Part(16)

5.8K 514 10
                                    

Unicode

မဟော်သည် တစ်နေ့လုံးအိမ်မှာပင် ထည်လင်းပြန်လာလျှင် ညနေစာစားဖို့အတွက်အဆင်သင့်ဖြစ်အောင်သာပြင်ဆင်နေလေ၏။မနေ့ကအတွက် ဒီလောက်လုပ်ပေးတာတောင် ကိုယ့်ကိုယ်ကိုအပြစ်ကြေပြီဟုမခံစားရပါ။
ဟင်းချက်သိပ်မတော်လှသော်လည်း အနည်းငယ်လောက်တော့ချက်တတ်ပြုတ်တတ်ပါ၏။မီးဖိုချောင်ထဲတွင် တကုပ်ကုပ်အလုပ်မပျက်သော မဟော်ဂနီသည်
ကြိုးစားဆဲပါပင်။

"ကိုမဟော်"

ချစ်စဖွယ်ကလေးအသံလေးနှင့် အမည်ခေါ်လာသည့်သူမှာ မည်သူပါနည်း။မဟော်သည် လုပ်လက်စအလုပ်များကိုခဏအသာရပ်ကာ အိမ်ရှေ့သို့ထွက်လာခဲ့၏။

အင်္ကျီအဖြူပွပွကို ကိုယ်ကျပ်ဘောင်းဘီဒူးနားလောက်နှင့် ခပ်နက်နက်ဆံပင်အုပ်ထူထူကိုပိုင်ဆိုင်ထားသော
ပါးဖောင်းဖောင်းကောင်ငယ်လေး။

"အာ ဘယ်သူများလဲလို့ရှိုင်းကို။ဘာကိစ္စရှိလို့လဲ ရှိုင်း။"

သူစိမ်းဆန်လှသော မဟော့်စကားကြောင့်ရှိုင်းငယ်သည် မျက်နှာညှိုးသွားလေ၏။သို့သော် အပြုံးလှလှလေးအားကြိုးစားပြုံးကာ

"ကိုမဟော် သက်သာပြီလားလို့ ကျွန်တော်လာကြည့်တာပါ။"

"အင်း ကျုပ်ကောင်းသွားပါပြီဗျာ။ဘယ်အဖျားမှ ကျုပ်ကိုယ်ထဲကြာကြာမနေနိုငိပါဘူး"

မဟော်က ရယ်ပြုံးရင်းသူ့အားစိတ်ပူနေသောကောင်ငယ်လေး၏ မျက်နှာဝိုင်းဝိုင်းအားကြည့်ကာစနောက်၍ပြောလေ၏။

"ဒါနဲ့ ကိုမဟော်ဘာလုပ်နေတာလဲဟင်"

ကောင်လေးငယ်မှာ မေးမြန်းစပ်စုကာ အိမ်ထဲသို့လည်းတစ်ချက်ရှိုးကြည့်နေပါသည်။သူ၏ဖူးငုံသောနှုတ်ခမ်းသားများကိုတင်းတင်းစိလိုက်သောကြောင့် အင်မတန်မှချစ်စရာကောင်းလှသည့်ပါးဖောင်းဖောင်းလေးမှာပို၍ ဖောင်းကားသွားပြန်သည်။
အနှီကလေးက ဘယ်လိုတောင်လာပြီးဆွဲဆောင်နေပါသနည်း။

"ဟင့်အင်း ဘာမှမလုပ်ပါဘူး။မီးဖိုချောင်ထဲဝင်ပြီး ဦး
ပြန်လာရင်စားဖို့ချက်ပြုတ်နေတာလေ"

ချစ်သော...ဦး(Uni+Zawgyi)[Completed]Tahanan ng mga kuwento. Tumuklas ngayon