Part(5)

7.1K 642 32
                                    

Unicode

အမှောင်ယှက်သန်းနေသောမိုးသားစက်ဝန်းသည် အလင်းတန်းတစ်ခုခွဲဖြာထွက်လာခြင်းကြောင့် မှုန်ပျပျလင်းရိပ်သန်းလာသည်။
မဟော်တစ်ယောက် မနက်အစောကြီးနိုးလာသည်။

ကိုယ်လက်သန့်စင်ပြီး ကော်ဖီတစ်ခွက်ကိုဖျော်ကာဝရံတာထက်တွင် ကော်ဖီသောက်ရင်း ငေးမှိုင်နေမိသည်။မနေ့က ဂုဏ်ထည်
စိတ်ပူပြီး နဖူးကိုလက်နဲ့စမ်းပေးခဲ့တာလေး
ပြန်တွေးရင်းကြည်နူးမိသည်။

သူယုံမယ်ဆိုလျှင်ပြောပြချင်ပါသည်။
ဂုဏ်ထည်လင်းဆိုတဲ့လူသားတစ်ယောက်သည်မဟော့်၏အသက်သွေးကြောတစ်ခုဖြစ်ကြောင်းကို။တစ်သက်မှာတစ်ခါလောက်မည်သူ့ကိုမှမချစ်ခဲ့ဖူးသော မြတ်နိုးခြင်းတွေပြည့်နက်နေတဲ့ အနက်ရှိုင်းဆုံးသောအချစ်တစ်ခုဖြင့်ချစ်မိခဲ့ပါသည်။
သူမှပြန်မချစ်ရင် သွက်သွက်ခါအောင်ကိုရူးနိုင်သည်ဆိုတာကိုရော။

လျှောက်လှမ်းလာခဲ့တဲ့ဘဝခရီးနှစ်ခုကလမ်းကြောင်းတွေမတူပေမယ့် ထပ်လျှောက်ရမည့်လမ်းကြောင်းများကိုတော့အဖော်ပြုပေးချင်မိပါ၏။သူ့အတွက် နေပူရင်သစ်ရိပ်သဖွယ် မိုးရွာရင်ထီးတစ်လက်လိုအုပ်မိုးပေးပြီး အေးစက်နေတဲ့အချိန် ရင်ခွင်ထဲမှအနွေးဓာတ်တစ်ခုအဖြစ် တည်ရှိချင်ပါသည်။
----------------------------------------------------------
ဒီနေ့ကကျောင်းပိတ်ရက်မို့ ဂုဏ်ထည်လင်း
ဝယ်စရာရှိတာလေးတွေဝယ်ဖို့ supermarket သို့ထွက်လာခဲ့သည်။
ဝယ်စရာခြမ်းစရာရှိတာများကိုဝယ်ကာ
ပြန်မည်ဟုစိတ်ကူး၏။သို့သော် ပစ္စည်းများကိုကားပေါ်တင်ပြီးချိန်တွင် ဖုန်းRingtoneသံတစ်ချက်မြည်လာသည်။

"ဟယ်လို"

"ဟယ်လို ကိုကိုကြီးငယ်နှင်းအတွက်ရေမွှေးတစ်ပုလင်းလောက်ဝယ်ခဲ့ဦးနော် အခုမှကြည့်မိတာရေမွှေးကုန်တော့မှာမို့ ငယ်နှင်းသုံးနေကျတံဆိပ်ထဲကပဲနော် ကိုကိုကြီး"

"ဒီကောင်မလေးကတော့ စောစောစီးစီးကတည်းကမမှာဘူး အခုပြန်ထွက်လာခါနီးမှပဲ"

"ကိုကိုကြီးကလည်း"

ဂုဏ်ထည်လင်းလည်း ကားပေါ်ရှိပစ္စည်းများကိုdriverနှင့်ထားခဲ့ပြီး နောက်တစ်ခေါက်supermarketထဲပြန်ဝင်လာရတော့သည်။
ရေမွှေးဆိုင်ထဲဝင်လာခဲ့ချိန်တွင်တော့

ချစ်သော...ဦး(Uni+Zawgyi)[Completed]Where stories live. Discover now