SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
34.1K 4.2K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
Chapter 8
1.4K 235 10
By ji__aan
Unicode
" ထူးခြားဆန်းပြား အမူးသမား လည်းမဟုတ်ပဲနဲ့
နည်းနည်းပဲသောက်ခဲ့တာကို နိုးလာတော့
ခေါင်းကကိုက်နေ .."
နဖူးကိုလက်တင်ပြီး ညည်းတွားမိနေသည် ။
ညက ဂျောင်ဝန်းအိမ်မှာအိပ်ခဲ့သည်ထင်ပါတယ်
နိုးလာတော့ ဂျောင်ဝန်းအိမ်မှာ ဂျုံးဆွန်းကတော့ သူ့အိမ်သူပြန်တယ်ထင်ပါတယ် ။
* အိပ်ခဲ့လို့ နိုးတာပေါ့ အတွေးတွေ
တော်တော်ရှည်တာပဲ *
ကုတင်အောက်ဆင်းအိပ်နေတဲ့ ယန်ဂျောင်ဝန်းကို
ကန်နှိုးလိုက်သည်။ သူ့အိမ်ကကိုယ့်အိမ်လိုတွေပါပဲ ။
" ဟေ့ကောင် မင်းကုတင်မှာ မင်းအိပ်လေ
ဘာကိစ္စ ငါ့ကို ကုတင်ပေါ်တင်ထားတာလည်း "
" မင်းကန်ချတာကိုး "
" အဲ့တာဆိုလည်းဆောရီး "
အပျင်းတစ်နေတဲ့ ဂျောင်ဝန်းက ကြမ်းပြင်ပေါ်မှာအိပ်နေရင်း လက်ကို ဆန့်လာတော့ ဘာလုပ်ရမလည်းသိစွာနဲ့ အဲ့လက်ကိုဆွဲပြီး ထူပေးဖို့ လက်ကိုဆန့်လိုက်ရာ လက်ဖဝါးပေါ်မှာ ဘောပင်နဲ့ရေးထားတဲ့ ဖုန်းနံပါတ်တစ်ခုနဲ့ ဘေးမှာ နာမည် က 재이크 (Jake)
" babo yaaaa!!!!! "
အသံနက်ကြီးနဲ့ထအော်တဲ့ ပတ်ဆောင်းဟွန်းကြောင့် ဂျောင်ဝန်းလည်း အပျင်းမတစ်နိုင်ပဲ
ငေါက်ကနဲ ထထိုင်မိသည် ။
" ya!! ဘာထဖြစ်တာလည်း "
" ဂျောင်ဝန်းနားး ဟုတ်ရင်တောင်မဟုတ်ဘူးဖြေပေးစမ်းပါ မနေ့က ဟိုတစ်‌ေယာက်နဲ့မတွေ့ခဲ့ဘူးမလား "
" အာ.. မင်းရဲ့ ငယ်ကျွမ်းဆွေလေးလား
ကုန်းပိုးပြီးအိမ်ပြန်ပို့ခဲ့တယ်လေ မင်းက "
" ငါက ? ပတ်ဆောင်းဟွန်းရေ မင်း အရှက်ကွဲဖို့များမွေးဖွားလာသလား "
" လုပ်တုန်းကလုပ်ပြီး "
မျက်စောင်းနဲ့အတူ ရေချိုးခန်းထဲဝင်သွားတဲ့
ဂျောင်ဝန်းက ပါးစပ်ကလည်း ပွစိ ပွစိ
" ငါကအရှက်ကွဲဖို့မွေးဖွားလာတယ်ဆို
မင်းက ငါအရှက်ကွဲသမျှကို ပွစိပွစိပြောဖို့
မွေးဖွားလာတဲ့ကောင်ပဲ
သိလားး!!!! "
" မဟုတ်ပါဘူး ငါက ကိုကို့အချစ်ခံလေးလုပ်ဖို့
မွေးဖွားလာတာ "
ရေချိုးခန်းထဲကနေ ခေါင်းပြူပြီး ပြန်ထွက်လာကာ မျက်လုံးပြူးပြီးလျှာထုတ်ပြတဲ့ ဂျောင်ဝန်းကို ဆောင့်သာကန်ချင်ပါသည် ။
*နေပါအုံး ကိုကိုတဲ့လား *
သူကြောင်သွားသလိုရှိမှ ဂျောင်ဝန်းက သူ့စကားသူပြန်သတိရပြီး ပါးစပ်ကို လက်နဲ့အုပ်ပြီး
ရေချိုးခန်းတံခါးပြန်ပိတ်သွားသည် ။
" ဟေ့ကောင် ဘယ်ကကိုကိုလည်း ပြောအုံးလေ"
" ပြောတော့ ရည်းစားရရင် အဖေ့ကိုအရင်ပြောမယ်ဆို "
ရေချိုးခန်းတံခါးကိုတည့်တည့်ကြည့်ပြီးလှမ်းအော်တော့ ငစွာကောင်ကလည်း ပြန်အော်တယ်ဗျာ
" မင်းမေလင် ရည်းစား !!" တဲ့
~||~
" Jakeu ya "
" ပြောလေဟျောင်း "
• ချလပ် •
" အမ် "
" IG မှာတင်မလို့ သန့်ခယူးး ဘေဘီ "
" ရုပ်ဆိုးကြီးဗျာ ဟျောင်းမယုတ်မာနဲ့
သက်သက်ထပ်ရိုက်မယ်လေ "
" ဆေးပုံဖမ်းတာပေမဲ့ ကြည့်ရတာချောနေတယ်
မင်းကဘာလည်း "
ကျောင်းဝင်းထဲစဝင်ကတည်းက ဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်ပြီး ရှုပ်နေတဲ့ ဟီးဆွန်းဟျောင်းက
သူ့ကိုဆေးပုံဖမ်းတာကို သူကချောနေလို့
စိတ်ညစ်နေပါသည်တဲ့
" မွေးရာပါ ပါရမီက ရုပ်ချောတာမို့လို့ တောင်းပန်ပါတယ် "
" ဟားဟားးး ဒါနဲ့ ခြေထောက်ရော "
" မနေ့ညက သေချာနားလိုက်တာ နည်းနည်းအဆင်ပြေသွားပါပြီ "
ပထမအချိန်ဆရာမ မဝင်ဘူးဆိုလို့
ပိုပြီးတော့ အားယားနေသလို
ဟီးဆွန်းဟျောင်းအဖော်စပ်ကောင်းတာနဲ့
သူလည်းပါသွားမိပြီး ဖုန်းထဲမှာ ဆယ်ပုံလောက် ဝင်သွားပြီးသား
ကျောင်းဝင်းဝင်ပေါက်နဲ့ နီးတဲ့ ချယ်ရီပင်အောက်မှာ ထိုင်ပြီးဓာတ်ပုံရိုက်နေရင်းကနေ စကားစမိသည် ။
" ဟျောင်း ဟိုနေ့က ရန်ဖြစ်တဲ့ အုပ်စုနဲ့တည့်လား"
" အင်း သူတို့က ထယ်ဆွန်းတို့အုပ်စုနဲ့ပဲ ကွိုင်တာ။
တော်တော်ခင်တယ်ပြောလို့ရတာပဲ ဟျောင်းနဲ့က
‌သူတို့မေဂျာနဲ့ ဟျောင်းတို့မေဂျာ
ရန်ဖြစ်ပြီးတိုင်း ဟျောင်းကို ပြန်ပြန်လာပြီး အချိုသတ်လွန်းလို့ သားအဖတွေလိုဖြစ်နေပြီ ။
ဒါပေမဲ့ ဘောလုံးအသင်းတစ်သင်းလုံးတော့မဟုတ်ဘူး Captainကောင်လေးရယ် သူ့အုပ်စုရယ်ပဲ သုံးယောက်လေ ‌
ဒါပေမဲ့ နောက်ဆုံးရန်ဖြစ်တဲ့နေ့မနက်ကမှ သုံးယောက်မှန်းသိတာ တစ်ယောက်က အရမ်းငြိမ်လွန်းလို့ နှစ်ယောက်ပဲ ဟျောင်းဆီအမြဲလာတတ်တာ "
" သူတို့က နာမည်ကြီးလားဟင် ဒီကျောင်းမှာ
ရုပ်ရှိကြလို့ပါ မေးကြည့်တာ "
" ဆောင်းဟွန်းက သူတို့မေဂျာက King လေ ။
ကောင်မလေးတွေဝိုင်းလို့ သုံးလေးယောက်နဲ့တော့ အီနေတာရှိတယ်ပြောတာပဲ "
" ဪ "
" အာ.. ဟုတ်သားပဲ ဆောင်းဟွန်းကိုဘယ်သိမလည်း မင်းက ။ သူက ရန်ဖြစ်တဲ့နေ့က အထိုးခံရတာအကြောင်းပြပြီး ပွဲထဲကရှောင်သွားတာ "
ဘာမှတောင် မပြောနိုင်တော့ဘူး ။
ရိုးသားကြိုးစားလူလိမ္မာ စကိတ်သမားလေးဖြစ်နေမယ် ထင်ထားပေမဲ့ အီနေတာ သုံးလေးယောက် ? What the fck !
" သိပါတယ် သူ့ကို ကောင်းကောင်းသိတယ် "
" ကိုရီးယားကို ရောက်တာ တစ်ပါတ်စွန်းပဲရှိသေးတယ် ဘယ်လို .. "
" ‌molaaa ! ကျွန်တော် အတန်းထဲသွားတော့မယ် "
စိတ်ရှုပ်သလို ထအော်မိတော့ ဟီးဆွန်းဟျောင်းကကြောင်ကြည့်သည်။
" ပြောရင်းဆိုရင်း ဟိုမှာ "
ဟီးဆွန်းဟျောင်း လက်ညှိုးထိုးတဲ့ဆီကြည့်လိုက်တော့ ကျောင်းဝင်းအဝမှာ ကောင်မလေးတစ်ယောက်နဲ့ ပြုံးပျော်နေတဲ့ သကောင့်သား
* နေပါအုံး ငါသူ့ကိုနည်းနည်းလေး မရိုးသားဘူးဖြစ်တာပေမဲ့ ကြိုက်တာထိမှမဟုတ်တာ
ဘာကိစ္စ အဲ့ကောင်မျက်ခွက်ပြေးထိုးချင်လာတာ လည်း *
" ပတ်ဆောင်းဟွန်းရုပ်ကိုက အီရတာမတရားကြိုက်တဲ့ရုပ်ပဲ "
သက်ပြင်းချပြီး တိုးတိုးသာပြောရင်း ကျောင်းဆောင်ဘက်ကို ပြန်ဦးတည်ခဲ့သည် ။
ဟီးဆွန်းဟျောင်းကလား ? လိုက်မလာဘူးလေ
ဖွန်ဖို့ပဲနေမှာပေါ့။
" ဂျယ်ယွန်း "
ခေါ်သံကြားလို့နောက်လှည့်ကြည့်တော့
ဪ အီရတာကြိုက်တဲ့ကောင်ပဲ
" အင်း ဆောင်းဟွန်း "
" ခြေထောက်အခြေအနေ ? "
" မြင်တဲ့အတိုင်းပဲ မသေသေးဘူး "
ဆောင်းဟွန်း ပါးစပ်ဟောင်းလောင်းပင်ဖြစ်ချင်သွားသည် ။ ဘာတုန်း ချက်ချင်းကြီး ရင့်သွားတာပဲ ခါတိုင်းအသံသေးလေးနဲ့ စကားပြောတဲ့
အကိုသေးသေးလေးက
" ဟို .. မနေ့က ဖုန်းနံပါတ် ... ရေချိုးရင်းပျက်သွားလို့ "
" အဲ့တော့ ? "
" ဖုန်းနံပါတ်လေး "
" ခုနက မင်းအီနေတဲ့ ကောင်မလေးဆီသွားတောင်း "
* မင်းရူးနေပြီ ဂျယ်ယွန်းရေ မင်းလောက်ရူးတဲ့သူမရှိတော့ဘူး *
" ဘာပြောတာလည်း ငါဘယ်မှာ အီလို့လည်း "
ထင်မထားတာနဲ့ တခြားစီပဲ
ပတ်ဆောင်းဟွန်းက နှုတ်ခမ်းကြီးထော်ပြီး ချက်ချင်းပြန်ရန်တွေ့တာဗျာ
" မသိတော့ဘူး အီချင်အီ မအီချင်နေ
အိုက်ဂူးး နာလိုက်တာ "
စိတ်တိုပြီး ခြေထောက်နဲ့ကြမ်းပြင်ဆောင့်ပြပြီးတော့ ခြေထောက်ကပဲ ပြန်နာတာမို့ ထပ်စိတ်တိုရပြန်သည် ။ မျက်နှာ ပူပူနဲ့ပဲ အမြန်လစ်ခဲ့တဲ့သူ့ကို
ပတ်ဆောင်းဟွန်းကတော့ ကြောင်စီစီကြည့်ပြီးကျန်နေရစ်ခဲ့ပါသည် ။
" သူဘာဖြစ်နေတာလည်း ငါကဘာကိုအီလို့လည်း "
" အီနေတာပဲလေ ခုနက ဟယ်ယောင်းနဲ့ "
ကိုယ့်ဘာသာပြောနေတုန်း
ဘေးမှာ လာဝင်ရပ်တဲ့ နှစ်ကောင်သားက
သူ့ကိုကြည့်ရင်း ဂျုံးဆွန်းက ကွန်ပလိန်းစကားကို စပြောသည် ။
" ဘဲကြည်စော်နဲ့စကားပြောရင်း
မျက်နှာပေါ်သကာရည်လောင်းထားသလိုကြီးဖြစ်နေတာကို မင်းရဲ့ ငယ်ကျွမ်းဆွေလေးက မြင်ပြီး ဂျေဝင်သွားတာနေမှာပေါ့ "
" ဒီနှစ်ကောင်ကတော့ ပါးစပ်ပိတ်ထားစမ်း ! "
" အချိုးမပြေရင် ငါမလင်းဘူးနော်
ပတ်ဆောင်းဟွန်း မင်းပါးစပ်ပြန်ပိတ်ထားလိုက်"
ဂျောင်ဝန်းရဲ့လေသံမာအောက်မှာ ပြန်ကုပ်သွားရတဲ့ ပတ်ဆောင်းဟွန်းအဖြစ်ကို အမောင်ဂျေအီ တစ်ယောက် နားမလည်ပါ ။
" ဟုတ်ကဲ့ သားလေးရေ "
" ကျေးဇူးပဲ အဖေရေ "
ပြန်ရွဲ့တဲ့ မျက်နှာပေးနဲ့ စူပုတ်ပြလိုက်မှ ကျေနပ်သွားတဲ့ ဂျောင်ဝန်းတစ်ယောက်က သူတို့အချင်းချင်းကိုမဟုတ်ပဲ တစ်နေရာကို တစ်ချက်ငေးကြည့်ပြီးမှ ပြန်လှည့်ပြီး ရီပြသည် ။
စကွက်ထဲက အငယ်ဆုံး‌ေလးက အကြောက်ရဆုံးလူတွေထဲကတစ်ယောက်ပါပဲ ။
" ဆောင်းဟွန်းနီး ၊ ဂျုံးဆွန်း ! "
" ဟီးဆွန်းဟျောင်း "
" Jakeu နဲ့သိတာလား "
" ဟမ် "
" ခုနက အဆောင်ပေါ်တက်သွားတဲ့ကောင်လေးလေ "
" ဟုတ် "
" ခုနက မင်းတို့အကြောင်းမေးလို့
ပြောလိုက်တာကို ဘာထဖြစ်သွားမှန်းမသိလို့ "
ဟီးဆွန်းဟျောင်းပြောတာကို ဂျုံးဆွန်းကရယ်ရင်း ဆောင်းဟွန်းရဲ့ ပုခုံးကို တံတောင်နဲ့တိုက်သည် ။
" အငယ်လေးပြောတဲ့အတိုင်းပဲ မင်းရဲ့
ငယ်ကျွမ်းဆွေလေး ဂျေဝင်သွားတာနေမယ် "
" ပေါက်ကရမပြောနဲ့ "
သူတို့စကားဝိုင်းမှာ ငြိမ်နေတဲ့သူက ဂျောင်ဝန်း
" ဟျောင်း နဲ့ မမိတ်ဆက်ပေးရသေးဘူးနော်
သူက ယန်ဂျောင်ဝန်း ကျွန်တော်တို့ရဲ့ အငယ်ဆုံးလေး
ရန်ဖြစ်နေကြနှစ်ယောက်မဟုတ်တော့ ဟျောင်းဆီလာဖားရင် သူမပါတာ ဟဲ ဟဲ
ဂျောင်ဝန်းနား ဒါက ဟိုဘက်မေဂျာရဲ့ EC ။
ပြဿနာမကြီးအောင် ထိန်းပေးနေကြဟျောင်းပဲ
ဪ ဒါနဲ့ EC အဟောင်းဖြစ်သွားပြီပေါ့နော် "
" အင်း EC အသစ်က Jakeu "
" နောက်ဆုံးတော့ ဆရာမအချစ်တော်မလုပ်တော့ဘူးဆိုတဲ့သဘောပေါ့ ။ ဒါဆို နောက်တစ်ခါရန်ဖြစ်ရင် ဟိုကောင်လေးကို ဖားရမယ်ထင်တယ်"
ဂျုံးဆွန်းက စပ်ဖြဲဖြဲပြောတော့ ဟီးဆွန်းဟျောင်းကလည်း ရယ်သည် ။ ပတ်ဆောင်းဟွန်းကတော့ မျက်စောင်းတစ်ချက်ကျွေးလို့
" အဲ့တာဆို ညနေကျ တစ်ဝိုင်းဆို ဘယ်လိုလည်း"
" အိုကေတယ်ဗျာ "
" အိုကေပေမဲ့ ‌ဟိုကောင်လေးကိုပါခေါ်ခဲ့‌ပါလားဟျောင်း ဒီကောင်ကြီး အရမ်းဖြစ်နေလို့ "
" ဟမ် ဘယ်သူလည်း "
" ခုနကတစ်ယောက်လေ "
" Jakeu လား "
" ဟုတ်တယ် ဒီကောင့်ရဲ့ ငယ်ချစ်ဦးလေး "
" ပတ်ဂျုံးဆွန်း မင်းငါ့ကိုအချွန်နဲ့ မ နေလိုက် "
" ငယ်ချစ်ဦးဘာညာ အားမှပြောကြတာပေါ့
ဟျောင်းအတန်းထဲပြန်တော့မယ် "
ဟီးဆွန်းဟျောင်းနဲ့စကားပြောနေတဲ့တစ်လျှောက်လုံး ခေါင်းပဲ ငုံ့ပြီး ဖုန်းပွတ်နေတဲ့ ဂျောင်ဝန်းကို
ဆောင်းဟွန်းမျက်လံုးထဲ ထူးဆန်းသလို
ခါတိုင်း ဒီလိုအခြေအနေဆို ပြုံးရွှင်ပြီး ဝင်ရောနေပြီ မဟုတ်ပါလား
မဟုတ်မှလွဲရော !
* ယန်ဂျောင်ဝန်းက ဟီးဆွန်းဟျောင်းကို ကြိုက်နေတာလား !! *
မထင်ထားတဲ့ပေါက်ကရပေါင်းသောင်းခြောက်ထောင်နဲ့ ဒီနေ့က အရှက်ကွဲဖို့မဟုတ်ပဲ ခေါင်းခြောက်ဖို့ သာဖြစ်တော့မည်ထင်ပါရဲ့။
_______SUPPORT_SYSTEM_FOR_LIFE____
ရေးတာတိုသွားတယ် ဖိုက်တိုးလို့ပြောပေးသွားကြပါအုံး အူးဟူးဟူးးးး
Feedback or ဖတ်ပြီးဖြစ်‌တဲ့ခံစားချက်
ပြီးတော့ လိုအပ်တာလေးတွေ ပြောပေးသွားရင်
ကျေးဇူးတင်မှာပေါ့ရှင်
Double update ကတော့ နောက်တစ်ခါမှပေါ့
ဂျင်းကျွေးတာမဟုတ်ရပါဘူး hehe
___________________________________________
Zawgyi
ခေါင်းကကိုက်နေ .."
တော်တော်ရှည်တာပဲ *
" မင်းကန်ချတာကိုး "
" အဲ့တာဆိုလည်းဆောရီး "
" babo yaaaa!!!!! "
ငေါက်ကနဲ ထထိုင်မိသည် ။
" ya!! ဘာထဖြစ်တာလည်း "
" ဂျောင်ဝန်းနားး ဟုတ်ရင်တောင်မဟုတ်ဘူးဖြေပေးစမ်းပါ မနေ့က ဟိုတစ်‌ယောက်နဲ့မတွေ့ခဲ့ဘူးမလား "
" လုပ်တုန်းကလုပ်ပြီး "
သိလားး!!!! "
မွေးဖွားလာတာ "
" မင်းမေလင် ရည်းစား !!" တဲ့
~||~
" Jakeu ya "
" ပြောလေဟျောင်း "
• ချလပ် •
" အမ် "
သက်သက်ထပ်ရိုက်မယ်လေ "
မင်းကဘာလည်း "
စိတ်ညစ်နေပါသည်တဲ့
" ဪ "
ဖွန်ဖို့ပဲနေမှာပေါ့။
" ဂျယ်ယွန်း "
" အင်း ဆောင်းဟွန်း "
" ခြေထောက်အခြေအနေ ? "
အကိုသေးသေးလေးက
" အဲ့တော့ ? "
" ဖုန်းနံပါတ်လေး "
အိုက်ဂူးး နာလိုက်တာ "
" ဟုတ်ကဲ့ သားလေးရေ "
" ကျေးဇူးပဲ အဖေရေ "
စကွက်ထဲက အငယ်ဆုံး‌လေးက အကြောက်ရဆုံးလူတွေထဲကတစ်ယောက်ပါပဲ ။
" ဟီးဆွန်းဟျောင်း "
" Jakeu နဲ့သိတာလား "
" ဟမ် "
" ဟုတ် "
" ပေါက်ကရမပြောနဲ့ "
" အင်း EC အသစ်က Jakeu "
" အိုကေတယ်ဗျာ "
" ဟမ် ဘယ်သူလည်း "
" ခုနကတစ်ယောက်လေ "
" Jakeu လား "
ဆောင်းဟွန်းမျက်လုံးထဲ ထူးဆန်းသလို
မဟုတ်မှလွဲရော !
___________________________________________
Continue Reading
You'll Also Like
7.7K 839 13
အရင်ဘဝမှာတော့ မင်းနဲ့ကိုယ်ဟာ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကြောင့် ဝေးကွာခဲ့ရပေမယ့် ဒီဘဝမှာတော့ ဘယ်လိုအကြောင်းပဲရှိရှိ ဘယ်လိုကံကြမ္မာတွေပဲ ဖန...
17.7K 1.8K 15
[Park Sunghoon × Sim Jaeyun]
161K 11.4K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
3.8K 264 13
Not a dramatic fiction. More like 2 villains are fall in love. "Not even the God above to separate the two of us" "Yeah,nothing can come between us" ...