အပိုင်း(၂၁)
2.4K 193 5
"ဟယ်..ကိုကြီးလည်ပင်းက ဘာကြီးတုန်း"
အေးမြတ်မွန်ရဲ့အလန့်တကြားစကားကြောင့် အေးချမ်းအောင်လည်း ကိုကြီးလည်ပင်းကိုကြည့်လိုက်သည်။အစပိုင်းတော့ နီညိုရောင်အကွက်ကြီးဟုသာမြင်သည်။ဘာဖြစ်ထားမှန်းမသိပေ။သေချာစိုက်ကြည့်လိုက်မှ အေးချမ်းအောင်လည်း ရိပ်မိသွားသည်။
ကိုကြီးရဲ့ဘေးက လွှမ်းစေသူကိုကြည့်လိုက်တော့ ဘာမျှမသိသလိုမျက်နှာပေးနှင့်တောင်ကြည့်မြောက်ကြည့်လုပ်နေ၍ အေးချမ်းအောင်လည်း သိသွားသည်။
"သေနာကောင် ငါ့ကိုကြီးကို ဘယ်လောက်တောင်စားပြီးပြီလဲ မသိဘူး"
အေးချမ်းအောင်လည်း လွှမ်းစေသူကိုစိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။
"ဟမ်..ငါ့လည်ပင်းမှာဘာဖြစ်လို့လဲ"
အေးချမ်းမောင်ကတော့ ဘေးနားက ညီဖြစ်သူကိုမေးလိုက်သည်။အေးချမ်းမောင်ကတော့ အဲအဲက ဘာကိုပြောနေမှန်းမသိသေးပေ။
"ကိုကြီးရဲ့လည်ပင်းမှာ အကွက်ကြီးထင်နေတာလေ။အဲ့ဒါက ဘာဖြစ်တာလဲလို့မေးတာ"
အေးချမ်းအောင်ကတော့ လုပ်တုန်းကလုပ်ပြီးပြန်မဖုံးထားသည့် ကိုကြီးကိုလည်း ငြူငြူစူစူလေးပြောလိုက်သည်။ရေလောင်းမယ့်အေးမြတ်မွန်ကလည်း ရေလောင်းဖို့ထက် ကိုကြီးလည်ပင်းက အကွက်ကြီးကိုပိုစိတ်ဝင်စားနေ၍ ရေခွက်လေးကိုင်လျက် ကိုကြီးစကားကိုသာစောင့်စားနေလိုက်သည်။
"ဟမ်..ဟုတ်လား ဘယ်နားလဲ"
အေးချမ်းမောင်ကတော့ လည်ပင်းလေးကိုစင်းကာ ညီဖြစ်သူကို နေရာပြခိုင်းလိုက်သည်။
"ဒီကိုကြီးနဲ့လည်း ဒုက္ခပဲ
ငလွှမ်းရေ အကောင်ကိုက်တဲ့နေရာလေး ပြလိုက်ပါဦး"
ရိုးလွန်းသည့်ကိုကြီးနှင့်စားဖို့သာချောင်းနေ​​သောသူငယ်ချင်းနှင့်တော့ ဟုတ်နေသည်။ဟိုကလည်း မသိမသာစား ဒီကလည်း ဘာမှမသိ။အေးချမ်းအောင်ကပဲရှေ့မျက်နှာ နောက်ထားပေးရတော့မလိုပင်။အေးချမ်းအောင်လည်း လွှမ်းစေသူကို ဘုကြည့်လေးကြည့်ပေးလိုက်သည်။
"ဒီနားလေးလေ မမှတ်မိတော့ဘူးလား.."
လွှမ်းစေသူလည်း မောင့်ရှေ့မှာရပ်လိုက်ပြီး တဲထဲမှာနမ်းခဲ့သည့်ပုံစံအတိုင်း မောင့်လည်တိုင်နားလေးကိုကပ်ပြီး ပြောလိုက်သည်။ထိုနေရာလေးကိုလည်း မောင့်လက်နှင့်ထိစေလိုက်ပြီး မောင့်ကို နှုတ်ခမ်းလေးသပ်ပြလိုက်သည်။