsoo ဘာမွမေျပာပဲတိတ္ဆိတ္စြာ Chanyeol အေနာက္ကေန ေက်ာင္းထဲ၀င္လိုက္ျပီး ႏႈတ္ဆက္ကာ သူ႕ရဲ႕အေဆာင္ဘက္ကိုသာ ထြက္သြားေတာ့သည္ ။ တကယ္ေတာ့အိမ္စာလုပ္စရာမရွိခဲ႕ပါ  သူအေျကာင္းျပခ်က္ရွာလိုက္ရံုသက္သက္မ်ွသာ

စာသင္ႏွစ္ရဲ႕ ဒုတိယအပတ္မ်ွသာရွိေသးျပီး သူ႕ရဲ႕အခန္းက  [ C ] Kyungsoo မွာ အလယ္တန္းထဲကေပါင္းခဲ႕တဲ႕သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ ထိုကလြဲျပီး ထိုေကာင္ေလးက အေပါင္းအသင္းမရွိဘူး ဒါက သူကိုယ္တိုင္မထားခ်က္လို႕သာျဖစ္ျပီး သူ႕ရဲ႕ခံယူခ်က္ကိုက အေယာင္ေဆာင္ေတြအမ်ားၾကီးထက္ အစစ္အမွန္တစ္ေယာက္ပဲရွိရင္ေတာင္ အဲ႕လူနဲ႕ပဲ ေပါင္းမည္ဟူ၏ …

မ်က္မွန္၀ိုင္းၾကီးတပ္ျပီး သူကမွန္ေၾကာင္တစ္ေကာင္ပဲ ဒါေပမဲ႕ စာျကမ္းပိုးေတာ့မဟုတ္ဘူး ငယ္ငယ္ထဲက သူ႕မ်က္လံုးက အားနည္ျပီး အေဖအေမြေပါ့ ဆရာမေတြကေတာ့ သူ႕ကိုစာေတာ္မယ့္ရုပ္ေလးဟု အျမဲေျပာတတ္တယ္ ျပီးေနာက္သူဟာ Fashion Style အႏုတ္ျပေသာလူတစ္ေယာက္ျဖစ္ျပီး  အေတြးမ်ားတတ္တဲ႕လူတစ္ေယာက္ပင္ ဒါေပမဲ႕ ဘယ္သူမွသတိထားမိမွာမဟုတ္ဘူး  ။ Do Kyungsoo ဆိုတာ မင္းကိုသူအရမ္းဆိုရိမ္ေနရင္ေတာင္ အဆင္ေျပလား ဆိုတဲ႕ေမးခြန္းတင္ခုကိုသာ ေမးမယ့္လူျဖစ္ျပီး သူ႕ခံစားခ်က္ေတြကို ေဖာ္ျပရတာ ရွက္ရြံေနကာ ၀န္ေလးတတ္သည္

ေနာက္ေတာ့ ေက်ာင္းBell သံျမည္လာျပီး သူ႕သူငယ္ခ်င္းျဖစ္သူလည္း kyungsoo အနားကိုေရာက္လာသည္ ။ ထိုလူက Sehun သူကေတာ့ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ျဖစ္ျပီး Kyungsoo ႏွင့္ေတာ့ ဆန္႕က်က္ဘက္ေတြသာျဖစ္သည္ ဒါေပမဲ႕သူတို႕ႏွစ္ေယာက္က တစ္ေယာက္က အတင္းဆို ေနာက္တစ္ေယာက္က အေလ်ာ့ ျဖစ္၍ သူငယ္ခ်င္းအျဖစ္လိုက္ဖက္မႈရွိတာေၾကာင့္ Kyungsoo လိုလူမ်ိဳးႏွင့္ေပါင္းသင္းရတာေတာင္အဆင္ေျပလွသည္ ။ ဒါေပမဲ႕စာနဲ႕ပတ္သတ္ရင္ေတာ့ အတူတူေလာက္ေပမဲ႕တစ္ခါတစ္ခါ sehun ကသာညံ႕ေသးသည္  စာညံ႕ေသာ ေက်ာင္းသားမ်ားကိုဆရာ ဆရာမေတြက ပိုခ်စ္တဲ႕ဆိုတဲ႕စကားအတိုင္း Sehun ကေတာ့ အခ်စ္ခံဖို႕ေမြးဖြားလာသူျဖစ္ျပီး Sehun ကေတာ့ သူ႕အေပၚအရမ္းနားလည္မႈေပးေသာ သူငယ္ခ်င္းေကာင္းျဖစ္သည္

ပထမ Physic အခ်ိန္ျပီးေတာ့  ဆရာမ က

*   ဒီေန႕ English ဆရာ ေရာက္လာမယ္ စာေသေသခ်ာခ်ာလုပ္ၾက မင္းတို႕မိဘေတြကိုသနားဦး  *ပာုေျပာကာ ထြက္သြားေတာ့သည္ ။ ဒါေပါ့စာသင္ႏွစ္အစရဲ႕ ပထမဆံုး English အခ်ိန္မွ Kyungsoo ေခါင္းထဲ မနက္ခင္းက English ဆရာအေၾကာင္းေပၚလာေတာ့သည္ ။ သူအေတြးမ်ားဆံုးျပီးတဲ႕ခ်က္ခ်င္းမွာပဲ ထိလူဟာ သူတို႕ C ခန္း ထဲေရာက္လာပါေတာ့တယ္ ။

ေျပာစရာမလိုေအာင္ ဆူညံေနေသာအခန္းက ေကာင္မေလးေတြက Kpop Idol မ်ားေတြ႕လိုက္ရသလို အရွက္မဲ႕ေနျကသည္ ။ Sehun ကေတာ့ သူ႕ကိုႏွာေခါင္းရံႈ႕ပါတယ္  ဒါေပါ့ သူတို႕ႏွစ္ေယာက္က အျကံတူတယ္ ။ အရင္ႏွစ္က Sehun ကအခုလိုပဲ Popular ျဖစ္တယ္ ဒါေပမဲ႕သူ႕ရဲ႕ ေအာင္ျမင္ေက်ာ္ျကားလူျကိဳက္မ်ားမႈဟာ ထိုEnglish ဆရာေၾကာင့္ ေပ်ာက္ဆံုးကုန္ျပီး သူ႕ Crush ေလးေတာင္ထို ဆရာေနာက္ပါသြားသည္ ။

အဲ႕ေန႕က C ခန္းထဲမွာ English ဆရာခပ္ေခ်ာေခ်ာေလးကို အားလံုး၀မ္းပန္တသာျကိဳဆိုၾကေပမဲ႕ ႏွစ္ေယာက္ေသာလူကေတာ့ ၾကိဳဆိုမႈမရွိခဲ႕ပါ ။

******************

"    Do Kyungsoo ပိတ္ရက္ေလးစာလုပ္မယ္မရွိဘူူး အျပင္သြားဦးမလို႕လား ?   "

Kyungsoo တစ္ေယာက္အျပင္သြားရန္ Show ထုတ္ေနသည္ကို အေမျဖစ္သူက မနက္ခင္းအသံေပးကာ ေခ်ာ့ျမဴေနတယ္ ။ သူ႕ရဲ႕ ေခတ္ေရွ႕ေျပးလွေသာ အနီေရာင္ဖင္က်ပ္ေဘာင္းဘီကို အေပၚက အနက္ေရာင္ Hoddie အပြတစ္ထည္ျဖင့္ လည္ပင္းက မဖလာအပါးတစ္ထည္ေတာင္ပါေသးသည္ ။ ဘြတ္ဖိနပ္ခပ္ျကီးျကီးကိုပဲ သူ႕အေမအေရွ႕ေကာင္စြတ္လိုက္ျပီး

"    Omma ကလည္း ခဏပဲသြားမွာပါ ရုပ္ရွင္လက္မွတ္က၀ယ္ျပီးသြားျပီ    "

"    ဘာ …တိုင္းစရီဘယ္ ဆိုလား ဘာဆိုလား ? အဲ႕ကားကိုနင္ကနားလည္လို႕ သြားျကည့္မွာလား ?   "

"    Time Travel ပါဗ်ာ  က်ြန္ေတာ္က အထက္တန္းေရာက္ေနျပီ အဲ႕ English စာေလာက္ကေတာ့တက္ပါတယ္     "

"    စကားျကီးစကားက်ယ္ေျပာပံုက ဘယ္သူနဲ႕တူမွန္းမသိဘူး    "

"    omma နဲ႕ေပါ့ !  သြားျပီဗ်ိဳ႕    "

Kyungsoo တစ္ေယာက္ အနားကလြယ္အိတ္ကိုေကာက္လြယ္ျပီး အခန္းထဲကေန ေျပးထြက္သြားေတာ့သည္ ။ Sehun နဲ႕ခ်ိန္းထားေသာ ရုပ္ရွင္ရံုကိုသြားဖို႕သူကားမွတ္တိုင္မွာ ကားေစာင့္ေနလိုက္တယ္  မနက္ 10နာရီေက်ာ္ျပီ Sunday ျဖစ္တာေၾကာင့္ ဘယ္ကားျဖစ္ျဖစ္က်ပ္ေနတာေၾကာင့္ သူသက္ပ်င္းခ်လိုက္သည္ …

"     ေက်ာင္းသား  ?     "

Kyungsoo သူ႕ကိုေခၚသံေၾကာင့္ သူ႕ေဘးနားကအသံလာယာကိုၾကည့္လိုက္ေတာ့ English ဆရာက သူ႕ကို ျပံဳးကာၾကည့္ေနသည္ သူ႕ၾကည့္ရတာ ဒီေက်ာင္းသားကငါနဲ႕ရပ္ကြက္တူတယ္ မိဘေခၚလို႕အဆင္ေျပျပီဆိုတဲ႕ ပံုစံမ်ိဳးျဖင့္

"     ဒီရပ္ကြက္မွာေနတာလား ?    "

"    မဟုတ္ပါဘူး ဆရာ … သူငယ္ခ်င္းဆီလာလည္တာ ဆရာက ဒီမွာေနတာလား ? "

"    ဟုတ္တယ္    "

"    ဟုတ္ကဲ႕ … Arrrr   Arrrr က်ြန္ေတာ့ကားလာျပီ  ေက်ာင္းတတ္ရင္ေတြ႕ပါ့မယ္ ဗ်     "

Kyungsoo တစ္ေယာက္ သူေမ်ာ္ေနေသာကားေပၚအျမန္ေျပးတတ္ပစ္လိုက္သည္  ဒီေန႕ကေတာ့ Bad Day ေဟ့ !!!

Unicode

ဒီနေ့ လမ်းထဲကအဒေါ်ကြီးတွေက ကျွန်တော့်အရှေ့မှာ အတင်းပြောနေကြတယ် ။ ဒီလိုစကားတွေက ကာယကံအရှေ့ပြောရတာလားဆိုတာကို သူများအကြောင်းကိုအထူးတလည်မပြောပြတတ်တဲ့ ကျွန်တော့်အတွက်တော့ ပဟေဋိ တစ်ခုလိုပဲ ။ သူတို့က Do Mihee ဆိုတဲ့ ကျွန်တော့်အမေရဲ့နာမည်ကို ခေါင်းစဉ်တပ်ပြီး

* Do Mihee ရဲ့သားကအမြဲတမ်းအဆင့်မကောင်းဘူးဆို အဲ့ကောင်လေးကအရမ်းဆိုးတာနင်တို့တွေ့တယ်မှတ်လား ? အထက်တန်းမအောင်ပါဘူးအေ ရုပ်ကိုက ထောင့်မကျိုးဘူး *

ကျွန်တော်အဲ့လောက်ဆိုးတဲ့လူမဟုတ်ဘူး  အနည်းဆုံးတော့ သူတို့လို လူတစ်ယောက်ရဲ့အကြောင်းကို သုံးပြီးစ်တ်ဖြေစရာတစ်ခုအဖြစ်မသုံးခဲ့ပါဘူး ။ အမေအပေါ်တော့တစ်ခါတစ်လေဆိုးတယ် ပတ်ဝန်းကျင်ကတော့ ရည်းစားတွေထားပြီးပျက်စီးနေတဲ့ကောင်တဲ့ တကယ်တော့အဲ့ပြသနာတွေကိုဖြေရှင်းတိုင်း အမေနဲ့ခဏခဏ ပြသနာတက်ရတယ် သူမက ထိုအမျိုးသမီးတွေစကားကိုယုံကြည်လေ့ရှိသည် ။ တကယ်တော့ ကျွန်တော့်အချစ်ဆိုတာကို မထိမတွေ့ရသေးဘူး အရင်ကကြိုက်ခဲ့တဲ့ noona တွေကတော့အများကြီးပဲ ။ ဒါပေမဲ့ ချစ်သူအဆင့်တော့မရောက်ခဲ့ပါဘူး

လမ်းတစ်လျှောက် သစ်ရွက်ခြောက်တွေကို စည်ပင်သန့်ရှင်းမလုပ်နိုင်သေးတဲ့ မနက်စောစောအချိန်မှာ ကျောင်းရှေ့ကိုရောက်နေခဲ့တယ် ။ တံခါးဖွင့်ပေးမယ့်ကျောင်းစောင့်တောင်မရှိသေးဘူး

Kyungsoo တစ်ယောက် ကျောင်းပလက်ဖောင်းပေါ်မှာထိုင်နေရင်း လမ်းကဝယ်လာတဲ့ ပူပူနွေးနွေး ပေါက်စီတစ်လုံးကို ကျွတ်ကျွတ်အိတ်ထဲ့ထုတ်လိုက်ပြီး စားလိုက်သည် ။ ထိုအချိန်က Korea မှာဖုန်းဆိုတာ အသက်ကြီးပိုင်းကိုယ်တိုင်ပိုက်ဆံရှာနိုင်တဲ့လူတွေသာကိုင်နိုင်ပြီး ခလုတ်ဖုန်းတွေသာ ဒါ့ကြောင့် သူ့အမေဖုန်းကို ခဏခိုးလာပြီး ဟိုနှိပ်ဒီနှိပ်လုပ်လိုက်သည် ။ အဲ့အချိန်

"    ကျောင်းသား နောက်ထပ်တစ်နာရီမှတံခါးဖွင့်မှာ အစောကြီးဘာလာလုပ်တာလဲ ?   "

ထိုလူက ကျွန်တော့်လက်ထဲကဖုန်းကိုအမြင်မကြည်စွာကြည့်တာကြောင့် ဘောင်းဘီအိတ်ထဲအလျှင်အမြန်ထိုးထည့်လိုက်သည် ။ သေချာကြည့်မှ ထိုလူက သူ့အရင်နှစ်က English ဆရာတစ်ယောက်ပင် နာမည်က Park Chanyeol ဆိုလား ? ပုံမှန်ဆို Kyungsoo ကသူ့ဘယ်အတန်းရောက်ရောက် ဆရာ ဆရာမ နာမည်တွေမှတ်ထားလေ့မရှိပါ ဘာကြောင့်လည်းဆိုတော့ သူဟာစာတော်တဲ့ကျောင်းသာလည်းမဟုတ်သလို စာညံ့တဲ့ကျောင်းသားလည်းမဟုတ်တာကြောင့် ဆရာ တွေရဲ့အာရုံစိုက်မှုကိုသိပ်မရဘူး ။

ဒါပေမဲ့ Park Chanyeol ကတော့မှတ်မှတ်ရရ သူအရင်ကြိုက်ခဲ့ဖူးသော ကောင်မလေးရဲ့တန်းတန်းစွဲဖြစ်နေသော ဆရာတစ်ယောက်ဖြစ်၍ သူမှတ်မိနေသည် ။ ဘာပဲပြောပြော ဒီကျောင်းကဆရာတွေထဲမှာတော့ အတော်လေးကြည့်ကောင်းသော ရုပ်ရည်မျိုးက လူတွေရဲ့ Attention ကိုရမှာ မလွဲမသွေပဲ ဒါကြောင့် Kyungsoo မှတ်မိနေတာ မဆန်းပါ

"    ကျွန်တော်အိမ်စာလုပ်စရာရှိလို့ပါ    "

"    ဒါပေမဲ့တံခါးမဖွင့်သေးဘူး    "

"    ဟုတ်ကဲ့   "

" စာလုပ်မယ်ဆိုရင်တော့ ငါနဲ့လိုက်ခဲ့ မင်းဒီမှာအကြာကြီးစောင့်နေရမှာ "

"    ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်    "

Kyungsoo ဘာမှမပြောပဲတိတ်ဆိတ်စွာ Chanyeol အနောက်ကနေ ကျောင်းထဲဝင်လိုက်ပြီး နှုတ်ဆက်ကာ သူ့ရဲ့အဆောင်ဘက်ကိုသာ ထွက်သွားတော့သည် ။ တကယ်တော့အိမ်စာလုပ်စရာမရှိခဲ့ပါ  သူအကြောင်းပြချက်ရှာလိုက်ရုံသက်သက်မျှသာ

စာသင်နှစ်ရဲ့ ဒုတိယအပတ်မျှသာရှိသေးပြီး သူ့ရဲ့အခန်းက  [ C ] Kyungsoo မှာ အလယ်တန်းထဲကပေါင်းခဲ့တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ထိုကလွဲပြီး ထိုကောင်လေးက အပေါင်းအသင်းမရှိဘူး ဒါက သူကိုယ်တိုင်မထားချင် လို့သာဖြစ်ပြီး သူ့ရဲ့ခံယူချက်ကိုက အယောင်ဆောင်တွေအများကြီးထက် အစစ်အမှန်တစ်ယောက်ပဲရှိရင်တောင် အဲ့လူနဲ့ပဲ ပေါင်းမည်ဟူ၏ …

မျက်မှန်ဝိုင်းကြီးတပ်ပြီး သူကမှန်ကြောင်တစ်ကောင်ပဲ ဒါပေမဲ့ စာကြမ်းပိုးတော့မဟုတ်ဘူး ငယ်ငယ်ထဲက သူ့မျက်လုံးက အားနည်းပြီး အဖေအမွေပေါ့ ဆရာမတွေကတော့ သူ့ကိုစာတော်မယ့်ရုပ်လေးဟု အမြဲပြောတတ်တယ် ပြီးနောက်သူဟာ Fashion Style အနုတ်ပြသောလူတစ်ယောက်ဖြစ်ပြီး  အတွေးများတတ်တဲ့လူတစ်ယောက်ပင် ဒါပေမဲ့ ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး  ။ Do Kyungsoo ဆိုတာ မင်းကိုသူအရမ်းဆိုရိမ်နေရင်တောင် အဆင်ပြေလား ဆိုတဲ့မေးခွန်းတစ်ခုကိုသာ မေးမယ့်လူဖြစ်ပြီး သူ့ခံစားချက်တွေကို ဖော်ပြရတာ ရှက်ရွံနေကာ ဝန်လေးတတ်သည်

နောက်တော့ ကျောင်းBell သံမြည်လာပြီး သူ့သူငယ်ချင်းဖြစ်သူလည်း kyungsoo အနားကိုရောက်လာသည် ။ ထိုလူက Sehun သူကတော့ ခပ်ချောချောကောင်လေးတစ်ယောက်ဖြစ်ပြီး Kyungsoo နှင့်တော့ ဆန့်ကျက်ဘက်တွေသာဖြစ်သည် ဒါပေမဲ့သူတို့နှစ်ယောက်က တစ်ယောက်က အတင်းဆို နောက်တစ်ယောက်က အလျော့ ဖြစ်၍ သူငယ်ချင်းအဖြစ်လိုက်ဖက်မှုရှိတာကြောင့် Kyungsoo လိုလူမျိုးနှင့်ပေါင်းသင်းရတာတောင်အဆင်ပြေလှသည် ။ ဒါပေမဲ့စာနဲ့ပတ်သတ်ရင်တော့ အတူတူလောက်ပေမဲ့တစ်ခါတစ်ခါ sehun ကသာညံ့သေးသည်  စာညံ့သော ကျောင်းသားများကိုဆရာ ဆရာမတွေက ပိုချစ်တဲ့ဆိုတဲ့စကားအတိုင်း Sehun ကတော့ အချစ်ခံဖို့မွေးဖွားလာသူဖြစ်ပြီး Sehun ကတော့ သူ့အပေါ်အရမ်းနားလည်မှုပေးသော သူငယ်ချင်းကောင်းဖြစ်သည်

ပထမ Physic အချိန်ပြီးတော့  ဆရာမ က

*   ဒီနေ့ English ဆရာ ရောက်လာမယ် စာသေသေချာချာလုပ်ကြ မင်းတို့မိဘတွေကိုသနားဦး  *ပာုပြောကာ ထွက်သွားတော့သည် ။ ဒါပေါ့စာသင်နှစ်အစရဲ့ ပထမဆုံး English အချိန်မှ Kyungsoo ခေါင်းထဲ မနက်ခင်းက English ဆရာအကြောင်းပေါ်လာတော့သည် ။ သူအတွေးများဆုံးပြီးတဲ့ချက်ချင်းမှာပဲ ထိလူဟာ သူတို့ C ခန်း ထဲရောက်လာပါတော့တယ် ။

ပြောစရာမလိုအောင် ဆူညံနေသောအခန်းက ကောင်မလေးတွေက Kpop Idol များတွေ့လိုက်ရသလို အရှက်မဲ့နေကြသည် ။ Sehun ကတော့ သူ့ကိုနှာခေါင်းရှုံ့ပါတယ်  ဒါပေါ့ သူတို့နှစ်ယောက်က အကြံတူတယ် ။ အရင်နှစ်က Sehun ကအခုလိုပဲ Popular ဖြစ်တယ် ဒါပေမဲ့သူ့ရဲ့ အောင်မြင်ကျော်ကြားလူကြိုက်များမှုဟာ ထိုEnglish ဆရာကြောင့် ပျောက်ဆုံးကုန်ပြီး သူ့ Crush လေးတောင်ထို ဆရာနောက်ပါသွားသည် ။

အဲ့နေ့က C ခန်းထဲမှာ English ဆရာခပ်ချောချောလေးကို အားလုံးဝမ်းပန်တသာကြိုဆိုကြပေမဲ့ နှစ်ယောက်သောလူကတော့ ကြိုဆိုမှုမရှိခဲ့ပါ ။

******************

"    Do Kyungsoo ပိတ်ရက်လေးစာလုပ်မယ်မရှိဘူူး အပြင်သွားဦးမလို့လား ?   "

Kyungsoo တစ်ယောက်အပြင်သွားရန် Show ထုတ်နေသည်ကို အမေဖြစ်သူက မနက်ခင်းအသံပေးကာ ချော့မြူနေတယ် ။ သူ့ရဲ့ ခေတ်ရှေ့ပြေးလှသော အနီရောင်ဖင်ကျပ်ဘောင်းဘီကို အပေါ်က အနက်ရောင် Hoddie အပွတစ်ထည်ဖြင့် လည်ပင်းက မဖလာအပါးတစ်ထည်တောင်ပါသေးသည် ။ ဘွတ်ဖိနပ်ခပ်ကြီးကြီးကိုပဲ သူ့အမေအရှေ့ကောင်စွတ်လိုက်ပြီး

"    Omma ကလည်း ခဏပဲသွားမှာပါ ရုပ်ရှင်လက်မှတ်ကဝယ်ပြီးသွားပြီ    "

"    ဘာ …တိုင်းစရီဘယ် ဆိုလား ဘာဆိုလား ? အဲ့ကားကိုနင်ကနားလည်လို့ သွားကြည့်မှာလား ?   "

"    Time Travel ပါဗျာ  ကျွန်တော်က အထက်တန်းရောက်နေပြီ အဲ့ English စာလောက်ကတော့တက်ပါတယ်     "

"    စကားကြီးစကားကျယ်ပြောပုံက ဘယ်သူနဲ့တူမှန်းမသိဘူး    "

"    omma နဲ့ပေါ့ !  သွားပြီဗျို့    "

Kyungsoo တစ်ယောက် အနားကလွယ်အိတ်ကိုကောက်လွယ်ပြီး အခန်းထဲကနေ ပြေးထွက်သွားတော့သည် ။ Sehun နဲ့ချိန်းထားသော ရုပ်ရှင်ရုံကိုသွားဖို့သူကားမှတ်တိုင်မှာ ကားစောင့်နေလိုက်တယ်  မနက် 10နာရီကျော်ပြီ Sunday ဖြစ်တာကြောင့် ဘယ်ကားဖြစ်ဖြစ်ကျပ်နေတာကြောင့် သူသက်ပျင်းချလိုက်သည် …

"     ကျောင်းသား  ?     "

Kyungsoo သူ့ကိုခေါ်သံကြောင့် သူ့ဘေးနားကအသံလာယာကိုကြည့်လိုက်တော့ English ဆရာက သူ့ကို ပြုံးကာကြည့်နေသည် သူ့ကြည့်ရတာ ဒီကျောင်းသားကငါနဲ့ရပ်ကွက်တူတယ် မိဘခေါ်လို့အဆင်ပြေပြီဆိုတဲ့ ပုံစံမျိုးဖြင့်

"     ဒီရပ်ကွက်မှာနေတာလား ?    "

"    မဟုတ်ပါဘူး ဆရာ … သူငယ်ချင်းဆီလာလည်တာ ဆရာက ဒီမှာနေတာလား ? "

"    ဟုတ်တယ်    "

"    ဟုတ်ကဲ့ … Arrrr   Arrrr ကျွန်တော့ကားလာပြီ  ကျောင်းတတ်ရင်တွေ့ပါ့မယ် ဗျ     "

Kyungsoo တစ်ယောက် သူမျော်နေသောကားပေါ်အမြန်ပြေးတတ်ပစ်လိုက်သည်  ဒီနေ့ကတော့ Bad Day ဟေ့ !!!

Continue Reading

You'll Also Like

186K 5K 43
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
429K 25.9K 85
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
282K 9.5K 107
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...