အပိုင်း(၁၀)
3.8K 261 6
"ဟမ်...."
လွှမ်းစေသူကတော့ အစ်ကို့ကိုတမေ့တမြောငေးနေကာ သာယာမိနေပြီး အစ်ကိုနှုတ်မှစကားကိုစောင့်စားနေမိသည်။ရေချိုးပြီးပြီလားဟူသော အစ်ကို့မေးခွန်းကြောင့် လွှမ်းစေသူကြောင်သွားရသည်။
အေးချမ်းမောင်လည်း ဖြူစင်နေသည့်အဲလေးရဲ့မျက်နှာကို ကိုင်ချင်လာ၍ ကိုင်လိုက်မိပြီး နှုတ်မှ အလိုလိုခေါ်မိသွားသည်။သိလိုက်ရသည့်အချိန်မှာအဲလေးကထူးနေပြီမို့ ဘာပြောရမလဲမသိတော့သည့်အဆုံး ရေချိုးပြီးပြီလားဟုသာမေးလိုက်သည်။
ထို့နောက် အေးချမ်းမောင်လည်း အဲလေးရဲ့မျက်နှာပေါ်မှလက်ကိုပြန်ရုပ်သိမ်းဖို့လက်ကိုနောက်ဆုတ်လိုက်သည်။သို့ပေမယ့် အဲလေးရဲ့လက်က ဖယ်မပေးဘဲ အေးချမ်းမောင်ရဲ့လက်ကိုအားနှင့်ဖိထား​လေသည်။
"အစ်ကို ဒီတိုင်းလေးငြိမ်ငြိမ်နေနော်"
လွှမ်းစေသူလည်း အစ်ကို့ရဲ့လက်ကိုလွှတ်ပေးလိုက်သည်။ထို့နောက် ဝါးကွပ်ပျစ်ပေါ်လှဲအိပ်နေသည့် အစ်ကို့ကိုလွှမ်းစေသူလည်းလက်နှစ်ဖက်နှင့်ထောက်ကာအပေါ်မှအုပ်မိုးကြည့်လိုက်သည်။အကြည့်ဆုံသည်နှင့် အစ်ကို့ကို အချိုသာဆုံးပြုံးပြလိုက်လေသည်။
"အဲ..အဲလေး ဘာလုပ်မလို့လဲ"
အေးချမ်းမောင်လည်း အဲလေးက အပေါ်မှအုပ်မိုးကြည့်နေသည့်အပြင် အဲလေးရဲ့လက်နှစ်ဖက်ကလည်း ဘေးတစ်ဖက်တစ်ချက်စီ၌ထောက်ထား၍ မလှုပ်သာဘဲ ငြိမ်ငြိမ်လေးနေနေရသည်။အဲလေးကတော့ ပြုံးပြုံးကြီးကြည့်နေသည်။ထို့နောက် အဲလေးမျက်နှာက ရှေ့သို့ဖြည်းဖြည်းချင်းတိုးလာသည်။
အေးချမ်းမောင်လည်း အဲလေးဘာလုပ်မလဲဆိုတာ ရင်တထိတ်ထိတ်နှင့်သာကြည့်နေလိုက်သည်။ထို့နောက်အဲလေးရဲ့နှုတ်ခမ်းက အေးချမ်းမောင်ရဲ့နှုတ်ခမ်းနှင့်ထိလုဆဲဆဲ၌ရပ်သွား​လေသည်။အေးချမ်းမောင်လည်း မျက်လုံးကိုမှိတ်ကာ ကိုယ့်နှုတ်ခမ်းကိုပြန်ကိုက်ထားလိုက်သည်။
လွှမ်းစေသူလည်း မျက်လုံးစုံမှိတ်ကာအံကြိတ်နေသော အစ်ကို့ကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်သည်။ထို့နောက် အစ်ကို့ရဲ့ပါးပေါ်မှခြင်ကောင်လေးကို လေနှင့်အသာမှုတ်လိုက်သည်။ခြင်ကောင်လေးပျံသွားသည်နှင့် အနည်းငယ်သာကွာဝေးနေသောအစ်ကို့ပါးလေးကိုကြည့်လိုက်သည်။လွှမ်းစေသူလည်း မျက်လုံးလေးကိုအသာမှိတ်ကာ အစ်ကို့ပါးလေးကို နှုတ်ခမ်းနှင့်ထိရုံမျှသာနမ်းလိုက်သည်။