SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
32.7K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 15 (II)
1.5K 183 14
By ji__aan
Unicode
Hoon's Owner Shim 💓
ကောင်းကောင်းအိပ်
မနက်ဖြန်တွေ့ကြမယ် ။
ဒါကလက်ဆောင်
Hoon
အခုတောင် ပြေးတွေ့ချင်လာပြီ ။
မနက်ဖြန်ကိုစောင့်ရမှာပေါ့ ကောင်းကောင်းအိပ်မင်းလည်း
ဒါက ငါလက်ဆောင်ပြန်ပေးတာ
Hoon's Owner Shim💓
ပိစိကွေးလေးအလွမ်းပြေပါပြီ >< Byee
Hoon
Byee
မနက်ဖြန်ကျောင်းကနေအပြန် ဟိုတလောကမှဖွင့်တဲ့ ညဈေးတန်းလျှောက်လည်ဖို့လုပ်ထားကြသည် ။ ပထမဆုံးဒိတ်ပေမဲ့ မဖြစ်မနေ
ရိုမန့်တစ်ဆန်စရာမလိုဘူးထင်တယ်
~||~
ကျောင်းဝင်ပေါက်နဲ့မလှမ်းမကမ်းက ချယ်ရီပင်အောက်မှာစောင့်နေတဲ့ ဆောင်းဟွန်းက
အရမ်းကြည့်ကောင်းတယ်လို့ပြောရင် အပိုမဟုတ်ပါဘူး တကယ်ပါ ။
ကောင်မလေးတွေအများကြီးကစိတ်ဝင်စားတယ်ဆိုတာ အလကားမှမဟုတ်တာ ရုပ်ရှိတာကိုး
" ဂျယ်ယွန်း ! "
သူ့ကိုမြင်ပြီးလှမ်းခေါ်နေပြီမို့ အပြေးလေးသွားတော့ အပြုံးတွေရက်ရက်ရောရောပေးရင်း ကြိုဆိုသည် ။ ရယ်လိုက်ရင်ပေါ်တဲ့ သွားစွယ်လေးတွေကလည်း ဆွဲဆောင်မှုတစ်ခု
Shirt လက်ရှည်အဖြူကို vest ထပ်ဝတ်ပြီး
Pant ခဲရောင်နဲ့စပ်ဝတ်ထားတာ သူ့အရပ်နဲ့လည်းတော်တော်လေးလိုက်ဖက်သည်။
မျက်နှာချင်းဆိုင်ရပ်ပြီး နေရင်းထိုင်ရင်း
အော်ရီမိကြပြန်သည်။
စာအုပ်တွေထဲကလို အကြည့်ချင်းဆုံပြီး ရှက်ကိုးရှက်ကန်းဖြစ်ကြတာမျိုးနဲ့မတူညီစွာပေါ့
" လုပ်ကြည့်ချင်တာတစ်ခုရှိတယ် ရည်းစားရရင်"
" ဘာလုပ်တာလည်း "
မေးကြည့်တော့ လက်နှစ်ဖက်ကိုဆန့်လာတဲ့ ဆောင်းဟွန်းကြောင့် သူ သဘောပေါက်လိုက်ပါပြီ ။ တကယ်ပင်ဂွင်းလေးလိုလုပ်နေတော့တာပဲ
နဂိုတည်းက ပင်ဂွင်းနဲ့တူနေရတဲ့ထဲ
ဖြစ်စေချင်သလို ဖက်ပေးတော့ကျ သဘောကျပြီးရီနေရော
အရပ်ကမဆိုစလောက်လေးပုတဲ့ သူ့ကိုလည်း
ဖက်ထားရင်း ခေါင်းလေးပွတ်ပေးနေသေးသည်။
" ငါက ရည်းစားရရင် ပုပုသေးသေးကောင်မလေးမျိုးလိုချင်တာ
ဒါပေမဲ့ cm ပိုင်းပဲကွာတဲ့ မင်းကိုရည်းစားတော်ကြည့်တော့လည်း မဆိုးပါဘူး "
" အမြင်မရှိလိုက်တာ အရပ်တော်တော်ပုတဲ့ကောင်မလေးတွေနဲ့တွဲရတာဘယ်လောက် ဒုက္ခများလည်း မင်းမသိဘူးလား ဆောင်းဟွန်း "
" မင်းကတွဲဖူးတယ်ပေါ့ "
" ဟင့်အင်း ငါ့အကို "
" နေပါအုံး ငါတို့က ရည်းစားနဲ့တောင်မတူသလိုပဲ
Chat ထဲမှာကျ အီရဲသလောက် "
ရုတ်တရက်ဆောင်းဟွန်းပြောတာကြောင့်
တွေးပြီး မျက်နှာလည်းပူပြီး ရီမိသွားသည် ။
ရည်းစားဖြစ်မနေဘူးဆိုရင်တော့ ရှက်နေမိမှာအမှန်ပါ ။
" အေးနော် ဟားဟားး "
" Nickname ပေးကြည့်ရမလား
ခွေးပေါက်လေး ဆိုရင်ရော "
" ကစားကွင်းကတည်းက ငါ့ကိုခွေးပေါက်လေးလုပ်ခိုင်းနေတာ Ddunghoonie က ခွေးပေါက်တွေကိုချစ်တာလား ငါ့ကိုချစ်တာလားတောင်မသိတော့ဘူး "
" Ddunghoonie တဲ့လား ဟာ..
ရှင်းမ်ဂျယ်ယွန်း .. ငါ မင်းမဟုတ်ရင်
ချစ်ဖို့ကောင်းတာတွေမကြိုက်ဘူးနော် "
" အဲ့လိုပဲဆက်ခေါ်မှာ အတန်းစတော့မယ်
သွားပြီနော် Ddunghoonie hearteu "
hearteu ဆိုပြီး heart sign လေးလုပ်ပြရင်း
ချယ်ရီပင်နဲ့နီးတဲ့ သူတို့အဆောင်ပေါ်ပြေးတက်သွားတဲ့ သူ့အပိုင်ခွေးပေါက်လေး
ဪ ချွင်းချက်က ကျပ်သိပ်မပြည့်တော့ လျှာထုတ်ပြီးလည်း ပြောင်ပြသွားသေးတယ်ဗျာ
ထုတ်တော့မပြောရဲပါဘူး ကြိတ်ပဲအသည်းယားမှာ
တစ်နေကုန် နာရီတကြည့်ကြည့်နဲ့ အတန်းပြီးအောင်ကလည်းစောင့်ရသေး ယွထနေတာသိသာသလားမသိပေမဲ့ အပေါင်းအသင်းနှစ်ကောင်လုံး
နားရင်းအုပ်တာခံလိုက်ရသေးသည် ။
တစ်ဖက်မှာလည်း
" ဟျောင်း ရည်းစားရပြီဆို "
နားစွန်နားဖျားကြားတဲ့သတင်းတွေကြောင့်
ဟီးဆွန်းဟျောင်းကို မေးကြည့်မိသည် ။
" အင်း "
" တကယ်ပဲ ရောင်းထွက်တာကိုး
ဟိုတစ်ယောက်ပဲလား "
" အင်း ကံကောင်းတာက သူကလည်းငါ့ကိုနှစ်စလောက်ကတည်းကသဘောကျနေတာတဲ့ "
" အဲ့တာကိုဟျောင်းက ဟိုတလောမှတွေ့တာ
ဆိုတော့ ဟျောင်းကိုယ်ဟျောင်း ပိန်းလွန်းတယ်မထင်ဘူးလား "
" Sim Jakeu အဆဲလာတောင်းနေတာလား "
" ဆဲပေးပါလို့ ကျွန်တော်ပြောမိလို့လား "
" မပြောဘူး "
အဲ့တော့မှ ပြန်ကုပ်သွားတဲ့ ဟီးဆွန်းဟျောင်းကိုကြည့်ပြီး သူပြုံးမိပါသေးသည် ။ ဒီအကိုကြီးလည်း အနည်းနဲ့အများ အချစ်ကိုတွေ့ဖို့အခက်ကြုံခဲ့တာပဲ သူဆိုလည်း ခြောက်နှစ်
ကျောင်းဆင်းချိန်ရောက်တော့
ကျောင်းပေါက်ဝမှာ ရပ်စောင့်နေတဲ့
ဆောင်းဟွန်းကိုသူတွေ့ပါရဲ့
ညနေစောင်းခါနီးအရောင်နဲ့ ချောချင်တိုင်းချောနေတဲ့ သူ့ရည်းစားကိုစိတ်ထဲကနေကြိတ်ပြီး
နာမ်စားလေးတစ်ခုပေးလိုက်ပါရဲ့
Darling လို့
" ငါချောလို့အဲ့လောက်တောင်ကြည့်နေတာလား "
" Ddunghoonie က မချောပါဘူး
ငါကပိုချောတာ "
" အဲ့နာမည်မခေါ်နဲ့ ကလေးဆန်တယ်လို့ "
" ငါ့ထက်တစ်လတောင်ငယ်တာပဲ ကလေးပေါ့ "
" ကလေးမဟုတ်ပါဘူး "
ကလေးမဟုတ်ပါဘူးဆိုပြီး ချက်ချင်းပြန်ရန်ရှာတာကိုကြည့်ပြီး လူကြီးပိုဆန်တယ်ထင်ရပေမဲ့
ကလေးည်းဆန်တာပါပဲ လို့မှတ်ချက်ပေးနေတုန်း လူကလေပေါ်မြောက်ကနဲ
" ဂျယ်ယွန်းနီးပဲ ကလေးလုပ်လိုက်ပါနော် "
ဆောင်းဟွန်းတစ်ယောက်ကတော့
ချော့သလိုလို စသလိုလိုလေသံနဲ့မျက်နှာပေးနဲ့
ပြောပြီး သူ့ကို‌ချီထားတာမလေးဘူးလားမသိ
" လေးမယ်လေ ပြန်ချ "
" မချပါဘူး ညဈေးတန်းကို ဒီတိုင်းသွားမှာ "
" ပြန်ချ‌ပေး "
" Noo"
" ပြန်ချပေးပါဆို "
နှုတ်ခမ်းကိုမသိမသာလေးထော်ပြီးပြောတော့
ဆောင်းဟွန်းကဟက်ဟက်ပက်ပက်ရယ်သည်။ ပြီးတော့ ငုံ့ကြည့်ပြီး စကားတစ်ခွန်းပြောသည်။
" ရုပ်ကြမ်းကြီးနဲ့ "
" Mother Vag*na ပေါ့ "
" ဂျယ်ယွန်းကအဲ့လိုရိုင်းတာလား ဟာ ငါမသိခဲ့ဘူး ။ ငါ့ရည်းစားက အရိုင်းအစိုင်းလေး "
" မင်းကရိုင်းအောင်လာလုပ်တာကိုးးး "
အသံကိုဆွဲပြီးပြောနေတဲ့ လက်ထဲကဂျယ်ယွန်းကို နှစ်ဆပိုပြီးအသည်းယားပါသည် ။
ငါ့ကိုအသည်းယားအောင်လုပ်ဖို့မွေးဖွားလာတာပဲ မင်းက
" ချပေးလေ နော် Darling လေးနေမှာစိုးလို့လေ"
နားကြားမှားတာလား ဂျယ်ယွန်းက သူ့ကို
Darling ခေါ်လိုက်တာလား
Aussie Accent နဲ့ Darling တဲ့ ချစ်စရာလေး!
အဲ့လိုနဲ့ ပတ်ဆောင်းဟွန်းရူးပြီးသေပါတော့မယ် ။
အရည်ပျော်သွားတဲ့အဆုံး ချပေးလိုက်တော့
သွားအတန်းလိုက်ပေါ်အောင်ရီပြသည် ။
" ခုနကလိုပြန်ခေါ်ပါလား "
" ဘယ်လိုလည်း "
" မင်းခေါ်လိုက်တာလေ Darling ~ "
" မခေါ်ပါဘူး ငါ့ကိုအကြိုက်လွန်ပြီးစိတ်ကူးတွေယဉ်နေတဲ့ Ddunghoonie က နားကြားမှားတာနေမှာပေါ့ "
" ခေါ်လိုက်ပါတယ် စိတ်ကူးယဉ်လို့ နားကြားမှားတာမျိုး ငါတစ်ခါမှမကြုံဖူးဘူး "
" အဲ့တာဆိုလည်း ပါးစပ်ကလေးပိတ်ပြီး ချောင်တစ်နေရာမှာသွားပြန်စဉ်းစားနေလိုက်ပါ
Darling ရေ "
လူကိုကလိကလိဖြစ်အောင်လုပ်ပြီး ပြေးထွက်သွားတဲ့ ဂျယ်ယွန်းနောက်ကို ဆောင်းဟွန်းလည်းလည်းအပြေးလိုက်ရပါသေးသည် ။
ညဈေးတန်းကနေ ခဏလောက်ဆက်သွားရင် ဟန်မြစ်ဘက်ကိုရောက်တာမို့ လျှောက်လည်ပြီးရင် အဲ့မှာ စက်ဘီးပတ်စီးကြမယ်လို့လည်းလုပ်ထားသေးသည် ။
အခုတော့ ညဈေးတန်းမှာ
တစ်ယောက်က ရေဘဝဲလံုး‌ေကြာ်စားချင်တယ်လို့ လွှတ်ကနဲပြောမိတာကို
" မင်းမှာ ပင်လယ်စာအလက်ဂျစ်ရှိ‌တယ်လေ ။ မင်းမစားနိုင်တာကို မင်းရှေ့မှာ
ထိုင်မစားနိုင်ဘူး။ "
" ရပါတယ်ဆိုနေ ငါဟိုကောင်တွေနဲ့တစ်ခါတစ်လေဆို အလက်ဂျစ်အထခံပြီးတောင်စားသေးတာ "
" တော်တော်ငတ်‌နေလို့လား "
" မဟုတ်ပါဘူး မင်းစားချင်ရင် ငါဝယ်ကျွေးမယ်လို့ ငါကထိုင်ကြည့်ရတာကိစ္စမရှိဘူး
ငါ့ခွေးပေါက်‌လေးကောင်းကောင်းစားနေရင်ကျေနပ်တယ် "
ဘယ်လိုပဲပြောပြော ဂျယ်ယွန်းရဲ့အကျင့်က
အဲ့လို ဆောင်းဟွန်းကိုမှမဟုတ်
အိမ်ကအကိုဝမ်းကွဲ wasabi နဲ့မတည့်ဘူးဆိုလို့
အိမ်မှာ wasabi လုံးဝမစားတာမျိုး
တခြားစားချင်စရာကောင်းတာများရှိမလားဆိုတော့ အမဲသားခွက်ခေါက်ဆွဲဆိုင်ကိုလှမ်းတွေ့သည် ။
" ဆောင်းဟွန်း ငါ ဒါထက် ဟိုညာဘက်နားက
အမဲသားခေါက်ဆွဲကိုပိုစားချင်သွားပြီ ။ သွားရအောင် "
" မင်းခုနက .."
" အခု ခေါက်ဆွဲပိုစားချင်သွားပါပြီဆို "
" အဲ့တာဆိုလည်း သွားမယ်လေ "
နောက်ဆုံးတော့ ခေါက်ဆွဲဆိုင်က ခွက်ခေါက်ဆွဲတစ်ပွဲစီနဲ့ ညဈေးလျှောက်လည်ပြီး ဟန်မြစ်ဘက်ထွက်ခဲ့ကြသည် ။
" လေကောင်းလေသန့် ရှူရတော့
လန်းသွားတာပဲ "
" လေကောင်းလေသန့်နဲ့ ငါနဲ့ ဘာကိုပိုကြိုက်လည်း JaeYun shi "
ကပ်သီးကပ်သတ်သိပ်လုပ်တတ်တဲ့သူ့ကို
ဆောင်းဟွန်းက ကပ်သီးကပ်သပ်တွေလာမေးနေတော့ အဖြေကိုလည်း မေးခွန်းနဲ့တူအောင်ဖြေရတာပေါ့
" ငါ့ကိုယ်ငါပိုကြိုက်တယ် ချောလို့ "
" မဟုတ်ပါဘူး ငါ့ကိုပဲအကြိုက်ဆုံးဆိုတာ သိပါတယ် ။ "
" သိရင်ပြီးတာပဲ "
ပထမဆုံး Date က ချိုမြိန်သလား
မဖြေတတ်ပေမဲ့ နှစ်ယောက်လုံးအတွက် အရမ်းအဖိုးတန်ခဲ့ပါရဲ့
~||~
" ဟျောင်း နောက်အပါတ် ကိုရီးယားပြန်မှာဆို "
" အင်း အကို့ရဲ့ကလေးလေးကို
လွမ်းနေတော့မှာပဲ"
" ကျွန်တော် ဆယ့်ငါးနှစ်ရှိပါပြီဆို ဘာကလေးလည်း "
ကလေးလို့ခေါ်ရင်မကြိုက်တဲ့ ကလေးကိုကြည့်ပြီး ဆောနူရီမိပါသည် ။
နီကီလေးက တစ်ခါတစ်လေ သူ့ထက်ရင့်ကျက်သလို ကလေးဆန်ရင်လည်း ဆယ့်ငါးနှစ်လိုမဟုတ်ပဲ ငါးနှစ်သားလေးလို
ဥပမာပြောရရင် စတွဲတဲ့ရက်မှာ သူ့အိမ်ကလူကြီးတွေရှေ့ကျွန်တော့်ကိုအတင်းဆွဲခေါ်ပြီး
" ကျွန်တော် ဒီကိုကြီးနဲ့ပဲ လက်ထပ်မှာ " လို့ပြောတာမျိုးပေါ့
သူ့မိဘတွေကတော့ အားနာပြီးတောင်းပန်ကြပါသေးတယ် ဒါပေမဲ့ နီကီလေးကို စိတ်လည်းမဆိုးမိသလို အရမ်းအတည်လုပ်တတ်တဲ့အကျင့်လေးကိုပြင်ပေးဖို့လည်း အကြံရလိုက်ပါတော့သည် ။
" ဘယ်လောက်ကြာမှာလည်း "
" သုံးလလောက်ပါပဲ ။ ဒီမှာ နှစ်နှစ်ကျန်နေသေးတာပဲကို "
ဆေးကျောင်းသားမို့ အရွှေ့အပြောင်းသိပ်မလုပ်ချင်တာကြောင့် ဂျပန်မှာပဲ ကျောင်းကိစ္စတွေအပြီးဖြတ်ပြီး ကိုရီးယားပြန်ကာ အလုပ်ဝင်ဖို့က
သူ့ဆုံးဖြတ်ချက် ။
" နောက်နှစ်နှစ်ပြီးရင် ကိုရီးယားကိုအပြီးပြန်မှာပေါ့ "
" ဟုတ်တယ် ဒါ‌ပေမဲ့ နီကီလေးကို လာလာတွေ့ရအုံးမှာပေါ့ "
" ‌လာတွေ့ရင် ဆောနူဟျောင်းပင်ပန်းမယ်လေ ။
ကျွန်တော် ကိုရီးယားကို ကျောင်းပြောင်းခဲ့မယ် "
" နောက်နှစ်နှစ်ကိစ္စကို စာလုပ်နေတုန်းမဆွေးနွေးကြရအောင်လား ‌Mr.Nishimura "
" ဟုတ် ချစ်ကိုကြီးစကားကို နားထောင်ပြီး သင်္ချာဆက်တွက်ပါတော့မယ် ခင်ဗျာ "
ဆောနူစကားဆို တစ်ခွန်းနဲ့ပြီးတဲ့ ဒီကောင်လေးကို ကိုကြီးဆောနူက အချစ်ပိုရတာပေါ့ဗျာ
အရွယ်နဲ့မလိုက်အောင် ချစ်ပြတတ်လွန်းတဲ့
ဂျပန်ပိစိလေးကို မုန့်ပေးကြိုက်တယ်ပြောခံရရင်တောင် မုန့်ပေးပြီးပဲဆက်ကြိုက်ပါတော့မယ်လို့ ဆောနူတွေးမိပါတော့သည် ။
ထိုအချိန်ပဲ ဝင်လာတဲ့ noti ကတော့
Hoon
မေ့နေလို့မပြောမိတာ sorry ကွာ
နောက်အပါတ်ထိမလိုတော့ဘူး ‌hehe ><
ဒီနေ့တစ်နေ့ဟာတော့ ကင်မ်ဆောနူအကြည်ဓာတ်ဝင်တဲ့နေ့ပါပဲ ။
~|SUPPORT SYSTEM FOR LIFE |~
Sunki mood on နေလို့ပါ ><
ကိုကိုနဲ့ ကလေးအတွဲကတော့ နောက် update မှာ
ကလိကလိပါမယ် ။
ဆောင်းဂျိတ်ကတော့ ပြောစရာမလိုဘူးထင်ပါတယ်နော် ><
ဟိုနေ့က စိတ်ညစ်ပြီး Unpublish လိုက်တာ
မနေ့ကမှ အကုန်ပြန် up လိုက်တော့ Noti တွေအများကြီးတက်ကြမယ်ထင်တယ် အားနာလိုက်တာ:(
___________________________________________
Zawgyi
Hoon's Owner Shim 💓
ကောင်းကောင်းအိပ်
မနက်ဖြန်တွေ့ကြမယ် ။
ဒါကလက်ဆောင်
Hoon
Hoon's Owner Shim💓
Hoon•
Byee
~||~
" ဂျယ်ယွန်း ! "
အော်ရီမိကြပြန်သည်။
" ဘာလုပ်တာလည်း "
" မင်းကတွဲဖူးတယ်ပေါ့ "
" ဟင့်အင်း ငါ့အကို "
" အေးနော် ဟားဟားး "
" Ddunghoonie တဲ့လား ဟာ..
တစ်ဖက်မှာလည်း
" အင်း "
ဟိုတစ်ယောက်ပဲလား "
" မပြောဘူး "
Darling လို့
ငါကပိုချောတာ "
" ကလေးမဟုတ်ပါဘူး "
ကလေးလည်းဆန်တာပါပဲ လို့မှတ်ချက်ပေးနေတုန်း လူကလေပေါ်မြောက်ကနဲ
" လေးမယ်လေ ပြန်ချ "
" ပြန်ချ‌ပေး "
" Noo"
" ပြန်ချပေးပါဆို "
" ရုပ်ကြမ်းကြီးနဲ့ "
" Mother Vag*na ပေါ့ "
" ဘယ်လိုလည်း "
Darling ရေ "
အခုတော့ ညဈေးတန်းမှာ
တစ်ယောက်က ရေဘဝဲလုံး‌ကြော်စားချင်တယ်လို့ လွှတ်ကနဲပြောမိတာကို
ထိုင်မစားနိုင်ဘူး။ "
" မင်းခုနက .."
လန်းသွားတာပဲ "
" သိရင်ပြီးတာပဲ "
~||~
လွမ်းနေတော့မှာပဲ"
" ဘယ်လောက်ကြာမှာလည်း "
သူ့ဆုံးဖြတ်ချက် ။
Hoon
Sunki mood on နေလို့ပါ ><
ကလိကလိပါမယ် ။
___________________________________________
Continue Reading
You'll Also Like
74K 3.5K 56
[COMPLETED] [MATURE CONTENT] Rankings:- #1 matureromance 01/01/21 #1 meangirl 13/01/21 #1 boxer 18/01/21 #1 jock 07/02/21 #1 bitch 05/04/21 #1 antih...
6.1K 581 50
Ravi Singh is a 17 year old Indian-American who finds herself caught between cultures when her father's Indian family move in with them temporarily...
16.6K 1.9K 12
•I lose my mind when it comes to you I take time with the ones I choose I don't wanna smile if it ain't from you ✏️Start date - 19.12.2021 ✏️End dat...
808K 30K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...