ep.11

3.3K 292 15
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၁)

"ရိပေါ်...ဝမ်ရိပေါ်''

"ဘာလဲ ဘာကိစ္စငါ့ဆီ ဖုန်းဆက်တာလဲ''

"ငါ နင့်ကိုလက်စားချေနိုင်တော့မယ် နင့်အတွက်စိတ်မကောင်းပါဘူးဟာ အဲ့တာလေးလာပြောတာ''

ဖုန်းစပြောတည်းက မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ ရှောင်ငတိမ အသံကို ဒီတခါအမုန်းဆုံးပဲ။

"ရူးများနေတာလား''

"မရူးဘူးဟက်...ငါ့တီလေးဟယ်လင်နာ ပြန်လာပြီ တလလောက်ရှိပေါ့...အဲတာနငိ့ဦးနဲ့ မိတ်ဆက်ပေးလိုက်တာလေ...ဒီနေ့ BJ houes မှာတွေ့ဖို့ချိန်းထားကြတယ်တဲ့ ငါ့တီလေးဘယ်လောက်လှလဲ နင်သိတယ်မှတ်လား နင်တောင်ကြိုက်သေးတယ်လေ နင်ဦးလည်းပစ်ကြွေမှာ သေချာတယ်... အဲဒီတော့ နင့်ကိုပြန် လက်စားချေနိုင်ပြီလေ ယေ့..ယေ့ ''

တီလေး ဟယ်လင်နာက တကယ်လှတာ ရိပေါ်ကြိုက်တဲ့ ခြေတံရှည်ရှည်နဲ့အနောက်တိုင်းစတိုင်လ်မျိုး  ဦးကအသက်ကြီးနေပြီ ဒါမျိုးဆိုတစစီကိုကြွေကျမှာ။
"တောက် ''...တစ်ချက်ပြင်းပြင်းခေါက်ပစ်လိုက်တော့ ငတိမအဟဲဟဲရယ်နေတဲ့ အသံတွေတိတ်သွားတယ်။
ဖုန်းထဲမှာမို့ တောက်ပဲခေါက်တာ အပြင်မှာဆို စကိတ်နဲ့ပါခေါက်တယ်။

"နင် ဟွိုက်ဆန်းနဲ့ အဆင်ပြေနေတာပဲ မဟုတ်လား ဘာကိုလက်စားချေချင်တာလဲ''

"အဆင်ပြေပေမယ့် ငါအစောကြီးယောကျ်ားယူလိုက်ရတယ်လေ အဲဒါနင့်ကြောင့် နင့်ကိုပြန်ပြီးပညာပေးသင့်တယ်မထင်ဘူးလား''

"အေး...နင်လည်း​သေသင့်တယ်မထင်ဘူးလား''

ဖုန်းကိုအိပ်ယာပေါ်ပစ်ချလိုက်ပြီး ဟိုလျှောက်ဒီလျှောက်အကြံထုတ်နေမိတယ်။ မနေ့က ပြန်ရောက်တည်းက စကားမပြောချင်လို့ ရှောင်နေတာ ခုဘယ်လိုလုပ်ရပါ့ ရှောင်နေလို့တော့ မဖြစ်တော့ဘူး။
ဒီတိုင်းဆိုပါသွားနိုင်တယ် ဦးနဲ့စသိတဲ့အချိန်တည်းက  အမြဲလိုက်ကာကွယ်နေရတယ် ကလေးထိန်းကြီးကိုဖြစ်လို့ ရိပေါ်ဘဝကလည်း လွယ်ကူမနေပါဘူးနော်။အဲဒါဖိုးဖိုးကြောင့် ဖိုးဖိုးဒီလူကြီးဆီပို့လို့ ဖြစ်တာ။

ဝမ်ချိုချိုလေးWhere stories live. Discover now