SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
32.6K 4.1K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 11
1.3K 202 13
By ji__aan
Unicode
" ကယ်ကြပါအုံး !!! အားးးး !!
အဲ့တာဘာကြီးလည်း !!! ပြုတ်ကျသွားပြီ ကြောက်စရာကြီး !! "
VR ဆော့မယ်လို့ပြောမိတဲ့ ရှင်းမ်ဂျယ်ယွန်းအခုမှ
နောင်တတွေ တစ်သီတစ်တန်းနဲ့
VR ဆော့ရင်းအသက်ထွက်သွားလောက်တယ် ။
နောင်တရနေတဲ့သူကလည်းမရီမိတာတော့မဟုတ်ပါဘူး
Video ရိုက်ရင်း ရီရတာ ဗိုက်တွေပါအောင့်လို့
ဂွမ်းးး!
" တော်ပြီ မလုပ်နိုင်တော့ဘူး "
စက်ကြီးကို ကောက်ပေါက်လိုက်တာလား
အဲ့ကောင်က !
ပျက်မသွားလို့ပဲတော်ပါသေးသည်။
ခေါ်လာမိတဲ့သူကတော့ နဖူးကိုလက်နဲ့ပိတ်ရိုက်လိုက်မိပါသည် ။
တော်တော်ကြောက်သွားတယ်ထင်သည် ။
ကြမ်းပြင်ပေါ်ပစ်လှဲချပြီးအသက်ကိုဖြည်းဖြည်းချင်းရှူနေတာ
လက်ကမ်းပေးလိုက်တော့ သူ့လက်ကိုဆွဲပြီး ပြန်ထလာသည်။
ဆောင်းဟွန်းမှာလည်း တစ်သက်နဲ့တစ်ကိုယ်
ဒီလောက်မကြောက်ဖူးပါ ။ ချွေးစက်‌တစ်ချို့ပင် နဖူးမှာ မြင်နေရသည် ။
" သေတော့မယ်ထင်တာ "
လက်ကမ်းပေးတဲ့ ဂျယ်ယွန်းလက်ကို ဆွဲပြီး
ပြန်ထကာ မျက်နှာချင်းဆိုင်ရပ်မိတော့ အရပ်က ‌
အရမ်းလည်းမကွာပါဘူး ဒါပေမဲ သေးသေးလေးထင်ရတုန်းပဲ
နေပါအုံး ဒီအခြေအနေကြီး ရင်းနှီးနေသလိုပဲ
အာ.. စကိတ်စီးနေတုန်း ဝင်တိုက်ခံရတဲ့ဟာပဲ
ဂျယ်ယွန်းဆီက လီမွန်ရေမွှေးနံ့က လွန်ခဲ့တဲ့ခြောက်နှစ်ကလို မပြောင်းလဲသေး
" ㅋㅋ "
ရီသံသေးသေးလေးထွက်လာပုံအရ သူကြောက်တဲ့ပုံကိုရီချင်နေတာထင်သည်။
" မရီနဲ့ ငါရင်တုန်နေတုန်း "
" ဘယ်လို ကောင်လည်းမသိဘူး "
Game center ထဲကနေ ပြန်ထွက်လာတဲ့ တစ်လျှောက်လုံး သူ VR ဆော့တုန်းက Video
ကို ပြန်ကြည့်ပြီး ဗိုက်နှိပ်ရီနေတဲ့ ဩဇီသားကို
စိတ်မဆိုးမိပါ ။
ဂျယ်ယွန်း ရီနေတဲ့မြင်ကွင်းကက ဆောင်းဟွန်းအတွက် စိတ်ဆိုးရက်စရာကိုမရှိ
" ကစားကွင်းသွားချင်တယ် "
" သွားမယ်လေ အဲ့တာဆို "
တက္ကစီငှားမယ်လို့ သူကပြောပေမယ့် ဂျယ်ယွန်းက ဘတ်စ်ကားနဲ့သွားမယ်တဲ့
မှတ်တိုင်ကိုသွားတဲ့လမ်းမှာ စသလိုနောက်သလိုနဲ့
ဓာတ်ပုံလှမ်းရိုက်ရသေးသည် ။
" ဆောင်းဟွန်း မင်းငါ့ကို တော်တော်စိတ်ဆိုးခဲ့တာလား "
" အင်း တော်တော်ကိုပဲ "
" တောင်းပန်ပါတယ် ရိုးရိုးနေမကောင်းတာဆိုရင်တောင် ရောက်အောင်လာခဲ့မှာ "'
" ခွဲစိတ်ခန်းဝင်ခါနီးတောင်
ငါ့ကိုပဲတွေးနေခဲ့တဲ့ပုံပဲ "
သူက စနောက်ပြီးပြောတော့ ပါးလေးရဲ‌ကနဲဖြစ်သွားတာမြင်လိုက်ပါသည် ။ ဘာလို့ အဲ့လောက်
ဆတ်ဆတ်ထိမခံလေးဖြစ်နေရတာလည်း
" အင်း အားနာလို့သေတော့မယ် "
" ငါ စိတ်ဆိုးပေမဲ့ မင်းကို သတိမရတာ တစ်ရက်မှမရှိဘူး "
" ငါလည်း ခြောက်နှစ်မှာ တစ်ရက်ပဲ မေ့ဖူးတာပါ"
" ဘာ တစ်ရက်မေ့သွားသေးတယ်ပေါ့ "
" မမေ့ပါဘူး အာချောင်တာ ငါလည်းသတိရတယ် "
" သိသားပဲ "
" ယုံကြည်ချက်တွေသိပ်ရှိမနေနဲ့ "
ဘုကလန့်ပြောတဲ့ ဂျယ်ယွန်းကို အသည်းယားပြီး
ပါးကိုဆွဲရင်း သူရီမိတော့ မျက်စောင်းထိုးပါသည်။
" အဲ့တာ ငါ့စတိုင်ပဲလေ "
" အေးပေါ့နော် ယုံကြည်ချက်ရှိလွန်းလို့
Crush နာမည်ကို username ထားတာပေါ့ "
" Stalk ထားတာလား "
" မဟုတ်ပါဘူး ဒီတိုင်း ကြည့်မိသွားတာ "
" ပြန် follow လေ "
" Follower ဘဝနဲ့ပဲ အသက်ဆက်နေလိုက်အုံး "
" ဟာ "
" ပြောပြရင် ပြန် follow မယ်လေ "
" တကယ်လား "
" အင်း "
" အနောက်က jjs က jakeu jakeu's ရဲ့အတိုကောက်လေ "
" ပေါက်ကရပြောခိုင်းနေတာမဟုတ်ဘူးနော် "
" ဟာ ငါမလိမ်ဘူး အတည်ပြောတာ "
ပြုံးစိစိဖြစ်နေတဲ့ဆောင်းဟွန်းကို ဂျယ်ယွန်းယုံချင်စရာတကွက်မှမရှိ
ဘာကို jakeu jakeu's လည်း ပေါက်ကရတွေ
" ဘတ်စ်ကားလာပြီ နေခဲ့မှာလား "
" မနေခဲ့ပါဘူး "
ဆောင်းဟွန်းနှုတ်ခမ်းစူပြပြီး ဘတ်စ်ကားပေါ်တက်တော့ ဂျယ်ယွန်းကလည်းရယ်ရင်း တက်လာသည် ။
" လိမ်တာမဟုတ်ပါဘူးဆို "
နှစ်ယောက်ခုံမှာ ဝင်ထိုင်ပြီးတိုးတိုးလေးပြောမိသည် ။ ဆောင်းဟွန်းမလိမ်မှန်း ဆောင်းဟွန်းနဲ့ သူ့အပေါင်းအပါတွေပဲ သိပါလိမ့်မည်။
ဘေးမှာ ဝင်ထိုင်တဲ့ ဂျယ်ယွန်းက သူ့ကိုမကြည့်ပဲ ဖုန်းကိုကြည့်နေသည်။ ချောင်းကြည့်ချင်ပေမဲ့ ပြတင်းပေါက်ဖက်ကို မျက်နှာမူထားလိုက်သည် ။
~ Tong ~
* ပန်းသီးအပဲ့ဖုန်းက နိုတီတက်တဲ့အသံ *
yuniejake_sim02 started following you
" သိသားပဲ အဲ့လိုဖြစ်မယ်ဆိုတာ "
သူပြောတော့ နှုတ်ခမ်းကွေးရုံလေးပြုံးပြသည် ။
" သီချင်းနားထောင်မလား "
" အင်း "
( A/n : Lauv ရဲ့ I like me better လေး နားထောင်ရင်းဖတ်ဖို့ အကြံပေးချင်ပါတယ် ။ )
♪~ To be young and in love in New York City
To not know who I am but still know that I'm good long as you're here with me
To be drunk and in love in New York City ♪~
Airpod ကနေတစ်ဆင့် နားစည်ကိုရိုက်ခတ်လာတဲ့ သီချင်းသံနဲ့အတူ ဘေးမှာထိုင်နေတဲ့ လူသားကိုခိုးကြည့်မိပါသည် ။
အရာရာပြီးပြည့်စုံနေတဲ့ ပတ်ဆောင်းဟွန်းဆိုတဲ့လူသားကို ငယ်ရွယ်စဉ်ကတည်းက ချစ်မှန်းမသိ ချစ်လို့နေခဲ့တဲ့ ရှင်းမ်ဂျယ်ယွန်းရဲ့ ဘဝထဲမှာ
ချစ်ရတဲ့လူသားနဲ့ရှိနေချိန်တွေကသာ တန်ဖိုးအရှိဆုံးဖြစ်ခဲ့လို့နေပါသည် ။
ပိုင်ဆိုင်ခွင့်ရမယ်လို့ ထင်ပါတယ်
တစ်ချိန်ချိန်ပေါ့
ဘတ်စ်ကားပြတင်းပေါက်ကနေတိုက်ခတ်နေတဲ့ လေညှင်းနုနုရယ် ဘေးမှာရှိနေတဲ့ဂျယ်ယွန်းရယ် က ဆောင်းဟွန်းအတွက် အရိုးရှင်းဆုံး
အလှတရားပါပဲ ။
♪~Midnight into morning coffee
Burning through the hours talking
Damn, I like me better when I'm with you
I like me better when I'm with you~♪
ပုခုံးပေါ်ကိုရောက်လာတဲ့တစ်စုံတစ်ခုကြောင့် ခေါင်းကိုငုံ့ကြည့်မိသည် ။
" ခဏလေးမှေးချင်လို့ ဂျယ်ယွန်း
ပုခုံး ခဏငှား"
♪~ I knew from the first time, I'd stay for a long time 'cause
I like me better when
I like me better when I'm with you ~♪
ဂျယ်ယွန်းရဲ့ ပုခုံးပေါ်မှာ ခဏလေးပဲဖြစ်ဖြစ် အနားယူခွင့်ရတဲ့အချိန်
သူ့ရဲ့ ကိုယ်သင်းနံ့ကို ခိုးပြီးနမ်းရှိုက်ရတဲ့အချိန်
ပထမဆုံးစတွေ့ကတည်းက ရင်ထဲမှာ နေရာယူခဲ့တဲ့ ဂျယ်ယွန်းကို တစ်သက်စာသူ့အပိုင်အဖြစ် ပိုင်ဆိုင်ခွင့်ရရင် ပိုင်ဆိုင်ချင်ပါသေးသည်။
ကောင်လေးတစ်ယောက်ရဲ့ ပုခုံးပေါ်မှာ မှီအိပ်နေတဲ့ ကောင်လေးရဲ့အပြုံးရယ်
ပုခုံးငှားပေးထားရတဲ့ကောင်လေးရဲ့ မျက်နှာက
ပျော်ရွှင်မှုတွေရယ်
ဘေးလူတွေပင်မြင်နေရလောက်အောင်
သူတို့ရဲ့အချိန်လေးက တန်ဖိုးရှိလွန်းပါသည် ။
" မင်းနဲ့ရှိနေတဲ့အချိန် ငါ့ကိုယ်ငါ ပိုပြီးသဘောကျတယ်အများကြီးပေါ့ ။ "
"ငါလည်း အများကြီးသဘောကျတယ် ။ မင်းနဲ့ရှိနေရတဲ့ငါ့ကိုယ်ငါရော မင်းကိုရော "
~|SUPPORT SYSTEM FOR LIFE |~
*spoiler*
" ကင်မ်ဆောနူ မင်းငါ့ကို တကယ်ပြောနေတာလား နောက်နေတာလား "
" ငါလည်း အဲ့ဂျပန်ပိစိလေးက တော်ရုံကပ်ရင်
အကူအညီတောင်းပါ့မလား ဆောင်းဟွန်းရာ "
" ငါ့ကို ရည်းစားအငှားလိုက်ခိုင်းလိုက်တာနဲ့
ပြီးမယ့်ကိစ္စရော ဟုတ်ရဲ့လား "
" ငါ့မှာရည်းစားရှိတယ်ဆိုရင် အဲ့ကောင်လေး
နောက်ဆုတ်လောက်မှာပါ "
ထိုဖုန်းပြောနေစဉ်မှာပဲ
" ဆောနူဟျောင်း ! "
" yaa!! Nishimura Riki ငါ့အခန်းထဲကို တံခါးခေါက်ပြီးမှဝင်လို့ပြောထားတယ်လေ "
~တီ~
~|SUPPORT SYSTEM FOR LIFE |~
ရေးတာတိုပေမယ့် စပွိုင်လာပေးပါတယ်နော်
:( Daily update တယ်တောင်ခေါ်လို့ရနေပြီ
>< လိုတာရှိရင်ထောက်ပြကြပါအုံး
Feedback လေးတွေလည်း welcome ပါ ^^
Fb acc ကိုသိတဲ့သူတွေကိုတော့ ကြိုပြီး
အားနာပါတယ် နောက်ပိုင်းပျင်းရင်ပျင်းသလို
စပွိုင်လာတွေ ထထတင်မှာမို့လို့ပါ 🤣
__________________________________________
Zawgyi
" ကယ်ကြပါအုံး !!! အားးးး !!
ဂွမ်းးး!
အဲ့ကောင်က !
" သေတော့မယ်ထင်တာ "
" ㅋㅋ "
စိတ်မဆိုးမိပါ ။
" သွားမယ်လေ အဲ့တာဆို "
" အင်း တော်တော်ကိုပဲ "
" သိသားပဲ "
" အဲ့တာ ငါ့စတိုင်ပဲလေ "
" Stalk ထားတာလား "
" ပြန် follow လေ "
" ဟာ "
" တကယ်လား "
" အင်း "
" မနေခဲ့ပါဘူး "
" လိမ်တာမဟုတ်ပါဘူးဆို "
~ Tong ~
" သီချင်းနားထောင်မလား "
" အင်း "
တစ်ချိန်ချိန်ပေါ့
အလှတရားပါပဲ ။
ပုခုံး ခဏငှား"
I like me better when
ပျော်ရွှင်မှုတွေရယ်
*spoiler*
နောက်ဆုတ်လောက်မှာပါ "
" ဆောနူဟျောင်း ! "
~တီ~
__________________________________________
Continue Reading
You'll Also Like
4.2K 108 26
NOT MY STORY FOR OFFLINE PURPOSE ONLY TITLE: The National Sweetheart Livestreamer Is A Pro! By: Mo Shong Wang Status: Completed Genre: Gaming, BL Tr...
1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.3M 56.1K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
After All By ATP
Fanfiction
898K 16.3K 82
"I guess it's you after all." Another story of my imaginative mind. Jedean/Gawong fanfic :) #TeamReal