"မောင် ကျွန်တော်ဒီအင်္ကျီနဲ့လိုက်လား"
မောင်ကတော့ အကုန်ပြင်ဆင်ပြီးနေပြီ။ပြင်ဆင်ပြီးဆို သူက အပြာရောင်ပုဆိုးကွက်စိပ်လေးနှင့် အပြာနုရောင်ရှပ်အင်္ကျီလက်ရှည်ကိုသာဝတ်ထားသည်။ဘာမျှထွေထူးပြီးဆင်နေစရာမလိုပေ။
မုံရွာမှာအဆင်သင့်ရွေးပေးထားသောအင်္ကျီကိုဝတ်ရသည်မို့ ယခုလိုအပြင်သွားမယ်ဆိုတော့ ဘာဝတ်ရမှန်း လွှမ်းစေသူမရွေးတတ်တော့ပေ။သင်္ကြန်လည်တာမို့ စတိုင်ပင်ဘောင်းဘီကိုလည်းမဝတ်ချင်ပေ။ထို့ကြောင့်ဂျင်းဘောင်းဘီကိုဝတ်ပြီး အင်္ကျီကိုတော့ရွေးရခက်နေသည်။မောင့်ကိုလည်း ပြင်ထားနှင့်စေချင်သည်မို့ မောင့်ကိုလည်း မရွေးခိုင်းတော့ပေ။
"အဲလေး ဒီအင်္ကျီကိုမဝတ်နဲ့ မကောင်းဘူး"
အင်္ကျီလည်ပင်းက ရင်ညွန့်နားထိရောက်နေသည်မို့ အေးချမ်းမောင်လည်း ပြန်ချွတ်ခိုင်းလိုက်သည်။
"ဘာလို့လဲ ကောင်းတယ်မဟုတ်ဘူးလား"
"ကောင်းတယ်ထင်ရင် ဘာလို့လာမေးနေသေးလဲ"
မေးတုန်းကမေးပြီး မကောင်းဘူးပြောပြန်တော့လည်း စောဒကတက်နေသော အဲလေးကို အေးချမ်းမောင်လည်း ရှုတည်တည်နှင့်ကြည့်လိုက်သည်။
"မောင်ကလည်း ဘာလို့မကောင်းတာလဲမေးတာလေ ဘာလို့လဲလို့ ဟင် မောင်"
မောင့်ဆီက အကြည့်စိမ်းစိမ်းကြီးရလိုက်၍ လွှမ်းစေသူလည်း မျက်နှာငယ်လေးနှင့် ထပ်မေးနေပြန်သည်။
"အင်္ကျီလည်ပင်းဟိုက်နေလို့"
အေးချမ်းမောင်လည်း ခပ်ပြတ်ပြတ်ပင် အဲလေးရဲ့ အင်္ကျီလည်ပင်းကိုသာ မေးငေါ့ပြလိုက်သည်။
"အာ..ကျွန်တော်သိပြီ မောင်က ကျွန်တော့်ကို သဝန်တိုနေတာမို့လား။ဟင် လူကြီးဖြစ်ပြီးမလိမ်ရဘူးနော် မှန်မှန်ဖြေနော် "
အဲလေးဆိုသည်မှာ ဘယ်လိုကုသိုလ်ကံနှင့်မွေးဖွားလာသည်မသိ။သူ့ကို စိတ်ဆိုးမယ်လုပ်ရင် ဘယ်တော့မှကြာကြာမခံပေ။အေးချမ်းမောင်သာ အရည်ပျော်ပျော်သွားရသည်။ယခုလည်း ဆူမယ်ကြံခါရှိသေး မျက်နှာပြောင်တိုက်ကာ စ နေသော အဲလေးကို ကြည့်ပြီး မပြုံးမိအောင် အတော်ကိုကြိုးစားထားရသည်။
"သဝန်တိုစရာလား ဆိုင်ကယ်စီးရင် အအေးပက်မှာစိုးလို့ပြောနေတာ"
အေးချမ်းမောင်လည်း အဲလေးနည်းနည်းမှ ရှိန်ရှိန်ဆိုပြီး ဂြိုဟ်ကြည့်လေးကြည့်ရင်း လေသံမာမာလိုက်သည်။
"တကယ် သဝန်မတိုဘူးနော်
အဲ့ဒါဆို ဒီလိုဆိုရော သဝန်တိုလား"
လွှမ်းစေသူလည်း မောင့်ရှေ့တည့်တည့်သွားရပ်ကာ အင်္ကျီလှန်ပြန်လိုက်သည်။
"ငြင်းစမ်း လူကြီး"
လွှမ်းစေသူကတော့ မောင့်မျက်နှာကို sexyဆန်ဆန်ကြည့်ရင်း မျက်စပစ်ပြလိုက်သည်။
"အဲလေး အင်္ကျီကြီးပြန်ချစမ်း မချရင် ငါရိုက်.."
အေးချမ်းမောင်ရဲ့ စကားမဆုံးခင်မှာပင် အေးချမ်းမောင်ရဲ့လက်က အဲလေးရဲ့ဗိုက်ပေါ်သို့ရောက်နှင့်ပြီးသားဖြစ်သွားသည်။အလိုလိုရောက်သွားခြင်းတော့မဟုတ်ပေ။အဲလေးက အေးချမ်းမောင်ရဲ့လက်ကို လှမ်းဆွဲကာ သူ့ဗိုက်ပေါ်မှာ တင်ထားခြင်းဖြစ်သည်။အေးချမ်းမောင်က လက်ကိုပြန်ရုပ်မယ်လုပ်တော့ အဲလေးက အားနှင့်ဆွဲလိုက်၍ အေးချမ်းမောင်ရဲ့ဗိုက်သားလေးနှင့် အဲလေးရဲ့ဗိုက်သားက ထိကပ်မိသွားသည်။
နူးညံ့သောအဲလေးရဲ့ဗိုက်က ပူနွေးနွေးလေးဖြစ်နေသည်။အဲလေးဗိုက်ကလေးကိုမထိတော့ဘဲ အေးချမ်းမောင်လည်း လက်ကိုအောက်ချလိုက်သည်။အေးချမ်းမောင်တို့ရဲ့ ရင်ခုန်နှုန်းက တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ကြားနိုင်လောက်သည်ထိခုန်နေသည်။
"မောင်လည်း ကျွန်တော့်လိုခံစားရတယ်မို့လား"
လွှမ်းစေသူကတော့ မောင့်ကိုတင်းကျပ်စွာဖက်ထားလျက်မေးလိုက်သည်။မောင့်ကုပ်ပိုးလေးကိုလည်း ဖွဖွလေးနမ်းနေလိုက်သည်။
"အဲလေး ဖယ်တော့ ငါတို့နောက်ကျနေလိမ့်မယ်"
"ကျွန်တော်မေးတာဖြေဦး မောင်လည်းခံစားတတ်လားလို့"
မောင့်ရဲ့လည်တိုင်လေးကို နှုတ်ခမ်းလေးနှင့်စုပ်ယူလိုက်သည်။
အဲလေးရဲ့အမေးကိုတော့ အေးချမ်းမောင်မဖြေချင်ပေ။ဒီအဖြေကိုသိပါက အဲလေးရဲ့စိတ်တွေပိုပြီးထိန်းရခက်ပေမည်။ထို့ကြောင့် ငြိမ်ငြိမ်လေးနေပြီး အဲလေးနမ်းတာကိုသာ ခွင့်ပြုထားလိုက်သည်။
"အဲလေး စိတ်တိုင်းကျနမ်းလိုက်ပါ"
အေးချမ်းမောင်ရဲ့ လည်တိုင်လေးကို နှုတ်ခမ်းနှင့်မထိတထိလုပ်နေသော အဲလေးကို အေးချမ်းမောင်လည်းပြောလိုက်သည်။
မောင့်ဆီကခွင့်ပြုချက်ရသည်နှင့် လွှမ်းစေသူလည်း တွေဝေမနေတော့ဘဲ မောင့်လည်တိုင်လေးကို နှုတ်ခမ်းလေးနှင့်စုပ်ယူလိုက်သည်။ထို့နောက်လျှာလေးနှင့်တို့ထိကာ ခံစားချက်အားလုံးကို လည်တိုင်လေးပေါ်မှာဖွင့်ချလိုက်တော့သည်။
လည်တိုင်လေးပေါ်မှပူနွေးမှု နာကျင်မှုတွေကို အေးချမ်းမောင်လည်း မျက်လုံးမှိတ်လျက် ခံစားနေလိုက်သည်။တစ်ချက်တစ်ချက် အဲလေးရဲ့သွားတွေနှင့် ကိုက်မိသလိုဖြစ်သွား၍ အေးချမ်းမောင်လည်း မျက်မှောင်လေးကျုံ့ကာ နှုတ်ခမ်းကိုသာကိုက်ထားလိုက်သည်။
"မောင် နာသွားလားဟင်"
ရီဝေတဲ့မျက်လုံးတွေနှင့် ကြည့်လာသော အဲလေး။နာပေမယ့် အေးချမ်းမောင်ဆက်ပြီးသည်းခံနိုင်သည်။သို့ပေမယ့် အဲလေးကိုတော့ ဆက်ပြီးမလုပ်စေချင်တော့ပေ။အဲလေးက ငယ်သေးသည်။
"တော်တော့အဲလေး သွားလဲတော့"
"ဟုတ်ကဲ့"
မောင်က နာသွား၍ တော်ခိုင်းလိုက်သည်ထင်သည်။ထို့ကြောင့် လွှမ်းစေသူလည်း ဆက်မနမ်းတော့ဘဲ အင်္ကျီလဲလိုက်တော့သည်။
အင်္ကျီလဲရင်း မောင့်မျက်နှာကိုကြည့်လိုက်တော့ မောင့်မျက်နှာတစ်ခုလုံး နီရဲနေသည်။ထို့အပြင် လွှမ်းစေသူနမ်းထားသည့်လည်တိုင်လေးမှာလည်း နီညိုရောင်အကွက်လေးက ထင်းနေသည်။လွှမ်းစေသူလည်း မောင့်ကိုပြောမနေတော့ဘဲ ထိုအမှတ်သားလေးကိုကြည့်လျက်ပြုံးနေလိုက်သည်။
"ဒီအင်္ကျီဆို ရပြီလား"
အဖြူရောင် လည်ထောင်အင်္ကျီလေးကိုဝတ်လိုက်ပြီး ကော်လံလေးကိုလည်း လည်စိနားလေးထိခေါက်ချလိုက်သည်။အင်္ကျီလက်ကိုတော့ လက်ကောက်ဝတ်နားလေးထိ ဆွဲချလိုက်သည်။သင်္ကြန်ရေကြောင့်အေးမှာတော့ကြောက်ရသေးသည်။
"အဲလေး အင်္ကျီလက်ရှည်ထပ်ဝတ်ထားဦးလေ"
အင်္ကျီကအဲလေးရဲ့ခန္ဓာကိုယ်နှင့်ကပ်နေ၍ အဲလေးရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုအထင်းသားမြင်နေရသည်။အသားဖြူသည့်အဲလေးက အဖြူရောင်အင်္ကျီလေးဝတ်လိုက်တော့ ပိုသန့်နေသည်။အဲလေးရဲ့နက်မှောင်သည့်မျက်ဝန်း၊နီရဲနေသည့် နှုတ်ခမ်းတွေက ပိုပြီးပေါ်လွင်ကာ ဆွဲဆောင်မှုရှိနေသည်။
ဒီပုံစံနှင့်သာ ပြုံးလိုက်ပါက လူတိုင်းငေးကြမည်ပင်။ဒီကလေးက အပြင်ရောက်လို့ မျက်နှာပြောင်နေလျှင် ဒုက္ခ။
"ဒီအင်္ကျီ လက်ရှည်ကြီးလေ ထပ်ဝတ်ရဦးမှာလား"
"ဟုတ်တယ် ဝတ်ခဲ့
လမ်းရောက်ရင် အေးနေလိမ့်မယ်"
"ပြီးတာပဲ"
လွှမ်းစေသူလည်း အနက်ရောင် သားရေလေးကိုထပ်ဝတ်လိုက်သည်။အင်္ကျီဇစ်တော့ဆွဲမနေတော့ပေ။ထို့နောက် အနက်ရောင်မျက်မှန်လေးကိုတပ်လိုက်သည်။
အေးချမ်းမောင်ကတော့ အဲလေးကို တမေ့တမောကြည့်နေလိုက်သည်။အဲလေးရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ခြင်းအားဖြင့် အဲလေးရဲ့အသိုင်းဝိုင်း အခြေနေကို အေးချမ်းမောင် ခန့်မှန်းမိသည်။အဆင်မှပြေပါ့မလားလို့လည်း တွေးပူမိပြန်သည်။ဘယ်လိုပဲဖြစ်ဖြစ် အေးချမ်းမောင်ကတော့ အကောင်းဆုံးရင်ဆိုင်ဖို့ စိတ်ကူးထားပြီးဖြစ်သည်။
"အဲလေး ခဏနေဦး"
အေးချမ်းမောင်လည်း ကုတင်လေးနားသို့သွားလိုက်ပြီး ဖျာလေးကိုလှန်လိုက်သည်။ဖျာအောက်မှ တစ်ထောင်တန်သုံးရွက်ကိုယူလိုက်ပြီး ပုဆိုးခါးပုံစထဲမှာထည့်ပြီးသိမ်းလိုက်သည်။
"မောင် အဲ့ဒီပိုက်ဆံတွေက ဘာလုပ်မလို့လဲ"
ရှိစုမဲ့စုပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်သိမ်းထားသော မောင့်ကိုမေးလိုက်သည်။သနားစရာသတ္တဝါလို့ မောင့်ကိုထင်နေကြောင်း မောင်ထင်မှာစိုး၍ ပုံမှန်လေသံလေးနှင့်သာမေးလိုက်သည်။စိတ်မကောင်းဖြစ်နေသည့် လွှမ်းစေသူရဲ့မျက်ဝန်းတွေကိုတော့ မောင်မမြင်ပေ။အနက်ရောင်မျက်မှန်က ယခုလိုချိန်ေတာ့အသုံဝင်ပြန်သည်။
"လူကြီးတွေကို ကန်တော့ဖို့လေ
အပြန်ရောက်ရင် လိုအပ်တာတွေဝယ်ခဲ့မလို့"
"ေဩာ်"
ငွေသုံးထောင်တည်းနှင့်လူကြီးတွေကို ကန်တော့မည်တဲ့လား။ဤသို့သောပုဂ္ဂိုလ်ကို ဒီတစ်ခါသာမြင်ဖူးသည်။မေမေတို့လို သုံးလေးသိန်းကုန်ကျခံပြီး ကန်တော့သောလူကြီးတွေနှင့်သာ တွေ့ဖူး၍ထင်ပါသည်။
မောင်က ကျွန်တော့်အတွက်တော့ အရောင်မဲ့သည့်ဆေးတစ်ခွက်ပင်။မောင့်ဆီမှာ ဘာပကာသနမှမတွေ့ရသလို ဘာဂုဏ်ဒြပ်မှလည်းမရှိပေ။မောင့်ဆီမှာရှိသော တစ်ခုတည်းသော ဂုဏ်က ကျွန်တော့်ချစ်သူ ဖြစ်နေခြင်းပင်။
လွှမ်းစေသူလည်း အဝတ်အိတ်ထဲမှပိုက်ဆံအိတ်လေးကို ယူလိုက်ပြီး အင်္ကျီဘေးအိတ်ထဲမှာထည့်လိုက်သည်။ဖုန်းကိုလည်း ရေစိုခံအိတ်ထဲမှာထည့်ပြီး ကျန်နေသည့်ဘေးအိတ်လေးထဲ၌ထည့်လိုက်သည်။
"ဆိုင်ကယ်ကို ကျွန်တော်စီးမယ်နော်"
"အာ..ငါစီးပါ့မယ်
ရှေ့ကနေရင် မျက်လုံးထဲေရဝင်လိမ့်မယ်။နောက်ပြီး အအေးပတ်နေလိမ့်မယ်။ရေစိုတော့ လမ်းတွေကချော်တယ် အန္တရာယ်လည်းများတယ်"
"အဲ့ဒါက မောင့်ကိုပြောရမှာ
လက်ရှည်လည်းထပ်မဝတ်ဘူး။မျက်မှန်လည်းမတပ်ဘူး။ကျွန်တော့်ဘာသာကျွန်တော်ပဲမောင်းမယ်။မောင့်တာဝန်က ကျွန်တော့်ကိုဖက်ပေးရုံပဲ ဟဲဟဲ လာ သွားကြစို့"
မောင့်ဖြေရှင်းချက်ကိုစောင့်မနေတော့ဘဲ မောင့်လက်ကိုဆွဲပြီးထွက်လာခဲ့လိုက်တော့သည်။ဆိုင်ကယ်ဦးထုပ်ကိုလည်း မောင့်ကိုသာေဆာင်းပေးလိုက်သည်။
"ဦးထုပ်က အဲလေးေဆာင်းလေ။
ရှေ့ကလူက အရေးကြီးတယ်"
"ကျွန်တော့်အတွက် အရေးကြီးဆုံးက မောင်ပဲ။အဲ့ဒါကြောင့် မောင်ဘာမှမဖြစ်ဖို့ အရေးကြီးတယ်။စကားနားထောင်နော် လူကြီးလေး"
ဆိုင်ကယ်ဦးထုပ်ကြိုးလေးတပ်ပေးလိုက်ရင်း မောင့်ကိုပြောလိုက်သည်။ထို့နောက် ဆိုင်ကယ်ပေါ်တက်တော့လည်း မောင့်လက်ကလေးကို ဆွဲကာ ဗိုက်ပေါ်ထိဖက်ခိုင်းထားလိုက်သည်။
"မောင်ဖက်ထားနော်
မဖက်ရင် ကျွန်တော်က ကြမ်းကြမ်းစီးမှာ ဟွန်း"
မောင့်ကိုခြိမ်းခြောက်ပြီး လွှမ်းစေသူလည်းဆိုင်ကယ်လက်ကိုင်လေးကို စတင်လှုပ်ရှားလိုက်တော့သည်။ထို့နောက် ကိုင်းပင်တွေကြားထဲမှာဖြတ်သန်းမောင်းနှင်လာခဲ့ပြီး တံတားလေးကိုကူးကာ မူးရိုးပေါ်သို့တက်လိုက်တော့သည်။
စိုင်ပြင်မြို့ထဲကိုဝင်တော့ သင်္ကြန်မဏ္ဍပ်လေးတွေက ကြိုဆိုနေကြသည်။မုန့်လုံးလုံးနေကြသော မိန်းမပျိုများ၊အရွယ်လတ် အိမ်ထာင်သည်များကိုလည်းတွေ့နေရသည်။တချို့ကောင်မလေးတွေက လင်ဗန်းလေးထဲ မုန့်လုံးလေးတွေထည့်ကာ လွှမ်းစေသူတို့လာမည့်လမ်းမှာရပ်လျက်စောင့်နေကြသည်။သူတို့ဘေးတွင်လည်း စားနေသည့်အချိန်ရရမိမိလောင်းဖို့စောင့်နေကြသော ရေတပ်ဖွဲ့ကလည်းရှိနေပြန်သည်။
"အဲလေး ရှေ့နားရောက်ရင် ဆိုင်ကယ်အရှိန်လျှော့နော်။ကလေးတွေကိုတိုက်မိလိမ့်မယ်"
"ဟုတ်ကဲ့"
လွှမ်းစေသူက ထိုနေရာရောက်လျှင်အရှိန်မြှင့်ဖို့တွေးထားပေမယ့် မောင့်စကားကြောင့် အရှိန်လျှော့ပေးလိုက်သည်။မုန့်လုံးလာကျွေးသည့်ကောင်မလေးတွေကိုတော့ လွှမ်းစေသူလည်း ခေါင်းခါပြလိုက်သည်။ရှေ့ကကလေးတွေကတော့ ခေါင်းခါရုံနှင့်မရမှန်းလွှမ်းစေသူသိသည်။ဆိုင်ကယ်ကိုခဏရပ်ပေးလိုက်သည်။ဆိုင်ကယ်ရပ်လိုက်သည်နှင့် ကလေးတွေက ရေပက်ကြတော့သည်။
"ဟာကွာ...ကလေးတွေကတော့
မျက်နှာကိုပက်ရသလား"
မျက်နှာတည့်တည့်ကိုရေနှင့်လာပက်နေ၍ လွှမ်းစေသူလည်းဆဲလိုက်သည်။ကလေးတွေကတော့ ဆဲတာကို ထွေထူးပြီး စိတ်တိုမနေကြပေ။ပြုံးဖြီး ပျော်မြူးနေသည်။ လွှမ်းစေသူသာ တစ်ယောက်တည်းဒေါသထွက်နေသည်။
"အဲလေး မဆဲရဘူးလေ"
ကလေးတွေရှေ့မှာဆဲနေ၍ အေးချမ်းမောင်လည်း အဲလေးကိုသတိပေးလိုက်ရသည်။
လွှမ်းစေသူတို့လည်း ရေပက်ခံပြီး၍ ဆက်မောင်းလာခဲ့လိုက်တော့သည်။သင်္ကြန်သီချင်းတွေကလည်း ညိမ့်ညိမ့်လေးတွေရော အမြူးတွေရော အသံတွေကစုံနေသည်။
"မောင် ဟိုမဏ္ဍပ်မှာက မလား"
"ဦးလေးကြီး" ဘီယာဆိုင်ရှေ့၌ဆောက်ထားသော မဏ္ဍပ်ကိုမြင်၍ လွှမ်းစေသူလည်းပြောလိုက်သည်။သင်္ကြန်ခုံလုပ်ထား၍ သင်္ကြန်ခုံပေါ်မှ ကောင်မလေးများက ရေပိုက်များကိုကိုင်၍ ရေပက်နေကြသည်။ခန္ဓာကိုယ်လေးကိုလည်း တီးလုံးနှင့်အတူလှုပ်ခါနေကြသည်။မဏ္ဍပ်အောက်မှာလည်း လူအများက ကခုန်လျက် ရေပက်ခံနေကြသည်။အများစုကတော့ ကောင်လေးတွေပင်။
"အဲလေး က ချင်ရင်ကလေ
ငါတော့ မကတော့ဘူး"
"မရဘူး ကရမှာပဲ
အဲ့ဒီမှာ ခဏရပ်မယ်နော်"
လွှမ်းစေသူလည်း ဆိုင်ကယ်အပ်သည့်ဌာနကိုသွားပြီး ဆိုင်ကယ်အပ်လိုက်သည်။ထို့နောက် မောင့်လက်ကိုဆွဲပြီး လူကြားထဲသို့တိုးလာခဲ့သည်။လူကြားထဲသို့ရောက်သည်နှင့်ရေတွေက လွှမ်းစေသူတို့ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာတော့သည်။
မိန်းကလေးအများစုကလည်း လွှမ်းစေသူကိုသာပက်နေကြသည်။တချို့လူတွေကတော့ အေးချမ်းမောင်ကိုပက်ကြသည်။လွှမ်းစေသူလည်းမျက်မှန်ကိုချွတ်လိုက်ပြီး မျက်နှာပေါ်စီးကျလာသည့်ရေတွေကို လက်နှင့်သုတ်လိုက်သည်။ထို့နောက် မောင့်မျက်နှာကိုလည်း ရေတွေစင်နေ၍ မောင့်ရှေ့မှာသွားရပ်လိုက်သည်။ရေပိုက်တွေက အဆက်မပြတ်ပက်နေ၍ အေးချမ်းမောင်လည်းမောနေသည်။အဲလေးက ရှေ့မှာလာရပ်မှပဲ အေးချမ်းမောင်လည်း အသက်ရှုဝတော့သည်။မျက်နှာပေါ်ကရေတွေကိုလည်း
သပ်ချလိုက်သည်။ရေပိုက်အများစုက လွှမ်းစေသူတို့နေရာစုနေ၍ တခြားကောင်လေးတွေကလည်း လွှမ်းစေသူတို့နား လာကကြသည်။
"အဲလေး ပြန်ကြစို့"
လူတွေတရုံးရုံးဖြစ်နေပြီမို့ အေးချမ်းမောင်လည်း အဲလေးကိုခေါ်လိုက်သည်။
"ဟုတ်ကဲ့ ပြန်ကြမယ်လေ"
လွှမ်းစေသူလည်း မောင့်လက်ကိုဆွဲပြီး လူကြားထဲမှတိုးသွားလိုက်သည်။
"အ..! "
ဘေးမှ ကနေသောကောင်လေးရဲ့လက်က အေးချမ်းမောင်ရဲ့ရင်ဘတ်ကိုဆောင့်မိသွားသည်။မောင့်အသံကြားသည်နှင့်လွှမ်းစေသူလည်း မောင့်ဘေးကလူတွေကို အကုန်လိုက်ကြည့်လိုက်သည်။မောင့်ဘေးမှာ ရမ်းရမ်းကားကားနှင့်ကနေသောကောင်ကိုမြင်သည်နှင့် လွှမ်းစေသူလည်း သူလား ဟူသောသဘောဖြင့် မောင့်ကိုမျက်စပစ်ပြလိုက်သည်။အဲလေးရန်ဖြစ်မှာစိုး၍ အေးချမ်းမောင်လည်းမဖြေတော့ဘဲ အဲလေးကိုသာ ပြန်ရန်ဆွဲခေါ်လိုက်သည်။
မောင်က မဖြေ၍ ထိုလူဆိုတာသေချာသွားသည်။မောင့်ကိုပြန်မတောင်းပန်သည့်အပြင် မဆိုင်သလိုမျက်နှာထားနှင့်ကနေသော ထိုကောင်ရဲ့ခြေထောက်ကို လွှမ်းစေသူလည်းဆောင့်ကန်လိုက်သည်။
"ဟေ့ကောင် မင်းဘာလုပ်တာလဲကွ"
"မင်းကရော ခုနက ဘာလုပ်လိုက်တာလဲ မသိဘူးလား။"
လွှမ်းစေသူလည်း မျက်နှာကိုမော့လျက် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။အေးချမ်းမောင်ကတော့ အဲလေးကို ခါးမှဖက်ကာဆွဲခေါ်ပေမယ့် မရပေ။
"အဲ့ဒါမင်းအပူလား မင်းကိုခိုင်းမိတာဟုတ်လို့လား"
"ငါ့ကိုမခိုင်းမိလည်း ငါ့အစ်ကိုကိုခိုင်းမိတယ်လေ။မင်းကပြန်တောင်းပန်လို့လား"
လွှမ်းစေသူကတော့ ထိုလူကို ခပ်စူးစူးအကြည့်တွေနှင့်ကြည့်နေလိုက်သည်။မုံရွာမှာဆို ဒီကောင်ထောင်ထဲရောက်နေလောက်ပြီဟုလည်းတွေးမိလိုက်သည်။
"မင်းအစ်ကိုဟုတ်လား...ဘာညီအစ်ကိုလဲ ဘင်္ဂလားညီအစ်ကိုလား ဟား"
"ခွပ်...သောက်ကောင် ပါးစပ်ကိုပိတ်ထားစမ်း"
လွှမ်းစေသူလည်း ပြုံးနေသည့်ထိုပါးစပ်ကိုကြာကြာမထားပေ။လက်သီးနှင့်ပစ်ထိုးလိုက်ပြီး ဗိုက်ကိုဆောင့်ကန်လိုက်သည်။
"အဲလေး တော်တော့ ပြန်ကြစို့
လာ ငါ့စကားနားထောင်ပါ"
အေးချမ်းမောင်လည်း အဲလေးကိုအတင်းဆွဲခေါ်လိုက်တော့သည်။ကနေသည့်လူတွေက ဆက်မကရဲကြတော့ဘဲ အေးချမ်းမောင်တို့ကိုဝိုင်းကြည့်နေကြသည်။အဝေးတစ်နေရာမှခရာသံတွေကလည်း အေးချမ်းမောင်တို့ဘက်သို့ဦးတည်လာနေသည်။
"ဟေ့ကောင် အေးချမ်းမောင် ဘာဖြစ်တာလဲ"
"အာ ပြည့်ဖြိုးအတော်ပဲ
လာပါကွာ ငါ့ကိုကူပါဦး"
ပြည့်ဖြိုးနှင့်အေးချမ်းမောင်တို့လည်း လွှမ်းစေသူကို ဘေးတစ်ဖက်စီမှဆွဲလာခဲ့လိုက်တော့သည်။လွှမ်းစေသူကတော့ ထိုစကားကိုမကျေနပ်နိုင်သေးပေ။ထိုလူကိုလည်း ဒီထက်မကထိုးနှက်ချင်သေးသည်။
"တောက်..ခွေးသဒေါင်းစားကောင်..
ကျွန်တော့်ကိုလွှတ်..ကျွန်တော်မကျေနပ်သေးဘူး"
"အဲလေး တော်တော့လေကွာ
လူတွေများလာရင် မကောင်းဘူး။ပြန်ကြစို့ နော်"
"ဟုတ်ပါတယ် ငါ့ညီရာ အိမ်ပြန်လိုက်ပါတော့။ကိုယ့်ရွာမဟုတ်တော့ ပြသနာဖြစ်ရင်ကိုယ်ပဲခံရမှာ"
ပြည့်ဖြိုးလည်း ဝိုင်းပြီးဖြောင့်ဖျပေးလိုက်သည်။လွှမ်းစေသူကတော့ တရှူးရှူးတရှဲရှဲနှင့် ဒေါသထွက်နေသည်။
"ဆိုင်ကယ်ကို ငါပဲစီးခဲ့တော့မယ်
အဲလေးက နောက်ကနေလိုက်ခဲ့တော့"
အေးချမ်းမောင်လည်း ဆိုင်ကယ်ပေါ်တက်လိုက်သည်။
"ရတယ် ကျွန်တော်ပဲမောင်းခဲ့မယ်
ကျွန်တော်ဘာမှမဖြစ်ဘူး ရတယ်"
"အဆင်ပြေတာ သေချာလို့လား"
"အင်း သေချာတယ်"
လွှမ်းစေသူလည်း မောင့်ကိုဆိုင်ကယ်ပေါ်မှဆင်းခိုင်းလိုက်သည်။အေးချမ်းမောင်လည်း အဲလေးစိတ်တိုရင် တစ်ခုခုထပ်ဖြစ်မှာစိုး၍ ဆိုင်ကယ်ပေါ်မှဆင်းပေးလိုက်သည်။ပြည့်ဖြိုးကိုလည်း သွားလို့ရပြီဖြစ်ကြောင်းခေါင်းညိတ်ပြလိုက်သည်။ထို့နောက် အဲလေးနောက်မှာထိုင်လိုက်ပြီး အဲလေးရဲ့ခါးကို ညင်သာစွာဖက်လိုက်သည်။
"တင်းတင်းဖက်ထား"
လွှမ်းစေသူလည်း မဏ္ဍပ်မှထွက်ခွာခဲ့လိုက်ပြီး စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်သည်။
"အဲလေး ပြန်မှာလေ
ဘာလို့ဒီရှေ့မှာ ရပ်တာလဲ"
"မောင်ပြောတော့ လူကြီးတွေကန်တော့ဖို့ လိုအပ်တာတွေဝယ်မှာဆို"
"ေဩာ် အေးအေး"
အေးချမ်းမောင်လည်း ဆိုင်ထဲသို့ဝင်သွားလိုက်တော့သည်။လွှမ်းစေသူလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် ဒေါသတွေကို လေနှင့်အတူမှုတ်ထုတ်လိုက်သည်။မောင့်ရှေ့မှာဒေါသထွက်ပြနေတာက မောင့်ကို မလေးစားရာရောက်သည်မို့ လွှမ်းစေသူလည်း စိတ်ကိုဖြေလျှော့လိုက်သည်။ထို့နောက် မောင်နောက်သို့လိုက်သွားလိုက်တော့သည်။
"အဲလေး ဒီမုန့်လေး ဝယ်လိုက်ရမလား"
တစ်လုံးကိုငါးရာသာပေးရသော ကိတ်မုန့်လေးကို ကိုင်ရင်း အေးချမ်းမောင်လည်းမေးလိုက်သည်။
"အဲ့ဒီဟာ မဝယ်ပါနဲ့ ဟိုဘက်ကမုန့်ကိုဝယ်"
အေးချမ်းမောင်လည်း အဲလေးညွှန်ပြသည့်မုန့်ကိုကြည့်လိုက်သည်။မြင့်မြင့်ခင် ထိုးမုန့်ဖြစ်နေ၍ အေးချမ်းမောင်လည်း အဲလေးဘေးသို့တိုးလိုက်ပြီး လက်ထဲက တစ်ထောင်တန်လေးတွေကိုပြကာ ငွေမလောက်ကြောင်းပြောလိုက်သည်။လွှမ်းစေသူလည်း သူ့အင်္ကျီအိတ်လေးကိုပုတ်ပြလိုက်ပြီး ဝယ်ရန်သာမျက်စပစ်ပြလိုက်သည်။
ဝန်ထမ်းကောင်မလေးကတော့ အသံတိတ်ပြောနေကြသော လူနှစ်ယောက်ကိုကြည့်ပြီး ရောင်းရမှာလိုလို မရောင်းရမှာလိုလိုနှင့် ကြောင်အမ်းအမ်းကြီးဖြစ်နေသည်။
"ဘယ်နှစ်ယောက်ကန်တော့မှာလဲ"
လွှမ်းစေသူလည်း မောင်က ဆက်ငြင်းနေမှာစိုး၍ ဝယ်ပေးရန်ဆုံးဖြတ်လိုက်သည်။
"သုံးယောက်လေ ဘာလို့လဲ"
"အဲ့ဒီထိုးမုန့်ဘူး ၃ဘူး
အချိုရည်ဘူး ၃ကဒ် ပြီးတော့ ပဲခေါက်ဆွဲလည်း ၃ ကဒ်"
ဈေးကြီးတာတွေပဲမှာနေသော အဲလေးကို အေးချမ်းမောင်လည်း မဝံ့မရဲလေးကြည့်နေလိုက်သည်။ပိုက်ဆံမလောက်ရင်ဒုက္ခဟုလည်းတွေးပူနေမိသည်။လွှမ်းစေသူကတော့ ဘာမျှစိတ်မပူနဲ့ဟူသောသဘောဖြင့် မောင့်ကိုပြုံးပြလိုက်သည်။
"ရပါပြီရှင့်"
"K_payရှိလားဗျ"
"ရှိပါတယ်ရှင့်"
"အဲ့ဒါနဲ့ရှင်းမယ်"
မောင့်ရှေ့မှာပိုက်ဆံထုတ်မသုံးလိုက်ပေ။
"လာ သွားကြစို့"
လွှမ်းစေသူလည်း မောင့်လက်ကိုဆွဲပြီးထွက်လာခဲ့လိုက်သည်။ပစ္စည်းတွေကိုတော့ ဆိုင်ကယ်ရှေ့နှင့် ခြင်းထဲမှာထားလိုက်သည်။
"အဲလေး ပိုက်ဆံမရှင်းရသေးဘူးမို့လား"
"ရှင်းပြီးပြီလေ လာ ပြန်ကြစို့"
လွှမ်းစေသူလည်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဘာနဲ့ရှင်းလိုက်တာလဲ"
"မောင်ကလေ အရမ်းလေပေါတာပဲ
ကျွန်တော့်ခါးကိုသေချာဖက်ထားနော် ကျနေလိမ့်မယ်"
အဲလေးက မဖြေချင်မှန်းသိ၍ အေးချမ်းမောင်လည်းဆက်မမေးတော့ပေ။
အဲလေးရဲ့ခါးလေးကိုသာဖက်ထားလိုက်တော့သည်။
"အဲလေး ရှေ့နားက ခြံလေးရောက်ရင် ရပ်ပေးဦးနော်"
"ဟမ် ဘာဝယ်စရာရှိသေးလို့လဲ"
"ငှက်ပျောသီးဝယ်မလို့လေ
အဲလေးပဲ ဝယ်ရသေးတာ ငါကမဝယ်ရသေးဘူးလေ"
"မောင်ကလည်း အဲ့လိုကြီး မပြောပါနဲ့
မောင်နဲ့ကျွန်တော်က အတူတူပဲကို"
"အဲ့လိုမဟုတ်ပါဘူး ငါလည်း ငါ့လုပ်အားလေးပါချင်ရုံပါ"
"ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်"
"အင်း"
"ဟာ..ဝယ်စရာတစ်ခုမေ့နေခဲ့ပြီ"
"ဟမ် ဘာမေ့နေတာလဲ အဲလေး"
ဆိုင်ကယ်စီးရင်း အလန့်တကြားပြောလာသော အဲလေးကိုမေးလိုက်သည်။ဆိုင်မှာ သူချည်းပဲရွေးဝယ်နေ၍ဒါကိုဘာမေ့နေသည်မသိပေ။လွှမ်းစေသူလည်း ဆိုင်ကယ်ကိုပြန်ကွေ့လိုက်ပြီး စတိုးဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်သည်။
"မောင်
ဒီနားမှာပဲ စောင့်နေနော်
ကျွန်တော်ပြန်လာခဲ့မယ်"
လွှမ်းစေသူလည်းဆိုင်ထဲသို့အမြန်ပြေးဝင်သွားလိုက်တော့သည်။
"SIM cardနှစ်ခုပေးပါဗျ"
"ဘာကဒ်ရချင်လဲရှင့်"
"ဘာကဒ်နေနေရတယ် နံပါတ်လှရင်ပြီးရော"
လွှမ်းစေသူလည်း နံပါတ်လှလှနှစ်ကဒ်ကိုရွေးလိုက်သည်။စိတ်တိုင်းကြကဒ်လေးကိုတွေ့သည်နှင့် ဝယ်လာခဲ့လိုက်သည်။
ထိုကဒ်လေးတွေကို ပိုက်ဆံအိတ်ထဲ သေချာထည့်လိုက်ပြီး မောင့်ဆီပြေးလာခဲ့လိုက်သည်။
"ရပြီ မောင်
သွားကြစို့"
"အဲလေး ဘာဝယ်ခဲ့တာလဲ"
"ပြန်ရောက်ရင် ပြောပြမယ်"
"အခုပြောတော့ဘာလို့လဲ"
"မောင်ကလည်း...အဲ့လိုမမေးရဘူးလေ
အဲ့ဒါဆို ပြီးတာပဲ လို့ပြောရမှာ ဟဲဟဲ"
"စကားအတော်တတ်နေတယ်ပေါ့လေ ဟုတ်လား"
အေးချမ်းမောင်လည်း အဲလေးရဲ့ဗိုက်ကလေးကိုပွတ်သပ်ပြီး စ လိုက်သည်။
"အား..မောင် ယားတယ်နော်
မလုပ်နဲ့ ဆိုင်ကယ်လဲသွားလိမ့်မယ်"
နောက်ဆုံးတော့ ဒီလူသားလေးရဲ့အားနည်းချက်ကို အေးချမ်းမောင်သိလိုက်ရသည်။ငှက်ပျောခြံသို့ရောက်သည်နှင့် အေးချမ်းမောင်နှင့်လွှမ်းစေသူလည်း ခြံလေးထဲသို့ဝင်သွားလိုက်တော့သည်။ငှက်ပျောသီးတွေ အခိုင်လိုက်သီးနေသော ငှက်ပျောခြံကြီးကို လွှမ်းစေသူလည်းကြည့်နေလိုက်သည်။ထို့နောက် ဖုန်းလေးထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်သည်။
"လူလေးတို့ ငှက်ပျောသီးလာဝယ်ကြတာလား"
"ဟုတ်ပါတယ် ဦးကြီး
တစ်ဖီးဘယ်လောက်လဲခင်ဗျ"
"တစ်ဖီး ၅၀၀ပါ"
"ဟုတ်ကဲ့ ပင်မှည့်ပဲပေးလို့ရလားခင်ဗျ
လူကြီးတွေအတွက်မို့ပါ"
"အေးအေး ရတယ်နော်
ငါသွားယူလိုက်ဦးမယ်
ဒါနဲ့ဘယ်နှစ်ဖီးရချင်တာလဲ"
"သုံးဖီးပါခင်ဗျ"
"အေးအေး ခဏထိုင်စောင့်ကြဦး"
"ဟုတ်ကဲ့ခင်ဗျ"
အေးချမ်းမောင်လည်း ငှက်ပျောပင်တွေကိုကြည့်နေသော အဲလေးကို လက်ဆွဲခေါ်လာလိုက်သည်။ထို့နောက် ကြိမ်နှင့်လုပ်ထားသော ထိုင်ခုံပုဝိုင်းလေးတွေပေါ်မှာထိုင်လိုက်သည်။
လွှမ်းစေသူကတော့ သစ်သားတွေနှင့်ဆောက်ထားသော အိမ်လေးကိုလည်းကြည့်နေလိုက်သည်။အထဲမှာနေရတာ အဆင်ပြေမပြေတော့မသိပေ အပြင်ကကြည့်ရတာတော့သေသေသပ်သပ်ရှိလှသည်။မူးရိုးဘေးက မြေနိမ့်ပိုင်းမှာအိမ်ဆောက်ထားတာ၍ အိမ်ထဲက တမာပင်ကြီးက မူးရိုးဘောင်ရဲ့အထက်မှာ အနည်းငယ်သာပေါ်နေသည်။မိုးရာသီဖြစ်ပါက ဒီအိမ်ထဲကိုရေဝင်နိုင်သည်။လွှမ်းစေသူလည်း အိမ်လေးရဲ့ပုံစံကိုလေ့လာနေလိုက်သည်။
"ရပြီ လူလေး"
"ကျေးဇူးပါခင်ဗျ"
အေးချမ်းမောင်လည်းငှက်ပျောသီးဖိုးရှင်းလိုက်ပြီး အအမ်းယူလိုက်သည်။
"အဲလေး ပြန်ကြစို့လေ"
ပတ်ဝန်းကျင်သစ်တစ်ခုပမာ အကုန်လုံးကိုသေချာလိုက်ကြည့်နေသော အဲလေးကို အေးချမ်းမောင်လည်း ပြန်ရန်ပြောလိုက်သည်။
"ဟုတ်"
မောင့်အသံကြားမှလွှမ်းစေသူလည်းပြန်ရန်သတိရတော့သည်။မောင့်ဆီက ငှက်ပျောဖီးလေးတွေကိုကူသယ်ပေးရင်း ဆိုင်ကယ်ရှိရာသို့ဦးတည်လာခဲ့တော့သည်။ထို့နောက် လွှမ်းစေသူတို့်လည်း ရွာသို့ဦးတည်ကာပြန်လာခဲ့တော့သည်။
"အဲလေး ဗိုက်ဆာပြီလား"
"မဆာသေးပါဘူး ဘာလို့လဲ မောင်က ဆာနေပြီလား"
"ငါလည်း မဆာသေးပါဘူး
တကယ်လို့အဲလေးဆာရင် အသုပ်ဆိုင်တစ်ဆိုင်မှာဝင်စားခိုင်းမလို့လေ"
"ကျွန်တော်က မဆာသေးပါဘူး
တဲရောက်မှ မောင့်လက်ရာစားမှာ"
တကယ်တော့ လမ်းဘေးဆိုင်တွေမှာစားရတာကို လွှမ်းစေသူသဘောမကျပေ။စိတ်မသန့်ဟုပြောလျှင်ပိုမှန်လိမ့်မည်။
"အေးပါ အဲ့ဒါဆိုလည်း ပြီးတာပဲ"
"ဟုတ်ကဲ့"
စိုင်ပြင်နှင့်သပိတ်လဲရွာကြား မူးရိုးမှာ ရေပက်အဖွဲ့မရှိပေ။သပိတ်လဲအဝင်က မူးရိုးဘောင်ပေါ်မှာသာရှိသည်။ယခုလည်း ရေပက်အဖွဲ့တွေမရှိ၍လွှမ်းစေသူလည်းစိတ်ချမ်းသာနေသည်။အဝတ်စားတွေကလည်း အနည်းငယ်ဖန့်နေပြီ။ရွာအဝင်က ကလေးတစ်သိုက်ကိုတော့ ရေကုန်နေပါစေဟုသာ မေတ္တာပို့လိုက်တော့သည်။
"အဲလေး ရွာထဲတန်းဝင်ရအောင်နော်
ပြီးမှလာရင် ရေနှစ်ခါစိုနေလိမ့်မယ်"
"ဟုတ်ကဲ့
ဘယ်သူ့အိမ်အရင်သွားမှာလဲ"
"အမေတို့ဆီအရင်သွားလိုက်
ပြီးမှ အဘွားတို့ဘက်သွားရအောင်"
"ဟုတ်ကဲ့ မောင်"
"ေဩာ် ဒီကလေးတွေနဲ့ပြန်တွေ့ရဦးမယ်"
လွှမ်းစေသူလည်း ရွာအဝင်တွင်စောင့်နေမည့်ကလေးတစ်သိုက်ကိုမြင်ယောင်ရင်းသက်ပြင်းချလိုက်တော့သည်။ဒီတစ်ခါတော့ သီလဆန်လည်းမပါသလို ပန်းကန်ပြားလည်းပါမလာပေ။ဆိုင်ကယ်နှင့်တိုက်ရန်သာရှိသည်။
"အဲလေး ရှေ့မှာကလေးတွေနော်
ဆိုင်ကယ်ရပ်ပေးလိုက် ကြားလား"
အရင်တစ်ခါက ရေလောင်းချင်ရှာ၍ သူတို့မှာထိုင်ကန်တော့ကြသည်။ဒီတစ်ခါတော့ အဲလေးကိုရေလောင်းခံခိုင်းလိုက်တော့သည်။ဆို်င်ကယ်နှင့်တိုက်မယ်လို့တော့ ဒီကလေးမပြောလောက်ပါဘူးဟုလည်း မဝံ့မရဲတွေးမိပြန်သေးသည်။
"ဟေး...ဟိုတစ်ခါက လူကြီးဟေ့
အတိုးချလောင်းမယ် လာကြ လာကြ"
လွှမ်းစေသူရဲ့ဆိုင်ကယ်ရပ်လိုက်သည်နှင့် ကလေးတွေလည်း ရေဖလားဆိုဒ်စုံ ရေပိုက်မျိုးစုံကိုင်ကာချီတက်လာကြသည်။ထို့နောက် လွှမ်းစေသူရဲ့ ဆိုင်ကယ်ကိုဝိုင်းထားလိုက်ကြတော့သည်။
"ဟေ့ ဟေ့ နေဦး"
လွှမ်းစေသူလည်း လက်ကလေးနှစ်ဖက်ကိုရှေ့တန်းကာတားလိုက်သည်။ကလေးတွေကတော့ လွှမ်းစေသူရဲ့အမူအရာကိုကြည့်ပြီး သူတို့အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်ကြသည်။ထို့်နောက်...
"ခေါက်စရာ ပန်းကန်ပြား မပါဘူးဟေ့"
ကလေးတွေလည်းသံပြိုင်အော်ကာ လွှမ်းစေသူကိုရေနှင့်ပက်လိုက်ကြတော့သည်။လေးဘက်လေးတန်က ဝိုင်းပြီးရေပက်နေကြ၍ လွှမ်းစေသူမှာ အသက်ရှူချိန်တောင်မရပေ။
"ထွီ...တော်တော့ဟ..မင်းတို့ရေတွေက ငါ့ပါးစပ်ထဲဝင်ကုန်ပြီ"
"ဟားဟား....အခုရေတွေက ဟိုမြောင်းထဲက ခပ်လာတာ ဟားဟား"
ကလေးတွေရဲ့စကားကြောင့် လွှမ်းစေသူရော အေးချမ်းမောင်ရော ကလေးတွေညွှန်ပြသည့်မြောင်းလေးကို ကြည့်လိုက်ကြသည်။
အေးချမ်းမောင်ကတော့ ထိုနေရာကိုကြည့်ပြီး ရယ်နေပေမယ့် လွှမ်းစေသူကတော့ဒေါသတွေအလိပ်လိပ်တက်လာသည်။
လယ်ကွင်းထဲမှစီးကျလာသောရေတွေကိုကြည့်ပြီး လွှမ်းစေသူလည်း ပျို့ချင်လာသည်။
"သေနာလေးတွေ ပြေးကြစမ်း
ငါ့ဆိုင်ကယ်နဲ့လိုက်တိုက်မယ်"
လွှမ်းစေသူလည်း ဆိုင်ကယ်စက်နှိုးလိုက်တော့သည်။
"ဟေ့ကောင်တွေ ပြေးဟေ့ ပြေးဟ"
ကလေးလေးတွေကလည်း သူတို့ရဲ့ကလေးဗိုလ်ကြီးကိုကြောက်၍ ပြေးလိုက်သည်မှာ တင်ပါးနှင့်ဖဝါး တစ်သားတည်းလားတောင်အောက်မေ့ရသည်။
"အဲလေးရယ် ကလေးတွေနဲ့တုမနေပါနဲ့တော့
ရွာထဲကိုပဲ ဆက်သွားကြစို့်နော်"
"မောင်ကလည်း သူတို့လုပ်တာလွန်တယ်လေ
ရွှံ့ပုပ်ရေတွေနဲ့ပက်စရာလား"
"အဲလေးကလည်း ကလေးတွေပြောတိုင်းယုံနေတာပဲ။သူတို့််က စတာပါ။ဟိုမှာကြည့်လေ သူတို့ပက်ဖို့ ရေစည်ပိုင်းရှိတယ်"
အေးချမ်းမောင်လည်း ရေပေပါကိုညွှန်ပြလိုက်သည်။
"ဟုတ်သားပဲ ကလေးစုတ်တွေ ငါ့ကိုဂျင်းထည့်သွားတယ်"
"အတူတူပဲ ကျေပြီထားလိုက်တော့။
အခုတော့ ရွာထဲကိုသာ အရင်မောင်းပါတော့ အဲလေးရယ်"
"ဟုတ်ကဲ့ပါ...
ကျွန်တော်လည်း မောင်နဲ့အတူတူကန်တော့မယ်နော်"
"အေးအေး"
လွှမ်းစေသူနှင့် အေးချမ်းမောင်လည်း ရွာထဲသို့မောင်းနှင်လာခဲ့လိုက်သည်။ရွာထဲရောက်တော့လည်း ရေပက်အဖွဲ့တွေနှင့်တိုးပြန်သည်။ဒီတစ်ခါတော့ ဆိုင်ကယ်ရပ်မပေးတော့ပေ။ထို့နောက် လယ်ကွင်းတွေကြားထဲက လယ်ကန်သင်းရိုးလေးပေါ်မှာ ဆိုင်ကယ်ကို မရရအောင်စီးလိုက်သည်။
"အဲလေး ရလား
မရရင် ဒီနားမှာပဲရပ်ထားခဲ့လိုက် ခြေလျင်ဆက်သွားရအောင်"
"ရပါတယ် မောင်သာသေချာကိုင်ထား"
လွှမ်းစေသူလည်း နိမ့်ချည်တစ်ခါမြင့်ချည်တစ်လှည့် ကွေ့ကောက်ပေါင်းစုံနေသည့်လမ်းလေးကိုကြိုးစားပြီးစီးလာခဲ့လိုက်သည်။သိပ်မကြာခင်မှာပင် မောင့်မိဘတွေဆီသို့ရောက်ရှိသွားတော့သည်။အေးချမ်းမောင်လည်း ကန်တော့စရာပစ္စည်းတွေကိုယူလာခဲ့လိုက်သည်။
အဖေကတော့ ဆေးလိက်သောက်နေသည်။အမေကတော့ ဆန်ပြာလျက်ပင်။
"ေဩာ် ငါ့သားတို့ ရေတွေစိုနေကြတာပါလား
လာ ထိုင်ကြဦး"
"ရပါတယ် အဖေ
အဖေနဲ့အမေကို လာကန်တော့တာပါ"
"အလကားနေရင်း ပိုက်ဆံကုန်အောင်လို့ ဒါတွေကိုဝယ်လာနေတယ်။ဒီတိုင်းကန်တော့လည်းရပါတယ်"
ဒေါ်သောင်းကြည်လည်း ဆန်ဗန်းလေးကိုဘေးသို့ချလိုက်သည်။ထို့နောက် သားဖြစ်သူရဲ့လက်ထဲကပစ္စည်းတွေထည့်ဖို့ မီးဖိုထဲမှာသွားပြီး လင်ဗန်းလေးယူလာခဲ့လိုက်သည်။ပစ္စည်းတွေကို လင်ဗန်းထဲမှာထည့်လိုက်သည်။
"ဇော်ထူး နင်ပဲကန်တော့ခံလိုက်"
"လာပါကွာ မင်းလည်းလာထိုင်လေ
သားက ကန်တော့ချင်နေတာကို ကန်တော့ခံလိုက်ပါ"
ဒေါ်သောင်းကြည်လည်း ခင်ပွန်းဖြစ်သူကခေါ်နေ၍ သူ့ဘေးမှာဝင်ထိုင်လိုက်သည်။ကန်တော့မခံချင်၍မဟုတ်ပေ။ဆုမပေးတတ်သောကြောင့်ဖြစ်သည်။တဖြည်းဖြည်းနှင့် အရွယ်ရောက်လာသည့်သားကို ပြန်ကြည့်ရင်းလည်း ဝမ်းသာပီတိမျက်ရည်ကျရပြန်သည်။
လွှမ်းစေသူလည်း မောင့်ဘေးမှာ ဒူးလေးတုပ်လျက်ဝင်ထိုင်လိုက်သည်။
"သားလည်း ကန်တော့မယ်နော်"
ဦးဇော်ထူးနှင့်ဒေါ်သောင်းကြည်တို့လည်း ကလေးနှစ်ယောက်ကို ခေါင်းညိတ်ပြလျက် ကန်တော့ရန်ခွင့်ပြုလိုက်တော့သည်။
"သာဓု သာဓု သာဓုကွယ်
အသက်ရှည်ပါစေ ဘုန်းကြီးကြပါစေကွယ်
ခလုတ်မထိစူးမငြိကြပါစေနဲ့"
ဦးဇော်ထူးလည်း ကလေးတွေကို ဆုပေးလိုက်သည်။ဒေါ်သောင်းကြည်ကတော့ ဘေးကနေပြုံးလျက်သာ ခေါင်းညိတ်ပြနေလိုက်သည်။
"ပေးတဲ့ဆုနဲ့ပြည့်ပါရစေ"
အေးချမ်းမောင်တို့လည်း အဖေနှင့်အမေကိုကန်တော့ပြီး ထလိုက်သည်။
"ထိုင်ကြဦး စားစရာတစ်ခုခု သွားယူလိုက်ဦးမယ်"
ဒေါ်သောင်းကြည်လည်း ကန်တော့ထားသည့်ပစ္စည်းလေးတွေကိုသိမ်းရင်း မီးဖိုထဲသို့ဝင်သွားသည်။ကိုယ်တိုင်ကြော်ထားသည့် မုန့်ပဲခွေလေးတွေကို ပန်းကန်ပြားထဲမှာထည့်ပြီး ယူလာခဲ့လိုက်သည်။
"ကောင်လေး စားဦးနော်"
"ဟုတ်ကဲ့ဗျ"
"အမေကလည်း ဧည့်သည်မှတ်လို့ မုန့်တွေတည်နေစရာမလိုပါဘူး"
"ဟဲ့ နင့်တည်တာမဟုတ်ဘူးလေ။
ဒီကောင်လေးကိုတည်တာ နင်ကတော့စားချင်စား မစားချင်နေ"
ဒေါ်သောင်းကြည်နှင့် အေးချမ်းမောင်တို့ရဲ့တိုက်ပွဲက စ နေပြီ။ဦးဇော်ထူးကတော့ ထုံးစံအတိုင်းပွဲကြည့်ပရိတ်သတ်ပင်။လွှမ်းစေသူကတော့ မောင်တို့မိသားစုလေးကိုကြည့်ပြီး ပြုံးနေလိုက်သည်။
"အမေကလည်း ကျုပ်က ဒီတိုင်းပဲပြောမိတာလေးကို။စားမှာပါ့ ကိုယ့်အမေလက်ရာကို"
အေးချမ်းမောင်လည်း အမေ့ကိုပြုံးလျက်ပြောလိုက်ပြီး မုန့်ပန်းကန်ထဲက မုန့်လေးတစ်ချပ်ကို လှမ်းယူစားလိုက်သည်။
"တောက်တယ်ဟေ့ မကြီးမငယ်နဲ့ အဲ့လိုကြီးလုပ်မနေစမ်းနဲ့"
ပက်ချွဲကပ်ချွဲလုပ်နေသော သားကို ဒေါ်သောင်းကြည်လည်း မျက်စောင်းလေးထိုးလိုက်သည်။အေးချမ်းမောင်ကတော့ အမေ့ကိုပြုံးပြလိုက်သည်။
"အမေ့ဆီလည်း သွားဦးမှာမို့လား"
"ဟုတ်တယ်အဖေ ဒီကနေ အဘွားတို့ဆီသွားတော့မှာ"
"ကိုကြီးတို့အတွက်ရော ပါပြီလား"
"ဟုတ်
ပါပါတယ် အဖေ"
"အေးအေး အဲ့ဒါဆို သွားတော့လေ
ငါတို့တဲက ခဏနေရင် အသောက်သမားတွေလာတော့မှာ"
"ဟုတ်ကဲ့
အဖေနဲ့အမေ ကျုပ်တို့ပြန်ပြီနော်"
လွှမ်းစေသူနှင့် အေးချမ်းမောင်တို့်လည်း တောထဲမှထွက်လာခဲ့လိုက်ပြီး အဘွားတို့အိမ်သို့ဦးတည်သွားလိုက်တော့သည်။
"ဟေး...ကိုကြီးတို့လာပြီဟေ့ ရေလောင်းမယ် ရေလောင်းမယ်"
အေးမြတ်မွန်လည်းထဘီကို မ လျက်ကျောက်ခွက်ဆီသို့ဒုန်းဆိုင်းပြေးသွားတော့သည်။ရေခွက်နှင့်ရေခပ်လာပြီး ကိုကြီးဘေးမှာ ရပ်လိုက်သည်။
"ကိုကြီးက အကြီးဆိုတော့ ကိုကြီးကိုရေအရင်လောင်းမယ်"
"နောက်မှလောင်းပါ အဲအဲရယ်
ငါက အဘွားကို ကန်တော့ရဦးမှာ"
"မရဘူး လောင်းမှာလောင်းမှာပဲ"
"ဟဲ့ မိအဲ လာခဲ့စမ်း
ရေလောင်းချင်ရင် ပြီးမှလောင်းပါ့လား"
ဒေါ်မြဝင်းလည်း လှမ်းအော်လိုက်သည်။အေးချမ်းအောင်လည်း ကိုကြီးတို့နားသွားကာ အဲမနှင့်အတူတူ ရပ်လိုက်သည်။
"ဟယ်..ကိုကြီးလည်ပင်းက ဘာကြီးတုန်း"
**********************************
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်💙💙💙
(စာမူစစ်ပြီးချိန် 11.4.2022)