SUPPORT SYSTEM FOR LIFE [SUNG...
Autorstwa ji__aan
32.7K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 Więcej
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 12
1.4K 206 14
Autorstwa ji__aan
Unicode
" အိုမားးးး မရိုက်ပါနဲ့ဆို "
ဆိုဖာပေါ်ပြေးတက်လိုက် အိမ်ရှေ့ပြေးလိုက် နောက်ဖေးပြေးလိုက်နဲ့ အမေ့ကြက်မွှေးစာမမိအောင်ပြေးနေရတာ ဆရာကြီး ယန်ဂျောင်ဝန်းပါပဲ ။
" အိုမားကလည်း တစ်ရက်ပဲ ကျောင်းပျက်မယ်လေနော် "
" ကျောင်းပျက်ရင်တောင်အကျိုးရှိတာလုပ်စမ်းပါလား ဘာကိစ္စဂိမ်းဆိုင်ထိုင်မှာလည်း
ဆောင်းဟွန်းနဲ့ ဂျုံးဆွန်း ခေါ်လို့တော့မပြောနဲ့နော် ငါသုံးယောက်လုံးကို အိမ်ဝင်အိမ်ထွက်ပိတ်လိုက်မှာ
" ဟင့် မေမေ အိုမား မားသား မာမီ ကလည်း "
မေမေ့ကို စူပုတ်ပြပြီး အခန်းထဲပြန်ဝင်လာခဲ့ရသည် ။ အပြင်ထွက်ဖို့အကြံထုတ်ပြီးမှ
" မာမီးးး သား စာကြည့်တိုက်သွားမလို့ "
လွယ်အိတ်ကောက်လွယ်ပြီး ဟင်းချက်နေတဲ့နောက်ကနေ လှမ်းပြောတော့ စာကြည့်တိုက်ဆိုရင် သွား တဲ့
လွယ်အိတ်ထဲမှာ စာအုပ်ပါတယ် ထင်သလား
နိုး ပါ ။ ဘက်စကက်ဘောဆော့ရင် လိုတဲ့
ရေဘူး ၊ ဆော့ခါနီးမှ ဖိနပ်လဲစီးဖို့ ဖိနပ် ၊
ပြီးတော့ ဘောလုံး ကို စုပြုံထည့်ထားတဲ့ ဧရာမလွယ်အိတ်ကြီး
အနီရောင် jersey လက်ပြတ်ကို short pant နဲ့
ဝတ်ထားပြီး သားရေဖိနပ်အစုတ်ကြီးစီးကာ
ဟိုဘက်ရပ်ကွက်က ဂိမ်းဆိုင်ကို ထွက်လာခဲ့သည် ။ ဘာဖြစ်လည်း ယန်ဂျောင်ဝန်းပါဆို
ချောနေမှာပေါ့
ဂိမ်းဆိုင်ပိုင်ရှင် အန်တီကြီးကို ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ကိုလာတစ်ဗူး မှာပြီး နေရာဝင်ယူလိုက်သည် ။
" ဟူးး မဆော့ရတာကြာပြီ "
လက်ကိုအကြောတွေဘာတွေလျော့ပြီး ဂိမ်းကိုအားသွန်ခွန်စိုက်ဆော့ရန် mouse ကိုလက်ရွယ်လိုက်စဉ်
" ဟိတ် ဘေးခုံကတစ်ယောက် solo လား "
" ဟုတ် "
ဆိုင်ရဲ့ဂျောင်ကျတဲ့နေရာက သုံးခုံကပ်လျက်လေးလွတ်နေတဲ့နေရာမှာဝင်ထိုင်ပေမဲ့ ဘေးမှာ
လူရှိမှန်းတော့မသိ ။
" တူတူဆော့ရအောင် ငါလည်း solo ပဲ "
" အိုကေ ငါ့ ID က xxxxxxx "
ဂိမ်းဆိုင်ထိုင်ရင် အဲ့လိုကတော့ကြုံတာပါပဲ ။
အဖော်ခေါ်တဲ့သူရှိရင် တူတူဆော့ပေးလိုက်တာပဲ
ဒါပေမဲ့ ကာထားတဲ့နေရာကနေ နောက်ကိုလည်း
ဆုတ်မကြည့်မိ
နှစ်ယောက်လုံး နားကြပ်တပ်ပြီး screen ကိုသာကြည့်နေကြရင်း ပြောနေကြခြင်းပင်
" Easy , Medium or God Level ? "
" God Level ချကွာ "
" ငါအလွန်ဆုံး medium ပဲ ဆော့ဖူးတာ "
ဂျောင်ဝန်းသူ့ဘေးကအသံကိုကြားဖူးသလိုလိုရှိနေပေမဲ့ နားကြပ်တပ်ထားတာကြောင့် အဲ့လိုဖြစ်တာလို့တွေးထားမိသည် ။
" ငါနဲ့ဆော့ရင်နိုင်တယ် rank တင်ပေးမယ် လုပ်သာလုပ် "
ခဏအကြာ ကစားပွဲစသည် ။ ဂျောင်ဝန်းကကာပေးတာတောင် ဟိုဘက်ကလည်းကောင်းကောင်းဆော့သည် ။
" တော်သားပဲ "
" ခက်တယ်ကွ "
နောက်ဆုံး အတော်ရုန်းပြီးမှ နိုင်တော့ နှစ်ယောက်သား ခုံကိုလှည့်ရွှေ့ပြီး လက်ဖဝါးချင်းရိုက်ကာ ထအော်မိကြသည် ။
" နိုင်တယ်ကွ ဟားဟားးး အမ်.. ဂျောင်ဝန်း "
" Omma! လန့်လိုက်တာ ဟီးဆွန်းဟျောင်း
omo! ကျောင်းမသွားဘူးလား"
" လစ်လာတာ "
စကားပြောနေရင်း ဟီးဆွန်းဟျောင်းကငြိမ်သွားပြီး သူ့ကိုခေါင်းစခြေဆုံးကြည့်သည် ။ ဘေးက
အဖော်ပါလာတဲ့လွယ်အိတ်ကြီးကိုလည်းကြည့်သည် ။
အဲ့တော့မှ ကိုယ့်ပုံကိုယ်မြင်ယောင်ပြီး
ထွက်သာပြေးချင်တော့သည် ။
ယန်ဂျောင်ဝန်း၏အရှက်ကွဲခြင်းအနုပညာမှာ
ကျန်တာတောင်မဆိုးသေးဘူး သားရေဖိနပ်အစုတ်ကြီးကတော့ တကယ်စားသည် ။
" ဘာ.. ဘာလို့ကြည့်နေတာလည်း ကြောက်ဖို့ကောင်းအောင် "
" မဟုတ်ပါဘူး ဒါမျိုးတစ်ခါမှမမြင်ဖူးလို့
ဂျောင်ဝန်းကို "
" မနေ့ကမှ စသိတာမဟုတ်ဘူးလား
ကျွန်တော်တို့"
ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလိုက် ဟျောင်းကိုလက်ညှိုးထိုးလိုက် ခေါင်းတခါခါနဲ့ ဖြစ်နေတဲ့
ကိုယ့်ပုံစံကိုယ်လည်းရီချင်ပြန်သည် ။
" မဟုတ်ဘူး ဟျောင်းပြောတာ မနေ့ကပုံစံက
တော်တော်လေးပိုပြီး အိန္ဒြေရ... "
ဂိမ်းဆိုင်မှာဆို ခုံပေါ်ကို ခြေ‌နှစ်ချောင်း ထောင်ထိုင်တတ်တဲ့အကျင့် သတိရပြီး ကိုယ့်ကိုယ်ကိုကြည့်တော့ short pant နဲ့ကိုခြေနှစ်ချောင်းထောင်ပြီး crush နဲ့မျက်နှာချင်းဆိုင်ထိုင်နေတာဗျာ
" အားနာပါတယ် နောက်တစ်ပွဲမဆော့နိုင်တော့ဘူး။ ချိန်းထားတာရှိတာမေ့နေလို့ "
လွယ်အိတ်ကြီးဆွဲပြီး အဲ့ဘက်ရပ်ကွက်နဲ့ ကိုယ့်ရပ်ကွက် အဆုံက ပန်းခြံကိုထွက်ခဲ့သည် ။
ရှက်လို့သေတော့မှာပဲ ။
ပန်းခြံပေမဲ့ basketball ဆော့ဖို့လည်းလုပ်ပေးထားတော့ အဲ့မှာ ခဏလောက်ဆော့ပြီးရင်
ပြန်အိမ်ပြန်တော့မည် ။
ညနေတောင်စောင်းတော့မည် ။ အချိန်က
လေးနာရီခွဲလောက်ရှိနေပြီ ။
ပတ်‌ဆောင်းဟွန်းလည်းကျောင်းပြေး သူလည်းကျောင်းပြေးတာကြောင့် ကျန်ခဲ့တဲ့ဂျုံးဆွန်းကိုလည်းသနားသည် ။
တစ်ယောက်မှာလည်း ဂိမ်းဆိုင်ထဲက ထွက်ပြေးသွားပြီး အိမ်ရှေ့နားက ပန်းခြံမှာမှ
ထပ်ပေါ်လာတဲ့ကောင်လေးကို အိမ်ထဲကနေခိုးကြည့်ပြီး ရီနေရပါတော့သည် ။
~|SUPPORT SYSTEM FOR LIFE |~
" အဲ့တာကြီးမတပ်ချင်ပါဘူးဆို "
" ခွေးပေါက်လေးနဲ့တူတယ် ဒါလေးပဲတပ် "
" ဆောင်းဟွန်းနီးကလည်း "
နှုတ်ခမ်းကြီးထော်ပြီး ခွေးနားရွက်ဘီးကုပ်တပ်ထားတဲ့
ရှင်းမ်ဂျယ်ယွန်းကိုအော်လည်းမရီရဲတာနဲ့
တခွိခွိလုပ်နေတာ ဗိုက်တောင်အောင့်လာသလို
တစ်နေ့လည်လုံး ရိုလာကိုစတာစီးလိုက်
ပင်လယ်ဓားပြစီးလိုက် သေနတ်ပစ်တဲ့ဟာဆော့လိုက် နဲ့ နှစ်ယောက်သားတော်တော်ပျော်ခဲ့ရသည်။
" ရေခဲမုန့်စားမလား အရင်ဆုံး အဆာပြေ "
" စားမယ် "
နီးစပ်ရာရေခဲမုန့်ဆိုင်ကိုနှစ်ယောက်သားသွားပြီး
" အန်တီ blueberry တစ်ခု မင်းကရော ? "
" strawberry "
" strawberry တစ်ခု အန်တီ "
" စုံတွဲတွေကို Polaroid တစ်ပုံရိုက်ပေးတဲ့အစီအစဉ်ရှိတယ်နော် သားတို့က ?"
" မဟုတ်ပါဘူး "
" ဟုတ်ပါတယ် "
ပြိုင်တူထွက်လာတဲ့ အသံကြောင့် ဆိုင်ရှင်အဒေါ်ကြီးပင်ကြောင်သွားရသည် ။
" မဟုတ်ဘူးထင်တယ် ဒီမှာ ရေခဲမုန့် "
ဆိုင်ရှင်အဒေါ်ကြီးပေးတဲ့ရေခဲမုန့်နှစ်ခုကိုတစ်ယောက်တစ်ခုယူလိုက်ပြီး ဓာတ်ပုံမရိုက်ရလို့
စူပုတ်ကြီးဖြစ်နေတဲ့
ဆောင်းဟွန်းကို ဂျယ်ယွန်းစချင်လာသည် ။
အဲ့တာကြောင့် သူ့ရေခဲမုန့်အဖျားနဲ့ ပါးကိုလှမ်းတို့မယ်အလုပ် သူ့ဘက်ကိုလှည့်လာတာကြောင့်
နှုတ်ခမ်းထောင့်နားမှာပေသွားသည် ။
ဆိုင်ရှေ့ကနေတော့နေရာမရွေ့ကြသေး
" ဘာလုပ်တာလည်း ပေကုန်ပြီ မင်းလုပ်တာ "
ပြောပြောနဲ့ ကိုယ့်နှာခေါင်းထိပ်ကို သူ့ရေခဲမုန့်နဲ့ပြန်တို့သည် ။
နှစ်ယောက်သား ပြိုင်တူရီနေမိတုန်း
" သားတို့ ဒီကနေရွေ့ကြအုံးမှာလား "
" အယ် ဟုတ်သားပဲ သွားတော့မယ် "
" ခဏလေး ဒါလေးယူသွားအုံး လက်ဆောင် "
ဆိုင်ရှင်အဒေါ်ကြီးကမ်းလာပေးတဲ့ဟာကိုကြည့်တော့ Polaroid လေးနှစ်ပုံ
" ကြည့်ရတာချစ်ဖို့ကောင်းနေလို့ အန်တီရိုက်လိုက်မိတာ ယူသွား "
" ကျေးဇူးပါ "
ဓာတ်ပုံလေးတွေယူပြီး ရေခဲမုန့်ဆိုင်ကနေထွက်လာကြသည် ။
" မင်းတစ်ပုံ ငါတစ်ပုံ "
ဂျယ်ယွန်းကို လက်ထဲက တစ်ပုံကမ်းပေးလိုက်သည်။
" ဓာတ်ပုံတော်တော်ရိုက်ချင်တာလား "
" အင်း မင်းနဲ့မို့ "
" ပေါက်ကရ ! နေ့လည်စာမဟုတ်ဘူးပဲ
ညနေ‌စာတောင်ဖြစ်တော့မယ် တစ်နေကုန်လည်းဘာမှမစားရသေးဘူး ။ တော့ပုကီစားချင်တယ် နေရာကိုမင်းလိုက်ပို့ ငါဝယ်ကျွေးမယ် "
" အိုကေ ဒီနားမှာရှိတယ် "
တော့ပုကီဆိုင်ကလမ်း‌ေဘးဆိုင်ပါပဲ ဒါပေမဲ့
ငါးအူချောင်း ဆိုဂျူ တော့ပုကီ အမြည်းဘာညာ
အကုန်ရသည် ။ အချိန်ကတော့ ညနေ
ခြောက်နာရီထိုးခါနီးနေပြီ ။ မနက်ကတည်းက
ပျော်နေကြတာ အစားစားဖို့တောင်သတိမရကြပေ။
ရောက်တော့ နေရာမှာထိုင်ထိုင်ချင်း ဂျယ်ယွန်းကပြောသည် ။
" ငါ ကိုရီးယားတော့ပုကီအစစ်စားချင်နေတာ "
" မစားဖူးဘူးလား "
" သြဇီမှာလုပ်ရောင်းကြတာရှိပေမဲ့ မတူနိုင်ဘူးလေ "
" အဒေါ် ဒီဝိုင်းကို ဆိုဂျူ တစ်ပုလင်း "
" သောက်နိုင်လို့လား "
" ဆိုဂျူမသောက်ဖူးတာ ဘီယာတော့သောက်ဖူးတယ် ။ တစ်ခါတည်း "
" မူးရူးမနေစေနဲ့ ပြီးရင် "
သတိပေးစကားပြောတော့ ရီသည် ။
ဒီကောင်လေးပေါက်ကရသိပ်လုပ်တာပဲကွာ
တော့ပုကီကို သဘောတွေ့နေပုံရတဲ့ ကောင်လေးကို ဓာတ်ပုံတစ်ချက်လှမ်းရိုက်ပြီး IG story မှာ
နေရာယူစေလိုက်သည် ။
" ခြောက်နှစ်အကြာမှ Date မဟုတ်တဲ့
Date <3 "
တော့ပုကီစားလိုက် ဆိုဂျူမော့လိုက်နဲ့
နှစ်ယောက်သား အတိုင်အဖောက်ညီနေကြသလို စကားလည်းအများကြီးပြောကြသည် ။
" မှတ်မိလား ပင်လယ်စာထမင်းကြော်လေ "
" ငါ အဲ့ညက တစ်ညလုံးမအိပ်ရဘူး "
" ပြောရင် တခြားလုပ်ပေးပါတယ် မင်းကိုကယားတာ "
" သည်းခံစားလိုက်တဲ့ ငါမှားတာ ဟားဟားး "
တစ်လလောက်အတွင်းရှိခဲ့တဲ့အမှတ်တရတွေကို
နှစ်နာရီလောက်ကြာအောင် ထိုင်ပြောမိနေကြသည် ။ ရီလိုက်မောလိုက် ငိုလိုက်ယိုလိုက်
ရှင်းမ်ဂျယ်ယွန်းက ကြွက်တွင်းလိုပဲ
သောက်လေ ဝင်လေ နဲ့ တစ်ပုလင်းကုန်သွားပေမဲ့
မမူးတော့ အဆင်ပြေသည် ။ ဆောင်းဟွန်းကလည်းသိပ်မသောက်
" သောက်နိုင်သားပဲ "
" ဟီးး အဲ့လိုပါပဲ "
" ဂျယ်ယွန်း.. "
" အင်း "
" ငါ သဘောကျတဲ့တစ်ယောက်လေ မင်းမေးတာ"
ဆောင်းဟွန်းရဲ့ စကားကြောင့်
နေရင်းထိုင်ရင်း သောက်ထားလို့ပူ‌‌ေနတဲ့
ရင်ထဲလေးသွားသလို
" ငယ်ငယ်လေးကတည်းက ချစ်တာ
သူနဲ့အတူရှိတဲ့အခါတိုင်း ဘာနဲ့မှမလဲနိုင်လောက်‌ေအာင်‌ေပျာ်ပေမဲ့ ဝေးသွားခဲ့တယ်
နှစ်အချို့ကြာအောင်‌ေပါ့ ။
ပြန်တွေ့တော့လည်း မပြောင်းလဲဘူး ။
ရင်ခုန်တုန်းပဲ ။ "
" ဆိုတော့ကာ ? "
ဒီတစ်ခါ ‌ကြိတ်ဆဲမိတဲ့သူကဆောင်းဟွန်း
သူ့အကြောင်းပြောနေတာကို ! တွေ့ပြီးဝေးစရာရှိမလား ဒီနိုင်ငံအတွင်းထဲမှာတော့
" အဲ့တစ်ယောက်က ငါ့ထက်အသက်မဆိုစလောက်လေးကြီးပေမဲ့ ပိုပြီးကလေးဆန်တယ် ။ ချစ်ဖို့လည်းကောင်းသလို မတရားလည်းတုံးတယ် ။
သူ့အကြောင်းပြောနေတာကိုတောင် သူမသိလောက်အောင် "
"ဆောင်းဟွန်းနီး..မဟုတ်မှလွဲရော .."
ဒီတစ်ခါတော့သိလိုက်ပါတော့ ငတုံးလေးရယ်
တစ်ချက်ကြောင်သွားသလိုရှိပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြသည် ။
ဆောင်းဟွန်းရဲ့မျက်လုံးက ထိုအခါမှလက်ကနဲ
"ငါ.."
" အင်း "
နှုတ်ခမ်းကိုကိုက်ပြီးခေါင်းငြိမ့်မိသလိုလိုရှိမှ
ဆက်ပြောလိုက်တဲ့စကားကြောင့် နင်သွားရသည်။
" ငါ့သူငယ်ချင်းတစ်ယောက်ယောက်ထဲကလား
ဩဇီတုန်းကလေ တစ်ယောက်နှစ်ယောက်ကို မင်းနဲ့မိတ်ဆက်ပေးဖူးတယ်မလား "
ဒီလို သောက်ချီး!
" သောက်ပိန်းလေး "
တစ်ခွန်းတည်းပြောပြီး စားပွဲပေါ်ခေါင်းမှောက်ချလိုက်သည် ။
ဂျယ်ယွန်း သူ့ရှေ့မှာ ဘာဖြစ်သွားမှန်းမသိတဲ့ကောင်ကို ကြည့်ပြီး သူပါစိတ်ညစ်လာသည် ။
ဩဇီတုန်းက project တူတူလုပ်ရတဲ့ အဖွဲ့ထဲကသူတွေနဲ့ စကိတ်စီးသွားတုန်းက ဆောင်းဟွန်းကိုပါခေါ်သွားဖူးသည် ။
အဲ့အဖွဲ့ထဲမှာ မိန်းကလေးက နှစ်ယောက်ပဲပါတာပါ ။ Emily နဲ့ Amber ထဲကတစ်ယောက်လား ။
သူနဲ့ကလွဲရင် ဘယ်သူနဲ့မှ မခင်ခဲ့ဘူးထင်တာ
မဟုတ်ရင်လည်း တစ်ခြားတစ်နိုင်ငံသွားရင်း
တွေ့ခဲ့တာမျိုးလား
" ဒီကောင်ငါ့ကိုခေါင်းခြောက်အောင် မတရားလုပ်တာပဲ "
" မင်းကိုကပိန်းတာ အရိပ်တင်မကဘူး အကောင်ပါပေါ်နေပြီ ရှင်းမ်ဂျယ်ယွန်း "
" မဟုတ်ရင်လည်း ငါ့သာကြိုက်လိုက်တော့
ဖအေရေ "
" ကြိုက်နေတာပဲလေ ! "
ပတ်ဆောင်းဟွန်းပေါက်ကရပြောလည်း
ရင်ခုန်နေတဲ့ကိုယ့်ကို ကိုင်ပေါက်ပေးမယ့်သူ
အငှားလိုနေပါပြီ ။
ဒါပေမဲ့ ရှင်းမ်ဂျယ်ယွန်းကလွဲရင် တစ်လောကလုံး ပတ်ဆောင်းဟွန်းပေါက်ကရ‌မပြောမှန်းသိပါလိမ့်မည် ။
အိမ်ကိုဘတ်စ်ကားစီးပြန်တော့ ဆောင်းဟွန်းကလိုက်ပို့ပေးသည် ။ ရာသီဥတုက ညဘက်ဆိုအေးလာတာကြောင့် နားရွက်ဖျားတွေနီနေလောက်ပြီ
" ဒါဆောင်းထား မင်းနားရွက်တွေရဲနေပြီ "
ဆောင်းဟွန်းကမ်းပေးလာတဲ့ beanie ကို
ယူဖို့ လက်တွန့်နေမိတော့ သူကိုယ်တိုင်ဆောင်းပေးသည် ။
" ငါက တစ်နေကုန်ဆောင်းထားလို့ လုံလောက်ပြီ"
" အဲ့တာဆိုလည်း ကျေးဇူး "
" မပြောနဲ့အဲ့လို "
" ကျေးဇူးမတင်ရင် ဘာလုပ်ရမှာလည်း "
ပါးကို လက်ညှိုးထိုးပြတော့ သူ့ပါးကို လက်ညှိုးနဲ့တို့ပေးလိုက်သည် ။
" အာ... အဲ့လိုမဟုတ်ဘူးလေကွာ ဒါမျိုး "
" ဘယ်လိုလည်း "
* ပြွတ်စ် *
Wait သူ့ကိုအခု popo ပေးသွားတာလား Omg!
" အဲ့လိုလေ ငါခုနကလုပ်သလို "
ပါးကြီးကို သူ့မျက်နှာနားကပ်ပြီး မျက်လုံးကြီးမှိတ်ထားတော့ရီချင်စရာ
လက်ညှိုးနဲ့ လက်ခလယ်နှစ်ချောင်းမှာ
နှုတ်ခမ်းကိုကပ်ပြီး သူ့ပါးကို အဲ့လက်နှစ်ချောင်းနဲ့ ပြန်တို့လိုက်သည် ။
" ပေးလို့ မတို့နဲ့လေ "
" ပေးပြီး‌ပြီလေ indirect popo "
" အဲ့လိုရလား "
" ရည်းစားမှ မဟုတ်တာ "
" အဲ့တာဆို ရည်းစားလုပ်လိုက်ရင်ရတာပဲ
ငါတို့ "
လမ်းကလည်းလျှောက်ရင်း လျှောက်ရင်း အိမ်ရောက်တော့မည် ။ ဂျယ်ယွန်း မျက်နှာကြီး ပူထူလာသလို လူကလည်း တောင့်ကနဲ
" ငါတို့က ဘာလို့ ရည်းစားလုပ်ရမှာလည်း
ဟို... အိမ်ရောက်တော့မယ် ။ မင်းလည်းပြန်တော့"
" ဟိတ် ဘာဖြစ်သွားတာလည်း yaa! Jake ! "
အိမ်ကိုတစ်ချိုးထဲပြန်ပြေးသွားတဲ့ ဩဇီသားလေးကို အသည်းယားပြီး ရီရပြန်ပြီ ။
လမ်းမီးရောင်အောက်မှာတောင် မျက်နှာကြီးရဲသွားတာ မြင်သားပဲ ။
ဒီညတော့ နှစ်ယောက်လုံး အိမ်မက်လှတော့မည်မှာ အသေအချာပင်
~| SUPPORT SYSTEM FOR LIFE |~
အဟီးး မနေ့က spoil ထားတာ ဒီနေ့အတွက်မဟုတ်ပါဘူးလို့ (^3^)
အရေးအသားလိုအပ်တာလေးတွေထောက်ပြပေးကြပါအုံး
အမြန်စာရိုက်တဲ့အကျင့်ရှိလို့ ဟိုမှားဒီမှားလေးတွေလည်း မြင်မိရင် ထောက်ပြပေးကြပါ <3
><
___________________________________________
Zawgyi
ချောနေမှာပေါ့
" ဟူးး မဆော့ရတာကြာပြီ "
" ဟုတ် "
လူရှိမှန်းတော့မသိ ။
" အိုကေ ငါ့ ID က xxxxxxx "
ဆုတ်မကြည့်မိ
" God Level ချကွာ "
" တော်သားပဲ "
" ခက်တယ်ကွ "
" လစ်လာတာ "
ဂျောင်ဝန်းကို "
ကျွန်တော်တို့"
တော်တော်လေးပိုပြီး အိနြေ္ဒရ... "
ရှက်လို့သေတော့မှာပဲ ။
ပြန်အိမ်ပြန်တော့မည် ။
" ဆောင်းဟွန်းနီးကလည်း "
" စားမယ် "
" strawberry "
" မဟုတ်ပါဘူး "
" ဟုတ်ပါတယ် "
စူပုတ်ကြီးဖြစ်နေတဲ့
" ကျေးဇူးပါ "
" မင်းတစ်ပုံ ငါတစ်ပုံ "
" အင်း မင်းနဲ့မို့ "
" အိုကေ ဒီနားမှာရှိတယ် "
တော့ပုကီဆိုင်ကလမ်း‌ဘေးဆိုင်ပါပဲ ဒါပေမဲ့
အကုန်ရသည် ။ အချိန်ကတော့ ညနေ
" မစားဖူးဘူးလား "
" သောက်နိုင်လို့လား "
နေရာယူစေလိုက်သည် ။
Date <3 "
နနှစ်ယောက်သား အတိုင်အဖောက်ညီနေကြသလို စကားလည်းအများကြီးပြောကြသည် ။
" သောက်နိုင်သားပဲ "
" ဟီးး အဲ့လိုပါပဲ "
" ဂျယ်ယွန်း.. "
" အင်း "
နေရင်းထိုင်ရင်း သောက်ထားလို့ပူ‌‌နေတဲ့
ရင်ထဲလေးသွားသလို
သူနဲ့အတူရှိတဲ့အခါတိုင်း ဘာနဲ့မှမလဲနိုင်လောက်‌အောင်‌ပျော်ပေမဲ့ ဝေးသွားခဲ့တယ်
နှစ်အချို့ကြာအောင်‌ပေါ့ ။
ရင်ခုန်တုန်းပဲ ။ "
" ဆိုတော့ကာ ? "
"ငါ.."
" အင်း "
ဒီလို သောက်ချီး!
" သောက်ပိန်းလေး "
တွေ့ခဲ့တာမျိုးလား
ဖအေရေ "
" ကြိုက်နေတာပဲလေ ! "
အငှားလိုနေပါပြီ ။
" အဲ့တာဆိုလည်း ကျေးဇူး "
" မပြောနဲ့အဲ့လို "
" ဘယ်လိုလည်း "
* ပြွတ်စ် *
" ပေးလို့ မတို့နဲ့လေ "
" အဲ့လိုရလား "
" ရည်းစားမှ မဟုတ်တာ "
ငါတို့ "
ဟို... အိမ်ရောက်တော့မယ် ။ မင်းလည်းပြန်တော့"
><
___________________________________________
Czytaj Dalej
To Też Polubisz
16.6K 1.9K 12
•I lose my mind when it comes to you I take time with the ones I choose I don't wanna smile if it ain't from you ✏️Start date - 19.12.2021 ✏️End dat...
3.1K 496 11
𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 𝙺𝚒𝚖 𝚂𝚞𝚗𝚘𝚘 "သူကရော အခုလူလား? vampire လား?" "အနားကနေထွက်သွားဖို့မကြိုးစားပါနဲ့တော့ လူဖြစ်ဖြစ်vampireဖြစ်ဖြစ်သဘောကျတာမ...
367K 11K 21
As Clarke & Lexa deal with the aftermath of their decisions at Mount Weather,forgotten feelings resurface. Both leaders struggle to find themselves a...
1.3K 103 8
(I had a few icks with my original version so I decided to rewrite it - but don't worry, the original is here to stay!) An exiled king, seeking a los...