Part 3 Unicode

308 26 0
                                    

“ကိုဇွဲ… MD အခု ဘယ်မှာရှိမလဲ… Y သွားကြိုမလို့”

“ဆရာ ခုချိန် Melia မှာ ရှိနေတယ် Y… Escort တွေလည်းပါတယ် Y…”

“Melia မှာ ရှိနေရမယ့် မောင်က ပြည်လမ်းမ ပေါ်မှာရှိနေတယ်… Maybach ပေါ်မှာ မောင် ပါနေလို့သာ ရှေ့က Escalade က သွားတာ… မောင် ဘာတွေလုပ်နေလဲကွာ”

Y မောင့်ကို ဖုန်းဆက်ချင်ပေမယ့် မောင့်ရဲ့ မုသားတွေ မောင့် ပါးစပ်က မထွက်စေချင်၍ Y မမေးတာပါ မောင်… မောင် အမှန်အတိုင်းဖြေရင် ပြဿနာမရှိပေမယ့် ဟန်နေ့ အတွက် မောင် မုသားသုံးတာ မဖြစ်စေချင်ဘူးမောင်… မောင်ဘာတွေပဲလုပ်နေပါစေ… ဟန်နေက မောင့်ရဲ့ ပါရမီဖြည့်ဖက်ပါပဲ…

တွေးတော ငေးမောရင်း Mark II Blit လေးသည် Yangon Men Spa သို့ရောက်ရှိလာသည်။

ဦးသောင်းက “Y… ကလေး… ရောက်ပြီ Spa ကို”

ဦးသောင်း သတိပေးမှ Y တွေးတောနေတာတွေရပ်တန့်ပြီး ကျောပိုးအိတ်လေးကို လွယ်ကာ Spa အတွင်းသို့ ဝင်လိုက်သည်။

လတ်ဆတ်သော လေအေးတွေနဲ့ နိုင်ငံတကာ ဆန်သော မီးအလင်းရောင်တွေက စိတ်ကို ကနဦး ကြည်လင်သွားစေသည်။ ကောင်လေးတစ်ဦးက မြန်မာဆန်သော အပြုံးများဖြင့် “မင်္ဂလာပါ” လို့ နှုတ်ဆက်ကာ ဆိုဖာပေါ်တွင်ထိုင်စေသည်။

ဟိန်းနဲ့ Y တို့သည် Yangon Spa ၏ VIP Regular Customer များဖြစ်သည်။ ဝန်ထမ်းများအားလုံးနှင့်လည်း ရင်းနီးနေပြီဖြစ်သည်။

“ကိုY… အပူလား အအေးလား”… ကောင်လေးက ချိုသာစွာမေးသည်။

“ကျေးဇူးညီ… အကို Company မှာ သောက်လာပြီးပြီ”… လို့ပြောကာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ကျောက်သင်ပုန်းလေးကို Y လှမ်းယူလိုက်သည်။ ကျောက်သင်ပုန်းပေါ်တွင် Yangon Spa တွင် ရယူနိုင်သော Spa အမျိုးအစားများကို ရေးသားထားသည်။ Y ကျောက်သင်ပုန်းလေးကို ကြည့်နေတုန်း မန်နေဂျာ ထွက်လာကာ…

“Y… Booking လည်း မလုပ်ဘဲ ဘယ်လိုရောက်လာတာလဲ… ဒေါက်တာ ဟိန်းရော မပါဘူးလား”

“Y အလုပ်ကလည်း စောပြီးလို့… ပြီးတော့ Stress တွေရှိလို့ အနားယူချင်လို့ အစီအစဉ်မရှိဘဲ ထွက်လာလိုက်တာ… မောင် ဒီနေ့ အလုပ်များတယ်… Y တောင် မနက်ကပဲ သူ့မျက်နှာမြင်လိုက်ရတယ်”

Marry Me by Khit Shan LynnWhere stories live. Discover now