Unicode
ဒီနေ့တော့ မဟော်ကျောင်းသွားလို့လည်းမမှီနိုင်တော့။ ဒါ့ပြင်နေလည်းသိပ်မကောင်းချင်သေးတာကြောင့် ဦးထွက်သွားသည်နှင့်အိမ်ထဲသို့သာပြန်ဝင်လာခဲ့တော့သည်။
ဗိုက်နည်းနည်းဆာနေသည်မို့ အိမ်ထဲသို့ဝင်ဝင်ချင်းမှာပင် ကျောပိုးအိတ်တွေလည်းမချနိုင်သေးဘဲ မီးဖိုခန်းတွင်းသို့သာအလျှင်အမြန်ဝင်မိပါ၏။
စားဖိုဆောင်ကိုတာဝန်ယူရသော အဒေါ်ကြီးနှင့်သူ၏တူမလေးတို့မှာ နေ့လည်စာအတွက်ပြင်ဆင်ချက်ပြုတ်နေသည်။
သူတို့က အိမ်ကြီးအတွင်းမှာတော့သိပ်မနေကြပါ။သူတို့အလုပ်ပြီးသည်နှင့်အလုပ်သမားတန်းလျားသို့ပြန်ကြရသည်။မဟော့်အဖေ မဟာ့အနေနှင့်က ဒီအိမ်အတွင်းမှာမိသားစုမှလွဲ၍တစ်ခြားသူစိမ်းများနေထိုင်ရန်ခွင့်မပြုသောကြောင့်ဖြစ်၏။
"ဒေါ်ကြီး ကျွန်တော်ဗိုက်ဆာလို့ တစ်ခုခုစီစဥ်ပေးပါဦး"
"ခဏလေးနော် သားမဟော် "
"ဟုတ်"
မဟော်သည် စိုထိုင်းသောကျောပိုးအိတ်အတွင်းမှ စာအုပ်များကိုထုတ်ကြည့်မိသည်။
"စိတ်ပျက်လိုက်တာ"
ရေတွေစိုနေသောစာအုပ်များမှာ မှင်တွေပါပျံ့နေလေ၏။စုတ်ပြတ်သတ်နေသောစာအုပ်များက အပူပြန်ပေးလျှင်တောင်အဆင်မပြေနိုင်တော့သည်မို့ မဟော်သည် ထိုစာအုပ်များကို အမှိုက်ပုံးထဲထည့်ရန်မီးဖိုချောင်အပြင်နောက်ဖေးဘက်သို့ထွက်လာခဲ့တော့သည်။
နောက်တစ်နေ့မှပဲ ဇွဲကိုတို့ဆီကစာအုပ်ငှားပြီး
မိတ္တူကူးလိုက်တော့မည်လေ။
အမှိုက်ပုံးမှ ခြေနင်းခုံကိုနင်းလိုက်သည့်အချိန်တွင် ပန်းကန်ကွဲများစွာကအမှိုက်ပုံးထဲမှာနေရာယူနေလေ၏။မဟော်သည် ဒီလောက်များတဲ့ပန်းကန်တွေကွဲအောင်ပင်ပေါ့ဆရသလား ဟူသောအတွေးနှင့် အဒေါ်ကြီးတို့ကိုမေးရန် အိမ်တွင်းသို့ပြန်ဝင်ခဲ့လေသည်။
"ဒေါ်ကြီး ပန်းကန်တွေအများကြီးဘာလို့ကွဲသွားတာတုန်း ဖေဖေသိရင်ဆူလိမ့်မယ်နော်"
ဟုတ်သည်။မဟာရောင်နီသည် စည်းကမ်းမရှိပေါ့ဆပြီးနမော်နမဲ့နိုင်တာမျိုးကိုမကြိုက်ပါ။ပစ္စည်းများဆုံးရှုံးသည်ထက် ရှပ်ပြာသည်ကိုမုန်းသည်။အလုပ်သမားတွေထဲတွင် အဲ့လိုပေါ့ဆလျှင်လည်းတစ်ခါတည်း အလုပ်ထုတ်ပစ်တတ်ပါ၏။
"ဟို သားမဟော် အဲ့တာကလေ မင်းဆရာကိုမတားလိုက်နိုင်လို့ပါကွယ်။ဒေါ်ကြီးပေါ့ဆတာမဟုတ်ပါဘူး။ဒေါ်ကြီးတို့ကိုအလုပ်မထုတ်ပါနဲ့နော်"
မင်းဆရာဟူသော နာမ်စားကိုတွဲဖက်အသုံးပြုရင်းပြောလာသောစကားကြောင့် မဟော်စိုးရိမ်သွားမိပါ၏။
သူဘာတွေများလျှောက်လုပ်ပါလိမ့်ဟူသောအတွေးစတစ်ချို့ဖြင့် မဟော်သည်ထမင်းချက်ဒေါ်ကြီးကိုပြန်မေးရတော့သည်။
"ဦးက ဘာတွေလုပ်တာလဲ"
"ဟို အဲ့တာကလေ ဟိုမင်းဆရာကမနေ့ညနေက သူကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ဟင်းတွေဘာတွေချက်ပြီး မင်းကိုမျှော်နေတာပဲ။အဲ့တာညစာလည်းမစား မင်းကိုတစ်ညလုံးလည်းမအိပ်ပဲသူမျှော်နေတာ မင်းကမနက်လင်းတဲ့အထိတောင်ပြန်မလာတော့ သူလည်းစိတ်တိုပြီး သူချက်ထားသမျှဟင်းတွေအကုန်လုံးကိုသွန်ပြီးပန်းကန်တွေခွဲတော့တာပဲ။မနက်စာလည်းဘာမှမစားသွားရှာဘူး"
မဟော့်ရင်အစုံသည် နာကျင်ရပြန်ပါပြီ။မိမိသိပ်ချစ်သောသူက ညစာတောင်မစားဘဲ မိမိကိုတစ်ညလုံးမျှော်နေခဲ့သည်တဲ့လား။မိမိကသူ့အပေါ်ဘယ်လိုတောင်မတရားခဲ့တာလဲ။သူမိမိကိုစောင့်နေသည့်တစ်ညလုံး မိမိကမိုးရေထဲမှာစိတ်ကူးပေါက်ပေါက်လျှောက်လုပ်ပြီးသတိလစ်မေ့နေခဲ့သည်တဲ့။
ဘယ်လိုတောင်အသုံးမကျမိတာလဲ။ကိုယ်ကတော့သူများအိမ်မှာနှစ်နှစ်ခြိုက်ခြိုက်ကိုသတိလစ်မေ့မျောနေတုန်းသူ့မှာတော့ လည်တဆန့်ဆန့်နဲ့စောင့်နေခဲ့ရမှာ။ရှိုင်းကျွေးတဲ့ စွပ်ပြုတ်ကိုကိုယ်သောက်နေတုန်း သူကမနက်စာမစားခဲ့ဘူးတဲ့လား။မတရားပါ။
သူ့အပေါ် မိမိသည်မတရားခဲ့ပါ။
ရှိုင်းပြောတော့ ဖေဖေ့ကိုဖုန်းဆက်သည်တဲ့။ဒီလိုဆိုရင် ဖေဖေကသူ့ကိုစိတ်မပူရအောင်ပြန်ပြီးသတင်းမပေးခဲ့ဘူးလား။
မဟော်သည် Breakfastခန်းထဲမှ အပြေးထွက်ကာအိမ်ရှေ့ဧည့်ခန်းအတွင်းရှိကြိုးဖုန်းဆီသို့ အလျှင်အမြန်သွားခဲ့ပါ၏။မိမိဖုန်းက
မနေ့ကမိုးရေထဲမှာရှိနေခဲ့သည်ဆိုတော့ ရေဘယ်လောက်တောင်ဝင်နေပြီလဲမသိပါ။
"Hello"
"Helloသား ပြော"
"ဖေဖေ့ကိုမနေ့ကရှိုင်းဖုန်းဆက်ပြီးသားရဲ့သတင်းပေးတာကို ဖေဖေကဦးကိုပြန်မပြောပြဘူးလား"
မဟာသည် ခေတ္တမျှ ငြိမ်သက်သွား၏။အခု မဟော်ပြောနေသောအသံက သိပ်အခြေအနေမဟန်လှပါ။
"အင်း ဟုတ်တယ် ဖေဖေသူ့ကိုဘာမှမပြောလိုက်ဘူး"
"ဘာလို့လဲ ဘာလို့လဲဖေဖေ"
"တစ်ခါလောက် မင်းပြန်မလာရင် သူဘာဖြစ်မလဲဆိုတာသိချင်လို့"
မဟာက ပြုံးနေလေ၏။သူ့အသံများသည်ပေါ့ပါးနေလေ၏။
"ဖေဖေရာ သူ့ကိုသက်သက်စိတ်ဒုက္ခပေးတာပဲ။အဲ့လိုမလုပ်သင့်ပါဘူး"
"အင်း ဟုတ်တယ် မလုပ်သင့်ဘူး။ဒါပေမယ့်ဖေဖေသိချင်တာတစ်ခုရှိလို့ပါ။"
ရယ်သံများက သိပ်ကျေနပ်နေသည့်ပုံပေါက်နေလေ၏။မဟော်ကတော့ ရင်ပူနေတာပဲသိသည်။ကျန်တာဘာမှမသိတော့ပါ။ရှေ့ဆက်၍ ဖေဖေနှင့်စကားဆက်ပြောလျှင်လည်း ဘာမှအကျိုးထူးတော့မည်မဟုတ်လို့ ဖုန်းသာချလိုက်တော့၏။
မဖြစ်ပါ။မိမိချစ်မြတ်နိုးရပါသော လူသားလေးသည် တစ်ညတစ်မနက်ဘာမှမစားခဲ့ပါဘူးတဲ့လား။မဟော်သည် အိမ်မှအမြန်ထွက်ကာဆိုင်တစ်ဆိုင်ဆီသို့ဆိုင်ကယ်ကိုအမြန်နှင်ရင်း သူ့အတွက်တစ်ခုခုသွားဝယ်ရန်စီစဥ်လိုက်၏။
Bubble teaတစ်ခွက်နှင့်ကိတ်မုန့်များဝယ်၍
သူ့ကျောင်းရှိရာသို့ ထွက်လာခဲ့ပါ၏။
သို့သော် အဆင်မပြေနိုင်ကြောင်းက ခေါင်းထဲပြန်ဝင်လာမိပြန်ပါသည်။
မဟော်သည် ဖြတ်သွားဖြတ်လာလုပ်နေသောလူငယ်တစ်ယောက်အားအကူအညီတောင်းမိပါသည်။
"ညီ အစ်ကို့ကိုဒါလေးဂိတ်စောင့်ဆရာမဆီကိုဆယ်တန်းကဆရာဂုဏ်ထည်လင်းအတွက်
လာပို့တာလို့ပြောပြီးသွားပို့ပေးပါလား ကျေးဇူးပြုပြီးအစ်ကို့ကိုကူညီပါကွာနော်"
"ဟုတ် ရတယ်လေ အစ်ကို"
ကောင်လေးက ဂိတ်စောင့်ဆရာမဆီသို့ သွားအပ်ပေးပါ၏။မဟော်သည် မဆက်တာကြာပြီဖြစ်သည့်ဆရာမဒေါ်သီတာအောင်မျိုး၏ဖုန်းနံပါတ်အားခေါ်လိုက်ကာ
"ဟယ်လို"
"ဟယ်လို ဆရာမ သားပါ မင်းမဟော်ဂနီပါဆရာမ"
"အေး သားပြောလေ"
"ဟို ဆရာဂုဏ်ထည်လင်းကိုလေ သူ့အတွက်
စားစရာလာပို့ထားတယ်လို့ပြောပေးပါနော်ဆရာမ သားသူ့ဖုန်းကိုဆက်လို့မရတဲ့အကြောင်းရှိလို့ပါဆရာမရဲ့နော်"
"အေး ဆရာမပြောလိုက်မယ်လေနော်"
"ဟုတ် ဆရာမ"
အခုမှမဟော့်ရင်သည် အေးဆေးသွားလေ၏။
ဒေါ်သီတာအောင်မျိုးသည် အတန်းချိန်ဆင်းဆင်းချင်း ထည်လင်းရှိရာဆယ်တန်းဆောင်သို့အရောက်လာခဲ့ပါ၏။
ထည်လင်းသည်က ဆယ်တန်းBခန်းတွင်သူ့အချိန်ဝင်နေလေ၏။
"ဟဲ့ ထည်လင်း"
ထည်လင်းသည် သူ့နာမည်အား ကိုတောင်တပ်မခေါ်သည်ဆိုကတည်းက ဒေါ်သီတာအောင်မျိုးမှန်းသိလိုက်ပါ၏။
"အေး လာခဲ့လေ"
ဒေါ်သီတာအောင်မျိုးက ထည်လင်းထိုင်နေရာဆရာထိုင်ခုံအနားသို့သွားပြီး
"မဟော်က နင့်အတွက်ဆိုပြီးဂိတ်မှာစားစရာတွေလာပို့ထားတယ်တဲ့ အဲ့တာသွားယူလိုက်ဦး။"
ထည်လင်းသည် တွေဝေငေးငိုင်မိသွား၏။
သူဆိုသည်မှာလေ......
"ဟဲ့ ဒါနဲ့ ငါနင့်ကိုမေးစရာရှိတယ် ထည်လင်း။"
ထည်လင်းသည် ဒေါ်သီတာအောင်မျိုး၏ စကားကြောင့် ငေးငိုင်နေရာမှ တစ်ချက်သတိပြန်ဝင်လာလိုက်၏။
"အေး မေးလေ။ဘာမေးမလို့လဲ"
"နင်နဲ့မဟော်နဲ့က တော်တော်ရင်းနှီးတာလား"
"အင်း သူကငါ့ညီမရဲ့သူငယ်ချင်းမို့လို့ပါ။ငါသွားယူလိုက်ဦးမယ်နော်"
ထည်လင်းက အမြန်ပြော၍သာ
ကျောင်းဝင်းထဲဆင်းလာလိုက်ပါ၏။
ဒေါ်သီတာအောင်မျိုးကတော့ မေးခွန်းနှင့်မဆီလျော်သောအဖြေကိုသာဖြေသွားသောထည်လင်းကိုကြည့်ရင်းမှပင်
ညီမရဲ့သူငယ်ချင်းက သူ့ကိုဒီလောက်သဒ္ဒါပါ့မလား။ဟင်း အကောင်စုတ်။ဘာမှလည်းမဆိုင်တာကိုဖြေသွားတယ်။ဒါနဲ့ သူအဲ့မဟော်ဆိုတာ ကိုမဟာရဲ့သားမှန်းတော့မသိသေးဘူးထင်ပါတယ် ။မသိတာပဲကောင်းပါတယ်လေ။သူသိသွားရင် အရင်အတိတ်ကဒဏ်ရာတွေပြန်ပေါ်လာဦးမယ်"
ဒေါ်သီတာအောင်မျိုးသည် စိတ်ထဲကနေသာကိုယ့်ကိုယ်ကိုပြောရင်း ကိုယ့်အတန်းချိန်ရှိရာသာပြန်လာခဲ့တော့၏။
ထည်လင်းသည် ဂိတ်ေစာင့်ဆရာမဆီမှမိမိအတွက်လာပို့ထားသော စားစရာများကိုယူလိုက်ပြီး အပြင်ဘက်ဆီသို့ တစ်ချက်ကြည့်လိုက်ပါ၏။သူ့အားမတွေ့ပါ။ပြန်သွားပြီဟုသာထင်ပြီး ထည်လင်းစားစရာထုပ်ကိုဆွဲလျက် ကိုယ့်အတန်းကိုယ်သာပြန်လာခဲ့တော့သည်။
ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကိုကပ်၍ပုန်းနေသောသူ့အား ထည်လင်းမမြင်ခဲ့ပါပေ။သူ့အားပြုံး၍ ခိုးကြည့်နေခဲ့သောမျက်ဝန်းများက ဘယ်လောက်နွေးထွေးလိုက်သလဲ။
ကိုယ်ချစ်လို့လက်ထပ်ယူထားတဲ့သူကို ဗြောင်တွေ့ခွင့်တောင်မရသောဘဝသည်
နာကျင်စရာကောင်းသည်ဆိုပေမယ့်လည်း
မဟော် ပြုံးလျက်လက်ခံနေဦးမှာပါ။
ချုံပုတ်ထဲတွင်လှဲမှောက်ထားသော မိမိ၏ဆိုင်ကယ်အားယူပြီး မဟော်ပြန်ထွက်လာခဲ့တော့သည်။
ထည်လင်း စားစရာအထုပ်ကိုဖြေလိုက်သည်။စာတစ်စောင်က သူ့လက်ရေးများနှင့်လေ။
သို့
ချစ်သော...ဦး
ဦးစိတ်မဆိုးပါနဲ့နော်။ကျွန်တော် ဂိတ်စောင့်ဆရာမဆီကိုကိုယ်တိုင်ပို့ခဲ့တာမဟုတ်ပါဘူး။
လူတစ်ယောက်ကိုအကူအညီတောင်းပြီးပို့ခိုင်းလိုက်တာပါ။
ဦးရဲ့
မဟော်
ထည်လင်း သူ့စာကိုဖတ်ပြီးငိုင်ကျသွား၏။
သူတကယ်ပဲ မိမိကိုချစ်တာလား။
ကောင်လေးတစ်ယောက်၏ နွေးထွေးသောမျက်ဝန်းများနှင့် ပိုလွန်းသောဂရုစိုက်မှုတွေ။
ချစ်တယ်ပြောခဲ့သောသူ့စကားသံများ
အမြဲအရှုံးပေးဒူးထောက်နေတဲ့ သူဟာလေ
ဘာလို့များအဲ့လောက်ထိကောင်းပေးတာလဲ
မိမိအပေါ်။စိတ်ဆိုးသွားမှာလည်းစိုးရိမ်နေတတ်သည့် ကောင်ငယ်လေးတစ်ယောက်။
သူသာ မိမိကိုမချစ်ခဲ့ရင်ကောင်းမယ်။
ဘာလို့များအနာအကျင်မရှိ မာနတွေမထားနိုင်ပဲငါ့ကိုချစ်နေရတာလဲမဟော်ရယ်။မင်းငါ့ကိုမမုန်းဘူးလား။
-----------------------------------------------------------
သေနိုင်လောက်သည့် သူ့စကားများကလေ
ဘယ်လောက်တောင်ပဲ မုန်းတီးနာကျည်းစရာကောင်းနေပါစေ။သူ့ကိုချစ်တယ်။ဘာမာနတွေမှမထားနိုင်အောင်သူ့ကိုချစ်တယ်။
အမြဲအရှုံးပေးပြီးတော့ကိုချစ်တယ်။
-----------------------------------------------------------
အချစ်ဦးဆိုလည်းဟုတ်တယ် အချစ်ဆုံးဆိုလည်းသူပဲ။တစ်သက်မှာတစ်ခါပဲချစ်မယ်လို့ဆုံးဖြတ်ခဲ့တဲ့သန္နိဋ္ဌာန်တစ်ခု။အပျော်ရည်းစားတောင််မထားခဲ့ဖူးဘူး။သူ့ဘဝမှာကိုယ်ဟာ ဒုတိယလူဖြစ်ခဲ့ပေမယ့် ကိုယ့်အတွက်သူကအရာရာမှာFirstပါ။First person,First love။
မဟော်သည် သီရိငြိမ်အိမ်တော်သို့ရောက်လာခဲ့သည်။
မိုးသားက ပြာရောင်ခြယ်၏။တိမ်ငွေ့တွေက လွင့်မျောကာဦးတည်ချက်တွေမရှိပါပေ။
ထိုမိုးသား၏အောက်တွင် သူဆိုသောလူတစ်ယောက်နှင့် စဆုံတွေ့ဖို့ကံကြမ္မာရယ်စဖန်တီးခဲ့တုန်းက နှင်းဆီနီနီတွေလေ။
သတိထားခဲ့မိတဲ့ နှင်းဆီနီနီက နှလုံးသွေးဖြင့် စိုက်ပျိုးခဲ့လေ၏။သူ့အတွက်လေ။
သီရိငြိမ်စံအိမ်၏ ရှေ့ဘက်တွင်နှင်းဆီနီနီခင်းက ကျယ်ပြန့်လှပါ၏။မဟာရောင်နီစိုက်ပျိုးခဲ့သောနှင်းဆီနီနီခင်းထက်ပို၍ကျယ်အောင်တမင် စိုက်ပျိုးခဲ့ခြင်းဖြစ်၏။သူမသိအောင်လေ။
ကျယ်ဝန်းလှသော် ခြံကျယ်ကြီးအတွင်း ခမ်းနားပါသည်ဆိုသော တိမ်တိုက်ဖြူရောင်ဆေးသုတ်ထားသည့်သုံးထပ်တိုက်အိမ်ကြီး။
လူဝင်တံခါးများနှင့်ပြတင်းတံခါးများအား
အန်းဒိတ်ရောင်သုတ်ထားလေ၏။
အိမ်၏အနောက်ဘက်တွင် အတော်ကျယ်သောရေကူးကန်တစ်ခုရှိပြီး၊အိမ်ရှေ့မျက်စောင်းထိုးနေရာတွင်တော့ မှန်ဆောင်လေးရှိ၏။အမိုးကစမှန်သားဖြင့် ကာရံထားသော ညဘက်တွေမှာကောင်းကင်မြင်ကွင်း
ကြည့်ဖို့အသင့်တော်ဆုံးသော မှန်ဆောင်လေး။
ဒီစံအိမ်ကိုဆောက်လုပ်ပြီးစီးခဲ့တာတစ်လလောက်တောင်ရှိနေခဲ့ပြီ။သူအားတဲ့အချိန်ကိုစောင့်ရင်းသူ့အားအံ့အားသင့်အောင်လုပ်မည်ဟူ၍တွေးခဲ့လေသမျှ သူစိတ်ကြည်ချိန်က လုံးလုံးလျားလျားပင်မရှိခဲ့တော့ မပြောဖြစ်ခဲ့။ဒါက သူချစ်လာလျှင်နှစ်ယောက်တစ်ကမ္ဘာလေးတည်ဆောက်မည့်နေရာလေး။
-----------------------------------------------------------
(Thank for readingပါ🤧)
[ဒီနေ့နေလည်းသိပ်မကောင်းချင်လို့ ခေါင်းကိုက်နေတော့moodသွင်းရတာလည်းသိပ်အဆင်မပြေလို့ ပေါ့သွားတာတောင်းပန်ပါတယ်ဗျ။🤒]
Zawgyi
ဒီေန႕ေတာ့ မေဟာ္ေက်ာင္းသြားလို႔လည္းမမွီနိုင္ေတာ့။ ဒါ့ျပင္ေနလည္းသိပ္မေကာင္းခ်င္ေသးတာေၾကာင့္ ဦးထြက္သြားသည္ႏွင့္အိမ္ထဲသို႔သာျပန္ဝင္လာခဲ့ေတာ့သည္။
ဗိုက္နည္းနည္းဆာေနသည္မို႔ အိမ္ထဲသို႔ဝင္ဝင္ခ်င္းမွာပင္ ေက်ာပိုးအိတ္ေတြလည္းမခ်နိဳင္ေသးဘဲ မီးဖိုခန္းတြင္းသို႔သာအလွ်င္အျမန္ဝင္မိပါ၏။
စားဖိုေဆာင္ကိုတာဝန္ယူရေသာ အေဒၚႀကီးႏွင့္သူ၏တူမေလးတို႔မွာ ေန႕လည္စာအတြက္ျပင္ဆင္ခ်က္ျပဳတ္ေနသည္။
သူတို႔က အိမ္ႀကီးအတြင္းမွာေတာ့သိပ္မေနၾကပါ။သူတို႔အလုပ္ၿပီးသည္ႏွင့္အလုပ္သမားတန္းလ်ားသို႔ျပန္ၾကရသည္။မေဟာ့္အေဖ မဟာ့အေနႏွင့္က ဒီအိမ္အတြင္းမွာမိသားစုမွလြဲ၍တစ္ျခားသူစိမ္းမ်ားေနထိုင္ရန္ခြင့္မျပဳေသာေၾကာင့္ျဖစ္၏။
"ေဒၚႀကီး ကြၽန္ေတာ္ဗိုက္ဆာလို႔ တစ္ခုခုစီစဥ္ေပးပါဦး"
"ခဏေလးေနာ္ သားမေဟာ္ "
"ဟုတ္"
မေဟာ္သည္ စိုထိုင္းေသာေက်ာပိုးအိတ္အတြင္းမွ စာအုပ္မ်ားကိုထုတ္ၾကည့္မိသည္။
"စိတ္ပ်က္လိုက္တာ"
ေရေတြစိုေနေသာစာအုပ္မ်ားမွာ မွင္ေတြပါပ်ံ့ေနေလ၏။စုတ္ျပတ္သတ္ေနေသာစာအုပ္မ်ားက အပူျပန္ေပးလွ်င္ေတာင္အဆင္မေျပနိုင္ေတာ့သည္မို႔ မေဟာ္သည္ ထိုစာအုပ္မ်ားကို အမွိုက္ပုံးထဲထည့္ရန္မီးဖိုေခ်ာင္အျပင္ေနာက္ေဖးဘက္သို႔ထြက္လာခဲ့ေတာ့သည္။
ေနာက္တစ္ေန႕မွပဲ ဇြဲကိုတို႔ဆီကစာအုပ္ငွားၿပီး
မိတၱဴကူးလိုက္ေတာ့မည္ေလ။
အမွိုက္ပုံးမွ ေျခနင္းခုံကိုနင္းလိုက္သည့္အခ်ိန္တြင္ ပန္းကန္ကြဲမ်ားစြာကအမွိုက္ပုံးထဲမွာေနရာယူေနေလ၏။မေဟာ္သည္ ဒီေလာက္မ်ားတဲ့ပန္းကန္ေတြကြဲေအာင္ပင္ေပါ့ဆရသလား ဟူေသာအေတြးႏွင့္ အေဒၚႀကီးတို႔ကိုေမးရန္ အိမ္တြင္းသို႔ျပန္ဝင္ခဲ့ေလသည္။
"ေဒၚႀကီး ပန္းကန္ေတြအမ်ားႀကီးဘာလို႔ကြဲသြားတာတုန္း ေဖေဖသိရင္ဆူလိမ့္မယ္ေနာ္"
ဟုတ္သည္။မဟာေရာင္နီသည္ စည္းကမ္းမရွိေပါ့ဆၿပီးနေမာ္နမဲ့နိုင္တာမ်ိဳးကိုမႀကိဳက္ပါ။ပစၥည္းမ်ားဆုံးရႈံးသည္ထက္ ရွပ္ျပာသည္ကိုမုန္းသည္။အလုပ္သမားေတြထဲတြင္ အဲ့လိုေပါ့ဆလွ်င္လည္းတစ္ခါတည္း အလုပ္ထုတ္ပစ္တတ္ပါ၏။
"ဟို သားမေဟာ္ အဲ့တာကေလ မင္းဆရာကိုမတားလိုက္နိုင္လို႔ပါကြယ္။ေဒၚႀကီးေပါ့ဆတာမဟုတ္ပါဘူး။ေဒၚႀကီးတို႔ကိုအလုပ္မထုတ္ပါနဲ႕ေနာ္"
မင္းဆရာဟူေသာ နာမ္စားကိုတြဲဖက္အသုံးျပဳရင္းေျပာလာေသာစကားေၾကာင့္ မေဟာ္စိုးရိမ္သြားမိပါ၏။
သူဘာေတြမ်ားေလွ်ာက္လုပ္ပါလိမ့္ဟူေသာအေတြးစတစ္ခ်ိဳ႕ျဖင့္ မေဟာ္သည္ထမင္းခ်က္ေဒၚႀကီးကိုျပန္ေမးရေတာ့သည္။
"ဦးက ဘာေတြလုပ္တာလဲ"
"ဟို အဲ့တာကေလ ဟိုမင္းဆရာကမေန႕ညေနက သူကိုယ္တိုင္မီးဖိုေခ်ာင္ဝင္ၿပီး ဟင္းေတြဘာေတြခ်က္ၿပီး မင္းကိုေမွ်ာ္ေနတာပဲ။အဲ့တာညစာလည္းမစား မင္းကိုတစ္ညလုံးလည္းမအိပ္ပဲသူေမွ်ာ္ေနတာ မင္းကမနက္လင္းတဲ့အထိေတာင္ျပန္မလာေတာ့ သူလည္းစိတ္တိုၿပီး သူခ်က္ထားသမွ်ဟင္းေတြအကုန္လုံးကိုသြန္ၿပီးပန္းကန္ေတြခြဲေတာ့တာပဲ။မနက္စာလည္းဘာမွမစားသြားရွာဘူး"
မေဟာ့္ရင္အစုံသည္ နာက်င္ရျပန္ပါၿပီ။မိမိသိပ္ခ်စ္ေသာသူက ညစာေတာင္မစားဘဲ မိမိကိုတစ္ညလုံးေမွ်ာ္ေနခဲ့သည္တဲ့လား။မိမိကသူ႕အေပၚဘယ္လိုေတာင္မတရားခဲ့တာလဲ။သူမိမိကိုေစာင့္ေနသည့္တစ္ညလုံး မိမိကမိုးေရထဲမွာစိတ္ကူးေပါက္ေပါက္ေလွ်ာက္လုပ္ၿပီးသတိလစ္ေမ့ေနခဲ့သည္တဲ့။
ဘယ္လိုေတာင္အသုံးမက်မိတာလဲ။ကိုယ္ကေတာ့သူမ်ားအိမ္မွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုသတိလစ္ေမ့ေမ်ာေနတုန္းသူ႕မွာေတာ့ လည္တဆန့္ဆန႔္နဲ႕ေစာင့္ေနခဲ့ရမွာ။ရွိုင္းေကြၽးတဲ့ စြပ္ျပဳတ္ကိုကိုယ္ေသာက္ေနတုန္း သူကမနက္စာမစားခဲ့ဘူးတဲ့လား။မတရားပါ။
သူ႕အေပၚ မိမိသည္မတရားခဲ့ပါ။
ရွိုင္းေျပာေတာ့ ေဖေဖ့ကိုဖုန္းဆက္သည္တဲ့။ဒီလိုဆိုရင္ ေဖေဖကသူ႕ကိုစိတ္မပူရေအာင္ျပန္ၿပီးသတင္းမေပးခဲ့ဘူးလား။
မေဟာ္သည္ Breakfastခန္းထဲမွ အေျပးထြက္ကာအိမ္ေရွ႕ဧည့္ခန္းအတြင္းရွိႀကိဳးဖုန္းဆီသို႔ အလွ်င္အျမန္သြားခဲ့ပါ၏။မိမိဖုန္းက
မေန႕ကမိုးေရထဲမွာရွိေနခဲ့သည္ဆိုေတာ့ ေရဘယ္ေလာက္ေတာင္ဝင္ေနၿပီလဲမသိပါ။
"Hello"
"Helloသား ေျပာ"
"ေဖေဖ့ကိုမေန႕ကရွိုင္းဖုန္းဆက္ၿပီးသားရဲ႕သတင္းေပးတာကို ေဖေဖကဦးကိုျပန္မေျပာျပဘူးလား"
မဟာသည္ ေခတၱမွ် ၿငိမ္သက္သြား၏။အခု မေဟာ္ေျပာေနေသာအသံက သိပ္အေျခအေနမဟန္လွပါ။
"အင္း ဟုတ္တယ္ ေဖေဖသူ႕ကိုဘာမွမေျပာလိုက္ဘူး"
"ဘာလို႔လဲ ဘာလို႔လဲေဖေဖ"
"တစ္ခါေလာက္ မင္းျပန္မလာရင္ သူဘာျဖစ္မလဲဆိုတာသိခ်င္လို႔"
မဟာက ၿပဳံးေနေလ၏။သူ႕အသံမ်ားသည္ေပါ့ပါးေနေလ၏။
"ေဖေဖရာ သူ႕ကိုသက္သက္စိတ္ဒုကၡေပးတာပဲ။အဲ့လိုမလုပ္သင့္ပါဘူး"
"အင္း ဟုတ္တယ္ မလုပ္သင့္ဘူး။ဒါေပမယ့္ေဖေဖသိခ်င္တာတစ္ခုရွိလို႔ပါ။"
ရယ္သံမ်ားက သိပ္ေက်နပ္ေနသည့္ပုံေပါက္ေနေလ၏။မေဟာ္ကေတာ့ ရင္ပူေနတာပဲသိသည္။က်န္တာဘာမွမသိေတာ့ပါ။ေရွ႕ဆက္၍ ေဖေဖႏွင့္စကားဆက္ေျပာလွ်င္လည္း ဘာမွအက်ိဳးထူးေတာ့မည္မဟုတ္လို႔ ဖုန္းသာခ်လိဳက္ေတာ့၏။
မျဖစ္ပါ။မိမိခ်စ္ျမတ္နိုးရပါေသာ လူသားေလးသည္ တစ္ညတစ္မနက္ဘာမွမစားခဲ့ပါဘူးတဲ့လား။မေဟာ္သည္ အိမ္မွအျမန္ထြက္ကာဆိုင္တစ္ဆိုင္ဆီသို႔ဆိုင္ကယ္ကိုအျမန္ႏွင္ရင္း သူ႕အတြက္တစ္ခုခုသြားဝယ္ရန္စီစဥ္လိုက္၏။
Bubble teaတစ္ခြက္ႏွင့္ကိတ္မုန့္မ်ားဝယ္၍
သူ႕ေက်ာင္းရွိရာသို႔ ထြက္လာခဲ့ပါ၏။
သို႔ေသာ္ အဆင္မေျပနိုင္ေၾကာင္းက ေခါင္းထဲျပန္ဝင္လာမိျပန္ပါသည္။
မေဟာ္သည္ ျဖတ္သြားျဖတ္လာလုပ္ေနေသာလူငယ္တစ္ေယာက္အားအကူအညီေတာင္းမိပါသည္။
"ညီ အစ္ကို႔ကိုဒါေလးဂိတ္ေစာင့္ဆရာမဆီကိုဆယ္တန္းကဆရာဂုဏ္ထည္လင္းအတြက္
လာပို႔တာလို႔ေျပာၿပီးသြားပို႔ေပးပါလား ေက်းဇူးျပဳၿပီးအစ္ကို႔ကိုကူညီပါကြာေနာ္"
"ဟုတ္ ရတယ္ေလ အစ္ကို"
ေကာင္ေလးက ဂိတ္ေစာင့္ဆရာမဆီသို႔ သြားအပ္ေပးပါ၏။မေဟာ္သည္ မဆက္တာၾကာၿပီျဖစ္သည့္ဆရာမေဒၚသီတာေအာင္မ်ိဳး၏ဖုန္းနံပါတ္အားေခၚလိုက္ကာ
"ဟယ္လို"
"ဟယ္လို ဆရာမ သားပါ မင္းမေဟာ္ဂနီပါဆရာမ"
"ေအး သားေျပာေလ"
"ဟို ဆရာဂုဏ္ထည္လင္းကိုေလ သူ႕အတြက္
စားစရာလာပို႔ထားတယ္လို႔ေျပာေပးပါေနာ္ဆရာမ သားသူ႕ဖုန္းကိုဆက္လို႔မရတဲ့အေၾကာင္းရွိလို႔ပါဆရာမရဲ႕ေနာ္"
"ေအး ဆရာမေျပာလိုက္မယ္ေလေနာ္"
"ဟုတ္ ဆရာမ"
အခုမွမေဟာ့္ရင္သည္ ေအးေဆးသြားေလ၏။
ေဒၚသီတာေအာင္မ်ိဳးသည္ အတန္းခ်ိန္ဆင္းဆင္းခ်င္း ထည္လင္းရွိရာဆယ္တန္းေဆာင္သို႔အေရာက္လာခဲ့ပါ၏။
ထည္လင္းသည္က ဆယ္တန္းBခန္းတြင္သူ႕အခ်ိန္ဝင္ေနေလ၏။
"ဟဲ့ ထည္လင္း"
ထည္လင္းသည္ သူ႕နာမည္အား ကိုေတာင္တပ္မေခၚသည္ဆိုကတည္းက ေဒၚသီတာေအာင္မ်ိဳးမွန္းသိလိုက္ပါ၏။
"ေအး လာခဲ့ေလ"
ေဒၚသီတာေအာင္မ်ိဳးက ထည္လင္းထိုင္ေနရာဆရာထိုင္ခုံအနားသို႔သြားၿပီး
"မေဟာ္က နင့္အတြက္ဆိုၿပီးဂိတ္မွာစားစရာေတြလာပို႔ထားတယ္တဲ့ အဲ့တာသြားယူလိုက္ဦး။"
ထည္လင္းသည္ ေတြေဝေငးငိုင္မိသြား၏။
သူဆိုသည္မွာေလ......
"ဟဲ့ ဒါနဲ႕ ငါနင့္ကိုေမးစရာရွိတယ္ ထည္လင္း။"
ထည္လင္းသည္ ေဒၚသီတာေအာင္မ်ိဳး၏ စကားေၾကာင့္ ေငးငိုင္ေနရာမွ တစ္ခ်က္သတိျပန္ဝင္လာလိုက္၏။
"ေအး ေမးေလ။ဘာေမးမလို႔လဲ"
"နင္နဲ႕မေဟာ္နဲ႕က ေတာ္ေတာ္ရင္းႏွီးတာလား"
"အင္း သူကငါ့ညီမရဲ႕သူငယ္ခ်င္းမို႔လို႔ပါ။ငါသြားယူလိုက္ဦးမယ္ေနာ္"
ထည္လင္းက အျမန္ေျပာ၍သာ
ေက်ာင္းဝင္းထဲဆင္းလာလိုက္ပါ၏။
ေဒၚသီတာေအာင္မ်ိဳးကေတာ့ ေမးခြန္းႏွင့္မဆီေလ်ာ္ေသာအေျဖကိုသာေျဖသြားေသာထည္လင္းကိုၾကည့္ရင္းမွပင္
ညီမရဲ႕သူငယ္ခ်င္းက သူ႕ကိုဒီေလာက္သဒၵါပါ့မလား။ဟင္း အေကာင္စုတ္။ဘာမွလည္းမဆိုင္တာကိုေျဖသြားတယ္။ဒါနဲ႕ သူအဲ့မေဟာ္ဆိုတာ ကိုမဟာရဲ႕သားမွန္းေတာ့မသိေသးဘူးထင္ပါတယ္ ။မသိတာပဲေကာင္းပါတယ္ေလ။သူသိသြားရင္ အရင္အတိတ္ကဒဏ္ရာေတြျပန္ေပၚလာဦးမယ္"
ေဒၚသီတာေအာင္မ်ိဳးသည္ စိတ္ထဲကေနသာကိုယ့္ကိုယ္ကိုေျပာရင္း ကိုယ့္အတန္းခ်ိန္ရွိရာသာျပန္လာခဲ့ေတာ့၏။
ထည္လင္းသည္ ဂိတ္ေစာင့္ဆရာမဆီမွမိမိအတြက္လာပို႔ထားေသာ စားစရာမ်ားကိုယူလိုက္ၿပီး အျပင္ဘက္ဆီသို႔ တစ္ခ်က္ၾကည့္လိုက္ပါ၏။သူ႕အားမေတြ႕ပါ။ျပန္သြားၿပီဟုသာထင္ၿပီး ထည္လင္းစားစရာထုပ္ကိုဆြဲလ်က္ ကိုယ့္အတန္းကိုယ္သာျပန္လာခဲ့ေတာ့သည္။
ေက်ာင္းၿခံစည္းရိုး အုတ္တံတိုင္းကိုကပ္၍ပုန္းေနေသာသူ႕အား ထည္လင္းမျမင္ခဲ့ပါေပ။သူ႕အားၿပဳံး၍ ခိုးၾကည့္ေနခဲ့ေသာမ်က္ဝန္းမ်ားက ဘယ္ေလာက္ေႏြးေထြးလိုက္သလဲ။
ကိုယ္ခ်စ္လို႔လက္ထပ္ယူထားတဲ့သူကို ေျဗာင္ေတြ႕ခြင့္ေတာင္မရေသာဘဝသည္
နာက်င္စရာေကာင္းသည္ဆိုေပမယ့္လည္း
မေဟာ္ ၿပဳံးလ်က္လက္ခံေနဦးမွာပါ။
ခ်ဳံပုတ္ထဲတြင္လွဲေမွာက္ထားေသာ မိမိ၏ဆိုင္ကယ္အားယူၿပီး မေဟာ္ျပန္ထြက္လာခဲ့ေတာ့သည္။
ထည္လင္း စားစရာအထုပ္ကိုေျဖလိုက္သည္။စာတစ္ေစာင္က သူ႕လက္ေရးမ်ားႏွင့္ေလ။
သို႔
ခ်စ္ေသာ...ဦး
ဦးစိတ္မဆိုးပါနဲ႕ေနာ္။ကြၽန္ေတာ္ ဂိတ္ေစာင့္ဆရာမဆီကိုကိုယ္တိုင္ပို႔ခဲ့တာမဟုတ္ပါဘူး။
လူတစ္ေယာက္ကိုအကူအညီေတာင္းၿပီးပို႔ခိုင္းလိုက္တာပါ။
ဦးရဲ႕
မေဟာ္
ထည္လင္း သူ႕စာကိုဖတ္ၿပီးငိုင္က်သြား၏။
သူတကယ္ပဲ မိမိကိုခ်စ္တာလား။
ေကာင္ေလးတစ္ေယာက္၏ ေႏြးေထြးေသာမ်က္ဝန္းမ်ားႏွင့္ ပိုလြန္းေသာဂ႐ုစိုက္မႈေတြ။
ခ်စ္တယ္ေျပာခဲ့ေသာသူ႕စကားသံမ်ား
အၿမဲအရႈံးေပးဒူးေထာက္ေနတဲ့ သူဟာေလ
ဘာလို႔မ်ားအဲ့ေလာက္ထိေကာင္းေပးတာလဲ
မိမိအေပၚ။စိတ္ဆိုးသြားမွာလည္းစိုးရိမ္ေနတတ္သည့္ ေကာင္ငယ္ေလးတစ္ေယာက္။
သူသာ မိမိကိုမခ်စ္ခဲ့ရင္ေကာင္းမယ္။
ဘာလို႔မ်ားအနာအက်င္မရွိ မာနေတြမထားနိုင္ပဲငါ့ကိုခ်စ္ေနရတာလဲမေဟာ္ရယ္။မင္းငါ့ကိုမမုန္းဘူးလား။
-----------------------------------------------------------
ေသနိုင္ေလာက္သည့္ သူ႕စကားမ်ားကေလ
ဘယ္ေလာက္ေတာင္ပဲ မုန္းတီးနာက်ည္းစရာေကာင္းေနပါေစ။သူ႕ကိုခ်စ္တယ္။ဘာမာနေတြမွမထားနိုင္ေအာင္သူ႕ကိုခ်စ္တယ္။
အၿမဲအရႈံးေပးၿပီးေတာ့ကိုခ်စ္တယ္။
-----------------------------------------------------------
အခ်စ္ဦးဆိုလည္းဟုတ္တယ္ အခ်စ္ဆုံးဆိုလည္းသူပဲ။တစ္သက္မွာတစ္ခါပဲခ်စ္မယ္လို႔ဆုံးျဖတ္ခဲ့တဲ့သႏၷိ႒ာန္တစ္ခု။အေပ်ာ္ရည္းစားေတာင္္မထားခဲ့ဖူးဘူး။သူ႕ဘဝမွာကိုယ္ဟာ ဒုတိယလူျဖစ္ခဲ့ေပမယ့္ ကိုယ့္အတြက္သူကအရာရာမွာFirstပါ။First person,First love။
မေဟာ္သည္ သီရိၿငိမ္အိမ္ေတာ္သို႔ေရာက္လာခဲ့သည္။
မိုးသားက ျပာေရာင္ျခယ္၏။တိမ္ေငြ႕ေတြက လြင့္ေမ်ာကာဦးတည္ခ်က္ေတြမရွိပါေပ။
ထိုမိုးသား၏ေအာက္တြင္ သူဆိုေသာလူတစ္ေယာက္ႏွင့္ စဆုံေတြ႕ဖို႔ကံၾကမၼာရယ္စဖန္တီးခဲ့တုန္းက ႏွင္းဆီနီနီေတြေလ။
သတိထားခဲ့မိတဲ့ ႏွင္းဆီနီနီက ႏွလုံးေသြးျဖင့္ စိုက္ပ်ိဳးခဲ့ေလ၏။သူ႕အတြက္ေလ။
သီရိၿငိမ္စံအိမ္၏ ေရွ႕ဘက္တြင္ႏွင္းဆီနီနီခင္းက က်ယ္ျပန့္လွပါ၏။မဟာေရာင္နီစိုက္ပ်ိဳးခဲ့ေသာႏွင္းဆီနီနီခင္းထက္ပို၍က်ယ္ေအာင္တမင္ စိုက္ပ်ိဳးခဲ့ျခင္းျဖစ္၏။သူမသိေအာင္ေလ။
က်ယ္ဝန္းလွေသာ္ ၿခံက်ယ္ႀကီးအတြင္း ခမ္းနားပါသည္ဆိုေသာ တိမ္တိုက္ျဖဴေရာင္ေဆးသုတ္ထားသည့္သုံးထပ္တိုက္အိမ္ႀကီး။
လူဝင္တံခါးမ်ားႏွင့္ျပတင္းတံခါးမ်ားအား
အန္းဒိတ္ေရာင္သုတ္ထားေလ၏။
အိမ္၏အေနာက္ဘက္တြင္ အေတာ္က်ယ္ေသာေရကူးကန္တစ္ခုရွိၿပီး၊အိမ္ေရွ႕မ်က္ေစာင္းထိုးေနရာတြင္ေတာ့ မွန္ေဆာင္ေလးရွိ၏။အမိုးကစမွန္သားျဖင့္ ကာရံထားေသာ ညဘက္ေတြမွာေကာင္းကင္ျမင္ကြင္း
ၾကည့္ဖို႔အသင့္ေတာ္ဆုံးေသာ မွန္ေဆာင္ေလး။
ဒီစံအိမ္ကိုေဆာက္လုပ္ၿပီးစီးခဲ့တာတစ္လေလာက္ေတာင္ရွိေနခဲ့ၿပီ။သူအားတဲ့အခ်ိန္ကိုေစာင့္ရင္းသူ႕အားအံ့အားသင့္ေအာင္လုပ္မည္ဟူ၍ေတြးခဲ့ေလသမွ် သူစိတ္ၾကည္ခ်ိန္က လုံးလုံးလ်ားလ်ားပင္မရွိခဲ့ေတာ့ မေျပာျဖစ္ခဲ့။ဒါက သူခ်စ္လာလွ်င္ႏွစ္ေယာက္တစ္ကမာၻေလးတည္ေဆာက္မည့္ေနရာေလး။
-----------------------------------------------------------
(Thank for readingပါ🤧)
[ဒီေန႕ေနလည္းသိပ္မေကာင္းခ်င္လို႔ ေခါင္းကိုက္ေနေတာ့moodသြင္းရတာလည္းသိပ္အဆင္မေျပလို႔ ေပါ့သြားတာေတာင္းပန္ပါတယ္ဗ်။🤒]