ဝမ်ချိုချိုလေး

By hninsattmahar

102K 8.6K 634

စိတ်ကူးရသလောက်ချိုချင်ပါတယ် More

ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.25
ep.26
ep.27
စျေးဗန်း
အပိုင်း.၂၈ (ဇာတ်သိမ်းပိုင်း)

ep.24

2.3K 236 19
By hninsattmahar

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၂၄)

တစ်ပတ်ကြီးတောင် ခွဲနေရတာ ဦး ကအိမ်ရောက်နေပြီဆိုတော့ အမြန်လာခဲ့လိုက်တယ်။စချင်တာမို့ အသံမပေးပဲအိမ်ထဲခြေလှမ်းဖွဖွလေးဝင်လာတော့ ဖိုးဖိုးနဲ့ဦးက ဧည့်ခန်းထဲမှာ အခွေကြည့်နေကြတယ်။ဘာတွေများစိတ်တူကိုယ်အတူကြည့်နေကြလည်းသိချင်တာမို့ အသာရပ်ကြည့်နေတော့....
ကျွန်းမှာသူတွေ့ခဲ့တဲ့ တိုင်းရင်းသားအဖွားအို။ဒီအဖွားကနာမည်ကြီးနေတာလား ။

"အဖွားဘာမှမသိပါဘူး ရှေ့ဖြစ်နောက်ကြောင်းလည်း မဟောနိုင်ပါဘူး အဲ့တုန်းက မိန်းကလေးလီအကူညီတောင်းလို့ လုပ်ပေးခဲ့တာပါ...သူတို့သားမိက အဖွားသားလေးအပေါ်ကျေးဇူးရှိလို့ သူတို့ပြောခိုင်းတဲ့အတိုင်းပြောပေးရုံပါပဲ...အဲဒါမှသူ့တူလေးအန္တာရယ်ကင်းမယ်ဆိုလို့ အဖွားစေတနာနဲ့ကူညီခဲ့တာပါ''

"ကျေးဇူးတင်ပါတယ်အဖွား ဒီလောက်ဆိုရပါပြီ ကျွန်တော့်ကိုခွင့်ပြုပါဦး''

Videoလေးက ပြီးဆုံးသွားပါပြီ မပြီးသေးတာက သူ့ရင်လှိုင်းထခုန်နေတာပဲ။တခုခုပေါက်ကွဲသွားသလို ဖန်ပန်းကန်လေး လန့်ပြီးကွဲသွားသလို သူ့နှလုံးသားလေးဖျတ်ကနဲကွဲကြေသွားတယ် နေရာကမရွေ့နိုင်တော့။ 

"ဟင်...ရိပေါ်ရောက်လာပြီလား.''

"မြေး...video မြင်သွားပြီလား''

"ဖိုးဖိုး''

သူ့အဖိုးကိုပြေးဖက်လို့ ငိုနေပေပြီ တကယ့်ကလေးပေါက်စလေးပဲ။

"ဖိုးဖိုး ရိပေါ် ရိပေါ်အကြာကြီး အီးဟီး....
အကြာကြီးခံစားခဲ့ရတာ အိမ်မပျော်တဲ့ညတွေရှိတယ် လန့်နိုးတဲ့ညတွေရှိတယ်..''

"အင်း...အင်း...ဖိုးဖိုးသ်ိတယ်''

"ဒေါ်လေးလီတမင်လုပ်တာပေါ့ ရိပေါ်ကိုဘာလို့အဲလောက်တောင်ရက်စက်ရတာလဲ ရိပေါ်သူ့ကိုဘာလုပ်မိလို့လဲ ''

ဝမ်ကျိုးချန်မှာ ပြောစရာစကားတို့ဆွံအလို့ ငွေပေါ့မြေးရယ် ငွေကြောင့်ဆွေးမျိုးရင်းချာလုပ်ရက်တာလို့ ပြောမထွက်။
ငိုနေတဲ့မြေးကို ကျောလေးပုတ်ပေးပြီးချော့နေပုံက ကလေးပိစိလေးလို။ ဒီအဖိုးနဲ့ဒီမြေးကလိုက်လည်းလိုက်ပါ့။သူ့အဖိုးရှေ့ဆို ကလေးဖြစ်သွားတာပဲ။
.
"ဦးကိုသနားလိုက်တာ ...လက်ထပ်ရအောင်ပြောတိုင်း ရိပေါ်က.ငြင်းနေမိတာ...ဦးသနားပါတယ်နော် အသက်ကကြီးပြီလေ အရွယ်မလွန်ခင် လက်ထပ်ချင်ရှာမှာပေါ့ ''

ဘာ သူသနားပုံကြီးက ကြုံတုန်းလေးဆိုပြီး နှိပ်ကွတ်နေတာလား မသဲကွဲဘူး။ ငိုနေတဲ့ရိပေါ်ကို ဖိုးဖိုးကပခုံးပုတ်ပြီး ရှောင်ကျန့်မအီမလယ်ဖြစ်နေပုံကို ပြမှ လှည့်ပြီးစကားပြောတယ်။

"ဒါနဲ့ဦး ခရီးထွက်တယ်ဆိုတာ''

"ဟုတ်တယ် အဲ့ကိစ္စသွားစုံစမ်းတာ အဖြစ်မှန်လည်းသိပြီဆိုတော့ ရိပေါ်စိတ်ထဲရှင်းသွားပြီမဟုတ်လား စိတ်ထဲမထားနဲ့တော့နော် နောက်ဆိုဘာကိစ္စပဲရှိရှိကိုယ့်ကိုအကုန်ပြောပြ သူများပြောမှသိရတဲ့သူမဖြစ်ချင်ဘူး ''

ရိပေါ်က ခေါင်းလေးညိတ်ပြလာတယ်။

"ကိုယ့်ကိုကတိပေး ကတိပေးတာပဲလိုချင်တယ်
... ဝမ်ဥက္ကဌဘာဆက်လုပ်မယ် စိတ်ကူးထားလဲ''

"အင်း...ဖိုးဖိုးတွေးတာက မြေးကိုဆက်ခံသူနေရာပေးဖို့အရင်လုပ်ချင်တယ် ဒါပြီးမှစာရင်းရှင်းမယ် မင်းတို့မဂ်လာပွဲမှာတစ်ခါတည်းကြော်ငြာမယ် ဒါကိုမထင်မှတ်အချိန်မှာ လက်ဦးမှုယူရမယ်လို့တွေးတယ် ဘယ်လိုသဘောရလဲ ''

"အဲဒါအကောင်းဆုံးဖြစ်မယ်ထင်ပါတယ် ပေါက်စကိုယ်တို့အမြန်ဆုံးလက်ထပ်ကြစို့
အဟမ်းအသက်ကြီးနေလို့မဟုတ်ဘူးနော်''

ထိုခါမှ ရိပေါ်ကပြုံးပြုံးကြီး သူ့ဦးနားကပ်လာတယ်။

"ရိပေါ်လည်း ဦးလက်ထပ်ရအောင်ပြောတိုင်း မငြင်းချင်ပါဘူး စိုးရိမ်စိတ်တွေကြောင့်ပါ ဦးကအသက်မကြီးသေးပါဘူး ရိပေါ်တမင်ညစ်ခေါ်ရာကနေ အကျငိ့ပါသွားလို့ပါ စိတ်မဆိုးနဲ့တော့နော် နော်''

ရှောင်ကျန့်ကို တွန်းလှုပ်လို့ ချော့နေပုံ ရှောင်ကျန့်ကလည်း စိတ်မဆိုးပဲ အိုက်တင်ခံပေပြီးအချော.ခံနေပုံနဲ့ သူတို့စုံတွဲချော့နေကျီစယ်နေတာကြည့်ပြီး ဖိုးဖိုးမျက်နှာလွှဲနေရတယ်။

"ကောင်းပြီလေ ဒါမှ မကျေနပ်သေးရင် အလျော်ပေးတဲ့အနေနဲ့ အမြန်ဆုံးလက်ထပ်ကြမယ် ဘယ်လိုလဲ''

"တကယ်နော်''

ဝမ်းသာလုံးဆို့သွားတဲ့ ရှောင်ကျန့်က ရိပေါ်ကိုကောက်ပွေ့လို့ အနမ်းတွေပေးနေတာမြင်တော့ ဒီတခါမျက်နှာလွှဲရုံနဲ့မရ ဖိုးဖိုးထွက်ပြေးရပြီ။

&&&

"သားခပ်အေးအေးလုပ်မနေနဲ့ ပါးကသူ့မြေးကို ဆက်ခံသူနေရာလွှဲပေးမယ်လို့ သတင်းအတိအကျရထားပြီ မင်းညံ့ရင်မင်းခံရမယ်မှတ် မားလုပ်သမျှကသားအတွက်ကြီးပဲဆိုတာ သိထား''

"သားသိပါတယ် ဒါပေမယ့် မားရယ်...ဘာပဲပြောပြော ဝမ်လေးကသားညီလေးပါ သားရဲ့တစ်ဦးတည်းသော ညီလေးပါ အသက်သေတဲ့ထိကတော့.သားမလုပ်ရက်ဘူး.. အရင်တုန်းကသားကိုဘယ်လောက်အားကိုးခဲ့လဲ ဘယ်လောက်ချစ်ခဲ့လဲ ခုသားနေရာမှာရှောင်ကျန့်ကို အစားထိုးပြီး အားကိုးနေပြီ သူအဲဒါကိူအချစ်လို့ထင်နေရှာတာ သား အချိန်မှီ နောင်တ....

"တိတ်စမ်း နောက်ပြန်လှည့်လို့မရတော့ဘူး
ဒါကိုမင်းသဘောမပေါက်သေးဘူးလား ''

ဝမ်ချောင်က ဘာမှမပြောနိုင်တော့ပဲ ခေါင်းကြီး ငိုက်စိုက်ချလို့ ဟုတ်ကဲ့ပါလို့ လက်ခံသဘောတူလိုက်ရတယ် ။ဝမ်လီကတော့ အနာဂတ်ကိုတွေးပြီး အကြေနပ်ကြီးကျေနပ်လို့။

*************

သူငယ်ချင်းနိပ်စက်လို့ sundayကြီးတောင်အလုပ်လာဆင်းနေရတဲ့ ဝမ်နင်ကညနေလေးနာရီတည်းက ပြန်မယ်တကဲကဲ ။ ခြောက်နာရီထိုးပြီမို့ သေချာပေါက်ပြန်မယ် ပြောဟန်ပြင်တုန်းသူက ဦးအောင်ညည်းပြလာတယ်။

"ဒီနေ့ကအလုပ်များတဲ့နေ့ပဲ sundayမို့လို့သာပဲ အလုပ်တွေကြိုးစားလိုက်ရတာ မတတ်နိုင်ဘူးလေ ဦးနဲ့လက်ထပ်ချင်တော့လည်း ကြိုးစားရတာပေါ့''

"မသိရင် သူတစ်ယောက်ထဲ အလုပ်လုပ်နေရတာကျနေတာပဲ ခုချိန်ထိအခန်းထဲကမထွက်နိုင်သေးတဲ့ ဟိုဘက်ခန်းက ရှောင်ကျန့်ကိုလည်းအားနာပါဦး''

"မသိဘူးကွာ ငါကချစ်တတ်ဆုံးပဲ ငါအလုပ်ကြိုးစားတယ် ဒါပဲ''

"ပြော ပြော မင်းပါမင်း ဂုဏ်ဆာပြီးကျန်နေခဲ့ငါသွားပြီ မဂ်လာဆောင်ချင်လွန်းလို့ အလုပ်ကြိုးစားလွန်ပြီး အလုပ်ပိသေသွားလည်း မနားသနားဘူး ဟျောင့်''

ဝမ်နင်ကလည်း ဆူဆောင့်လို့ ထွက်သွားပေပြီ။ဒါတောင်ထွက်သွားသူ ကြားတာမကြားတာမသိဘူး ကြိုးစားတယ်ကွာ မင်းလိုစောင်အက်ဖ်အေမှမဟုတ်တာလို့ လှမ်းနှိမ်သေးတာ။ဝမ်နင် အပြေးဦးပေလို့သာပေါ့။  ခနကြာတော့ တံခါးလာခေါက်သံကြောင့် ဦးပဲထင်လိုက်မိတယ်။​ ဒီချိန်ဘယ်သူမှမရှိနိုင်တော့ဘူးလေ ။ဒီနေ့အလုပ်ဆင်းတဲ့သူလည်းသိပ်မရှိ ဦးနဲ့သူသာ ကြိုးစားနေတာ။

"ဝမ်သခင်လေး ''

"မင်းက...

"ဒါရိုက်တာရှောင် အအေးခန်းထဲမှာပိတ်မိနေလို့''

"ဘာ...ငါ့ကိုလိုက်ပြ''

အပြေးတစ်ပိုင်းထွက်လာရင်း သေချာစစ်ဆေးမေးမြန်းနေတာတွေလည်း မလုပ်နိုင် အအေးခန်းကမြန်မြန်ထွက်နိုင်လေ ကောင်းလေမို့ အမြန်ရောက်ဖို့သာစိတ်စောနေမိတယ်။
သူကဘယ်လိုဖြစ်လို့ အအေးခန်းထဲပိတ်မိရတာလဲ ။ရုံဆင်းချိန်မို့ လိုက်စစ်ရင်းဖြစ်တာများလား။စိုးရိမ်စိတ်နဲ့ အအေးခန်းထဲပြေးဝင်မိခဲ့တယ်။အအေးခံပစ္စည်းတွေကြား သေချာအနှံရှာရင်း စိတ်စောနေမိတယ်။အအေးခန်းထဲမှာ ရင်တခုလုံးလည်းထူပူလို့။ အထဲရောက်လို့ အပြင်ကတံခါးဂျိန်းကနဲပိတ်သွားမှ မူမမှန်မှုကို သတိရတော့တယ် ပိတ်မိနေရင်တံခါးကနေသူဝင်လာလို့ရပါ့မလား ဒါကြံစည်မှုဆိုတာသိလိုက်ချိန် နောက်ကျသွားပြီ။
တဖြေးဖြေးစိမ့်ဝင်လာတဲ့ အအေးဓာတ်ကိုအံ့တုရင်း ဖုန်းကိုရှာတော့ ဖုန်းကပါမလာ။

%%%%%

ကောင်စုတ်လေးက ဘယ်ချိန်ထိအလုပ်လုပ်နေမယ်မသိ ခုချိန်ထိတောင် အလုပ်သိမ်းမယ် လာမပြောသေး။အရင်လိုအခန်းထဲခနခနဝင် ကပ်ချွဲတာတောင်မရှိ ဇွဲကောင်းပြီးနေနိုင်သူက နေနိုင်သော်လည်း.မနေနိုင်တဲ့သူကပဲ သွားခေါ်ရတော့မှာပေါ့။

အခန်းတံခါးခေါက်လို့ အသာလေးတွန်းဖွင့်ကြည့်တော့ လူကမရှိ။အသံပြုကြည့်လည်းထူးသံမလာ သူ့ကိုထားပြီးတော့ မပြန်တန်ရာ။ အိမ်သာများရှိလေမလား သွားကြည့်လည်း အချည်းနှီး နည်းနည်းဇဝေဇဝါဖြစ်ချင်လာတယ် ဘယ်များရောက်နေပါ့။ဖုန်းလေးထုတ်ပြီး ကောက်ဆက်ကြည့်တော့ ဖုန်းလေးကစားပွဲပေါ်မှာ ။ဒါတော့မဟုတ်သေး ဖုန်းနဲ့သူ့ကိုချန်ပြီးဘယ်မှသွားနေတာမဖြစ်နိုင် တခုခုလွဲနေသလို။

"ဝမ်နင် မင်းနဲ့အလုပ်အတူလုပ်နေတာမှတ်လား''

"ကျွန်တော်ခြောက်နာရီတည်းကပြန်လာတာ ဖိုးဖိုးဆီမေးကြည့်ပါဦး တခုခုမူမမှန်ရင် ကျွန်တော့်ဆီထပ်ဆက်ပေးပါ အချိန်မရွေးလာခဲ့မယ်''

"မင်း ဝမ်ဥက္ကဌဆီဖုန်းဆက်မေးလိုက် ငါဂိတ်စောင့်သွားမေးဦးမယ်''

"ကောင်းပြီ မြန်မြန်လုပ်''

®

အရိုးထဲထိအေးစိမ့်လာမှုကို မခံနိုင်တဲ့အဆုံး ခုန်လိုက်ပြေးလိုက်နှင့် သွေးပူလာစေရန် ကြိုးစားနေရတယ်။လက်ဖဝါးနှစ်ဖက်ကိုပွတ်ခြေလို့ အာငွေ့နဲ့အပူတွေပေးနေမိပြန်တယ်။ထွက်လာတဲ့အာငွေ့တွေကတောင် အအေးဓာတ်အငွေ့အသက်တွေပါနေပြီ ။တဖြေးဖြေးနဲ့ ခုန်လည်းမခုန်နိုင်တော့ ။ဦးရေ ဦးဘယ်ရောက်နေလဲ။ဦးကတော့ ရိပေါ်ကိုလာကယ်မှာပါနော် သေချာပေါက်လာမှာသိပေမယ့် အချိန်မမှီမှာပဲစိုးတာပါ ရောက်လာချိန်ထိတောင့်မခံနိုင်မှာစိုးတယ်။

"အေးလိူက်တာဦးရယ် ရေခဲပြင်ကိုခွဲလို့ ရေခဲမြစ်ထဲကျသွားပြီထင်ပါ့ ရိပေါ်ကိုဖက်ထားပေးစမ်းပါ ဟငိ့အင်း မနွေးသေးဘူး ဖက်ပေးပါဦး.ပိုပြီးပိုပြီး..''

အိပ်မက်လား စိတ်ကူးလား သေချာမသိ တဖြေးဖြေးနဲ့ စိတ်ထဲကနေတောင်စကားမပြောနိုင်တော့။အရမ်းအေးတယ် အေးလွန်းလိုက်တာ။..

&&&&

မားကအားလုံးစီစဥ်ပြီးပြီမို့ ဒီညကိုသတိနဲ့စောင့်ကြည့်တဲ့။သူမှာတော့ စိတ်မအေးနိုင် ငယ်ငယ်ကညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်နေခဲ့တဲ့ ပုံရိပ်လေးတွေက မျက်လုံးထဲ အနှေးကွက်တွေလို။
ကိုကို ကိုကို ရိပေါ်ကလေ လို့ တီတီတာတာပြောခဲ့တာလေးတွေ။သူဆုရတဲ့အချိန် ရိပေါ်ကိုကိုအတော်ဆုံးကွလို့ ထအော်ပြီးခုန်ပေါက်နေတာလေးတွေ ။ အိပ်နေတဲ့သူ့ကို လှုပ်နှိုးပြီး ရိပေါ်ကိုကို့ကိုချစ်တယ်နော်လို့ မုန့်စားချင်လို့ လာချွဲတာလေးတွေ မြင်ယောင်နေပြီး နားတွေကိုပိတ် မျက်လုံးတွေအတင်းမှိတ်ပစ်လိူက်တယ်။

"ကိုကို ရိပေါ်ကို ကယ်ပါဦး''

"အား''

ရိပေါ်အကြောင်းတွေးနေရင်း အိပ်ပျော်သွားရာကနေ အိပ်မက်မက်နေတာပဲ ဘယ်အချိန်ရှိပြီလဲ။ဟင် ညကိုးနာရီ အအေးကြောက်တဲ့ကောင်လေး အအေးခန်းထဲဘယ်လောက်များအေးနေမလဲ။ အရမ်းအေးလို့ အကြောက်လွန်ပြီးငိုနေမလား။  ဖြစ်ချင်ရာဖြစ်တော့ အနားကအနွေးထည်ကောက်ဆွဲလို့ ပြေးထွက်လာခဲ့တယ်။ ကားလမ်းရှင်းနေတာတောင် ကားကအရောက်နှေးနေသလို ညီတောင့်ခံထားပါဦး ကိုကိုလာပြီ။

Company ပေါက်ဝက လုံခြုံရေး ဦးလေးကြီး တံခါးအဖွင့်နှေးနေလို့ အော်ငေါက်ပစ်မိရတယ် ။

"အချိန်ကသေရေးရှင်ရေး အရေးကြီးနေတာ တုံ့နှေးတုံ့နှေးနဲ့ ခင်ဗျားကိုအလုပ်ထုတ်ပစ်မယ် မြန်မြန်လုပ်စမ်း''

အထဲမှာလည်း ဘယ်သူမှမရှိတော့ အင်းလေဒီချိန်ထိဘယ်သူရှိနေမှာလဲ ။ အအေးခန်းဘက်ပြေးလာခဲ့တယ်။ထိုအချိန် ရှောင်ကျန့်၊ဝမ်နင်နဲ့ သူ့ဖိုးဖိုးက ထိန်းချုပ်ခန်းထဲမှာ CCTV မှတ်တမ်းတွေကိုကြည့်ပြီး ကလေးပျောက်ရှာကြတုန်း။

_______________________________

Zawgyi

ဝမ္ခ်ိဳခ်ိဳေလး
(အပိုင္း.၂၄)

တစ္ပတ္ႀကီးေတာင္ ခြဲေနရတာ ဦး ကအိမ္ေရာက္ေနၿပီဆိုေတာ့ အျမန္လာခဲ့လိုက္တယ္။စခ်င္တာမို႔ အသံမေပးပဲအိမ္ထဲေျခလွမ္းဖြဖြေလးဝင္လာေတာ့ ဖိုးဖိုးနဲ႕ဦးက ဧည့္ခန္းထဲမွာ အေခြၾကည့္ေနၾကတယ္။ဘာေတြမ်ားစိတ္တူကိုယ္အတူၾကည့္ေနၾကလည္းသိခ်င္တာမို႔ အသာရပ္ၾကည့္ေနေတာ့....
ကြၽန္းမွာသူေတြ႕ခဲ့တဲ့ တိုင္းရင္းသားအဖြားအို။ဒီအဖြားကနာမည္ႀကီးေနတာလား ။

"အဖြားဘာမွမသိပါဘူး ေရွ႕ျဖစ္ေနာက္ေၾကာင္းလည္း မေဟာနိုင္ပါဘူး အဲ့တုန္းက မိန္းကေလးလီအကူညီေတာင္းလို႔ လုပ္ေပးခဲ့တာပါ...သူတို႔သားမိက အဖြားသားေလးအေပၚေက်းဇူးရွိလို႔ သူတို႔ေျပာခိုင္းတဲ့အတိုင္းေျပာေပး႐ုံပါပဲ...အဲဒါမွသူ႕တူေလးအႏၱာရယ္ကင္းမယ္ဆိုလို႔ အဖြားေစတနာနဲ႕ကူညီခဲ့တာပါ''

"ေက်းဇူးတင္ပါတယ္အဖြား ဒီေလာက္ဆိုရပါၿပီ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး''

Videoေလးက ၿပီးဆုံးသြားပါၿပီ မၿပီးေသးတာက သူ႕ရင္လွိုင္းထခုန္ေနတာပဲ။တခုခုေပါက္ကြဲသြားသလို ဖန္ပန္းကန္ေလး လန့္ၿပီးကြဲသြားသလို သူ႕ႏွလုံးသားေလးဖ်တ္ကနဲကြဲေၾကသြားတယ္ ေနရာကမေ႐ြ႕နိုင္ေတာ့။ 

"ဟင္...ရိေပၚေရာက္လာၿပီလား.''

"ေျမး...video ျမင္သြားၿပီလား''

"ဖိုးဖိုး''

သူ႕အဖိုးကိုေျပးဖက္လို႔ ငိုေနေပၿပီ တကယ့္ကေလးေပါက္စေလးပဲ။

"ဖိုးဖိုး ရိေပၚ ရိေပၚအၾကာႀကီး အီးဟီး....
အၾကာႀကီးခံစားခဲ့ရတာ အိမ္မေပ်ာ္တဲ့ညေတြရွိတယ္ လန့္နိုးတဲ့ညေတြရွိတယ္..''

"အင္း...အင္း...ဖိုးဖိုးသ္ိတယ္''

"ေဒၚေလးလီတမင္လုပ္တာေပါ့ ရိေပၚကိုဘာလို႔အဲေလာက္ေတာင္ရက္စက္ရတာလဲ ရိေပၚသူ႕ကိုဘာလုပ္မိလို႔လဲ ''

ဝမ္က်ိဳးခ်န္မွာ ေျပာစရာစကားတို႔ဆြံအလို႔ ေငြေပါ့ေျမးရယ္ ေငြေၾကာင့္ေဆြးမ်ိဳးရင္းခ်ာလုပ္ရက္တာလို႔ ေျပာမထြက္။
ငိုေနတဲ့ေျမးကို ေက်ာေလးပုတ္ေပးၿပီးေခ်ာ့ေနပုံက ကေလးပိစိေလးလို။ ဒီအဖိုးနဲ႕ဒီေျမးကလိုက္လည္းလိုက္ပါ့။သူ႕အဖိုးေရွ႕ဆို ကေလးျဖစ္သြားတာပဲ။
.
"ဦးကိုသနားလိုက္တာ ...လက္ထပ္ရေအာင္ေျပာတိုင္း ရိေပၚက.ျငင္းေနမိတာ...ဦးသနားပါတယ္ေနာ္ အသက္ကႀကီးၿပီေလ အ႐ြယ္မလြန္ခင္ လက္ထပ္ခ်င္ရွာမွာေပါ့ ''

ဘာ သူသနားပုံႀကီးက ႀကဳံတုန္းေလးဆိုၿပီး ႏွိပ္ကြတ္ေနတာလား မသဲကြဲဘူး။ ငိုေနတဲ့ရိေပၚကို ဖိုးဖိုးကပခုံးပုတ္ၿပီး ေရွာင္က်န့္မအီမလယ္ျဖစ္ေနပုံကို ျပမွ လွည့္ၿပီးစကားေျပာတယ္။

"ဒါနဲ႕ဦး ခရီးထြက္တယ္ဆိုတာ''

"ဟုတ္တယ္ အဲ့ကိစၥသြားစုံစမ္းတာ အျဖစ္မွန္လည္းသိၿပီဆိုေတာ့ ရိေပၚစိတ္ထဲရွင္းသြားၿပီမဟုတ္လား စိတ္ထဲမထားနဲ႕ေတာ့ေနာ္ ေနာက္ဆိုဘာကိစၥပဲရွိရွိကိုယ့္ကိုအကုန္ေျပာျပ သူမ်ားေျပာမွသိရတဲ့သူမျဖစ္ခ်င္ဘူး ''

ရိေပၚက ေခါင္းေလးညိတ္ျပလာတယ္။

"ကိုယ့္ကိုကတိေပး ကတိေပးတာပဲလိုခ်င္တယ္
... ဝမ္ဥကၠဌဘာဆက္လုပ္မယ္ စိတ္ကူးထားလဲ''

"အင္း...ဖိုးဖိုးေတြးတာက ေျမးကိုဆက္ခံသူေနရာေပးဖို႔အရင္လုပ္ခ်င္တယ္ ဒါၿပီးမွစာရင္းရွင္းမယ္ မင္းတို႔မဂ္လာပြဲမွာတစ္ခါတည္းေၾကာ္ျငာမယ္ ဒါကိုမထင္မွတ္အခ်ိန္မွာ လက္ဦးမႈယူရမယ္လို႔ေတြးတယ္ ဘယ္လိုသေဘာရလဲ ''

"အဲဒါအေကာင္းဆုံးျဖစ္မယ္ထင္ပါတယ္ ေပါက္စကိုယ္တို႔အျမန္ဆုံးလက္ထပ္ၾကစို႔
အဟမ္းအသက္ႀကီးေနလို႔မဟုတ္ဘူးေနာ္''

ထိုခါမွ ရိေပၚကၿပဳံးၿပဳံးႀကီး သူ႕ဦးနားကပ္လာတယ္။

"ရိေပၚလည္း ဦးလက္ထပ္ရေအာင္ေျပာတိုင္း မျငင္းခ်င္ပါဘူး စိုးရိမ္စိတ္ေတြေၾကာင့္ပါ ဦးကအသက္မႀကီးေသးပါဘူး ရိေပၚတမင္ညစ္ေခၚရာကေန အက်ငိ့ပါသြားလို႔ပါ စိတ္မဆိုးနဲ႕ေတာ့ေနာ္ ေနာ္''

ေရွာင္က်န့္ကို တြန္းလႈပ္လို႔ ေခ်ာ့ေနပုံ ေရွာင္က်န့္ကလည္း စိတ္မဆိုးပဲ အိုက္တင္ခံေပၿပီးအေခ်ာ.ခံေနပုံနဲ႕ သူတို႔စုံတြဲေခ်ာ့ေနက်ီစယ္ေနတာၾကည့္ၿပီး ဖိုးဖိုးမ်က္ႏွာလႊဲေနရတယ္။

"ေကာင္းၿပီေလ ဒါမွ မေက်နပ္ေသးရင္ အေလ်ာ္ေပးတဲ့အေနနဲ႕ အျမန္ဆုံးလက္ထပ္ၾကမယ္ ဘယ္လိုလဲ''

"တကယ္ေနာ္''

ဝမ္းသာလုံးဆို႔သြားတဲ့ ေရွာင္က်န့္က ရိေပၚကိုေကာက္ေပြ႕လို႔ အနမ္းေတြေပးေနတာျမင္ေတာ့ ဒီတခါမ်က္ႏွာလႊဲ႐ုံနဲ႕မရ ဖိုးဖိုးထြက္ေျပးရၿပီ။

&&&

"သားခပ္ေအးေအးလုပ္မေနနဲ႕ ပါးကသူ႕ေျမးကို ဆက္ခံသူေနရာလႊဲေပးမယ္လို႔ သတင္းအတိအက်ရထားၿပီ မင္းညံ့ရင္မင္းခံရမယ္မွတ္ မားလုပ္သမွ်ကသားအတြက္ႀကီးပဲဆိုတာ သိထား''

"သားသိပါတယ္ ဒါေပမယ့္ မားရယ္...ဘာပဲေျပာေျပာ ဝမ္ေလးကသားညီေလးပါ သားရဲ႕တစ္ဦးတည္းေသာ ညီေလးပါ အသက္ေသတဲ့ထိကေတာ့.သားမလုပ္ရက္ဘူး.. အရင္တုန္းကသားကိုဘယ္ေလာက္အားကိုးခဲ့လဲ ဘယ္ေလာက္ခ်စ္ခဲ့လဲ ခုသားေနရာမွာေရွာင္က်န့္ကို အစားထိုးၿပီး အားကိုးေနၿပီ သူအဲဒါကိူအခ်စ္လို႔ထင္ေနရွာတာ သား အခ်ိန္မွီ ေနာင္တ....

"တိတ္စမ္း ေနာက္ျပန္လွည့္လို႔မရေတာ့ဘူး
ဒါကိုမင္းသေဘာမေပါက္ေသးဘူးလား ''

ဝမ္ေခ်ာင္က ဘာမွမေျပာနိုင္ေတာ့ပဲ ေခါင္းႀကီး ငိုက္စိုက္ခ်လိဳ႕ ဟုတ္ကဲ့ပါလို႔ လက္ခံသေဘာတူလိုက္ရတယ္ ။ဝမ္လီကေတာ့ အနာဂတ္ကိုေတြးၿပီး အေၾကနပ္ႀကီးေက်နပ္လို႔။

*************

သူငယ္ခ်င္းနိပ္စက္လို႔ sundayႀကီးေတာင္အလုပ္လာဆင္းေနရတဲ့ ဝမ္နင္ကညေနေလးနာရီတည္းက ျပန္မယ္တကဲကဲ ။ ေျခာက္နာရီထိုးၿပီမို႔ ေသခ်ာေပါက္ျပန္မယ္ ေျပာဟန္ျပင္တုန္းသူက ဦးေအာင္ညည္းျပလာတယ္။

"ဒီေန႕ကအလုပ္မ်ားတဲ့ေန႕ပဲ sundayမို႔လို႔သာပဲ အလုပ္ေတြႀကိဳးစားလိုက္ရတာ မတတ္နိုင္ဘူးေလ ဦးနဲ႕လက္ထပ္ခ်င္ေတာ့လည္း ႀကိဳးစားရတာေပါ့''

"မသိရင္ သူတစ္ေယာက္ထဲ အလုပ္လုပ္ေနရတာက်ေနတာပဲ ခုခ်ိန္ထိအခန္းထဲကမထြက္နိုင္ေသးတဲ့ ဟိုဘက္ခန္းက ေရွာင္က်န့္ကိုလည္းအားနာပါဦး''

"မသိဘူးကြာ ငါကခ်စ္တတ္ဆုံးပဲ ငါအလုပ္ႀကိဳးစားတယ္ ဒါပဲ''

"ေျပာ ေျပာ မင္းပါမင္း ဂုဏ္ဆာၿပီးက်န္ေနခဲ့ငါသြားၿပီ မဂ္လာေဆာင္ခ်င္လြန္းလို႔ အလုပ္ႀကိဳးစားလြန္ၿပီး အလုပ္ပိေသသြားလည္း မနားသနားဘူး ေဟ်ာင့္''

ဝမ္နင္ကလည္း ဆူေဆာင့္လို႔ ထြက္သြားေပၿပီ။ဒါေတာင္ထြက္သြားသူ ၾကားတာမၾကားတာမသိဘူး ႀကိဳးစားတယ္ကြာ မင္းလိုေစာင္အက္ဖ္ေအမွမဟုတ္တာလို႔ လွမ္းႏွိမ္ေသးတာ။ဝမ္နင္ အေျပးဦးေပလို႔သာေပါ့။  ခနၾကာေတာ့ တံခါးလာေခါက္သံေၾကာင့္ ဦးပဲထင္လိုက္မိတယ္။​ ဒီခ်ိန္ဘယ္သူမွမရွိနိုင္ေတာ့ဘူးေလ ။ဒီေန႕အလုပ္ဆင္းတဲ့သူလည္းသိပ္မရွိ ဦးနဲ႕သူသာ ႀကိဳးစားေနတာ။

"ဝမ္သခင္ေလး ''

"မင္းက...

"ဒါရိုက္တာေရွာင္ အေအးခန္းထဲမွာပိတ္မိေနလို႔''

"ဘာ...ငါ့ကိုလိုက္ျပ''

အေျပးတစ္ပိုင္းထြက္လာရင္း ေသခ်ာစစ္ေဆးေမးျမန္းေနတာေတြလည္း မလုပ္နိုင္ အေအးခန္းကျမန္ျမန္ထြက္နိုင္ေလ ေကာင္းေလမို႔ အျမန္ေရာက္ဖို႔သာစိတ္ေစာေနမိတယ္။
သူကဘယ္လိုျဖစ္လို႔ အေအးခန္းထဲပိတ္မိရတာလဲ ။႐ုံဆင္းခ်ိန္မို႔ လိုက္စစ္ရင္းျဖစ္တာမ်ားလား။စိုးရိမ္စိတ္နဲ႕ အေအးခန္းထဲေျပးဝင္မိခဲ့တယ္။အေအးခံပစၥည္းေတြၾကား ေသခ်ာအႏွံရွာရင္း စိတ္ေစာေနမိတယ္။အေအးခန္းထဲမွာ ရင္တခုလုံးလည္းထူပူလို႔။ အထဲေရာက္လို႔ အျပင္ကတံခါးဂ်ိန္းကနဲပိတ္သြားမွ မူမမွန္မႈကို သတိရေတာ့တယ္ ပိတ္မိေနရင္တံခါးကေနသူဝင္လာလို႔ရပါ့မလား ဒါႀကံစည္မႈဆိုတာသိလိုက္ခ်ိန္ ေနာက္က်သြားၿပီ။
တေျဖးေျဖးစိမ့္ဝင္လာတဲ့ အေအးဓာတ္ကိုအံ့တုရင္း ဖုန္းကိုရွာေတာ့ ဖုန္းကပါမလာ။

%%%%%

ေကာင္စုတ္ေလးက ဘယ္ခ်ိန္ထိအလုပ္လုပ္ေနမယ္မသိ ခုခ်ိန္ထိေတာင္ အလုပ္သိမ္းမယ္ လာမေျပာေသး။အရင္လိုအခန္းထဲခနခနဝင္ ကပ္ခြၽဲတာေတာင္မရွိ ဇြဲေကာင္းၿပီးေနနိုင္သူက ေနနိုင္ေသာ္လည္း.မေနနိုင္တဲ့သူကပဲ သြားေခၚရေတာ့မွာေပါ့။

အခန္းတံခါးေခါက္လို႔ အသာေလးတြန္းဖြင့္ၾကည့္ေတာ့ လူကမရွိ။အသံျပဳၾကည့္လည္းထူးသံမလာ သူ႕ကိုထားၿပီးေတာ့ မျပန္တန္ရာ။ အိမ္သာမ်ားရွိေလမလား သြားၾကည့္လည္း အခ်ည္းႏွီး နည္းနည္းဇေဝဇဝါျဖစ္ခ်င္လာတယ္ ဘယ္မ်ားေရာက္ေနပါ့။ဖုန္းေလးထုတ္ၿပီး ေကာက္ဆက္ၾကည့္ေတာ့ ဖုန္းေလးကစားပြဲေပၚမွာ ။ဒါေတာ့မဟုတ္ေသး ဖုန္းနဲ႕သူ႕ကိုခ်န္ၿပီးဘယ္မွသြားေနတာမျဖစ္နိုင္ တခုခုလြဲေနသလို။

"ဝမ္နင္ မင္းနဲ႕အလုပ္အတူလုပ္ေနတာမွတ္လား''

"ကြၽန္ေတာ္ေျခာက္နာရီတည္းကျပန္လာတာ ဖိုးဖိုးဆီေမးၾကည့္ပါဦး တခုခုမူမမွန္ရင္ ကြၽန္ေတာ့္ဆီထပ္ဆက္ေပးပါ အခ်ိန္မေ႐ြးလာခဲ့မယ္''

"မင္း ဝမ္ဥကၠဌဆီဖုန္းဆက္ေမးလိုက္ ငါဂိတ္ေစာင့္သြားေမးဦးမယ္''

"ေကာင္းၿပီ ျမန္ျမန္လုပ္''

®

အရိုးထဲထိေအးစိမ့္လာမႈကို မခံနိုင္တဲ့အဆုံး ခုန္လိုက္ေျပးလိုက္ႏွင့္ ေသြးပူလာေစရန္ ႀကိဳးစားေနရတယ္။လက္ဖဝါးႏွစ္ဖက္ကိုပြတ္ေျခလို႔ အာေငြ႕နဲ႕အပူေတြေပးေနမိျပန္တယ္။ထြက္လာတဲ့အာေငြ႕ေတြကေတာင္ အေအးဓာတ္အေငြ႕အသက္ေတြပါေနၿပီ ။တေျဖးေျဖးနဲ႕ ခုန္လည္းမခုန္နိုင္ေတာ့ ။ဦးေရ ဦးဘယ္ေရာက္ေနလဲ။ဦးကေတာ့ ရိေပၚကိုလာကယ္မွာပါေနာ္ ေသခ်ာေပါက္လာမွာသိေပမယ့္ အခ်ိန္မမွီမွာပဲစိုးတာပါ ေရာက္လာခ်ိန္ထိေတာင့္မခံနိုင္မွာစိုးတယ္။

"ေအးလိူက္တာဦးရယ္ ေရခဲျပင္ကိုခြဲလို႔ ေရခဲျမစ္ထဲက်သြားၿပီထင္ပါ့ ရိေပၚကိုဖက္ထားေပးစမ္းပါ ဟငိ့အင္း မႏြေးေသးဘူး ဖက္ေပးပါဦး.ပိုၿပီးပိုၿပီး..''

အိပ္မက္လား စိတ္ကူးလား ေသခ်ာမသိ တေျဖးေျဖးနဲ႕ စိတ္ထဲကေနေတာင္စကားမေျပာနိုင္ေတာ့။အရမ္းေအးတယ္ ေအးလြန္းလိုက္တာ။..

&&&&

မားကအားလုံးစီစဥ္ၿပီးၿပီမို႔ ဒီညကိုသတိနဲ႕ေစာင့္ၾကည့္တဲ့။သူမွာေတာ့ စိတ္မေအးနိုင္ ငယ္ငယ္ကညီအစ္ကိုႏွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနခဲ့တဲ့ ပုံရိပ္ေလးေတြက မ်က္လုံးထဲ အႏွေးကြက္ေတြလို။
ကိုကို ကိုကို ရိေပၚကေလ လို႔ တီတီတာတာေျပာခဲ့တာေလးေတြ။သူဆုရတဲ့အခ်ိန္ ရိေပၚကိုကိုအေတာ္ဆုံးကြလို႔ ထေအာ္ၿပီးခုန္ေပါက္ေနတာေလးေတြ ။ အိပ္ေနတဲ့သူ႕ကို လႈပ္ႏွိုးၿပီး ရိေပၚကိုကို႔ကိုခ်စ္တယ္ေနာ္လို႔ မုန့္စားခ်င္လို႔ လာခြၽဲတာေလးေတြ ျမင္ေယာင္ေနၿပီး နားေတြကိုပိတ္ မ်က္လုံးေတြအတင္းမွိတ္ပစ္လိူက္တယ္။

"ကိုကို ရိေပၚကို ကယ္ပါဦး''

"အား''

ရိေပၚအေၾကာင္းေတြးေနရင္း အိပ္ေပ်ာ္သြားရာကေန အိပ္မက္မက္ေနတာပဲ ဘယ္အခ်ိန္ရွိၿပီလဲ။ဟင္ ညကိုးနာရီ အေအးေၾကာက္တဲ့ေကာင္ေလး အေအးခန္းထဲဘယ္ေလာက္မ်ားေအးေနမလဲ။ အရမ္းေအးလို႔ အေၾကာက္လြန္ၿပီးငိုေနမလား။  ျဖစ္ခ်င္ရာျဖစ္ေတာ့ အနားကအႏြေးထည္ေကာက္ဆြဲလို႔ ေျပးထြက္လာခဲ့တယ္။ ကားလမ္းရွင္းေနတာေတာင္ ကားကအေရာက္ႏွေးေနသလို ညီေတာင့္ခံထားပါဦး ကိုကိုလာၿပီ။

Company ေပါက္ဝက လုံၿခဳံေရး ဦးေလးႀကီး တံခါးအဖြင့္ႏွေးေနလို႔ ေအာ္ေငါက္ပစ္မိရတယ္ ။

"အခ်ိန္ကေသေရးရွင္ေရး အေရးႀကီးေနတာ တုံ႕ႏွေးတုံ႕ႏွေးနဲ႕ ခင္ဗ်ားကိုအလုပ္ထုတ္ပစ္မယ္ ျမန္ျမန္လုပ္စမ္း''

အထဲမွာလည္း ဘယ္သူမွမရွိေတာ့ အင္းေလဒီခ်ိန္ထိဘယ္သူရွိေနမွာလဲ ။ အေအးခန္းဘက္ေျပးလာခဲ့တယ္။ထိုအခ်ိန္ ေရွာင္က်န့္၊ဝမ္နင္နဲ႕ သူ႕ဖိုးဖိုးက ထိန္းခ်ဳပ္ခန္းထဲမွာ CCTV မွတ္တမ္းေတြကိုၾကည့္ၿပီး ကေလးေပ်ာက္ရွာၾကတုန္း။

Continue Reading

You'll Also Like

499K 67.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
578K 75.3K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
116K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !
22.1K 2.2K 25
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...