Final Unicode

524 23 1
                                    

“မောင်… ဟန်နေ ဒီနေ့ တအားပျော်တယ်… ပျော်တာထက်ပိုတယ်… မောင်နဲ့ ဟန်နေတို့ လက်ထပ်ပွဲက သာမာန်တွေလို လူတွေ ကောင်းချီးမပေးပေမယ့် မောင်နဲ့ ဟန်နေရဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည် ယုံကြည် လေးစား ခွင့်လွှတ် သည်းခံမှုတွေကြောင့် ဟန်နေတို့ လက်ထပ်ပွဲက သာမာန် 3နာရီစာ အခမ်းအနားတွေထက် သာလွန်ပါတယ်မောင်… ပိုတန်ဖိုးရှိတယ်မောင်… မောင့် ကိုချစ်တယ်”…

“ဟန်နေ… မောင် တကယ်တော့ ဟန်နေ့ကို ခမ်းခမ်းနားနားနဲ့ လူအများကြားမှာ လက်ထပ်ချင်တာပါ… ဒါပေမယ့်…”… မောင်စကားမဆုံးခင် ဟန်နေက မောင့်ပါးစပ်ကို လက်ညိုးလေးနဲ့ ပိတ်လိုက်ပြီး…

“မောင်… တရားဝင်ထုတ်ပြန်မှုမရှိတဲ့ ကျင့်ဝတ်တွေက တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေတွေထက် ခက်ခဲနက်နဲတယ်… တရားဝင် စာချုပ်မဟုတ်တဲ့ ဟန်နေတို့ရဲ့ လက်ထပ်စာချုပ်က ပိုနက်နဲတယ်မောင်… ဟန်နေကျေနပ်တယ်… လူတွေသိစရာမလိုဘူး… မောင်နဲ့ ဟန်နေပဲသိရင်ရပြီ…”

မောင်က ဟန်နေ့နှုတ်ခမ်းလေးကို အသာနမ်းလိုက်ပြီး စာအိတ်လေးတစ်အိတ်ထုတ်ပေးသည်… ဟန်နေ ဖွင့်ကြည့်လိုက်တော့ သိန်း1000 တန် Royal Bank Account… ကိန်းဂဏန်းတွေကို ဟန်နေတွက်ရင်း အံ့သြသွားသည်…

“မောင်… ဒါတွေ က ဘာလဲမောင်”

“မောင်ပေးတဲ့ ဟန်နေ့ အတွက် Birthday Present ပါ… ဟန်နေ ကနေဒါမှာ MBA ဘွဲ့အတွက် မောင်ပေးတဲ့ ပညာရေး လက်ဆောင်ပါ… ဟန်နေ တန်ဖိုးထားတဲ့ ပညာရေးကို မောင် လက်ဆောင်ပေးချင်လို့ပါ… အလယ်တန်းကနေ အခု BE ဘွဲ့ရတဲ့အထိ ဟန်နေ ကိုယ့်ခြေထောက်နဲ့ ကိုယ်ရုန်းခဲ့ရတာ မောင် အရမ်းဂုဏ်ယူမိတယ်… ဟန်နေ ကနေဒါက ပညာသင်ပြီး ပြန်လာရင် ဟန်နေတတ်တဲ့ ပညာတွေနဲ့ လူသားတွေကို အကျိုးပြုပေးပါနော်…”

“မောင်ရယ်… ဟန်နေ ကြိုးစားပါ့မယ်”… ထိုစဉ်မောင့် ဖုန်းလေး မြည်လာသည်… New York မှ မောင့် ဖေဖေ ဖုန်းဖြစ်သည်…

မောင် ဖုန်းပြောနေတုန်း ဟန်နေ Kitchen ထဲ ဝင်ကာ Veta Prune Plus ကို အမြန်မော့လိုက်သည်… ဒီနေ့ည အစာမစားထားတော့ အတော်ပဲ ဖြစ်သည်… ဘာပဲဖြစ်ဖြစ် အူလမ်းကြောင်းလေးရှင်းမှ ပိုသာယာမည်… Veta သောက်ပြီး Toilet ထဲ အမြန်ပြေးဝင်လိုက်သည်…

Marry Me by Khit Shan LynnWhere stories live. Discover now