ep.3

4.6K 410 22
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၃)

အင့်...
.ရှောင်ကျန့်ခါးဆီကမျက်ကနဲပဲ အိပ်ချင်မူးတူးနဲ့မို့ ဘာမှန်းမသိလိုက်ပဲ မနည်းစိတ်တွေကိုစုစည်းလိုက်ရတယ်။သတိရလို့ဘေးကိုကြည့်လိုက်တော့ ဝမ်ပေါက်စက မျက်လုံး​လေးမှိတ်သွားတာ တွေ့လိုက်တယ်။

ဟင် ဒါငါ့ကိုကုတင်ပေါ်က ကန်ချတာပေါ့။သူလိုအကောင်ပေါက်က ငါ့ကိုယ်လုံးအောက်ကျအောင် ကန်နိုင်ပါ့မလား ဒါသက်သက်ပညာပြတာ တွေ့မယ် ဝမ်ပေါက်စ ။ အလယ်ကဖက်လုံးကြီးကို ကုတင်အောက်လွှင့်ပစ်လိုက်ပြီး ဝမ်ပေါက်စကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

"ဘာ....ဘာလုပ်တာလဲ.. ခင်ဗျား ဒါ ဘာလုပ်တာလဲ''

"ဘာလုပ်ရမလဲ မင်းနောက်တခါ ကိုယ့်ကိုကန်မချနိုင်အောင် မင်းခြေထောက်တွေကို ကိုယ့်ခြေထောက်တွေကြားချုပ်ထားပြီး လူကိုဖက်ထားလိုက်တာလေ။ကိုယ်ခါးနာသွားပြီ မင်းကြောင့်''

ရင်ခွင်ထဲကဝမ်ပေါက်စလေးက ရုန်းကန်လူးလွန့်နေတာမို့ သူကပိုတိုးလို့ဖက်ထားလိုက်တယ်။

"ဖယ်....လွှတ်...ရိပေါ်ကိုလွှတ်...ရိပေါ်အသားမထိနဲ့''

".ကိုယ်​ေနာက်တစ်ခါထပ်အကန်မခံနိုင်ဘူးး..ဒီညတော့ ဒီတိုင်းပဲအိပ်တော့''

ရိပေါ်ကရှူးရှူးရှားရှားနဲ့ ဒေါသတွေထွက်နေပါပြီ။

"လွှတ်စမ်း...လူယုတ်မာကြီး''

"ကိုယ်ကလူယုတ်မာကြီးဆို မင်းကလူယုတ်မာလေး
ဒါမှလိုက်ဖက်မှာပေါ့.။

ရှောင်ကျန့်သူ့စကားနဲ့သူ သဘောကျနေပြီး ရင်ခွင်ထဲက ရုန်းကန်နေတဲ့ အကောင်ပေါက်လေးရဲ့ခေါင်းကို မသိမသာလေး နမ်းလိုက်တယ်...တန်ပါတယ်နော်။

&&&

"ဘယ်သူမှမရှိကြဘူးလား.....''

"ဟင်...ဘာလဲ...ဘာလဲ''

ရှောင်ကျန့်အိပ်မူးတူးနဲ့ ကုတင်ပေါ်ဆတ်ကနဲထထိုင်လိုက်တယ်။

"အား....ငါ့ခါး....ငါ့ခါး..''

ညကဝမ်ပေါက်စရုန်းကန်နေတာနဲ့ရော.၊ ရင်ခုန်နေတာနဲ့ရော သူတော်တော်နဲ့အိပ်မပျော်ပဲ အိပ်ရေးပျက်ထားတာ။ခုဆူညံသံကြောင့်လန့်ပြီးထထိုင်မိတာ ခါးပိုနာသွားပြီ။

ဝမ်ချိုချိုလေးWhere stories live. Discover now