Marry Me by Khit Shan Lynn
By KhitShanLynn
7.3K 303 24
လူသားနှစ်ဦးရဲ့ ချစ်ခြင်းတရားပေါင်းစပ်ခြင်းမှာ လူသားနှစ်ယောက်သာ လိုအပ်ကြောင်း လူသားနှစ်ဦးရဲ့ ချစ်ခြင်းတရားပေါ... More
Marry Me 1
Marry Me 2
Marry Me 3
Marry Me 4
Marry Me Final
Part 1 Unicode
Part 2 Unicode
Part 4 Unicode
Final Unicode
Part 3 Unicode
311 26 0
By KhitShanLynn
“ကိုဇွဲ… MD အခု ဘယ်မှာရှိမလဲ… Y သွားကြိုမလို့”
“ဆရာ ခုချိန် Melia မှာ ရှိနေတယ် Y… Escort တွေလည်းပါတယ် Y…”
“Melia မှာ ရှိနေရမယ့် မောင်က ပြည်လမ်းမ ပေါ်မှာရှိနေတယ်… Maybach ပေါ်မှာ မောင် ပါနေလို့သာ ရှေ့က Escalade က သွားတာ… မောင် ဘာတွေလုပ်နေလဲကွာ”
Y မောင့်ကို ဖုန်းဆက်ချင်ပေမယ့် မောင့်ရဲ့ မုသားတွေ မောင့် ပါးစပ်က မထွက်စေချင်၍ Y မမေးတာပါ မောင်… မောင် အမှန်အတိုင်းဖြေရင် ပြဿနာမရှိပေမယ့် ဟန်နေ့ အတွက် မောင် မုသားသုံးတာ မဖြစ်စေချင်ဘူးမောင်… မောင်ဘာတွေပဲလုပ်နေပါစေ… ဟန်နေက မောင့်ရဲ့ ပါရမီဖြည့်ဖက်ပါပဲ…
တွေးတော ငေးမောရင်း Mark II Blit လေးသည် Yangon Men Spa သို့ရောက်ရှိလာသည်။
ဦးသောင်းက “Y… ကလေး… ရောက်ပြီ Spa ကို”
ဦးသောင်း သတိပေးမှ Y တွေးတောနေတာတွေရပ်တန့်ပြီး ကျောပိုးအိတ်လေးကို လွယ်ကာ Spa အတွင်းသို့ ဝင်လိုက်သည်။
လတ်ဆတ်သော လေအေးတွေနဲ့ နိုင်ငံတကာ ဆန်သော မီးအလင်းရောင်တွေက စိတ်ကို ကနဦး ကြည်လင်သွားစေသည်။ ကောင်လေးတစ်ဦးက မြန်မာဆန်သော အပြုံးများဖြင့် “မင်္ဂလာပါ” လို့ နှုတ်ဆက်ကာ ဆိုဖာပေါ်တွင်ထိုင်စေသည်။
ဟိန်းနဲ့ Y တို့သည် Yangon Spa ၏ VIP Regular Customer များဖြစ်သည်။ ဝန်ထမ်းများအားလုံးနှင့်လည်း ရင်းနီးနေပြီဖြစ်သည်။
“ကိုY… အပူလား အအေးလား”… ကောင်လေးက ချိုသာစွာမေးသည်။
“ကျေးဇူးညီ… အကို Company မှာ သောက်လာပြီးပြီ”… လို့ပြောကာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ကျောက်သင်ပုန်းလေးကို Y လှမ်းယူလိုက်သည်။ ကျောက်သင်ပုန်းပေါ်တွင် Yangon Spa တွင် ရယူနိုင်သော Spa အမျိုးအစားများကို ရေးသားထားသည်။ Y ကျောက်သင်ပုန်းလေးကို ကြည့်နေတုန်း မန်နေဂျာ ထွက်လာကာ…
“Y… Booking လည်း မလုပ်ဘဲ ဘယ်လိုရောက်လာတာလဲ… ဒေါက်တာ ဟိန်းရော မပါဘူးလား”
“Y အလုပ်ကလည်း စောပြီးလို့… ပြီးတော့ Stress တွေရှိလို့ အနားယူချင်လို့ အစီအစဉ်မရှိဘဲ ထွက်လာလိုက်တာ… မောင် ဒီနေ့ အလုပ်များတယ်… Y တောင် မနက်ကပဲ သူ့မျက်နှာမြင်လိုက်ရတယ်”
“Y… ဘယ်လို Package ယူမလဲ… အကိုရွေးပေးရမလား… Y ရွေးမလား”
“Y… Aroma Therapy ရနံ့ကုထုံးရော… Massage နဲ့ scrub ရော ယူမယ်”
“Ok… ok… အကို စီစဉ်ပေးလိုက်မယ်… ခဏ ထိုင်နေဦးနော်”
Y ထိုင်စောင့်ရင်း Yangon Spa အကြောင်းကို စဉ်းစားနေလိုက်သည်။ Yangon Spa သည် ရန်ကုန်မြို့တွင် အသန့်ရှင်းဆုံး Spa တစ်ခုဖြစ်သည်။ Sex service မပါဘဲ Spa အရသာ စစ်စစ် ခံစားလိုသော အလွှာစုံမှ ယောကျာ်းလေးတွေအတွက် တစ်ခုတည်းသော Men Spa ဖြစ်သည်။ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးနဲ့ အလှအပကို ရယူခံစားနိုင်သည်။ Y တို့လို အသားအရေကို ထိန်းသိမ်းဂရုစိုက်သူများအဖို့ Yangon Spa ကို တစ်ခေါက်လောက် သွားရောက်စေချင်ပါသည်။
Y သည် Spa ရောက်ရင် ဘယ်တော့မှ လူမရွေးပါ… အလှည့်ကျသည့် Spa Boy ကိုသာ စီစဉ်ပေးခိုင်းသည်။ လူရွေးလိုက်ပါက အရွေးမခံရသည့် ဝန်ထမ်းများသည် သိမ်ငယ်သွားနိုင်သည်။ ထိုမျှမကသေး ဝင်ငွေလည်း နည်းသွားနိုင်သည်။ ထို့ကြောင့် Y နဲ့ ဟိန်းကတော့ လူရွေးသည့် အလုပ်ကို မလုပ်။ Yangon Spa ရှိ Spa Boy အကုန်လုံးနဲ့ Y တို့သည်လည်း မိသားစုလို ဖြစ်နေလေပြီ။
သုံးမိနစ်လောက်ကြာတော့ ကောင်လေးတစ်ဦး Spa Package ကို ကိုင်ကာ Y ရှေ့လာရပ်ပြီး…
“ကိုY… မင်္ဂလာပါ… ကိုY ကို ကျွန်တော် Service ပေးဖို့ အပေါ်ကို လိုက်ခဲ့ပါခင်ဗျာ”… Y မော့ကြည့်လိုက်တော့ ထိုင်းစတိုင် ချည်သား ဝမ်းဆက် ဝတ်ထားသော မြန်မာအပြုံးများဖြင့် ကောင်လေးတစ်ယောက်… သူ့နာမည်က ခွန်း…
“ခွန်း… Good Evening ခွန်း”… Y က ပြန်နှုတ်ဆက်ပြီး ခွန်း နောက် လိုက်သွားသည်။
Yangon Spa ၏ မြေညီထပ်တွင် Hair and facial အတွက် service ပေးပြီး… ပထမထပ်တွင် Massage and spa service များပေးသည်။ မှိန်ပြပြ အလင်းရောင်ပေးထားသော ပြေပြစ်သည့် လှေကားလေးကို ခွန်း နောက်မှ နေ၍ Y တက်လိုက်သည်။ ပထမထပ်တွင်တော့ အခန်းငယ်လေးတွေ အစီအရီ… Y ကတော့ အမြဲ ထောင့်စွန်းခန်းကိုသာ ယူနေကျဖြစ်၍ ခွန်းက Y ကို ထောင့်စွန်း အခန်းကို ဝင်ရောက်စေသည်။
အခန်းငယ်လေးထဲကို ဝင်လိုက်တော့ ခုတင်ပေါ်တွင် Tower လေးကို တင်ပေးထားသည်။ စားပွဲခုံပေါ်တွင် ရနံ့ကုထုံးဆီကို အပူပေးထားသည်။ မွေးပျံ့သော ရနံ့လေးက စိတ်ကို ကြည်မြသွားစေသည်။ ခွန်းက လိုက်ကာလေးကို သေချာ ပိတ်လိုက်တော့ Y က…
“ခဏ ခွန်း… အကို Showeroom ဝင်ဦးမယ်”… ခွန်းက “ကိုY ခြေထောက်သွားဆေးမလို့မှတ်လား… ခွန်းသုတ်ပေးမှာပေါ့ Wet Tissue နဲ့”… “နေနေ… ကိုY ဘာသာ လုပ်မယ်”
Y တစ်ယောက် Shower ထဲ ဝင်ကာ ခြေထောက်ကို သေချာဆေးသည်။ တကယ်တော့ Spa Boy လေးတွေက Wet Tissue နဲ့ သန့်စင်ပေးပါသည်။ Y ကတော့ မိမိ ဘာသာ ခြေထောက်ကို ဆေးသည်။ Service ပေးသည် ဆိုသော်လည်း လူလူ ချင်းတော့ Y တက်မနင်းပါ။ မိမိသာဆိုရင်ရော နေရာစုံကို ဖြတ်လာသည့် သူတစ်ပါးခြေထောက်ကို လက်နှင့်ကိုင်ကာ Wet Tissue နဲ့ သုတ်ပေးချင်ပါ့မလား။ Y နဲ့ ဟိန်းကတော့ ခြေထောက်ကို ကိုယ့်ဘာသာ ဆေးပြီးမှ Spa Boy လေးကို သုတ်ခိုင်းပါသည်။
Y အခန်းထဲရောက်တော့ ခွန်းက “ကိုY တို့ကို အဲ့ဒါကြောင့် ကျွန်တော်တို့က ချစ်ပြီးလေးစားရတာ… သူများတွေနဲ့ မတူဘူး ကိုY တို့က… ညီတို့ကို နွေးထွေးပေးတယ်… ကိုY  ညီ မီးလျှော့လိုက်မယ်နော်… ညီချွတ်ပေးလည်း ကိုY ကငြင်းဦးမယ်… အဲ့တော့ ညီ မချွတ်ပေးတော့ဘူးနော်”
ခွန်း မီးကို လင်းရုံမျှသာ လျှော့လိုက်တော့ Y လည်း အဝတ်တွေချွတ်လိုက်ပါသည်။ ခွန်းက Y အဝတ်တွေကို ချိတ်နဲ့ သေချာချိတ်ပေးသည်။ Y အတွင်းခံလေးကိုပါ ချွတ်လိုက်တော့ ခွန်းက Y လက်ထဲက အတွင်းခံကို လှမ်းယူလိုက်သည်။ သို့သော် Y က ခွန်းကို မပေးဘဲ ကိုယ်တိုင် ချိတ်နဲ့ချိတ်လိုက်သည်။ မိမိ အတွင်းခံကို သူများအား ချိတ်ခိုင်းရလောက်အောင် Y မခိုကပ်တတ်။
(Spa များသည် တစ်ကိုယ်လုံး ချွတ်ပေးရပါသည်။ ထို့ကြောင့် Personal လုံခြုံသော Spa များကိုသာ သွားသင့်သည်။ မိမိတစ်ကိုယ်လုံး၏ ကောင်းကွက် ဆိုးကွက်တွေကို Spa Boy တွေက မြင်နေရပါသည်။ Yangon Spa သည် ကိုယ်ရေးကိုယ်တာ လုံခြုံသော အဆင့်အတန်းရှိ Spa တစ်ခုဖြစ်သည်။ ထို့ကြောင့် မောင့် လို MD ပင် Yangon Spa ကို Home Spa အဖြစ်သတ်မှတ်ထားသည်)
Y ကိုယ်လုံးတီးလေးနှင့် ခုတင်ပေါ်မှောက် အိပ်လိုက်သည်။ အိစက်ညက်ညောသော အထိအတွေ့က Body တစ်ခုလုံးကို Flexible ဖြစ်စေသည်။ ခွန်းက Tower လေးကို Y တင်ပါးတစ်ဝိုက်တွင် ဖုံးလိုက်သည်။
“ကိုY… စိတ်လျှော့ချလိုက်တော့နော်… ခွန်း စနိှိပ်တော့မယ်”
“ခွန်း… ညီလေး… ဖြေးဖြေးတော့ နှိပ်နော်”
“ဟုတ်ကဲ့ပါ ကိုYရ… ကို့Y အသားလေးတွေက နူးညံ့တော့ အရမ်း ကြမ်းလို့မရတာ သိပါတယ်… ယောကျာ်းလေးဆိုပေမယ့် ကိုY အသားအရေတွေက နုတယ်နော်… ပြီးတော့ သန့်ရှင်းတယ်… ယားနာတွေ အရေပြားပြဿနာတွေ မရှိဘူးနော်”
“ကိုY က တစ်ကိုယ်ရည်သန့်ရှင်းရေးတော့ ဂရုစိုက်တယ် ခွန်းရ… ကိုယ်လည်းလူပဲ… တခါတခါ ချွေးနဲ့ပေါင်းပြီး ယားနာလေးတွေတော့ဖြစ်တယ်… ဖြစ်ရင် သေချာဆေးလူးတယ်… ယားနာတွေနဲ့ ညီတို့ကို နှိပ်ခိုင်းလို့ အဆင်မပြေဘူးလေ”
“တချို့က ယားနာတွေနဲ့ လာလည်း ခွန်းတို့က မတတ်သာဘဲ နှိပ်ပေးရတာပဲလေ… ကိုY တို့လို ကျွန်တော်တို့ Spa Boy တွေအတွက် စဉ်းစားပေးတဲ့ Customers တွေချည်းဆို သိပ်ကောင်းမယ်”
Y လည်း Aroma ရနံ့လေးကို ခံစားရင်း စိတ်ကိုလျှော့ချလိုက်သည်။ မောင့် အကြောင်းမတွေးမိအောင်လည်း အာရုံကို Aroma ရနံ့တွင်သာ နှစ်ထားသည်။ ခွန်းကတော့ Tower လေးကို ဖယ်ပြီး တစ်ကိုယ်လုံးကို Oil ဖြင့် နှိပ်ပေးနေသည်။
(တစ်ကိုယ်လုံး ကိုယ်လုံးတီးကို ပွတ်သပ်နှိပ်နယ်ပေးနေသည့် အတွက် စိတ်ထဲ မရိုးမရွဖြစ်မိသည်။ သို့သော် Y သည် စိတ်ကို ထိန်းချုပ်နိုင်သည်။ မောင်နဲ့သာ ကာမစိတ်တွေ ဖြစ်ပေါ်သည်။ တခြားသော သူနဲ့ ဆိုရင်တော့ စီးပွားရေးစိတ်ဖြင့်သာ လက်ခံသည်။ မောင်နှင့် Y တို့၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း Yangon Spa ရှိ ကလေးတွေ အကုန်လုံးက လေးစားကြသည်)
နာရီဝက်လောက်ကြာတော့ ခွန်းက Y ကို ပက်လက်လှန်စေသည်။ ပက်လက် အနေအထား Y ကို ခွန်းက နှိပ်ပေးသည်။ ပေါင်ရင်းတွေကို နှိပ်သည့်အခါ ခွန်းလက်များသည် Y ညီလေးကို မထိတထိ လာထိသည်။ သို့သော် Y ညီလေးသည် အိပ်မြဲအိပ်နေသည်။
“ကိုY… ခွန်းတစ်ခုပြောမယ်နော်… ခွန်းကို စိတ်မဆိုးနဲ့နော်”
“အွန်း… ပြောလေ ညီ…”
“ကိုY နဲ့ ဒေါက်တာဟိန်းတို့ကို နှိပ်ပေးရင် အစ်ကိုတို့ဟာက ပုံမှန်ပဲနော်… တခြားလူတွေဆို အဲ့နေရာ ထလာပြီး Sex pleasure လုပ်ပေးရရော”
“ခွန်းရဲ့… ကိုY က Spa ကို လာတာ… Spa ဆိုတာက Busy Lifestyle ကြောင့် စိတ်တွေကိုယ်တွေ မနုပျိုတော့လို့ နုပျိုအောင် ကုသပေးတဲ့ နေရာလေ… အဲ့တော့ အကိုတို့က Spa အနှစ်သာရကိုပဲ ခံစားတယ်… အကိုတို့ Sex လိုချင်ရင်တော့ Sex Service Men တွေကို ခေါ်မှာပေါ့”
ခွန်းက နှိပ်လည်း နှိပ် စကားလေးလည်း ပြောနေတော့ Y လည်း မောင့် အကြောင်းမတွေးမိ၍ ခွန်း ကို ကျေးဇူးတင်နေမိသည်။
“ကိုY… ကျွန်တော်တို့လို လူတွေကို ကိုY တို့ မရွံဘူးလား”… ခွန်းမေးခွန်းက Y ရင်ထဲ မသက်မသာဖြစ်သွားသည်။ Y သေချာစကားပြောဖို့လိုပြီဖြစ်၍ အိပ်နေရာက ထထိုင်လိုက်သည်။ ခွန်းက သူလုပ်ပေးတာ သဘောမကျလို့ ထထိုင်လိုက်သည်ဟု ထင်သွားသည်။
“ခွန်း… ကိုY ဘေးလာထိုင်… ခွန်း နှိပ်တာ ခဏရပ်… အချိန်ကျော်သွားလည်း ဂျာကြီးကို Over Charges အကိုပေးလိုက်မယ်”… လို့ပြောရင်း Y က သဘက်လေးကို ခါးအောက်ပိုင်းတွင် တင်လိုက်ကာ ခြေထောက်ချိတ်ထိုင်လိုက်သည်။ ခွန်းလည်း Y ဘေးနားကို ဝင်ထိုင်သည်။
Y က ခွန်းမျက်နှာကို ကြည့်ကာ နွေးထွေးစွာ စကားစတော့သည်…
“ခွန်း… ကိုY ပြောတာတွေကို ဆုံးအောင် သေချာနားထောင်ပေးနော်… ဖြတ်မပြောနဲ့နော်”… ခွန်းက ခေါင်းလေးငြိမ့်ပြသည်။
“ခွန်း… ခွန်းလည်း လူသား… Y လည်းလူသား… OK… လူသားတွေဆိုတာ တူညီတဲ့ အလုပ်သုံးခုကို လုပ်ကြတယ်… အဲ့ဒါက ကာယကံ ဝစီကံ မနောကံ… ချမ်းသာသာ ဆင်းရဲရဲ ဒီသုံးလုပ်ကို နေ့စဉ်လုပ်ကြတယ်”
“နောက်တစ်ခု… စားဝတ်နေရေး… စာဝတ်နေရေးအတွက် လူသားတွေက ရုန်းကန်ကြရတယ်… မိမိတတ်ထားတဲ့ ပညာပေါ် ကျွမ်းကျင်ရာပေါ် မူတည်ပြီး လုပ်ရတဲ့အလုပ်တွေက ကွာတယ်… ဒါပေမယ့် လိုရင်းက တစ်ခုတည်းပဲရယ်… ငွေရဖို့… ထမင်းစားရဖို့”
“Y က Executive Director… ဟိန်းက ဒေါက်တာ MD… ညီက Spa Boy… ဒေါ်မူက ငါးစိမ်းသည်… အလွှာစုံပဲနော်… ဒါပေမယ့် အဓိက Target က ငွေရဖို့… မိမိရဲ့ တစ်နေ့တာ ထမင်းစားဖို့ ငွေရှာနေတဲ့ လူတွေချည်းပဲ… အဲ့ဒါကိုမှ ရှေးအတိတ်ကံ ပစ္စုပ္ပန်မှာတတ်ထားတဲ့ ပညာတွေကြောင့် အလွှာစုံ အလုပ်တွေကွဲသွားတာ… Main ကတော့ ငွေ ရဖို့ပဲ”
“Well… ငါးရောင်းတဲ့လူရှိလို့ အကိုတို့ ငါးစားရတာ… ဝက်ပေါ်ပေးတဲ့ လူရှိလို့ အကိုတို့ ဝက်သားစားရတာ… ဈေးသည်ရှိလို့ ဈေးဝယ်သူရှိတာ…No customer no business… လောကကြီးက တစ်ပတ်လည် Balance ပဲ ခွန်း… ညီတို့လို Spa Boy ရှိနေလို့ အကိုတို့ အသားအရေနဲ့ ပင်ပန်းနေတဲ့ စိတ်ကို ကျန်းမာအောင် Spa လာလို့ရတာ”
“အခု အချိန်မှာ ညီက ဝန်ထမ်း… ကိုY က VIP Customer… အဲ့ဒါကြောင့် ခွန်းက ကိုY ကို သေချာ တာဝန်ကျေပေးတယ်… Vice versa… ခွန်း Duty Off တဲ့ရက် ကိုY တို့ Supercenter မှာ ဈေးလာဝယ်တယ်ပဲထား… ကိုY က Executive Director ဆိုပေမယ့် ကိုယ့်ဆိုင်လာတဲ့ ထမင်းရှင်မို့  ခွန်းကို ကိုY တာဝန်ပြန်ကျေရမယ်”
“ဘတ်စ်ကား ဒရိုင်ဘာတစ်ယောက် မထသ ပေါ်မှာဆိုရင်တော့ ယာဉ်မောင်းပေါ့… ဒါမယ့် သူ ကိုY တို့ Supercenter အဝကိုရောက်တာနဲ့ Security က သူ့ကို ဧည့်ဝတ်ပြုမှာပဲ… ရှင်းရှင်းပြောရရင်တော့ အကုန်လုံးက လည်ပတ်နေတာ… Circle တစ်ခုထဲမှာပဲ လူသားတွေက… အဲ့ဒါကြောင့် ကိုY သမာအာဇီ၀ ငွေရှာနေတဲ့ လူတွေကို မရွံဘူး ခွန်း”
“Offer… ခပ်ရိုင်းရိုင်းပြောမယ်ဆို Body ကို ရင်းနှီးပြီးငွေရှာတာပေါ့… ဒါပေမယ့် သူမမှားဘူး ခွန်း… စားဝတ်နေရေး အတွက် လုပ်ရမယ့် Business က Investment လိုတယ်… အမြဲတမ်း ခရမ်းသီး သခွားသီး လက်ငါးချောင်းနဲ့မှ နေလို့မရဘူး… ကာမဆိုတဲ့ လောကကြီးကပေးထားတဲ့ ခံစားမှုတစ်ခုကိုတော့ ခံစားသင့်တာပေါ့… ကိုယ်နဲ့ တူတူ အိပ်ပေးမယ့် လူကလည်း မရှိတော့ Offer ခေါ်အိပ်တယ်… ကိုယ်လည်း လိုချင်တာရတယ် သူလည်းငွေရတယ်… Offer နဲ့ အိပ်ဖို့ customer ကလည်း ငွေရှာရတယ်… Offer ကလည်း သူထမင်းစားဖို့ ငွေရှာတယ်… အတူ တူ ပဲ”
“ခွန်းရဲ့ လက်တစ်ဖက် ကိုY ရှေ့ကို ထုတ်လိုက်”… ခွန်းက လက်ကို ထုတ်လိုက်သည်…
“လက်ချောင်းငါးချောင်းရှိတယ်နော်… လက်သန်းက ပညာရေး၊ လက်သူကြွယ်က စီးပွားရေး၊ လက်ခလယ်က လူမှုရေး၊ လက်ညိုးက ကျန်းမာရေး၊ လက်မက လိင်မှုကိစ္စလို့ ဆိုကြပါစို့… လက်ကောက်ဝတ်က အောင်မြင်မှုပန်းတိုင်ပေါ့… လက်ကောက်ဝတ်ကို လက်မ မပါဘဲ ဆွဲကြည့်… လက်ထဲပါလာလား?... လက်မ အပါ လက်ချောင်းငါးချောင်းနဲ့ ဆွဲကြည့်… လုံးဝပါလာတယ်တွေ့လား”
“ဘဝအောင်မြင်ရေးမှာ  sex ကလည်း 20 ရာခိုင်နှုန်းပါတယ် ခွန်းရဲ့… ကိုy မှာ အကယ်၍ မောင် နဲ့ မဟုတ်ဘဲ Single သာဆို Offer ခေါ်ရင်ခေါ်ရမှာ… သွေးသားက တောင့်တလာရင်ပေါ့…  ခရမ်းသီး သခွားသီးနဲ့တော့ ကိုY မနေနိုင်ဘူး… အသွေးအသားတစ်ခုကိုတော့ ကိုY ရှာမှာ… အဲ့မှာ ကွာတာက ကျားကြီးခြေရာကြီး… သာမာန် ဝင်ငွေရှိတဲ့ လူကတော့ သာမာန် Offer ခေါ်မှာပေါ့… ကိုY တို့ကတော့ ဒေါ်လာပေးပြီး Model Boy တွေ ခေါ်အိပ်မှာပေါ့… လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ… မိမိကလည်း Offer တွေကို ကောင်းကောင်းဆက်ဆံရင် သူတို့ကလည်း တန်ရာတန်ကြေး ပြန်ပေးမှာပဲ ခွန်း… ဘယ်အရာမဆို Professional က အကောင်းဆုံးလေ”
“လိုရင်းကတော့ အကုန်လုံး လူသားတွေချည်းပဲ… စားဝတ်နေရေးအတွက် ခိုးစားနေတာ မဟုတ်လို့ ရွံစရာမကောင်းဘူးညီ… Sex က ဘာညာဆိုပြီး Spa Boy တွေ Offer တွေကို နှိမ်နေတဲ့ လူတွေကို သွားကြည့်လိုက်… တစ်လဝင်ငွေ တစ်သိန်းလောက်ပဲရှိပြီး အောက်ပိုင်းမှာ ဝဲထူနေတဲ့ လူတွေ… ကြုံရာကျပန်း sex ဖြစ်နေတဲ့လူတွေ… ပိုက်ဆံရှိတာမရှိတာအသာထား… လူပီသတဲ့ အဆင့်အတန်းရှိတဲ့ လူတွေဆိုတာ ဘယ်သူ့ကိုမဆို လူပီသစွာပဲ ဆက်ဆံတယ်ညီ”
“မမှန်းထားတဲ့ အရာတွေဆိုတာ အများကြီးဖြစ်တတ်တယ်ညီရ… Offer တွေ Spa Boy တွေဖြစ်လာတယ်ဆိုတာ Back Stage မှာ အကြောင်းတရားအများကြီးရှိတယ် ခွန်း… ကိုY လည်း အလုပ်အဆင်မပြေရင် ရှိတဲ့ Body ကို အသုံးချရင်ချရမှာ”
“ခွန်း… ဘာတွေပဲ ကြုံလာပါစေ လုပ်ရပါစေ… ခွန်းကျန်းမာရေးကို ခွန်းဂရုစိုက်… ကိုယ့်ကိုယ်ကို ချစ်… ကိုယ့်ကိုယ်ကို ချစ်မှ တိုးတက်မှာ… အရာအားလုံးက ခွန်းလက်ထဲမှာ…”
“ခွန်း… ခွန်းအခု အဝေးသင်တက်နေတယ်… အချိန်ပိုင်း Spa Boy လုပ်တယ်… အကယ်၍ ခွန်းဘွဲ့ရပြီး Scholarship တွေနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်ရင် ခွန်း ဟိုကဘွဲ့ရတာနဲ့ လစာကောင်းပြီလေ… ခွန်း ဒီအလုပ်လုပ်စရာလိုသေးလို့လား… လူဆိုတာ အညွန့်နဲ့နေတာ… ကိုယ်လိုချင်တဲ့ ကောင်းကင်ကို ရောက်ဖို့ လွှတ်တင်ထားတဲ့ ရောင်စုံပူဖောင်းလေးတွေကို တစ်လုံးကတစ်လုံး ကူးရမှာပဲ… ခွန်း ကိုင်ထားတဲ့ အဖြူရောင်ပေါက်သွားရင် ဘေးမှာရှိနေတဲ့ တခြား တစ်လုံးကို ခွန်းလှမ်းဆွဲရမှာပဲ… အဓိကက ပြုတ်မကျဘဲ ကောင်းကင်ကိုရောက်ဖို့ပဲ”
Y ခွန်းကို အစ်ကို တစ်ယောက်က ညီ တစ်ယောက်ကို ဖက်သလို ဖက်လိုက်သည်။
“ခွန်း… အကို့ကိုလည်း ဖက်ထားလေ”… ခွန်းရဲ့လက်တွေက မရဲတရဲနဲ့ Y ကျောပြင်လာဖက်သည်။ ခွန်း၏ လက်လေးတွေ အေးစက်တုန်ယင်နေသည်။ Y ပုခုံးစိုစွတ်သွားသည်… ခွန်း ငိုနေသည်။
Continue Reading
You'll Also Like
28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
249K 24.3K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
86.3K 4.7K 26
271K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...